က်နဂါးမင်းသားလေး
Vol. 52 Ch. 516
"မင်းနာမည် ဘယ်လိုခေါ်သလဲ"
စုချန်းက မေးလိုက်၏။
"ကျုပ်နာမည်....ကယ်ကြပါအုံးဗျို့"
ချက်ချင်းဆိုသလို မင်းသားလေးယူက ထအော်ရန် ကြိုးစားလိုက်၏။
သို့သော် စုချန်းက ၎င်း၏ ပါးစပ်က်ို လျင်မြန်စွာ လှမ်းပိတ်လိုက်၏။ မင်းသားလေးယူခမျာ ဆုံးအောင်ပင် မအော်လိုက်ရရှာ။
ထို့နောက် စုချန်းက မင်းသားလေးယူ၏ မျက်နှာကို သူ့လက်ချောင်းများဖြင့် ထောက်လိုက်၏။ ၎င်း၏ မျက်နှာတွင် နာကျင်သော အမူအရာများ ပေါ်ပေါက်လာ၏။
တဖန် စုချန်းက တင်းမာပြတ်သားသော လေသံနှင့် ပြောလိုက်ပြန်သည်။
"မင်းမှာ နောက်တကြိမ် အခွင့်အရေး မရှိတော့ဘူး ကျုပ် ထပ်မေးမယ် မင်းနာမည် ဘယ်လိုခေါ်သလဲ"
မင်းသားလေးယူက တုန်ယင်နေသော လေသံနှင့် စုချန်း၏ မေးခွန်းကို ပြန်ဖြေလိုက်ရှာ၏။
"ကျုပ်...ကျုပ်နာမည်...ယူ...ယူ...ထျန်း...လီပါဗျာ"
ယူထျန်းလီဟူသော နာမည်တွင် မျိုးရိုးအမည်မှာ ယူ ပင် ဖြစ်နေသောကြောင့် မင်းသားလေးယူ အမှန်အတိုင်းပင် ပြောလိုက်ပုံရ၏။
ထို့နောက် စုချန်းသည် ယူထျန်းလီအား ပွေ့ချီပြီး အဝင်လမ်းအတိုင်း ပြန်လျှောက်လာရင်း ချီမင်းဖန်ကို ပြောလိုက်သည်။
"ကျုပ်ကို အဝင်ပေါက်မှာ လာတွေ့"
ချီမင်းဖန်အား အကြောင်းကြားပြီးသည်နှင့် စုချန်းသည် မြေအောက်ထောင်ချောက်များရှိနေသည့်ကွင်းပြင်ကို အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်နှင့် ဖြတ်သန်း၏။ အပြာရောင်အာရုံခံအလင်းတန်းများကို ပရမတ်မျက်လုံးအစွမ်းနှင့် ဖြတ်ကျော်၏။ နောက်ဆုံးတွင်တော့ သူသည် ဟေးစု ဖောက်ခဲ့သည့် အပေါက်ဆီသို့ ရောက်ရှိလာလေသည်။
ထိုအခါ စုချန်းက ယူထျန်းလီ၏ ပါးစပ်အတွင်း ဆေးရည်တချို့ လောင်းထည့်ပြီး ပြောလိုက်သည်။
"ကျုပ်ပြောတဲ့အတိုင်း လိုက်လုပ်စမ်း မင်းကိုယ်မင်း မြွေတကောင်အဖြစ် မြင်ယောင်လိုက် ပြီးရင် မင်းကိုယ်ထဲက မူလစွမ်းအင်က်ို လှည့်ပတ်ပြီး မင်းခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်စမ်း"
"မြွေတကောင် ဟုတ်လား"
စုချန်း၏ စကားကြောင့် ယူထျန်းလီ၏ မျက်လုံးများ ဝိုင်းဝိုင်းလည်သွား၏။
စုချန်းက တင်းမာသော လေသံနှင့် ခြိမ်းခြောက်လိုက်ပြန်သည်။
"မြန်မြန်...မြွေတကောင်လို မပြောင်းရင် ကျုပ်က မင်းလည်ပင်းကို ညှစ်ပြီးသတ်ပစ်ရလိမ့်မယ်"
ယူထျန်းလီ၏ ကိုယ်ခန္ဓာသည် တဖြည်းဖြည်း ဆန့်ထွက်လာ၏။ စုချန်းလည်း အချိန်မဆိုင်းတော့ပဲ ယူထျန်းလီအား အပေါက်ငယ်အတွင်းသို့ ထိုးထည့်လိုက်သည်။
ထိုအချိန်တွင် ချီမင်းဖန်သည် အပေါက်ဝသ်ို့ ရောက်နေပြီ ဖြစ်သည်။ အပေါက်ဝဆီမှ စုချန်း ထွက်လာရမည့်အစား ယူထျန်းလီကိုသာ တွေ့လိုက်ရ၍ ချီမင်းဖန် အံ့သြသွား၏။
အပေါက်၏ တဖက်ခြမ်းမှ စုချန်းက ပြောလိုက်သည်။
"သူ့ကို စောင့်ကြည့်ထားစမ်းပါ ကျုပ် ဟေးစုကို ပြန်သွားကယ်ရင်း ကျုပ်တို့လာရင်းကိစ္စကိုပါ တခါတည်း အောင်မြင်အောင် လုပ်ရမယ်"
"အစီအစဥ်က ပျက်စီးသွားပြီကွ"
ချီမင်းဖန်က ပြန်ပြောလိုက်သည်။
"မဟုတ်ဘူး ခုချိန်က လက်လျှော့ရမဲ့အချိန်မဟုတ်သေးဘူး"
စုချန်းက ပြန်ပြောလိုက်၏။
"ကျုပ် သူ့လိုဟန်ဆောင်ပြီး ဟေးစုကို ပြန်သွားကယ်မယ် ကျုပ်တို့ လာရင်းကိစ္စကို တခါတည်း အောင်မြင်အောင် ဆောင်ရွက်မယ် ခင်ဗျားက ကျုပ်အတွက် သူ့ကို စစ်မေးပေး သူ သိထားသမျှ ကျုပ်သိထားဖို့လိုတယ်"
ထို့နောက် စုချန်းသည် နံရံတဖက်ခြမ်းဆီသို့ တိုးဝင်ပျောက်ကွယ်သွား၏။
စုချန်းတယောက် ရဲတိုက်အတွင်းသို့ နောက်တကြိမ် ဝင်ရောက်သွားသည်ကို မြင်သောအခါ လူတိုင်း ကြောင်သွား၏။
"ဒီကောင် ရူးနေပြီ"
"ဒီကောင် တကယ်ကို သွက်သွက်ခါအောင် ရူးသွားပြီ"
"အရေးကြီးတာက ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ"
လူတိုင်းလိုလိုသည် ချီမင်းဖန်အား မေးခွန်းထုတ်ဟန်ဖြင့် လှမ်းကြည့်နေကြ၏။
ချီမင်းဖန် အံတချက်ကြိတ်ရင်း ပြောလိုက်သည်။
"ခုနကနေရာမှာပဲ ဆက်နေပြီး သူ နောက်တကြိမ် အချက်ပြလာတာကို စောင့်ကြတာပေါ့"
ထိုအချိန်တွင် ရဲတိုက်အတွင်းမှ သဲမျိုးစိတ်များသည် အပြင်သို့ထွက်လာပြီး ပတ်ဝန်းကျင်အား စတင်စစ်ဆေးနေပြီ ဖြစ်သည်။
ကောင်းချန်း ဒေါသကို မထိန်းနိုင်တော့။ သူက ဝင်ပြောလိုက်၏။
"စီမံကိန်းတခုလုံး ပျက်စီးသွားပြီ ဒါကို ဒီမှာဆက်စောင့်နေပြီး အသေခံကြမလို့လား ကျုပ်သာဆိုရင် ချက်ချင်း ဒီနေရာကို ထွက်သွားမှာ"
ညတစ္ဆေက ခွန်းတုံ့မခံ ပြန်ပြောလိုက်၏။
"ရှင်သွားချင်ရင် သွားလိုက်လေ ဒါပေမဲ့ ရဲတိုက်ထဲမှ ကျွန်မတို့လူတယောက် ကျန်နေတယ် စုချန်းလဲ ကျန်သေးတယ် ကျွန်မကတော့ မသွားနိုင်ဘူး"
"မင်းတို့အားလုံး ဒီလိုငတုံးအတွက် တကယ်ပဲ အသေခံကြတော့မှာလား"
ကောင်းချန်း၏ မျက်လုံးအစုံသည် ဒေါသကြောင့် ရဲရဲနီနေ၏။
"ဒီမယ် ကောင်းချန်း မင်းသွားချင်ရင် သွား ကျုပ် မင်းကိုမတားဘူး မင်းဒီမှာ ရှိရှိ မရှိရှိ ကျုပ်တို့အတွက် ဘာမှမထူးခြားဘူး"
ချီမင်းဖန်၏ တင်းမာပြတ်သားသော စကား ဖြစ်သည်။
ချီမင်းဖန်၏ စကားကြောင့် ကောင်းချန်းတယောက် အချိန်အတော်ကြာသည်အထိ ဘာပြန်ပြောရမှန်း မသိတော့ပဲ ကြောင်တောင်တောင်ဖြစ်သွား၏။
_________×××_________×××_________
ရဲတိုက်အတွင်း ပြန်လည်ရောက်ရှိသည်နှင့် စုချန်းသည် အသက်က််ို ဝအောင်ရှုသွင်းလိုက်ပြီး ဟောခန်းမဆီသို့ ဦးတည်လျှောက်လာခဲ့လေသည်။
ဟောခန်းမကား အလုံးစုံ ပိတ်ဆို့ခြင်းခံထားရပြီ ဖြစ်သည်။ ဟောခန်းအတွင်း ရောက်နေသူတိုင်းသည်လည်း စစ်ဆေးမေးမြန်းခြင်း ခံနေရ၏။
(မှတ်ချက်...ဒီနေရာမှာ အမှားတခု ပြင်ချင်ပါတယ် အရင်ပြီးခဲ့တဲ့ အခန်းမှာ မင်းသာလေးယူကို သဲမျိုးစိတ်ဝင်ဆိုပြီး ကျွန်တော် မှားရေးလိုက်မိတယ် ဒါ မဟုတ်ပါ မင်းသားလေးယူဟာ ကျိုးရှန်းယောင်တို့နဲ့ အတူပါလာတဲ့ လူသားတဦးသာ ဖြစ်ပါတယ် ဒါကြောင့် စုချန်းက သဲမျိုးစိတ်ဝင်တဦးအဖြစ် ဟန်ဆောင်ထားတာ မဟုတ်ပဲ လူသားတဦးအဖြစ် ဟန်ဆောင်ထားခြင်း ဖြစ်ပါတယ် သေချာပြန်မစစ်ပဲ တင်လိုက်မိလို့ ဝန်ဇင်းမှာ အမှားကြီးနဲ့ ပါသွားတာ တောင်းပန်အပ်ပါတယ်ခင်ဗျာ ပုံ...စာရေးသူ)
ဤနေရာတွင် စုချန်းကတော့ ကံကောင်းသွား၏။အထူးတလည် စစ်ဆေးခြင်းမခံလိုက်ရ။ အကြောင်းမှာ သူသည် သဲမျိုးစိတ်ဝင်တဦးအဖြစ် ဟန်ဆောင်ထားခြင်းမဟုတ်ပဲ ကျိုးမျိုးနွယ်များနှင့် အတူပါလာသည့် မင်းသားလေးယူအဖြစ် ဟန်ဆောင်ထားသောကြောင့်ပင်။
တကယ်တော့ ကျူးရှန်းယောင်သည် ချောက်နက်ကျွန်းနယ်မြေအတွင်းသို့ ကျိုးပိုင်ယု တဦးတည်းကိုသာ ခေါ်လာသည်မဟုတ်။ ကျန်မျိုးနွယ်စုဝင်များကိုပါ ခေါ်လာသေး၏။ သို့သော် ၎င်းတို့အားလုံးကတော့ စေ့စပ်ညှိုနှိုင်းပွဲသို့ တက်ရောက်ခွင့်မရှိလေရာ ဟောခန်းမအတွင်း၌သာ စောင့်ဆိုင်းကျန်ရစ်ခဲ့ကြရ၏။
ယခုတော့ ထိုလူများအားလုံး ဟောခန်းမအတွင်း စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။ ထိုအထဲမှကျုးမျိုးနွယ်ဝင်တယောက်က စုချန်းက်ို မြင်သောအခါ အောက်ပါအတိုင်း ပြောလိုက်၏။
"ထျန်းယန် မင်း ဘယ်တွေ သွားနေတာလဲ"
ထျန်းယန်ဆိုပါကလား...
ဒီကောင့်နာမည်က ထျန်းယန်ပဲကိုး...
ခွေးမသားဖက်တီး...ငါ့က််ိုလိမ်သွားပြီ...
ထိုအခါ စုချန်းက ပါးစပ်ကို လက်ဝါးနှင့်အုပ်ပြီး တီးတိုးလေသံနှင့် ချီမင်းဖန်အား ပြောလိုက်၏။
"ဖက်တီးကောင်ကို နည်းနည်းပါးပါး ရ်ိုက်ပုတ်စစ်မေးလိုက်စမ်း ကျုပ် ရင်ဆိုင်နေရတာ ဘယ်လိုလူစားမျိုးတွေလဲလို့"
တချိန်တည်းမှာပင် သူက ကျူးမျိုးနွယ်စုဝင်၏ အမေးကို ပြန်ဖြေလိုက်သည်။
"ဘာများစားစရာရှိသလဲလို့ ကျုပ် လိုက်ရှာနေတာ"
စုချန်း၏ သရုပ်ဆောင်ပုံမှာ မင်းသားလေးယူ၏ ပုံစံနှင့် တထပ်တည်းကျနေ၏။ မင်းသားလေးယူ၏ စကားပြောပုံကို ကြားဖူးထားခြင်းကြောင့် စုချန်းအနေနှင့် ၎င်း၏ လေသံကိုလည်း တူညီအောင် တုပထားနိုင်လေသည်။
ထိုအခါ ထိုလူက ပြန်ပြောလိုက်၏။
"ရဲတိုက်ထဲကို လူတချို့ ခိုးဝင်လာလို့ အခြေအနေတွေ ရှုပ်ထွေးနေတယ် မင်းအနေနဲ့ လျှောက်သွားမနေတာ ပိုကောင်းလိမ့်မယ်"
ထိုစဥ် ချီမင်းဖန်၏ အသံက စုချန်း၏ နားထဲသို့ တိုးဝင်လာ၏။
"မင်းနဲ့ စကားပြောနေတဲ့လူနာမည်ကို ကျောက်ကျင်းဝင်လို့ ခေါ်တယ် ကျုးရှန်းယောင်ခေါ်လာတဲ့ အစောင့်တွေရဲ့ ခေါင်းဆောင်ပဲ ကျူးရှန်းယောင်နဲ့ အတူ ဝင်ရောက်ဆွေးနွေးနေတဲ့ လူကတော့ ကျူးပိုင်ယုလို့ခေါ်တယ် သူဟာ ကျူးမျိုးနွယ်စုရဲ့ ဆဌမမြောက် မဏ္ဍိုင်လို့ တင်စားခံထားရတဲ့ ပုဂ္ဂိုလ်ပဲ"
ချီမင်းဖန်သည် တဖက်တွင် မင်းသားလေးယူကို စစ်မေးနေသလို တဖက်တွင်လည်း စုချန်း ရင်ဆိုင်နေရသည့် လူများ၏ အကြောင်းကို အချိန်နှင့်တပြေးညီ ပြောပြနေ၏။ ဖက်တီးမှာ တင်းခံနိုင်ပုံမရတော့။ ကျူးရှန်းယောင်နှင့် ပါလာသမျှ လူများ၏ အကြောင်းကို အိပ်သွန်ဖာမှောက်ပင် ပြောပြနေလေသည်။
စုချန်းက ချီမင်းဖန်အား လေသံနှင့် မေးလိုက်ပြန်သည်။
"ဒါဆို အဲဒီဖက်တီးကကော ဘာလဲ ဘာအဆင့်လဲ"
ချီမင်းဖန်၏ ပြန်ဖြေသံ ပေါ်လာ၏။
"သူက ကျူးရှန်းယောင်ရဲ့ ဝမ်းကွဲအစ်ကို တော်တယ် ပြီးတော့ ကျူးရှန်းယောင်နဲ့ စေ့စပ်ထားတယ်"
"စေ့စပ်ထားတယ် ဟုတ်လား"
စုချန်း မုန့်ပင်သီးသွား၏။
"သေချာအောင် ပြန်မေးစမ်းပါအုံးဗျာ"
အတန်ကြာသော် ချီမင်းဖန်၏ အသံ ပြန်ပေါ်လာ၏။
"သေချာတယ်ကွ ဒီကောင် တကယ် ကျူးရှန်းယောင်နဲ့ စေ့စပ်ထားတာ ဒီကောင်ဟာ ဝက်နဂါးယူမျိုးနွယ်စုက ကောင်ပဲ"
"ဝက်နဂါးမျိုးနွယ်စု...အစားကြီးဝက်နဂါးမျိုးနွယ်စုကို ပြောနေတာလား"
"ဟုတ်တယ် အစားကြီးဝက်နဂါးမျိုးနွယ်စုပဲ"
စုချန်း တအံ့တသြနှင့် ရေရွတ်လိုက်သည်။
"နောက်ထပ် နတ်ဆိုးဧကရာဇ်သွေးဗီဇပဲ ဒါနဲ့ ဒီကောင်ကျ ဘာဖြစ်လ်ို့ ဒီလောက်ထိ အားနည်းနေတာလဲ ကျုပ် တချက်ပဲ ရိုက်ရသေးတယ် ဒီကောင် သတိမေ့သွားတာပဲ"
"ကျုပ် ခပ်မြန်မြန်လေး မေးလိုက်မယ်"
ချီမင်းဖန်၏ စကားပြောသံ ပေါ်လာ၏။ အတန်ကြာသော မင်းသားလေးယူ၏ နာကျင်စွာ အော်ဟစ်သံကို စုချန်း ကြားလိုက်ရလေသည်။
ချီမင်းဖန်၏ စကားပြောသံ ပြန်လည်ထွက်ပေါ်လာပြန်၏။
"ဘာကြောင့်လဲဆိုတော့ ဒီကောင့်ရဲ့ သွေးဗီဇဟာ ခုချိန်ထိ မနိုးးထသေးလို့တဲ့ကွ ဝက်နဂါးသွေးဗီဇဟာ တခြားသွေးဗီဇတွေနဲ့ မတူပဲ ကာလအတော်ကြာအောင် စားလိုက် အိပ်လိုက်နေတော့မှ နိုးထလာလေ့ရှိသတဲ့ ဒါကြောင့် သူဟာ ဘာမှမကျင့်ကြံရသေးပဲ ခုချိန်မှာ စားဖို့နဲ့ အိပ်ဖို့အတွက်ကိုပဲ အာရုံစိုက်နေရသတဲ့ သွေးဗီဇ နိုးထလာမှပဲ သူ စပြီး ကျင့်ကြံနိုင်မတဲ့ကွ"
"ဒါဆို ကျုပ် ကံကောင်းသွားတာပဲ"
စုချန်း ရေရွတ်လိုက်သည်။
"ဒါနဲ့ ကျူးရှန်းယောင်ကရေ ဒီလိုအရူးနဲ့ စေ့စပ်ဖို့ ဘာကြောင့် လက်ခံလိုက်တာလဲ"
"ကျူးမျိုးနွယ်နဲ့ ယူမျိုးနွယ်ဟာ မိတ်ဆွေကောင်းတွေတဲ့ကွ ပြီးတော့ သူတို့ မျိုးနွယ်စုနှစ်စုရဲ့ သွေးဗီဇတွေ ပေါင်းစပ်လိုက်တဲ့အခါမှာ ပိုပြီးအားကောင်းတဲ့ သွေးဗီဇမျိုးစိတ်ကွဲတခု ပေါ်ထွက်လာနိုင်ဖို့ အခွင့်အလမ်း ရှိနေသတဲ့ ဒါကြောင့် သူတို့နှစ်ယောက် စေ့စပ်ဖို့ ဖြစ်လာတာပဲ"
"ကျုးရှန်းယောင်ကိုယ်တိုင်ကကော ဒီကောင့်ကို သဘောကျသတဲ့လား"
"ဒါကတော့ မေးနေစရာမလိုပါဘူးကွာ သဘောမကျတာ သေချာပါတယ် ဒါပေမဲ့ ဒါကို အခွင့်ကောင်းယူပြီး ကျူးရှန်းယောင်အနား ကပ်ဖို့ဆိုတာကတော့ သိပ်မလွယ်ဘူးနော် စုချန်း"
ချီမင်းဖန်က တဟက်ဟက် ရယ်မောရင်း ပြောလိုက်သည်။
စုချန်း သက်ပြင်းချလိုက်၏။
"သိပ်ကောင်းတာပေါ့ဗျာ ဒီအတိုင်းဆိုရင် ကျူးရှန်းယောင်အနား ကျုပ် သိပ်ပြီးကပ်နေစရာ မလိုတော့ဘူးပေါ့"
ထိုအချိန်မှာပင် ကျောက်ကျင်းဝင်က စုချန်းဆီသို့ လျှောက်လာပြီး ပြောလိုက်သည်။
"မင်းသားလေးယူ သခင်မလေးက မင်းနဲ့ စကားပြောချင်နေပါသတဲ့"
".........."
စုချန်းလည်း ဘာမှမတတ်နိုင်တော့ပဲ ကျောက်ကျင်းဝင်နောက်သို့ လိုက်ပါသွားရလေသည်။
အခြေအနေကို သဘောပေါက်သော ချီမင်းဖန်သည်လည်း ကျောက်ကျင်းဝင် အနီးသို့ ရောက်လာသည်နှင့် စုချန်းအား ထပ်မံ ပြောဆိုနေခြင်းမရှိတော့ပဲ အလိုက်တသိပင် ပါးစပ်ပိတ်ထားလိုက်၏။
ကျောက်ကျင်းဝင်သည် ဘေးနားရှိ အခန်းတခန်းဆီသို့ စုချန်းအား ခေါ်သွား၏။ ထိုအခန်းထဲတွင် ကျူးပိုင်ယု မရှိသလို ပေါလ်လဲ မရှိ။ ကျူးရှန်းယောင်၏ ဘေးတွင် အဖိုးကြီးတဦးသာ ရှိနေ၏။
ထိုအခါကျမှ စုချန်း အတော်လေး စိတ်သက်သာရသွားလေသည်။ လက်ရှိတွင် စုချန်း အကြောက်ဆုံးသူမှာ ဟေးစုအား လိုက်လံဖမ်းဆီးသည့် သဲမျိုးစိတ်ဝင်ပင် ဖြစ်သည်။ ၎င်း၏ ထောက်လှမ်းရေးနည်းစနစ်မှာ အလွန်ကောင်းပြီး မည်သည့် ဖုံးကွယ်ခြင်းနည်းစနစ်ကိုမဆို ဖော်ထုတ်နိုင်ပုံရနေ၏။ ထို သဲမျိုးစိတ်ဝင်ပြီးနောက် စုချန်း အကြောက်ဆုံးလူမှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦးဖြစ်သော ကျူးပိုင်ယုပင် ဖြစ်သည်။
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦးဟာ လှည့်စားဖို့ဆိုသည်မှာ အင်မတန်ခက်ခဲသည်မဟုတ်ပါလား။
အခန်းထဲသို့ ရောက်သည်နှင့် စုချန်းက ပြောလိုက်သည်။
"ယောင်ယောင် ကျုပ်ကို လိုက်ရှာနေတယ်ဆို ဘာကိစ္စလဲ"
ကျူးရှန်းယောင်ကား လှည့်၍ပင်မကြည့်။
"ကျွန်မကို ယောင်ယောင်လို့ နောက်တခါ ခေါ်ကြည့် ရှင့် လျှာကို ဖြတ်ပစ်မယ်"
ကောင်းသားပဲ...အကောင်းဆုံးတော့ ငါ နာမည်မှားမခေါ်မိဘူးပေါ့...
စုချန်း အထက်ပါအတိုင်း တွေးတောမိလေသည်။
***