← Chapters

#‌မိစ္ဆာနတ်ဘုရားကောင်းကင်ဘုံသတ်အစီအရင်#

Vol. 89 Ch. 1250

#‌မိစ္ဆာနတ်ဘုရားကောင်းကင်ဘုံသတ်အစီအရင်#

Vol. 89 Ch. 1250

အစီအရင်၏ တိုက်ခိုက်မှုကို ရှောင်ဟိုင်နှင့် ကျန်နှစ်ယောက် အားအပြည့်ဖြင့် ရင်ဆိုင်ခဲ့သည်။

အကယ်၍ နယ်မြေအပြင်ဘက်ကနေ ကြည့်မည်ဆိုပါက လူရိုင်းနယ်မြေတစ်ခုလုံး တုန်ခါနေပြီး တောင်ပိုင်းဒေသကို ဗဟိုပြုရင်း စတင်ပြိုကွဲနေတာကို သတိထားမိလောက်သည်။

ဒီအခိုက်အတန့်၌ လူရိုင်းနယ်မြေတစ်ခုလုံးက ရှုပ်ထွေးနေသည့်စွမ်းအင်နှင့် ပြည့်နှက်နေသည်။

ဒီအရှုပ်အထွေးအလယ်ဗဟိုတွင် ရှောင်ဟိုင်နှင့် ကျန်နှစ်ယောက် ဧရာမအစီအရင်ကို ကြည့်ရင်း ပြောကြသည်။

"အကောင်းဆုံးလုပ်ကြရအောင်၊ တကယ်လို့ ဒီလိုမျိုးသာ အဆုံးသတ်သွားတယ်ဆိုရင်တော့ အစ်မဟွမ်ချင်းကို ၀င်ပါဖို့ပြောရုံပဲပေါ့"

ဟွမ်ချင်း ရှောင်ဟိုင်တို့နှင့်အတူ ဒီနေရာကို လိုက်လာခဲ့သော်လည်း သူမကအရိပ်ထဲတွင် ပုန်းနေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဟွမ်ချင်းကဲ့သို့ အစစ်အမှန်နတ်ဘုရားနယ်ပယ်က စွမ်းအားရှင်တစ်ယောက်သာ လှုပ်ရှားလာပါက သေမျိုးနယ်မြေက ယာယီရပ်ဆိုင်းမှုကို အရင်ဆုံးချိုးဖျက်သည်ဟု ဆိုလိုသွားမည်ဖြစ်ကာ ငရဲနတ်ဆိုးဒေသမှ အစစ်အမှန်နတ်ဘုရားနယ်ပယ် သုံးရာနီးပါးက အစုလိုက်အပြုံလိုက် ထွက်လာကြပေလိမ့်မည်။

ထို့ကြောင့် သူမသာလှုပ်ရှားလာပါက ဒီနေရာက ငရဲနတ်ဆိုးဒေသမှ လူတိုင်းကို သုတ်သင်ရန် လိုအပ်ပြီး သတင်းကို ပြန်ယူသွားခွင့်ပေး၍မရပါ။

မုဖူရှန်း ဖန်တီးခြင်းနတ်အဆောင်သုံးခုကို ထုတ်ယူရင်း သူ့ရင်ဘတ်၌ တစ်ခုတင်ပြီး ကျန်နှစ်ခုကို ရှီရှန်းနှင့် ရှောင်ဟိုင်တို့၏ ရင်ဘတ်ပေါ်သို့ တင်ပေးလိုက်၏။

ရုတ်တရက် သူတို့၏အော်ရာများက ထိုးတက်သွားကြသည်။

ရှီရှန်း၏နယ်ပယ်က နတ်သခင်နယ်ပယ် အလယ်အလတ်အဆင့်သို့ တိုက်ရိုက်ထိုးတက်သွားသည်။

မုဖူရှန်းက အစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အထိ မြှင့်တက်သွား၏။

ရှောင်ဟိုင်၏ရုပ်ခန္ဓာနယ်ပယ်က အစစ်အမှန်နတ်ဘုရားနယ်ပယ်သို့ မချိုးဖျက်ခဲ့သော်လည်း သူက အတော်လေး နီးစပ်နေလေပြီ။

"စွမ်းအားတိုးမြှင့်တာလား" ရှင်းဟုန်ယီ၏ မျက်ခုံးများက အနယ်ငယ်ကွေးသွားသည်။

"ဒါကဘာအသုံး၀င်လို့လဲ၊ မိစ္ဆာနတ်ဘုရားကောင်းကင်ဘုံသတ်အစီအရင်ရှေ့မှာ ဒါက အချည်းနှီးအားထုတ်မှု သက်သက်ပါပဲ"

ရှင်းဟုန်ယီလက်ဝှေ့ယမ်းသောအခါ မရေမတွက်နိုင်လောက်သည့် အလင်းတန်းများက မုဖူရှန်းနှင့် ကျန်နှစ်ယောက်ထံ ပစ်၀င်လာကြ၏။

ဒါ့အပြင် ဒီအလင်းတန်းတိုက်ခိုက်မှုစွမ်းအားက အရင်ကထက် ပိုတိုးလာပုံရပြီး ၎င်းဖြတ်သွားသည့်နေရာတိုင်းတွင် နိယာမစွမ်းအားအားလုံးနှင့် အာကာသက အဆုံးစွန်ထိ ဖျက်ဆီးခံရသည်။

ဒါကိုမြင်သော် ရှောင်ဟိုင်ပထမဆုံးတိုက်ခိုက်သည်။

သွေးကြောစွမ်းအား၏ ပြန်လည်သိုလှောင်နိုင်စွမ်းအောက်တွင် သူ့အစောပိုင်းက ဒဏ်ရာအများစုက ပျောက်ကင်းသွားကြ၏။

တစ်ချိန်တည်းမှာပင် ရှောင်ဟိုင်ကိုယ်ကနေ သွေးနက်အော်ရာစီးကြောင်းများကို မြင်နိုင်ပြီး ကောင်းကင်ဘုံကိုးသွယ်နတ်ဆိုးတင်းပုတ်အား သွေးမြွေများပမာ ဝိုင်းရံထားသည်။

သူ့နောက်က နတ်ဆိုးဘုရင်ပုံရိပ်ယောင်၏ ကိုယ်ခန္ဓာတစ်ခုလုံးတွင်လည်း သွေးနီရောင်အဆင်းများဖြင့် ဖုံးနေသည်။

သွေးကြောစွမ်းအား အပြည့်အ၀ပေါက်ကွဲခြင်း!

ဒီသွေးကြောစွမ်းအားကို ခံစားမိသောအခါ ရှင်းဟုန်ယီတင်မဟုတ်ဘဲ တခြား အစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့် ဆန်းကြယ်အင်ပါယာအစောင့်သုံးဆယ်တွင်လည်း မျက်နှာပေါ်၌ ထိတ်လန့်နေသည့် အကြည့်များရှိနေကြသည်။

ဒီသွေးကြောစွမ်းအားက သူတို့ကို သူတို့၏သွေးကြောစွမ်းအားများပင် ဖိနှိပ်ခံထားရသည့်ပမာ ခံစားရစေသည်။

သို့စေကာမူ တစ်ချိန်တည်းမှာပင် ဒါက ရှင်းဟုန်ယီကို စိတ်လှုပ်ရှားစေသည်။

သွေးကြောများအကြား ဖိနှိပ်မှုက ယေဘုယျအားဖြင့် သွေးကြောအမျိုးအစားတစ်ခုတည်းတွင်သာ ဖြစ်ပေါ်တတ်သည်။

တစ်ဘက်လူ၏သွေးကြောက အများကြီးပိုမြင့်သောအဆင့်တစ်ခုတွင် ရှိနေပြီး လုံး၀ခြားနားသည့်အဆင့်၊ လုံး၀မတူညီသည့် ရှုထောင့်တစ်ခုတွင် ရှိနေသရွေ့ သွေးကြောများမတူလျှင်ပင် အကြွင်းမဲ့ဖိနှိပ်မှု ဖြစ်ပေါ်လာနိုင်သည်။

သို့သော် ငရဲနတ်ဆိုးဒေသ၏ သွေးကြောများက အားနည်းမည်လား။

ရှင်းဟုန်ယီ၏ မိသားစုသွေးကြောဖြစ်စေ အစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့် ဆန်းကြယ်အင်ပါယာအစောင့်သုံးဆယ်တို့၏ သွေးကြောဖြစ်စေ ရှောင်ဟိုင်၏ သွေးကြောစွမ်းအားပေါက်ကွဲခြင်းကနေ ဖိနှိပ်မှုကို ခံစားရခြင်းက ရှောင်ဟိုင်၏ သွေးကြောစွမ်းအားက သူတို့နှင့် ဆင်တူသည်ဟု ဆိုလိုနေခြင်းပင်။

ဒါကလည်း ရှင်းဟုန်ယီ၏အတွေးများက မမှားဘူးဆိုတာကို သက်သေပြနေသည်။

ရှောင်ဟိုင်က ငရဲနတ်ဆိုးဒေသ၏ အထက်ပုဂ္ဂိုလ် ရှာဖွေနေသည့် အရေးပါသော လူဖြစ်ရန်အတွက် ၉၉ရာခိုင်နှုန်း အခွင့်အလမ်းရှိသည်။

ရှောင်ဟိုင်ကိုသာ ဒီထူးခြားသည့် အထက်ပုဂ္ဂိုလ်ဆီ အောင်မြင်စွာ ခေါ်ဆောင်လာနိုင်သရွေ့ ငရဲနတ်ဆိုးဒေသသို့ ရှင်းမိသားစု ပြန်လာရန်၏ဟူသည် အချိန်တစ်ခုသာ လိုအပ်ပြီး သူတို့ပုံရိပ်ကလည်း အရင်ကထက် ပို၍မြင့်မားသွားနိုင်သည်။

ဒါကရှင်းမိသားစု၏ မျှော်လင့်ချက်ပေတည်း။

ဒါကို ရှင်းဟုန်ယီကိုယ်တိုင် သူမလက်နှစ်ဖက်ဖြင့် လုပ်နိုင်ခြင်းက သူမစိတ်လှုပ်ရှားရသည့် အကြောင်းရင်းပင်။

ရှောင်ဟိုင်ပဏာမခြေလှမ်းလှမ်းတာကို မြင်သောအခါ ရှီရှန်းသူ့ပုဆိန်ကို ဖွင့်ကာ ကြယ်ကြွေနတ်ပုဆိန်ကို ထုတ်ယူလိုက်၏။

ကြယ်စွမ်းအားအားလုံးက လုံး၀ပေါက်ကွဲသွားပြီး သူတို့၀န်းကျင်က ကောင်းကင်က ကြယ်တာယာကောင်းကင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ကြယ်အလင်းများ တဖျပ်ဖျပ်လင်းနေစဉ် ကျဆင်းလာသည့်ကြယ်ရောင်ကလည်း ရှီရှန်းလက်ထဲက ကြယ်ကြွေနတ်ပုဆိန်ပေါ်၌ စုစည်းနေကြသည်။

ရှီရှန်း ကြယ်ကြွေနတ်ပုဆိန်ကို လက်နှစ်ဖက်နှင့်ဆုပ်ကိုင်ပြီး အထက်ကနေ ဆင်းသက်လာသည့် မရေမတွက်နိုင်လောက်သည့် ရောင်ခြည်တန်းများကို ဖြတ်ပစ်သည်။

မုဖူရှန်း၏ အမူအရာကလည်း လေးနက်နေပြီး လက်အစုံက်ု ဆန့်ထုတ်လိုက်စဉ် လက်တစ်ဖက်စီ၌ မတူညီသည့်ရှေးဟောင်းနတ်မိုးကြိုးသုံးမျိုးစီ တောက်လောင်နေသည်။

ဆန်းကြယ်ယင်ခရမ်းမိုးကြိုး၊ ကောင်းကင်အပြစ်ပေးနတ်မိုးကြိုး၊ ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုး၊ တိုင်ဂျီယင်ယန်ကျင့်၀တ်နတ်မိုးကြိုး၊ သာမညဒြပ်စင်ငါးခုခေးအောစ့်အနှစ်သာရနတ်မိုးကြိုး၊ မဟာဒြင်စင်ငါးခုအဆုံးသတ်နတ်မိုးကြိုး!

ရှေးဟောင်းနတ်မိုးကြိုးခြောက်ခု တစ်ပြိုင်နက်တည်း ပေါ်လာသည့်အချိန်တွင် လူရိုင်းနယ်မြေတစ်ခုလုံးကို တိမ်မည်းများဖုံးလွှမ်းသွားပုံရသည်။

မိုးကြိုးအားများက ရက်စက်စွာကင် ကျဆင်းလာသည်။

ဒီနတ်မိုးကြိုးတစ်ခုချင်းစီက အပြင်ပက မိုးကြိုးသဘာ၀ကျင့်ကြံသူများအတွက် အိက်မက်ထဲတွင်ပင် တောင့်တရသည့် ဖြစ်တည်မှုများဖြစ်ပြီး တစ်ခုစီက အင်မတန်ထူးခြားကာအစွမ်းထက်သည့် အဖျက်အားတစ်ခုစီ ပိုင်ဆိုင်သည်။

သို့သော် ဒီတဒင်္ဂ၌ မုဖူရှန်း၏ မျက်သူငယ်အိမ်များကျုံ့သွားပြီး တဖြည်းဖြည်းလက်နှစ်ဖက်ကို ပူးကပ်ရန်အတွက် စုတင်ယူဆောင်လာသည်။

သူဒီနတ်မိုးကြိုးခြောက်ခုစွမ်းအားကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ရန် ရည်ရွယ်နေခြင်းပင်။

သူ့လက်များအတူတကွစုဆုံလာသည့် ဖြစ်စဉ်၌ ကြီးမားသည့် အဖျက်မိုးကြိုးစွမ်းအားက ပြည့်လျှမ်းနေသည်။

မုဖူရှန်း၏ပတ်၀န်းကျင်က မိုးကြိုးငရဲခန်းတစ်ခုထဲ ကျဆင်းသွားသည့်အလားပင် မြင်ရသည်။

ရှောင်ဟိုင်ရောရှီရှန်းပါ သူတို့ရှေ့က အလင်းတန်း‌ရောင်ခြည်များထဲသို့ တစ်ပြိုင်နက်တည်း ပြေးသွားကြ၏။

ရှောင်ဟိုင် ကောင်းကင်ဘုံကိုးသွယ်နတ်ဆိုးတင်းပုတ်ကိုကိုင်ထားပြီး ညင်သာစွာ တစ်ချက်ဟိန်းလိုက်စဉ် သူ့လက်မောင်းများပေါ်မှ ကြွက်သားများက ရုတ်တရက် ဖောင်းလာပြီး သွေးကြောများပွင့်ထွက်လာသည်။

အဆုံးမဲ့သွေးကြောအော်ရာနှင့် ပြည့်နှက်နေသည့် ကောင်းကင်ဘုံကိုးသွယ်နတ်ဆိုးတင်းပုတ်က ပြင်းထန်စွာကျဆင်းသည်။

ဘန်း၊ ဘန်း၊ ဘန်း!

မရေမတွက်နိုင်လောက်သည့် အလင်းတန်းရောင်ခြည်များက ကောင်းကင်ဘုံကိုးသွယ်နတ်ဆိုးတင်းပုတ်နှင့် တိုက်မိသည်။

တစ်ခဏအကြာ ပတ်၀န်းကျင်က မည်သည့်အသံမှ မကြားရသည့်အလား တိတ်ဆိတ်မှုထဲ ကျသွား၏။

အထက်က လေဟာနယ်နှင့် အောက်က ထူထဲသည့်တောအုပ်တို့ကသာ ဒီတဒင်္ဂ၌ တိတ်ဆိတ်မှုကို ဖျက်ဆီးလိုက်ကြသည်။

အဖျက်လှိုင်းများက ရှောင်ဟိုင်၏ သွေးကြောစွမ်းအားနှင့်ရောထွေးကာ လိမ်ယှက်ရင်း အချင်းချင်းစားသုံးကြသည်။

တစ်ချိန်တည်းမှာပင် ရှီရှန်း အဆုံးမဲ့ကြယ်စွမ်းအားနှင့် အားဖြည့်ထားသည့် ကြယ်ကြွေနတ်ပုဆိန်ကိုကိုင်ရင်း ထိုအလင်းတန်းများအား ပြင်းထန်စွာ ခုတ်ဖြတ်ပစ်သည်။

ပေါက်ကွဲထွက်လာသည့်အားက လူရိုင်းနယ်မြေတစ်ခုလုံးကိုပင် တုန်ခါသွားစေသည်။

သို့သော် ဒီတစ်ခါတွင် ရှောင်ဟိုင်နှင့် ရှီရှန်းတို့ တိုက်ရိုက်မလွင့်သွားပေ။

ဒီမြင်ကွင်းက ဆန်းကြယ်အင်ပါယာအစောင့်များနှင့် အနီ၀တ်ရှင်းဟုန်ယီကို အနည်းငယ် ထိတ်လန့်သွားစေသည်။

ဒီသုံးယောက်က ကောင်းကင်ဘုံကိုတောင် စိန်ခေါ်နိုင်နေတာလား!

သူတို့ အစစ်အမှန်နတ်ဘုရားအဆင့်က သတ်ဖြတ်ခြင်းအစီအရင်တစ်ခုတောင် ခံနိုင်ရည်ရှိတာလား!

ရှီရှန်း၏တိုက်ခိုက်မှုက မပြီးသေး။

လက်တစ်ဖက်နှင့် ကြယ်ကြွေနတ်ပုဆိန်ကိုကိုင်ရင်း တခြားတစ်ဖက်ကမူ ကောင်းကင်ဖိနှိပ်စေတီကို ပစ်ချလိုက်၏။

မိစ္ဆာနတ်ဘုရားကောင်းကင်ဘုံသတ်အစီအရင်မှ ဖိနှိပ်အားက ကောင်းကင်ဖိနှိပ်စေတီ၏ စုပ်ယူခြင်းကို ခံရသည်။

မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဖိနှိပ်စေတီ၏ အဓိကလုပ်ဆောင်ချက်ကလည်း ဖိနှိပ်ခြင်းဖြစ်လေရာ အစစ်အမှန်နတ်ဘုရားနယ်ပယ် အစီအရင်တစ်ခုဖြစ်နေလျှင်ပင် ကောင်းကင်ဖိနှိပ်စေတီကဲ့သို့ မြင့်မြတ်လက်နက်တစ်ခုကို ရင်ဆိုင်ရသောအခါ အားကိုးရာမဲ့ရသည်။

ဒါကိုမြင်သော် ရှန်းဟုန်ယီ ပူပန်စွာပြောသည်။

"သူတို့ကိုလွတ်မြောက်ခွင့်ပေးမယ်ဆိုရင် နတ်ဆိုးဘုရင် ကျွန်မတို့ကို အပြစ်ပေးတဲ့အခါ အပြစ်ဒဏ်ကို ခံနိုင်မှာမဟုတ်ဘူး"

ဒါကိုကြားသောအခါ ဆန်းကြယ်အင်ပါယာအစောင့်များ၏ အမူအရာများက တင်းကျပ်သွားကြပြီး တစ်ယောက်ပြောသည်။

"စိတ်မပူပါနဲ့၊ သူတို့မှာ ဒီအဆင့်မြင့်မြတ်လက်နက်တစ်ခုရှိနေရင်တောင် အဲဒီလက်နက်ရဲ့ အစစ်အမှန်စွမ်းအားကို သုံးနိုင်မှာမဟုတ်ဘူး"

ဒီစကားနှင့်အတူ ဆန်းကြယ်အင်ပါယာအစောင့်သုံးဆယ် သူတို့ညာလက်များကို တစ်ပြိုင်နက်တည်း ဆန့်ထုတ်ကြပြီး မြေကြီးဆီသို့ ပြင်းထန်စွာ ဖိချလိုက်၏။

ရုတ်တရင် အစီအရင်တစ်ခုလုံးက စတင်လည်ပတ်လာသည်။

ကောင်းကင်ကိုပင် ထိုးဖောက်တော့မည့် လှံတံကြီးများအလား ထိုအလင်းတန်းများက ရှောင်ဟိုင်နှင့် ရှီရှန်းထံ ပိုအားကောင်းသည့် အားတစ်ခုဖြင့် တိုး၀င်သွားကြ၏။

ဘန်း.....!

နောက်တစ်ခါ တိုက်မိကြပြန်သည်။

ဒီတစ်ကြိမ်တွင် ရှောင်ဟိုင်ရောရှီရှန်းပါ တိုက်ရိုက်ထိမှန်ခံရပြီး မြေကြီးထဲသို့ အမြောက်ဆန်များပမာ ကျသွားကြ၏။

ဆန်းကြယ်အင်ပါယာအစောင့်များ အေးစက်စွာရယ်မောရင်း သူတို့လက်များကို လှုပ်ရှားကာ အလင်းတန်းများကို ထိန်းချုပ်ပြီး နောက်လိုက်စေပြီး တစ်ဘက်လူကို အခွင့်အရေးလုံး၀မပေးပေ။

သို့စေကာမူ ဒီအချိန်မှာပင် လူရိုင်းနယ်မြေတစ်ခုလုံးတွင် ပြည့်နှက်နေသည့် မိုးကြိုးစွမ်းအားပေါက်ကွဲထိုးတက်လာတာကို သူတို့ခံစားလိုက်ကြရသည်။

ဒီမိုးကြိုးစွမ်းအားက သူတို့ကိုသေစေလောက်သည့် အာရုံတစ်ခုကို ပေးနေလေရာ ရုတ်တရက် လှည့်ကြည့်လိုက်ကြ၏။

ထိုစဉ် မုဖူရှန်းလက်ထဲတွင် လှံတစ်ချောင်းကို ကိုင်ပြီး မြှောက်ကာ ရှေ့သို့တက်လာသည်။

ဒီလှံကနေ ထုတ်လွှတ်နေသည့် အဖျက်မိုးကြိုးစွမ်းအားက သူတို့ကို ကာကွယ်ပေးနေသည့် အစီအရင်သာမရှိပါက ကိုင်တွယ်ရန်အတွက် အတော်လေးများလွန်းသည်။

အပိုင်း(1251) coming။

All Chapters