တိုက်ပွဲ၏မူလအစ၊ လောကသစ်
Vol. 44 Ch. 828
ရွယ်ပင်းသည် ဆက်လက်မပြောခင်တွင် ရပ်လိုက်လေသည်။
“ဒီပြသနာကြောင့် ငါတို့ဟောက်ရန်ဂိုဏ်းက အမြဲတမ်းလိုပဲ ငါတို့မဟာမိတ်ဖြစ်တဲ့ မိုးကြိုးချိုင့်ဝှမ်းက လူတွေနဲ့အတူနေရမယ်။
ငါတို့ရန်သူတွေကနတ်ဆိုးလမ်းစဉ်က အထူးနဲ့ အရှင်သခင်ဂိုဏ်းတွေက တစ္တေခန်းမနဲ့ ပေါင်းစည်းခြင်းချိုင့်ဝှမ်းတို့ဖြစ်တယ်။”
“ဟမ်? တစ္ဆေခန်းမနှင့် ပေါင်းစည်းခြင်းချိုင့်ဝှမ်း?”
ထိုနာမည်များကိုပြောခြင်းသည် လူအုပ်ကိုဂယက်ထစေခဲ့ပြီး ထိုနတ်ဆိုးဂိုဏ်းနှစ်ခုသည် ရှိနေသောသူများမှ ကောင်းကောင်းသိသောဂိုဏ်းများဖြစ်ပေသည်။
ဟောက်ရန်ဂိုဏ်းသည် သူတို့နှင့် အတူ ယခင်ကတိုက်ခိုက်ခဲ့ဖူးပြီး ထိုတိုက်ပွဲများသည် ဝိညာဉ်ဖွဲ့စည်းခြင်းနှင့် ဗလာနယ်ပြန်အဆင့်များအဖြစ်ကန့်သတ်ထားကာ ယခုကဲ့သို့ တာအိုဖွဲ့စည်းခြင်းအဆင့်ထိ မရောက်ခဲ့ပေ။
ထိုအချိန်တွင် ဤပြသနာသည် သူတို့၏ဂိုဏ်းများအား နက်ရှိုင်းစွာ ချိန်းခြောက်နေခဲ့သည်။
ရွယ်ပင်းသည် ပြသနာ၏အသေးစိတ်ကို ပြောပြပြီး လူတိုင်းကို ညွန်ကြားချက်များစောင့်ရန် ပြောကာ ပြန်လွတ်လိုက်သည်။
ကျန်းချန်ရွှမ်၊ ကျောက်ထျန်းဖန်နှင့် ရှီရှန်းယောင်တို့သည်လည်းရင်းနီးသောကျင့်ကြံသူများနှင့် စကားစမြည်ပြောပြီးနောက် သူတို့၏ဆရာ ချင်ရှန်းဝူရှိကာ ရှန်းဝူတောင်ထိပ်ဆီသို့ သွားလိုက်ကြသည်။
အခြေအနေ၏အတိမ်အနက်ကြောင့် သူတို့၏ဆရာနှင့်တိုင်ပင်ရန်လိုအပ်သည်ဟု ခံစားမိကြလေသည်။
မကြာမီ၊ ထိုသုံးဦးသည် ရှန်းဝူတောင်ထိပ်သို့ရောက်လာကြသည်။
သူတို့၏ဆရာ ချင်ရှန်းဝူသည် သူတို့လာမည်ကိုသိနေပုံရကာ တောင်ထိပ်ပေါ်တွင် စောင့်နေလေသည်။
“ဆရာ။” ကျန်းချန်ရွှမ်နှင့် အခြားသူများသည် ချက်ခြင်းဦးညွတ်လိုက်ကြသည်။
ချင်ရှန်းဝူသည် လှည့်ကြည့်ကာ သူတို့အားခေါင်းညိတ်ပြလိုက်သည်။
“ငါမင်းတို့ဘာလို့လာလဲဆိုတာ သိတယ်။ အရိုးသားဆုံးပြောရရင်၊ ဒီတိုက်ပွဲထဲမှာ တကယ်ပဲ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုရှိနေတယ်။ ငါ့တပည့်တွေအနေနဲ့ မင်းတို့တိုက်ပွဲထဲထွက်ခွာဖို့ကို မင်းတို့ဆန္ဒရှိတဲ့အထိ ငါနောက်ဆုတ်ပေးလို့ရတယ်။”
ထိုစကားကိုကြားလျှင် ကျန်းချန်ရွှမ်၊ ကျောက်ထျန်းဖန်နှင့် ရှီရှန်းယောင်တို့သည် စိတ်နှလုံး၌ လှုပ်ရှားသွားပြီး လာမည့်တိုက်ပွဲ၏ ပြင်းထန်ခြင်းနှင့် သူတို့အပေါ်သူတို့ဆရာ၏ဂရုစိုက်မှုကိုခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူတို့ဆရာ၏ချစ်ခြင်းကိုလည်း ခံစားလိုက်ရသည်။
သူတို့သည် မနေနိုင်ဘဲ ခံစားသွားရပါသည်။
သို့ရာတွင်၊ သူတို့သည် ချင်ရှန်းဝူ၏တပည့်များအနေဖြင့် တိုက်ပွဲသို့သွားရန် အချိန်ဆွဲနိုင်လျှင်ပင်၊ ဖြောင့်မတ်လမ်းစဉ်နှင့် နတ်ဆိုးလမ်းစဉ်တို့ ၏ကံကြမ္မာများ သက်ရောက်နေသည့် ထိုသို့သောတိုက်ပွဲမျိုးတွင် သူတို့နောက်ဆုတ်လိုက်သည်နှင့် တိုက်ပွဲတစ်ခုလုံး၏သက်ရောက်မှုက ကြီးမားလိမ့်မည်ဖြစ်သည်။
အရေးကြီးဆုံးမှာ ဂိုဏ်းအတွင်း သူတို့၏အခြားသူများအပေါ်တွင်လွမ်းမိုးမှုနှင့် ချင်ရှန်းဝူအပေါ် သက်ရောက်လာမည့် အမြင်နှင့် ဂိုဏ်း၏အနာဂတ်များကို စဉ်းစားဆင်ခြင်လိုက်မိလေသည်။
ချင်ရှန်းဝူသည် အကြီးအကဲချုပ်ဖြစ်ကာ ထိုဆုံးဖြတ်ချက်များကို သတိပြုမိမည်ကို သိပါသည်။
ထိုမှလွဲ၍ ချင်ရှန်းဝူသည် ထိုသို့သောရွေးချယ်စရာကိုပေးခဲ့သေးသည်။
ကျန်းချန်ရွှမ်၊ ကျောက်ထျန်းဖန်နှင့် ရှီရှန်းယောင်တို့သည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။
သူတို့သည် အချင်းချင်း၏မျက်လုံးထဲမှ ဆုံးဖြတ်ချက်ကို မြင်နေကြသကဲ့သို့ ဖြစ်သည်။
သူတို့သုံးဦးသည်တစ်ချိန်တည်းပြောလိုက်ကြသည်။
“ဆရာ၊ ကျွန်တော်တို့ဂိုဏ်းရဲ့ဆုံးဖြတ်ချက်ကိုပဲလိုက်နာဖို့ ဆန္ဒရှိပါတယ်။”
ချင်ရှန်းဝူသည် ယာယီအံ့ဩသွားခဲ့ပြီး သဘောတူကာ ပြုံး၍ ခေါင်းညိတ်လိုက်သည်။
“အရမ်းကောင်းတယ်။ ဒါဆိုရင် ငါမင်းတို့အတွက်မတောင်းဆိုပေးတော့ဘူး။
မင်းတို့က ငါ့ရဲ့တပည့်တွေဖြစ်တာကြောင့်၊ မင်းတို့ပါဝင်မှုအတွက် အစီအစဉ်ကို ငါကဆုံးဖြတ်ပေးရလိမ့်မယ်။ အချိန်ရောက်ရင် ငါ့ရဲ့ညွှန်ကြားချက်ကို စောင့်ပါ။”
ထိုစကားကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် အခြားနှစ်ယောက်သည် မနေနိုင်ဘဲ တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြပြီး ပြိုင်တူပြောလိုက်ကြသည်။ “ကောင်းပါပြီ။”
ထိုအချိန်တွင်၊ ရှီရှန်းယောင်သည် ရုတ်တရက် တစ်ခုခုတွေးမိပြီးနောက် ချင်ရှန်းဝူကို မေးလိုက်သည်။
“ဆရာ၊ ဖြောင့်မတ်လမ်းစဉ်နှင့် နတ်ဆိုးလမ်းစဉ်ကြားက တိုက်ပွဲကကျွန်မတို့ ပြသနာကြောင့်ပဲလား သို့မဟုတ် နောက်ကွယ်မှာ အကြောင်းအရင်းရှိနေသေးလား?”
ထိုမေးခွန်းသည် ရှင်းလင်းစွာပင်၊ ကျန်းချန်ရွှမ်နှင့် ကျောက်ထျန်းဖန်တို့ပါစဉ်းစားမိပြီး သူတို့၏အာရုံစိုက်မှုကို ချင်ရှန်းဝူထံပို့လိုက်ပြီး သူ၏တုံ့ပြန်မှုကိုစောင့်နေကြသည်။
စဉ်းစားဆင်ခြင်ပြီးနောက်၊ ချင်ရှန်းဝူသည် နောက်ဆုံးတွင် ပြောလိုက်သည်။
“မင်းတို့သံသယဝင်တာမှန်တယ်။ ဒီတိုက်ပွဲက မြင်နေရသလိုမျိုး မရိုးရှင်းဘူး။
ပွင့်ပွင့်လင်းလင်းပြောရရင်၊ ဒါက လောကသစ်ကို ထိန်းချုပ်နိုင်ဖို့တိုက်ပွဲပဲ။”
“လောကသစ်အတွက် တိုက်ပွဲလား?”
ချင်ရှန်းဝူ၏စကားကိုရုတ်တရက် ကြားလိုက်လျှင်၊ ကျန်းချန်ရွှမ်နှင့် အခြားနှစ်ဦးသည် မနေနိုင်ဘဲ မျက်နှာပေါ်၌မယုံကြည်နိုင်သောအကြည့်များနှင့် ကြည့်နေကြသည်။
ရှင်းလင်းစွာပင်၊ သူတို့သည် ချင်ရှန်းဝူပြောသည့်လောကသစ်သည် မည်သည်ကိုဆိုလိုခြင်း ဖြစ်ကြောင်း သိကြပါသည်။
သို့ရာတွင်၊ မသေချာမှု သို့ ထိတ်လန့်မှုများဖြင့် ထိုနှစ်ဦးသည် ဆက်လက်၍ မေးလိုက်သည်။
“ဆရာ၊ လောကသစ်ဆိုတာ၊ ကျွန်တော်တို့ ကောင်းကင်ရေတံခွန်ဂိတ်နယ်ပယ်နဲ့ဆင်တူတဲ့ နယ်ပယ်ကို ဆိုလိုတာလား?”
“မှန်တယ်။”
ချင်ရှန်းဝူသည် ခေါင်းညိတ်ကာအတည်ပြုလိုက်သည်။
“အကယ်၍ အဲ့လောက်မှ အရေးမကြီးရင် ဖြောင့်မတ်လမ်းစဉ်နဲ့ နတ်ဆိုးလမ်းစဉ်က ဒီလိုကြီးမားတဲ့ တိုက်ပွဲကိုတိုက်မှာမဟုတ်ဘူး။ ငါတို့က ဒီလိုကြီးမားတဲ့ပြသနာကို အကြောင်းအရင်းမရှိဘဲ စမယ်ထင်လို့လား?”
“ကျွတ်..”
ထိုဖော်ပြခြင်းသည် ကျန်းချန်ရွှမ်၊ ကျောက်ထျန်းဖန်နှင့် ရှီရှန်းယောင်တို့အား ထိတ်လန့်စွာ သက်ပြင်းချစေခဲ့သည်။
သူတို့သည် ကောင်းကင်ရေတံခွန်ဂိတ်နယ်ပယ်နှင့် တူသည့် လောကသစ်၏အရေးကြီးမှုကို ဖမ်းဆုပ်မိပေသည်။
လောကသစ်၏ ဖြစ်နိုင်ချေရှိသည့်တန်ဖိုးသည် အထူးသဖြင့်လောကအသစ်ဖြစ်သည့်အတွက် ၎င်း၌ရှိနိုင်သည့် ရတနာများနှင့် သယံဇာတများသည် အလွန်များပြားပေသည်။
ထိုနေရာတွင် မရေတွက်နိုင်သောတန်ဖိုးရှိသည့် ရတနာများ ရှိနိုင်သည်။
အရေးအကြီးဆုံးအချက်မှာ၊ အသစ်ဖွဲ့စည်းထားသည့်လောကတွင် တက်ရောက်သွားသည့်မသေမျိုးများပင် ဖုံးကွယ်ထားမည့် တန်ဖိုးရှိသည့် ကောင်းကင်ခရမ်းရောင်ချီ ရှိနိုင်ပေသည်။
အနာဂတ်တွင် လောကသစ်ကိုထိန်းချုပ်နိုင်သည့်ဘက်သည် သေချာပေါက် မထိန်းချုပ်နိုင်သည့်တစ်ဘက်ကို နိုင်မည်ဖြစ်သည်။
လောကသစ်အတွက် ဖြစ်နေသော ပြသနာသည် နှစ်ဘက်စလုံးမှ အတူတကွအုပ်ချုပ်ရန် သဘောမတူသရွေ့ နှစ်ဘက်စလုံးအတွက် ပြန်လည်မသင့်မြတ်နိုင်သည်ကို ပြသနေသည်။
ထိုအချိန်တွင်ပင်၊ နှစ်ဘက်စလုံးမှ ထိန်းချုပ်မည့်နေရာအကျယ်အဝန်းနှင့် ပက်သက်ကာ ဆုံးဖြတ်ရန် တိုက်ခိုက်ကြဦးမည်ဖြစ်သည်။
ချင်ရှန်းဝူက ထပ်မံသတိပေးလိုက်သည်မှာ၊ “ဒီကိစ္စအတွက်၊ ဖြောင့်မတ်လမ်းစဉ်နဲ့ နတ်ဆိုးလမ်းစဉ် နှစ်ဘက်စလုံးက ဒီသတင်းကို အခြားမျိုးနွယ်တွေမသိစေရဘူးလို့ ကောင်းကင်ကို သစ္စာဆိုထားကြတယ်။ ဒီသစ္စာကိုချိုးဖောက်တဲ့သူက ကောင်းကင်တာအိုကနေ ပြစ်ဒဏ်ခံစားရလိမ့်မယ်။
ဒါကြောင့် ၊ဒီသတင်းကို ကိုယ့်ကိုပဲ သိထားပါ။ သိသင့်တဲ့သူတွေက အချိန်ရောက်ရင်သိရလိမ့်မယ်။ မသိတဲ့လူတွေကတော့ မသိသင့်သေးလို့ပဲ။ နားလည်လား?”
“ဟုတ်ကဲ့ပါ၊ ဆရာ။”
ကျန်းချန်ရွှမ်နှင့် အခြားနှစ်ဦးသည် ချက်ခြင်းပင် တည်ငြိမ်စွာခေါင်းညိတ်လိုက်ကြသည်။
ချင်ရှန်းဝူနှင့် အချိန်ဖြုန်ုးကာ သူ၏အဆုံးအမများကိုခံယူပြီးနောက် ကျန်းချန်ရွှမ်နှင့် အခြားနှစ်ဦးသည် ချန်းဝူတောင်ထိပ်မှစွန့်ခွာကာ သူတို့၏သက်ဆိုင်ရာ ဂူများသို့ပြန်သွားကြသည်။
***