← Chapters

#သွေးကြောစည်းတံဆိပ်#

Vol. 89 Ch. 1257

#သွေးကြောစည်းတံဆိပ်#

Vol. 89 Ch. 1257

ရှေးရိုးစဉ်လာပုံပြင်များအရ သေမင်းမြစ်ရေက သွေးဝါရောင်ရှိပြီး ပြန်လည်မမွေးဖွားနိုင်သည့် လှည့်လည်နေသော ဝိဉာဉ်များနှင့် မကောင်းဆိုးဝါးတစ္ဆေများဖြင့် ပြည့်နှက်နေကာ အင်းဆက်များနှင့် မြွေများလည်း ရှိပြီး စူးရှသည့်အနံ့အသက်များက အသိအာရုံကို တိုက်ခိုက်သည်ဟု ဆိုကြသည်။

ဒါက သက်ရှိလောကနှင့် ငရဲလောကတို့ကြားက နယ်နိမိတ်လည်းဖြစ်သည်။

ဒီသေမင်းမြစ်အတွင်းမှာပင် ပြန်လည်မမွေးဖွားနိုင်သည့် မရေမတွက်နိုင်လောက်သော အားကောင်းသည့် ဝိဉာဉ်များရှိပြီး ဒီရေထဲတွင်သာလျှင် လှည့်လည်နေနိုင်တော့သည်။

သူတို့ကိုယ်ခန္ဓာတစ်ခုကိုကျူးကျော်၊ စိတ်ဝိဉာဉ်ကိုဝါးမြိုပြီး အပိုင်သိမ်းရန် အိပ်မက်မက်ကြသည်။ ဒါကသာ ဒီသေမင်းမြစ်ကနေ လွတ်မြောက်ပြီး ပြန်လည်၀င်စားနိုင်ရန်အတွက် သူတို့၏ တစ်ခုတည်းသော အခွင့်အရေးပင်။

ထန်ကျုံ့ကျောက် အောက်သို့ စိုက်ကြည့်နေသေးသည့် ရှောင်ဟိုင်ကို ကြည့်ရင်း ရုတ်တရက် မကောင်းသည့် ခံစားချက်တစ်ခုရလာသဖြင့် အလျင်အမြန်ပြောသည်။

"မင်းမြစ်ကြမ်း၀င်ကို သွားဖို့မတွေးတာ ပိုကောင်းမယ်၊ သေမင်းမြစ်က မင်းဝိဉာဉ်ကို ဝါးမြိုပြီး သိမ်းပိုက်ဖို့ကို စောင့်ဆိုင်းနေတဲ့ လှည့်လည်နေတဲ့ ဝိဉာဉ်တွေ၊ မကောင်းဆိုးဝါးတစ္ဆေတွေနဲ့ ပြည့်နှက်နေရုံတင်မက အင်းဆက်နဲ့ အဆိပ်မြွေတွေကလည်း မင်းကိုယ်ခန္ဓာကို အဆက်မပြတ် တိုက်စားနိုင်တယ်"

"ဒီလိုအဆိပ်ငွေ့တွေကို အစစ်အမှန်နတ်ဘုရားနယ်ပယ်(နတ်ဧကရာဇ်နယ်ပယ်) စစ်သည်တစ်ယောက်တောင် မခံနိုင်ဘူး"

နတ်ဧကရာဇ်နယ်ပယ်စစ်သည်များပင် မခံနိုင်သဖြင့် ဒါကပင် သေမင်းမြစ်၏ အန္တရာယ်ကို ပြသနေသည်။

ရှောင်ဟိုင် ထန်ကျုံ့ကျောက်ကို စိုက်ကြည့်သည်။

"ငါသွားကိုသွားရမယ်"

ဒီစကားလုံးများကြောင့် ထန်ကျုံ့ကျောက် ထိတ်လန့်သွားပြီး သူနားချရန်အတွက် ဘာတစ်ခုမှ မပြောနိုင်သေးခင်မှာပင် ရှောင်ဟိုင် ရေမျက်နှာပြင်၌ နတ်ဆိုးနက်ချီဖြင့် ရစ်ပတ်ထားသည့် သူ့ခြေထောက်ကို ဖြေလျှော့လိုက်စဉ် ချက်ချင်းဆိုသလို ၎င်းက ပျောက်ကွယ်သွားတာကို တွေ့လိုက်ရသည်။

ဗွမ်း.......!

ချက်ချင်းဆိုသလို ရှောင်ဟိုင် သူ့နေရာကနေ ပျောက်သွားပြီး သေမင်းမြစ်ထဲ ကျသွားသည်။

ဒီမြင်ကွင်းကိုမြင်သောအခါ လူတိုင်း အနည်းငယ်ထိတ်လန့်သွားကြ၏။

သူတို့ယခုတွေးတောနိုင်သည့် တစ်ခုတည်းသောအရာက......

ဒီလူကစိတ္တဇလား!

သူကိုယ့်ကိုကိုယ်သတ်သေချင်နေတာလား!

ဒါမှမဟုတ် သူသေမင်းမြစ်ကို မဖြတ်ကူးနိုင်တော့ဘူးလို့ တွေးထင်ပြီး လက်လျှော့လိုက်တာလား!

ထန်ကျုံ့ကျောက်၏ အမူအရာကလည်း အနည်းငယ် လေးနက်သွားရသည်။

ဒီနေရာတွင် ချန်းကျီရှေ့တိုးလာပြီး ပြုံးကာထန်ကျုံ့ကျောက်၏ပခုံးကို ပုတ်သည်။

"သနားစရာပဲ၊ မင်းမျက်စိကျသွားတဲ့လူက စိတ္တဇတစ်ယောက်ဖြစ်နေပုံပဲ၊ ကြည့်ရတာ အရင်က မင်းလုပ်ခဲ့တာတွေအားလုံးက အချည်းနှီးဖြစ်သွားပုံရတယ်"

ထန်ကျုံ့ကျောက်အနည်းငယ် ပခုံးတွန့်ရင်း ချန်းကျီ၏လက်ကို ခါထုတ်လိုက်သည်။

ထို့နောက် သူလှည့်ပြီး နောက်သို့ပင်လှည့်မကြည့်ဘဲ သေမင်းမြစ်၏ တခြားတစ်ဘက်သို့ ဦးတည်သွားသည်။

"တခြားသူတွေအကြောင်းကို အရမ်းကြီးဂရုစိုက်နေရမယ့်အစား ကိုယ့်ကိုကိုယ်ပိုဂရုစိုက်သင့်တယ်၊ မင်းစိတ်နေစိတ်ထားနဲ့ ချန်းချန်းကိုယှဉ်ပြိုင်ပြီး ရတနာခုနှစ်သွယ်သူတော်စင်ဂိုဏ်းရဲ့ သူတော်စင်သားတော်ရာထူးကို အရမယူနိုင်တာ အံ့ဩသင့်စရာမရှိတော့ပါဘူးလေ"

ဒီစကားလုံးများအပေါ် ချန်းကျီအံကြိတ်ရင်း သူ့မျက်နှာက အလွန်အမင်း ကြည့်ရဆိုးနေသည်။

ဒါက သူ့၏အနက်ရှိုင်းဆုံး အထိမခံသည့်အပိုင်းကို ထိစေသည်။

"ငါတို့မတိုက်တာတောင် အတော်လေးကြာနေပြီ၊ စတုတ္ထမြောက်စမ်းသပ်မှုအတွင်း တိုက်ပွဲမှာ ထန်ကျုံ့ကျောက်ဆိုတဲ့ မင်းက မင်းရဲ့ သူတော်စင်တစ်ရာခရမ်းမျက်လုံးကို ဘယ်လောက်ထိ ကျင့်ကြံထားသလဲဆိုတာ ငါမြင်ချင်မိတယ်"

ထန်ကျုံ့ကျောက်လက်ဝှေ့ယမ်းသည်။

"မင်းမြင်ရမှာပါ"

ထန်ကျုံ့ကျောက် ဆန့်ကျင်ဘက်ကမ်းခြေသို့ ဦးဆောင်သွားတာကို မြင်ရ‌သောအခါ ချန်းကျီနှင့် ကျန်သောသူများကလည်း သတိထားပြီး လိုက်ပါလာကြ၏။

......

သေမင်းမြစ်အထက်က တစ်နေရာရာ၌ လူသုံးယောက်က ဟင်းလင်းပြင်ထဲတွင်ရှိနေပြီး သူတို့ရှေ့၌ဖြစ်ပျက်နေသည့်မြင်ကွင်းကို စောင့်ကြည့်နေကြသည်။

သူတို့ထဲကနှစ်ယောက်က ရှောင်ဟိုင်ကို ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်ကို ခေါ်လာသည့် အကြီးအကဲနှစ်ဦးဖြစ်သည်။

ရှောင်ဟိုင် သေမင်းမြစ်ထဲကို အလိုတူ ခုန်ဆင်းသွားတာကိုမြင်သောအခါ အကြီးအကဲနှစ်ဦးစလုံး ထိတ်လန့်သွားကြ၏။

"သူဘာလုပ်ဖို့ကြိုးစားနေတာလဲ၊ သေခြင်းတရားကို ရှာနေတာလား"

"ဒါ့အပြင် သူကစွမ်းအားကုန်ခမ်းသွားပုံလည်းမပေါ်ပါဘူး၊ ဒါပေမယ့် သေမင်းမြစ်ရဲ့အနက်ပိုင်းကို ဆန္ဒရှိရှိငုပ်ဆင်းသွားတာလား"

အလယ်က ငယ်ရွယ်ပုံရသည့်လူကမူ စိတ်၀င်စားစွာရယ်မောသည်။

"အရှင်၊ ဘယ်လိုလုပ်ရယ်နိုင်ရတာလဲ၊ ဒီလူက အရှင်ရွေးချယ်ထားတဲ့သူလေ၊ နောက်ဆုံးနှစ်ခုကို မရောက်ခင်မှာ သူက ကိုယ့်ကိုကိုယ်သတ်သေတဲ့ လှုပ်ရှားမှုတစ်ခုလုပ်ပစ်ခဲ့တယ်၊ အရှင်စိတ်မပူဘူးလား"

"ကျွန်တော်သူ့ကိုကယ်တင်ရမလား"

"မလိုဘူး" ထိုလူက လက်ဟန်ပြရင်း ပြုံးသည်။

"သူကအဲဒီလူရဲ့တပည့်ဆိုမှတော့ သူ့လုပ်ရပ်တွေမှာ ကိုယ်ပိုင်အကြောင်းရင်း ရှိရမယ်"

"ဒါ့အပြင်....အရင်စမ်းသပ်မှုနှစ်ခုကနေ သူ့သွေးကြောရောဝိဉာဉ်ပါ အတော်လေးထူးခြားတာကို မြင်နိုင်တာပဲလေ..."

ဒါကိုကြားသောအခါ အကြီးအကဲနှစ်ဦး ဘာတွေးရမှန်းမသိဘဲ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။ သို့စေကာမူ ယခုလိုပြောလုပြီဖြစ်သဖြင့် သူတို့လုပ်နိုင်တာဟူ၍ စောင့်ကြည့်ရုံသာရှိတော့သည်။

.....

သေမင်းမြစ်အောက်ခြေ!

သွေးဝါရောင်ရေထဲတွင် အဆိပ်ပြင်းမြွေနှင့် အင်းဆက်များကူးခတ်နေပြီး မျက်နှာမဲ့တစ္ဆေများကမူ တရားမျှတမှုအတွက် ငိုကြွေးမြည်တမ်းနေကြ၏။

ရှောင်ဟိုင် ရေကန်အောက်ခြေကို ကျသွားသည့်အခိုက် သူ့နှာခေါင်းထဲသို့ ၀င်လာသည့် ငါးညှီနံ့တစ်ခုကို ချက်ချင်းခံစားနိုင်ပြီး သူ့အင်္ဂါငါးခု၊ ဒွာရခြောက်ပေါက်နှင့် သွေးကြောများထဲသို့ တိုက်ရိုက်စိမ့်၀င်သွားသည်။

ဒီအနံ့အသက်က အသက်ရှူပါက အတော်လေးဆိုသည်သာမက ပိုသေစေတာက အချိန်အတော်ကြာစုပုံနေသည့် အဆိပ်အတောက်များ ပါ၀င်ခြင်းပင်။

ဒီအဆိပ်များက ကိုယ်ခန္ဓာရောဝိဉာဉ်အတွက်သာ သေစေလောက်သည့် ခြိမ်းခြောက်မှုတစ်ခုကို ဖြစ်စေသည့်အပြင် မြွေများနှင့် အင်းဆက်များ၏ အသားအရတွက် ရည်ရွယ်ထားသည့် အဆိပ်များဖြစ်စေ၊ မရေမတွက်နိုင်လောက်သော တစ္ဆေများကို စုစည်းစေသည့် အာဃာတအဆိပ်ဖြစ်စေ၊ သူ့ကိုယ်ခန္ဓာရော ဝိဉာဉ်ကိုပါ နှစ်ထပ်ကွမ်းတိုက်ခိုက်မှုပေတည်း။

ဒါကိုရှုသွင်းလိုက်ရုံမျှနှင့် အဆိပ်ငွေ့များဖြတ်သွားသည်ါနေရာက စတင်ဆွေးမြေ့လာနေတာကို ရှောင်ဟိုင်ရှင်းလင်းစွာ မြင်နိုင်သည်။

နတ်ဧကရာဇ်နယ်ပယ်စစ်သည်များပင်လျှင် ဒီအဆိပ်စွမ်းအားကို ခုခံရန်အတွက် ရုန်းကန်ရန်လိုအပ်သည်ဟု ထန်ကျုံ့ကျောက် ပြောဆိုခဲ့သည်မှာ အံ့ဩသင့်စရာမရှိတော့။

သို့စေကာမူ ဒီအဆိပ်ငွေ့များ သူ့သွေးကြောများထဲ စိမ့်၀င်သွားသည့်အခိုက် ရှောင်ဟိုင်ကိုယ်ထဲက ရွှေရောင်အလင်းတန်းတစ်ခု ပွင့်ထွက်လာခဲ့သည်။

ရွှေရောင်အလင်းဖြတ်သွားသည့် နေရာတိုင်းတွင် အဆိပ်ငွေ့များက ချက်ချင်းအရည်ပျော်သွားကြရသည်။

ဒီအတွက်ကြောင့်လည်း ရှောင်ဟိုင်အောက်ကို တိုက်ရိုက်ဆင်းလာရဲခြင်းပင်။

ဆရာ၏သွေးအဆီအနှစ်!

ဆရာ့အဆင့်တွင် သူ့သွေးကြောက သဘာ၀အတိုင်းပင် အဆိပ်အားလုံးကို ခုခံနိုင်စွမ်းရှိလာသည်။

အနည်းဆုံးတော့ ဒီအဆင့်အဆိပ်များက ဆရာ၏ ဒီသွေးအဆီအနှစ်သွေးတစ်စက်လေးနှင့်ပင် ယှဉ်ရန် အခွင့်အလမ်းမရှိပါ။

ဒါက ရှောင်ဟိုင်ကိုယ်တိုင် ယူဆောင်ခဲ့သည့် စွန့်စားမှုတစ်ခုလည်းဖြစ်သည်။

သို့သော် တခြားနည်းလမ်းမရှိပါ။ သူ့စိတ်ဝိဉာဉ်သုံးခုအနက်တစ်ခုဖြစ်သည့် ဒီဝိဉာဉ်အပိုင်းအစကို သူရနေသရွေ့ သူ့၏စိတ်ဝိဉာဉ်သုံးခုနှင့် ဝိဉာဉ်ခုနှစ်ခုတို့ကို တွေ့ရှိသွားမည်ဖြစ်ကာ သူ့ခွန်အားကလည်း အရင်ကထက် ပိုမြင့်တက်သွားပေလိမ့်မည်။

ပိုအရေးကြီးတာက သူသတင်းအချက်အလက်များ ပိုရနိုင်ပေလိမ့်မည်။

ထိုသေတ္တာနက်ထဲတွင် တကယ်ပဲ ဘာရှိခဲ့လေသနည်း။

ဒီဝိဉာဉ်အပိုင်းအစက သူ့ကို အဖြေပေးနိုင်မလားဆိုတာ ရှောင်ဟိုင်သိချင်မိသည်။

နတ်ဆိုးနက်ချီက အောက်ခြေအထိ အဆက်မပြတ်ဆန့်ထွက်နေပြီး ရှောင်ဟိုင်ကလည်း သူ့ကိုယ်ကိုထိန်းချုပ်ရင်း ပိုနက်နက်ငုပ်လျှိုးလိုက်၏။

ဒီအခိုက်အတန့်မှာပင် မရေမတွက်နိုင်လောက်သည့် ဟိန်းနေသည့်အသံများက ဘက်ပေါင်းစုံကနေ လွင့်မြောလာကြ၏။

ရှောင်ဟိုင်သူ့ပတ်လည်သို့ ကြည့်လိုက်သောအခါ မြောက်မြားစွာသောတစ္ဆေလက်များက သူ့လက်မောင်း၊ ခြေထောက်များနှင့် လည်ပင်းကိုပင်လျှင် ဖမ်းကိုင်ထားကြသည်။

သူချက်ချင်းဆိုသလို လုံး၀မလှုပ်ရှားနိုင်တော့။

ဒီနေရာကတစ္ဆေများက အနည်းဆုံး နတ်ဘုရင်နယ်ပယ်ခွန်အားရှိကြပြီး နတ်သခင်များပင်လျှင်ရှိကြသည်။

ရှောင်ဟိုင်၏ အမူအရာက အနည်းငယ် သုန်မှုန်သွားသည်။

သူညင်သာစွာအော်ဟစ်လိုက်စဉ် နတ်ဆိုးဘုရင်ချပ်၀တ်က သူ့တစ်ကိုယ်လုံးကို ဖုံးသွားပြီး မျဉ်းခုနှစ်ကြောင်းက ကိုယ်မျက်နှာပြင်၌ ချက်ချင်းပေါ်လာကာ သွေးကြောစွမ်းအားက ပေါက်ကွဲသွား၏။

ဒီအ‌ခြေအနေရပ်ကို ရင်ဆိုင်ရစဉ် ရှောင်ဟိုင်အနည်းငယ်မျှပင် မထိန်ချန်ထားရဲပေ။

လက်ထဲတွင် ကောင်းကင်ဘုံကိုးသွယ်နတ်ဆိုးတင်းပုတ်ကိုကိုင်ရင်း ရှောင်ဟိုင် ချဉ်းကပ်လာနေသည့်တစ္တေတိုင်းကို လွှဲယမ်းပစ်ကာ သူ့ကိုယ်ခန္ဓာက တစ်ပြိုင်နက်တည်း အောက်သို့ဆက်ရွေ့နေသည်။

သို့စေကာမူ သူပို၍နက်နက်သွားလေလေ၊ တစ္ဆေများကပိုများလာပြီး သူတို့၏ စွမ်းအားပင်လျှင် အားကောင်းလာပုံရသည်။

အမွေးတိုင်တစ်တိုင်စာခန့်အချိန်အတွင်း ရှောင်ဟိုင်ကိုယ်ထဲတွင် အရိုးတမျှနက်ရှိုင်းသည့် ဒဏ်ရာများပင်ရှိနေလေပြီ။

မည်သို့ပင်ဆိုစေကာမူ ဒီအရာများက တစ္ဆေများဖြစ်ပြီး သူတို့၏တိုက်ခိုက်မှုက ချပ်၀တ်ကို တစ်စိတ်တစ်ပိုင်းစိမ့်၀င်နိုင်ပြီး ရှောင်ဟိုင်၏အသားကို တိုက်ရိုက်ထိခိုက်သည်။

သူ့သွေးကြော၏ အလိုလိုကုသနိုင်စွမ်းသာမရှိပါက တခြားသူတစ်ယောက်သာဆိုပါက ယခုအချိန်တွင် တစ္ဆေများနှင့် ပိုးမွှားများ၏ လွှမ်းမိုးခြင်းနှင့် ဝါးမြိုခြင်းကို ခံရနေလောက်ပြီ။

နောက်ထပ်အမွေးတိုင်တစ်တိုင် ကုန်ဆုံးသွားပြီးနောက် ရှောင်ဟိုင် သေမင်းမြစ်ခေါ် မေ့ပျောက်ခြင်းမြစ်၏ မြစ်ကြမ်းပြင်ကို ရောက်လာသည်။

သို့သော် ဒီကိုရောက်သောအခါ နတ်ဆိုးနက်ချီက ပျံ့သွားတာကို တွေ့လိုက်ရသည်။

၎င်းက တည်နေရာမျိုးစုံနှင့် ဘက်ပေါင်းစုံသို့ ပျံ့သွားသည်။

ကြည့်ရသည်မှာ စိတ်ဝိဉာဉ်က ဘယ်နေရာတွင်မဆို ရှိနိုင်ပုံပင်။

ဒါကိုမြင်သော် ရှောင်ဟိုင် တစ္ဆေများ၏ တိုက်ခိုက်မှုကနေ ကာကွယ်ရင်း တွေးနေသည်။

ငါ့ဝိဉာဉ်အပိုင်းအစက ဒီမှာရှိခဲ့တာ ကြာလွန်းလို့ တခြားတစ္ဆေတွေရဲ့ အနှစ်သာရတွေနဲ့ ပြည့်နှက်သွားတာများလား!

ဒီလိုဆိုပါက သူပြင်းထန်အားကောင်းသည့် တည်ရှိမှုရှိသော စိတ်ဝိဉာဉ်တစ်ခုကို ရှာဖွေရပေမည်။

ဒါပေမယ့် ငါ့လက်ရှိအခြေအနေနဲ့ ဒါကို ခံစားဖို့ ငါဘယ်လိုငြိမ်သက်နေနိုင်မှာလဲ!

"ကြည့်ရတာ ငါ့မှာ သွေးကြောစည်းတံဆိပ်ကို ဖွင့်ဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိပုံပဲ"

အပိုင်း(1258) coming။

All Chapters