← Chapters

#‌တစ်စစီပြိုကွဲပြီး ကောင်းကင်တစ်ခွင် ကြယ်များကဲ့သို့ ပျံ့သွားသည်#

Vol. 89 Ch. 1253

#‌တစ်စစီပြိုကွဲပြီး ကောင်းကင်တစ်ခွင် ကြယ်များကဲ့သို့ ပျံ့သွားသည်#

Vol. 89 Ch. 1253

ရှေးဟောင်းစစ်မြေပြင်၊ ငရဲနတ်ဆိုးဒေသ၏ ခံတပ်!

ရှင်းဟုန်ယီ ဆန်းကြယ်အင်ပါယာအစောင့်များကို ဒီနေရာသို့ ဦးဆောင်ခေါ်လာသည်။

ဒီအသစ်ပြန်လည်တည်ဆောက်ထားသည့် အနက်ရောင်နန်းတော်ထဲတွင် ရှင်းဟုန်ယီ ခေါင်းညွတ်ကာ ဒူးထောက်လိုက်၏။

ထိုစဉ် သူမရှေ့၌ အထက်ကပလ္လင်ပေါ်တွင် နတ်ဆိုးဘုရင် ရုတ်တရက်ပေါ်လာပြီး ထိုင်လိုက်လေသည်။

"မင်းပြောခဲ့တဲ့လူအတွက်ကြောင့်လား"

ခေါင်းညွတ်ထားရင်း ရှင်းဟုန်ယီပြန်ဖြေသည်။

"နတ်ဆိုးဘုရင်မင်းကြီး၊ အခုနတ်ဆိုးဘုရင်ပိုင်နက်က နတ်ဆိုးသခင်က ဘုရင်မင်းကြီး ဖော်ပြခဲ့တဲ့ တူညီတဲ့ အော်ရာနဲ့ သွေးကြောစွမ်းရည်ကို ပိုင်ဆိုင်ထားတယ်ဆိုတာ အခု ကျွန်မတို့ အတည်ပြုနိုင်ပါပြီ"

ဒါကိုကြားသောအခါ နတ်ဆိုးဘုရင်၏ မျက်လုံးများက အနည်းငယ်ပွင့်သွားပြီး လက်ကိုမြှောက်လိုက်၏။

"ထရပ်ပြီးပြော"

သူ့အမိန့်ပေးသောအခါမှသာ ရှင်းဟုန်ယီ ထရပ်လိုက်သော်လည်း ကိုယ်ကိုအနည်းငယ် ကိုင်းညွတ်ထားသေးသည်။ သူမမကြာသေးခင်က တိုက်ပွဲများ၌ ရှောင်ဟိုင်၏ လုပ်ဆောင်ချက်အသေးစိတ်များကို ပြန်ပြောပြရင်း ကျောက်စိမ်းဆွဲသီးတစ်ခုလည်းပေးသည်။ ကျောက်စိမ်းဆွဲသီးအထဲ၌ မီးမောင်းထိုးပြသည့်မြင်ကွင်းက ထင်ရှားလွန်းသဖြင့် စစ်မြေပြင်က ထုတ်လွှတ်သည့် အော်ရာကိုပင် အာရုံခံရစေသည်။

ဒါကိုမြင်သော် နတ်ဆိုးဘုရင်ဆတ်ခနဲ ထရပ်လိုက်ပြီး သူ့၏ပုံမှန်ခက်ထန်နေသည့် မျက်နှာပေါ်၌ စိတ်လှုပ်ရှားသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။

"မင်းသူ့ကို ဒီကိုခေါ်လာပြီလား"

ရှင်းဟုန်ယီခေါင်းခါယမ်းသည်။

သူမ၏တုံ့ပြန်မှုကို မြင်ရသောအခါ နတ်ဆိုးဘုရင်မျက်ခုံးကျုံ့လိုက်ပြီး ခုခံ၍မရနိုင်သည့် နတ်ဆိုးစွမ်းအားထွက်ပေါ်လာကာ ရှင်းဟုန်ယီအား ပြန်လည်ဒူးထောက်သွားစေရန်အတွက် ဖိအားပေးနေသည်။

"ငါ့ကိုအကြောင်းပြချက်တစ်ခုပေး"

စကားပြောရန်အတွက် ရုန်းကန်ရင်း ရှင်းဟုန်ယီပြောသည်။

"ငရဲကိုးဘုံ....မြေအောက်ကမ္ဘာနန်းတော်ပါ"

ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်လား!

နတ်ဆိုးဘုရင်ရပ်သွားသည်။

"သူက ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်ရဲ့ အမွေခံဖြစ်ပြီး ငရဲကိုးဘုံက စွမ်းအားရှင်တွေ ခေါ်သွားတာမို့ ကျွန်မတို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး"

ဒါကိုကြားသော် နတ်ဆိုးဘုရင်ထံမှ ဖိအားက စတင်ဖြည်းဖြည်းချင်းလျော့ကျသွားသည်။

"ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော် ပါ၀င်လာပြီဆိုမှတော့ မင်းတို့ သူတို့ပြိုင်ဘက်မဟုတ်တာက သဘာ၀ပါပဲ"

"ဒါဆိုရင်..... ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်က ဘယ်လိုအင်အားစုမျိုးလဲ"

နတ်ဆိုးဘုရင် ရှင်းဟုန်ယီကို စိုက်ကြည့်ရင်း ထူးမခြားနားစွာပြောသည်။

"မင်းသိစရာမလိုဘူး"

"အခုဘာလုပ်ကြမလဲ" ရှင်းဟုန်ယီမေးသည်။

နတ်ဆိုးဘုရင်တည်ငြိမ်စွာပြောသည်။

"ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်က စွမ်းအားအတွက် ပြင်ပရုန်းကန်လှုပ်ရှားတွေမှာ မပါ၀င်ဘူး၊ ဒီတော့ မင်းဒီအကြောင်း စိုးရိမ်နေစရာမလိုဘူး၊ ‌အင်အားစုတွေနဲ့ သေမျိုးနယ်မြေဆီကို ပုံမှန်အရှိန်အတိုင်းပဲ ဆက်လက်ထိုးဖောက်နေ"

"အချိန်ကျလာတဲ့အခါကျရင် ငါတို့နတ်ဆိုးနယ်မြေ (ငရဲနတ်ဆိုးဒေသက မိစ္ဆာနယ်မြေနဲ့ နတ်ဆိုးနယ်မြေတို့ကို ပေါင်းစပ်ထားတာပါ) ကို ပြန်လာဖို့ရွေးချယ်မလား၊ ဒါမှမဟုတ် ပျက်စီးခြင်းကြမ္မာဆိုးကို ကြုံရတော့မယ့် နေရာဖြစ်တဲ့ သေမျိုးနယ်မြေမှာပဲနေပြီး ပျောက်ကွယ်သွားဖို့ကို ရွေးချယ်မလားဆိုတာ သူရှင်းရှင်းလင်းလင်း မြင်နိုင်မှာပါ"

နတ်ဆိုးဘုရင်၏စကားလုံးများကို ကြားသောအခါ ရှင်းဟုန်ယီစိတ်ထဲကနေ ထိတ်လန့်တုန်လှုပ်မိသွားသည်။

နတ်ဆိုးဘုရင်အများကြီး တန်ဖိုးထားရလောက်သည်အထိ ရှောင်ဟိုင်တွင် ဘယ်လို ကိုယ်ပိုင်လက္ခဏာမျိုး ရှိလေသနည်း။

သို့စေကာမူ ရှင်းဟုန်ယီ ဆက်လက်မေးမြန်းမနေတော့ပါ။ အမိန့်များကို လိုက်နာပြီး ယင်းအတိုင်း ဆောင်ရွက်ခြင်းက လုံလောက်ပါပြီ။

ဒါကိုစိတ်ထဲတွင် စွဲထားရင်း ရှင်းဟုန်ယီ ခေါင်းညိတ်သည်။

"ဒီလက်အောက်ငယ်သားနားလည်ပါပြီ"

....

ဒီအချိန်တွင် သေမျိုးနယ်မြေက ကြောက်စရာကောင်းသည့် စက်၀န်းတစ်ခုထဲတွင် ရှိနေသည်။

မလုံလောက်သည့်စွမ်းအားနှင့် သူတို့ ငရဲနတ်ဆိုးဒေသ၏တိုက်ခိုက်မှုကို ကာကွယ်ရန် ဒီမှာရှိနေပါက အထဲကနေ တဖြည်းဖြည်း တိုက်စားခံနေရသည့် ထိုအင်အားစုများက များသထက်ပိုများလာပေလိမ့်မည်။ ဒီလိုဆိုပါက ပြင်ပတိုက်ခိုက်မှုပင်မရှိဘဲ သူတို့ပြိုကွဲသွားပေလိမ့်မည်။

အကယ်၍ သူတို့သာ ဘယ်အင်အားစုများက သူတို့ကိုဆန့်ကျင်နေသလဲဆိုတာ စုံစမ်းစစ်ဆေးကာရှင်းလင်းရန်အတွက် တပ်ဖွဲ့များကို ခွဲဝေလိုက်ပါက ဒါက သံသယမရှိ များပြားလှသည့် တပ်ဖွဲ့အရေအတွက်ကို လိုအပ်သည်။ ၎င်းနောက် ငရဲနတ်ဆိုးဒေသက တိုက်ခိုက်ရန်အတွက် ဒီအခွင့်အရေးကို ရယူလာပါက အသက်အတွက် အသက်ဖလှယ်ခြင်းကို အားကိုးနေရသည့် သူတို့၏ ခက်ခဲနေပြီဖြစ်သည့်ကာကွယ်မှုက လုံး၀ပျက်စီးသွားရပေလိမ့်မည်။

ဒီပြဿာနာက သေမျိုးနယ်မြေရော၊ အင်မော်တယ်နယ်မြေက အထက်ပုဂ္ဂိုလ်များကိုပါ အလွန်အမင်းစိတ်ဖိစီးစေသည်။

ဒါ့အပြင် လူအများစုက အခြေအနေရပ်ကို နားလည်ကြသဖြင့် တပ်စခန်းများအတွင်း အကြောက်တရားပင်လျှင် စတင်ပျံ့နေသည်။

ဘာတစ်ခုမှမလုပ်ခြင်းက သေခြင်းတရားဆီသို့ ဖြည်းဖြည်းချင်းသွားသည်နှင့်တူသည်။

စစ်တဲစခန်းအတွင်း အင်မော်တယ်ဧကရာဇ် အင်မော်တယ်နယ်မြေ၏ အစစ်အမှန်နတ်ဘုရားများ၊ ပထမတန်းစားဂိုဏ်းခေါင်းဆောင်များနှင့် သေမျိုးနယ်မြေ၏ နတ်သခင်အဆင့်ဂိုဏ်းများ အပါအ၀င် အဆင့်မြင့်ခေါင်းဆောင်တိုင်းကို စုစည်းလိုက်၏။

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်းရှိနေကြသည်။

"ခေါင်းဆောင်တို့၊ ငါတို့ကိုကြားသိခွင့်ပေးပါဦး၊ ဖြေရှင်းနည်းတစ်ခုခုများရှိလား" အင်မော်တယ်ဧကရာဇ်၏ အမူအရာက လေးနက်နေပြီး အောက်တွင် စုရုံးနေသောသူများအား ကြည့်လိုက်သည်။

သို့စေကာမူ မည်သူမှ မပြောကြပေ။

နောက်ဆုံးတွင် အင်မော်တယ်လောင်ကျွမ်းချိုင့်ဝှမ်းသခင် ခါးသီးသောအပြုံးဖြင့် တိတ်ဆိတ်မှုကို အရင်ဆုံးဖြိုခွင်းလိုက်၏။

"အင်မော်တယ်ဧကရာဇ်အရှင်၊ ဒီလိုအခြေအနေရပ်မျိုးမှာ ဖြေရှင်းနည်းကောင်းဆိုတာ တကယ်မရှိတာပါ"

တစ်ယောက်ပြောလာသောအခါ နတ်သခင်ဟောင်တျန်းကလည်း အကူအညီမဲ့စွာပြောသည်။

"ခွန်အားကွာဟချက်ကတင် အရမ်းကြီးမားလွန်းတယ်၊ ကျုပ်တို့ဘယ်ရွေးချယ်မှုကိုပဲလုပ်လုပ်၊ တစ်ဘက်ကိုတော့ လက်လျှော့ဖို့လိုတယ်"

နှစ်ယောက်လုံး၏ ပြောစကားများကို ကြားရသောအခါ ကျန်သောသူအားလုံး ခေါင်းညိတ်ကြသည်။

အင်မော်တယ်ဧကရာဇ် မစ္စတာဖက်သို့လှည့်ပြီးမေးသည်။

"မစ္စတာရော ဘယ်လိုထင်လဲ"

မစ္စတာခေါင်းခါယမ်းသည်။

ဒါကိုမြင်သောအခါ လူတိုင်း တိတ်ဆိတ်မှုထဲ ထပ်မံကျရောက်သွားကြပြန်သည်။

ဒီအခိုက်အတန့်မှာပင် ဟုန်ရင် ရုတ်တရက် ထရပ်လိုက်သည်။

"ကျွန်မတို့ မတူညီတဲ့ချဥ်းကပ်နည်းတစ်ခုကို တွေးတောနိုင်တာပဲလေ"

မတူညီတဲ့ချဉ်းကပ်နည်း!

အဆင့်မြင့်စွမ်းအားရှင်အားလုံး ဟုန်ရင်ကို ကြည့်လိုက်ကြ၏။

ဟုန်ရင် သဲစားပွဲကြီးရှေ့သို့ လျှောက်လာပြီး မမောက်မာ၊ မနှိမ့်ချသည့်အသွင်ပြောသည်။

"ဒီနေရာက စီနီယာတို့အားလုံးက 'ရှေ့နဲ့ နောက်က အခြေအနေရပ်ကို ဘယ်လိုဖြေရှင်းမလဲဆိုတာနဲ့ နှစ်ဖက်စလုံးကို အမြန်ဆုံး ဘယ်လိုထိန်းထားရမလဲ' ဆိုတဲ့ ရှေ့မတိုးသာ အနေအထားမှာရှိနေကြတာ၊ ဒါပေမယ့် နှစ်ဖက်စလုံးကို ထိန်းထားဖို့ဆိုတာက မဖြစ်နိုင်ဘူးဆိုတာ စီနီယာတို့ နားလည်သဘောပေါက်ကြမှာပါ"

လူတိုင်းတိတ်ဆိတ်သွားကြ၏။

တိတ်ဆိတ်မှုက ဟုန်ရင်၏စကားလုံးများ မှားယွင်းနေသည့်အတွက်ကြောင့် မဟုတ်ဘဲ မြေကြီးလက်ခတ်မလွဲမှန်ကန်သောကြောင့်ပင်။

လူအုပ်စု၏တုံ့ပြန်မှုကိုမြင်သောအခါ ဟုန်ရင် ခပ်ပေါ့ပေါ့ရယ်လိုက်၏။

"ဒါဆို ရှင်းရှင်းလင်းလင်းမြင်နိုင်တာပဲမလား၊ ဒီတော့ ဒီအကြောင်းကို တွေးတဲ့ပုံစံကို ပြောင်းပြီး နှစ်ခုစလုံးကို ထိန်းထားမယ်ဆိုတဲ့ အခြေအနေကနေ ရှေ့တန်းကို လက်လျှော့လိုက်မယ်ဆိုရင်ရော"

ရှေ့တန်းကို လက်လျှော့ရမယ်!

ဟုန်ရင်၏စကားလုံးများကို ကြားသောအခါ လူတိုင်း၏အမူအရာက ထိတ်လန့်သွားကြပြီး အင်မော်တယ်ဧကရာဇ်နှင့် မစ္စတာတို့ပင်လျှင် ဟုန်ရင်ထံ အကြည့်တစ်ချက် ပို့လွှတ်လိုက်မိကြ၏။

အင်မော်တယ်ဧကရာဇ် ဟုန်ရင်ကို လေးနက်သည့် အမူအရာဖြင့်ကြည့်ရင်း မေးသည်။

"မင်းအတွေးကဘာလဲ"

"ဒီလိုမျိုး မလှုပ်မယှက်ဘဲ ဆက်လက်ကာကွယ်နေမယ်ဆိုရင် အံ့ဖွယ်ဖြစ်ရပ်တစ်ခု မဖြစ်ပျက်လာသရွေ့ ကျွန်မတို့ ရန်သူရဲ့ ကျယ်ပြန့်တဲ့စစ်တပ်ကြီးကြောင့် တဖြည်းဖြည်း သေဆုံးသွားရလိမ့်မယ်" ဟုန်ရင်မရပ်မနားပြောသည်။ သူမ၏ အ‌သံက ချောမွတ်ပြေပြစ်နေသည်။

"အဲတော့ ဒီအစား ရှေ့တန်းကနေ နောက်တန်းအထိ ဖြန့်ကြက်ပြီး ဆုတ်လိုက်တာက ပိုကောင်းတယ်"

"ရန်သူကို သေမျိုးနယ်မြေထဲကို ၀င်ခွင့်ပေးပြီး ကျွန်မတို့ကို တိုက်ခိုက်ဖို့အတွက် ရင်းနှီးနေတဲ့နယ်မြေအထိကို ဆုတ်ကြမယ်၊ ငရဲနတ်ဆိုးဒေသက စစ်တပ်အားလုံးကို ပိတ်ဆို့ဖို့အတွက် စစ်သွေးကြွနည်းဗျူဟာတွေကို ရှေ့တန်းမှာ အသုံးပြုခြင်းအားဖြင့် ကျွန်မတို့ရဲ့ ဆုံးရှုံးမှုတွေကို အနည်းဆုံးဖြစ်အောင်လုပ်ပြီး ရန်သူရဲ့ဆုံးရှုံးမှုတွေကို အများဆုံး ဖြစ်အောင် လုပ်လို့ရမယ်" သူမကဆက်ပြောသည်။

ရှေးခေတ်ကတည်းက မြို့တစ်မြို့ကို တိုက်ခိုက်သူများက အမြဲလိုလို အရင်းအမြစ်များပိုသုံးရန်လိုအပ်သည်။

သေမျိုးနယ်မြေက ကြီးမားလွန်းသဖြင့် သူတို့၏ချွန်ထက်သောအစွန်းကို ရှောင်ရှားရန်အတွက် နောက်ကိုဆုတ်ခွာခြင်းက လွယ်ကူသည့် လုပ်ရပ်တစ်ခုသာ။

"ဒီလိုဆိုရင် ရန်သူ့ကိုယ်စား သေမျိုးနယ်မြေက လှည့်စားခံနေရတဲ့ ဩဇာလွှမ်းမိုးသူတွေကို စုံစမ်းစစ်ဆေးပြီး ဖြေရှင်းဖို့ အခွင့်အလမ်းလည်း ရနိုင်တယ်"

မစ္စတာအနည်းငယ် မျက်မှောင်ကြုတ်သည်။

"ဒါပေမယ့် ဒီလိုလုပ်မယ်ဆိုရင် ငရဲနတ်ဆိုးဒေသက သေမျိုးနယ်မြေရဲ့ပိုင်နက်တွေကို ပိုမြန်မြန်သိမ်းပိုက်လိမ့်မယ်"

"ဒါကအစိတ်အပိုင်းတစ်ပိုင်းကို ယာယီသိမ်းပိုက်ခြင်းပါပဲ" ဟုန်ရင် မစ္စတာကို ကြည့်လိုက်၏။

"ကျွန်မတို့ နောက်တန်းကို ဆုတ်ခွာသွားတာနဲ့ အမှတ်အသားတစ်ခုတည်းကို ကာကွယ်နေစရာမလိုတော့ဘူး၊ ကြယ်ဒေသတစ်ခုကို သိမ်းပိုက်ပြီးတာနဲ့ ရန်သူ့တပ်ဖွဲ့တွေ အဲဒီမှာ စခန်းချဖို့လိုမယ်၊ ဒါက ကျွန်မတို့ရဲ့ အကြီးမားဆုံးအသာစီးရမှုပဲ"

ဒါကိုကြားသောအခါ မစ္စတာတိတ်ဆိတ်သွားသည်။

လူတိုင်းမျက်နှာပေါ်က အံ့ဩကာ ဆင်ခြင်တွေးတောနေကြသည့် အမူအရာများကို စောင့်ကြည့်ရင်း ဟုန်ရင်ပြုံးသည်။

"ငရဲနတ်ဆိုးဒေသရဲ့သိမ်းပိုက်မှုက တစ်ချို့ဂိုဏ်းပိုင်နက်တွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်စေနိုင်ပေမယ့် ဒါက ငရဲနတ်ဆိုးဒေသကြောင့် သေမျိုးနယ်မြေ လုံး၀ဖျက်ဆီးခံရတာထက်စာရင် အများကြီး ပိုကောင်းပါသေးတယ်"

"ကျွန်မတို့ ငရဲနတ်ဆိုးဒေသကို ကိုင်တွယ်ပြီးသရွေ့ ကျန်တာအားလုံးက အသစ်စတင်ခြင်းဖြစ်လာမှာပဲလေ" သူမအဆုံးသတ်ခဲ့သည်။

ရိုးရှင်းစွာဆိုပါက သူတို့က အညစ်အကြေးတစ်ခုပမာ စုစည်းကာ ကောင်းကင်က ကြယ်များကဲ့သို့ ပျံ့စေခြင်းပင်။

ဒါကိုကြားသော် နတ်သခင်ဟောင်တျန်း အရင်ဆုံးကျယ်လောင်စွာ ရယ်မောသည်။

"ဒါကအဓိပ္ပာယ်ရှိတယ်လို့ ကျုပ်ထင်တယ်"

ခေးအောစ့်အနှစ်သာရဓားသခင်ကလည်း အနည်းငယ်ခေါင်းညိတ်သည်။

"ကြိုးစားကြည့်သင့်ပါတယ်"

အင်မော်တယ်လောင်ကျွမ်းချိုင့်ဝှမ်းသခင်ကလည်း သဘောတူသည့်အသွင် ခေါင်းညိတ်သည်။

ဒါကိုမြင်သော် အင်မော်တယ်ဧကရာဇ် ခေါင်းမော့ရင်းပြုံးသည်။

"သူ့တပည့်ဖြစ်ဖြစ်ဖို့ထိုက်တန်ပါပေတယ်၊ ဒီအစီအစဉ်ကို အားလုံးသဘောတူကြတယ်မလား"

လူတိုင်းသဘောတူပြီးခေါင်းညိတ်ကြသည်။

အပိုင်း(1254) coming။

All Chapters