#စိတ်ရှုပ်ထွေးခြင်း၊ တိုက်ပွဲစပြီ#
Vol. 89 Ch. 1259
ကျယ်ပြန့်သည့် မှတ်ဉာဏ်အပိုင်းအစများက ရှောင်ဟိုင်၏အသိစိတ်ပင်လယ်ထဲ စီးဆင်းလာခဲ့သည်။
ရှောင်ဟိုင် နောက်ဆုံးတော့ နတ်ဆိုးဘုရင်ပိုင်နက်တွင် ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို မှတ်မိသွားပြီဖြစ်သည်။
သို့သော် ထိုအဖြူ၀တ်လူက မည်သူပင် ဖြစ်လေသနည်း။
သူ့နောက်ခံအကြောင်းပြောရပါက လက်ရှိအခြေအနေကို သုံးသပ်ကြည့်ပါက သူက ငရဲနတ်ဆိုးဒေသနှင့် နီးစပ်စွာ ဆက်နွှယ်နေသည်။
သို့သော် တကယ်လို့သူက ငရဲနတ်ဆိုးဒေသက ဆိုပါက အဖြူ၀တ်လူက သူ့ကို မည်သည့်အတွက်ကြောင့် သေမျိုးနယ်မြေသို့ ပို့ဆောင်ရလေသနည်း။
သူ့ကို နတ်ဆိုးဘုရင်ပိုင်နက်က မွေးစားမိဘများထံ ပို့ဆောင်ခဲ့သည်။
ဒီအရာအားလုံးက တစ်ခုပြီးတစ်ခု လျှို့ဝှက်ဆန်းကြယ်မှုများဖြစ်လာသည်။
ဒီလျှို့ဝှက်ဆန်းကြယ်မှုများအပြင် သူ့စိတ်ဝိဉာဉ်အပိုင်းအစတစ်ခုက ဘာကြောင့် ငရဲကိုးဘုံမြေအောက်ကမ္ဘာတွင် ပေါ်လာရသလဲဆိုတာကိုလည်း ရှောင်ဟိုင်တွေးနေမိသည်။
ကောင်းကင်နတ်ဆိုးနည်းစနစ်ကိုသုံးစဉ်က သူ့ဝိဉာဉ်ကို စိတ်ဝိဉာဉ်နှစ်ခုနှင့် ဝိဉာဉ်ခြောက်ခုအဖြစ် ခွဲပစ်ကာ သေမျိုးနယ်မြေ၏ နေရာစုံတွင်ပျံ့စေပြီး ပြန်လည်မွေးဖွားရန် သူ့အတွက် စိတ်ဝိဉာဉ်တစ်ခုနှင့် ဝိဉာဉ်တစ်ခုသာ ကျန်ရစ်စေခဲ့သည်ဟု ဆိုထားသည်။
ဒီလိုဆိုပါက မည်သည့်အတွက်ကြောင့် ငရဲကိုးဘုံမြေအောက်ကမ္ဘာ၌ အဆုံးသတ်သွားရလေသနည်း။
သူတိမ်အိပ်မက်ရွှံ့ဗွက်အိုင်တွင် ရှိတုန်းကလည်း စီနီယာရှန်းလျိုက သူ့ကိုကယ်တင်လာဖို့အတွက် စောင့်နေခြင်းဖြစ်သည်ဟု ပြောဖူးသည်။
ဒါကိုစဉ်းစားကြည့်ပါက သူ့ဝိဉာဉ်အပိုင်းအစကို တစ်ယောက်ယောက်က ထိုနေရာသို့ ယူဆောင်သွားခဲ့သည်လား။
သူ့မှတ်ဉာဏ်ထဲက အဖြူ၀တ်လူဖြစ်လောက်လား။
ဆရာပြောခဲ့သည့် မြင်ကွင်းများနောက်ကွယ်က ဥာဏ်ကြီးရှင်က အဖြူ၀တ်လူဖြစ်နိုင်သလား!
မေ့ပျောက်ခြင်းအောက်ခြေ၌ ရှောင်ဟိုင် မျက်လုံးဖြည်းဖြည်းချင်းဖွင့်လိုက်စဉ် စိတ်ရှုပ်ထွေးမှုနှင့် လေးနက်မှုဖြင့် ပြည့်နှက်နေသည်။
သူ့နောက်ခံ၏လျှို့ဝှက်ဆန်းကြယ်မှုက ဒီလောက်ထိမရိုးရှင်းပေ။
ဖြစ်နိုင်တာက ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်၏ အထက်ပုဂ္ဂိုလ်များကို မေးပြီးနောက် သူသဲလွန်စတစ်ချို့တွေ့ရနိုင်သည်။
သို့သော်သူ့ရည်ရွယ်ချက်က အောင်မြင်သွားပြီဖြစ်လေရာ ယခုအချိန်က ဒီကနေ ထွက်ရမည့်အချိန်ပေတည်း။
ရှောင်ဟိုင်မော့ကြည့်ပြီး ရေမျက်နှာပြင်ဆီသို့ ပြေးတက်သွား၏။
ရှောင်ဟိုင်ဖြတ်သွားသည့် နေရာတိုင်းတွင် အဆိပ်အတောက်များအားလုံး ပျောက်သွားပြီး မြွေများ၊ အင်းဆက်များနှင့် ပြွတ်သိပ်ကျပ်နေကြသည့် တစ္ဆေများက သူ့အတွက် လမ်းခင်းပေးသည်။
သူ့အနီး၀န်းကျင်၌ ဝဲလည်နေသည့် နတ်ဆိုးချီက သူတို့ကို ခြိမ်းခြောက်နေသည့်အသွင်။
.....
လေးရက်ကုန်ဆုံးသွားလေပြီ။
မေ့ပျောက်ခြင်းမြစ်၏ တခြားတစ်ဘက်တွင် ထန်ကျုံ့ကျောက်နှင့် ကျန်သောသူများ၏ မျက်လုံးထဲတွင် အံ့ဩသင့်မှုများပေါ်လာခဲ့သည်။
ဒီနေရာတွင်ရှိနေသောမည်သူမှ မေ့ပျောက်ခြင်းမြစ်၏ အောက်ခြေတွင် ယခုလို လေးရက်ကြာကြာခံနိုင်ရည်မရှိပေ။
တစ်ချို့က ထင်ကြေးပင်ပေးကြသည်။
ရှောင်ဟိုင်သေဆုံးသွားတာ အတော်လေးကြာနေပြီး အောက်က တစ္ဆေတစ်ကောင်က ပိုင်ဆိုင်သွားလို့ ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်က အထက်ပုဂ္ဂိုလ်တွေ ဒါကို ချက်ချင်းသတိမထားမိဘဲ ရှောင်ဟိုင် အသက်ရှင်နေတုန်းလို့ သူတို့ကို ယုံကြည်စေတာလား!
သို့စေကာမူ ဒီထင်ကြေးကို ထန်ကျုံ့ကျောက် ချက်ချင်းပယ်ချခဲ့သည်။
သူပြောသည်။
"မင်းတို့ဦးနှောက်ကလည်း ချန်းကျီလိုပဲ အလုပ်မလုပ်ဘူးလား၊ ငရဲကိုးဘုံမြေအောက်ကမ္ဘာရဲ့ အထက်ပုဂ္ဂိုလ်တွေက ဘယ်လောက်တောင်အားကောင်းလဲ၊ မေ့ပျောက်ခြင်းမြစ်ထဲမှာ ပျောက်ဆုံးနေတဲ့ ဝိဉာဉ်များစွာကိုတောင် နှိမ်နင်းနိုင်တာကို သူတို့ဒါကို မဖော်ထုတ်နိုင်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
သို့သော် စတုတ္ထနေ့တဖြစ်လဲ ယနေ့တွင်မူ ထန်ကျုံ့ကျောက်ပင်လျှင် ဒီဖြစ်နိုင်ချေကို နှလုံးသားထဲကနေ မတွေးပဲမနေနိုင်တော့။
မည်သို့ပင်ဆိုစေကာမူ ဒီကြာချိန်က လက်ခံနိုင်စရာမရှိပေ။
ဒီအချိန်မှာပင် ထန်ကျုံ့ကျောက်၏ မျက်နှာက အရင်ဆုံးပြောင်းလဲသွားပြီး သူ့မျက်သူငယ်အိမ်များက ကျုံ့သွားကာ မေ့ပျောက်ခြင်းမြစ်အလယ်သို့ စိုက်ကြည့်နေသည်။
ချန်းကျီနှင့် ကျန်သောသူများကလည်း နတ်ဆိုးချီနှင့် မြစ်ထဲကလာသည့် ဆူညံသံများကြောင့် ဆွဲဆောင်ခံလိုက်ရသည်။
ဗွမ်း.......!
မြစ်မျက်နှာပြင်ကနေ အရိပ်နက်တစ်ခု ရုတ်တရက် ခုန်ထွက်လာသည်။
ထို့နောက် ချက်ချင်းဆိုသလို ရှောင်ဟိုင်၏ပုံရိပ်က ထန်ကျုံ့ကျောက်နှင့် ကျန်သောသူများရှေ့တွင် ကျသွားသည်။
လူတိုင်း ရှောင်ဟိုင်ကို အံ့ဩသင့်နေသည့် အမူအရာများဖြင့် ကြည့်နေကြ၏။
သူ့ကိုယ်ပေါ်၌ ဒဏ်ရာများမရှိသည့်အပြင် သူ့ရုပ်ခွန်အားကလည်း အရင်ကထက် ပိုနက်ရှိုင်းအားကောင်းလာပုံပင်။
သူ အစစ်အမှန်နတ်ဘုရားနယ်ပယ်သို့ ခြေချ၀င်ရောက်သွားသည့်အလားပင်။
ပို၍အာရုံစိုက်စရာကောင်းတာက ရှောင်ဟိုင်ကိုယ်မှ ထုတ်လွှတ်နေသည့် နတ်ဆိုးချီဖြစ်ပြီး အရင်ကထက်ပို၍ပင် ဖိနှိပ်မှုရှိသလို သူတို့နှလုံးသားထဲ၌ အလိုမတူသည့် အညံ့ခံမှုခံစားချက်တစ်ခုကို ဖြစ်စေသည်။
ထန်ကျုံ့ကျောက် အလျင်အမြန်ရှေ့တက်ကာ မေးသည်။
"မင်းဘယ်လိုနေလဲ"
ထန်ကျုံ့ကျောက်က အတော်လေးပါးနပ်သောသူတစ်ယောက်ဟု ဆိုရပေမည်။ ရှောင်ဟိုင် အောက်တွင်ဘာလုပ်နေသလဲ သို့မဟုတ် ဘယ်လိုလျှို့ဝှက်ရတနာမျိုးကို ရခဲ့သလဲဆိုတာ တိုက်ရိုက်မမေးပေ။
ဒီလိုအရေးကြီးသောကိစ္စမျိုးက ပြောရန်အတွက် ဆန္ဒရှိနေသရွေ့ မေးစရာမလိုဘဲ ပြောလာမည်သာ။
သို့သော် ထန်ကျုံ့ကျောက်သာ မေးလိုက်ပါက သူ့အပေါ် ရှောင်ဟိုင်၏ ယုံကြည်မှုကိုလည်း လျော့ကျသွားစေလိမ့်မည်။
ရှောင်ဟိုင်ခေါင်းခါယမ်းသည်။
"ဘာမှမဖြစ်ပါဘူး"
ထန်ကျုံ့ကျောက်အနည်းငယ် ခေါင်းညိတ်ရင်း နှလုံးသားထဲကနေ သက်သာရာရသွားသလို ခံစားလိုက်ရသည်။
ကြည့်ရသည်မှာ သူလောင်းကြေးထပ်ခဲ့တာမမှားပေ။ ရှောင်ဟိုင်တွင် သင့်တော်သည့် အရည်အချင်းရှိသဖြင့် သူ့ကို မဟာမိတ်ဖွဲ့ရန်အတွက် တက်ကြွစေသည်။
ဒီအချိန်မှာပင် အသံက နေရာတိုင်းတွင် ထပ်မံပျံ့သွားသည်။
"စတုတ္ထမြောက်စမ်းသပ်မှု၊ ဒီမှာမြင်နိုင်တဲ့နေရာတိုင်းက စည်းမျဉ်းတွေမရှိတဲ့ စစ်မြေပြင်ပဲ၊ နောက်ဆုံးကျန်ရစ်သူနှစ်ယောက်က နောက်ဆုံးအဆင့်ကို တက်နိုင်မယ်"
မေ့ပျောက်ခြင်းမြစ်ပျောက်ကွယ်သွားပြီး ပတ်၀န်းကျင်က အရိုးစုမြေတစ်ခုအဖြစ် ပြောင်းသွားသည်။
သင်္ချိုင်းကျောက်တိုင်များ၊ အရိုးစုများ၊ ဓားကျိုးများက အဆုံးမရှိဘဲ နေရာတိုင်းတွင် ပျံ့နေသည်။
ဓားများက မြေကြီးပေါ်တွင် ထိုစိုက်ထားသဖြင့် မြေကြီးက အပေါက်တစ်ထောင်နှင့် ပြည့်နှက်နေသည်။
တိုက်ပွဲစတင်လေပြီ။
ဘယ်သူမှ အလျင်မလိုကြပေ။
ဒီနေရာတွင်ရပ်နေကြသူများက တူညီသည့်အင်အားစုက လာကြခြင်းမဟုတ်ပါ။ သူတို့အချင်းချင်းကြားဖူးကြလောက်သော်လည်း ဒါက အချင်းချင်းယုံနိုင်သည်ဟု ဆိုလိုနေခြင်းမဟုတ်။
ထန်ကျုံ့ကျောက် ရှောင်ဟိုင်နှင့်အတူရပ်ပြီး မဟာမိတ်တစ်ခုဖွဲ့နေတာ ရှင်းပါသည်။
သို့စေကာမူ အရင်ဆုံးမဟာမိတ်ဖွဲ့သူများက အမြဲလိုလို တခြားသူများ၏ ပစ်မှတ်ထားခံရသူများသာဖြစ်သည်။
ချန်းကျီ ထန်ကျုံ့ကျောက်ကိုကြည့်ရင်း လှောင်ပြောင်လိုက်သည်။
"ကြည့်ရတာ မင်းသူနဲ့အတူ တိုက်ပွဲ၀င်ဖို့ စိတ်ပိုင်းဖြတ်ထားပုံပဲ"
ထန်ကျုံ့ကျောက် ချန်းကျီအားကြည့်ပြီး ပြုံးသည်။
"မင်းငါနဲ့ယှဉ်ပြိုင်ချင်တာမလား၊ အခုက အခွင့်ကောင်းပဲလေ"
"တစ်ယောက်ချင်းတိုက်ပွဲလား" ချန်းကျီရယ်မောသည်။
"ဒါက အုပ်စုလိုက်တိုက်ပွဲပဲ၊ မင်းတို့နှစ်ယောက်က အရင်ဆုံးမဟာမိတ်ဖွဲ့တာဆိုတော့ ငါတို့ မင်းတို့ကိုကန်ထုတ်ပစ်တာက သဘာ၀ကျတယ်လေ"
ကျန်ငါးယောက်ကလည်း ချန်းကျီထံ ချဉ်းကပ်သွားကြ၏။
ကောတာလဲ့ ချန်းကျီဘေးတွင်ရပ်ပြီး ဆေဘာဓားကြီးကို ပခုံးပေါ်တင်ရင်း ကျယ်လောင်စွာရယ်မောသည်။
"မင်းတို့နှစ်ယောက် မဟာမိတ်ဖွဲ့တယ်ဆိုတော့ မင်းတို့က နောက်ထပ်စမ်းသပ်မှုအတွက် စိန်ခေါ်သူတွေကို ပိတ်ဆို့ပစ်ဖို့ ကြိုးစားနေတာလေ၊ ဒါကပြီးပြည့်စုံနေတာပဲမလား"
ဒါကိုမြင်သော် ထန်ကျုံ့ကျောက်ခေါင်းညိတ်သည်။
"ကြည့်ရတာ မင်းက အရမ်းမတုံးအဘူးဘဲ"
ချန်းကျီဒေါသတကြီး ချေပရန်ပြင်လိုက်စဉ် ရှောင်ဟိုင်မျက်မှောင်ကြုတ်သည်။
"ငါတို့တိုက်ခိုက်မှာလား၊ မတိုက်ခိုက်ဘူးလား၊ ငါအလျင်လိုနေတယ်"
ရှောင်ဟိုင်ဒီစမ်းသပ်မှုများကို အမြန်ပြီးမြောက်ချင်ပြီး သူ့ဝိဉာဉ်အပိုင်းအစ ဒီနေရာတွင် ဘာကြောင့်ပေါ်လာသလဲဆိုတာကို သိရရန်အတွက် ငရဲကိုးဘုံမြေအောက်နန်းတော်မှ လက်ရှိအာဏာအရှိဆုံးသူနှင့် တွေ့ဆုံချင်သည်။
ရှောင်ဟိုင်၏စကားလုံးများကို ကြားသောအခါ ချန်းကျီ၏ဒေါသက ရယ်မောသံအဖြစ် ပြောင်းလဲသွားသည်။
"ဟားးး၊ မင်းရဲ့ရုပ်ခန္ဓာနယ်ပယ်က နတ်ဧကရာဇ်နယ်ပယ်ကို ချိုးဖျက်သွားတယ်ဆိုရင်တောင် ငါတို့ပြိုင်ဘက်မဟုတ်သေးပါဘူး"
"မင်းသေမျိုးနယ်မြေကလာတာလို့ ငါကြားတယ်၊ လွန်ခဲ့တဲ့နှစ်သောင်းကျော်ကဆိုရင်တော့ သေမျိုးနယ်မြေက စိုးရိမ်စရာဖြစ်လောက်ပေမယ့် အခုကတော့.... မင်းလိုလူတစ်ယောက် မွေးထုတ်ပေးနိုင်တာကတင် အတော်လေးထူးခြားနေပြီ"
ထန်ကျုံ့ကျောက် ရှောင်ဟိုင်အား ကြည့်သည်။
"ရန်စမနေနဲ့တော့၊ အခုလူတိုင်းလွတ်လပ်နေတော့ ငါတို့....."
သို့စေကာမူ သူစကားမဆုံးနိုင်သေးခင်မှာပင် ရှောင်ဟိုင်အရိပ်တစ်ခုအဖြစ် ပြောင်းသွားပြီး ပစ်၀င်သွား၏။
ထန်ကျုံ့ကျောက် နဖူးရိုက်လိုက်မိသည်။
ဒါဘယ်လိုမဟာမိတ်နည်းဗျူဟာမျိုးလဲ!
အားလုံးအတွက် တစ်ယောက်စီရှိတယ်လေ!
ပြီးတော့ဒါကဘာလဲ၊ သေမျိုးနယ်မြေက ခန္ဓာကျင့်ကြံသူတိုင်းက ဒီလိုမျိုး မဆင်မခြင်၊ ကမူးရှူးထိုးလုပ်တတ်တဲ့ သူတွေလား!
ရှောင်ဟိုင်သူ့ထံပြေး၀င်လာတာကို မြင်ရသောအခါ ချန်းကျီအေးစက်စွာ နှာမှုတ်ရင်း သူ့လက်အစုံက ရွှေရောင်အလင်းဖြင့် တောက်ပနေသည်။
"သူ့ကိုငါနဲ့လွှဲထားခဲ့၊ မင်းတို့က ထန်ကျုံ့ကျောက်ကို အရင်ဆုံးဖြုတ်ချဖို့ အင်အားစုတွေ ပူးပေါင်းကြ"
ဒါကိုကြားသော် ကောတာလဲ့နှင့် ကျန်သောသူများ ခေါင်းညိတ်ကြသည်။
ဒါကသူတို့တွေးနေသည့်အရာလည်းဖြစ်သည်။
တည်ရှိနေသူများအနက် ထန်ကျုံ့ကျောက်က အားအကောင်းဆုံးဖြစ်သည်။ သူ့ကို အနိုင်ယူရန် သူတို့အတူတကွ မလုပ်ဆောင်ပါက သူတို့ထဲကမည်သူမှ တစ်ဦးချင်းတိုက်ပွဲတွင် ထန်ကျုံ့ကျောက် နိုင်မည်မဟုတ်။
ချန်းကျီ ရှောင်ဟိုင်အား တိုက်ခိုက်သည်။
"ရေတွင်းထဲကဖားသူငယ်လေးက ရေတွင်းအစွန်းကနေ အပြင်လောကကို တစ်ချက်ကြည့်လိုက်နိုင်ရုံနဲ့ အတော်လေးကို မောက်မာသွားစေတာလား၊ အပြင်လောကက ဘယ်လောက်ထိ ကျယ်ပြန့်သလဲဆိုတာ ငါမင်းကို ပြသပါရစေ"
အပိုင်း(1260) coming။