← Chapters

ဖြောင့်မတ်လမ်းစဉ်နှင့် နတ်ဆိုးလမ်းစဉ်တို့၏တိုက်ပွဲစတင်ခြင်း၊ တာအိုဖွဲ့စည်းခြင်းအရှင်ကျဆုံးခြင်း

Vol. 44 Ch. 827

ဖြောင့်မတ်လမ်းစဉ်နှင့် နတ်ဆိုးလမ်းစဉ်တို့၏တိုက်ပွဲစတင်ခြင်း၊ တာအိုဖွဲ့စည်းခြင်းအရှင်ကျဆုံးခြင်း

Vol. 44 Ch. 827

နှစ်ပေါင်းငါးဆယ်ကြာပြီးနောက်၊ ကျန်းချန်ရွှမ်သည် သူ၏ကျင့်ကြံခြင်းတွင် နှစ်မြုပ်နေရာမှ သူကျင့်ကြံနေရာတိမ်တိုက်မြူတောင်ထိပ်တွင် ဆက်သွယ်ရေးအဆောင်တစ်ခုက ရုတ်တရက် ကျရောက်လာခဲ့သည်။

၎င်းသည် ချက်ခြင်းပင် သူ၏အာရုံစိုက်မှုကို ရယူခဲ့ပြီး လျှင်မြန်သည့် ပုံစံဖြင့် ထိုအဆောင်သည် သူ၏လက်ထဲရောက်ရှိလာသည်။

ကျီ…

ချက်ခြင်းပင် သူသည် အဆောင်ကိုဖွင့်ကာ အကြောင်းအရာများကိုဖတ်ရှုလိုက်ပြီး သူ၏မျက်ဆံသည် အနည်းငယ်ကျဉ်းမြောင်းသွားလေသည်။

သတင်းက ရှင်းလင်းကာ သိသာထင်ရှားသည်။ “ဖြောင့်မတ်လမ်းစဉ်နှင့် နတ်ဆိုးလမ်းစဉ်တို့ အကြားတိုက်ပွဲသည် အစပြုနေပါပြီ။ အကြီးအကဲကျန်း၊ ကျေးဇူးပြု၍ ဒီကိစ္စကိုဆွေးနွေးဖို့ အကြီးအကဲခန်းမကိုအရေးပေါ်လာရောက်ပေးပါ။”

ချင်ရှန်းဝူ၏လက်ရင်းတပည့်တစ်ယောက်အနေဖြင့် ကျန်းချန်ရွှမ်သည် ထိုဆင့်ခေါ်ခြင်းကို အပြစ်ပေးခံရရန်မကြောက်ပဲ လျစ်လျူရှုထားနိုင်ပါသည်။

သို့ရာတွင် သေချာစွာစဉ်းစားဆင်ခြင်ပြီးနောက်၊ သူသည် ခေါ်ဆိုမှုကိုတုံ့ပြန်ကာ အကြီးအကဲခန်းမသို့ ဦးတည်၍သွားလိုက်သည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် ကျင့်ကြံခြင်းအခန်းမှမထွက်ခင် သူ၏အခြေအနေကို ထိန်းညှိခဲ့သည်။

ထိုအချိန်တွင်၊ လူအများစုသည် အကြီးအကဲခန်းမတွင် စုဝေးနေကြပြီဖြစ်သည်။

လူတိုင်း၏မျက်နှာတွင် လေးနက်နေသောအမူအရာများပေါ်လွင်နေသည်။

အကြောင်းမှာ သိပ်မကြာမီက သူတို့သည်သတင်းတစ်ခုရခဲ့သောကြောင့်ဖြစ်သည်။

အထူးမိသားစုမှ အကြီးအကဲဖြစ်သော ချန်ဝမ်ရှန်းသည် ကံမကောင်းစွာဖြင့် နတ်ဆိုးလမ်းစဉ်နှင့် တိုက်ခိုက်မှုအပြီးတွင် သေဆုံးသွားခဲ့ရသည်။

ချန်ဝမ်ရှန်းသည် သာမန်ကျင့်ကြံသူမဟုတ်ဘဲ တာအိုဖွဲ့စည်းခြင်းသူတော်စင်တစ်ဦးဖြစ်သည်။

တာအိုဖွဲ့စည်းခြင်းသူတော်စင်တစ်ဦးကျဆုံးခြင်းသည် ယိမ်းယိုင်စေပါသည်။ သူ၏သေဆုံးခြင်းသည် နတ်ဆိုးလမ်းစဉ်မှထောင်ထားသောထောင်ချောက်ကြောင့်ဖြစ်သော်လည်း ထိုကဲ့သို့သောသူ ကျဆုံးခြင်းက ဖြောင့်မတ်လမ်းစဉ်ဘက်အား ကြီးမားသောလှုပ်ခတ်မှုဖြစ်စေကာ အနီရောင်မျဉ်းကိုကျော်စေပါသည်။

သူတို့ရှောင်လွဲလိုခဲ့သော ထိုတိုက်ပွဲသည် ဧကန်ဖြစ်လာခဲ့ပြီဖြစ်သည်။ ရှိနေသည့်လူတိုင်းက ကောင်းကင်ရေတံခွန်ဂိတ်တစ်ခုလုံးကို ဖုံးလွမ်းစေတော့မည်ဖြစ်သည့် ထိုပြသနာသည် ဖြောင့်မတ်သည့်လမ်းမှ ထိုဆုံးရှုံးမှုကို တိတ်ဆိတ်စွာခံစား၍ နတ်ဆိုးလမ်းစဉ်မှ ရက်ရောသည့် ပေးလျော်မှုတစ်ခုခုပြုလုပ်ခြင်းမရှိလျှင် ရှောင်လွဲ၍မရနိုင်တော့မည်မဟုတ်ကြောင်း နားလည်ကြသည်။

သို့ရာတွင် ဖြစ်နိုင်ချေနှစ်ခုစလုံးက မဖြစ်လာနိုင်ပါ။ ထို့ကြောင့်။

အကြီးအကဲခန်းမသို့ ဝင်ရာတွင်၊ ကျန်းချန်ရွှမ်သည် ချက်ခြင်းပင် လေထုထဲမှ ဖိအားကို ခံစားလိုက်ရသည်။

“ဂျူနီယာမောင်လေး။”

ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် ရင်းနှီးသောအသံတစ်ခုကသူ့အားခေါ်သည်ကို ကြားလိုက်ရသည်။

လှည့်ကြည့်လိုက်သောအခါ၊ သူသည် ဤသို့သောနေရာမျိုးတွင် တွေ့ရန်ရှားသည့် သူ၏စီနီယာအစ်ကိုကျောက်ထျန်းဖန်နှင့် စီနီယာအစ်မ ရှီရှန်းယောင်တို့အား တွေ့လိုက်ရသည်။

အဆုံး၌ နှစ်ဦးစလုံးသည် ထွင်းမြင်အဆင့်ကျင့်ကြံသူများဖြစ်ကြပြီး သာမန်အားဖြင့် ထိုသို့သောသာမန်အကြီးအကဲများ၏ကိစ္စများတွင် ပါဝင်ကြခြင်းမရှိကြပါ။

ထပ်မံ၍မတွေးတော့ပဲ ကျန်းချန်ရွှမ်ကနောက်ဆုတ်လိုက်သည်။

သူသည် ထွင်းမြင်အဆင့် ကျင့်ကြံသူများဖြစ်သည့် အကြီးအကဲယွင်ဖန်နှင့် အကြီးအကဲချီယန်တို့သည်လည်း မထင်ရှားသည့်နေရာတွင်ထိုင်နေကြသည်ကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။

၎င်းသည် လက်တစ်ကမ်းအလိုမှကိစ္စက တာအိုဖွဲ့စည်းခြင်းအဆင့်အကြီးအကဲများ စီစဉ်သောကြောင့်ဖြစ်နိုင်သည်။ “အသေးစိတ်ကိုကြားပြီးသွားပြီလား?”

ရှီရှန်းယောင်သည် ကျန်းချန်ရွှမ်က သူမနှင့် ကျောက်ထျန်းဖန်တို့ဆီသို့ချဉ်းကပ်သွားစဉ်တွင် မေးလိုက်သည်။ သို့ရာတွင် ကျန်းချန်ရွှမ်က အသေးစိတ်ကိုမသိပါ။ သူသည် မတတ်နိုင်ဘဲခေါင်းခါလိုက်သည်။

“ကျွန်တော် ဖြောင့်မတ်လမ်းစဉ်နဲ့ နတ်ဆိုးလမ်းစဉ်ကြားက အရေးကြီးတဲ့အချက်တစ်ချို့ပဲသိတယ်။ အသေးစိတ်ကိုတော့ မရှင်းဘူး။”

“အဲ့လိုလား?” ကျောက်ထျန်းဖန်နှင့် ရှီရှန်းယောင်တို့က အံ့အားသင့်သွားပုံပေါ်သည်။

သို့ရာတွင် ကျောက်ထျန်းဖန်သည် လျှင်မြန်စွာဖြင့် ကျန်းချန်ရွှမ်အား ထိုအခြေအနေကို ရှင်းပြလိုက်သည်။

ကျန်းချန်ရွှမ်သည် ထိုအခြေအနေအားထိတ်လန့်သွားရသည်။

သူသည် ထိုကဲ့သို့သောကိစ္စရပ်များဖြစ်နေကြောင်းကိုမသိပေ။ ချန်မိသားစုမှ အကြီးအကဲသည် နတ်ဆိုးလမ်းစဉ်မှ ချထားသောထောင်ချောက်မိကာ ကျဆုံးခဲ့ရသည်။

၎င်းသည် နှစ်ပေါင်းထောင်ချီအတွင်း ကောင်းကင်ရေတံခွန်ဂိတ်နယ်ပယ်အတွင်း အရေးကြီးဆုံးကိစ္စရပ် တစ်ခုဖြစ်နိုင်ပါသည်။

သူသည် လွန်ခဲ့သောနှစ်ပေါင်းသုံးထောင်က ဖြောင့်မတ်လမ်းစဉ်နှင့် နတ်ဆိုးလမ်းစဉ်တို့အကြား တိုက်ပွဲတွင်ပင် တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်ကျဆုံးခြင်းမရှိခဲ့ပါ။

ယခုမူ၊ တိုက်ပွဲကြီးမစရသေးမီပင် တာအိုဖွဲ့စည်းခြင်းအရှင်တစ်ပါးကျဆုံးခဲ့ပြီဖြစ်သည်။

မည်သူပင်ကြည့်ပါစေ၊ ထိုကိစ္စသည် အနည်းငယ်သိသာထင်ရှားပါသည်။

စုဝေးပွဲတွင် တိတ်ဆိတ်စွာဖြင့် အချင်းချင်းသာဆွေးနွေးနေကြချိန်တွင် စင်မြင့်ပေါ်၌ ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

ထိုပုံရိပ်ကို သတိရသွားသောအခါ လူတိုင်းသည် လေးစားမှုအပြည့်ဖြင့် ဦးညွတ်ကာ နှုတ်ဆက် လိုက်ကြသည်။

“မင်္ဂလာပါ ဂိုဏ်းချုပ်။”

ထိုပုံရိပ်သည် ရွယ်ပင်းပင်ဖြစ်ကာ ဟောက်ရန်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်၍ တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်လည်း ဖြစ်ပါသည်။

သူသည် လူစုလူဝေးကိုကြည့်လိုက်ကာ စတင်၍ ပြောလိုက်သည်။

“အကြီးအကဲချန်ကျဆုံးသွားတာနဲ့ပက်သက်ပြီး မင်းတို့မသိတဲ့သူရှိသေးလား?”

ရွယ်ပင်း၏မေးခွန်းကိုကြားလျှင် ရှိနေသည့်လူတိုင်း ခေါင်းခါလိုက်ကြသည်။

အများစုသည် မရောက်လာခင်ကတည်းက သူတို့၏သက်ဆိုင်ရာမှ အခြေအနေအကြောင့် အနည်းငယ်သိထားကြသည်မှာ ရှင်းပါသည်။

မသိသောသူများသည်လည်း သူတို့၏မိတ်ဆွေများမှ အမြန်ပြောပြထားကြသည်။

“ဂိုဏ်းချုပ်ရွယ်၊ ဒီအခြေအနေက အခုချိန်ထိ တစ်ခုခုပြောင်းလဲသွားတာများရှိသေးလား?

ထိုအချိန်တွင် အကြီးအကဲတစ်ဦးကမေးလိုက်သည်။

ထိုမေးခွန်းကိုကြားသည်နှင့် လူတိုင်း၏မျက်လုံးများက ရွယ်ပင်းပေါ်သို့ရောက်သွားကာ တွေးဆပြီးမှ တုံ့ပြန်လိုက်လေသည်။

“ရက်အနည်းငယ်အကြာက၊ တာအိုဖွဲ့စည်းခြင်းအဆင့် တိုက်ပွဲသုံးခုရှိခဲ့ပြီး ထွင်းမြင်အဆင့်တိုက်ပွဲက ၁၆ ခု၊ ကောင်းကင်အလင်းအဆင့်နဲ့ ဓမ္မပုံစံအဆင့် တိုက်ပွဲက ရာကျော်ရှိတယ်။ ကျဆုံးသူက ထွင်းမြင်အဆင့်ကျင့်ကြံသူနှစ်ဦးနဲ့ ကောင်းကင်အလင်းအဆင့်ကျင့်ကြံသူ ဆယ်ယောက်အပါအဝင် နှစ်ဆဖြစ်နေပြီ။

ဓမ္မပုံစံအဆင့်ကျင့်ကြံသူတွေရဲ့အရေအတွက်က ပိုပြီးတော့ မြင့်မားတယ်။”

“ဘာ?”

ရွယ်ပင်း၏ဖော်ပြချက်ကိုကြားလျှင် အကြီးအကဲများအားလုံး၏ ရင်ထဲ ထိတ်လန့်မှုများ ဖြတ်သွားခဲ့သည်။

သူတို့သည် ရက်အနည်းငယ်အတွင်း တာအိုဖွဲ့စည်းခြင်းအဆင့် တိုက်ပွဲသုံးခုအပါအဝင် ကျဆုံးသူဤမျှလောက်မြင့်မားလိမ့်မည်ဟု မထင်ထားကြပေ။

ရွယ်ပင်းသည် ထိုတိုက်ပွဲများမှ ရလဒ်များကို မပြောသေးသော်လည်း၊ ဖြစ်နိုင်ချေကိုသုံးသပ်နိုင်ပါသည်။

အဆုံး၌ တိုက်ပွဲ၏အစ၌ပင် နှစ်ဖက်စလုံးမှ အင်အားအပြည့်သုံးသည်ဟု ပြောနိုင်သည်။ လူတိုင်းက အစ၌ ချန်မိသားစုအကြီးအကဲကဲ့သို့ အခြားတစ်ဘက်မှ အသားကို ကိုက်ဆွဲလိုကြပေသည်။

ထိုအချိန်တွင် ရွယ်ပင်းက ထပ်မံ၍ ပြောလိုက်သည်။

“ငါမင်းတို့ကိုဒီကိုခေါ်လိုက်တာက၊ ဘာကြောင့်လဲဆိုတာ ခန့်မှန်းကြပြီးသားဖြစ်မှာပါ။ ဒီစစ်ပွဲနဲ့ပက်သက်ပြီး ငါတို့ ဟောက်ရန်ဂိုဏ်းက ဝင်မပါလို့မဖြစ်တော့ဘူး။

အမှန်တော့ ငါတို့ပဲမဟုတ်ဘူး။ မိုးကြိုးချိုင့်ဝှမ်း၊ ချင်ခုန်းခန်းမ၊ နတ်ဘုရားအရိပ်ဂိတ်နဲ့ ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းတွေကလည်း ဒီကိစ္စမှာ ပါဝင်ကြလိမ့်မယ်။

ငါတို့လုပ်ရမှာက ငါတို့တာဝန်ကျတဲ့နေရာမှာ အောင်နိုင်ဖို့ပဲ။”

***

All Chapters