#ငရဲတံခါး#
Vol. 89 Ch. 1254
နောက်ထပ်နှစ်ရက်ကုန်ဆုံးသွားသည်။
ငရဲနတ်ဆိုးဒေသ၏ ကြီးမားသည့်စစ်တပ်က လွင်ပြင်ကို ကျူးကျော်ပြီး တိုက်ခိုက်မှုတစ်ခုစတင်ခဲ့သည်။
သို့သော် ငရဲနတ်ဆိုးဒေသ၏ စစ်တပ်ကြီးကို အံ့ဩသွားစေတာက မြို့ရိုးပေါ်၌ ရပ်နေသူတစ်ယောက်မှမရှိသလို သူတို့ကို ခုခံရန်အတွက် ရည်ရွယ်ချက်ရှိနေသည့် အရိပ်အယောင်တစ်ခုမှလည်း မတွေ့ရပေ။
ဒါကလျှို့ဝှက်ကြံစည်မှုတစ်ခုခုများလား!
သို့စေကာမူ ဒီတိုက်ပွဲက ဘာပဲဖြစ်လာပါစေ နောက်ဆုတ်ရန်အတွက် ရွေးချယ်မှုပြုလုပ်မည့် တိုက်ပွဲတစ်ခုမဟုတ်ပါ။
သူတို့၏အရှိန်အဟုန်နှင့် ချီတက်မှုကို ဘယ်အရာကမှ မတားဆီးသဖြင့် မြို့ရိုးများက မကြာမီ ပြိုကွဲသွားရပြီး နောက်က ကျယ်ပြန့်သည့်စခန်းက လူသားတည်ရှိမှုကင်းမဲ့နေတာကို ဖော်ပြနေသည်။
ငရဲနတ်ဆိုးဒေသက လူတိုင်း ဆွံအသွားကြ၏။
ဘယ်လိုအခြေအနေကြီးလဲ!
အထက်တွင် နတ်ဆိုးဘုရင်နှင့်မိစ္ဆာသခင်တို့ကလည်း ဒီမြင်ကွင်းကို ကြည့်ရင်း အနည်းငယ်မျက်ခုံး ကျုံ့လိုက်ကြ၏။
"သူတို့ကငတုံးတွေတော့ မဟုတ်ပါဘူး..."
ထို့နောက်ချက်ချင်းဆိုသလို မိစ္ဆာသခင်လက်ဝှေ့ယမ်းကာ အမိန့်ပေးသည်။
"ဒီလိုဆိုမှတော့ ဆက်လက်ချီတက်ကြ"
ငရဲနတ်ဆိုးဒေသ၏စစ်တပ်က ရှေးဟောင်းစစ်မြေပြင်ကနေ ထွက်ခွာစဉ် ရှေးဟောင်းစစ်မြေပြင်အောက်မှ အဆုံးမဲ့ပင်လယ်ဒေသအတွင်း မည်သူမှ မကြားနိုင်သည့် သက်ပြင်းချသံရှည်ကြီးတစ်ချက် ထွက်ပေါ်လာသည်။
"သေမျိုးနယ်မြေက ဒီကပ်ဘေးကို ကျော်လွှားနိုင်မယ်လို့ မျှော်လင့်ပါတယ်..."
ထို့နောက် ရှေးဟောင်းစစ်မြေပြင်ကို ထောက်ပံ့နေသည့် ဧရာမအမြီးကြီးက စစ်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံကာ အဆုံးမဲ့ပင်လယ်ဒေသအတွင်း ဆွဲခေါ်သွား၏။
.....
ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်!
အလင်းရောင်ကမှိန်နေပြီး ငြိမ်သက်နေသည့်ဒီကမ္ဘာကြီးထဲတွင် သေမင်းမြစ်အထက်၌ မျောလွင့်နေသည့် နန်းတော်တစ်ခုရှိသည်။
သို့သော် နန်းတော်၀င်လိုက်သည်နှင့် ပတ်၀န်းကျင်ကနံရံများကို မြင်ရရန်ဟူသည် မဖြစ်နိုင်တော့သလို မော့ကြည့်ပါကလည်း အမိုးခုံးကိုပင်မမြင်ရပေ။
ဒါကလူတစ်ယောက်က ခန်းမအပြင်က ကျယ်ပြန့်သည့်လွင်ပြင်တစ်ခုတွင် ရပ်နေသည့်အသွင်။
ဒီနယ်နိမိတ်မဲ့ပုံရသည့်နေရာ၌ လူကိုးယောက် နေရာတစ်ခွင် ပြန့်ကြဲနေသည်။
သူတို့ထဲကတစ်ယောက်က ရှောင်ဟိုင်ပင်။
ရှောင်ဟိုင်ကနောက်ဆုံး၀င်လာသူဖြစ်ပြီး သူရောက်လာသည်နှင့် တခြားရှစ်ယောက်၏ အမြင်ကို ချက်ချင်းဆွဲဆောင်သွားခဲ့သည်။
လူရှစ်ယောက် အတူတကွရပ်နေတာကို မြင်ရသောအခါ ရှောင်ဟိုင်တုံ့ပြန်ရန်ပင် စိတ်ဒုက္ခမခံတော့ဘဲ ထိုင်ရန်နေရာတစ်ခုကို ရှာရင်း ဝိဉာဉ်ကိုအနားပေးရန် မျက်လုံးများကို မှိတ်လိုက်၏။
မည်သို့ပင်ဆိုစေကာမူ သေမျိုးနယ်မြေက ပျက်စီးလုနီးပါးအခြေအနေတွင် ရှိနေပြီး နက်ရှိုင်းသော မီးနှင့်ရေပင်လယ်ထဲတွင် လောင်ကျွမ်းနစ်မြှုပ်နေသည်။ သူ့ညီအစ်ကိုများက ရှေ့တန်း၌ သေခြင်းတရားအတွက် တိုက်ခိုက်နေကြသည့်တိုင် သူက ဒီနေရာတွင် မြေအောက်လောကသခင်အမွေခံအတွက် အကဲဖြတ်မှု၌ ပါဝ်ုနေသည်။
ရှောင်ဟိုင် သူ့စိတ်ကို ဘယ်လိုလုပ် တည်ငြိမ်အောင် လုပ်နိုင်မည်နည်း။
ဒီအခိုက်အတန့်၌ ရှောင်ဟိုင် ရုတ်တရက် မျက်လုံးဖွင့်လိုက်စဉ် သူ့ရှေ့၌ ချောမောစင်ကြယ်ပုံပေါ်သည့် လူငယ်တစ်ယောက် ရပ်နေတာကို တွေ့လိုက်ရသည်။
လူငယ်၏မျက်နှာထက်၀ယ် အပြုံးတစ်ပွင့်ရှိပြီး မည်သူနှင့်မဆို ရင်းနှီးကာ ချဉ်းကပ်လိုသည့်အသွင်ပေါ်နေသော်လည်း သူ့မျက်လုံးများထဲတွင် နက်ရှိုင်းစွာ ဖုံးကွယ်နေတာက မောက်မာသည့် မာနတရားပင်။
လူငယ် ရှောင်ဟိုင်အားအပြုံးဖြင့်ပြောသည်။
"ငါက ခေးအောစ့်နယ်မြေကလာတာပါ၊ မင်းဘယ်နယ်မြေကလာသလဲဆိုတာ သိလို့ရမလား"
ခေးအောစ့်နယ်မြေက နယ်မြေခြောက်ခုထဲက တစ်ခုဖြစ်သည်။
သို့သော် ရှောင်ဟိုင်ဒါကိုမသိသလို ခေးအောစ့်နယ်မြေက အမှန်တကယ် ဘယ်မှာ ရှိနေသလဲဆိုတာကိုလည်း သိချင်စိတ်မရှိပေ။
အလွန်အမင်းစိတ်အနှောင့်အယှက်ဖြစ်သလို ခံစားရသည့်အပေါ် ရှောင်ဟိုင် သူနှင့် စကားပြောရန် ကြိုးစားနေသည့်လူကို ရင်ဆိုင်ရင်း ပွင့်လင်းစွာပင်ပြောသည်။
"ထွက်သွား"
ရှောင်ဟိုင်၏စကားလုံးများကို ဖုံးကွယ်မထားပေ။
ဒါက ဘေးကနေ အခြေအနေရပ်ကို လျှို့ဝှက်စွာစောင့်ကြည့်နေကြသည့် တခြားလူရှစ်ယောက်ကိုပင် စိုက်ကြည့်လာစေသည်။
မျှော်လင့်မထားစွာပင် ထိုလူက တစ်ခဏမျှ ကြက်သေသေသွားသော်လည်း ဒေါသမထွက်ဘဲ ရယ်မောစွာပြောသည်။
"ငါမင်းကို မထိခိုက်စေလိုပါဘူး၊ မင်းမှာ မေးခွန်းတစ်ခုခုရှိရင် ဒါမှမဟုတ် တစ်ခုခုကို နားလည်ဖို့လိုရင် ငါ့ကို အချိန်မရွေးမေးလို့ရပါတယ်"
ထို့နောက် ထိုလူထွက်သွားသည်။
ကျန်သောသူများဒါကိုမြင်သော် လှောင်ပြောင်လိုက်ကြ၏။
"ခန္ဓာကျင့်ကြံသူတစ်ယောက်ဖြစ်ရမယ်၊ ဟုတ်တယ်မလား၊ ပြီးတော့ သူက အစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့်မှာပဲ ရှိပုံပဲ၊ မြင့်မားတဲ့နယ်ပယ်မဟုတ်ပေမယ့် မြင့်မားပြီး အစွမ်းထက်သလို ပြုမူနေတယ်"
"ဒါပေမယ့် ငါနည်းနည်းစိတ်ရှုပ်ထွေးနေတယ်၊ ငရဲကိုးဘုံမြေအောက်ကမ္ဘာအမွေခံအတွက် ရွေးချယ်မှုစမ်းသပ်ချက်က နယ်ပယ်ကို ထည့်မစဉ်းစားဘူးဆိုပေမယ့် ပိုနိမ့်ကျတဲ့နယ်ပယ်က ပါရမီကင်းမဲ့တာကို ညွှန်ပြနေတယ်လေ၊ ဒီလိုလူတစ်ယောက်က ဒီအကဲဖြတ်မှုမှာ ဘယ်လိုပါ၀င်နိုင်မှာလဲ"
"ဘာမှမဖြစ်ပါဘူး၊ တစ်ယောက်ယောက်ပိုလာတာက အရေအတွက်ကို ဖန်တီးပေးမယ့် မဆိုးဘူးလို့ပြောလို့ရတယ်၊ ဒါက တကယ့်ပြိုင်ဆိုင်မှုကို နည်းနည်းလျှော့ပေးတာပဲလေ"
ချောမောစင်ကြယ်ပုံရသည့်လူငယ်ကသာ ချင့်ချိန်စဥ်းစားနေပုံရပြီး ရှောင်ဟိုင်ကို ကြည့်ရင်း ပြုံးနေသော်လည်း စကားဝိုင်းထဲတွင် မပါ၀င်ပေ။
ဒီတဒင်္ဂမှာပင် တစ်နေရာရာကနေ အသံတစ်သံထွက်လာသည်။
"အခုတော့ ချီးကျူးစကားမဆိုတော့ဘူး၊ မင်းတို့ထဲကတစ်ယောက်ယောက် မြေအောက်လောကရဲ့ တစ်ဦးတည်းသော ဆက်ခံသူဖြစ်လာမှ ပြောကြတာပေါ့"
"ပထမအဆင့်စမ်းသပ်မှုက ငရဲတံခါးပါ၊ မင်းတို့စနိုင်ပြီ"
နောက်ထပ်မိတ်ဆက်မှုများမရှိပါ။
အသံက စစ်ဆေးမှုအကြောင်းကို သိ၊ မသိ ဂရုစိုက်ပုံမရဘဲ ပျောက်ကွယ်သွားလေပြီ။
အသံပျောက်ကွယ်သွားသည့်အချိန်တွင် ပတ်၀န်းကျင်က စတင်ဝေဝါးလာပြီး အဖြူရောင်မြူအများအပြား လူတိုင်းအနီးတွင် စတင်ပေါ်လာသည်။
ဒီအဖြူရောင်မြူခိုးများက ရိုးရှင်းပုံမပေါ်။ ဒါကို ရှူသွင်းလိုက်ရုံမျှနှင့် အင်္ဂါးခုနှင့် ဒွာရခြောက်ပေါက်က အေးခဲသွားသည့်အလား ရင်ဘတ်ထဲတွင် အေးစက်သည့် ခံစားချက်တစ်ခုပေါ်လာသည်။
အဖြူရောင်မြူခိုးများ လွင့်မြောသွားစဉ် လူတိုင်းရှေ့သို့ ကြည့်လိုက်ကြ၏။
မြူခိုးအလွန်၌ ခပ်ရေးရေးမြင်နိုင်သည့် ဧရာမမုခ်၀ကြီးတစ်ခုရှိသည်။
ထိုမုခ်၀၌ 'ငရဲတံခါးများ' ဟုသော အားကောင်းသည့်စာလုံးများကို ရေးထွင်းထားသည်။
ဒီအချိန်မှာပင် ရှောင်ဟိုင်ကလည်း ထရပ်ကာ ကြည့်သည်။
ဒါကပထမစမ်းသပ်မှုဖြစ်ပုံရသည်။
ယခုအချိန်တွင် ရှောင်ဟိုင်ဘာဆက်ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရန်ဆန္ဒမရှိပေ။ သူ့အမူအရာက လေးနက်နေပြီး ငရဲတံခါးသို့ တိုက်ရိုက်လျှောက်သွားသည်။
သူအချိန်မနှောင့်နှေးစေချင်ပေ။ သူ့၏တစ်ခုတည်းသောအတွေးက ဒီစမ်းသပ်မှုကို အမြန်အပြီးသတ်ပြီး သေမျိုးနယ်မြေကို ပြန်သွားရန်ဖြစ်သည်။
သို့သော် သူဖြတ်ကျော်နိုင်၊ မနိုင်ဆိုတာကိုတော့ သူလည်းမသိပါ။
တခြားသူများ အခြေအနေကို စောင့်ကြည့်နေစဉ် ရှောင်ဟိုင်လှုပ်ရှားနေတာကို မြင်သောအခါ အားလုံး အနည်းငယ်အံ့သြသွားကြ၏။
"ဒီလိုလျှောက်သွားလိုက်တာလား"
"သူစေဖို့အလျင်လိုနေတာလား"
"ငရဲတံခါးက ငရဲကိုးဘုံမြေအောက်ကမ္ဘာရဲ့ အထက်ကနေရာတွေထဲက တစ်ခုပဲ၊ ငရဲတံခါးထဲကို ၀င်တာက ယန်နယ်မြေနဲ့ ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်ပစ်တာလို့ ဆိုလိုတယ်၊ ဒီစကားတစ်ခုတည်းက ငရဲတံခါးရဲ့ အန္တရာယ်အဆင့်ကို သက်သေပြဖို့လုံလောက်တယ်....."
"အရေးမကြီးပါဘူး၊ သွားကြစို့၊ သူက ငါတို့ကို အခြေအနေကဘယ်လိုလဲဆိုတာကို မြင်တွေ့ခွင့်ပေးမှာပဲလေ၊ ဒါ့အပြင် အခန်းကဏ္ဍတစ်ခုကလည်း ပါ၀င်နေတယ်လို့ မှတ်ယူလို့ရတာပေါ့"
အသားဖြူဖြူနှင့်လူက ဒီမြင်ကွင်းကို မြင်သောအခါ ရှောင်ဟိုင်ထံသွားချင်သော်လည်း ရှေ့တစ်လှမ်းတိုးပြီးနောက် သူနောက်ပြန်ဆုတ်ကာ မေးစေ့ကိုပွတ်သပ်ရင်း ရှောင်ဟိုင်ကိုကြည့်ပြီး တွေးနေသည်။ ရှောင်ဟိုင်တွင် ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်က အဆင့်မြင့်အကြီးအကဲများကိုယ်တိုင် ပို့လာစေရသည်အထိ ဘယ်လိုအရည်အချင်းများရှိသလဲဆိုတာ သူမြင်ချင်သည်။
တခြားသူများက ဒါကိုမမြင်လောက်သော်လည်း သူကမူ သူ့မျက်လုံးများနှင့် တပ်အပ်မြင်ခဲ့သည်။
ဒီလိုလူတစ်ယောက်တွင် ထူးခြားသည့်ပါရမီတစ်ချို့မရှိနိုင်ဘူးဆိုတာ မယုံပေ။
ပြီးတော့ ဘယ်အင်အားက သူ့ကို ထောက်ပံ့နေတာလဲ!
ဟမ်၊ ငရဲကိုးဘုံမြေအောက်ကမ္ဘာက တခြားသူတွေရဲ့နောက်ကွယ်က အင်အားတွေကို ဘယ်တုန်းက စဥ်းစားခဲ့ဖူးလို့လဲ!
လူတိုင်း၏ အကြည့်များက ယခုရှောင်ဟိုင်ထံ ကျရောက်နေကြ၏။
ရှောင်ဟိုင်တုံ့ဆိုင်းမနေဘဲ ငရဲတံခါးအောက်သို့ တည့်တည့်၀င်သွားတာကို သူတို့မြင်ရသည်။
၀င်လိုက်သည်နှင့်တစ်ပြိုင်နက် တစ်ခုခုမှားနေတာကို ရှောင်ဟိုင်ချက်ချင်းသတိထားမိသည်။
သူ့ခြေထောက်အောက်တွင် ထူထဲသည့်ရေခဲပြာအလွှာတစ်ခု ဖြစ်တည်နေပြီးဖြစ်ကာ သူ့ခြေထောက်ကို အတင်းအေးခဲစေသည်။
ဒီရေခဲပြာအလွှာက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းရန်အတွက် လျင်မြန်စွာပင် ပျံ့နေသည်။
ဒါကိုမြင်သောအခါ ရှောင်ဟိုင်မျက်မှောင်ကြုတ်ကာ သူ့ခြေထောက်ကို လွတ်မြောက်စေရန်အတွက် မရန်ကြိုးစားသော်လည်း အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ပေ။
သူ့ခြေထောက်က မြေကြီးနှင့် တွယ်ချိတ်နေသည့်အလား သူဘယ်လောက်ပင် ဆွဲထုတ်ပါစေ တုတ်တုတ်လေးမျှ မလှုပ်ပေ။
မကြာမီ ထူထဲသည့်ရေခဲပြာက ရှောင်ဟိုင်တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး သူ့၀န်းကျင်၌ အေးစက်သည့်လေထုများ မြှင့်တက်လာစဉ် သူ့ကို ရေခဲရုပ်တုတစ်ခုအဖြစ် ပြောင်းပစ်သည်။
ဒီမြင်ကွင်းကိုမြင်သောအခါ လူတိုင်း၏ အမူအရာက သုန်မှုန်သွားကြ၏။
ဒါကနည်းနည်းထိတ်လန့်စရာကောင်းပုံပင်။
ထို့နောက် ရေခဲထဲတွင် ပိတ်မိနေသည့် ရှောင်ဟိုင်၏ အမူအရာကလည်း စတင်လေးနက်လာသည်။ ဒီစစ်ဆေးမှုက စိတ်မရှည်မှုနှင့်အတူ အလျင်အမြန်ဖြတ်နိုင်သည့် အရာတစ်ခုမဟုတ်ပေ။ သတိမထားမိသည့် ခြေလှမ်းတစ်လှမ်းနှင့်အတူ အဝါရောင်သေမင်းမြစ်ထဲတွင် ပျောက်ကွယ်သေဆုံးသွားရပေလိမ့်မည်။
ရေခဲပြာနှင့်ရစ်ပတ်ခံရပြီးနောက် သူ့ကိုယ်ထဲက သွေးကြောအားလုံးကလည်း အေးခဲနေပုံရသည်။
ပိုဆိုးတာက အေးစက်သည့်လေထုအမျှင်စများက သူ့ဝိဉာဉ်ကို ထုတ်ယူပစ်ရန် ကြိုးစားနေခြင်းပင်။
၎င်းက သူ့ကိုယ်ထဲကနေ သူ့ဝိဉာဉ်ကို ဆွဲထုတ်ပစ်ချင်နေပုံရသည်။
အပိုင်း(1255) coming။