← Chapters

ပုစဥ်းရင်ကွဲအား ချောင်းမြောင်းနေသော ဓားခုတ်ကောင်သည် ငှက်ကျားအုပ်စု၏ အန္တရာယ်အား သတိမမူမိချေ

Vol. 54 Ch. 536

ပုစဥ်းရင်ကွဲအား ချောင်းမြောင်းနေသော ဓားခုတ်ကောင်သည် ငှက်ကျားအုပ်စု၏ အန္တရာယ်အား သတိမမူမိချေ

Vol. 54 Ch. 536

"စိတ်ဝိညာဥ်စွမ်းအား ယူနစ် ၁၅၀ ဟုတ်လား"

ကျူးရှန်းယောင် တွေခနဲ ဖြစ်သွား၏။ ထို့နောက် သူမက မူလပုံစံကွက်အလယ်တွင် မတ်တပ်ရပ်နေသော စုချန်းကို လှမ်းကြည့်လိုက်ရင်း မေးလိုက်သည်။

"ရှင် လိုနေတာ စိတ်ဝိညာဥ်စွမ်းအင်ယူနစ် ၁၅၀ပဲလား"

"ဟုတ်တယ်ဗျ သေချာတယ်"

စုချန်းကလည်း ပြန်အော်လိုက်သည်။

"မင်းမှာ စိတ်ဝိညာဥ်စွမ်းအင်တိုးပွားလာစေမဲ့ နည်းလမ်းတမျိုးမျိုးရှိရင် ခုချက်ချင်း လုပ်ပေတော့ မဟုတ်ရင် ကျုပ်တို့ ဒီအခွင့်အရေးကို လက်လွတ်ခံရတော့မယ်"

တံခါးသည် ပွင့်လုဆဲဆဲအခြေအနေသို့ ဆိုက်ရောက်နေပြီမှန်း စုချန်း ခံစားမိနေသည် မဟုတ်ပါလား။

"ကောင်းပြီ ရှင် လိုတာ ကျွန်မပေးမယ်"

ကျယ်လောင်စွာ အော်ဟစ်ပြီးသည်နှင့် ကျူးရှန်းယောင်သည် စုချန်းဆီသို့ တဟုန်ထိုး ခုန်ဝင်သွားတော့သည်။

"ရှန်းယောင် မလုပ်နဲ့"

ကျူးရှန်းယောင် ဘာလုပ်တော့မည်မှန်း သဘောပေါက်သော ကျူးပိုင်ယုသည် ပါးစပ်မှလည်း အသံထွက်ဟန့်တားလိုက်သလို လက်ကလည်း ကျူးရှန်းယောင်အား ဖမ်းဆွဲလိုက်၏။ သို့သော် ကျူးရှန်းယောင်သည် ကျူးပိုင်ယု၏ ဆန့်ထွက်လာသော လက်ကို ကျင်လည်စွာ ရှောင်တိမ်းပြီး စုချန်းဆီသို့ ဆက်လက်ခုန်ဝင်သွားလေသည်။

စုချန်း၏ အနီးသို့ရောက်သည်နှင့် ကျူးရှန်းယောင်သည် စုချန်းအား စိုက်ကြည့်လိုက်၏။ ထို့နောက် သူမက စုချန်းအား ရုတ်တရက် နမ်းရှုပ်လိုက်တော့သည်။

နက်ရှိုင်းလှသည့်အနမ်း။ ရှည်ကြာလှသည့်အနမ်း။

ကျူးရှန်းယောင်၏ လုပ်ရပ်ကြောင့် စုချန်း လုံးဝ အငိုက်မိသွား၏။ သူ တခုခု ပြောလိုလှသည်။ သို့သော် ဘာပြောရမှန်း မသိ။ ဘာစကားလုံးမှ ရှာမရ။ ထိုအခါ သူသည် ကျူးရှန်းယောင်အား ငူငူကြီး စိုက်ကြည့်နေမိလေသည်။

သို့သော် ထိုအနမ်းမှတဆင့် ကျူးရှန်းယောင်၏ ဆန္ဒများ၊ အတွေးများ၊ စိတ်ကူးစိတ်သန်းများ၊ မှတ်ညဏ်များကို သယ်ဆောင်ထားသည့် ထူးဆန်းလှသော စိတ်ဝိညာဥ်စွမ်းအားများ သူ့ကိုယ်ထဲသို့ တိုးဝင်လာကြောင်းကိုတော့ စုချန်း ခံစားနေရ၏။

ထိုအခါ ကျူးရှန်းယောင်သည် ထူးဆန်းသော နည်းလမ်းတခုကို သုံးကာ သူမ ပိုင်ဆိုင်ထားသော စိတ်ဝိညာဥ်စွမ်းအားများကို သူ့ထံသို့ လွှဲပြောင်းပေးနေကြောင်း စုချန်း သဘောပေါက်လာ၏။

စိတ်စွမ်းအားနှင့် ဝိညာဥ်စွမ်းအား။ တကယ်တော့ ထိုစွမ်းအားနှစ်မျိုးမှာ အတူတူသာ။

သူတို့ စိတ်ဝိညာဥ်စွမ်းအားဟု သတ်မှတ်ခေါ်ဆိုကြသော စွမ်းအားမှာလည်း ထိုလူ၏ ဝိညာဥ်စွမ်းအားကိုပင် ရည်ရွယ်ထားခြင်းပင်။

ထို့ကြောင့် ကျူးရှန်းယောင်က သူ့ထံသို့ စိတ်ဝိညာဥ်စွမ်းအားများ လွှဲပြောင်းပေးလိုက်သောအခါ စုချန်းသည် သူမ၏ စိတ်ခံစားချက်များ၊ သူမ၏ အသိိစိတ်အတွင်းမှ သိမ်မွေ့သည့် အပြောင်းအလဲများကိုပါ သိရှိခံစားလိုက်ရခြင်း ဖြစ်သည်။ ထိုခနဝယ် သူသည် ကျူးရှန်းယောင် ဖြစ်သွားသလိုပင် စုချန်း ခံစားလိုက်ရ၏။

ထိုအချိန်တွင် ကျူးရှန်းယောင်က နောက်သို့ ဆုတ်သွားပြီ ဖြစ်သည်။

"မြန်မြန်လုပ်"

အလကားသက်သက်တော့ ဤလုပ်ရပ်မျိုးကို ကျူးရှန်းယောင် လုပ်လိမ့်မည်မဟုတ်။

ဤအခြေအနေမျိုးကို လွန်ခဲ့သော ရက်တချို့ကသာ ကြုံကြိုက်ခဲ့လျင်လည်း ဤလုပ်ရပ်မျိုးကို ကျူးရှန်းယောင် လုပ်ဆောင်လိမ့်မည် မဟုတ်။

မည်သို့ပင်ဖြစ်စေကာမူ ကျူးရှန်းယောင်ကတော့ စုချန်းကို နမ်းရှိုက်လိုက်ပြီ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူမ၏ နှလုံးသားသည် ပြင်းထန်စွာ ခုန်ပေါက်လှုပ်ရှားနေ၏။

တကယ်တော့ ကျူးရှန်းယောင် အသုံးပြုလိုက်သော နည်းလမ်းမှာ ဖူးသစ်စအချစ်ဟုခေါ်သော နည်းလမ်းဖြစ်ကြောင်း စုချန်း မသ်ိချေ။

ဖူးသစ်စ ပန်းလေးတပွင့် စတင်ပွင့်လန်းလာချိန်တွင် ၎င်းပန်းပင်၏ အမြစ်များသည် မြေကြီးအတွင်း မြဲမြံစွာ ကုပ်တွယ်ထားပြီးဖြစ်သည်။ "ဖူးသစ်စအချစ်" နည်းလမ်းကြောင့် ပေါ်ပေါက်လာသော ချစ်ခြင်းမေတ္တာသည်လည်း မည်သည့်အခက်အခဲများ ကြုံတွေ့ရစေကာမူ ထိုလူတဦးတည်းကိုသာ တသက်စာ မြဲမြံစွာ ချစ်မြတ်နိုးသွားတော့မည်တည်း။

ထို့ကြောင့် ဖူးသစ်စအချစ် နည်းစနစ်သည် ချစ်ခြင်းမေတ္တာကို အဓိက ပို့ဆောင်ပေးသော နည်းစနစ်တမျိုးဟု ဆိုနိုင်သည်။ စိတ်ဝိညာဥ်စွမ်းအင်ဟူသည်မှာကား အပိုဆု သဘောမျိုးပင်။

စုချန်း၏ စိတ်ဝိညာဥ်စွမ်းအားများ တိုးပွားလေစေရန် ကျူးရှန်းယောင်သည် သူမ၏ မေတ္တာအား စုချန်းဆီသို့ အပ်နှံလိုက်သည့် သဘောပင်။

ကျူးရှန်းယောင်၏ စိတ်ထဲတွင်တော့ သူမအနေနှင့် ယူထျန်းယန်အား ရွေးချယ်လိုက်သည်ဟုသာ ယူဆထား၏။ သို့သော် လူတဦးတည်းကို နှစ်ကြိမ်တိုင်တိုင် တွယ်ငြိမိသွားသည်ကိုတော့ သူမ သဘောမပေါက်လိုက်။

နမ်းရှိုက်ပြီးသည်နှင့် တပြိုင်နက် စုချန်း၏ စိတ်ဝိညာဥ်စွမ်းအင်များမှာ တဟုန်ထ်ိုး မြင့်တက်လာ၏။ ထောင်နှင့်ချီသော စိတ်ဝိညာဥ်လှိုင်းတံများကလည်း စုချန်း ကိုယ်တွင်းမှ ထွက်ပေါ်လာသည်။ တနေရာတွင် မျက်စေ့နှင့် မမြင်ရသော ဖြစ်တည်မှုတခု ရှိနေကြောင်း စုချန်း ခံစားနေရ၏။ ဘယ်က ထွက်ပေါ်လာမှန်း ပြောပြရန်ခဲယဥ်းသည့် အပြာရောင်စွမ်းအင်ဝဲဂယက်တခုသည်လည်း ခန်းမ၏ မျက်နှာပြင်တွင် ထွက်ပေါ်လာ၏။

အဆိုပါစွမ်းအင်ဝဲဂယက်သည် စုချန်း ကြည့်နေရင်းမှာပင် တဖြည်းဖြည်း နိမ့်ဆင်းလာပြီး ခန်းမ၏ မီးလင်းဖိုနားထ်ိ ရောက်လာ၏။ ထို့နောက် ၎င်းဝဲဂယက်သည် အပြာရောင်အလင်းတန်းများကို လှစ်ခနဲ လှစ်ခနဲ ဖော်ထုတ်ကာ မီးလင်းဖိုပေါ်တွင် ဝဲပျံနေလေသည်။

အတန်ကြာသော အပြာရောင်အလင်းတန်းများ လုံးဝဥဿုံ ပျောက်ကွယ်သွားပြီး မီးလင်းဖိုတွင် မှောင်မဲနေသည့် လမ်းကြောင်းတခု ပေါ်လာ၏။ အဆိုပါလမ်းကြောင်းသည် ဘယ်ကိုဦးတည်နေမှန်း မည်သူမှ မသိချေ။

"တံခါးတော့ ပေါ်လာပြီ"

ကျူးပိုင်ယု စိတ်လှုပ်ရှားဟန်ဖြင့် ရေရွတ်လိုက်သည်။

"နောက်ဆုံးတော့ ကက်ပီးယပ်စ်ရဲ့ လျှို့ဝှက်ခန်းက တကယ်ပဲ ရှိနေတာကိုး"

စုချန်း၏ စကားသံ ဖြစ်သည်။

ကက်ပီးယပ်စ်တယောက် သူ့အမွေအနှစ်များအား သိမ်းဆည်းထားခဲ့သည်မှာ ရိုးရှင်းသလောက် ထိရောက်လှသည်။ ၎င်းသည် လျှို့ဝှက်ခန်းအား သီးခြားလေဟာနယ်တခုတွင် ထားလိုက်ပြီး အဝင်ပေါက်အား မီးလင်းဖိုတွင် နေရာချထားခဲ့၏။ ထိုအဝင်ပေါက်ကိုကား များပြားလှသော စိတ်ဝိညာဥ်စွမ်းအင်များဖြင့် ဖုံးကွယ်ထားခဲ့သည်။ ဝိညာဥ်မျိုးစိတ်များမှအပ တခြားဘယ်မျိုးစိတ်မှ ထိုအဝင်ပေါက်အား ရှာမတွေ့နိုင်စေရန်ပင်။ စိတ်ဝိညာဥ်စွမ်းအားယူနစ်၁၅၀၀ ရှိဖို့ဆိုသည်မှာ ဝိညာဥ်မျိုးစိတ်များမှအပ ကျန်မျိုးစိတ်များအဖို့ မဖြစ်နိုင်ချေ။

သို့သော် လောကတွင် ချိုးဖျက်၍ မရသော ယန္တရားဟူသည်မှာ မရှိ။ လိုအပ်နေသော စိတ်ဝိညာဥ်စွမ်းအား ယူနစ်၁၅၀၀အား လူတိုင်း၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ စုချန်းတို့ ကြံဆောင်နိုင်ခဲ့ပေပြီ။

ဝင်ပေါက်ကိုကြည့်ရင်း လူတိုင်း၏ မျက်နှာတွင် စိတ်လှုပ်ရှားဟန်များ ပေါ်လာ၏။

"လက်စသတ်တော့ မင်းတို့ရှာနေတာ ဒါပဲပေါ့လေ"

ကူလာက ရေရွတ်လိုက်သည်။

"ဒီရဲတိုက်ကြီးမှာ မဖော်ထုတ်ရသေးတဲ့ လျှို့ဝှက်ချက်တွေ ရှိတယ် ဒီလျှို့ဝှက်ချက်တွေကို ရှာဖွေဖို့ကလဲ ဒီတနည်းပဲ ရှိတယ်"

"မင်း အခုတော့ သဘောပေါက်သွားပြီပေါ့ ဒါပေမဲ့ နောက်ကျသွားပြီကွ"

ပြောပြောဆိုဆို ကျူးပိုင်ယုသည် ကူလာအား မီးလင်းဖိုဆီသို့ တရွတ်တိုက် ဆွဲခေါ်သွား၏။ ထိုအချိန်တွင် ကျူးရှန်းယောင်က လျှောက်လာပြီး ကူလာ၏ နဖူးအား လက်ညိုးဖြင့် ထောက်လိုက်ရာ အလင်းတန်းတခု ကူလာ၏ နဖူးအတွင်းသို့ တိုးဝင်သွားလေသည်။

ကူလာ မသဲမကွဲ ငြီးငြူလိုက်သည်။ သူ့အခြေအနေမှာလည်း ကျူးရှန်းယောင်တို့ ဘာခိုင်းခိုင်း လုပ်တော့မည့်ဘဝသို့ ကျရောက်သွားပြီးဖြစ်သည်။

ထို့နောက် ကျူးပိုင်ယုသည် ကူလာအား ဝင်ပေါက်ထဲသို့ ပစ်သွင်းလိုက်လေသည်။ ဝင်ပေါက်ဆီမှ အပြာရောင်အလင်းတန်းတချို့ ထွက်ပေါ်လာပြီး ကူလာမှာလည်း ပျောက်ကွယ်သွား၏။

ကျူးရှန်းယောင်၏ လက်ပေါ်တွင် မှုန်ဝါးဝါး အရိပ်သဏ္ဍာန်တခု ပေါ်ပေါက်နေ၏။ မှောင်မည်းပြီး နက်ရှိုင်းသည့် အခန်းတခန်း၏ ပုံရိပ်ပေတည်း။

"ဘာအန္တရာယ်မှ မရှိဘူး အကုန်လုံး ပုံမှန်ပဲ လေဟာနယ်အားလှိုင်းတွေကတော့ မတည်မငြိမ် ဖြစ်နေတယ် သေချာတယ် ဒီဝင်ပေါက်ဟာ သီးခြားလေဟာနယ်တခုဆီကို ဦးတည်နေတာပဲရှင့်"

ကျူးပိုင်ယု၏ မျက်နှာမှာ ပို၍ တည်ကြည်လေးနက်လာ၏။

"ကြည့်ရသလောက် ဒီလေဟာနယ်က စိတ်မြင်ကွင်းလေဟာနယ်နဲ့ တူနေသလိုပဲ"

"စိတ်မြင်ကွင်းလေဟာနယ် ဟုတ်လား"

ကျူးရှန်းယောင် အတော်လေး အံ့သြသွားဟန်ပေါ်သည်။

"ဦးလေပြောနေတာ ကက်ပီးယပ်စ်က ဒီနေရာမှာ စိတ်မြင်ကွင်းလေဟာနယ်တခု ဖန်တီးခဲ့တယ်ပေါ့"

"ဟုတ်တယ်"

ကျူးပိုင်ယု အလေးအနက်ပင် ထပ်ပြောလိုက်သည်။

စိတ်မြင်ကွင်းလေဟာနယ်ဟူသည်မှာ တကယ့်ကမ္ဘာကြီး၏ ပုံရိပ်ယောင်ကို ဆိုလိုခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်းသည် ရိုးရိုးလေဟာနယ်သဘောမျိုး မဟုတ်တော့။ ပုံရိပ်ယောင်များစွာနှင့် ဖန်တီးထားသော တကယ့်ပြင်ပလောကပုံစံမျိုး ပို၍ဆန်လာ၏။

အိပ်မက်နယ်ပယ်နှင့် မတူသည်မှာကား စိတ်မြင်ကွင်းလေဟာနယ်သည် ရုပ်ပ်ိုင်းဆိုင်ရာအရ အထင်အရှား ရှိနေ၏။ တကယ့် ဖြစ်တည်မှုသဘောကို ဆောင်၏။ အိပ်မက်နယ်ပယ်ကဲ့သို့ စိတ်ကူးယဥ်သက်သက် မဟုတ်။

ဝိညာဥ်မျိုးစိတ်များသည် စိတ်စွမ်းအားပိုင်းဆိုင်ရာတွင် ပညာရှင်အဆင့်များဖြစ်ကြောင်း လူတိုင်း သိထားပြီးသားပင်။ သို့သော် ဤနေရာမျိုးတွင် စိတ်မြင်ကွင်းလေဟာနယ်တခုကို ကက်ပီးယပ်စ် တည်ဆောက်ထားလိမ့်မည်ဟုတော့ မည်သူမှ ကြိုမတွေးမိသည်မှာ အမှန်ပင်။

"ဒီလို စိတ်မြင်ကွင်းလေဟာနယ်မျိုးမှာ အန္တရာယ်ရှိတတ်သလား"

စုချန်းက မေးခွန်းထုတ်လိုက်၏။

"ဒါကတော့ ပြောဖို့ခက်တယ်ကွ"

ကျူးပိုင်ယု၏ လေသံမှာ လေးနက်တည်ကြည်နေ၏။

"စိတ်မြင်ကွင်းလေဟာနယ်တွေဆိုတာ တကယ့်လေဟာနယ်တွေရဲ့ အရိပ်လိုမျိုးပဲ ဒါပေမဲ့ သူတို့မှာ ကိုယ်ပိုင်စည်းမျဥ်းဥပဒေသတွေ ရှိနေတတ်တယ် ဘာပဲဖြစ်ဖြစ် ကျုပ်တို့ အလွန်ဂရုစိုက်မှရမယ်"

"ဒါဆိုရင်တော့ ကျုပ်တို့ အမြောက်လေး ဘာလေး ဆောင်သွားရင် ကောင်းမယ်"

"ဟုတ်တာပေါ့ကွာ"

ကျူးပိုင်ယု တဟားဟား ရယ်မောရင်း နောက်သို့လှည့်ကာ လက်တဖက်က်ို ဝေ့ယမ်းလိုက်သည်။ ကူလာ၏ တပည့်တပန်းများသည် ကျူးပိုင်ယု ထိုသို့ လှုပ်ရှားလိုက်သည်နှင့် ဝင်ပေါက်အတွင်းသို့ တယောက်ပြီးတယောက် တိုးဝင်ကုန်ကြ၏။

ထို့နောက် ကျူးပိုင်ယုက ပြောလိုက်သည်။

"ကဲ အချိန်ကျပြီ ကျုပ်တို့လဲ ဝင်ကြမယ်"

ထို့နောက် စုချန်းတို့လူစုသည် ဝင်ပေါက်အတွင်း တယောက်ပြီးတယောက် တိုးဝင်ပျောက်ကွယ်ကုန်ကြ၏။

သိပ်မကြာမီ ချီမင်းဖန်တို့လူစု အနောက်လိုင်နာရဲတိုက်ထဲသို့ ဝင်ရောက်လာကြ၏။ ရဲတိုက်အတွင်း လူသူကင်းရှင်းလျက်ရှိလေရာ ရှင်သန်ခြင်းကျောင်းတော်အနေနှင့် ရဲတိုက်အတွင်း ဝင်ရောက်ရန် ဘာအခက်အခဲမှ မရှိတော့။

မီးလင်းဖိုမှ ဝင်ပေါက်ကိုကြည့်ရင်း ချီမင်းဖန် ရေရွတ်လိုက်သည်။

"စိတ်မြင်ကွင်းလေဟာနယ်တဲ့လား ဒီလိုနေရာမှာ ကက်ပီးယပ်စ် စိတ်မြင်ကွင်းလေဟာနယ်တခု တည်ဆောက်ခဲ့မယ်လို့ ဘယ်သူကများ ထင်ခဲ့မှာလဲ တော်သေးတယ် ကျူးမျိုးနွယ်တွေ ရှိနေလို့ပေါ့ မဟုတ်ရင် ဒီနေရာကို ကျုပ်တို့ အတော်ကို ရှာရလိမ့်မယ် ကဲ အထဲကိုဝင်ပြီး ဘာတွေ့မလဲ ကြည့်ကြတာပေါ့"

ပြောပြောဆိုဆို သူက ဝင်ပေါက်အတွင်းသို့ လှမ်းဝင်လိုက်လေသည်။

ရှင်သန်ခြင်းကျောင်းတော်အဖွဲ့သားများ ဝင်ပေါက်အတွင်း လှမ်းဝင်လိုက်သည်နှင့် အပြာရောင်အလင်းတန်းများ မှိတ်တုတ် မှိတ်တုတ် ထွက်ပေါ်လာပြန်သည်။

သိပ်မကြာမီ ဟောခန်းမဆီသို့ နောက်ထပ်အုပ်စုတစ်စု ရောက်လာပြန်၏။

ထိုအုပ်စု၏ ခေါင်းဆောင်မှာကား သဲမျိုးစိတ်ခေါင်းဆောင် ပေါလ်ပေတည်း။

ပေါလ်က ဝင်ပေါက်ကိုကြည့်ရင်း တခစ်ခစ်ရယ်မောကာ ပြောလိုက်၏။

"တွေ့လား ကျုပ်တို့ရဲ့ ဧည့်သည်တော်ကြီးတွေက ကျုပ်တို့အတွက် ဘာယူလာပေးသလဲ ဆိုတာ ကျုပ် ပြောပါတယ် လူသားတွေဟာ ဘယ်တော့မှ မယုံရပါဘူးလို့ ကံကောင်းတာက ကျုပ်က ဒီလူတွေရဲ့ လှည့်ကွက်ထဲကို ဘယ်တုန်းကမှ မကျရောက်ခဲ့ဖူးတာပဲ ဒါပေမဲ့ ကျုပ်ပိုင်ဆိုင်တဲ့ ရတနာတွေကို လူနှစ်စု ခိုးယူဖို့ ကြံနေမယ်လို့တော့ ကျုပ် လုံးဝ ထင်မထားခဲ့ဘူး"

"ဒီလူတွေက တဖက်တည်းမှ မဟုတ်တာ သူတို့ ရန်ဖြစ်ပြီး အချင်းချင်း ပြန်သတ်ကုန်တဲ့အထိ ကျုပ်တို့ စောင့်လိုက်ရင် ကောင်းမလား"

သဲမျိုးစိတ်ဝင်တဦးက အကြံပြုလိုက်သည်။

"စိတ်ကူးကောင်းပဲကွ"

ပေါလ်နောက်ကျောရှိ သိမ်းငှက်မျက်လုံးနဲ့ သဲမျိုးစိတ်ဝင်က ပြောလိုက်ပြန်သည်။

"ဒါပေမဲ့ ခေါင်းဆောင် ကူလာ သူတို့လက်ထဲမှာ ရောက်နေတယ်"

"ကျုပ်သိပါတယ် ဒါပေမဲ့ ဆော့ခ် မင်း တွေးကြည့်စမ်း ဒီကောင်တွေ အချင်းချင်း သတ်တဲ့အထိ စောင့်နေတာဟာ အကောင်းဆုံး စိတ်ကူးပဲကွ"

"ကူလာကိုကျတော့ ဘယ်လိုလုပ်မလဲ"

"ဘုရားသခင်က သူ့ကို စောင်မကြည့်ရှုပါလိမ့်မယ်ကွာ မင်းအစ်ကိုရဲ့ စွန့်လွှတ်မှုဟာ အလဟသမဖြစ်ပါဘူးကွာ"

ကူလာက သိမ်းငှက်မျက်လုံးနှင့် သဲမျိုးစိတ်ဝင်အား ပုခုံးပုတ်ရင်း ပြောလိုက်၏။

ထို့နောက် သူတို့အားလုံး လေဟာနယ်အတွင်းသို့ တယောက်ပြီးတယောက် ဝင်ကုန်ကြလေသည်။

အချုပ်ခန်းထဲတွင် ဖြစ်သည်။

ဟေးစုသည် မျက်နှာကြက်ကို မော့ကြည့်ရင်း ပြုံးစေ့စေ့နှင့် ရေရွတ်လိုက်၏။

"စုချန်းပြောတာ တကယ်မှန်တယ် သဲမျိုးစိတ်ဝင်တွေကို အလွယ်တကူ အရူးလုပ်လို့ မရဘူးပဲ ငါလဲ လွတ်အောင်လုပ်ဖို့ အချိန်တန်ပြီ"

ထို့နောက် ဟေးစုသည် လေဟာနယ်လက်စွပ်အတွင်းမှ ဆေးပုလင်းကို ဆွဲထုတ်ပြီး ဆေးရည်ကို တကျိုက်တည်းမော့သောက်လိုက်၏။ တချိန်တည်းမှာပင် ဟေးစု၏ ကိုယ်တွင်းမှ တကျိုးကျိုး တကျွတ်ကျွတ် အသံထွက်ပေါ်လာပြီး စွမ်းအင်လှိုင်းများ တိုးထွက်လာသည်။

ထို့နောက် သူက အချုပ်ခန်းတံခါးအား လက်ဝါးနှင့် ရိုက်ချလိုက်ရာ တံခါးမှာ ထက်ပိုင်းကျိုးသွား၏။ ထိုအခါ ဟေးစုသည် အချုပ်ခန်းအပြင်သို့ တိုးထွက်ပြီး မီးလင်းဖိုဆီသို့ ဦးတည်လျှောက်သွားလိုက်သည်။

သို့သော် အရိပ်များအတွင်း ဟိုမှသည်မှ ရွေ့လျားနေသော မျက်လုံးတစုံသည် အရာရာတိုင်းကို စောင့်ကြည့်နေမှန်းကိုတော့ ဟေးစုတယောက် မသ်ိနိုင်ခဲ့ချေတကား။

***

All Chapters