← Chapters

#အဝါရောင်စမ်းလမ်းကြောင်း၊ မေ့ပျောက်ခြင်းမြစ်#

Vol. 89 Ch. 1256

#အဝါရောင်စမ်းလမ်းကြောင်း၊ မေ့ပျောက်ခြင်းမြစ်#

Vol. 89 Ch. 1256

လက်ရှိရှိနေသောသူများအတွက် ငရဲတံခါး၏ စိန်ခေါ်မှုက အရမ်းကြီးမခက်ခဲပါ။

မည်သို့ပင်ဆိုစေကာမူ သူတို့က နယ်မြေအသီးသီးက ပါရမီရှင်များဖြစ်ပြီး သူတို့၏ ပါရမီနှင့်ခွန်အားက အရမ်းကြီးမခြားနားပေ။

လူတိုင်း ငရဲတံခါးကို ဖြတ်ကျော်ပြီးသောအခါ အသံကပြန်ပေါ်လာသည်။

"ဒုတိယစိန်ခေါ်မှုက အဝါရောင်စမ်းလမ်းကြောင်းပါ"

ဒီစကားလုံးများပြောလိုက်သည်နှင့် ရှေ့က အဖြူရောင်မြူခိုးများက နှစ်ဘက်စလုံးသို့ ပျံ့သွားပြီး အဆုံးမရှိပုံရပြီး ဘယ်လောက်ထိ ဝေးသလဲဆိုတာ မမြင်နိုင်သည့် လမ်းတစ်လမ်းကို ဖော်ပြသည်။

လမ်းနှစ်ဘက်စလုံးက အဖြူရောင်မြူခိုးများနှင့် ‌ဝေဝါးနေပြီး တစ္ဆေဆန်သည့် လေပြေလေညင်းတစ်စင်း တိတ်ဆိတ်စွာ တိုက်ခတ်ရင်း ဒီမှောင်မိုက်သည့်လမ်းတွင် မှေးမှိန်သည့်မီးအိမ်များ၏ အလင်းကသာ အားနည်းစွာ လွှဲယမ်းနေသည်။

ထန်ကျုံ့ကျောက်အကြံပြုသည်။

"ငါတို့အခြေအနေကို အရင်သွားစစ်ကြည့်သင့်လား"

ရှောင်ဟိုင်အရင်ဆုံးလှုပ်ရှားရန် မရည်ရွယ်ထားသော်လည်း ပတ်၀န်းကျင်ကို တစ်ချက်စိုက်ကြည့်ပြီးနောက် အဝါရောင်စမ်းလမ်းပေါ်သို့ တိုက်ရိုက်လျှောက်သွားသည်။

ရွေးချယ်စရာမရှိတော့သဖြင့် ထန်ကျုံ့ကျောက်လည်း ခေါင်းခါယမ်းကာ သူ့နည်းသူ့ဟန်နှင့် လိုက်သွားရတော့သည်။

ထန်ကျုံ့ကျောက် ရှောင်ဟိုင်နောက်က လိုက်သွားတာကို မြင်ရသောအခါ ကျန်သောအဖွဲ့၀င်များ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြ၏။

သူတို့ထဲက ထန်ကျုံ့ကျောက်ကို သိသောသူနှစ်ယောက်က မေးသည်။

"ထန်ကျုံ့ကျောက်၊ မင်းသူ့ကိုသိတာလား"

ထန်ကျုံ့ကျောက်အပြုံးဖြင့်ပြန်ဖြေသည်။

"ငါအခုသိပြီလေ"

"ဒီလိုပါရမီမျိုးက မင်းရဲ့အနီးကပ်ဆက်နွှယ်မှုနဲ့ ထိုက်တန်လို့လား၊ ဘာပဲဆိုဆို မင်းက ဝိဉာဉ်အနှစ်သာရကျောင်းတော်ရဲ့ ဂုဏ်ယူရသူတစ်ယောက်လေ၊ မင်းမှာ ဂုဏ်သိက္ခာနည်းနည်းလေးတော့ ရှိသင့်တယ်မလား"

ထန်ကျုံ့ကျောက်ရပ်ကာ အပြုံးဖြင့် လှည့်ရင်း တမင်တကာပင်ပြောသည်။

"ဒီထန်က ဘယ်သူနဲ့ပဲပူးပေါင်းပူးပေါင်း၊ မင်းနဲ့မဆိုင်ဘူးမလား၊ ချန်းကျီ"

"မင်း....."

ချန်းကျီ၏အမူအရာက ကြည့်ရဆိုးသွားသည်။

သူ့ဘေးကလူကမူ ရယ်မောကာ ချန်းကျီပခုံးကိုပုတ်လိုက်သည်။

"သွားခွင့်ပေးလိုက်၊ သွားခွင့်ပေးလိုက်၊ သူနဲ့ရင်းနှီးချင်တာဆိုရင်လည်း ခွင့်ပြုပေးလိုက်ပါ၊ ဘာပဲဆိုဆို ရှုံးနိမ့်မှာက ငါတို့မှမဟုတ်တာ"

ထန်ကျုံ့ကျောက် နောက်ထပ်မည်သည့်စကားမှ မဆိုတော့ဘဲ ရှောင်ဟိုင်နောက်က အလျင်အမြန်လိုက်သွားသည်။

သူတို့နှစ်ယောက် အမှောင်ထုလမ်းကြောင်းသို့ အတူတကွ လျှောက်သွားသည့် အခိုက်အတန့်၌ ချက်ချင်းဆိုသလို သူတို့၀န်းကျင်က ဝိဉာဉ်ဟိန်းသံများကိုပင် ကြားနိုင်သည်။

တစ္ဆေများက အော်ဟစ်နေစဉ် အသံလှိုင်းများအဖြစ် ပြောင်းပြီး သူတို့နားထဲ ပြေး၀င်လာသည်။

ဒါကရိုးစင်းသည့် အသံပိုင်းတိုက်ခိုက်မှုတင်မဟုတ်ဘဲ တစ္ဆေဟိန်းသံများက သူတို့နားထဲပြေး၀င်လာစဉ် စိတ်ထဲသို့ စီး၀င်ပြီး မရေမတွက်နိုင်လောက်သည့် အပိုင်းပိုင်းကွဲနေသော မြင်ကွင်းများပေါ်လာသည်။

ဒီမြင်ကွင်းအပိုင်းအစများက သူတို့ကိုယ်ပိုင်အတွေ့အကြုံများမဟုတ်ဘဲ ထိုတစ္ဆေများ၏ အတွေ့အကြုံများဖြစ်ကာ သူတို့ဘ၀များမှ အမှတ်ရစရာအကောင်းဆုံး အရာများလည်းဖြစ်သည်။

အမှတ်ရစရာအကောင်းဆုံးက မေ့မရနိုင်သည့် နာကျင်မှုပေတည်း။

တစ်ကောင်နှစ်ကောင်လောက်က ခံနိုင်ရည်ရှိသော်လည်း ထောင်ချီသော အပိုင်းအစများ စိတ်ထဲကို ရုတ်ချည်း ၀င်လာသောအခါ ရှောင်ဟိုင်ပင်လျှင် မျက်မှောင်ကြုတ်ကာ တွေဝေသွားခဲ့သည်။

ဒီနာကျင်မှုများကို သူကိုယ်တိုင်ပင် ကြုံတွေ့ခဲ့ရသည့်အသွင်။

သူတို့ပိုဝေးဝေးသွားလေလေ၊ တစ္ဆေများက ပိုများလာလေလေဖြစ်ပြီး ရှောင်ဟိုင်စိတ်ထဲ စီး၀င်လာသည့် အပိုင်းအစများကလည်း ပိုတိုးလာသည်။

တဖြည်းဖြည်းသူ့ခြေလှမ်းများက နှေးကွေးလာသည်။

သူ့ဘေးက ထန်ကျုံ့ကျောက်က သက်ရောက်မခံရပုံပေါ်ပြီး သူ့ကိုယ်တစ်ဝိုက်တွင် လည်ပတ်နေသည့် အဖြူရောင်အလင်းက တစ္ဆေအားလုံးကို တွန်းထုတ်ပစ်နေသည်။

ရှောင်ဟိုင် ရပ်နေတာကိုမြင်ရသောအခါ ထန်ကျုံ့ကျောက်ကလည်းရပ်ရင်း မျက်ခုံးကျုံ့ပြီး ရှောင်ဟိုင်ကို ကြည့်နေသည်။

အဝါရောင်စမ်းလမ်းကြောင်းအပြင်တွင် တခြားရှစ်ယောက်က ဒီမြင်ကွင်းကို နှာခေါင်းရှုံ့ကာ ကြည့်နေကြ၏။

"ဒီစိန်ခေါ်မှုက ဝိဉာဉ်ကို အဓိကထားပုံပဲ၊ သွေးကြောနဲ့ ခန္ဓာက ဒီမှာအသုံးမ၀င်ဘူး"

"ဒါဆို သူအကန့်အသတ်ကို ရောက်သွားပုံပဲ" သူတို့ပြောကြသည်။

ချန်းကျီ ရှောင်ဟိုင်ကို အထင်အမြင်သေးစွာကြည့်ပြီးနောက် ထန်ကျုံ့ကျောက်ကို လှည့်ကြည့်သည်။

ဒီလိုလူတစ်ယောက်ဆီကို ဆန္ဒအလျောက် ချဉ်းကပ်တာလား!

ထန်ကျုံ့ကျောက်၊ အိုး ထန်ကျုံ့ကျောက်၊ မင်းအမြင်က တကယ်ပဲ ဒီလောက်ထိ ကျဉ်းမြောင်းတာလား!

ရှောင်ဟိုင်၏အသိစိတ်ပင်လယ်ထဲတွင် မရေမတွက်နိုင်လောက်သည့် အပိုင်းစများ သူ့ဝိဉာဉ်ကို ဆုတ်ဖြဲနေသည်။

သို့သော် ဒီအပိုင်းအစများက သူ့ဝိဉာဉ်၏ အနက်ဆုံးအပိုင်းသို့ ကျူးကျော်ရန် ကြိုးစားသောအခါ အနက်ရောင်ချီအမျှင်စများက မျောလွင့်လာပြီး အသိစိတ်ပင်လယ်အတွင်း အနက်၀တ်ပုံရိပ်တစ်ခုအဖြစ် ပေါင်းစည်းသွားသည်။

ဒီပုံရိပ်က ရှောင်ဟိုင်နှင့်တူပြီး ခက်ထန်ကာ စူးရှသည့်မျက်လုံးများရှိသည်။

"ငါ့ဝိဉာဉ်ကို ဘယ်သူဖျက်ဆီးရဲလဲ"

ပုံရိပ်ဆီကနေ တိုးညင်းသောအသံထွက်လာစဉ် ကြောက်စရာကောင်းသည့် နတ်ဆိုးဆန္ဒကို သယ်‌လာသော အနက်ရောင်အမျှင်စများက ကောင်းကင်ဘုံကိုးသွယ်နတ်ဆိုးတင်းပုတ်များစွာအဖြစ် ပြောင်းလဲကာ ထိုအပိုင်းအစများအား တိုက်ရိုက်ထိုးဖောက်ပစ်သည်။

အပြင်ပကမ္ဘာက လူများကလည်း အံ့ဩသင့်စွာ ကြည့်နေကြသည်။

ရှောင်ဟိုင်ကိုယ်ပေါ်၌ ကြီးမားသည့် နတ်ဆိုးစွမ်းအားတစ်ခု ပေါက်ကွဲသွား၏။

ထိုတွေဝေနေသည့်မျက်သူငယ်အိမ်များ၌ အနက်ရောင်လေအမျှင်စများက ၀န်းရံနေပြီး မရေမရာဖြစ်နေသည့်အရိပ်အယောင်အားလုံးကို ဖယ်ရှားပေးသည်။

အဝါရောင်စမ်းလမ်းကြောင်းတစ်လျှောက်လုံးတွင် မျောလွင့်နေသည့် တစ္ဆေများက ဒီနတ်ဆိုးစွမ်းအား၏ ဖိနှိပ်မှုအောက်တွင် တိုက်ရိုက်ပြိုကွဲသွားကြရသည်။

ရှောင်ဟိုင်နှင့်အနီးဆုံးဖြစ်သည့် ထန်ကျုံ့ကျောက်က ဒီနတ်ဆိုးစွမ်းအားကို ပထမဆုံးခံစားမိသူပင်။

ဒီနတ်ဆိုးစွမ်းအားကို သူခံစားလိုက်မိသည့် အခိုက်အတန့်၌ ထန်ကျုံ့ကျောက်တုန်ယင်သွားပြီး သူ့ပထမဆုံးအတွေးက ရှောင်ဟိုင် သူ့ကို လှည့်စားနေသည်ဟုပင်။

သေမျိုးနယ်မြေက လူတစ်ယောက်က ဒီလိုစွမ်းအားမျိုးကို ဘယ်လိုလုပ်ပိုင်ဆိုင်နိုင်မည်နည်း။

နတ်ဆိုးနယ်မြေက ပါရမီရှင်များတွင်ပင်လျှင် ဒီလောက်ထိအစွမ်းထက်သည့် နတ်ဆိုးစွမ်းအားမရှိပေ။

ချန်းကျီနှင့်နောက်က ကျန်သောသူများကလည်း မထီမဲ့မြင်အကြည့်များကို ရုတ်သိမ်းရင်း ဒီမြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေမိကြသည်။

ဒီနတ်ဆိုးစွမ်းအားက သူတို့ကိုပင် အကြောက်တရားကို ခံစားရစေသည်။

ဒီလိုလူတစ်ယောက်ရဲ့ပါရမီက တကယ်ပဲ ချို့တဲ့နိုင်မှာလား!

ဒီအခိုက်အတန့်၌ ရှောင်ဟိုင်၏ မျက်လုံးများက ကြည်လင်မှုကို ပြန်ရလာသည်။

သို့စေကာမူ ပြင်းထန်သည့်နတ်ဆိုးချီက နောက်မဆုတ်သွားဘဲ ရှေ့သို့သာ ဦးတည်သွားသည်။

ရှောင်ဟိုင်သူ့ဘာသာတီးတိုးပြောလိုက်မိသည်။

"စိတ်ဝိဉာဉ်အပိုင်းအစသုံးခုထဲက နောက်ဆုံးတစ်ခုက ဘာလို့ဒီမှာရှိနေရတာလဲ"

သူ့ဘေးက ထန်ကျုံ့ကျောက် အံ့ဩသင့်သွားရသည်။

"ဘာလဲ"

ရှောင်ဟိုင်မဖြေဘဲ ယင်းအစား တည့်တည့်လျှောက်သွားရင်း မျောလွင့်နေသည့် နတ်ဆိုးချီ၏ လမ်းညွှန်ချက်အတိုင်း လိုက်သွားသည်။

တစ်ရက်အကြာတွင် ဒီအဆုံးမဲ့ အဝါရောင်စမ်းလမ်းကြောင်းက အဆုံးသတ်သွားပုံရသည်။

သို့သော် နတ်ဆိုးချီက ရှေ့သို့မျောလွင့်နေဆဲပင်။

ရှောင်ဟိုင်ရှေ့ဆက်သွားတာကို မြင်ရသောအခါ ထန်ကျုံ့ကျောက် သူ့ကို အမြန်ပြေးဆွဲပြီးပြောသည်။

"တတိယစစ်ဆေးမှုက ရှေ့မှာရှိမှာပါ၊ မင်းအခုရှေ့ဆက်တာကဘာမှ အသုံးမ၀င်ဘူး၊ ကျန်တဲ့သူတွေ ဒုတိယစမ်းသပ်မှုကို ကျော်လွှားတာကို စောင့်ဖို့လိုတယ်"

ဒါကိုကြားသောအခါ ရှောင်ဟိုင် ထိုနေရာတွင်ရပ်ရင်း စောင့်ရုံသာ တတ်နိုင်တော့သည်။

ဒီဒုတိစိန်ခေါ်မှုတွင် တစ်ယောက်ပယ်ချခံခဲ့ရသည်။ အကယ်၍ စိတ်ဝိဉာဉ်အတွက် အထူးကျင့်ကြံခြင်းကိုသာ မလုပ်ဆောင်ခဲ့ပါက အဝါရောင်စမ်းလမ်းကြောင်း၏ ဒီအပိုင်းကို ပြီးမြောက်ရန်ဟူသည် ခက်ခဲသွားပေလိမ့်မည်။

ဒီအဆင့်တွင် ကိုးဦးတည်းသာကျန်ခဲ့သည်။

သေမင်းအော်ရာနှင့် ပြည့်နှက်နေသည့်အသံက ထပ်ပြီးပေါ်လာပြန်သည်။

"တတိယစမ်းသပ်မှုက မေ့ပျောက်ခြင်းမြစ်ပါ"

ဒီစကားလုံးများကိုပြောပြီးသည်နှင့် ရှောင်ဟိုင်အပါအ၀င် လူတိုင်း၏မျက်နှာက ရုတ်တရက်ပြောင်းလဲသွားကြ၏။

သူတို့ချက်ချင်းလေထဲပျံသန်းရန် ကြိုးစားကြသော်လည်း ပျံသန်းမဲ့အစီအရင်တစ်ခုဖြင့် ၀န်းရံထားတာကို တွေ့လိုက်ရပြီး ပျံသန်းခြင်းက မဖြစ်နိုင်တော့ပေ။

တစ်ချိန်တည်းမှာပင် သူတို့ဘေးက ရုတ်တရက် အောက်သို့နစ်၀င်သွား၏။

သူတို့ခြေထောက်အောက်တွင် ဘယ်အချိန်တုန်းသလဲဆိုတာမသိဘဲ မြစ်တစ်စင်းပေါ်လာသည်။

ထိုလူနစ်၀င်သွားသောအခါ ကျန်သောသူများငုံ့ကြည့်လိုက်စဉ် မရေမတွက်နိုင်လောက်သည့် တစ္ဆေလက်များကို မြင်ရပြီး အထည်ကိုယ်ဒြပ်ပင်ရှိနေကာ ထိုလူ၏ ခန္ဓာနှင့် ဝိဉာဉ်ကို စတင်ဝါး‌မြိုနေသည်။

ကြည့်ရသည်မှာ ကယ်တင်ခြင်းဟူ၍မရှိပုံပင်။

ကျန်သောသူများ မေ့ပျောက်ခြင်းမြစ်ထဲ မနစ်သွားစေရန်အတွက် သူတို့၏ခြေထောက်များ၌ ဝိဉာဉ်စွမ်းအင်ကို ဖြည့်သွင်းကာ ဒီကပ်ဘေးကနေ ရှောင်ရှားရုံမျှ ရှောင်ရှားနိုင်ခဲ့ကြသည်။

သို့စေကာမူ ရှေ့ကမြစ်အထက်တွင် မရေအတွင်နိုင်လောက်သည့်တစ္ဆေလက်များက ရေမျက်နှာပြင်ကနေ ရံဖန်ရံခါ ဆန့်ထွက်နေသည်။

ဒါကိုမြင်သောအခါ လူတိုင်း၏ အမူအရာများက လေးနက်သွားကြ၏။

အကယ်၍ သတိမထားမိဘဲ ဒီမေ့ပျောက်ခြင်းမြစ်ထဲ ဆွဲချခံလိုက်ရပါက ကံကြမ္မာက ယခုလေးတင်ကလူကဲ့သို့ ဖြစ်သွားရပေလိမ့်မည်။

ရှောင်ဟိုင်ဘေးရှိ ထန်ကျုံ့ကျောက် လေးနက်စွာပြောသည်။

"ဒီစိန်ခေါ်မှုက ငါ့အတွက်တောင် အန္တရာယ်များတယ်၊ မင်းမြစ်ထဲဆွဲချမခံရအောင် သတိထားရှောင်ရှားဖို့လိုတယ်"

"မင်းမြစ်ထဲကို ဆွဲချခံလိုက်ရတာနဲ့ နတ်ဘုရားတစ်ပါးကတောင် မင်းကို မကယ်တင်ပေးနိုင်တော့ဘူး"

ရှောင်ဟိုင်မတုံ့ပြန်ပေ။ သူကြားခဲ့သလား၊ မကြာခဲ့ဘူးလားဆိုတာကလည်း မရှင်းပေ။

သူအောက်သို့ငုံ့ကြည့်နေပြီး အ၀ါရင့်ရောင် မေ့ပျောက်ခြင်းမြစ်အောက်ခြေကို စိုက်ကြည့်နေခဲ့သည်။

ထိုကြီးမားသည့်နတ်ဆိုးနက်ချီက မြစ်ကြမ်းပြင်ဆီသို့ အမှန်တကယ်ပင် ဦးတည်နေခဲ့သည်။

အပိုင်း(1257) coming။

All Chapters