← Chapters

ဂိုဏ်းသို့ပြန်ခြင်း၊ ချင်ရှန်းဝူ၏အကြံပြုချက်

Vol. 44 Ch. 824

ဂိုဏ်းသို့ပြန်ခြင်း၊ ချင်ရှန်းဝူ၏အကြံပြုချက်

Vol. 44 Ch. 824

ထိုအချိန်မှာပင် ကျန်းချန်ရွှမ်နှင့် သူ၏အဖွဲ့သည် အခြားနေရာကိုရှာဖွေနိုင်ခဲ့သော်လည်း အရေးကြီးသည့်ပစ္စည်းကိုရှာမတွေ့ခဲ့ပါ။

ကြီးမားသောမီးဖိုကြီးကိုမူ၊ ကျန်းချန်ရွှမ်နှင့် အခြားသူများ၏ခန့်မှန်းချက်အရ ထိုဆေးမီးဖိုကြီးသည် ထိပ်တန်းဆေးမီးဖိုတစ်ခုဖြစ်မည်ဟုခန့်မှန်းထားကြသည်။

အခြားအသုံးအဆောင်ပစ္စည်းများကိုအာရုံမခံမိသောကြောင့် ၎င်းမှထွက်နေသောဆေးနံ့နှင့် ၎င်း၏ပုံစံသည် မရေတွက်နိုင်သောနှစ်ပေါင်းများစွာရှည်ကြာစွာအသုံးပြုခဲ့ပြီး အဂ္ဂိရတ်ပညာရပ်များအတွက် သုံးထားကာ အောင်မြင်မှုနှုန်းကိုတိုးမြင့်ပေးနိုင်ကြောင်း ပြောနေခြင်းဖြစ်သည်။

“ဂျူနီယာမောင်လေးကျန်း၊ ရှင်အဲ့ဒီမီးဖိုကိုယူသင့်တယ်။” နတ်အရှင်နှင်းဓားနှင့် ယွဲ့ချန်ကျန်းတို့က အကြံပြုလိုက်ပြီး ထိုမီးဖိုအား ကျန်းချန်ရွှမ်နှင့် ခွဲဝေလိုစိတ်မရှိကြောင်း ရှင်းလင်းနေသည်။

ကျန်းချန်ရွှမ်သည်လည်း မငြင်းတော့ပေ။ သူသည် ၎င်းကိုကြားလျှင် ချက်ခြင်းပင် ဆေးမီးဖိုးအား သိမ်းယူရန်ပုတ်လိုက်လေသည်။ ထို့နောက်တွင်၊ ကျင့်ကြံခြင်းဂူထဲတွင်မည်သည်အရာကိုမှ မတွေ့တော့ပေ၊ သူတို့သည် အချိန်မဆွဲတော့ပဲ ရှေးဟောင်းဂူမှထွက်ခွာလာကြသည်။

........

လအနည်းငယ်အကြာတွင်။

ရှန်းရူယန်၊ နတ်အရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့သည် မိုးကြိုးချိုင့်ဝှမ်းသို့ပြန်သွားကြပြီး ကျန်းချန်ရွှမ်သည်လည်းဟောက်ရန်ဂိုဏ်းသို့ပြန်ရန်လုပ်လိုက်ပေသည်။

သူပြန်ရောက်သည်နှင့် သူသည် သူ၏ဆရာချင်ရှန်းဝူအား ရှန်းဝူတောင်ထိပ်သို့သွားလိုက်လေသည်။

ရှန်းဝူတောင်ထိပ်သို့ရောက်သောအခါ သူသည် သူ၏စီနီယာအစ်မ ရှီရှန်းယောင်မှနှုတ်ဆက်သည်ကို တွေ့လိုက်ရသည်။

“ယို…ဂျူနီယာမောင်လေး အပြင်ကပြန်လာပြီလား?” ရှီရှန်းယောင်က စနောက်လိုက်သည်။

ကျန်းချန်ရွှမ်ကလည်း ပြုံးကာ တုံ့ပြန်လိုက်သည်။ “တကယ် ကျွန်တော်အခုမှ ပြန်လာတာပါ။ စကားမစပ်၊ စီနီယာအစ်မ ဆရာရှိလား?”

ရှီရှန်းယောင်က ခေါင်းညိတ်လိုက်သည်။

“ဆရာက သူ၏ဂူထဲမှာပဲ၊ သွားလိုက်ပါ။”

“ကောင်းပါပြီ။”

ကျန်းချန်ရွှမ်သည် ခေါင်းညိတ်လိုက်ပြီး ချင်ရှန်းဝူ၏ဂူသို့ဦးတည်သွားလိုက်သည်။

သူသည် ချင်ရှန်းဝူ၏ဂူသို့ရောက်လျှင် သူသည် ချင်ရှန်းဝူက တင်ပျဉ်ခွေထိုင်နေသည်ကို တွေ့လိုက်ရသည်။

တုံ့ဆိုင်းခြင်းမရှိဘဲနှင့် ကျန်းချန်ရွှမ်သည် ချက်ခြင်းပင် ဦးညွတ်ကာပြောလိုက်သည်။

“မင်္ဂလာပါ။ ဆရာ ကျွန်တော်ပြန်လာပြီ။”

“ကောင်းပြီ။”

ချင်ရှန်းဝူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။

“ဘယ်လိုလဲ ခရီးက အဆင်ပြေရဲ့လား?”

ကျန်းချန်ရွှမ်က ချက်ခြင်းပင် တုံ့ပြန်လိုက်သည်။

“ဆရာ့ကျေးဇူးကြောင့်ပါ။ ကျွန်တော်ဒီခရီးကနေ အများကြီးရခဲ့ပါတယ်။”

ကျန်းချန်ရွှမ်သည် ချင်ရှန်းဝူအားထိုခရီးအစားအကြမ်းဖျင်းပြောပြလိုက်သည်။

ထို့နောက်တွင် သူသည် အတိဒုက္ခရှောင်လွဲခြင်းဆေးလုံး၏ဖော်စပ်ပုံကိုထုတ်ကာ ချင်ရှန်းဝူကို ပေးလိုက်လေသည်။

ချင်ရှန်းဝူ၏မျက်လုံးကကျဉ်းမြောင်းသွားသည်။

အကြောင်းမှာ ယခုပင် ကျန်းချန်ရွှမ်ထံမှ အတိဒုက္ခရှောင်လွဲခြင်းဆေးလုံး၏ဖော်စပ်ပုံဟု ပြောသည်ကိုကြားလိုက်သောကြောင့်ဖြစ်သည်။

ကျန်းချန်ရွှမ်ထံမှဖော်စပ်နည်းကိုယူကာ သေချာစွာစစ်ဆေးလိုက်ပြီး သူ၏အမူအရာသည် လေးနက်သွားလေသည်။

ရှင်းလင်းစွာပင်၊ သူသည် ကျန်းချန်ရွှမ်၏ခရီးမှ ထိုသို့သောတန်ဖိုးရှိသည့် ရတနာကို မမျှော်လင့်ထားခဲ့ပါ။

ထိုဖော်စပ်နည်း၏ အသုံးဝင်ပုံကို လေ့လာကြည့်လျှင်၊ သူ့အတွက်ပင် အာရုံစူးစိုက်မှုအပြည့်ရှိရန် လိုအပ်ပေသည်။

အကြောင်းမှာ ထိုဖော်စပ်နည်းတွင် မည်သို့သောအရေးကြီးသည့် အရာဖြစ်သည်ကို တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်များဖြစ်သည့် သူ့ထပ်မည်သူမှပိုမသိနိုင်ပါ။

အချိန်တစ်ချို့ကြာပြီးနောက်၊ ချင်ရှန်းဝူသည် ဖော်စပ်နည်းကိုဘေးပို့ကာ ကျန်းချန်ရွှမ်ကို ကြည့်ပြီးမေးလိုက်သည်။

“ချန်ရွှမ်၊ ဒီကိစ္စကိုမင်းဘယ်လိုထင်လဲ?” ကျန်းချန်ရွှမ်သည် ပြတ်သားစွာဖြေလိုက်လေသည်။

“ကျွန်တော်ဆရာ့ရဲ့ဆုံးဖြတ်ချက်အတိုင်းပဲလိုက်နာပါ့မယ်။”

ချင်ရှန်းဝူသည် ရယ်လိုက်ပြီးမှ သူ၏အမူအရာသည် ထပ်မံ၍ လေးနက်စွာပြောင်းလဲသွားခဲ့သည်။

ခနအကြာတွင် သူသည် “ငါမင်းကိုမလိမ်ဘူး။ မင်းပြန်ယူလာတဲ့ဒီဆေးနည်းက ငါတို့ဂိုဏ်းအတွက် အရေးပါပါတယ်။ ဂိုဏ်းကမင်းအတွက် အရေးပါတဲ့ထောက်ပံ့မှုအမှတ်တွေပေးနိုင်တယ်။ ဒါပေမဲ့ ငါယုံကြည်တာ မင်းဒီအမှတ်တွေကိုမင်းအတွက်ပဲအားလုံးမယူသွားသင့်ဘူး။ အဲ့ဒီအစား၊ မင်းက ဒီဖော်စပ်နည်းကို အကျိုးအမြတ်ခွဲဝေခြင်းအစီအစဉ်ကိုအနာဂတ်မှာလုပ်ဖို့ သုံးနိုင်တယ်။”

“အကျိုးအမြတ်ခွဲဝေခြင်းလား?” ကျန်းချန်ရွှမ်က တွန့်ဆုတ်သွားခဲ့သည်။

“မှန်တယ်။”

ချင်ရှန်းဝူသည် သူ၏ခေါင်းကိုညိတ်လိုက်သည်။

“ဆိုလိုတာက ဒီဖော်စပ်နည်းကထုတ်လုပ်လာတဲ့ဆေးလုံးတွေရောင်းချတဲ့အခါ မင်းက သက်ဆိုင်ရာရှယ်ယာကိုလက်ခံရရှိလိမ့်မယ်။ ရှယ်ယာဘယ်လောက်ရမလဲဆိုတာကတော့၊ ငါခန့်မှန်းရသလောက် အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်းလောက်တော့ရလိမ့်မယ်။”

“သုံးဆယ်ရာခိုင်နှုန်းလား?”

ကျန်းချန်ရွှမ်က အံ့အားသင့်သွားခဲ့သည်။

သူသည် သူတို့၏ဂိုဏ်းများ၏နောက်ခံဖြင့် ထိုအရာသည် ဆက်တိုက်ရနိုင်သည့်အရာဖြစ်ကြောင်း သတိပြုမိသွားသည်။

သုံးဆယ်ရာခိုင်နှုန်းသည် များပုံမပေါ်သော်လည်း၊ ပေါင်းစည်းလိုက်သည့် ပမာဏက မူးဝေစေမည်ဖြစ်သည်။

“ငါ့အကြံပြုချက်ကိုမင်းဘယ်လိုထင်လဲ?” ချင်ရှန်းဝူက ထပ်မံ၍မေးလိုက်သည်။

ကျန်းချန်ရွှမ်သည် ချက်ခြင်းပင် ခေါင်းခါလိုက်လေသည်။

“ဆရာ့ရဲ့အကြံပြုချက်အတွက် ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော့်မှာကန့်ကွက်စရာမရှိပါဘူး။”

“ကောင်းပါပြီ။ အခုအတွက် ဒီမှာပဲထားလိုက်တာပေါ့။ ငါဒီကိစ္စအတွက် မင်းရဲ့ဦးလေးရွယ်နဲ့အခြားသူတွေနဲ့ နောက်မှ ဆွေးနွေးလိုက်မယ်။ ငါတို့ရဲ့ရပ်တည်ချက်ကို မိုးကြိုးချိုင့်ဝှမ်းနဲ့လည်း ညှိဖို့လိုသေးတယ်။

စကားမစပ် မင်းရဲ့တာအိုစည်းချက်ထဲမှာလှိုင်းတွေကိုသတိထားမိတယ်။ အကယ်၍ ငါမမှားရင် မင်းက စည်းမျဉ်းထဲမှာ အသိအမြင်တစ်ချို့ကိုရရှိခဲ့တာဖြစ်ရမယ်။ ဒါကိုကြည့်ရတာ မင်း အခုတလောလျောက်မသွားနဲ့။ ဂူထဲမှာပဲနေပြီး ကျင့်ကြံခြင်းမှာ အာရုံစိုက်ထားပါ။ မှန်ကန်တဲ့လမ်းစဉ်နဲ့နတ်ဆိုးလမ်းစဉ်ကြားမှာ အခုတလောအခြေနေတွေ တင်းမာနေတယ်။”

“အရမ်း မငြိမ်းချမ်းနေဘူးလား?” ကျန်းချန်ရွှမ်သည် သူ့ဆရာ၏စကားးကိုကြားလျှင် နောက်ဆုတ်သွားခဲ့ပြီး လျှင်မြန်စွာဖြင့် မေးမြန်းလိုက်သည်။

“ဆရာ ဘာတွေဖြစ်နေတာလဲ?”

ချင်ရှန်းဝူက စဉ်းစားဆင်ခြင်လိုက်ပြီး ကျန်းချန်ရွှမ်အား အမှောင်ဖုံးမထားလဲ ပြောပြရန်ဆုံးဖြတ်လိုက်သည်။

“တကယ်ပဲ။ တစ်ခုခုဖြစ်သွားတယ်။ အကယ်၍ ငါ့ခန့်မှန်းချက်ကမှန်ရင် မှန်ကန်တဲ့လမ်းစဉ်နဲ့ နတ်ဆိုးလမ်းစဉ်ကြား စစ်ပွဲတစ်ခုဖြစ်လာနိုင်တယ်။”

“စစ်ပွဲ။”

ကျန်းချန်ရွှမ်က ထိတ်လန့်သွားသည်။

၎င်းသည် ဟောက်ရန်ဂိုဏ်းနှင့် ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းတို့၏ကတောက်ကစတိုက်ပွဲကဲ့သို့အသေးစားမဟုတ်ပါ။

စစ်ပွဲက အမှန်တကယ်ဖြစ်ပွားလာလျှင်၊ ၎င်း၏စကေးသည် ကောင်းကင်ရေတံခွန်ဂိတ်နယ်ပယ်ကို လွမ်းမိုးသွားနိုင်ကာ ထိုအတွင်းမှ လူသားကျင့်ကြံသူများထိခိုက်နိုင်ပါသည်။

“ကြည့်ရတာ ငါတော့ တကယ်ပဲ ဒီအချိန်မှာ ငါရရှိလာတဲ့အကျိုးအမြတ်တွေကိုစုစည်းပြီး ငါ့စွမ်းအားကိုတစ်ဆင့်မြင့်အောင်တိုးမြင့်ထားရတော့မှာပဲ။” ကျန်းချန်ရွှမ်သည် သူ့ကိုယ်သူ တွေးလိုက်ကာ ချင်ရှန်းဝူအားပြောလိုက်သည်။ “ကျွန်တော်နားလည်ပါတယ် ဆရာ။ ဒီလိုဆို ကျွန်တော်ပြန်လိုက်ပါဦးမယ်။”

“ကောင်းပြီ။”

ချင်ရှန်းဝူက ခေါင်းကိုညိတ်လိုက်သည်။

ချင်ရှန်းဝူ၏ဂူမှထွက်ခွာလာပြီးနောက် ရှီရှန်းယောင်အားနှုတ်ဆက်ကာ သူ၏တိမ်တိုက်မြူတောင်ထိပ်သို့ ပျံသွားလေသည်။

တိမ်တိုက်မြူအထွတ်ကိုရောက်သည်နှင့် ကျန်းချန်ရွှမ်ပထမဆုံးလုပ်ဆောင်သည်မှာ ကျန်းချန်ရွှမ်သည် သူတို့၏ခရီးမှ ပါလာခဲ့သော အသိအမြင်များကိုစတင်၍ လေ့လာခဲ့လေသည်။

သူသည် အကယ်၍ တစ်ခုခုချောမွေ့စွာမဖြစ်သွားခဲ့လျှင် သူသည် မြေစဉ်းမျဉ်းအနှစ်သာရကို နှစ်တစ်ရာအတွင်းအပြည့်အဝ နားလည်ရန်နှင့် သူ၏အင်အားကို အသစ်သောအဆင့်ထိ အဆင့်မြင့်လိုက်နိုင်ပေသည်။

***

All Chapters