#မှတ်ဉာဏ်ထဲက အဖြူ၀တ်လူ#
Vol. 89 Ch. 1258
လုချန်ရှန်း ရှောင်ဟိုင်၏သွေးကြောတွင် ထူးခြားသည့် ဇစ်မြစ်တစ်ခုရှိနိုင်ပြီး ငရဲနတ်ဆိုးဒေသနှင့် ဆက်သွယ်နေလောက်တာကို သိခဲ့သဖြင့် သွေးကြောစည်းတံဆိပ်ကို ထားခဲ့သည်။
ရှောင်ဟိုင်၏သွေးကြောကို အားဖြည့်ပေးရင်း လုချန်ရှန်းအထဲတွင်လည်း သွေးကြောစည်းတံဆိပ်တစ်ခု ချထားခဲ့ပြီး ရှောင်ဟိုင်အား ပုံမှန်အသုံးပြုရာ၌ သွေးကြောစွမ်းအားကို အပြည့်အ၀ထုတ်လွှတ်ခြင်းကနေ တားဆီးကာကွယ်ခဲ့သည်။
ထို့ကြောင့် တစ်ယောက်ယောက်က ရှောင်ဟိုင်နှင့် ကိုယ်တိုင်တိုက်ခိုက်ပြီး သွေးကြောစွမ်းအားကို မခံစားမိသရွေ့ သူတို့အဝေးကနေ ဒါကို အာရုံခံနိုင်မည်မဟုတ်။
ဥပမာအားဖြင့် လူရိုင်းဒေသ၌ ရှောင်ဟိုင်အပေါ် ရှင်းဟုန်ယီ၏တိုက်ခိုက်မှုက အနီးကပ်တိုက်ခိုက်မှုဖြစ်လေရာ ရှောင်ဟိုင်၏ သွေးကြောစွမ်းအားက နတ်ဆိုးဘုရင်ပြောဆိုခဲ့သည့်အချက်နှင့် ကိုက်ညီနေတာကို သူမအတည်ပြုနိုင်ခဲ့ခြင်းပင်။
သို့သော် ယခု ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်၌ ဒီအခြေအနေရပ်များက မလိုအပ်ပုံပေါ်သည်။
ဒါ့အပြင် ငရဲနတ်ဆိုးဒေသကလည်း သူ့သွေးကြောထဲက အကြောင်းရင်းကို ရှာတွေ့သွားပုံပင်။
ဒါကိုတွေးမိသောအခါ ရှောင်ဟိုင်မျက်လုံးမှိတ်လိုက်၏။ သူ့ကိုယ်ထဲက နတ်ဆိုးနက်စွမ်းအင်က သူ့နှလုံးနေရာ၌ စတင်စုစည်းလာသည်။
သူတစ္ဆေများကို သူ့ခန္ဓာအား ဆုတ်ဖြဲခွင့်ပေးပြီး နားအနီးသို့ဟစ်ကြွေးခွင့်ပေးကာ သူ့အသားများအား စားသုံးခွင့်ပေးထားသည်။
ဒီအခိုက်အတန့်၌ ရှောင်ဟိုင့်နှလုံးနေရာတွင် ရွှေရောင်အလင်းအနည်းငယ်က မှိတ်တုတ်မှိတ်တုတ်စတင်လင်း၀င်းလာသည်။
ဆန်းကြယ်သည့်အော်ရာတစ်ခုက ဖြည်းဖြည်းချင်းမျော့ပါလာပြီး ဒီအော်ရာ၏ လွှမ်းမိုးမှုအောက်တွင် ပတ်၀န်းကျင်က အဆိပ်ငွေ့များ၊ မြေနှင့် အင်းဆက်များက ပျံ့ကြဲသွားကြ၏။
ဘန်း......!
ဒုတ်....ဒုတ်.....!
နှလုံးခုန်သံများကို ကြားရပြီး ရှောင်ဟိုင့်ကိုယ်ထဲက မိုးကြိုးပမာပေါက်ကွဲထွက်လာသည်။
ရှောင်ဟိုင်၏မျက်နှာက သွေးကြောလှိုင်းများနှင့် ပြည့်နှက်နေသည်။
တစ္ဆေများ၏ ကိုက်ဖြတ်မှုကြောင့် ဖြစ်စေသည့် သူ့ကိုယ်ထဲကဒဏ်ရာများက ဒီတဒင်္ဂ၌ အဖြူရောင်အငွေ့များကို ထုတ်လွှတ်ပြီး မယုံနိုင်လောက်သည့် အမြန်နှုန်းဖြင့် ကုသပေးနေသည်။
ရုတ်တရက် ရှောင်ဟိုင်မျက်လုံးဖွင့်ကာ မိုးကြိုးပစ်သံတမျှ အော်ဟစ်သံကို ထုတ်လွှတ်လိုက်၏။
အသံလှိုင်းများက လှိုင်းထသွားပြီး သွေးချီရိုင်းများက စိမ့်ထွက်လာကြသည်။
ပတ်၀န်းကျင်က တစ္ဆေများက ငိုကြွေးသံများကို ထုတ်လွှတ်ပြီး နောက်ဆက်တွဲလှိုင်းများကြောင့် လွင့်စင်သွားရသည်။
ဒီအခိုက်အတန့်၌ သူ့ကိုယ်ခန္ဓာက မကုန်ခမ်းနိုင်သော စွမ်းအားဖြင့် ပြည့်နှက်နေတာကို ရှောင်ဟိုင်ခံစားမိသဖြင့် မျက်လုံးများကို ထပ်မှိတ်လိုက်စဉ် နတ်ဆိုးနက်ချီနှင့် ရောစပ်နေသည့် ပြင်းထန်သောသွေးချီက လျင်မြန်စွာ စတင်ရှာဖွေသည်။
သွေးချီစီးကြောင်းများက နတ်ဆိုးချီဖြင့် ၀န်းရံရင်း တစ္ဆေများကို စစ်ဆေးသည်။
တစ်ချို့တွင် အားနည်းသည့်အော်ရာများရှိသလို တစ်ချို့တွင် ပိုအားကောင်းသည့် အော်ရာများရှိကြသည်။
အသက်ရှူကြိမ်ရေအနည်းငယ် အတွင်းမှာပင် ရှောင်ဟိုင်ဆတ်ခနဲမျက်လုံးဖွင့်ကာ ဘယ်ဘက်သို့ ကြည့်လိုက်၏။
ထိုနေရာ၌ ကြီးမားသည့်နတ်ဆိုးချီအတက်အကျများ ရှိနေသည်။
ဒါကိုအာရုံခံမိသောအခါ ရှောင်ဟိုင် ဘယ်ဘက်သို့ တည့်တည့်ဦးတည်သွားသည်။
သွေးချီက သူ့အနီးတစ်ဝိုက်တွင် ထိုးတက်လာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားသလို နိယာမစွမ်းအားပါ၀င်သည့် အော်ရာတစ်ခုရှိသော ဒီသွေးချီထဲတွင် ရွှေရောင်အလင်းစွန်းများကို ခပ်ရေးရေးမြင်နိုင်သည်။
ဒါကပတ်၀န်းကျင်က တစ္ဆေများကို အနားသို့ အနည်းငယ်မျှပင် မချဉ်းကပ်ရဲစေဘဲ သွေးချီထိုးတက်နေသည့် အကွာအဝေးအပြင်ဘက်၌နေရန် တွန်းအားပေးခံရသဖြင့် ၎င်းတို့က ရှောင်ဟိုင်အား တည့်တည့်စိုက်ကြည့်ရင်း အော်ဟစ်နေကြသည်။
သို့သော် သူတို့၏အော်ဟစ်သံများအတွင်း ကြောက်ရွှံ့မှုတစ်စွန်းတစ်ပါ၀င်လေသည်။
မကြာမီ နတ်ဆိုးချီနှင့် သိပ်သည်းနေသည့် နေရာသို့ ရှောင်ဟိုင်ချဉ်းကပ်လာသည်။
သူ့ရှေ့တွင် နတ်ဆိုးနက်ချီကို ထုတ်လွှတ်နေသည့် ဝိဉာဉ်တစ်ခု မျောလွင့်နေသည်။
ဒီဝိဉာဉ်ပတ်လည်၌ တခြားတစ္ဆေများ မချဉ်းကပ်ရဲကြသည့်အလား လွင့်မြောနေခြင်းမရှိကြပါ။
အဆိပ်ငွေ့များ၊ အင်းဆက်များနှင့် မြွေများပင်လျှင် အကွာအဝေးတစ်ခုအထိ ခြားနားကြသည်။
ဒီဝိဉာဉ်ကိုမြင်ရသောအခါ ရှောင်ဟိုင်၏ ကိုယ်ပိုင်ဝိဉာဉ်က စတင်ပြင်းထန်စွာ တုန်ယင်လာသည်။ သူ့ဝိဉာဉ်အနှစ်သာရက ထိုထူးဆန်းသည့်ဝိဉာဉ်နှင့် ဆက်သွယ်ထားပုံပင်။
ဒါက သူ့စိတ်ဝိဉာဉ်သုံးခုအနက် နောက်ဆုံးတစ်ခုဆိုတာ ရှင်းနေသည်။
ရှောင်ဟိုင်အသက်ပြင်းပြင်းရှုသည်။ ဝိဉာဉ်အပိုင်းအစတစ်ခုကို စုပ်ယူလိုက်သည့် အကြိမ်တိုင်း အနာကျင်ရဆုံးဖြစ်ပြီး ယူကြဉ်းလာသည့် မှတ်ဉာဏ်များနှင့် တိုးတက်မှုများက အတော်လေးများပြားသည်။
သူတုံ့ဆိုင်းမနေဘဲ အနားသို့ ပို၍တိုးကပ်သွားပြီး လက်ကို ဝိဉာဉ်ပေါ် တင်လိုက်၏။
ရုတ်ချည်းဆိုသလို ဝိဉာဉ်က ရှောင်ဟိုင်၏ အသိစိတ်ပင်လယ်ကိုကျူးကျော်ပြီး ရှောင်ဟိုင့်ဝိဉာဉ်နှင့် စတင်ပေါင်းစပ်သည်။
အချိန်တစ်ခုအထိ မေ့ပျောက်ခြင်းမြစ်အောက်ခြေမှ သားရဲရိုင်းတစ်ကောင် ဝေဒနာခံစားရသဖြင့် အော်ဟစ်နေသည့်အလား အော်ဟစ်သံများထွက်နေသည်။
.....
သုံးရက်ကုန်ဆုံးသွားလေပြီ။
မေ့ပျောက်ခြင်းမြစ်၏ ဆန့်ကျင်ဘက်ကမ်းတွင် ထန်ကျုံ့ကျောက်၊ ချန်းကျီနှင့် တခြားသူများရပ်နေကြသည်။
သူတို့ထဲကနှစ်ယောက်ကမူ တစ္ဆေများကြောင့် မေ့ပျောက်ခြင်းမြစ်ထဲ ဆွဲသွင်းခံလိုက်ရပြီး သူတို့၏ဝိဉာဉ်များနှင့် ခန္ဓာများက လုံး၀ပျက်စီးသွားရသည်။
ချန်းကျီနှာခေါင်းရှုံ့သည်။
"စောင့်နေတုန်းပဲလား၊ အချိန်အတော်လေးကြာနေပြီ၊ သူ့အရိုးတွေကတောင် အထဲက ပြင်းထန်တဲ့အဆိပ်ငွေ့နဲ့ အနံ့အသက်ကြောင့် တိုက်စားခံလိုက်ရမှာကို ငါစိုးရိမ်မိတယ်"
ထန်ကျုံ့ကျောက် ချန်းကျီကို အေးစက်စက်တစ်ချက်စိုက်ကြည့်သည်။
"အခုမင်းဘာကြောင့် ချန်းချန်းကို မယှဉ်ပြိုင်နိုင်ရသလဲဆိုတာ ငါသိသွားပြီ"
ချန်းကျီအော်ဟစ်သည်။
"မင်းငါနဲ့အတူ တိုက်ခိုက်ချင်နေတာလား"
"အခုတော့မလိုသေးပါဘူး" ထန်ကျုံ့ကျောက်ထူးမခြားနားစွာ ပြန်ဖြေသည်။
"ပါရမီချို့တဲ့ပြီး ဦးနှောက်မရှိတဲ့ကောင်"
"စမ်းသပ်မှုတစ်ခုပွင့်လာဖို့အတွက် လူတိုင်း အကဲဖြတ်မှုကာလအတွင်း မသေဆုံးသေးသရွေ့ အရင်စမ်းသပ်မှုကို ဖြတ်ကျော်ဖို့လိုတယ်"
"အခုစတုတ္ထစမ်းသပ်မှုက မစတင်ရသေးဘူး၊ ဒါကဘာကို သက်သေပြနေတာလဲ"
အဖြေကရှင်းပါသည်။
ရှောင်ဟိုင်က မသေသေးပေ။
သို့သော် ဒါကသူတို့အတွက် ယုံကြည်ရန် ခက်ခဲသည့် အရာတစ်ခုပင်။
သူတို့ထဲတွင် ထန်ကျုံ့ကျောက်အပါအ၀င် မည်သူမှ မေ့ပျောက်ခြင်းမြစ်အောက်ခြေ၌ သူတို့အသက်ရှင်နှုန်းကို အမွေးတိုင်တစ်တိုင်စာအထိပင် အာမမခံရဲကြပေ။
သုံးရက်ကြာမြင့်သွားတာတောင် ရှောင်ဟိုင်က မသေသေးဘူးလား!
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
ပြီးတော့ ဒီဆန်းကြယ်တဲ့ မေ့ပျောက်ခြင်းမြစ်ထဲမှာ သူတကယ်ပဲဘာလုပ်နေတာလဲ!
ချန်းကျီ၏ နှလုံးသားထဲတွင် ဒေါသအလိပ်လိပ်တက်လာသော်လည်း နောက်ထပ်ဘာတစ်ခုမှ မပြောတော့ဘဲ အေးစက်စွာသာနှာမှုတ်ရင်း ဘေးတွင်ရပ်ကာ မေ့ပျောက်ခြင်းမြစ်ကို စိုက်ကြည့်နေသည်။
.....
ဒီသုံးရက်အတွင်း ရှောင်ဟိုင်နောက်ဆုံးတော့ စိတ်ဝိဉာဉ်ပေါင်းစပ်ခြင်းကို ပြီးစီးသွားခဲ့သည်။
ဒါကယူကြဉ်းလာသည့် တိုးတက်မှုက အတော်လေးကြီးမားသည်။
သူ့ရုပ်ခန္ဓာနယ်ပယ်က အစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့်အချုပ်အတည်းများကို ချိုးဖျက်ကာ အစောပိုင်းအဆင့်သို့ တိုက်ရိုက်၀င်ရောက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ့သွေးကြောကလည်း ကျယ်ပြန့်သည့်တိုးတက်မှုတစ်ခုကို ကြုံကြိုက်ခဲ့ရပြီး သွေးကြောစွမ်းရည်အသစ်တစ်ခုဖြစ်သည့် သွေးကြောအမျက်ဒေါသ စွမ်းရည်ကို ရလာခဲ့သည်။
ဒါကသူ့သွေးကြောတစ်ခုလုံး၏ စုစည်းထားသည့်စွမ်းအားကို တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားစေရန်ဖြစ်သည်။
သွေးကြောအမျက်ဒေါသ၏ အတိုင်းအတာကို ထိန်းချုပ်ပါက စွမ်းအားကို အချိန်တစ်ခုအထိ သိသိသာသာအားကောင်းလာစေနိုင်သည်။ ဥပမာအားဖြင့် နတ်ဧကရာဇ်နယ်ပယ်အစောပိုင်းအဆင့်ဆိုပါက သွေးကြောအမျက်ဒေါသကို သုံးရင်း အနည်းဆုံး နတ်ဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့် စွမ်းအားကို သုံးနိုင်သည်။
သို့စေကာမူ ဒါက ရှောင်ဟိုင်ယခု အပူပန်ဆုံးအရာတစ်ခုမဟုတ်ပါ။
ရှောင်ဟိုင်၏ အာရုံကိုအလုံးစုံဖမ်းစားထားတာက သူ့အသိစိတ်ပင်လယ်ထဲတွင် ပေါ်လာသည့် မှတ်ဉာဏ်အပိုင်းအစများပင်။
ဒီမှတ်ဉာဏ်အပိုင်းအစများကို ကြည့်ရင်း ရှောင်ဟိုင်၏ အမူအရာက တဖြည်းဖြည်း ထိတ်လန့်မှုသို့ ကူးပြောင်းသွား၏။
မြင်ကွင်းတစ်ခုက:
အနက်ရောင်ခန်းမကြီးတစ်ခုထဲတွင် မိုချင်းချင်း လက်ထဲတွင် သေတ္တာနက်ကို ကိုင်ပြီး သူမရှေ့၌ သင်္ချိုင်းကမ္ဗည်းကျောက်တိုင်နှစ်တိုင်ရှိသည်။
ဒီကျောက်တိုင်နှစ်တိုင်က ရှောင်ဟိုင့်မိဘများ၏ အုတ်ဂူဖြစ်သည်။
မိုချင်းချင်း ကျောက်တိုင်ကို ကြည့်ရင်းပြောသည်။
"အမေနဲ့အဖေ၊ အချိန်ကနီးကပ်လာလေပြီ၊ အစ်ကိုကြီးရဲ့ကိုယ်ပိုင်လက္ခဏာကို ဘယ်လောက်ထပ်ကြာကြာ ဖုံးကွယ်ထားနိုင်ဦးမလဲဆိုတာ သမီးသိချင်မိတယ်၊ သူသာ သူ့ကိုယ်ပိုင်လက္ခဏာကို သိသွားမယ်ဆိုရင် သူတို့ဘက်မှာ ရပ်တည်လိမ့်မယ်လို့ထင်လား"
ထို့နောက် သူမကိုယ့်ကိုကိုယ် လှောင်ပြောင်သရော်သည့်အသွင် ရယ်မောလိုက်သည်။
"ဒါပေမယ့် သမီး အဖေအမေတို့စကားကိုလိုက်နာမှာပါ၊ သူ့သွေးကြော အပြည့်အ၀ အသက်၀င်လာတာနဲ့ သူ့ကို ဒီအထဲက ပစ္စည်းဖြစ်တဲ့ သူတော်စင်နတ်ဆိုးငွေ့ရည်ဖွဲ့ပုလဲကို ပေးပါမယ်"
သူတော်စင်နတ်ဆိုးငွေ့ရည်ဖွဲ့ပုလဲ!
နောက်ဘက်အချိန်များသို့ ပြန်ရွေ့သွားစဉ် နောက်ထပ်မှတ်ဉာဏ်အပိုင်းအစတစ်ခု ပေါ်လာသည်။
ဒါကရှောင်ဟိုင်၏မိဘများဖြစ်သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ပြသသည်။
သူတို့က စွန့်စားစူးစမ်းနေကြပုံရသည်။
သို့သော် သူတို့လျှို့ဝှက်နယ်မြေတစ်ခုထဲသို့ အတင်း၀င်မိသွားပြီး တခြားသူများ၏ လိုက်ဖမ်းခြင်းကို ခံရသောအခါ ရုတ်တရက် အဖြူ၀တ်လူတစ်ယောက် သူတို့ရှေ့တွင် ပေါ်လာပြီး ထိုလိုက်ဖမ်းသောသူများအား သတ်ပစ်သည်။
ထို့နောက် သူနို့စို့ကလေးတစ်ဦးအား သူတို့ကိုပေးပြီး ပြောသည်။
"မင်းတို့အသက်ကို ကယ်တင်ပေးတဲ့ အတွက် ငါ့ကိုကျေးဇူးတင်ချင်တယ်ဆိုရင် သူ့ကိုကောင်းကောင်းပျိုးထောင်ပေးပါ၊ သူ့ရင်ဘတ်က ကျောက်စိမ်းဆွဲသီးမှာ သူ့ရဲ့ ကိုယ်ပိုင်လက္ခဏာပါတယ်"
သို့စေကာမူ ရှောင်ဟိုင် ဒီအဖြူ၀တ်လူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။
အပိုင်း(1259) coming။