#ရတနာခုနှစ်သွယ်သူတော်စင်နည်းစနစ်#
Vol. 89 Ch. 1260
ရတနာခုနှစ်သွယ်သူတော်စင်ဂိုဏ်းက ခေးအောစ့်နယ်မြေရှိ ထိပ်တန်းဂိုဏ်းများအနက် တစ်ခုဖြစ်သည်။
ချန်းကျီက သူတော်စင်သားတော်မဟုတ်သလို တစ်ဦးတည်းတောက်ပနေသူ မဟုတ်သော်လည်း သူ့ပါရမီနှင့်နယ်ပယ်ကို ထိပ်တန်းဟု ယူဆ၍ရသည်။
တစ်ခါတုန်းက သူနတ်ဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်ခွန်အားဖြင့် နတ်ဧကရာဇ်နယ်ပယ်နောက်ပိုင်းအဆင့်နှစ်ဦးကို သုံးရက်သုံးညကြာ တိုက်ခိုက်ခဲ့သည်။
နောက်ဆုံးတွင် သူကပ်သီးလေးရှုံးခဲ့သော်လည်း ဒါက ခေးအောစ့်နယ်မြေတစ်ခုလုံးကို လှုပ်ယမ်းသွားခဲ့သည်။
ဒါက ထန်ကျုံ့ကျောက် ရှောင်ဟိုင်ကို ပို့ပေးသည့် သတင်းအချက်အလက်ပေတည်း။
ရှောင်ဟိုင်ကြားသလား၊ မကြားသလားဆိုတာ မသိရသော်လည်း ရှောင်ဟိုင် ချန်းကျီထံပြေး၀င်သွားတာကိုသာ ကြည့်နေသည်။
ရှောင်ဟိုင်လက်သီးတစ်ချက် ပစ်လွှတ်လာတာကို ကြည့်ရင်း ချန်းကျီနှာခေါင်းရှုံ့ကာ ညာလက်ကိုဆန့်လိုက်စဉ် ဆန်းကြယ်သည့်တံဆိပ်တစ်ခု မျောလွင့်နေသည်။
"ရတနာခုနှစ်သွယ်သူတော်စင်နည်းစနစ်၊ ဟင်းလင်းပြင်တံဆိပ်သန့်စင်ခြင်း"
ထန်ကျုံ့ကျောက်ဖော်ပြခဲ့သလိုဆိုပါက ရတနာခုနှစ်သွယ်သူတော်စင်နည်းစနစ်က ရတနာခုနှစ်သွယ်သူတော်စင်ဂိုဏ်း၏ အခြေခံနည်းစနစ်တစ်ခုဖြစ်ပြီး တံဆိပ်ခုနှစ်ခုပါ၀င်ကာ ပထမဆုံးတစ်ခုက ဒီဟင်းလင်းပြင်တံဆိပ်သန့်စက်ခြင်းဖြစ်သည်။
ဒီနည်းစနစ်က အောင်မြင်စွာကျင့်ကြံရန်အတွက် အတော်လေးစိန်ခေါ်မှုများရှိပြီး ၎င်း၏စွမ်းအားက အင်မတန်နက်ရှိုင်းကြီးမားသည်။
တံဆိပ်တစ်ခုစီက မတူညီသည့်တာအိုနိယာမကို ကိုယ်စားပြုသည်။ ဆိုလိုသည်မှာ ကျင့်ကြံထားသည့် တံဆိပ်တစ်ခုစီက အသုံးပြုနိုင်သော မတူညီသည့်တာအိုနိယာမစွမ်းအားကို ကိုယ်စားပြုခြင်းပင်။
ဒါက နည်းစနစ်က နိယာမစွမ်းအားကို သယ်ဆောင်ထားသည်ဟု ဆိုလိုခြင်းဖြစ်သော်လည်း ကျင့်ကြံသူများက ရတနာခုနှစ်သွယ်သူတော်စင်နည်းစနစ်အပြင် တခြားနည်းစနစ်များကို အသုံးပြုသောအခါ သက်ဆိုင်ရာတာအိုနိယာမစွမ်းအားကို ကိုင်တွယ်အသုံးပြုနိုင်မည်မဟုတ်ပေ။
သို့စေကာမူ ဒါကပင် အတော်လေးထူးခြားနေလေပြီ။
ဆန်းကြယ်သည့်တံဆိပ်ပေါ်လာသောအခါ သူ့ရှေ့က အရာတိုင်းကိုသန့်စင်နေသည့် ဆေးပြင်းဖိုတစ်ခုပေါ်လာတာကို ရှောင်ဟိုင် ရှင်းရှင်းလင်းလင်းခံစားရသည်။
ဒါကအဆုံးမဲ့မီးတောက်ကို အစပျိုးပေးနေသည်။
မီးတောက်များပေါက်ကွဲနေချိန်တွင် ပတ်၀န်းကျင်ကလေဟာနယ်က ပြင်းထန်စွာ ပုံပျက်သွားသည်။
ဒါကိုမြင်သော် ရှောင်ဟိုင်၏ အမူအရာက အနည်းငယ်တင်းကျပ်သွားသော်လည်း သူအရှိန်မလျှော့ဘဲ နတ်ဆိုးဘုရင်ချပ်၀တ်က သူ့ကိုယ်ကိုချက်ချင်းဖုံးသွားပြီး ထာ၀ရနတ်ဆိုးခန္ဓာကို အပြည့်အ၀ ထုတ်လွှတ်လိုက်၏။
သူ့ကိုယ်ခန္ဓာက ကျယ်ပြန့်သည့်မီးပင်လယ်ကို ဖြတ်ပြီး ဆေးပြင်းဖိုအား တိုက်ရိုက် ပြင်းထန်စွာ ရိုက်ခတ်သည်။
ဘန်း......!
ကျယ်လောင်သည့်အသံက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
ဆေးပြင်းဖိုက ပြင်းထန်စွာ တုန်ခါနေသည်။
ချန်းကျီ၏လက်ပင်လျှင် အနည်းငယ်တုန်ယင်သွားရပြီး သူ့အမူအရာက နည်းနည်းအံ့ဩသွားပုံပင်။
သို့သော် နောက်တဒင်္ဂ၌ နဂါးပုံသဏ္ဍာန် မီးတိုင်တစ်တိုင်က ဆေးပြင်းဖိုကနေ ပွင့်ထွက်လာပြီး ရှောင်ဟိုင်ကို အထဲသို့ တိုက်ရိုက်လွှမ်းခြုံပစ်သည်။
ရှောင်ဟိုင် မီးတောက်နီလေပွေထဲတွင် တိုက်ရိုက်နစ်မြှုပ်သွားရပြီးနောက် အထဲသို့ အသွင်းခံလိုက်ရသည်။
နတ်ဆိုးဘုရင်ချပ်၀တ်က လောင်ကျွမ်းသွားခြင်းမရှိသော်လည်း ချပ်၀တ်အောက်က အရေပြားကမီးလောင်နေပြီး အသားပင်လျှင် မည်းတူးသွားသည်။
ရှောင်ဟိုင်ပစ်လွှတ်လိုက်သည့် လက်သီးပင်လျှင် အရိုးထဲထိ လောင်ကျွမ်းသွား၏။
တိုက်ခိုက်မှုတစ်ခုတည်းက ရှောင်ဟိုင်ကို ပြင်းထန်စွာ ဒဏ်ရာရစေသည်။
ထို့နောက် သူ့၏တုန်ယင်နေသည့်လက်ကို ကြည့်ရင်း ချန်းကျီထူးမခြားနားစွာ ပြောသည်။
"မဆိုးဘူး၊ မင်းမှာအရည်အချင်းနည်းနည်းရှိပုံပဲ၊ တခြားနတ်ဧကရာဇ်နယ်ပယ် အစောပိုင်းအဆင့်ခန္ဓာကျင့်ကြံသူတစ်ယောက်သာဆိုရင် အခုလောက်ထိ ပြာအဖြစ် ပြောင်းသွားလောက်ပြီ"
"သေမျိုးနယ်မြေအတွက် မင်းလိုပါရမီရှင်တစ်ယောက်ကို မွေးထုတ်ဖို့ဆိုတာက တကယ်ကို မလွယ်ပါဘူး၊ ဒါပေမယ့်...."
စကားပြောနေစဉ် ချန်းကျီလက်ကို ပြန်လည်ဆန့်ထုတ်ရင်း ဆန်းကြယ်သည့်တံဆိပ်ကို လက်ဖဝါးထဲတွင် တင်းကျပ်စွာ ဖုံးထားသည်။ ရုတ်တရင် ဆေးပြင်းဖိုက မီးလျှံတစ်ခုပမာ ပေါက်ကွဲသွားပြီး ရှောင်ဟိုင်ထံ ဘက်ပေါင်းစုံကနေ ဦးတည်သွား၏။
"၀မ်းနည်းစရာပဲ၊ ဒါပေမယ့်မင်းလုပ်နိုင်တာက ဒီလောက်ပါပဲလေ၊ အခုအရှုံးပေးလိုက်တော့၊ ဒါဆိုမင်းအသက်ကို ကယ်တင်လို့ ရနိုင်သေးတယ်"
ချဉ်းကပ်လာသည့်မီးပင်လယ်ကို ကြည့်ရင်း ရှောင်ဟိုင်၏အမူအရာက အနည်းငယ် လေးနက်လာသည်။
ချန်းကျီက သေမျိုးနယ်မြေက ထိုပြိုင်ဘက်များနှင့် လုံး၀ကိုကွဲပြားသည်။
ခွန်အားနှင့်နယ်ပယ်နှစ်ခုစလုံးတွင် သူက သေမျိုးနယ်မြေက မည်သူ့ကိုမဆို ကျော်လွှားသွား၏။
သာမန်နတ်ဧကရာဇ်အလယ်အလတ်အဆင့် တစ်ယောက်သာဆိုပါက ရှောင်ဟိုင် ပြိုင်ဘက်ကို လွှမ်းမိုးနိုင်သည်ဟု မပြောနိုင်လျှင်ပင် အနည်းဆုံးတော့ တိုက်ခိုက်မှုများ ဖလှယ်နိုင်လောက်သည်။
သို့သော် ချန်းကျီကိုရင်ဆိုင်ရသောအခါ သူဖိနှိပ်ခံနေရသလို ခံစားရသည်။
ရှောင်ဟိုင်ရုတ်တရက်မဲ့ပြုံးပြုံးသည်။
"စိတ်၀င်စားစရာကောင်းလာပြီ...."
ရှောင်ဟိုင် အပြုံးကို ဖော်ပြတာကို မြင်ရသောအခါ ချန်းကျီအနည်းငယ် မျက်ခုံးကျုံ့လိုက်မိသည်။ ဒီလိုအချိန်မျိုးမှာ သူဘယ်လိုလုပ် ပြုံးနိုင်သေးတာလဲ!
အေးစက်သည့်နှာမှုတ်သံနှင့်အတူ ချန်းကျီညာလက်ကို တင်းတင်းဆုပ်လိုက်စဉ် ဘက်ပေါင်းစုံကနေ ၀င်လာသည့်မီးပင်လယ်က ရုတ်တရက် မီးနဂါးကြီးများအဖြစ် ပြောင်းသွားသည်။ နဂါးဟိန်းသံများနှင့်အတူ မီးနဂါးများက ရှောင်ဟိုင်အား ဆုတ်ဖြဲပစ်ရန်အတွက် ပြေး၀င်လာကြ၏။
ရှောင်ဟိုင်၏ကိုယ်ခန္ဓာက အလွန်အမင်းမြန်ဆန်သည့်နှုန်းနှင့် ပြန်လည်သက်သာလာနေသည်။
သူဝိဉာဉ်အပိုင်းအစများကို စုပ်ယူပြီးကတည်းက သူ့သွေးကြော၏ အလိုလိုကုသနိုင်စွမ်းက ထပ်ပြီးအားကောင်းလာခဲ့သည်။
သူ့လက်သီးပေါ်က အသားများက ပြန်လည်ကောင်းမွန်နေလေပြီ။
ဒီအခိုက်အတန့်၌ သွေးချီအမျှင်စများက အစစ်အလားအထည်ဒြပ်ကိုယူပြီး ရှောင်ဟိုင်တစ်ငိုယ်လုံးကို စတင်ရစ်ပတ်သည်။
သူ့ကြွက်သားများကဖောင်းလာပြီး နှလုံးခုန်သံက 'ဒုတ် ဒုတ်' ဟူသော မြည်သံနှင့်အတူ မိုးကြိုးပစ်စံအလား ကျယ်လောင်စွာ ထွက်ပေါ်နေသည်။
သွေးကြောအရှုပ်အထွေး!
ရှောင်ဟိုင်၏ သွေးကြောစွမ်းရည်သုံးခုထဲက တစ်ခုဖြစ်ပြီး ဒါကလက်နက်များကို အားကောင်းစေနိုင်သလို အလားတူပင် ကိုယ်ခန္ဓာကိုလည်း အားဖြည့်ပေးနိုင်သည်။
လက်ထဲတွင် ကောင်းကင်ဘုံကိုးသွယ်နတ်ဆိုးတင်းပုတ်ကို ဆုပ်ကိုင်ထားစဉ် ဒီအစစ်အမှန်အလားထင်ရသည့် သွေးချီအမျှင်စများက တင်းပုတ်ပေါ်၌ ချက်ချင်းဆိုသလို တွားတွားသွားနေကြ၏။
တင်းပုတ်၏ အနက်ရောင်အရိုးတိုင်တွင် သွေးမျဥ်းများရှိသည်။
ဒီမြင်ကွင်းကိုကြည့်ရင်း ချန်ကျီးအနည်းငယ် မျက်ခုံးကွေ့လိုက်မိသည်။ သူ့အင်္ကျီလက်ထဲမှာ လှည့်ကွက်တစ်ခု ရှိနေသေးတာလား!
"ဒါပေမယ့် ဒါကအသုံး၀င်လို့လား"
မရေမတွက်နိုင်လောက်သည့်မီးနဂါးများ ထွက်ပေါ်လာသည်။
ရှောင်ဟိုင်ရိုင်းစိုင်းစွာပြုံးရင်း ဒူးကို အနည်းငယ်ကွေးပြီးနောက် ရုတ်တရက် ဖြောင့်တန်းလိုက်၏။
ထို့နောက်သူအထက်သို့ခုန်တက်ကာ ကောင်းကင်ဘုံကိုးသွယ်နတ်ဆိုးတင်းပုတ်ကို တစ်ချက်အော်ဟစ်ကာ လွှဲယမ်းလိုက်သည်။
သူ့ရှေ့သို့ပြေး၀င်လာနေသည့် မီးနဂါးအများအပြားက တိုက်ရိုက်ပျံ့သွားရသည်။
ဒါကိုမြင်သော် ချန်းကျီကြက်သေသေသွားသည်။
သွေးချီစွမ်းအားက တင်းပုတ်အနီးတွင် ရောယှက်နေသည်သာမက တင်းပုတ်၏ စွမ်းအားကလည်း မယုံနိုင်စရာကောင်းလောက်အောင်ကို အားကောင်းပြီး သူပင်လျှင် တင်းပုတ်အဆင့်ကို မခွဲခြားနိုင်ပေ။
ဒီမြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့နေရသည့်ထန်ကျုံ့ကျောက်မှာ အကြည့်ပြောင်းလိုက်မိသည်။
ဒီတင်းပုတ်ကို သေမျိုးမယ်မြေက ပေးနိုင်မည်လား။
ကြည့်ရသည်မှာ ဒီလူ၏ကိုယ်ပိုင်လက္ခဏာက မရိုးရှင်းပေ။ သို့မဟုတ် သူကြုံတွေ့ခဲ့ရသည့် ကံကြမ္မာက မရိုးရှင်းဟုဆိုပါက ပိုမှန်လောက်သည်။
ရှောင်ဟိုင်မီးပင်လယ်ထဲကနေ တိုက်ရိုက်ထွက်လာပြီး ဆေးပြင်းဖိုကို ပြင်းထန်စွာ ရိုက်ချသည်။
ချန်ကျီး အေးစက်စွာနှာခေါင်းရှုံ့ရင်း လက်နှစ်ဖက်စလုံးကို ရုတ်တရက် တွန်းထုတ်လိုက်ပြီး အော်ဟစ်သည်။
"ဟင်းလင်းပြင်တံဆိပ်သန့်စင်ခြင်း"
ဆေးပြင်းဖိုက သူ့အလိုလိုစတင်လည်ပတ်လာပြီး မီးကျာပွတ်များက ဖိုတစ်ဝိုက်ကနေ ထွက်ပေါ်လာသည်။
အရာအားလုံးကို လျစ်လျူရှုထားသည့် ရှောင်ဟိုင်မှာ မီးကျာပွတ်များအား သူ့ကိုယ်ခန္ဓာကို ရိုက်ခတ်ခွင့်ပေးထားသည်။
နတ်ဆိုးဘုရင်ချပ်၀တ်၏ အပိုင်းကြီးတစ်ပိုင်းပြိုကွဲသွားရသည်။ သူ့ကိုယ်ခန္ဓာကလည်း တုန်ယင်နေပြီး သွေးများက ပါးစပ်ထောင့်စွန်းကနေ စီးကျလာသည်။
သို့စေကာမူ ရှောင်ဟိုင် သူ့တိုက်ခိုက်မှုလမ်းကြောင်းကို မလွှဲပြောင်းပစ်ဘဲ ကောင်းကင်ဘုံကိုးသွယ်နတ်ဆိုးတင်းပုတ်နှင့် ဆေးပြင်းဖိုပေါ်သို့ ပြင်းထန်စွာ ထုနှက်ပစ်သည်။
ဘန်း.......!
ကလန်......!
ပေါက်ကွဲသံတစ်သံနှင့်အတူ ဆေးပြင်းဖိုက တိုက်ရိုက်ကြေမွသွားရသည်။
ချန်းကျီလက်ဖဝါးပေါ်က ဟင်းလင်းပြင်တံဆိပ်ကလည်း ချက်ချင်းပြိုကွဲကာ ပြန့်ကြဲသွား၏။
ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးနောက် သူ့အော်ရာက ပြင်းထန်စွာ အတက်အကျဖြစ်နေလေရာ ချန်းကျီ သူ့ရှေ့က သွေးစွန်းနေသည့် ရှောင်ဟိုင်ကို စိုက်ကြည့်ရင်း လေးနက်စွာပြောသည်။
"ငါအခုမင်းကို အလေးအနက်ထားရတော့မယ်၊ အခု ထန်ကျုံ့ကျောက်ရဲ့ ဆုံးဖြတ်ချက်ကို ငါနည်းနည်းပိုနားလည်လာပြီ၊ မင်းကဒီလိုနယ်ပယ်နဲ့ ဟင်းလင်းပြင်တံဆိပ်ကို ပထမဆုံးချိုးဖျက်နိုင်တဲ့သူပဲ"
"ဒီတော့စိတ်မကောင်းပါဘူး၊ ငါနောက်ထပ် ထိန်ချန်ထားမှာမဟုတ်တော့ဘူး" ချန်းကျီ လက်အစုံကို ထပ်ပြီးဖြန့်လိုက်ပြီးနောက် သူ့အမူအရာက လေးနက်သွားကာ လေးနက်စွာပင် ပြောသည်။
"ရတနာခုနှစ်သွယ်သူတော်စင်နည်းစနစ်၊ ဒုတိယရတနာတံဆိပ်၊ ခုနှစ်ဆင့်သတ်ဖြတ်ခြင်းတံဆိပ်၊ တတိယရတနာတံဆိပ်၊ ပင်လယ်ဖုံးတံဆိပ်"
သူ့လက်နှစ်ဖက်လုံးတွင် လျှို့ဝှက်ဆန်းကြယ်စွာပင် တံဆိပ်နှစ်ခု တစ်ပြိုင်နက်တည်းပေါ်လာခဲ့သည်။
ချန်းကျီ၏ညာဘက်၌ လှံခုနှစ်ချောင်းမျောလွင့်နေပြီး ရှောင်ဟိုင်ကို အေးစိမ့်စိမ့်သတ်ဖြတ်လိုသည့်အော်ရာတစ်ခုကို ခံစားရစေသည်။
ဘယ်ဘက်တွင် ကြောက်စရာကောင်းသည့်လှိုင်းစီးကြောင်းများ ပေါ်လာသည်။
ချန်းကျီ၏ကိုယ်က တဖြည်းဖြည်းလေပေါ် မြင့်တက်သွားပြီး အထက်ကနေ ရှောင်ဟိုင်ကို ငုံ့ကြည့်ရင်း ခပ်ပေါ့ပေါ့ပြောသည်။
"ဒီတစ်ခါတော့ မင်းလက်ရှိစွမ်းအားနဲ့ ဒါတွေကို ခုခံဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ မင်းက ဆက်ခံသူရာထူးအတွက် ကံမပါဘူး၊ မင်းအသက်ကို ကယ်တင်ချင်သေးတယ်ဆိုရင် အခုအရှုံးပေးလိုက်တာ ပိုကောင်းမယ်"
အပိုင်း(1261) coming။