အဆင့် ၇ အဂ္ဂိရတ်ပညာရှင်ဖြစ်လာခြင်း၊ စနစ်၏ဆုလဒ်
Vol. 44 Ch. 826
၎င်းနှင့်အတူ ကျန်းချန်ရွှမ်သည် သုံးကြိမ်ထပ်မံ၍ ကြိုးစားခဲ့ပြီးအများစုက ကျရှုံးခြင်းနှင့် အဆုံးသတ်ခဲ့ရသည်။
သို့ရာတွင် လေးခါမြောက်ကျရှုံးပြီးနောက်တွင် ကျန်းချန်ရွှမ်သည် သူရင်ဆိုင်နေရသည့် ပြသနာများကို နားလည်လာခဲ့သည်။
ငါးကြိမ်မြောက်တွင် သူ့အား မီးဖိုမှ အောင်မြင်သည့်ဆေးလုံး၏ရနံ့ရရှိလာရန် လအနည်းငယ်သာ စောင့်ခဲ့ရပြီး သူသည် ကင်းမဲ့ခြင်းရှစ်မျိုးဆေးလုံးကိုသန့်စင်နိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း ပြသနေပါသည်။
စိတ်ရှည်ခြင်းနှင့် ကြီးမားသည့်မတော်တဆများကိုကာကွယ်ထားလျှင် သူသည် ချောမွေ့စွာဖြင့် ဆေးလုံးကို ပြီးမြောက်အောင်လုပ်နိုင်သည်။
......
အမှန်တကယ်ပင်၊
နှစ်ဝက်ကုန်လွန်သွားခဲ့ပြီးနောက် ကျန်းချန်ရွှမ်၏ မီးဖိုအတွင်းတွင် အဖြူရောင်ဆေးလုံးရှစ်ခု ပေါ်လာလေသည်။
သို့ရာတွင်၊ ထိုအထဲမှ ဆေးလုံးသုံးလုံးသည် မျက်နှာပြင်ပေါ်တွင် အက်ကွဲရာများပေါ်လာခဲ့ပြီး ကျရှုံးတော့မည်ကိုပြနေသည်။
တုံ့ဆိုင်းခြင်းမရှိဘဲ ကျန်းချန်ရွှမ်သည် ဆေးလုံးသုံးလုံးအားဖယ်ရှားလိုက်ကာ သူ၏အာရုံစိုက်မှုနှင့် အင်အားများကို ကျန်ရှိသည့် ငါးလုံးအပေါ်တွင် အာရုံစိုက်လိုက်သည်။
ကျီ…
သုံးလအကြာတွင် ထိုဆေးလုံးငါးလုံးသည် ရုတ်တရက် အလွန်ကြွယ်ဝသည့်ရနံ့ကို ထုတ်လွတ်လာခဲ့ပြီး ယခင်ကထပ်ပို၍ပြင်းထန်ကာ ဆေးတစ်လုံးစီတိုင်းသည် ပြည့်ဝပြီး မျက်နှာပြင်မှာ လုံးဝန်းပါသည်။
ကျန်းချန်ရွှမ်သည်ဝမ်းမြောက်သွားပြီး သူ၏အဂ္ဂိရတ်ပညာက နောက်ဆုံး၌ အောင်မြင်သွားသည်ကို သိလိုက်သည်။
ဂလောင်ဟူသောအသံနှင့်အတူ၊
ဆေးလုံးမီးဖို၏အဖုံးသည်ပွင့်လာခဲ့သည်။
နှင်းဖြူရောင် ကင်းမဲ့ခြင်းရှစ်မျိုးဆေးလုံး ငါးလုံးသည် ကျောက်စိမ်းပုလင်းထဲသို့ဝင်သွားခဲ့သည်။
ကျန်းချန်ရွှမ်သည် ချက်ခြင်းပင် ဆေးလုံးတစ်လုံးကိုမြိုချလိုက်ပြီး သူ၏ခန္ဓာကိုယ်အတွင်း နွေးထွေးသောအရာတစ်ခုလိမ့်တက်လာခဲ့သည်။
ကျန်းချန်ရွှမ်သည် ချက်ခြင်းပင် သူ၏ခန္ဓာကိုယ်အတွင်းတွင် စွမ်းအားတစ်ခု ရုတ်တရက် တက်လာသည်ကိုခံစားလိုက်ရသည်။
သူသည် လျှင်မြန်စွာဖြင့် သူ၏ဆေးစွမ်းအားများကိုစုပ်ယူရန် ကန့်သတ်မဲ့ဘီးကို လည့်ပတ်စေလိုက်သည်။
ရက်အနည်းငယ်အကြာတွင်၊
ကျန်းချန်ရွှမ်သည် သူ၏ကျင့်ကြံခြင်းကိုအဆုံးသတ်လိုက်ပြီး ကင်းမဲ့ခြင်းရှစ်မျိုးဆေးလုံးတစ်လုံးက သူ၏စွမ်းအားကို ငါးဆယ်ရာခိုင်နှုန်းထိ မြင့်တင်ပေးနိုင်သည်ကိုကြည့်ကာ အံ့ဩဝမ်းသာ သွားခဲ့သည်။ သူသည် ထိုကောင်းမွန်သည့် သက်ရောက်မှုက သူ၏ပထမဆုံးသောက်သုံးခြင်း၌ပင် ရရှိနိုင်ခဲ့သည်။
အနာဂတ်တွင်သောက်သုံးခြင်းသည် လျော့နည်းလာလိမ့်မည်ဖြစ်ကာ နောက်ဆုံးတွင် သက်ရောက်မှုရှိတော့မည်မဟုတ်ပေ။
သို့သော် ထိုသို့ဖြစ်သော်လည်း၊ ရလဒ်က အလွန်ကြီးမားလှပါသည်။
[ဒင်]
ကျန်းချန်ရွှမ်ကထိုအကြောင်းကိုတွေးနေစဉ်၊ စနစ်၏အသိပေးချက်က ရုတ်တရက် သူ၏စိတ်အနက်ရှိုင်းဆုံးနေရာတွင် အသံမြည်လာခဲ့သည်။
[သင်သည် ကင်းမဲ့ခြင်းရှစ်မျိုးဆေးလုံးကိုအောင်မြင်စွာသန့်စင်ပြီး အဆင့် ၇ အဂ္ဂိရတ်ပညာရှင် ဖြစ်သွားတဲ့အတွက် ဂုဏ်ယူပါတယ် host။ သင်သည် အဂ္ဂိရတ်အတွေ့အကြုံကဒ်၊ အသိဉာဏ်ပွင့်ခြင်းဆေးလုံးနှင့် ပြန်လည်ရှင်သန်ခြင်းဆေးလုံးဖော်စပ်နည်းကိုရရှိပါတယ်။]
စနစ်၏ဆုလဒ်များသည် အလွန်ရက်ရောပါသည်။
အသိဉာဏ်ပွင့်ခြင်းဆေးလုံးသည် နာမည်ကဲ့သို့ပင်၊ သောက်သုံးပြီးသည်နှင့် အသိဉာဏ်ပွင့်ခြင်းအဆင့်ကို ရောက်သွားနိုင်ပါသည်။
အဂ္ဂိရတ်အတွေ့အကြုံကဒ် ဆိုသည်မှာတူညီစွာပင်တန်ဖိုးရှိပြီး ချက်ခြင်းဆန်းကြယ်မှုနှင့် ဆေးလုံးအမျိုးအစားကိုသန့်စင်ရာတွင် အသုံးပြုသူ၏ကျွမ်းကျင်မှုကို ကျွမ်းကျင်အဆင့်ထိ တိုးမြင့်ပေးနိုင်သည်။
သို့သော် ဆေးလုံးရွေးချယ်မှုအပေါ်မူတည်၍အသုံးပြုသူ၏လက်ရှိအဆင့်မှ အဆင့်နှစ်ဆင့်ကိုတိုးမြင့်သွားမည်မဟုတ်ပေ။
အခြားတစ်နည်းဖြင့်ဆိုရလျှင် လက်ရှိကျန်းချန်ရွှမ်သည် အဆင့် ၇ အလယ်ဆင့်ဆေးလုံးကို ရွေးချယ်နိုင်ပြီး သူ့အားချက်ခြင်း အဆင့် ၇ အလယ်ဆင့်ဆေးလုံးကိုပင် သန့်စင်နိုင်အောင် ကျွမ်းကျင်စေနိုင်ပါသည်။
သို့ရာတွင်၊ အဆင့် ၇ အဆင့်မြင့်ဆေးလုံးကိုရွေးချယ်ရန်မဖြစ်နိုင်ပေ၊ ၎င်းသည် သူ၏လက်ရှိအဂ္ဂိရတ်ပညာကို အဆင့်နှစ်ဆင့်ထပ် ကျော်လွန်သွားစေနိုင်ပါသည်။
ထို့ကြောင့်၊
ယခုမူ၊ အကယ်၍ ကျန်းချန်ရွှမ်သည် ထိုအဂ္ဂိရတ်အတွေ့အကြုံကဒ်ကိုသုံးလိုလျှင် သူသည် အဆင့်နိမ့် အဆင့် ၇ဆေးလုံး သို့ အလယ်ဆင့် အဆင့် ၇ ဆေးလုံးကိုရွေးချယ်ရမည်ဖြစ်သည်။
နောက်ဆုံးဆုလဒ်မှာ၊ ပြန်လည်ရှင်သန်ခြင်းဆေးလုံးဖော်မြူလာဖြစ်ပြီး မျှော်မှန်းထားသည်ထပ် ကျော်လွန်နေသည့် ရတနာဖြစ်ပေသည်။
ဆေးလုံးဖော်စပ်နည်းအရ ထိုဆေးလုံး၌ အဆင့်မရှိပေ။
သက်ဆိုင်ရာပစ္စည်းများကိုရှာဖွေနိုင်သည်နှင့် စတင်၍ သန့်စင်နိုင်ပြီဖြစ်သည်။
တစ်ကြိမ်အောင်မြင်သွားသည်နှင့် ကျင့်ကြံသူသည်ဒုတိယအသက်ကိုရရှိနိုင်ပေသည်။
၎င်းသည် စည်းမျဉ်းများ၏အဆင့်မှ အစပြုလာသော ပြန်လည်မွေးဖွားခြင်းဖြစ်ပြီး သာမန်ပြန်လည်မွေးဖွားခြင်းမဟုတ်ပါ။
အကယ်၍ သင်၏ခန္ဓာကိုယ်၊ မူလဝိညာဉ်ဖြစ်စေ ပျက်စီးသွားလျှင် ထိုပြန်လည်မွေးဖွားခြင်းဆေးလုံးက အတိတ်ဘဝကိုပြန်လည်ခေါ်ဆောင်သွားနိုင်ပြီး ပြန်လည်ရှင်သန်လာစေနိုင်သည်။
သေချာပါသည်။
ထိုပြန်လည်မွေးဖွားခြင်းဆေးလုံး၏စွမ်းအားကိုရယူရန်၊ တစ်စုံတစ်ဦးသည် အရင်သောက်သုံးရန်လိုအပ်ပြီး တစ်ဦးတစ်ယောက်ခြင်းဆီတိုင်းသည် သက်တမ်းတစ်လျှောက် တစ်ခေါက်သာ အသုံးပြုရန် အခွင့်အရေးတစ်ခုသာရှိမည်ဖြစ်သည်။
ကျန်းချန်ရွှမ်သည် သူတစ်ခါမှ မကြားဖူးသည့် ထိုပြန်လည်ရှင်သန်ခြင်းဆေးလုံး၏ ဖော်စပ်နည်းနှင့် ပစ္စည်းစာရင်းကို စေ့စပ်စွာ ကြည့်ရှုစစ်ဆေးလိုက်သည်။
ထိုဆေးသည် အဆင့်သတ်မှတ်ထားခြင်းမရှိသော်လည်း၊ လိုအပ်သည့် ပစ္စည်းများ၏ရှားပါးမှုသည် ပြန်လည်ရှင်သန်ခြင်းဆေးလုံးကိုသန့်စင်ခြင်းသည်
ရိုးရှင်းသောတာဝန်တစ်ခုမဟုတ်မှန်းရှင်းလင်းစေသည်။
သူသည် ဤဝိညာဉ်နယ်မြေတွင် အချို့ပစ္စည်းများတည်ရှိခြင်းကိုပင် သံသယဝင်မိသေးသည်။
ထို့ပြင်၊ ထိုဖော်စပ်နည်းအားပိုင်ဆိုင်ခြင်းသည် သူ့အားဦးတည်ချက်တစ်ခုကို စီစဉ်ပေးပါသည်။
အခွင့်အရေးက မြင့်တက်လာသည်နှင့်၊ သူသည် ပစ္စည်းစာရင်းကို သေချာစွာအာရုံစိုက်ကြည့်ရှုပြီ အာမခံပုံစံဖြင့် မကြာမီစုဆောင်းနိုင်ရန်မျှော်လင့်ခဲ့ပေသည်။
ထိုရက်များတွင်၊ ကျန်းချန်ရွှမ်သည် သူ၏ဆရာ၏အကြံပြုချက်များကိုလိုက်နာပြီး သူ၏ဂူထဲတွင်သာ ဆက်လက်ကျင့်ကြံနေခဲ့သည်။
ဆက်သွယ်ရေးကျောက်စိမ်းမှတစ်ဆင့်၊ သူသည် အပြင်လောကကို ဆက်လက်ဆင်ခြင်နေပါသေးတယ်။
မကြာမီအချိန်က…. ဖြောင့်မတ်လမ်းစဉ်နှင့် နတ်ဆိုးလမ်းစဉ်တို့အကြား ကြီးမားသည့်တိုက်ပွဲ နောက်တစ်ခုဖြစ်ပေါ်ခဲ့သေးသည်။
ထိုအချိန်အတွင်း များစွာသောဗလာနယ်ပြန်ကျင့်ကြံသူများသေဆုံးခဲ့ရသည်။
ကံကောင်းစွာပင် ဟောက်ရန်ဂိုဏ်းနှင့် ရှန်းရူယန်၏မိုးကြိုးချိုင့်ဝှမ်းတို့က ဗလာနယ်ပြန်အဆင့် အထက်၌ ကျဆုံးသူမရှိခဲ့ပေ။
သို့ရာတွင် ကျန်းချန်ရွှမ်၏တွက်ချက်မှုအရ နှစ်ဖက်စလုံးကြားမှ ပြသနာအတိုင်းအတာသည် ကောင်းကင်အလင်းအဆင့်ကျင့်ကြံသူများနှင့် ထွင်းမြင်အဆင့်ကျင့်ကြံသူများပါလာရန် မကြာတော့ပါ။
ထိုအချိန်တွင် သူ့အတွက် ယခုကဲ့သို့ ဂူထဲတွင် တိတ်ဆိတ်စွာကျင့်ကြံနေနိုင်ရန်မဖြစ်နိုင်တော့ပေ။
ရာစုနှစ်များကုန်ဆုံးသွား၍ နှစ်ပေါင်းငါးရာကျော်လွန်သွားခဲ့သည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် သူ၏ဓမ္မရတနာများနှင့် နတ်ဘုရားစွမ်းအားများကို အရေးပါသည့် တိုးတက်မှုများ ပြုလုပ်နိုင်ခဲ့သည်။
သူသည် သူ၏ ဝင်ရိုးစွန်းနှစ်ဘက်နတ်ဘုရားတောင်အား သူ၏ဂိုဏ်း၏ ရတနာသိုက်မှ သံလိုက်သလင်းကျောက်များဖြင့် ပူးပေါင်း၍ အဆင့်မြင့် ဝိညာဉ်ရတနာအဖြစ်မြင့်တင်ရန် စီစဉ်နိုင်ခဲ့သည်။
ဒုတိယတစ်ခုမှာ သူသည် သူကျွမ်းကျင်ထားသည့် နတ်ဘုရားစွမ်းအားများအပေါ်အချိန်တစ်ချို့ သုံးခဲ့သည်။
၎င်းတို့၏စွမ်းအားများဖြစ်စေ သို့ အခြားရှုထောင်များမှဖြစ်စေ အလွန်တိုးတက်ခဲ့ပါသည်။
အထူးသဖြင့် သူကျွမ်းကျင်သည့် ဒြပ်စင်ငါးပါးနတ်ဘုရားစွမ်းအားတွင်ဖြစ်သည်။
ညိုးနွမ်းခြင်း၊ ဒေါသမီးတောက်၊ ကောင်းကင်မြုပ်နှံခြင်း အလင်းဖြတ်တောက်ခြင်း၊ နှစ်ကာလများ တို့ဖြစ်သည်။
သူသည် အားလုံးကိုပေါင်းစည်းရန်ပင် ကြိုးစားခဲ့သေးသည်။
ကံမကောင်းစွာပင် သူသည် မီးစည်းမျဉ်း၏အနှစ်သာရကို ကျွမ်းကျင်မှုမရှိသေးခြင်းကြောင့် အလင်းဖြတ်တောက်ခြင်းနှင့် နှစ်ကာလများကိုသာ အလွန်မြန်ဆန်သည့် ထိခိုက်နိုင်သည့်နတ်စွမ်းအားအဖြစ်ဖွဲ့စည်းနိုင်ခဲ့သည်။
၎င်းအား ယာယီအားဖြင့် အလင်းနှစ်ကာလ ဟု ကျန်းချန်ရွှမ်က နာမည်ပေးခဲ့လေသည်။
၎င်းကို တစ်ကြိမ်အသုံးပြုသည်နှင့် ပြိုင်ဘက်၏နေရာမှ အချိန်စီးဆင်းမှုသည် အလွန်ရှည်ကြာသွားမည် ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင်၊ သူတို့သည် သူတို့၏ မူလဝိညာဉ်ကို ဖမ်းမမိနိုင်အောင်ပင် ကြောက်မက်ဖွယ်တိုက်ခိုက်ခြင်းကိုခံစားရမည်ဖြစ်သည်။
***