← Chapters

ဓမ္မစွမ်းအားများပြန်လည်ရရှိခြင်း၊ နတ်ဘုရားအရှင်ကျောက်စိမ်းမျက်နှာ၏ လွတ်မြောက်ခြင်း

Vol. 44 Ch. 821

ဓမ္မစွမ်းအားများပြန်လည်ရရှိခြင်း၊ နတ်ဘုရားအရှင်ကျောက်စိမ်းမျက်နှာ၏ လွတ်မြောက်ခြင်း

Vol. 44 Ch. 821

ထိုအချိန်တွင် ထိုစုံတွဲသည် ရုတ်တရက် အသံပို့ဆောင်ခြင်းကို ရရှိသည့်အခါတွင် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏ဝှက်ဖဲများကိုပြင်ဆင်လိုက်ကြသည်။

“ဂျူနီယာအစ်မရှန်း၊ ဂျူနီယာမောင်လေးကျန်း၊ အစ်မတို့ရဲ့နတ်စွမ်းအားတွေ ပြန်ရလာတဲ့ပုံပဲ။”

“ပြန်ရလာတယ်လား?”

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် အတော်လေးအံ့ဩသွားကြသော်လည်း သူတို့၏မျက်နှာတွင် မဖော်ပြမိအောင် နေလိုက်သည်။

ထိုနေရာတွင် ဓမ္မစွမ်းအားကန့်သတ်ခြင်းသည် အချိန်သုံးရက်ပင်ကြာပုံရပြီး (သို့) နတ်အရှင်နှင်းဓားနှင့် ယွဲ့ချန်ကျန်းတို့၏ ကျင့်ကြံခြင်းတုံ့ပြန်မှုက ဓမ္မစွမ်းအားမရှိဘဲ သုံးရက်ကြာနေရခြင်း ဖြစ်နိုင်သည်။

ထိုအခြေအနေ၏ သဘောသဘာဝသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက် မသေချာသေးကာ ထိုနည်းတူစွာပင် နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်ဆိုးအရှင် ပြိုလဲရန်သူတို့သည်လည်း သတိမထားမိခြင်း ဖြစ်နိုင်သည်။

ထိုအသိဖြင့် သူတို့သည် အစီအစဉ်ကို ချလိုက်သည်။

ကျန်းချန်ရွှမ်သည် နတ်အရှင်နှင်းဓားနှင့် ယွဲ့ချန်ကျန်းတို့အား ဆက်သွယ်လိုက်သည်။

“စီနီယာအစ်မတို့ တကယ်ပဲ အခု အစ်မတို့စွမ်းအားရဲ့ တစ်ရာရာခိုင်နှုန်းကို ထုတ်နိုင်ပြီလား?”

“မှန်တယ်။”

နတ်အရှင်နှင်းဓားနှင့် ယွဲ့ချန်ကျန်းတို့က ယုံကြည်ချက်ရှိစွာဖြင့်အတည်ပြုလိုက်သည်။

“ဒီလိုဆိုရင်၊ ဒီလိုလုပ်ကြရအောင်…”

လျှင်မြန်စွာပင် သူတို့သည် အများဆန္ဒအတိုင်းဖြစ်သွားသည်။

ထိုစဉ်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဆက်လက်၍ နတ်အရှင်ကျောက်စီမ်းမျက်နှာနှင့် နတ်အရှင်ပြိုလဲရန်သူတို့၏ တိုက်ခိုက်မှုကို တင်းခံနေခဲ့ကာ သူတို့၏ခုခံမှုသည် အားနည်း လာသည်ကို မြင်နိုင်ပါသည်။

နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်ဆိုးအရှင်ပြိုလဲရန်သူတို့သည် သူတို့အားအနိုင်ရရန် အနည်းငယ်သာ အားထုတ်ရန် လိုအပ်ကြောင်းတွေးလိုက်ချိန်တွင်၊ ရေခဲကဲ့သို့ အေးစက်သော ပိုင်နက်လောကသည် ရုတ်တရက် သူတို့အပေါ်ကျရောက်လာသည်။

တစ်ချိန်တည်းမှာပင်၊

လွန်ကဲသည့် ပြင်းထန်ကာ ကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ကောင်းလှသည့် မိုးကြိုးပိုင်နက်သည် အချိန်ကိုက် ရောက်လာခဲ့သည်။

ချက်ခြင်းပင် နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်ဆိုးအရှင်ပြိုလဲရန်သူတို့သည် သူတို့၏ ပိုင်နက်များသည် အက်ကွဲသောအသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရပြီး သူတို့၏ အမူအရာများသည် အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။

“နတ်အရှင်နှင်းဓား၊ ယွဲ့ချန်ကျွင်း ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?”

“ဟမ့်၊ ဘာမှမဖြစ်နိုင်ဘူးဆိုတာမရှိဘူး။ အခုပဲ ငါတို့ကိုတိုက်ခိုက်ရတာပျောက်နေတာမဟုတ်လား?

ကောင်းသားပဲ။ ငါ့ကို ပေါင်းစည်းခြင်းချိုင့်ဝှမ်းက ကျင့်ကြံသူတွေတကယ်ပိုင်ဆိုင်တဲ့ နည်းစနစ် တွေကို သေချာလေးအတွေ့အကြုံပေးယူပါဦး။”

သူမသည်စကားပြောရင်း၊ ယွဲ့ချန်ကျွင်းသည် မိုးကြိုးအဖြစ်ပြောင်းလဲသွားခဲ့သည်။

လေဟာနယ်ထဲတွင်၊ မိုးကြိုးသွားတစ်ခုသည် အဆုံးမရှိတက်ကြွမှုဖြင့် ပေါက်ထွက်လာကာ အဆုံးမရှိဖျက်စီးခြင်းစွမ်းအားကိုပြသရင်း နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်ဆိုးအရှင် ပြိုလဲရန်သူ တို့ဆီသို့ ကျရောက်လာခဲ့သည်။

၎င်းသည် သူမ၏ထင်ရှားသောနည်းလမ်းဖြစ်သည့် ဖန်တီးခြင်းနှင့် ဖျက်စီးခြင်းနတ်မိုးကြိုးပင် ဖြစ်သည်။

ဂျုန်း..

အဆုံးမရှိသည့် ပေါက်ကွဲခြင်းများသည် နှစ်ဘက်စလုံး၏တိုက်ခိုက်မှုများထိပ်တိုက်တွေ့ရမှ ထွက်ပေါ်လာခဲ့သည်။

နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်ဆိုးအရှင်ပြိုလဲရန်သူတို့သည် သနားစရာကောင်းစွာပင် နောက်သို့လွင့်သွားခဲ့သည်။

သူတို့၏ခန္ဓာကိုယ်ပေါ်တွင် မရေတွက်နိုင်သော အလင်းမှုန် မိုးကြိုးသွားများရှိနေသေးသည်။

ခေါင်းအစမှခြေအဆုံးထိ အနက်ရောင်အဖြစ်မီးလောင်ကျွမ်းသွားကာ ယွဲ့ချန်ကျွင်းအား ရှုံးသွားသည်မှာ သိသာပါသည်။

ထိုအချိန်တွင် နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်ဆိုးအရှင်ပြိုလဲရန်သူ တို့က အလွန်ထိတ်လန့်သွားခဲ့သည်။

သူတို့သည် ယွဲ့ချန်ကျွင်း၏စွမ်းအားကို ဤမျှလောက်ရှိန်လောက်စရာဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ၊ တာအိုဖွဲ့စည်းခြင်းအဆင့်၏အဝင်ဝတွင်ပင်ရှိနေလောက်ပြီဖြစ်သည်။

“သေစမ်း။”

သူတို့၏အမူအရာများသည် သိသာစွာမဲမှောင်သွားခဲ့ပြီး ထိုအခြေအနေအောက်တွင် သူတို့၏အပိုင်းသည် ထပ်၍ လုပ်နိုင်စွမ်းမရှိတော့ပေ။

ဦးစားပေးရမည်မှာ ကိုယ်တိုင်၏အသက်ကို ကာကွယ်ရန်သာဖြစ်သည်။

ထို့ကြောင့် ခနအကြာတွင် သူတို့နှစ်ဦးသည် တုံ့ဆိုင်းမနေတော့ချေ။ သူတို့၏ပုံရိပ်များသည် ချက်ခြင်းပင် အလင်းတန်းနှစ်ခုအဖြစ်ပြောင်းလဲလိုက်ကာ အဝေးသို့ထွက်ပြေးရန် လုပ်လိုက်ကြသည်။

သို့သော် ထိုအချိန်တွင်ရေခဲသလင်းကျောက်အလွှာများသည် လေဟာနယ်ထဲတွင်ပေါ်ထွက်လာခဲ့ပြီး အဆုံးမဲ့ဆီးနှင်များနှင့်လေတို့ထဲတွင် အရာအားလုံးကိုနှစ်မြုပ်ပစ်လိုက်သည်။

သူတို့၏ပုံသဏ္ဍာန်များသည် လေဟာနယ်ထဲတွင် ပေါင်းစပ်သွားကာ နောက်သို့ ဆုတ်သွားရလေသည်။

“နတ်အရှင်နှင်းဓား။”

နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်ဆိုးအရှင်ပြိုလဲရန်သူနှစ်ဦးစလုံးသည် ထိုစကားလုံးကို ပြိုင်တူပြောလိုက်ကြသည်။

သို့ရာတွင် ယွဲ့ချန်ကျွင်းသည် သူတို့နှင့် စကားပြော၍ အချိန်ဖြုန်းမနေတော့ပေ။

သူမသည် သူမ၏လက်ကိုမြောက်လိုက်သည်။

ဂျုန်းဟူသောအသံမြည်သွားခဲ့သည်။

ဖန်တီးခြင်းနှင့်ဖျက်ဆီးခြင်းနတ်ဘုရားမိုးကြိုးသည် သူတို့အားတစ်ကြိမ်ထပ်၍ ဖျက်စီးလိုက်သည်။

“အား…”

တိုက်ခိုက်ခြင်းကိုမခံနိုင်သဖြင့်၊ နှစ်ဦးစလုံးသည် သွေးများအန်လိုက်ကြပြီး သူတို့၏ခန္ဓာကိုယ်သည် သွေးမြူအဖြစ်ပေါက်ကွဲသွားလေသည်။

ဝှစ်…

သို့ရာတွင်၊ မကြာမီ သူတို့၏ခန္ဓာကိုယ်များသည် လေဟာနယ်၏အခြားတစ်ဘက်တွင် ပြန်လည်၍ သိပ်သည်းသွားခဲ့လေသည်။

“ငါတို့ဘာလုပ်ကြမလဲ?”

နှစ်ဦးစလုံးသည် အလွန်ထိတ်ပြာသွားခဲ့လေသည်။

ယွဲချန်ကျွင်းသည် အလွန်အင်အားကြီးလှပါသည်။

သူမတစ်ဦးတည်းနှင့် သူတို့နှစ်ဦးလုံးကို တိုက်ခိုက်နိုင်သည်။

ထို့အပြင် ထိုနေရာတွင် လေဟာနယ်ထဲ စည်းချသည့်နေရာတွင်ကျွမ်းကျင်သည့် နတ်အရှင်နှင်းဓား လည်း ရှိနေသေးသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ကိုပါတွက်လိုက်လျှင် သူတို့၏အခြေအနေသည် ယနေ့တွင်ပင် သေဆုံးရမည့် အခြေအနေရှိနေသည်။

“ငါတို့ထွက်ဖို့နည်းလမ်းချက်ခြင်းရှာရမယ်။”

ထိုအတွေးက သူတို့၏စိတ်ထဲဝင်လာသည်နှင့် လိုအပ်လျှင် ထိုရှေးဟောင်းဂူကပင် စွန့်ခွာရန်အဆင့်သင့်လုပ်လိုက်ကာ သူတို့၏အသက်ထပ် တန်ဖိုးရှိသောအရာဘာမှမရှိတော့ပါ။

ထိုအတွေးဖြင့်၊ နတ်ဘုရားအရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်ဘုရားအရှင်ပြိုလဲရန်သူတို့သည် အကြည့်များဖလှယ်လိုက်ကြသည်။

တုံ့ဆိုင်းခြင်းမရှိဘဲနှင့်၊ သူတို့၏ခန္ဓာကိုယ်သည်ဝိညာဉ်အလင်းများဖြင့် ပေါက်ထွက်သွားခဲ့ပြီး သူတို့၏နောက်ဆုံးလွတ်မြောက်ရန်အတွက် ပြင်ဆင်လိုက်ကြသည်။

ယွဲ့ချန်ကျွင်းနှင့် နတ်အရှင်နှင်းဓားတို့၏မျက်လုံးများကျဉ်းမြောင်းသွားခဲ့ပြီး အချိန်မဆွဲကြတော့ပေ။

မိုးကြိုးနှင့် နှင်းမုန်တိုင်းထောင်ချီက နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်ဆိုးအရှင်ပြိုလဲရန်သူ တို့ထံသို့ လိမ့်တက်လာခဲ့သည်။

ဂျုန်း….

ထိုအချိန်တွင်၊ မိုင်တစ်သောင်းအကွာအဝေးအတွင်း၌၊ နေရာတစ်ခုလုံးသည် မိုးကြိုးနှင့် နှင်းလောကအဖြစ် ပြောင်းလဲသွားခဲ့လေသည်။

နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်ဆိုးအရှင်ပြိုလဲရန်သူတို့၏ပုံရိပ်များသည် တစ်လက်မချင်းဆီ ပပျောက်သွားခဲ့ပြီး အချိန်ခဏအတွင်းမှာပင် ပြန်လည်ဖွဲ့စည်းသွားခဲ့သည်။

သူတို့၏ဘေးပတ်လည်တွင်ဝိညာဉ်အလင်းတန်းက ရုတ်တရက် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး မခုခံနိုင်သောအင်အားသည် သူတို့အပေါ်သို့ရောက်ရှိလာခဲ့ပြီး သူတို့အား ဂူအပြင်ဘက်သို့ ထုတ်လိုက်လေသည်။

ထိုအရာကိုမြင်လျှင် နတ်အရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့က နှစ်ဦးလုံးအေးစက်စွာ ထေ့ငေါ့လိုက်ကြသည်။

“သူတို့ အပြင်လွယ်လွယ်ရောက်သွားတာပဲ။ အကယ်၍ သူတို့ကိုဒီနေ့ မထိန်းထားနိုင်ရင်တောင် သူတို့ကျင့်ကြံခြင်းအခြေခံကနေလွတ်သွားမယ်ဆိုတာ သေချာတယ်။”

တစ်ချိန်တည်းမှာပင်၊

ရှေးဟောင်းဂူ၏အပြင်ဘက်တွင်၊ နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်ဆိုးအရှင်ပြိုလဲရန်သူ တို့သည် ရုတ်တရက် ပေါ်လာခဲ့ပြီး သူတို့၌ မိုးကြိုးနှင့် ရေခဲနှင်းတို့နှင့် ရစ်ပတ်နေသေးသည်။

သူတို့၏ခန္ဓာကိုယ်မှ၎င်းတို့ပျောက်ကွယ်သွားရန်အချိန်ခဏပင် ကြာခဲ့လေသည်။

ထိုအချိန်တွင် သူတို့၏အမူအရာသည် အလွန်မဲမှောင်နေခဲ့သည်။

သူတို့သည် နတ်အရှင်နှင်းဓားနှင့် ယွဲ့ချန်ကျန်းတို့က ဓမ္မစွမ်းအားများပျောက်ဆုံးသွားပုံရသော်လည်း ရုတ်တရက် စွမ်းအားများပြန်လည်ရလာခြင်းကိုနားမလည်နိုင်ခဲ့ပေ။

ဘာတွေဖြစ်သွားတာလဲ?

သူတို့ရှာမတွေ့သည့်အရာတစ်ခုခုရှိနေပါသလား?

သို့ရာတွင် ထိုမေးခွန်းများကိုစဉ်းစားဆင်ခြင်နေခြင်းက ယခုတွင် အဓိပ္ပာယ်မရှိတော့ပါ။

ဦးစားပေးလုပ်ရမည့်အရာမှာ သူတို့၏ဒဏ်ရာများကိုကုသရန် နည်းလမ်းရှာရန်ဖြစ်သည်။

***

All Chapters