← Chapters

#‌တစ္ဆေအရိပ်သတ်ဖြတ်ခြင်းအစီအရင်#

Vol. 89 Ch. 1247

#‌တစ္ဆေအရိပ်သတ်ဖြတ်ခြင်းအစီအရင်#

Vol. 89 Ch. 1247

တောင်ပိုင်းဒေသ၊ ရှင်းမိသားစု!

ကျီရှင်း ‌ရှီရှန်း၊ ရှောင်ဟိုင်၊ မုဖူရှန်းတို့နှင့်အတူ ဒီတည်နေရာကို ရောက်လာသည်။

ဘေးပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်ရင်း မုဖူရှန်းမျက်မှောင်ကြုတ်သည်။

"ရှင်းဟုန်ယီဘယ်မှာလဲ"

ကျီရှင်းရယ်မောကာ ခေါင်းခါယမ်းသည်။

"သူဒီမှာမရှိဘူး၊ သူ့မှာကိုင်တွယ်ရမယ့် အရေးပေါ်ကိစ္စတွေရှိတယ်"

မုဖူရှန်း၏အကြည့်က အေးစက်သွားပြီး ကျီရှင်းအား ကြည့်လိုက်စဉ် သူ့မျက်လုံးများက သတ်ဖြတ်ခြင်းဆန္ဒနှင့် ပြည့်နှက်နေလေပြီ။

မုဖူရှန်း၏ အမူအရာကိုမြင်သောအခါ ကျီရှင်းတစ်ခဏမျှ နောက်ဆုတ်လိုက်မိသော်လည်း သူမစိတ်အခြေအ‌နေကို အလျင်အမြန် ထိန်ညှိရင်း သူမ၏ နှုတ်ခမ်းအစုံက အနည်းငယ်ကွေးညွတ်သွားပြီး တည်ငြိမ်စွာပြောသည်။

"ကျွန်မရဲ့ဝိဉာဉ်မှာ အကန့်အသတ်တစ်ခုရှိတယ်၊ ကျွန်မသေတာဖြစ်စေ၊ ရှင် ကျွန်မကို စိတ်ဝိဉာဉ်ရှာဖွေနည်းသုံးတာဖြစ်စေ ကျွန်မရဲ့ဝိဉာဉ်က ချက်ချင်းပေါက်ကွဲသွားလိမ့်မယ်၊ ဒါကြောင့် ကျွန်မဆီက ရှင်တို့ဘာတစ်ခုမှ ထုတ်ယူလို့ရမှာမဟုတ်ဘူး၊ ဒါ့အပြင် ကျွန်မပြောဖို့ဆန္ဒရှိတယ်ဆိုရင်တောင် ပြောလို့မရဘူး"

ဇီရှင်း၏စကားလုံးများကို ကြားသောအခါ မုဖူရှန်းရပ်သွားပြီး သူမကို အတွေးနက်စွာ ကြည့်ပြီးနောက် ခေါင်းညိတ်သည်။

ဒီအချိန်မှာပင် ရှီရှန်းရှေ့တိုးလာသည်။ သူ့အမူအရာက ရှုပ်ထွေးနေပုံပင်။

"သခင်မလေးကျီရှင်း၊ မင်းတို့ရဲ့ တျန်ကျင်းကုန်သည်များအသင်းက တကယ်ပဲ ငရဲနတ်ဆိုးဒေသနဲ့ တစ်ဘက်တည်း ဖြစ်သွားပြီလား"

ကျီရှင်း ခါးသီးစွာသာပြုံးသည်။

"ကျွန်မတို့ ငရဲနတ်ဆိုးဒေသဘက်ကို ကူးပြောင်းသွားတာမဟုတ်ပါဘူး၊ ကျွန်မတို့က အမြဲလိုလို သူတို့ရဲ့ပုန်းလျှိုနေတဲ့ လက်ကိုင်တုတ်ဖြစ်ခဲ့တာပါ"

တျန်ကျင်းကုန်သည်များအသင်းက ငရဲနတ်ဆိုးဒေသရဲ့ ပုန်းလျှိုနေတဲ့ လက်ကိုင်တုတ်တစ်ခုလား!

မုဖူရှန်းနှင့် ကျန်သောသူများ ထိတ်လန့်သွားကြ၏။

သေမျိုးနယ်မြေ၏ ထိပ်တန်းကုန်သည်အသင်းအဖြစ် ထင်ရှားကျော်ကြားသည့် တျန်ကျင်းကုန်သည်များအသင်း၌ တကယ်တမ်းတွင် ယခုလိုဖုံးကွယ်ထားသည့် နောက်ခံရှိနေသည်။

ရှီရှန်း၏အကြည့်များက အနည်းငယ်မှိန်ဖျော့သွား၏။

သူတစ်ကြိမ်တစ်ခါက ခံစားချက်ရှိခဲ့ဖူးသည့် ကျီရှင်းမှာ ယခုသူနှင့် လုံး၀မတူညီသည့်ဘက်ခြမ်းတွင် ရှိနေလေပြီ။

မုဖူရှန်း ရှီရှန်းပခုံးကို ပုတ်ပြီးနောက် မေးသည်။

"ဒီတော့ မင်းငါတို့ကို လူရိုင်းဒေသကို ရည်ရွယ်ချက်ရှိရှိ လမ်းပြပေးခဲ့တာကတော့ ဘာရည်ရွယ်ချက်အတွက်လဲ"

ကျီရှင်း ရှောင်ဟိုင်အားကြည့်ပြီး အပြုံးဖြင့်ပြောသည်။

"ရှင်လည်းသတိထားမိမှာပါ"

"ကျွန်မတို့ ရှောင်ဟိုင်ကို ကျွန်မတို့နဲ့အတူ တစ်စုံတစ်ရာကို အတည်ပြုပေးဖို့အတွက် ငရဲနတ်ဆိုးဒေသကို လိုက်စေချင်တယ်"

ငရဲနတ်ဆိုးဒေသကို ခရီးတစ်ခေါက်ထွက်ရမှာလား!

ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!

မုဖူရှန်း မျက်မှောင်ကြုတ်ကာ ငြင်းဆန်တော့မည့်အချိန်တွင် ကျီရှင်းဘေး၌ ရုတ်တရက် အနက်ရောင်၀တ်ရုံများ ခြုံထားကြသည့် ပုံရိပ်လေးခုပေါ်လာသည်။ တစ်ယောက်ချင်းစီက အစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့်အော်ရာကို ထုတ်လွှတ်နေသည်။

ဆန်းကြယ်အင်ပါယာအစောင့်တွေ!

ကျီရှင်းထပ်ပြောသည်။

"ရှင်တို့လည်းမြင်ပါတယ်၊ တကယ်လို့ မသွားဘူးဆိုရင် လူရိုင်းဒေသက ငရဲမီးပင်လယ်တစ်ခုထဲ ကျသွားလောက်တယ်၊ ဒါက ရှင်တို့မြင်ချင်တဲ့အရာတစ်ခု မဟုတ်ဘူးဆိုတာ ကျွန်မခန့်မှန်းနိုင်ပါတယ်"

ဒါကခြိမ်းခြောက်မှုတစ်ခုပေတည်း။

ရှောင်ဟိုင်သာမသွားပါက ငရဲနတ်ဆိုးဒေသက လူရိုင်းဒေသကို ဖျက်ဆီးပစ်မည်ဖြစ်သည်။

ဒီအခိုက်အတန့်၌ ရှောင်ဟိုင်ရှေ့တိုးလာပြီး မျက်ခုံးများကို အနည်းငယ်ပင့်လိုက်၏။

"ငါ့ကိုခြိမ်းခြောက်တာလား၊ ဒါကတော့ အရမ်းစိတ်ကြီး၀င်လွန်းရာ ကျလောက်တယ်၊ လူရိုင်းဒေသသာ ဖျက်ဆီးခံရမယ်ဆိုရင် ငါကိုယ်တိုင် အသက်ရှင်လျက် လက်စားချေဖို့ အဝေးကြီးသွားပြီး ငရဲနတ်ဆိုးဒေသတစ်ခုလုံးကို သတ်ဖြတ်ပစ်မယ်"

ငရဲနတ်ဆိုးဒေသကို သတ်‌ဖြတ်ပစ်မယ်!

ကျီရှင်းနှင့် တခြားဆန်းကြယ်အင်ပါယာအစောင့်လေးဦးတို့က အနည်းငယ် အံ့ဩသင့်သွားကြ၏။

ဒါကဂျူနီယာတစ်ယောက် ပြောနိုင်တဲ့ စကားလုံးတွေလား!

"လေကြီးလိုက်တာ၊ မင်းဘာလို့ ဒီလောက် လှည့်ပတ်ကွေ့ဝိုက်နေသလဲဆိုတာ ငါမသိဘူး" အနက်ရောင်၀တ်ရုံရှင်လေးဦးအနက် တစ်ဦး ရှောင်ဟိုင်ရှေ့ကိုတိုးလာပြီး လက်ကို ဆန့်ထုတ်သည်။ သူ့လက်ဖဝါးထဲတွင် အစီအရင်အော်ရာတစ်ခု လည်ပတ်နေပုံရသည်။

"မင်းစွမ်းအားနဲ့ ငါတို့လေးယောက် တိုက်ခိုက်မယ်ဆိုရင် ဘယ်လိုခုခံမလဲ"

ဒီစကားလုံးများ သူ့ပါးစပ်ထဲက ထွက်လာပြီး မကြာခင်မှာပင် ရှောင်ဟိုင် အနက်ရောင်၀တ်ရုံရှင်၏ မျက်နှာသို့ လက်သီးတစ်ချက် တိုက်ရိုက်ထိုးလိုက်၏။

ထာ၀ရနတ်ဆိုးခန္ဓာက ချက်ချင်းအသက်၀င်လာပြီး နတ်ဆိုးဘုရင်ချပ်၀တ်က သူ့ကိုယ်ခန္ဓာကို လွှမ်းခြုံသွား၏။

ဒီလက်သီးကို ပစ်လွှတ်လိုက်စဉ် သွေးကြောစွမ်းအားကလည်း အဆုံးစွန်ထိ ပေါက်ကွဲသွားသည်။

လူရိုင်းဒေသ၏ လေဟာနယ်က ရှောင်ဟိုင့်လက်သီးချက်စွမ်းအားကို ခံနိုင်ရည်မရှိသဖြင့် အဆက်မပြတ် တုန်ခါနေသည်။

အနက်ရောင်၀တ်ရုံရှင် လက်သီးချက်လာနေတာကို မြင်သော်လည်း မည်သည့်အံ့ဩသင့်နေသည့် လက္ခဏာကိုမှ မပြသဘဲ ယင်းအစား အေးစက်စွာသာ ရယ်မောသည်။

သူညာလက်ကို အနည်းငယ်မြှောက်လိုက်စဉ် လက်ဖဝါးထဲက အစီအရင်အော်ရာက သူ့ရှေ့၌ပင် ပျံ့သွားသည်။

ချက်ချင်းဆိုသလို ၎င်းက မြောက်မြားစွာသောဆူးချွန်နက်များကို ဖြစ်ပေါ်စေပြီး ရှောင်ဟိုင်လက်သီးထံ သိပ်သည်းထူထဲစွာ လိမ်ယှက်တိုး၀င်သွားကြ၏။

"မင်းရုပ်ခွန်အားက အခုအရမ်းအားကောင်းနေပုံပဲ၊ ဒါပေမယ့် အစီအရင်ဆရာတစ်ယောက်ကို အနိုင်ယူဖို့ဆိုရင်တော့..... မင်းလက်သီးက ငါ့ခန္ဓာကို ထိတောင်ထိနိုင်ပါ့မလား"

ဒီမြင်ကွင်းကိုကြည့်ရင်း ကျီရှင်းကလည်း အနည်းငယ်ခေါင်းခါယမ်းသည်။

ဆန်းကြယ်အင်ပါယာအစောင့်များက ပုံရိပ်ယောင်အစီအရင်များနှင့် စိတ်ကို လှည့်စားရာ၌ ကျွမ်းကျင်သည့်အပြင် တခြားအစီအရင်များကိုပါ လေ့လာလိုက်စားကြသည်။

အစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့်အစီအရင်ဆရာ၊ အကယ်၍ သူ့ကိုယ်ခန္ဓာကို ထိရန် ပြတ်သားစွာပင် ငြင်းဆန်ပါက နယ်ပယ်က သူ့ထက် မသာလွန်သရွေ့ ဘယ်လိုလုပ်အနိုင်ယူနိုင်မည်နည်း။

သို့သော် ရှောင်ဟိုင် ရုတ်တရက်ပြုံးနေတာကို မြင်ရသောအခါ ကျီရှင်းကြက်သေသေသွားပြန်သည်။

သူမစိတ်ရှုပ်ထွေးနေသည်။

နောက်အခိုက်အတန့်တွင်သာ ရှောင်ဟိုင် ဘာကြောင့် ဒီလိုအကြောက်တရားကင်းမဲ့သည့် အပြုံးတစ်ပွင့်ကို ဆင်မြန်းထားရသလဲဆိုတာ သူမနားလည်သွားရသည်။

ထိုဆူးချွန်နက်များက ရှောင်ဟိုင်လက်မောင်းတစ်ဘက်တွင် ရစ်ပတ်လာပြီး ဆူးချွန်ထိပ်များက ရှောင်ဟိုင်၏ အရေပြားကို ထိုးဖောက်သွားစဉ် သွေးများ ထွက်လာသော်လည်း ရှောင်ဟိုင်၏ အမြန်နှုန်းက အနည်းငယ်မျှပင် သက်ရောက်ခြင်းမရှိပါ။

လက်သီးတစ်ချက်တည်းနှင့် သူ့၀န်းကျင်၌ ရစ်ပတ်ထားသည့် အနက်ရောင်စပျစ်နွယ်များကို သူတိုက်ရိုက်ဖြိုခွဲပစ်သည်။

ထို့နောက် သူ့ရှေ့ကမယုံနိုင်ဖြစ်နေသည့် အနက်ရောင်၀တ်ရုံရှင်အား မျက်နှာတည့်တည့်သို့ ထိုးနှက်လိုက်၏။

ဘန်း........!

အနက်ရောင်၀တ်ရုံရှင်၏ခေါင်းက ဖရဲသီးတစ်လုံးပမာ ပေါက်ကွဲသွားသည်။

သို့စေကာမူ သွေးက မီးခိုးရောင်ရှိပြီး ၀တ်ရုံထဲကခေါင်းအပိုင်းအစများက စွမ်းအားကင်းမဲ့စွာပင် ကျသွားရသည်။

လက်သီးတစ်ချက်တည်းနဲ့ အစစ်အမှန်နတ်ဘုရားနယ်ပယ်တစ်၀က်အဆင့် စွမ်းအားရှင်တစ်ယောက်ကို ဖျက်ဆီးပစ်နိုင်တာလား!

ကျီရှင်းဒီမြင်ကွင်းကို ကြည့်နေစဉ် သူမ၏ မျက်သူငယ်အိမ်များကကျုံ့ကာ နှုတ်ခမ်းများက တုန်ယင်နေပြီး နှလုံးသားကမူ အတော်လေး မသက်မသာဖြစ်နေသည်။

တစ်ကြိမ်တစ်ခါတုန်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ရပ်တည်ခဲ့သောသူများက အချိန်တိုအတွင်း ဒီအတိုင်းအတာထိပင် ကြီးထွားလာခဲ့ကြသည်လား။

ဒါကကြောက်စရာကောင်းသည်ထက်ကို ပိုသည်။

တခြားဆန်းကြယ်အင်ပါယာအစောင့်သုံးဦးကလည်း အလားတူပင်ခံစားရသည်။ ၀တ်ရုံအောက်တွင် ဖုံးကွယ်ထားသည့် သူတို့မျက်နှာများက အချိန်အတော်ကြာ ပျက်ယွင်းနေကြ၏။

ရှောင်ဟိုင် လက်သီးပေါ်က မီးခိုးရောင်သွေးများကို ခါယမ်းထုတ်ပစ်ရင်း ထူးမခြားနားစွာပြောသည်။

"ငါ့ကိုလည်းအတင်းခေါ်သွားချင်တယ်၊ ဒါပေမယ့် ဒီလိုစွမ်းအားလေးပဲရှိတာဆိုရင်တော့ မင်းတို့ရဲ့ခွန်အားက မလုံလောက်သေးဘူး"

ဒါကိုကြားသောအခါ အနက်ရောင်၀တ်ရုံရှင်သုံးဦး အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ရုတ်တရက်ထိုနေရာကနေ ပျောက်ကွယ်ကာ ရှင်းမိသားစုပိုင်နက်အထက်တွင် ပြန်ပေါ်လာသည်။

သူတို့ သုံးနေရာ၌ နေရာယူပြီး ရှောင်ဟိုင်အား အထဲတွင် ဝိုင်းရံထားကြသည်။

ဒီမြင်ကွင်းကိုမြင်သောအခါ ရှီရှန်းလေးနက်စွာပြောသည်။

"သတိထား၊ ဘေးကင်းတဲ့အကွာအဝေးတစ်ခုအတွင်း အစီအရင်တွေကို ဖန်တီးနိုင်တဲ့ အစီအရင်ဆရာတစ်ယောက်က ကြောက်စရာအကောင်းဆုံးပဲ"

ဒါကအစီအရင်ဆရာတစ်ယောက် သူတို့၏အားအပြည့်ကို ထုတ်လွှတ်နိုင်သည့် အချိန်လည်းဖြစ်သည်။

သို့သော် ဖန်ချန်းကတော့ခြွင်းချက်ပင်။

ရှောင်ဟိုင်ခေါင်းမော့လိုက်စဉ် ဒါကို သတိထားမိသဖြင့် သူတို့ကို လက်တံဆိပ်များဖန်တီးရန် အချိန်မပေးဘဲ တိုက်ရိုက်အထက်သို့ ပြေး၀င်သွား၏။

အနက်ရောင်၀တ်ရုံရှင်သုံးဦးက စည်းတံဆိပ်များ အလျင်အမြန်ဖန်တီးကြပြီးနောက် အစီအရင်အလံများက နေရာတိုင်းသို့ ကောင်းကင်ဘုံဥယျာဉ်၌ ပြန့်ကြဲသွားသည့် ပန်းပွင့်များအလား ကျသွားကြသည်။

ဒီအခိုက်အတန့်၌ နိယာမစွမ်းအားက စတင်ထိုးတက်လာသည်။

အစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့် အစီအရင်ဆရာ!

သူတို့အစီအရင်ချမှတ်ရာ၌ ဘယ်လောက်ပင် မြန်ဆန်မည်နည်း။

ရှောင်ဟိုင် အနက်ရောင်၀တ်ရုံရှင်တစ်ယောက်ကို ထိုးနှက်လိုက်စဉ် သူ့လက်သီးက ထိုလူ၏ကိုယ်ခန္ဓာကို ဖြတ်ကျော်သွား၏။

ထို့နောက်ချက်ချင်းဆိုသလို ထိုပုံရိပ်က ပုံပျက်သွားပြီး ပူဖောင်းတစ်ခုပမာ ပေါက်ကွဲသွားသည်။

ဒါကိုမြင်သော် ရှောင်ဟိုင် မျက်မှောင်ကြုတ်ရင်း လှည့်ကြည့်လိုက်သောအခါ ဒီနေရာက အနက်ရောင်၀တ်ရုံရှင်များနှင့် ပြည့်နှက်နေတာကို တွေ့လိုက်ရသည်။

တစ်ယောက်ချင်းစီက သူတို့လက်ထဲတွင် မတူညီကွဲပြားသည့် အစီအရင်တစ်ခုစီကို ကိုင်ထားသည်။

အားလုံးက ပုံရိပ်ယောင်များဖြစ်ပုံရသည်။

သို့သော် ပုံရိပ်တစ်ခုစီကကိုင်ထားသည့် အစီအရင်ကမူ အစစ်ဖြစ်သည်။

"ကြည့်ရတာ ငါတို့ ဆန်းကြယ်အင်ပါယာအစောင့်တွေကို မင်းလျှော့တွက်ထားပုံပဲ" အနက်ရောင်၀တ်ရုံရှင်အားလုံးက တစ်ကြိမ်တည်းတွင် ပေါ်လာပြီး သူတို့အသံများက တစ်ခုနှင့်တစ်ခုထပ်နေသည်။

"တစ္ဆေအရိပ်သတ်ဖြတ်ခြင်းအစီအရင်၊ မင်းရဲ့ ကြမ်းကြုတ်တဲ့ခွန်အားတစ်ခုတည်းက ဒါကိုမချိုးဖျက်နိုင်ပါဘူး၊ ဒီတော့ ငါတို့နဲ့အတူ နာခံစွာလိုက်ခဲ့ပါ"

အပိုင်း(1248) coming။

All Chapters