← Chapters

အစီအစဥ်တကျ

Vol. 54 Ch. 533

အစီအစဥ်တကျ

Vol. 54 Ch. 533

သုံးရက်အလွန်တွင် စုချန်း ပြန်လည်သတိရလာ၏။

အိပ်ယာပေါ်မှ ခေါင်းထူပြီး စုချန်းတယောက် ဒဏ်ရာကို စစ်​ဆေးကြည့်လိုက်၏။ သူ့ဒဏ်ရာကား သိသိသာသာပင် သက်သာနေခဲ့လေပြီ။

ထိုအခါ စုချန်းက နံရံကို မှီပြီး မတ်တပ်ရပ်ရန် ကြိုးစားလိုက်သည်။

"မထနဲ့လေ ရှင့်ဒဏ်ရာက အတော်လေးပြင်းထန်တယ်ရှင့်"

သူ့နောက်ကျောမှ ကျူးရှန်းယောင်၏ အသံ ထွက်ပေါ်လာ၏။ ထို့နောက် သူမက သူ့ကို အိပ်ယာပေါ်တွင် ပြန်လည်နေရာချပေးလိုက်လေသည်။

ထိုအခါ စုချန်းက ပြောလိုက်သည်။

"ကျုပ်ဒဏ်ရာက အနာကျက်နေပါပြီကွာ"

သူ့စကားက အမှန်ပင်။ သူ သတိမေ့နေခြင်းမှာ ဒဏ်ရာကြောင့်မဟုတ်။ ဆေးသောက်ထားသောကြောင့်သာ ဖြစ်သည်။ ညတစ္ဆေ၏ လက်ဆမှာ ပြင်းလွန်းသည်ဟု ဆိုနိုင်သော်လည်း အရေးကြီးသည့် ကိုယ်တွင်းအင်္ဂါများကိုတော့ မထိခိုက်မိချေ။ ထို့ကြောင့် စုချန်းသည် မြန်မြန်ဆန်ဆန်ပင် ပြန်လည်သက်သာလာ၏။ သူ ဆေးသောက်လိုက်ရခြင်းမှာ သတိမေ့နေစေရန်နှင့် အနာကျက်နှုန်းကို နှေးကွေးသွားစေရန်သာ ဖြစ်သည်။

"ရှင် ကျွန်မကို စိတ်သက်သာအောင် ပြောမနေပါနဲ့လေ ဓားချက်ဟာ ရှင့်သေကွင်းသေကွက်တွေကို မထိခဲ့ပေမဲ့ ဓားမှာပါလာတဲ့ ချီစွမ်းအားကတော့ ရှင့်တကိုယ်လုံးကို ထိုးဖောက်ဝင်ရောက်သွားတယ် အဖိုးကြီးယီက ပြောတယ် တကယ်လို့ ရှင့်ရဲ့ ဝက်နဂါးသွေးဗီဇကသာ အင်အားမကြီးခဲ့ရင် ပြီးတော့ ရှင်သာ ထူးဆန်းတဲ့ ဆေးတချို့ မသောက်ထားခဲ့ရင် ရှင့်အခြေအနေက မလွယ်ဘူးတဲ့"

"မင်းပြောတဲ့ ချီစွမ်းအားတွေ မရှိတော့ပါဘူးကွာ ကျုပ် သက်သာနေပါပြီ မယုံရင် မင်းစမ်းကြည့်လေ"

ပြောပြောဆိုဆို စုချန်းသည် ကျူးရှန်းယောင်၏ လက်က်ို ဖြတ်ခနဲ လှမ်းဆွဲပြီး သူ့ရင်ဘတ်ပေါ်တွင် တင်ပေးလိုက်၏။

စုချန်း၏ လုပ်ရပ်ကြောင့် ကျူးရှန်းယောင်၏ မျက်နှာမှာ ရဲခနဲ ဖြစ်သွား၏။ လုပ်လိုက်ပြီးမှ သူ့လုပ်ရပ် လွန်သွားမှန်း စုချန်း သဘောပေါက်လိုက်ပြီး ကျူးရှန်းယောင်၏ လက်က်ို ပြန်လွှတ်ပေးလိုက်သည်။

အံ့သြစရာကောင်းသည်မှာကား ကျူးရှန်းယောင်သည် သူမ၏ လက်ကို ပြန်လည်ရုတ်သိမ်းခြင်းမပြုပဲ စုချန်း၏ ရင်ဘတ်ပေါ်တွင် ဆက်လက်တင်ထားပြီး ရင်ခုန်သံကို အာရုံခံနေ၏။

ထို့နောက် သူတို့နှစ်ယောက်သည် ထိုပုံစံအတိုင်း အချိန်အတော်ကြာအောင် ရှိနေကြလေသည်။

အချိန်အတော်ကြာမှ ကျူးရှန်းယောင်သည် သတိဝင်လာဟန်တူ၏။ သူမ၏ သွယ်လျပျော့ပြောင်းသော လက်ကို စုချန်း၏ ရင်ဘတ်ပေါ်မှ ပြန်လည်ရုတ်သိမ်းလိုက်လေသည်။

"အင်း"

ကျူးရှန်းယောင်က အသံတိုးတိုးနှင့် ပြောလိုက်သည်။

"ကြည့်ရတာကတော့ ဘာပြသနာမှ မရှိတော့ဘူးနဲ့ တူပါတယ်လေ"

"တွေ့လား ကျုပ် မင်းကို ပြောပါတယ် ကျုပ် သက်သာနေပါပြီလို့"

စုချန်း အားရပါးရ ပြုံးရင်း ပြောလိုက်သည်။

သာမာန်အခြေအနေသာဆိုလျင် စုချန်း၏ ထိုအပြုံးကို မြင်လိုက်သည်နှင့် ကျူးရှန်းယောင် ဒေါသထွက်လာပေလိမ့်မည်။

ယခုတော့ ကျူးရှန်းယောင်သည် စုချန်းကိုသာ ငေးငိုင်လျက် စိုက်ကြည့်နေရှာ၏။ ဒေါသထွက်ဟန်မပေါ်။

ဟာ....

စုချန်း မရိုးမရွ ဖြစ်စပြုလာ၏။

ထိုအချိန်တွင် ကျူးရှန်းယောင်က စကားစလိုက်သည်။

"ထျန်းယန် ရှင် လုပ်ခဲ့တာ သိပ်ကောင်းတယ် သိလား"

"ဟင် ဘာကိုလဲ"

စုချန်း နားမလည်နိုင်ပဲ ဖြစ်နေ၏။

"ထျန်းယန် လွန်ခဲ့တဲ့ ရက်တွေက ရှင့်ကိုလုပ်ကြံဖို့ကြိုးစားတာ ဘယ်သူလဲ ရှင်သိရဲ့လား"

"ဘယ်သူလဲ"

"ဖန်းစီဟွာဆိုတဲ့လူပဲ"

ကျူးရှန်းယောင်က ရှင်းပြလိုက်သည်။

"ဒီလူဟာ ရှင်သန်ခြင်း​ကျောင်းတော်ရဲ့ နာမည်ကြီး လူသတ်သမားပဲ လုပ်ကြံမှု ၃၇မှုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ နာမည်ကြီးတယ် သူ လုပ်ကြံခဲ့တဲ့အထဲမှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တချို့လဲ ပါတယ် ခုတော့ ရှင်က သူ့ရဲ့လုပ်ကြံမှုကို တားဆီးနိုင်ရုံတင်မကဘူး သူ့ကိုပါ ပြန်သတ်နိုင်ခဲ့တယ် ဒါ တကယ်ထူးခြားတာပဲရှင့်"

စုချန်း အတီးအတနိုင်ဟန်ဖြင့် ပြုံးလိုက်ပြန်သည်။ အနှီ အတီးအတအပြုံးသည်ပင် ကျူးရှန်းယောင်၏ မျက်လုံးထဲတွင် ယောကျာ်းပီသနေ၏။ ဆွဲဆောင်မှုရှိနေ၏။

စုချန်းကို ကြည့်ရင်း ကျူးရှန်းယောင်က ပြောလိုက်ပြန်သည်။

"ရှင်ဟာ သွေးဗီဇ နိုးလာချင်းမှာပဲ ဖန်းစီဟွာကို သတ်ပစ်နိုင်ခဲ့တယ် ဒါ ရှင် ဘယ်လောက်သန်မာတယ်ဆိုတာ သက်သေပြလိုက်တာပဲရှင့် ပိုပြီးအရေးကြီးတာက ရှင်ဟာ သိပ်ပြီးသတ္တိကောင်းတာပဲ ဒီလိုအခြေအနေမှာတောင် ရှင် သူ့ကို ပြန်တိုက်ခိုက်နိုင်ခဲ့တယ် ထျန်းယန် ရှင်ဟာ ငကြောက်မဟုတ်ဘူး ရှင့်ရဲ့ တကယ့်ပုံသဏ္ဍာန်ကို ဖုံးကွယ်ထားတာ ဒါမှမဟုတ် ရှင့်ကိုရှင် ဘယ်လောက်သတ္တိကောင်းမှန်း မသိသေးတာပဲ"

"ဒါ...ဒါဆို...ကျုပ် တော်တာပေါ့နော်"

စုချန်းက နဝေတိမ်တောင်နိုင်ဟန်ဖြင့် ​မေးလိုက်သည်။

"ဒါပေါ့ရှင့်"

ကျူးရှန်းယောင်ကလည်း တလေးတနက်ပင် ပြောလိုက်၏။

"ဒါဆို......."

ကဲ ...မင်းဖက်က ဒီလောက်ထိ ဇွတ်တရွတ်ဖြစ်နေမှတော့ ကျုပ်ဘက်ကလဲ သဘောတူပေးရတော့မှာပေါ့ကွာ....

ထျန်းယန်...ငါတော့ မင်းအတွက် သူ့အသည်းနှလုံးကို အကျဥ်းချနိုင်ခဲ့ပြီနဲ့ တူတယ်ကွ...မင်း အဖမ်းခံထားရတဲ့အတွက် အလျော်ပြန်ရတယ်ပဲ သဘောထားလိုက်ပေါ့ကွာ...

ကျူးရှန်းယောင်၏ ​သူ့အပေါ် ပြောင်းလဲလာသော သဘောထားကို သိပါက ယူထျန်းယန်အနေနှင့် ဆယ်ခါပြန် အချုပ်ခံထားရလျင်လည်း ကျေနပ်နေမည်သာ။

သို့သော် သူတို့နှစ်ယောက်သာ နေရာပြန်လဲလိုက်ပါက ယူထျန်းယန်အနေနှင် ကျူးရှန်းယောင်၏ နှလုံးသားကို ဆက်လက်သိမ်းပိုက်ထားနိုင်တော့မည် မဟုတ်။ ဒါကလည်း စုချန်း၏ ပြသနာတော့ မဟုတ်ချေ။

မည်သို့ဆိုစေ စုချန်းကတော့ ကျူးရှန်းယောင်၏ နှလုံးသားကို နောက်တကြိမ် သိမ်းပိုက်စိုးမိုးနိုင်ခဲ့ပြန်ချေပြီတည်း။

ကျူးရှန်းယောင်အနေနှင့် သိပင်မသိလိုက်ပဲ တူညီသော လူတဦးတည်းအပေါ် နှစ်ကြိမ်တိုင်တိုင် သဘောကျမိမည်ကို အိပ်မက်ပင် မက်ဖူးလိမ့်မည်မဟုတ်။

ကံကြမ္မာသည် တခါတလေကျလျင် လူသားတို့အား ပျက်ရယ်ပြုတတ်ချေသည်တကား။

အနာဂတ်တွင် ဘာတွေဖြစ်လာမည်မှန်း စုချန်း တိတိကျကျ မပြောနိုင်။ သူသဘောပေါက်သည့် တခုတည်းသောအရာမှာ ယူထျန်းယန်အပေါ် ကျူးရှန်းယောင်၏ စ််ိတ်သဘောထား ပြောင်းလဲသွားပြီဆိုသည့် အချက်ကိုပင် ဖြစ်သည်။

"မင်းပြောသလို ကျုပ်ကို လုပ်ကြံဖို့ ကြိုးစားတဲ့လူက ဖန်းစီဟွာဆိုရင် လုပ်ကြံမှုကို ရှင်သန်ခြင်းကျောင်းတော်က ကြိုးကိုင်နေတာပေါ့ ဟုတ်လား ဒါဆို သခင်မလေးရှန်းလင်နဲ့ ဘာမှမဆိုင်ဘူးပေါ့ ဟုတ်လား"

စုချန်းက ရည်ရွယ်ချက်ရှိရှိပင် မေးခွန်းထုတ်လိုက်၏။

"လုပ်ကြံမှုမှာ ရှင်သန်ခြင်းကျောင်းတော် ပါဝင်နေတာတော့ အမှန်ပဲ ဒါပေမဲ့ ဒီလုပ်ကြံမှုနဲ့ ရှင်းလင် လုံးဝ မဆက်စပ်ဘူးလို့တော့ တထစ်ချ ပြောလိုမရသေးဘူးရှင့်"

ထို့​နောက် ကျူးရှန်းယောင်သည် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများအား စုချန်းကို ပြန်လည်ရှင်းပြလိုက်၏။

ဟေးစုထံမှ လိပ်စာရသည်နှင့် ကျူးရှန်းယောင်သည် သူ့လူများကို ခေါ်ကာ လိပ်စာအတိုင်း သွားရှာခဲ့၏။

တကယ်တော့ ထိုလိပ်စာမှာ ဟေးစု၏ တည်နေရာအား ရည်ညွှန်းထားသည့် လိပ်စာပင် ဖြစ်သည်။

ဟေးစု၏ တည်ရှိမှုသည် စုချန်းနှင့် ချီမင်းဖန်အတွက် အတားအဆီးတခုသဖွယ် ဖြစ်နေ၏။ ထို့ကြောင့် ကျူးရှန်းယောင်၏ လက်ကိုသုံးပြီး ကောင်းချန်းအား ရှင်းပစ်ရန် စုချန်းက ကြံစည်ခဲ့ခြင်းပင်။ တဖက်တွင်လည်း ရှင်သန်ခြင်းကျောင်းတော်သည် ကျူးမျိုးနွယ်စုအတွက် ခါးသီးသော ရန်သူ ဖြစ်နေဆဲပင် ဖြစ်လေရာ သူတို့ ထိပ်တိုက်ရင်ဆိုင်မိသည်နှင့် ပြင်းထန်သော တိုက်ပွဲ ဖြစ်ပေါ်လာမည်မှာ သေချာနေသည် မဟုတ်ပါလား။

"ဒီတော့ ဘာတွေ ဖြစ်ကုန်သလဲ"

စုချန်းက မေးလိုက်ပြန်သည်။

"မေးနေစရာလိုသေးလို့လားရှင် ကျွန်မတို့ နိုင်တာပေါ့"

ကျူးရှန်းယောင်က ဝမ်းသာအားရနှင့် ပြောလိုက်သည်။

"သူတို့ဘက်မှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက် ရှိနေတာတော့ မှန်ပါရဲ့ ဒါပေမဲ့ သူက သွေးနှောပဲလေ ကျွန်မတို့လို နတ်ဆိုးဧကရာဇ်သွေးဗီဇကို ဘယ်ယှဥ်နိုင်ပါ့မလဲ ကျောက်ကျင်းဝင် ပါ့လီယွန်နဲ့ ကျွန်မတို့ သုံးယောက်နဲ့တင် လုံလောက်တယ် ကူလာနဲ့တခြားလူတွေတောင် မလိုလိုက်ဘူး"

ကြည့်ရသည်မှာ ဤမိန်းကလေးသည် သူ ချစ်ခင်နှစ်သက်သော ယောကျာ်းလေးတယောက်၏ ရှေ့တွင် မသ်ိမသာ ကြွားဝါနေဟန်ပေါ်နေ၏။

ကျူးရှန်းယောင်၊ ကျောက်ကျင်းဝင်နှင့် ပါ့လီယွန်တို့သည် အစွမ်းရှိကြသည်မှန်သော်လည်း ချိရှန်းယွမ်ကို သူတို့သုံးယောက်တည်းနှင့် ရင်ဆိုင်ရန် မလွယ်လှ။ အစောင့်များ၏ အကူအညီကိုတော့သေချာပေါက် လိုအပ်ပေလိမ့်မည်။

ကောင်းချန်းဘက်မှ အကြီးမားဆုံး အားနည်းချက်မှာ လူအင်အားနည်းပါးနေခြင်းပင်။ ကျူးမျိုးနွယ်အစောင့်များနှင့် သဲမျိုးစိတ်ဝင်များမှာ ရာချီနေ၏။ ဤအနေအထားတွင် ကောင်းချန်းနှင့် ချိရှန်းယွမ်နှစ်ယောက်တည်းနှင့် ကျူးရှန်းယောင်တို့လူစုအား မည်သို့ ခုခံနိုင်အံ့နည်း။

"ပြီးတော့ ဘာတွေဆက်ဖြစ်သေးလဲ"

စုချန်းက မေးလိုက်ပြန်သည်။

"ဘာဖြစ်ရမှာလဲ ကျွန်မတို့က သူတို့ကို သတ်ပစ်လိုက်တာပေါ့ရှင့်"

သူမ၏ စကားကို စုချန်း မယုံနိုင်ဟန်ပေါ်နေသောအခါ ကျူးရှန်းယောင် နှုတ်ခမ်းစူလိုက်၏။ ထို့နောက် သူမက ပြောလိုက်သည်။

"သူတို့ထဲက တယောက် နှစ်ယောက်လောက်တော့ လွတ်သွားတယ်"

တယောက် နှစ်ယောက် လွတ်သွားတယ်ဆိုပါလား...

စုချန်း မျက်မှောင်ကုတ်သွား၏။

သို့သော် ကျူးရှန်းယောင်အား တည့်တည့်မေး၍ မဖြစ်မှန်း သဘောပေါက်သောကြောင့် စုချန်းက မေးခွန်းပြောင်းကာ မေးလိုက်သည်။

"ကျုပ်တို့ဘက်က အဆုံးအရှုံးကရော"

"ကျွန်မတို့ဘက်က လေးယောက်သေတယ်"

ထို့နောက် သူတို့နှစ်ယောက်သည် အတန်ကြာအောင် စကားပြောဆိုနေကြသေး၏။ နောက်ဆုံးတွင် ကျူးရှန်းယောင် ထွက်ခွာသွားလေသည်။

ကျူးရှန်းယောင် ထွက်ခွာသွားသည်နှင့် စုချန်းသည် ချက်ချင်းပင် ချီမင်းဖန်အား ဆက်သွယ်လိုက်၏။

သေချာပြီ။ ကောင်းချန်းနှင့် ချိရှန်းယွမ် လွတ်မြောက်သွားသည်ကတော့ အမှန်ပင်။

"ဒီတော့ သူတို့နှစ်ယောက် လွတ်သွားတာ တကယ်ပဲပေါ့"

"တကယ်ပဲ ကျုပ်စိတ်ပူနေတာက ကျုပ်တို့ဘက်က သူတို့ကို ထောင်ချောက်ဆင်မှန်း သူတို့ သိသွားမှာကိုပဲ ဒါဆိုရင် နောက်ပိုင်းမှာ ပြသနာတက်လာနိုင်တယ်"

ချီမင်းဖန်၏ အသံမှာ စိုးရိမ်ပူပန်နေဟန်ပေါ်နေ၏။

"ခင်ဗျား စိတ်ပူမနေပါနဲ့လေ ဒီအတွက် ကျုပ် တာဝန်ခံပါမယ်"

စုချန်းက ပြုံးရင်း ပြောလိုက်သည်။

"သူတို့နှစ်ယောက်ကို ကျူးမျိုးနွယ်တွေ ရှင်းပစ်နိုင်မှာပဲလို့ အစတုန်းက ကျုပ် ထင်ထားတာကွ"

"သူတို့ သေမှာပါဗျာ"

"သူတို့မှ မသေသေးပဲကွ"

"ခင်ဗျား သိလာပါလိမ့်မယ်"

ထို့နောက် စုချန်းသည် ချီမင်းဖန်ကို စကားဖြတ်ပြီး နောက်ထပ် ဆက်သွယ်ရေးကိရိယာကို ဖွင့်လိုက်ပြန်သည်။

"ကျွန်မရှိတယ်"

တဖက်မှ ယွဲ့လောင်ရှ၏ အသံ ထွက်ပေါ်လာ၏။

"အခြေအနေ"

"အားလုံး အစီအစဥ်အတိုင်းပါပဲရှင်"

***

All Chapters