တိုက်ပွဲ၊ နတ်အရှင် ကောင်းကင်သံစဉ်၊ နတ်အရှင်မှောင်မိုက်မိစ္ဆာ
Vol. 44 Ch. 830
ဝုန်း….
ကောင်းကင်အလင်းအဆင့်ကျင့်ကြံသူက စကားပြောပြီးသည်နှင့် လေထဲ၌ လှံအလင်းနှင့် ဓားအလင်းတို့ဖြင့် တိုက်ခိုက်မှုသည် ရှိနေသောကျင့်ကြံသူများ၏ ခန္ဓာကိုယ်များကို ဖြတ်သွားခဲ့ပြီး ကောင်းကင်အလင်းအဆင့်ကျင့်ကြံသူနှစ်ဦးပင်ပါသွားလေသည်။
ချက်ခြင်းပင် သေစေနိုင်သည့် လှံနှင့် ဓားတို့နှင့် ထိမိသောသူများသည် အငွေ့အဖြစ် ပပျောက်သွားခဲ့ပြီး ပေါင်းစည်းခြင်းချိုင့်ဝှမ်းမှကျင့်ကြံသူနှစ်ဦးလည်း ပါဝင်ပေသည်။
“အဲ့ဒီက ဘယ်သူလဲ?” နတ်အရှင်ကောင်းကင်သံစဉ်က မေးလိုက်ကာ အနက်နှင့် ကြက်သွေးဝတ်ထားသည့်သူ၏အကြည့်သည် အရိပ်ထဲ စိုက်ကြည့်လိုက်လေသည်။
သူ၏မျက်လုံးများသည် နေရာလပ်မှ ထွက်ပေါ်လာသော ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ထံသို့ ကျရောက်သွားသည်။
“ဒါမင်းတို့ပဲ။”
နတ်အရှင်ကောင်းကင်သံစဉ်သည် ထိုစုံတွဲ၏အကြောင်းကိုသိပါသည်။ ၎င်းသည်သူ၏မျက်လုံးကိုကျဉ်းမြောင်းသွားစေသည်။
သူသည် ထိုလူနှစ်ဦးနှင့် မည်မျှရင်ဆိုင်ရခက်ခဲကြောင်းကိုသိပါသည်။
သူသိသလောက်၊ သူတို့၏လက်ထဲ၌ ကျဆုံးသွားခဲ့ရသည့် ဗလာနယ်ပြန်နတ်အရှင်များသည် အရေအတွက်မနည်းလှပါ။
ယခုမူ သူတို့ဤနေရာတွင်ပေါ်လာခြင်းသည် ဤတိုက်ပွဲအတွက်လာကြသည်မှာ သိသာပါသည်။
“ကျွန်တော်တို့ဘာလုပ်ကြမလဲ? စီနီယာအစ်ကိုကောင်းကင်သံစဉ်?” လှပသည့်အမျိုးသမီးကျင့်ကြံသူတစ်ဦးသည် စိုးရိမ်နေသည့်အသံဖြင့် သူ့ထံသို့ချဉ်းကပ်လာကာ မေးလိုက်လေသည်။
ထိုမြင်ကွင်းသည် သူမအား အမှန်တကယ်ပင် ကြောက်ရွံ့စေခဲ့သည်။
ကောင်းကင်ဘုံအလင်းအဆင့်ကျင့်ကြံသူများပင် တိုက်ခိုက်မှုတစ်ခုတည်းဖြင့် သာမန်လူများကဲ့သို့ သုတ်သင်ခံခဲ့ရလေသည်။
ထိုအချိန်တွင် ကောင်းကင်တိုင်မြို့၌ ဖန်ထျန်းယန်နှင့် နတ်အရှင်ဖြောင့်မတ်နေမင်းတို့က စိတ်ချစွာ သက်ပြင်းချလိုက်ကြသည်။
“ဒါက စီနီယာအစ်ကိုကျန်းနဲ့ မိုးကြိုးချိုင့်ဝှမ်းက စီနီယာအစ်မရှန်းပဲ၊ သူတို့ရောက်လာပြီဆိုတော့ ငါတို့ကောင်းကင်တိုင်မြို့က လုံခြုံပါပြီ။”
သူတို့ပြောနေချိန်တွင် နတ်အရှင်ကောင်းကင်သံစဉ်၏မျက်နှာမှာ ရုတ်တရက် တင်းမာသွားသည်။
ပြီးနောက် ဝတ်ရုံအနက်နှင့် ကျင့်ကြံသူများပေါ်လာခဲ့ပြီး လျှင်မြန်စွာချဉ်းကပ်လာကြလေသည်။
ယခင်က တင်းမာနေသည့် ကျင့်ကြံသူများသည် သူတို့ကိုတွေ့လျှင် အနည်းငယ် ပြေလျော့ သွားသည်။ အသစ်လာရောက်သူများသည် တစ္ဆေခန်းမမှလူများဖြစ်ပြီး စည်းမျဉ်းအနှစ်သာရကို ဆုပ်ကိုင်ထားသော ကောင်းကင်အလင်းအဆင့်ကျင့်ကြံသူ နတ်အရှင်မှောင်မိုက်မိစ္ဆာမှ ဦးဆောင်လာခြင်း ဖြစ်သည်။
“ညီအစ်ကိုမှောင်မိုက်မိစ္ဆာ၊ နောက်ဆုံးတော့ရောက်လာပြီပေါ့။ ခင်ဗျားသာမရှိရင် ကျွန်တော် ဒီတိုက်ပွဲကိုဘယ်လိုတိုက်ရမလဲဆိုတာ မသိတော့ဘူး။”
နတ်အရှင်မှောင်မိုက်မိစ္ဆာက ရယ်သည်။ “မင်းက ယဉ်ကျေးလွန်းနေပါပြီ။ ညီအစ်ကိုကောင်းကင်သံစဉ်။”
ထို့နောက် သူ၏အကြည့်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဆီသို့ ရောက်သွားခဲ့သည်။
“ကျန်းချန်ရွှမ်၊ ရှန်းရူယန် ငါမင်းတို့ကိုသိတယ်။ မင်းတို့က ငါ့ရဲ့စီနီယာအစ်ကို ကို သတ်ခဲ့တာ။ ဒီနေ့တော့၊ ဒီတိုက်ပွဲအလယ်မှာ ငါတို့ရဲ့ရန်ကြွေးကိုရှင်းကြတာပေါ့။”
နတ်အရှင်မှောင်မိုက်မိစ္ဆာ၏စကားကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အံ့ဩကာ မျက်ခုံးပင့်လိုက်လေသည်။
သူတို့သည် နတ်အရှင်မှောင်မိုက်မိစ္ဆာက သူတို့အပေါ်ရန်ငြိုးထားနေလိမ့်မည်ဟု မထင်ထားခဲ့ပါ။
ထိုကိစ္စသည် လေထုကိုပိုမိုတင်းမာသွားစေခဲ့သည်။ အထူးသဖြင့် ဖန်ထျန်းယန်နှင့် နတ်အရှင်ဖြောင့်မတ်နေမင်းတို့က စိတ်ချနေရာမှ အာရုံပြန်၍ စိုက်လိုက်ကြသည်။
သူတို့သည် ပေါင်းစည်းခြင်းချိုင့်ဝှမ်းမှကျင့်ကြံသူများသာမက တစ္ဆေခန်းမမှ ကျင့်ကြံသူများသည်လည်း တိုက်ပွဲသို့ဝင်လာသည်ကို ထိတ်လန့်သွားကြသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သာမရှိခဲ့လျှင် ကောင်းကင်တိုင်မြို့သည် သေရေးရှင်ရေး အခြေအနေသို့ ရောက်နေလိမ့်မည်ဖြစ်သည်။
ဝုန်း….
ထိုအချိန်တွင် နတ်အရှင်မှောင်မိုက်မိစ္ဆာနှင့် နတ်အရှင်ကောင်းကင်သံစဉ်တို့သည် သူတို့၏ တိုက်ခိုက်မှုများကို ဆက်တိုက်ထုတ်လွတ်လိုက်ကြသည်။
နတ်အရှင်မှောင်မိုက်မိစ္စာကကြီးမားကာ ထင်ရှားသည့်အရိပ်ကြီးတစ်ခုထွက်လာကာ ၎င်း၏အထဲ၌ မရေတွက်နိုင်သောနတ်ဆိုးများက ဒေါသဖြင့်ဟိန်းနေကြလေသည်။
ကြောက်မက်ဖွယ်ကောင်းသည့်အရောင်အဝါက မိုင်ပေါင်းသောင်းချီကိုချက်ခြင်းဖြတ်သွားခဲ့ပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အားသိသာစွာလွမ်းမိုးသွားခဲ့လေသည်။
တစ်ချိန်တည်းမှာပင်၊
နတ်အရှင်ကောင်းကင်သံစဉ်၏အပေါ်တွင် အစိမ်းရောင်ဓားတစ်ချောင်းက ပေါက်ထွက်လာခဲ့ပြီး လေထဲတွင် စက်ဝိုင်းခြမ်းသဏ္ဍာန်ပိုင်းဖြတ်ကာ ၎င်းသည်လေဟာနယ်ကို ဂယက်များ ထစေခဲ့လေသည်။
လျှင်မြန်စွာဖြင့်၊ ၎င်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှင့်နီးကပ်သည့်နေရာတွင် ပေါ်ထွက်လာခဲ့လေသည်။
“ဟမ်? စိတ်ဝင်စားစရာကောင်းသားပဲ။”
ထိုတိုက်ခိုက်မှုများအား ရင်ဆိုင်ရသည်မှလွဲ၍ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏အမူအရာများမှာ မပြောင်းလဲသွားခဲ့ပေ။
အနည်းငယ်လက်ဖြောက်တီးလိုက်ရင်းကျန်းချန်ရွှမ်သည် ဓားအလင်းတစ်ခုကို ထုတ်လွတ်လိုက်သည်။
ဝှစ်….
ရုတ်တရက် ဓားအလင်းက ပြန့်သွားခဲ့သည်။
ဒြပ်စင်ငါးပါးကားချပ်က ချက်ခြင်းပင် ရွှေဗလာနယ်ဓားအဖြစ်ပြောင်းလဲသွားခဲ့သည်။
လေဟာနယ်သည် ဂယက်အလွှာများအဖြစ်ပိုင်းဖြတ်ခံလိုက်ရသည်။
ဝုန်း…
သူတို့အား ဦးတည်လာသည့်အစိမ်းရောင်ဓားသွားသည် မိုင်ပေါင်းသောင်းချီလွင့်ထွက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ နတ်ဘုရားမိုးကြိုးပုံစံများသည် ရှန်းရူယန်၏နဖူးပေါ်တွင် ထွက်ပေါ်လာခဲ့သည်။
ဝုန်း….
ရွှေရောင်၊ ငွေရောင်နှင့် အနီရောင်မိုးကြိုးများက ညှာတာမှုကင်းမဲ့စွာဖြင့် အရိပ်များပေါ် ကျရောက်သွားကာ ထိုအရာအားထိုးခွဲပစ်လိုက်လေသည်။
ဆုတ်ပြဲသွားသည့်အသံများသည် အဝတ်စပြဲသွားသည့်အတိုင်း လူတိုင်း၏နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
နတ်အရှင်မှောင်မိုက်မိစ္ဆာနှင့် နတ်အရှင်ကောင်းကင်သံစဉ်တို့၏အမူအရာများသည် အကြီးအကျယ်ပြောင်းလဲသွားကြသည်။
“ဘယ်လို?”
သူတို့တုံ့ပြန်နိုင်ခြင်းမရှိမီ၊ အဆုံးမရှိ အရိပ်ပိုင်နက်က မိုးကြိုးသွားများမှထိုးခွဲခံနေခဲ့ရသည်။
ဂျုန်းဟူသည့်အသံမြည်သွားခဲ့သည်။
မိုးကြိုးသွားများသည် မိုးထစ်ချုန်းရွာသွန်းနေသကဲ့သို့ အရိပ်များအား ဆုတ်ဖြဲနေပြီး နတ်အရှင်မှောင်မိုက်မိစ္ဆာနှင် နတ်အရှင်ကောင်းကင်သံစဉ်တို့ဆီသို့ တိုက်ရိုက် လိမ့်တက် သွားခဲ့လေသည်။
“သေစမ်း။”
သူတို့သည် မျက်ဆံများကျဉ်းသွားခဲ့လေသည်။
နှစ်ဦးစလုံးသည် ချက်ခြင်းပင် လက်စည်းများဖွဲ့စည်းလိုက်ကြသည်။ ချက်ခြင်းပင် မရေတွက်နိုင်သည့်အရိပ်များနှင့် အစိမ်းရောင်အလင်းများသည် ရွှီဟူသောအသံနှင့်အတူ ပေါ်လာခဲ့သည်။ ထိုမြင့်မားသည့်ပုံရိပ်နှစ်ခုသည် လေဟာနယ်ထဲမှထွက်လာခဲ့ပြီး မိုးကြိုးသွားများကို ခုခံလိုက်လေသည်။
ဝုန်း…ဝုန်း…ဝုန်း……
ကောင်းကင်နှင့် မြေကြီး၏ကြားတွင်၊ အသံသည် လောကများပေါက်ကွဲသံနှင့် ဆင်တူလိမ့်မည်ဖြစ်သည်။
မျက်စိတမှိတ်အတွင်း၊ မိုးကြိုးများသည်ကောင်းကင်တရားခွင်တွင် ဂုဏ်ကျက်သရေရှိသည့် မိုးကြိုးမိခင်ပုံသဏ္ဍာန်အဖြစ်ပြောင်းလဲသွားလေသည်။
သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မိုးကြိုးထဲတွင် နစ်ဝင်သွားသည်။
သူမ၏လက်ထဲ၌ မိုးကြိုးတူသည် နတ်ဘုရားပစ်ဒဏ်နှင့်တူလေသည်။
မိုးကြိုးဟိန်းသံဖြင့် သူမသည် နတ်အရှင်မှောင်မိုက်မိစ္ဆာနှင့် နတ်အရှင်ကောင်းကင်သံစဉ်တို့ကို ဖျက်စီးလိုက်လေသည်။
“အား…..”
ထိုအချိန်တွင် နတ်အရှင်မှောင်မိုက်မိစ္ဆာနှင့် နတ်အရှင် ကောင်းကင်သံစဉ်တို့သည် နောက်ဆုတ်ရန်တွန်းအားပေးခံရပြီး ပါးစပ်မှ သွေးအန်ထွက်သည်ထိ ရိုက်ခံလိုက်ရသည်။
ဝုန်း…ဝုန်း….ဝုန်း…..
ကြီးမားသည့်ထိတ်လန့်မှုလိုင်းများသည်လေထဲတွင်ပေါက်ကွဲသွားပြီး အနီးနားမှ ကျင့်ကြံသူများကို သက်ရောက်သွားခဲ့သည်။
အချို့သည် မိုးကြိုးအားဖြင့် ပြာအဖြစ်ပြောင်းလဲသွားသည်ရှိသကဲ့သို့ အချို ဗလာနယ်ပြန် ကျင့်ကြံသူများဆိုလျှင်၊ ဒဏ်ရာများရသွားခဲ့သည်။
နစ်ဦးစလုံးသည် မနေနိုင်ဘဲ အချင်းချင်းကြည့်လိုက်ကြသည်။ သူတို့၏စိတ်ထဲ အတွေးတစ်ခုသာ ဆင်တူဖြစ်ပေါ်လာခဲ့သည်။
“ပြေး။”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရှင်းလင်းစွာပင် သူတို့၏လုပ်နိုင်စွမ်းထပ်ကျော်လွန်နေပါသည်။
ထွင်းမြင်အဆင့် စွမ်းအားရှင်များပင် သူတို့အား ဖိနှိပ်နိုင်လိမ့်မည်ဖြစ်သည်။
ဝှစ်…ဝှစ်…
ချက်ခြင်းပင်၊ နတ်အရှင်မှောင်မိုက်မိစ္ဆာနှင့် နတ်အရှင်ကောင်းကင်သံစဉ်တို့သည် အရိပ်အဖြစ် ပြောင်းလဲသွားကာ ပတ်ဝန်းကျင်သည့် အချိန်မရွေးပြိုကျတော့မည့်ပုံစံအတိုင်းခါယမ်းနေခဲ့သည်။
“ဟမ်? မင်းတို့ကပြေးချင်တယ်လား?”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏အကြည့်များသည်စူးရှသွားခဲ့သည်။
“မင်းတို့လာပြီးမှတော့၊ ဒီမှာပဲ တစ်သက်လုံးနေလိုက်တော့။”
ထို့သို့ပြောကာ သူတို့နှစ်ဦးသည် အတူပင် လှုပ်ရှားလိုက်သည်။
ကျန်းချန်ရွှမ်၏နောက်တွင်၊ ငါးရောင်ခြယ်အလင်းဖြစ်သည့် အစိမ်း၊ အနီ၊ အဝါ၊ အဖြူနှင့် အပြာတို့သည် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
ဝှစ်ဟူသောအသံဖြင့်၊ ငါးရောင်ခြယ်အလင်းသည် နတ်အရှင်မှောင်မိုက်မိစ္ဆာနှင့် နတ်အရှင်ကောင်းကင်သံစဉ်တို့အား ဖြတ်သွားခဲ့လေသည်။
***