နေကိုးစင်းကောင်းကင်မီးအစီအရင်၊ အဆင့် ၈အစီအရင်
Vol. 44 Ch. 822
ပြီးနောက်တွင်...
ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့သည် ထိုနေရာတွင်ပင် ရှေးဟောင်းကျောက်စာများကိုနားလည်ရန်ထပ်မံ၍ လုပ်ဆောင်ခဲ့သည်။
သို့ရာတွင် ဤတစ်ကြိမ်တွင်မူ သူတို့သည် အလောတကြီးမစုဆောင်းတော့ပေ။
ထိုအစား၊ ရှေးဟောင်းကျောက်စာကိုနားလည်၍ အတွက် အချိန်အကန့်အသတ် အတိုင်း အလည့်ကျတိကျသည့် အချိန်အတိုင်း ကန့်သတ်ကာလုပ်ဆောင်လိုက်သည်။
ထိုနည်းလမ်းဖြင့် အကယ်၍ အခြားအန္တရာယ်များရှိလျှင်ပင် စီစဉ်နိုင်သောအနေအထားထဲ ရှိနိုင်ပေသည်။
ထိုနည်းလမ်းဖြင့်ပင်။
သူတို့သည် လဝက်အထိ ဆက်လက်၍ လုပ်ဆောင်ခဲ့လေသည်။
ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့သည် အားလုံးသိသာသော အကျိုးအမြတ်များရရှိခဲ့သည်။
သို့ရာတွင် အချိန်ကြာလာသည်နှင့် အမျှသူတို့ရရှိသည့်အကျိုးအမြတ်များသည် သူတို့၏ နားလည်မှုဖြင့် လဲလှယ်ခြင်းဖြင့် တဖြည်းဖြည်းပျောက်ဆုံးလာလေသည်။
နောက်ဆုံးတွင် သူတို့သည် အသုံးဝင်သည့်အရာထုတ်ရန်မရှိတော့ပေ။
ထို့ကြောင့် ကျန်းချန်ရွှမ်နှင့် အခြားသူများသည် အချိန်မဆွဲတော့ရန် ဆုံးဖြတ်လိုက်ပြီးနောက် တစ်နေရာသို့ ဦးတည်ရန် လုပ်လိုက်သည်။
.........
တစ်လအကြာတွင်။
သူတို့သည် ရှေးဟောင်းဂူ၏နက်ရှိုင်းသောနေရာဖြစ်သည့် မူလပိုင်ရှင်၏ကျင့်ကြံသည့်နေရာထိ ရောက်သွားလေသည်။
သို့ရာတွင် လက်ရှိတွင် ကျန်းချန်ရွှမ်နှင့် အုပ်စုနှင့်အတူ တစ္ဆေခန်းမမှ နတ်ဘုရားအရှင် ဝိညာဉ်သော့၊ နတ်ဘုရားအရိပ်ဂိုဏ်းမှ နတ်ဘုရားအရှင်အရိပ်နှင့် ဗလာဂိုဏ်းမှ နတ်ဘုရားအရှင် ဗလာနယ်ဓားတို့လည်း ရှိနေကြသည်။
ထိုလေးဖွဲ့သည် သိသာစွာပင် ကွဲပြားကြသည်။
ဤနေရာတွင် ရှိနေနိုင်သည့်ရတနာနှင့် ရင်ဆိုင်ရလျှင် မည်သည့်အုပ်စုကမှလွယ်ကူစွာ နောက်မဆုတ်လိုကြသည်မှာ သိသာပါသည်။
ကျန်းချန်ရွှမ်တို့အုပ်စုမှလွဲ၍ အခြားအုပ်စုများမှ ပဟေဠိဖြစ်နေသည်မှာ နတ်ဘုရားအရှင် ကျောက်စိမ်းမျက်နှာနှင့် အုပ်စုက ရောက်မလာရခြင်းအကြောင်းအရင်းပင် ဖြစ်သည်။
သူတို့သည် လွဲချော်မှုအချို့ သို့ အထူးအခြေအနေများနှင့် ရင်ဆိုင်နေရပါသလား?
ထိုကိစ္စများသည် ကျန်းချန်ရွှမ်နှင့်အုပ်စုမှ ဖွင့်လှစ်ပြသမည်မဟုတ်ပါ။
ဆက်လက်၍ လူတိုင်းသည် သူတို့၏ပတ်ဝန်းကျင်ကို စတင်၍ စိတ်ရှည်စွာဖြင့် ရှာဖွေတော့သည်။
အချိန်တစ်ချို့ကြာပြီးနောက်၊
ယခင်က တိတ်ဆိတ်နေသောဧရိယာသည် ရုတ်တရက် စတင်၍ မှိန်ဖျော့သည့်အလင်းကို ထုတ်လွတ်လာခဲ့သည်။
ထိုတိုးတက်မှုသည် လူတိုင်းကိုအားတက်သွားစေပြီး ထိုနေရာတွင် ကြီးမားသည့် အခွင့်အလမ်း တစ်ခုသည် ဂူထဲမှ ထွက်ပေါ်လာတော့မည်ကိုသတိပြုမိလိုက်ကြသည်။
ခွပ်…
ရုတ်တရက် လူတိုင်း၏မျက်လုံးထဲတွင် အစီအရင်တစ်ခုပေါ်လာခဲ့ပြီး တောက်လောင်နေသည့် နေရောင်သည် လူအုပ်၏ရှေ့တွင် လျို့ဝှက်စွာပေါ်လာခဲ့သည်။
ထိုအချိန်တွင်၎င်းထံမှ အပူကိုမခံစားရသော်လည်း ထိုနေကိုထိခြင်းက ၎င်း၏ ကြောက်မက်ဖွယ် ကောင်းသည်အပူကိုထုတ်လွတ်လာမည်ဖြစ်ကြောင်း သံသယမရှိခဲ့ပါ။
ထွင်းမြင်အဆင့် စွမ်းအားကြီးသူများပင် ခြွင်းချက်မရှိပေ။
“အကယ်၍ ငါမမှားရင် ဒီအစီအရင်က နေကိုးစင်းကောင်းကင်မီးအစီအရင်ပဲ အဆင့်အနေနဲ့ဆို အဆင့် ၇ ကိုကျော်နေလောက်ပြီ။”
နတ်ဘုရားအရိပ်ဂိတ်မှ နတ်အရှင်အရိပ်က ပြောလိုက်လေသည်။
“ငါ့ရဲ့နတ်ဘုရားအရိပ်ဂိတ်က မှတ်တမ်းတွေအရ ဒီအစီအရင်စာ အဆင့် ၈ ကိုထိုးဖောက်နိုင်ဖို့သာ လိုတော့တယ်။ ဒါက ဒီဂူပိုင်ရှင်က တာအိုဖွဲ့စည်းခြင်း သူတော်စင်တစ်ဦး ဖြစ်ပြီး အဆင့် ၈ အစီအရင်ဆရာဖြစ်တယ်ဆိုတာကို ကောက်ချက်ချမိစေတယ်။”
နတ်ဘုရားအရှင်အရိပ်၏စကားကိုကြားလျှင် လူတိုင်း၏အမူအရာသည် အလွန်မဲမှောင် သွားခဲ့သည်။
အကြောင်းအရင်းမှာ အဆင့် ၈ အစီအရင်ဆိုသည်မှာ မည်သည်ကိုဆိုလိုကြောင်း သိကြသောကြောင့် ဖြစ်သည်။
အထူးဂိုဏ်းများနှင့် အရှင်သခင်ဂိုဏ်းများတွင် အဆင့် ၈ အစီအရင်ဆရာများသည် အလွန်ရှားပါးသည်ဟုပြောလျှင် ချဲ့ကားရာမရောက်ပေ။
ပြီးနောက် သူတို့ထဲတွင်လည်း ထိုသို့သောသူ မရှိပေ။
“ဆိုလိုတာက ငါတို့က ဒီအထိလာခဲ့ပြီးမှ နေကိုးစင်းကောင်းကင်မီးအစီအရင်ကြောင့် ဘာမှလုပ်လို့မရတော့ဘူးလား?”
နတ်အရှင်ဝိညာဉ်သော့သည်ပင် ယာယီဘေးရောက်သွားကာ မှန်ကန်သောဂိုဏ်းနှင့် နတ်ဆိုးလမ်းစဉ်တို့ကြား မေးခွန်းထုတ်လိုက်လေသည်။
“သီအိုရီအရ ဒါက ပြသနာပဲ။ နတ်အရှင်အရိပ်က အကူညီမဲ့စွာဖြင့် တုံ့ပြန်လိုက်သည်။
“ဖြစ်နိုင်ချေရှိတာက နှစ်ပေါင်းများစွာအကြာမှာ ဒီအစီအရင်ရဲ့စွမ်းအားက အဆင့် ၈ အောက်ကို ရောက်သွားပြီလား?” နတ်အရှင်ဗလာနယ်ဓားကအကြံပြုလိုက်သည်။
ထိုအကြံပြုချက်က လူတိုင်း၏နှလုံးသားကိုတုန်လှုပ်သွားစေသည်။
သို့ရာတွင် နတ်အရှင်အရိပ်က လျှင်မြန်စွာသူ၏ခေါင်းကိုခါလိုက်သည်။
“ငါတို့ သေချာမသိနိုင်ဘူး။ အဆုံးမှာ ငါတို့ထဲကတစ်ယောက်မှ ဒီအစီအရင်ရဲ့စွမ်းအားကို စမ်းကြည့်ဖို့ သတ္တိမရှိဘူးလေ။” သူ၏အချက်က ငြင်းဖွယ်မရှိပါ။
ရတနာသည် မည်မျှအဖိုးတန်ပါစေ၊ သူတို့၏အသက်များကို ရင်းရန်ထိုက်တန်ပါသလား။
ရှေ့သို့သွားရန်လမ်းမရှိသည်ကိုသိသောအခါ သူတို့၏အသက်ကိုစွန့်စားခြင်းသည် ရဲရင့်ခြင်းမဟုတ်ဘဲ ရူးမိုက်ခြင်းဖြစ်ပါလိမ့်မည်။
ထို့ကြောင့်။
အစီအရင်ကို နေ့ဝက်ခန့်လေ့လာပြီးနောက်၊ ထိုအုပ်စုများသည်တစ်စုပြီးတစ်စုထွက်ခွာကုန်ကြသည်။
အဆုံး၌ ထိုအခြေအနေသို့ရောက်နေပြီဖြစ်သောကြောင့် သူတို့၏အကျိုးအမြတ်သည် အရေးပါနေပြီဖြစ်ပါသည်။
ထိုနေရာတွင်သူတို့၏အသက်ကို စွန့်စားရန်မလိုအပ်တော့ပါ။
နတ်အရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့သည်လည်း တူညီစွာပင် ထိုသို့တွေးကြသည်။သို့ရာတွင် သူတို့ထွက်ခွာတော့မည့်အချိန်တွင် ကျန်းချန်ရွှမ်၏အသံသည်သူတို့၏နားထဲဝင်လာခဲ့သည်။
“စီနီယာအစ်မတို့ ကျေးဇူးပြု၍ ထွက်ခွာဖို့မလောပါနဲ့ဦး။ ကျွန်တော့်မှာ ဒီနေကိုးစင်းကောင်းကင်မီး အစီအရင်နဲ့ရင်ဆိုင်ဖို့ နည်းလမ်းရှိနိုင်တယ်။”
ကျန်းချန်ရွှမ်၏အသံပို့ဆောင်ခြင်းကိုကြားသောအခါ၊ နတ်အရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်း၏ နှလုံးသားသည် လှုပ်ခတ်သွားသည်။
ချက်ခြင်းပင်၊ နတ်အရှင်နှင်းဓားက ကျန်းချန်ရွှမ်အားအသံပို့ဆောင်လိုက်သည်။
“ဂျူနီယာမောင်လေးကျန်း၊ ရှင်ယုံကြည်ချက်ရှိလား?”
“အကယ်၍ မှားယွင်းတာတစ်ခုခုမရှိရင်တော့ ပြသနာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အားလုံးထွက်သွားတာကိုစောင့်ပြီးမှ သေချာကြည့်နိုင်မယ်။”
၎င်းနှင့်ပက်သက်၍ နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့သည် သူတို့၏နားလည်မှုကို ပြလိုက်ကြသည်။
ထိုအချိန်တွင်၊ သူတို့သည် ထွက်ခွာရန်အလျှင်အမြန်မပြုလုပ်တော့ပါ။ ထိုအစားသူတို့သည် အခြားသူများကို ဂူအပြင်ဘက်သို့ရောက်သည်ကိုစောင့်လိုက်ကြသည်။
နောက်ဆုံးတွင် နတ်အရှင်ဝိညာဉ်သော့သာကျန်ရှိပြီး သူသည် ကျန်းချန်ရွမ်နှင့် သူတို့အဖွဲ့အား ကြည့်လိုက်သည်။ သူသည် သူတို့က မိမိကိုယ်ကိုအထင်ကြီးနေကြပြီး အစီအရင်ကို ဖျက်လိုသည်ဟု တွေးလိုက်သည်။ သူကချက်ခြင်းပင် ထေ့ငေါ့လိုက်သည်။
ထိုအရာကိုမြင်လျှင် ကျန်းချန်ရွှမ်နှင့် အခြားသူများသည် ဘာမှမပြောပေ။
နတ်အရှင်ဝိညာဉ်သော့နှင့် သူတို့အုပ်စုထွက်ခွာသွားသည်နှင့် နတ်အရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့သည် နောက်ဆုံး၌ ကျန်းချန်ရွှမ်အားပြန်ကြည့်လိုက်ကြသည်။
“ဂျူနီယာမောင်လေးကျန်း၊ မင်းမှာတကယ်ပဲ နေကိုးစင်းကောင်းကင်မီးအစီအရင်ကို ရင်ဆိုင်ဖို့နည်းလမ်းရှိလား?”
ရှန်းရူယန်သည်လည်းလှည့်ကြည့်လိုက်သည်။
သူမသည်နတ်အရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့ကဲ့သို့မဟုတ်ပေ။
သူမသည် သူမယောကျ်ား၏အထူးနည်းလမ်းများအပေါ် နားလည်မှုအချို့ရှိပါသည်။
သူသည် ယခုပြောသကဲ့သို့ဆိုလျှင် သူ့၌ နည်းလမ်းအချို့ရှိပေလိမ့်မည်။
အနည်းဆုံး သူတို့အန္တရာယ်မဖြစ်နိုင်ပါ။
“ဟုတ်ပါတယ်။ နည်းလမ်းတစ်ခုတော့ရှိတယ်။ ဒါမဲ့ ကျွန်တော်ကြိုးစားကြည့်ဖို့ လိုအပ်ပါသေးတယ်။” ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။
သူက ထပ်မံ၍ ပြောလိုက်သည်။ “ကျွန်တော်တစ်ခုအာမခံနိုင်တာက ဒီအတောအတွင်းမှာ ကျွန်တော်တို့ အန္တရာယ်မကျရောက်နိုင်ပါဘူး။
စီနီယာအစ်မ၊ ဒီကိစ္စအတွက်စိတ်မပူပါနဲ့။”
ထိုသို့ဖြင့်၊ ကျန်းချန်ရွှမ်သည် တုံ့ဆိုင်းခြင်းမရှိတော့ပေ။
သူသည် သူ၏ခန္ဓာကိုယ်မှ လုယူခြင်းအစီအရင်ချပ်ပြားဝိုင်းကိုထုတ်ကာ နေကိုးစင်းကောင်းကင်မီး အစီအရင်ဆီသို့ လျှောက်သွားခဲ့သည်။
***