#ရန်သူများ အဘက်ဘက်က ၀န်းရံထားခြင်း#
Vol. 89 Ch. 1248
ရှေးဟောင်းစစ်မြေပြင်၊ ရှေ့တန်းတဲများ၌ အင်မော်တယ်ဧကရာဇ် လေးနက်သည့် အမူအရာဖြင့် ဂိုဏ်းအသီးသီးက ယူဆောင်လာသည့် အရင်းအမြစ်စာလိပ်များကို ကြည့်နေသည်။
"အဆင့်မြင့်ကြယ်နယ်မြေအတွင်း နတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်း ရှိနေပြီး ပထမတန်းစားနဲ့ ဒုတိယတန်းစားတပ်ဖွဲ့အများစုကလည်း အရင်းအမြစ်တွေ သယ်ယူပို့ဆောင်တာကို ရပ်ထားကြတယ်" ဘေးက မစ္စတာ ပြောသည်။
ဒါကဘာကိုကိုယ်စားပြုလေသနည်း။
နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းက ယင်ယန်ဂိုဏ်းနှင့် အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းတို့အပြင် တခြားဘယ်သူများဖြစ်ဦးမည်နည်း။
ဒီအချိန်မှာပင် တခြားအင်အားစုများကလည်း အရင်းအမြစ်များ သယ်ယူပို့ဆောင်မှာကို စတင်ရပ်တန့်ခဲ့ကြပြီး ငရဲနတ်ဆိုးဒေသမှ ဆန်းကြယ်အင်ပါယာအစောင့်များ၏ လှည့်စားခြင်းကို ခံခဲ့ရသည့်အလား ငရဲနတ်ဆိုးဒေသသို့ ကူးပြောင်းသွားကြ၏။
သူတို့ယခုအချိန်ထိ ဘာမှမလှုပ်ရှားကြသေးလေရာ ငရဲနတ်ဆိုးဒေသ၏ နောက်ထပ်တိုက်ခိုက်မှုကို စောင့်နေတာ ဖြစ်လောက်သည်။
ဘန်း.....!
နတ်သခင်ဟောင်တျန်း လက်ဖဝါးနှင့် အနီးကစားပွဲကို ရိုက်လိုက်သောအခါ အမှုန့်အဖြစ် ပြောင်းလဲသွားရသည်။ သူ့မျက်နှာ၌ ဒေါသအကြည့်တစ်ခုရှိနေပြီး သူအော်ဟစ်သည်။
"တိရိစ္ဆာန်ကောင်တွေ၊ သူတို့အမိမြေက ရန်သူကြောင့် ဖျက်ဆီးခံရတော့မှာ၊ ဒါတောင် သူတို့ဒူးထောက်ပြီး သက်ညှာပေးဖို့ တောင်းပန်နေကြတုန်းပဲ၊ ငါလူတစ်ချို့ခေါ်ပြီး ဒီဂိုဏ်းတွေကို ရှင်းပစ်လိုက်မယ်ဆိုရင်ရော"
သူ့ဘေးက ကောင်းကင်မြေအောက်ဗိမာန်နတ်သခင် ခေါင်းခါယမ်းသည်။
"စိတ်လျှော့၊ အခုရှေ့တန်းက ထွက်ခွာခြင်းကလည်း ငရဲနတ်ဆိုးဒေသရဲ့ အစီအစဉ်တွေထဲမှာ ပါ၀င်လိမ့်မယ်၊ ခုခံဖို့က အတော်လေးခက်ခဲနေပြီ၊ ငါတို့နောက်ဘက်ပိုင်းတွေကို ကိုင်တွယ်ဖို့အတွက် အင်အားစုတွေကို လမ်းကြောင်းပြောင်းပစ်မယ်ဆိုရင် ငရဲနတ်ဆိုးဒေသက ငါတို့နံရံတွေကို တိုက်ရိုက်ချိုးဖျက်လာကြလိမ့်မယ်"
ဒီအခိုက်အတန့်၌ ခေးအောစ့်အနှစ်သာရဓားသခင်ကလည်း သဘောတူသည့်အသွင် အားနည်းစွာခေါင်းညိတ်သည်။
"ကောင်းကင်မြေအောက်ဗိမာန်နတ်သခင် ပြောတာမှန်တယ်"
ဒါကိုကြားသော် နတ်သခင်ဟောင်တျန်း အလောတကြီးပြောသည်။
"ဒါပေမယ့် သူတို့ကို ငရဲနတ်ဆိုးဒေသနဲ့ တစ်ပြိုင်နက်တည်း တိုက်ခိုက်ဖို့ ခွင့်ပြုလိုက်မယ်ဆိုရင် နှစ်ဘက်စလုံးက ရန်သူတွေကို ရင်ဆိုင်ရတဲ့အခါ ငါတို့အခက်ကြုံရလိမ့်မယ်"
အင်မော်တယ်ဧကရာဇ် မစ္စတာဘက်သို့ လှည့်ကာမေးသည်။
"မစ္စတာ၊ ခင်ဗျားမှာ အဖြေကောင်းတစ်ခုခုများရှိလား"
တစ်ခဏမျှတွေးပြီးနောက် မစ္စတာ ခါးသီးစွာပြုံးရင်း ခေါင်းခါယမ်းကာ သက်ပြင်းချသည်။
"အဖြေကောင်းမရှိသေးဘူး၊ ငါတို့ဒါကို ဖြေရှင်းဖို့အတွက် ကြိုးစားတဲ့ ချဉ်းကပ်မှုတိုင်းမှာ ကိုယ့်ကိုကိုယ် အန္တရာယ်ထဲ တွန်းပို့နိုင်ချေရှိတယ်"
ဒါကလက်ရှိအခြေအနေပင်။ ခွန်အားအရာ၌ ပြိုင်ဘက်ထက် သိသိသာသာ အားနည်းသောအခါ လုပ်ဆောင်မှုတိုင်းက အကန့်အသတ်ရှိသည်။
"ဒီလိုအခြေအနေတွေအောက်မှာ ငရဲနတ်ဆိုးဒေသက ဘာလို့မလှုပ်ရှားရသေးတာလဲ" ဘေးက အစစ်အမှန်နတ်ဘုရားနယ်ပယ် စွမ်းအားရှင်တစ်ယောက် စိတ်ရှုပ်ထွေးစွာမေးသည်။
တဲ၀င်ပေါက်တွင် နတ်သခင်ဖုတျန်း ဒီမြင်ကွင်းကို တဖျပ်ဖျပ်လင်း၀င်းနေသည့် မျက်လုံးများဖြင့် ကြည့်ရင်း သူ့အတွေးများကို မည်သူမှ မဖတ်နိုင်ပေ။
.....
လူရိုင်းဒေသ!
တောင်ပိုင်းဒေသ ရှင်းမိသားစု!
အနက်ရောင်၀တ်ရုံရှင်တစ်ရာကျော်က ရှောင်ဟိုင်ကို ဝိုင်းရံထားသည်။
အစီအရင်ကိုဆုပ်ကိုင်ထားရင်း သူတို့ ရှောင်ဟိုင်ကိုပြောသည်။
"ရေးကြီးခွင်ကျယ်လုပ်မနေဘဲ အရှုံးပေးလိုက်ပါ၊ ဒါဆိုမင်းနာကျင်မှုတစ်ချို့ကို ရှောင်ရှားနိုင်တာပေါ့"
ရှောင်ဟိုင်၏ အမူအရာက ထူးမခြားနားစွာရှိနေပြီး သူ့မျက်လုံးများက မထီမဲ့မြင်ပြုမှုများနှင့် ပြည့်နှက်နေသည်။
ဒီမထီမဲ့မြင်ပြုမှုက တမင်တကာရယူထားခြင်းမဟုတ်ဘဲ သူ့အရိုးများထဲထိတိုင် အမြစ်တွယ်နေသည့် ပင်ကိုယ်စရိုက်တစ်ခုပင်။
နတ်ဆိုးနက်စွမ်းအင်စီးကြောင်းများက အဆက်မပြတ်စီးဆင်းနေပြီး သူ့သွေးကြောစွမ်းအားက ပို၍ကျယ်လောင်စွာ မြည်ဟီးနေသည်။
"တိုက်ခိုက်ချင်တယ်ဆိုရင် ဆက်တိုက်လိုက်၊ စကားလုံးတွေဖြုန်းတီးနေစရာမလိုဘူး" ရှောင်ဟိုင်ပြောသည်။
"အရမ်းကောင်းတယ်" ဒါကိုကြားသောအခါ ရာချီသော အနက်ရောင်၀တ်ရုံရှင်များ၏ လက်ထဲက အစီအရင်စွမ်းအားက လျင်မြန်စွာ စတင်သိပ်သည်းလာသည်။
ရာချီသောအစီအရင်များက တစ်ပြိုင်နက်တည်း ဆင်းသက်လာပါက ရှောင်ဟိုင် ဒါတွေကို ခံနိုင်ရည်ရှိ၊ မရှိ မသေချာသော်လည်း အနည်းဆုံးတော့ တောင်ပိုင်းဒေသတစ်ခုလုံးက ပျက်စီးသွားမည်ဖြစ်သလို အားဖြည့်ထားသည့် လူရိုင်းဒေသပင်လျှင် ပျက်စီးသွားပေလိမ့်မည်။
ကျီရှင်းအောက်ကနေ ဒီမြင်ကွင်းကို ကြည့်ရင်း ညင်သာစွာ သက်ပြင်းချသည်။
ကြည့်ရသည်မှာ အကြွင်းမဲ့စွမ်းအားကို ရင်ဆိုင်ရသောအခါ ရင့်ကျက်ရန် လိုအပ်သေးသည့် မွန်းစတားတစ်ဦးကပင် အသုံးမ၀င်သေးပါ။
ရာချီသော အနက်ရောင်၀တ်ရုံရှင်များလက်ထဲက အစီအရင်များ သိပ်သည်းပြီးစီးတော့မည့်အချိန်တွင် ကြီးမားသည့်အရိပ်တစ်ခုက လူတိုင်းအပေါ် လွှမ်းခြုံလာပြီး နေရောင်ခြည်က ပိတ်ဆို့ခံလိုက်ရသည်။
မော့ကြည့်လိုက်ကြသောအခါ သူတို့ အထက်ကနေ ဖိသိပ်ကျဆင်းလာသည့် ဧရာမကိုးထပ်စေတီကို တွေ့လိုက်ရသည်။
"ကောင်းကင်ဖိနှိပ်စေတီ" ရာချီသော အနက်ရောင်၀တ်ရုံရှင်များ အော်ဟစ်လိုက်မိကြသည်။
စေတီကျဆင်းလာသောအခါ အနက်ရောင်၀တ်ရုံရှင်များပေါ်သို့ လွှမ်းမိုးနေသည့် ဖိနှိပ်စွမ်းအားတစ်ခု ကျဆင်းလာသည့်အသွင်။
သူတို့လက်ထဲတွင် သိပ်သည်းနေပြီဖြစ်သည့် အစီအရင်စွမ်းအားက မတည်ငြိမ်ဖြစ်လာပြီး ဒီတဒင်္ဂမှာပင် ပြင်းထန်စွာ စတင်ပေါက်ကွဲလာသည်။ ဒီအစီအရင်စွမ်းအားပေါက်ကွဲမှုကို ဖိနှိပ်တားဆီးရန်အတွက် အနက်ရောင်၀တ်ရုံရှင်များ သူတို့ခွန်အား ၈၀ရာခိုင်နှုန်းကို သုံးလိုက်ရသဖြင့် ရှောင်ဟိုင်အပေါ် သူတို့၏ တိုက်ခိုက်မှုကို အာရုံစိုက်ရန် မဖြစ်နိုင်တော့။
တစ်ချိန်တည်းမှာပင် ခြောက်ရောင်ခြယ်လျှပ်စီးနဂါးများ ဟိန်းကာ ရာချီသော အနက်ရောင်၀တ်ရုံရှင်များကို ဝိုင်းရံနေသည်။
ရှေးဟောင်းနတ်မိုးကြိုး!
မုဖူရှန်း ရင်ဘတ်တွင် ဖန်တီးခြင်းနတ်အဆောင်ကို ကိုင်ထားပြီး အော်ဟစ်ကာ မိုးကြိုးပေါ်တက်နင်းရင်း လက်ထဲတွင် လျှပ်စီးကိုင်ရင်း အပြုံးဖြင့်ပြောသည်။
"ကြည့်ရတာ မင်းတို့ ငါတို့နှစ်ယောက်ကို မေ့နေကြပုံပဲ"
ရှေးဟောင်းနတ်မိုးကြိုးခြောက်ခုကို ခံစားမိသောအခါ အနက်ရောင်၀တ်ရုံရှင်များ၏ အမူအရာများက ပြောင်းလဲသွားကြ၏။
"လူတစ်ယောက်က မတူညီတဲ့ ရှေးဟောင်းနတ်မိုးကြိုးခြောက်ခုကို ဘယ်လို ထိန်းချုပ်နိုင်တာလဲ"
မုဖူရှန်း ရာချီသော အနက်ရောင်၀တ်ရုံရှင်များကို ကြည့်ရင်းပြုံးသည်။
"မင်းတို့ထဲက ဘယ်ဟာကအစစ်၊ ဘယ်ဟာကအတုလဲဆိုတာ ငါမပြောနိုင်ပေမယ့် မင်းတို့အားလုံးကို အတူတူတိုက်ခိုက်မယ်ဆိုရင် ခွဲခြားနေစရာမလိုဘူးလေ"
ဒါကိုပြောပြီးနောက် မုဖူရှန်း လက်ချောင်းဖြင့် ညွှန်လိုက်၏။
ရက်စက်ကြမ်းကြုတ်သည့် လျှပ်စီးနဂါးခြောက်ကောင်က မေးရိုးများကို ကျယ်ပြောစွာဖွင့်ပြီး တစ္ဆေအရိပ်သတ်ဖြတ်ခြင်း အစီအရင်ထဲသို့ မတူညီသည့်နေရာခြောက်နေရာထဲတွင် နဂါးအငွေ့အသက်ကို ထွေးထုတ်လိုက်ကြသည်။
လျှပ်စီးနဂါးများ၏ အငွေ့အသက်က အစီအရင်ကို ကြောက်စရာကောင်းသည့် ဒီရေလှိုင်းများကဲ့သို့ ဖြတ်သွားသည်။
အောက်က ထူထပ်သည့်သစ်တောဖြစ်စေ လှည့်လည်နေသည့် သားရဲများဖြစ်စေ အားလုံးက မိုးကြိုးမုန်တိုင်းအောက်တွင် ပြာများအဖြစ် ပြောင်းသွားကြသည်။
ရှီရှန်းကလည်း မုဖူရှန်းနှင့် တစ်ချိန်တည်းမှာပင် လှုပ်ရှားပြီး သူ့ကြယ်တာယာကောင်းကင်ဒန်တျန်ကို ထုတ်လွှတ်ရင်း မူလက နေသာနေသည့်ကောင်းကင်ကို ကြယ်များနှင့် ပြည့်နှက်နေသည့် ညကောင်းကင်တစ်ခုအဖြစ် ပြောင်းပစ်သည်။
ကြယ်များ၏အလင်းအောက်တွင် ရှီရှန်း ဒီကြယ်တာယာကောင်းကင်အောက်က တစ်ဦးတည်းသော အစစ်အမှန်နတ်ဘုရားတစ်ပါးအသွသ် ပေါ်လာပြီး လက်အစုံကို အထက်ကနေ အောက်သို့ဖိထားရင်း မိုးနှင့်မြေကြားက အရာတိုင်းကို ထိန်းချုပ်နေသည်။
ကြယ်စွမ်းအားတိုးမြှင့်မှုအောက်တွင် ကောင်းကင်ဖိနှိပ်စေတီက ရုတ်တရက် ဆင်းသက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှောင်ဟိုင်က ကောင်းကင်မိုးကြိုးအဆောင်ကိုသုံးပြီး သူ့ညီလေးနှစ်ယောက်၏ တိုက်ခိုက်မှုအကွာအဝေးကနေ လွတ်မြောက်သွားကာ ငါးများ ပိုက်ကွန်ထဲ မ၀င်လာစေရန်အတွက် ပတ်၀န်းကျင်ကို စောင့်ကြည့်နေသည်။
လျှပ်စီးနဂါးခြောက်ကောင်၏ အငွေ့အသက်၊ ကောင်းကင်ဖိနှိပ်စေတီ၏ အထက်အောက်ဖိနှိပ်မှု!
ဒီအရာများက အနက်ရောင်၀တ်ရုံရှင်များကို လွတ်မြောက်ရန်အတွက် နေရာမရှိဖြစ်သွားစေသည်။
တိုက်ခိုက်မှုနှစ်ခု၀င်လာသောအခါ တောင်ပိုင်းဒေသတတစ်ခုလုံးက သဲမုန်တိုင်းတစ်ခုဖြင့် ဖုံးလွှမ်းသွား၏။
တစ္ဆေအရိပ်သတ်ဖြတ်ခြင်းအစီအရင်ကလည်း တဖြည်းဖြည်းပျောက်ကွယ်လာနေသည်။
ကောင်းကင်ဖိနှိပ်စေတီအောက်တွင် အ၀တ်စုတ်ပြတ်သတ်နေသည့် လူသုံးယောက်က ပိတ်ဆို့ခံထားရသည်။
သူတို့၏ကြည့်ရဆိုးသည့် မျက်နှာများက ပေါ်လာကြသည်။
မုဖူရှန်း သူတို့သုံးယောက်အား ကြည့်လိုက်၏။
"ဟမ်၊ မင်းတို့အားလုံးမှာ လက်တွဲဖော်မရှိဘူးမလား"
မုဖူရှန်း၏စကားလုံးများကို ကြားရသောအခါ ဆန်းကြယ်အင်ပါယာအစောင့်သုံးဦးမှာ သွေးအန်လုမတတ်ပင်။
ဒါဘာလဲ၊ ငါတို့လေ့ကျင့်တဲ့ ကျင့်ကြံတဲ့နည်းစနစ်တွေကြောင့် ရုပ်ဆိုးဖို့ကို ရွေးချယ်ခဲ့တာလို့ မင်းထင်နေတာလား!
တိုက်ခိုက်တာက တိုက်ခိုက်တာပဲ!
ဘာလို့အခု ကိုယ်ရေးကိုယ်တာကို ထိပါးတိုက်ခိုက်နေရတာလဲ!
ဒီအခိုက်အတန့်၌ ရှောင်ဟိုင်ထိုင်ချပြီး အံကြိတ်ထားသည့် သုံးယောက်ကို ကြည့်လိုက်၏။
"ပြောစမ်း၊ ဘာလို့ငါ့ကို ဖမ်းချင်ရတာလဲ"
"ငါတို့မသိဘူး"
ဆန်းကြယ်အင်ပါယာသက်တော်စောင့်တစ်ဦး အကြည့်လွှဲလိုက်သည်။
ရှောင်ဟိုင်ခေါင်းညိတ်ကာ ထရပ်ပြီးနောက် ခြေကိုမပြီး ထိုလူ၏ ခေါင်းကို ပြင်းထန်စွာ တက်နင်းပစ်သည်။
အရိုးအစိတ်အပိုင်းများနှင့် ဦးနှောက်စတို့ဖြင့် ရောနေသည့် မီးခိုးရောင်သွေးများ ထွက်လာကြသည်။
ထို့နောက် ရှောင်ဟိုင်နောက်တစ်ယောက်ကို ကြည့်လိုက်၏။
"မင်းကရော၊ ပြောမှာလား" ရှောင်ဟိုင် ခြေကို ပြန်မြှောက်ရင်းမေးသည်။
သို့သော် တခြားဆန်းကြယ်အင်ပါယာအစောင့်နှစ်ဦးကမူ မျက်နှာပြောင်တိုက်စွာပင် ရယ်မောကြသည်။
"မင်းကို ငါတို့ဘာလို့ခေါ်သွားရမလဲဆိုတာ ငါတို့တကယ်မသိဘူးဆိုပေမယ့် ဒါက ငါတို့ကို ကြောက်သွားစေနိုင်တယ်လို့ မင်းထင်နေတာလား"
"ဒါကသေခြင်းတရားပါပဲ" ဘယ်ဘက်က လူ ကြမ်းတမ်းစွာရယ်မောရင်း အော်ဟစ်သည်။
"ငါတို့မင်းတို့ကို အောက်ကနေ စောင့်နေမယ်၊ ငါတို့ရဲ့ ငရဲနတ်ဆိုးဒေသက မင်းတို့သေမျိုးနယ်မြေကို သိပ်မကြာခင် နင်းချေပစ်တော့မှာကွ"
ရှောင်ဟိုင်ခေါင်းညိတ်ပြီး ထပ်မံနင်းချလိုက်၏။
နောက်တစ်ယောက်ကလည်း အလားတူသေဆုံးသွားပြီး နောက်ဆုံးလက်ကျန် ဆန်းကြယ်အင်ပါယာအစောင့်ကိုလည်း အလားတူလုပ်ဆောင်တော့မည့်အချိန် သူရုတ်တရက်ရပ်ကာ ကောင်းကင်အား ဆတ်ခနဲမော့ကြည့်လိုက်၏။
မုဖူရှန်းနှင့် ရှီရှန်းတို့ကလည်း လေးနက်သည့် အမူအရာများဖြင့် မော့ကြည့်ကြသည်။
သူတို့အထက်တွင် လူရိုင်းနယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသည့် အစီအရင်တစ်ခုရှိနေသည်။
အပိုင်း(1249) coming။