← Chapters

#‌ငရဲကိုးဘုံမြေအောက်ကမ္ဘာသို့ ဦးတည်ခြင်း#

Vol. 89 Ch. 1252

#‌ငရဲကိုးဘုံမြေအောက်ကမ္ဘာသို့ ဦးတည်ခြင်း#

Vol. 89 Ch. 1252

ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်!

အဝါရောင်၀တ်အဖိုးအို၏ စကားလုံးများကို ကြားသောအခါ ရှောင်ဟိုင်နှင့် ကျန်နှစ်ယောက်ဖြစ်စေ သို့မဟုတ် အထက်က ဆန်းကြယ်အင်ပါယာအစောင့်များဖြစ်စေ အားလုံး တစ်ခဏမျှ ကြက်သေသေသွားကြသည်။

ရှင်းဟုန်ယီနှင့် ကျီရှင်းတို့သာလျှင် အနည်းငယ် ပဟေဠိဖြစ်နေကြသည်။

ရှင်းဟုန်ယီသိချင်စိတ်ဖြင့်မေးသည်။

"အကြီးအကဲ၊ ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်ဆိုတာကဘာလဲ"

ရှင်းဟုန်ယီဘေးတွင်ရပ်နေသည့် ဆန်းကြယ်အင်ပါယာအစောင့်တစ်ဦး လေးနက်စွာပြောသည်။

"ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်.... အတိအကျဆိုရမယ်ဆိုရင် ဒါကို အင်အားစုတစ်ခုတည်းလို့ မှတ်ယူလို့မရဘူး၊ ဘာလို့လဲဆိုတော့ နယ်မြေတိုင်းမှာ တည်ရှိလို့ပဲ"

နယ်မြေတိုင်းလား!

ရှင်းဟုန်ယီ ထိတ်လန့်သွားသည်။

ဒီလိုဆိုပါက ဒီနန်းတော်က သေမျိုးနယ်မြေ၊ အင်မော်တယ်နယ်မြေတွင်တင်မဟုတ်ဘဲ ငရဲနတ်ဆိုးဒေသတွင်လည်း ရှိနေသည်လား။

"ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်က ပြန်လည်မွေးဖွားမှုကို အုပ်ချုပ်တယ်၊ လူတစ်ယောက်ရဲ့ ဝိဉာဉ်က လုံး၀ဖျက်ဆီးမခံရသရွေ့ ဒါမှမဟုတ် အထူးလျှို့ဝှက်နည်းစနစ်တစ်ခုခုနဲ့ ပြန်လည်မမွေးဖွားသရွေ့ သေဆုံးပြီးနောက် ဝိဉာဉ်တိုင်းက ပြန်လည်မွေးဖွားဖို့အတွက် ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်ကို ၀င်ကြရတယ်....."

ပြန်လည်မွေးဖွားမှုကို အုပ်ချုပ်တာလား!

ရှင်းဟုန်ယီ မုဖူရှန်းနှင့်ကျန်နှစ်ယောက်ကို ပြင်းထန်စွာစိုက်ကြည့်သည်။ သူတို့ထဲက တစ်ယောက်က အမှန်တကယ်ပင် ဒီလိုကြောက်စရာကောင်းသည့် တည်ရှိမှုတစ်ခု၏ အမွေခံဖြစ်နေသည်လား။

ဒါကအဓိပ္ပာယ်မဲ့လွန်းသည်။

ရှင်းဟုန်ယီမေးသည်။

"သူတို့ထဲကဘယ်တစ်ယောက်က စီနီယာပြောတဲ့ အမွေခံလဲဆိုတာ သိလို့ရမလား"

အနက်၀တ်အဖိုးအိုတိတ်ဆိတ်နေပြီး ရှောင်ဟိုင်ကိုသာ စိုက်ကြည့်နေသည်။

ဒါကိုမြင်သော် ရှင်းဟုန်ယီ၏ အမူအရာက အကြီးအကျယ်‌ပြောင်းလဲသွားပြီး အလျင်အမြန်ပြောသည်။

"ဒီလူကို ကျွန်မတို့ရဲ့နတ်ဆိုးဘုရင် လိုချင်နေတာပါ၊ အကြီးအကဲ၊ ရှင့်....."

သို့စေကာမူ သူမစကားပြော၍ မပြီးသေးခင်မှာပင် အလယ်က အဝါရောင်၀တ်အဖိုးအိုနှာခေါင်းရှုံ့သည်။

"နတ်ဆိုးဘုရင်လား၊ ငရဲနတ်ဆိုးဒေသက တစ်ယောက်မလား၊ သူ့ကိုလိုချင်တယ်ဆိုရင် ကိုယ်တိုင်လာဖို့ပြောလိုက်"

"အခုမင်းတို့လှုပ်ရှားချင်သေးလား၊ သူ့ကိုဖမ်းဖို့အတွက် သေခြင်းရှင်ခြင်းကိုတောင် ဂရုမစိုက်ဘဲ မင်းတို့တိုက်ခိုက်ဖို့ ဆန္ဒရှိကြသေးရင်တော့ ငါတို့ မင်းတို့ကို ပြန်လည်မွေးဖွားခြင်းဆီကို ပို့ဖို့အတွက် ၀န်လေးနေမှာမဟုတ်ဘူး၊ စိတ်ချပါ၊ ငါတို့ရဲ့ ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်က ပြန်လည်မွေးဖွားခြင်းထဲကို ၀င်လာသူတိုင်းကို ဘက်မလိုက်ကြဘူး၊ မင်းတို့ငါတို့ကို စော်ကားရုံမျှနဲ့ ပြန်လည်မွေးဖွားခြင်းကနေ တားဆီးမှာမဟုတ်ဘူး"

ဒါကိုကြားသောအခါ ရှင်းဟုန်ယီ၏ အမူအရာက ကြည့်ရဆိုးသွားသည်။

ဆန်းကြယ်အင်ပါယာအစောင့်တစ်ဦး လေးနက်သည့် အမူအရာဖြင့်ပြောသည်။

"ဟုန်ယီ၊ အခုသွားကြရအောင်၊ နောက်ပိုင်းနတ်ဆိုးဘုရင်ကို ပြန်တင်ပြကြတာပေါ့၊ သူနားလည်ပေးမှာပါ"

မည်သို့ပင်ဆိုစေကာမူ နတ်ဆိုးဘုရင်နှင့် မိစ္ဆာသခင်ကိုယ်တိုင်လာခဲ့လျှင်ပင် သူတို့ ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်၏ လက်ထဲတွင် ကောင်းကောင်းနေရမည်မဟုတ်။

ဒါ့အပြင် သေမျိုးနယ်မြေအတွင်းမှ ကြယ်နယ်မြေများအနက် အဆင့်နိမ့်ကြယ်နယ်မြေက အနိမ့်ဆုံးဖြစ်ပြီး လူရိုင်းဒေသက ဒီအဆင့်နိမ့်ကြယ်နယ်မြေအတွင်းက အနိမ့်ဆုံးအလွှာဖြစ်တာကို သူတို့သိကြသည်။

ထို့နောက် ဒီနေရာက ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်က သေမျိုးနယ်မြေ၏ အားအကောင်းဆုံးနန်းတော်ဖြစ်လောက်သည်။

ရှင်းဟုန်ယီတစ်ခဏမျှ တွန့်ဆုတ်နေပြီးနောက် ခေါင်းညိတ်သည်။

"ဒါဆိုသွားကြရအောင်"

ထိုသို့ပြောပြီးနောက် ရှင်းဟုန်ယီ မုဖူရှန်းနှင့် ကျန်နှစ်ယောက်ကို နောက်တစ်ကြိမ် စိုက်ကြည့်ပြီး ဆန်းကြယ်အင်ပါယာအစောင့်များနှင့် ကျီရှင်းနှင့်အတူ ထွက်သွားလေတော့သည်။

ဒီလူများထွက်သွားသောအခါ လူရိုင်းဒေသတစ်ခုလုံးကို လွှမ်းခြုံထားသည့် ဖိနှိပ်မှုစွမ်းအားက လုံး၀ပျောက်ကွယ်သွား၏။

လူရိုင်းဒေသမှ လူတိုင်းထရပ်လာကြပြီး အသက်ပြင်းပြင်းရှုနေကြသည်။

သူတို့ကို ဘယ်သူကယ်တင်ခဲ့သလိုဆိုတာ မသိကြသော်လည်း အစီအရင်၏ အလယ်ဗဟိုချက်ဆီသို့ ဦးညွတ်ခဲ့ကြသည်။

ချင်းတျန်းနျန် ထိုနေရာဘက်ကို ကြည့်ရင်း ပြုံးသည်။

"အဲဒီကောင်စုတ်လေးတွေ ပြန်လာကြတာများလား"

ကျန်းချောင်မြန့်နှင့် လျန်ဖုန်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

"ဂိုဏ်းချုပ်ပြန်လာပြီဆိုရင် ဘာလို့ငါတို့ဆီကို မလာရသေးတာလဲ"

"ဘယ်လိုတောင် လက်လွတ်စပယ်နေတတ်တဲ့ ခေါင်းဆောင်လဲ"

....

ဒီအခိုက်အတန့်၌ ရှောင်ဟိုင် မုဖူရှန်းနှင့် ရှီရှန်းတို့နှင့်အတူ ရှေ့တိုးကာ အဝါရောင်၀တ်အဖိုးအိုသုံးဦးကို ဦးညွတ်သည်။

"ကယ်တင်ပေးတဲ့အတွက် ကျေးဇူးပါ အကြီးအကဲတို့"

အဖိုးအိုသုံးဦးစလုံးအနည်းငယ် ခေါင်းညိတ်ပြီးနောက် ရှောင်ဟိုင်ကို စိုက်ကြည့်လိုက်ကြ၏။

"မင်းက အဆင့်မြင့်ကြယ်မယ်မြေမှာရှိတဲ့ ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်တစ်ခုက ရွေးချယ်ခံထားရတဲ့သူမလား"

ရှောင်ဟိုင်ခေါင်းညိတ်သည်။

"ဟုတ်ကဲ့"

"ဒီလိုဆိုမှတော့ ငါတို့နဲ့အတူ ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်ကို လာခဲ့"

ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်ကိုလား!

အခုလား!

ရှောင်ဟိုင်ပူပန်စွာပြောသည်။

"အကြီးအကဲ၊ နောက်ထပ်ရက်နည်းနည်းလောက် အချိန်ဆွဲထားလို့ရမလား၊ အခု သေမျိုးနယ်မြေက ငရဲနတ်ဆိုးဒေသနဲ့ အဓိကတိုက်ပွဲဆင်နွှဲနေတုန်းပဲ၊ ကျွန်တော် အခုထွက်သွားမယ်ဆိုရင် ဒါက နည်းနည်းမသင့်တော်လောက်ဘူး"

"မသင့်တော်ဘူးလား" အဝါရောင်၀တ်အဖိုးအိုတစ်ဦး ခပ်ပေါ့ပေါ့ရယ်မောသည်။

"မင်းလက်ရှိခွန်အားနဲ့ နှစ်ဘက်ကြားက တိုက်ပွဲရလဒ်ကို လွှမ်းမိုးနိုင်မယ်လို့ ထင်လား"

ရှောင်ဟိုင်တိတ်ဆိတ်သွားသည်။

"ဒါ့အပြင် ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်ရဲ့ အမွေခံတိုက်ပွဲက စတင်နေပြီ၊ မင်းမပါ၀င်ချင်တာ သေချာလား"

အကယ်၍ တခြားအမွေခံတစ်ယောက်ယောက်သာဆိုပါက အဝါရောင်၀တ် အဖိုးအိုသုံးဦး ဒီလိုပြောဆိုပြီး နောက်ထပ်နားထောင်ရန်အတွက် ဒုက္ခမခံကြတော့ဘဲ ချက်ချင်းထွက်သွားကြမည်သာ။

သို့သော် ရှောင်ဟိုင်၏ ကိုယ်ပိုင်လက္ခဏာက အတော်လေးထူးခြားသည်။

ဒီလူက မြေအောက်နန်းတော်က တစ်ဦးဦး အထူးစောင့်ကြည့်ရန်အတွက် အတိအကျပြောဆိုခဲ့သူပင်။

ရှောင်ဟိုင်တစ်ခဏမျှတုံ့ဆိုင်းနေပြီးနောက် မေးသည်။

"တကယ်လို့ ကျွန်တော် အမွေခံတိုက်ပွဲမှာ ပါ၀င်ဖို့သွားရင် ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်က တပ်သားတွေစေလွှတ်ပြီး ကျွန်တော့်ကို ကူညီပေးနိုင်မလား"

အဖိုးအိုတစ်ဦး ခပ်ယဲ့ယဲ့ရယ်မောသည်။

"ဒါက အမွေခံပြိုင်ပွဲရဲ့ ပထမအဆင့်ပဲရှိပါသေးတယ်၊ ဒုတိယအဆင့်ကို မစီစဉ်ရသေးဘူး၊ မင်းရဲ့လက်ရှိပုံရိပ်နဲ့ ဒါကမဖြစ််နိုင်ဘူး"

"ဘာပဲဆိုဆို ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်က ဒီလိုကြီးအားတဲ့ ကံကြမ္မာပြောင်းစစ်ပွဲတွေမှာ ဘယ်တော့မှ ပါ၀င်ခွင့် မပေးထားဘူး"

သေမျိုးနယ်မြေ၊ အင်မော်တယ်နယ်မြေနှင့် ငရဲနတ်ဆိုးဒေသတို့ကြားက မဟာစစ်ပွဲ၌ အသက်မည်မျှ၊ အင်အားမည်မျှ ပါ၀င်ကြလေသနည်း။

"မင်းမြေအောက်အရှင်သခင်အဖြစ် အောင်မြင်ခဲ့ရင်တောင် အရင်းအမြစ်တွေကို စုစည်းနိုင်တယ်ဆိုပေမယ့် လူအရေအတွက် အများအပြားကို လူသိရှင်ကြား မစေလွှတ်နိုင်ပါဘူး...."

ရိုးရှင်းစွာဆိုရပါက သူသာ ပြိုင်ပွဲ၀င်များအကြား အောင်ပွဲများစွာကို ရယူနိုင်ခဲ့ပြီး မြေအောက်အရှင်သခင်ဖြစ်လာပါက အပြင်ပကမ္ဘာက မြေအောက်နန်းတော်၏ ပါ၀င်စွက်ဖက်မှုကို မသိသရွေ့ ခိုးကြောင်ခိုးဝှက်စစ်‌ဆင်ရေးတစ်ချို့ကို ဆောင်ရွက်နိုင်သည်။

သို့သော် ရှောင်ဟိုင်၏လက်ရှိပုံရိပ်အရ ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်ကို သူ့အတွက် ဒီလိုအရာမျိုး မလုပ်ခိုင်းနိုင်သေးပါ။

ရှောင်ဟိုင်တစ်ခဏမျှတွေးတောကာ မုဖူရှန်းနှင့် ရှီရှန်းတို့ကို စိုက်ကြည့်ပြီးနောက် အဝါရောင်၀တ်စုံရှင် အဖိုးအိုသုံးဦးကို ခိုင်မာစွာကြည့်သည်။

"ဒါဆို ကျွန်တော်ပြိုင်ပွဲ၀င်အဖြစ် ကျွန်တော့်ပုံရိပ်ကို စွန့်လွှတ်ရတော့မှာပေါ့၊ ကျွန်တော့်ညီအစ်ကိုတွေက ရှေ့တန်းမှာ သေရေးရှင်ရေးအတွက် တိုက်ခိုက်နေချိန် ကျွန်တော် နောက်ကျောမှာ ပုန်းနေတာကို လက်မခံနိုင်ဘူး"

မုဖူရှန်းနှင့် ရှီရှန်းတို့ အားကိုးရာမဲ့စွာသာပြုံးလိုက်ကြသည်။ သို့သော်သူတို့ဆိုပါကလည်း အလားတူရွေးချယ်မှုမျိုးကို လုပ်ခဲ့ကြမည်သာ။

ယခုအချိန်က သေမျိုးနယ်မြေအတွက် သေခြင်းရှင်ခြင်းကာလဖြစ်ပြီး သူမြေအောက်အရှင်သခင်ရာထူးအတွက် ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်၏ရုန်းကန်မှု၌ ပါ၀င်ပါက ဒါကို ဘယ်လိုသတ်မှတ်ကြမည်နည်း။

အဝါရောင်၀တ်အဖိုးအိုသုံးဦး အနည်းငယ် ကြက်သေသေသွားကြပြီးနောက် နှလုံးသားထဲက‌လည်း ထိတ်လန့်မှုကို ခံစားရသည်။

မျှော်လင့်မထားစွာပင် တစ်ယောက်ယောက်က ဒီအကြောင်းရင်းလေးနှင့် ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်၏ အမွေခံရာထူးကို စွန့်လွှတ်နေသည်။

ဒါက အဖိုးအိုသုံးဦးကို အနည်းငယ် ပူပန်သွားစေသည်။

ဒီလိုဖြစ်၍မရပေ။ ရှောင်ဟိုင်က ထိုတစ်ယောက် အထူးသတ်မှတ်ထားသောသူပေတည်း။

သူသာရာထူးကနေထွက်သွားပါက သူတို့ကလည်း စောစောအငြိမ်းစားယူပြီး ပြန်လည်မွေးဖွားရန်အတွက် ပြန်လည်မွေးဖွားမှုထဲ ၀င်ရလောက်သည်။

သူတို့တစ်ခုခုပြောတော့မည့်အချိန်တွင် ရှောင်ဟိုင်ရုတ်တရက် တုန်ယင်သွားပြီး သူ့စိတ်ထဲ၌ လုချန်ရှန်း၏အသံကို ကြားလိုက်ရသည်။

"သွားလိုက်၊ ဒါကမင်းအတွက် အကျိုးရှိပြီး ဘေးကင်းစေလိမ့်မယ်၊ ဒီဘက်ကို စိတ်ပူနေစရာမလိုဘူး"

မည်သို့ပင်ဆိုစေကာမူ ဒါက လုချန်ရှန်း ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်က လူကို ကတိပေးခဲ့ခြင်းလည်းဖြစ်သည်။

သူတို့အတွက် သူ မြေအောက်အရှင်သခင်ရာထူး၏ အမွေခံတစ်ဦး ရှာရပေမည်။

ဒါကိုကြားသော် ရှောင်ဟိုင်ခေါင်းညိတ်သည်။

"ကျွန်တော် အကြီးအကဲတို့နဲ့အတူသွားမယ်"

အဖိုးအိုသုံးဦးပျော်သွားကြသော်လည်း တစ်ချိန်တည်းမှာပင် စိတ်ရှုပ်ထွေးနေကြ၏။

ဘယ်ကိစ္စကများ သူ့စိတ်ကို ဒီလောက် မြန်မြန်ပြောင်းစေတာလဲ!

တစ်ယောက်ယောက် သူ့ကို တိတ်တဆိတ် ဉာဏ်အလင်းပွင့်အောင် လုပ်ပေးခဲ့တာများလား!

ဒါပေမယ့်ဒီလိုဆိုရင် ငါတို့ဘာလို့ အရိပ်အယောင်လေးတစ်ခုတောင် မတွေ့ရတာလဲ!

အရိပ်တွေထဲမှာ ပုန်းနေတဲ့ ဖီးနစ်ငှက်လေးလား!

မေ့လိုက်တော့၊ ရလဒ်ကအဆင်ပြေနေတာပဲ!

ဒါကိုတွေးမိသောအခါ အဖိုးအိုသုံးဦး ခေါင်းညိတ်ကြသည်။

"ဒါ‌ဆိုငါတို့နဲ့အတူလာခဲ့"

ထိုသို့ဆိုပြီးနောက် သူတို့ရှောင်ဟိုင်နှင့်အတူ ထိုနေရာကနေ ပျောက်ကွယ်သွားကြ၏။

မုဖူရှန်းနှင့်ရှီရှန်းတို့ အကြည့်ချင်းဖလှယ်ကြပြီးနောက် ခါးသီးစွာပြုံးရင်းပြောသည်။

"ဒါဆိုရှေးဟောင်းစစ်မြေပြင်ကိုသွားပြီး ဒီကိစ္စတွေကို အစီရင်ခံကြရအောင်"

အပိုင်း(1253) coming။

All Chapters