ဆေးမီးဖိုကိုသန့်စင်ခြင်း၊ နှင့် အဆင့် ၇ ဆေးလုံးကို သန့်စင်ခြင်း
Vol. 44 Ch. 825
သူသည် ရှေးဟောင်းဂူထဲမှရရှိလာသော အဂ္ဂိရတ်ကျောက်စိမ်းပြားကို သူ၏အဂ္ဂိရတ် ကျွမ်းကျင်ခြင်းအား အဆင့် ၇ အထိ တိုးမြင့်ရန်သုံးလိုပေသည်။
ထိုအချိန်တွင် သူသည် သေချာပေါက် စနစ်မှ ကောင်းသောအရာများ ရနိုင်ပေသည်။
သူသည် စဉ်းစားထားသည့်အတိုင်းလုပ်ခဲ့လေသည်။
ကျန်းချန်ရွှမ်သည် ချက်ခြင်းပင် စိတ်တည်ငြိမ်အောင်လုပ်လိုက်ပြီး စတင်၍ မြေစည်းမျဉ်းကို နားလည်အောင်လုပ်လိုက်ကြသည်။
အချိန်က ကုန်လွန်သွားခဲ့သည်။
........
မျက်စိတမှိတ်အတွင်းတွင် နှစ်ပေါင်းရှစ်ဆယ်ကုန်လွန်သွားခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်းရှစ်ဆယ်တွင် ကျန်းချန်ရွှမ်သည်အောင်မြင်စွာဖြင့် မြေစည်းမျဉ်း၏ အနှစ်သာရကို အောင်မြင်စွာ နားလည်ခဲ့ပြီး မျှော်လင့်ထားသည့်အတိုင်းဖြစ်ခဲ့သည်။
ထိုအောင်မြင်မှုနှင့် သူသည် ကျွမ်းကျင်ရန်မီးစည်းမျဉ်းသာ ကျန်ရှိတော့သည်။
သူသည် မီးစည်းမျဉ်းကိုနားလည်နိုင်သည်နှင့် သူသည် တာအိုဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖောက်နိုင်ရန် အဆင့်သင့်ဖြစ်မည်ဖြစ်သည်။
မြေစည်းမျဉ်းကိုနားလည်ပြီးနောက် အချိန်မဖြုန်းတော့ဘဲ၊ ကျန်းချန်ရွှမ်သည် သူရရှိထားသော ရှေးဟောင်းကျောက်စိမ်းပြားထဲမှ အဂ္ဂိရတ်ပညာကို စတင်စမ်းသပ်တော့သည်။
ထိုအစီအစဉ်သည် သူ့အား မီးစည်းမျဉ်းကိုနားလည်စေမည့်နည်းလမ်းလည်းဖြစ်ပေသည်။
ဂျုန်း…
ကြီးမားသောမီးဖိုကြီးကိုထုတ်လိုက်သည်နှင့် ကျန်းချန်ရွှမ်သည် အဂ္ဂိရတ်ပညာအတွက်ပင် သုံးရန်မလောခဲ့ပေ။
ထိုအစားသူသည် ထိုမီးဖိုကို စတင်သန့်စင်လိုက်လေသည်။
ထိုမီးဖိုအသုံးအဆောင်ပစ္စည်း၏ ဝိညာဉ်သည် ထပ်မံ၍တည်ရှိမနေတော့သော်လည်း ကျန်းချန်ရွှမ်သည် မီးဖိုတွင် ကျန်ရှိနေသည့် ဆန္ဒနှင့် ရည်ရွယ်ချက်ကို အာရုံခံနိုင်ခဲ့ပါသည်။
ကျီ…
မကြာမီ၊ ပုံမှန်မဟုတ်သည့်လှိုင်းများ နှင့် အတူ ယခင်က စုဆောင်းလာခဲ့သည့် ဆေးလုံးအနံ့များက မီးဖိုမှထွက်လာခဲ့ပါသည်။
အနံ့သည် ကျန်းချန်ရွှမ်၏ ဝိညာဉ်ကို အင်အားတိုးစေကာ သူ့အား သိမ်မွေ့သည့် တွန်းအားပေးနေခဲ့သည်။
အချိန်များကုန်လွန်သွားသည်နှင့် အခြားရာစုနှစ်တစ်ခုကိုဖြတ်သန်းသွားသည်။
ရုတ်တရက် မီးဖိုမှ ဟိန်းသံတစ်ခုကိုထုတ်လွန်လာခဲ့ပြီး ၎င်း၏အရွယ်အစားသည် စတင်၍ လျှင်မြန်စွာကျုုံ့သွားခဲ့လေသည်။
နောက်ဆုံးတွင် ၎င်းသည် ကျန်းချန်ရွှမ်လိုချင်သည့်အရွယ်အစားနှင့် ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားသည်။
တစ်ချိန်တည်းမှာပင်၊
သွေးချင်းဆက်နွယ်သွားသကဲ့သို့ မီးဖိုမှထွက်လာသည့် ရင်းနှီးသွားသောခံစားချက်သည် ကျန်းချန်ရွှမ်အားချက်ခြင်းပင် ဝမ်းမြောက်စေသောအာရုံနှင့် ပြည့်သွားခဲ့လေသည်။
သူ၏ခန့်မှန်းချက်ကမှန်ပါသည်။
ထိုမီးဖို၏ဝိညာဉ်က ထွက်ခွာသွားပြီမှန်သောလဲ၊ ၎င်း၏အကြွင်းအကျန်များသည် ကျန်ရှိနေသေးသည်။
ထိုကျန်နေသည့် ဆန္ဒနှင့် မီးဖို၏ဝိညာဉ်က ပြန်လည်ရှင်သန်လာနိုင်သည့် နေ့ရှိလာနိုင်ပါသည်။
မူလဝိညာဉ်မဖြစ်နိုင်တော့သော်လည်း သူနှင့်ဆက်သွယ်ထားသည့် သူ့၏ကိုယ်ပိုင်ဖြစ်လာမည် ဖြစ်သည်။
မီးဖိုကို သိမ်မွေ့စွာပုတ်ကာ၊ ကျန်းချန်ရွှမ်က အပြုံးဖြင့်ပြောလိုက်သည်။
“အခုကစပြီး၊ ငါမင်းကို အဂ္ဂိရတ်လုပ်ဖို့အတွက် မကြာခဏသုံးမယ်။ ဒီအတောအတွင်း အမြန်ဆုံး တိုးတက်လာပြီး ပုံသဏ္ဍာန်ယူလို့ရလာနိုင်တယ်။”
ကျီ….ကျီ…ကျီ…
ကျန်းချန်ရွှမ်၏စကားများကိုနားလည်သကဲ့သို့၊ မီးဖိုတစ်ခုလုံးသည်အနည်းငယ်လှုပ်ခါသွားပြီး ဝမ်းမြောက်နေသည့် အရောင်အဝါထုတ်လွတ်လာခဲ့သည်။
ကျန်းချန်ရွှမ်သည် ထိုတုံ့ပြန်မှုအားပြုံးလိုက်သည်။
“ကောင်းပြီ။ ငါတို့ပထမဆုံးပူးပေါင်းမှုကိုစတင်လိုက်ရအောင်။” သူသည် ပြောရင်းနှင့် အဂ္ဂိရတ်ပစ္စည်းများကိုစတင်၍ထုတ်လိုက်သည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် အဆင့် ၇ ဆေးလုံးကိုသန့်စင်ရန်အလောတကြီးမလုပ်ဘဲ အဆင့် ၆ ဆေးလုံးကိုလေ့ကျင့်ရန် ရွေးချယ်လိုက်သည်။
အချိန်ကျရောက်လာမှသာ သူသည် အဆင့် ၇ ဆေးလုံးကိုသန့်စင်မည်ဖြစ်သည်။
နောက်ထပ်ငါးနှစ်အကြာတွင် ကျန်းချန်ရွှမ်သည် အရည်အသွေးအဆင့်မြင့်သည့် အဆင့် ၆ ဆေးလုံးများကို အရေတွက်များစွာသန့်စင်ခဲ့သည်။
“ငါဒီဆေးလုံးတွေကို ဂိုဏ်းရဲ့လေလံပွဲမှာရောင်းဖို့ ယူသွားမယ်။ တစ်ချို့က အန်းရန်သုံးဖို့ ပေးလို့လည်းရတယ်။” သူသည် တွေးလိုက်ကာ ပြီးဆုံးသွားသည့်ပစ္စည်းများကို စီစဉ်လိုက်သည်။
သူ၏စိတ်အတိုင်းစီစဉ်ပြီးနောက်၊ ကျန်းချန်ရွှမ်သည် ကင်းမဲ့ခြင်းရှစ်မျိုးဆေးလုံးဟုခေါ်သည့် အဆင့် ၇ ဆေးလုံးကိုသန့်စင်ရန်ပြင်ဆင်လိုက်သည်။
ထိုဆေးလုံးများကို ကျင့်ကြံသူ၏ခန္ဓာကိုယ်အင်အားတိုးတက်ရန်အတွက်သုံးပြီး ခန္ဓာကိုယ်သန့်စင်သည့် ဆေးလုံးဖြစ်ကာ ကျန်းချန်ရွှမ်အတွက်လည်း အကျိုးအမြတ် အချို့ရစေပါသည်။
အရေးအကြီးဆုံးအချက်မှာ ထိုဆေးလုံးအတွက် လုပ်ဆောင်သည့်ဖြစ်စဉ်နှင့် ပစ္စည်းများသည် အလွန်ရိုးရှင်းကာ ပစ္စည်းရှစ်မျိုးသာလိုအပ်ပြီး အဆင့် ၇ ဆေးလုံးထုတ်လုပ်ရန် အနည်းဆုံးလိုအပ်ချက်ရှိသည့်ဆေးဖြစ်သည်။
ကျီ….
ကျန်းချန်ရွှမ်သည်မီးဖိုထဲတွင် သန့်စင်သောယန်စစ်မှန်ရတနာကိုပေါင်းထည့်လိုက်ပြီး ၎င်းသည်ထပ်မံ၍ ပြင်းထန်သည့်မီးအပူကိုထုတ်လွတ်လာခဲ့သည်။
ထိုအချိန်တွင်၊ သူသည် စတင်၍ နည်းစနစ်အတိုင်း မီးဖိုထဲသို့ပြင်ဆင်ထားသောပစ္စည်းများအား တိကျသည့်အချိန်အတိုင်း ထည့်လိုက်သည်။
ချီ..ချီ….ချီ….
လျှင်မြန်စွာပင်၊ မီးဖိုထဲသို့ ထည့်ထားသည့် ထိုပစ္စည်းများသည် စတင်၍ တစ်ခုပြီးတစ်ခု ပျော်ဝင်လာခဲ့သည်။
အချိန်မကြာခင်တွင်ပင် ကျန်းချန်ရွှမ်သည် ပျော်ဝင်နေသော ဆေးရည်များကို သန့်စင်ကာ သိပ်သည်းခဲ့လေသည်။
မီးဖိုထဲတွင်၊ အရောင်အမျိုးမျိုးရှိသော ဆေးရည်အမျိုးမျိုးသည် တဖြည်းဖြည်း ပျော်ဝင်ပေါင်းစပ်သွားခဲ့သည်။ တစ်ရက်၊ နှစ်ရက်၊ သုံးရက်၊ တစ်လကုန်လွန်သွားသည်။….
ရုတ်တရက် ဆေးရည်များသည် အတူတူပေါင်းစည်းသွားခဲ့ပြီး ပြင်းထန်စွာလိုင်းထသွားခဲ့သည်။
အင်အားကြီးကာ ကြမ်းတမ်းသောစွမ်းအားများက မီးဖိုအတွင်း ပေါက်ထွက်လာခဲ့သည်။ ကျန်းချန်ရွှမ်သည် အတွင်း၌ပင် ပြောလိုက်ပြီး အန္တရာယ်ကိုအာရုံခံမိသွားသည်။
အမှန်တကယ်ပင်။ ထိုအတွေးက သူ၏စိတ်ကိုဖြတ်သွားသည်နှင့် မီးဖို၏အတွင်းတွင်ပြင်းထန်စွာ ခါယမ်းနေခဲ့သည်။
ပြီးနောက်၊ လှိုင်းကဲ့သို့ဂယက်များက ချက်ခြင်းပင် မီးဖို၏အတွင်းမျက်နှာပြင်တွင် ဖြတ်သန်းသွားခဲ့သည်။
ကျယ်လောင်သည့်ဘန်းဟူသောအသံမြည်သွားခဲ့လေသည်။
မီးဖိုက အနည်းငယ်တုန်ခါသွားခဲ့သည်။
ခဏအကြာတွင်၊ အရာအားလုံးသည် တည်ငြိမ်သွားပေသည်။
မီးဖိုအတွင်းသို့ကြည့်လိုက်လျှင် ဆေးရည်အားလုံးသည် ဘာမှမရှိတော့သည်ထိ အငွေ့ပျံ ပျောက်ကွယ်သွားခဲ့သည်။
သိသာစွာပင်၊ ထိုအဂ္ဂိရတ်ပြုလုပ်ခြင်းသည် ကျန်းချန်ရွှမ်အတွက် ကျရှုံးခဲ့ပြီဖြစ်သည်။
သူသည် ချက်ခြင်းပင် စတင်၍ သုံးသပ်ဆင်ခြင်ခဲ့သည်။
သူသည် ဆေးရည်ကိုသန့်စင်ခြင်းအဆင့်က အနည်းငယ်ကတိုက်ကရိုက်ဖြစ်သွားပုံပေါ်သည်။
သူသည် သူတို့၏ပစ္စည်းများကိုလုံးဝမရှင်းလင်းခဲ့ရပါ။
ထို့အပြင် မီးတောက်ကိုထိန်းချုပ်ခြင်းသည် ပြသနာဖြစ်ပါသည်။
အဆုံး၌၊ အဆင့် ၇ ဆေးလုံးသည် အဆင့် ၆ တစ်မျိုးနှင့် မတူညီပါ။
၎င်းတို့သည် မီးတောက်နှင့် သန့်စင်ခြင်းကိုထိန်းချုပ်ထားရန် အလွန်လိုအပ်ပေသည်။
အထူးသဖြင့် အဆင့်မြင့် အဆင့် ၇ ဆေးလုံးအတွက် သက်ဆိုင်သည့် စည်းမျဉ်းအနှစ်သာရသည် ၎င်းတို့၏ပြုလုပ်ပုံနှင့် ပေါင်းစပ်ရန်လိုအပ်သည်။
အကယ်၍ စည်းမျဉ်းများရှုပ်ထွေး၍ အဂ္ဂိရတ်ပညာရှင်များက ထိုရှုထောင့်ကို ကိုင်တွယ်ရန်ရှုံးနိမ်ခဲ့လျှင် ကျရှုံးခြင်းကမလွဲဧကန်ဖြစ်ပါသည်။
သို့ရာတွင် လက်ရှိအတွက် ကျန်းချန်ရွှမ်အတွက် ထိုဆုံးဖြတ်ချက်များက မလိုအပ်သေးပါ။
သူက ချက်ခြင်းဦးစားပေးရမည်မှာ ကင်းမဲ့ခြင်းရှစ်မျိုးဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်ရန်ဖြစ်သည်။
ထိုအတွေးဖြင့် ကျန်းချန်ရွှမ်သည် သိမ်မွေ့စွာမီးဖိုကိုပုတ်လိုက်ပြီး မီးဖိုအား မသန့်စင်မှုများကို သူကိုယ်တိုင်ရှင်းလင်းဖို့ရန်စောင့်လိုက်ပြီး ကင်းမဲ့ခြင်းရှစ်မျိုးဆေးကိုသန့်စင်ရန် ပစ္စည်းများကို ထပ်မံထုတ်ယူလိုက်လေသည်။
***