← Chapters

ပကတိပုံရိပ်ယောင်နယ်ပယ် ၂

Vol. 55 Ch. 545

ပကတိပုံရိပ်ယောင်နယ်ပယ် ၂

Vol. 55 Ch. 545

တကယ့် လူသားတယောက်က ပုံရိပ်ယောင်နယ်ပယ်အတွင်း ဝင်ရောက်နိုင်သည် ဆိုပါကလား။

ကျူးရှန်းယောင်၏ မျက်လုံးအစုံမှာ ပြာဝေသွား၏။

သူမသည် ဤအနေအထားကို ညဏ်မမီနိုင်တော့။

"လူတယောက်က ပုံရိပ်ယောင််နယ်ပယ်တခုကို ဘယ်လိုလုပ် ဝင်နိုင်တာတုန်း"

ကျူးရှန်းယောင်က မေးခွန်းထုတ်လိုက်သည်။

စုချန်း ခေါင်းခါပြလိုက်၏။

"ကျုပ်လဲ သေသေချာချာတော့ မပြောနိုင်ဘူး ဒါပေမဲ့ ကက်ပီးယပ်စ်ဟာ နာမည်နဲ့လိုက်အောင် တော်တယ်ဆိုတာတော့ ကျုပ် သိသွားပြီ သူဟာ ပကတိအရှိတရားနဲ့ စိတ်ဝိညာဥ်ကို ပကတိပုံရိိပ်ယောင်နယ်ပယ်တခုမှာ ပေါင်းစပ်နိုင်ခဲ့တာပဲ"

စုချန်း၏ လေသံမှာ ချီးကျူးအားကျဟန် ပေါ်နေ၏။ သူ့မျက်လုံးအစုံမှာကား အရောင်တဖြတ်ဖြတ် ဝင်းလက်တောက်ပနေလေသည်။

တီထွင်သူတဦး၏ စိတ်ကူးစိတ်သန်းများအား တီထွင်သူတဦးကသာ နားလည်နိုင်သည် မဟုတ်ပါလား။

ဤနေရာတွင် ရှီကိုင်းဟွမ် ရှိနေပါကလည်း ကက်ပီးယပ်စ်၏ တီထွင်မှုသည် မည်မျှချီးကျူးစရာကောင်းကြောင်း နားလည်လိမ့်မည်သာ။ ကျူးရှန်းယောင်ကတော့ စုချန်း မည်မျှပင် ရှင်းပြစေကာမူ ဤသဘောထားကို နားလည်နိုင်လိမ့်မည် မဟုတ်။

ကျူးရှန်းယောင်က သူမ၏ သဘောထားကို ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

"ဒါက ဘယ်လိုများ အသုံးဝင်နေလို့လဲ ကျွန်မတော့ နားမလည်ဘူး"

"အသုံးဝင်ပါပြီလားဗျာ"

စုချန်းက ပြောလိုက်၏။

"ကျုပ် မင်းကို ဥပမာတခု ပြောပြမယ် ဒီလိုဗျာ လူတယောက်ရဲ့ စိတ်ဝိညာဥ်ဟာ နာမ်ပိုင်းဆိုင်ရာ တည်ရှိမှုဆိုရင် အဲဒီလူရဲ့ ကိုယ်ခန္ဓာဟာ ရုပ်ပိုင်းဆိုင်ရာ တည်ရှိမှုဆိုတာတော့ မင်း လက်ခံတယ်မလား တခေတ်တခါက အမှောင်ဝိညာဥ်မျိုးစိတ်တွေဟာ စိတ်ဝိညာဥ်ပြောင်းလဲခြင်းကိရိယာကို သုံးပြီး သူတို့ရဲ့ စိတ်ဝိညာဥ်ကို ရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာတွေအဖြစ် ပြောင်းလဲပစ်နိုင်ကြတယ် တနည်းအားဖြင့် ဒါက နာမ်ပိုင်းဆိုင်ရာကနေ ရုပ်ပိုင်းဆိုင်ရာအဖြစ် ပြောင်းလဲပစ်နိုင်တဲ့ သဘောပဲမလား ကျုပ်ကတော့ ဒီနည်းပညာမျိုးဟာ မျိုးစိတ်အသစ်တခုကိုတောင် ဖန်တီးပေးနိုင်တယ်လို့ ဆိုချင်တယ်"

ကျူးရှန်းယောင် ကြောင်အမ်းအမ်း ဖြစ်သွား၏။

"ဒီတော့ ကျွန်မတို့ အခုတွေ့နေရတဲ့ ပုံရိပ်ယောင်နယ်ပယ်ကြီးက ဝိညာဥ်မျိုးစိတ်တွေနဲ့ ဆင်တူတဲ့ နောက်ထပ် မျိုးစိတ်အသစ်တမျိုးကိုတောင် ဖန်တီးပေးနိုင်တယ်လို့ ရှင်က ပြောနေတာလား"

"ဒီလိုတော့လဲ ကျုပ် မဆိုလိုပါဘူး ကျုပ်က ဒီတီထွင်မှုဟာ နောင်အနာဂတ်မှာ သိပ်ကြီးမားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်ချေရှိတယ်လို့ ဆိုလိုချင်တာ နာမ်ကို ရုပ်အဖြစ် ပြောင်းလဲခြင်းဟာ အသုံးဝင်တယ်ဆိုတာ ကျုပ်တို့အခုမှ သိလာတာမျိုး မဟုတ်ဘူးလေဗျာ အရေးကြီးတာက ကျုပ်တို့မြင်နေရတဲ့ ပုံရိပ်ယောင်နယ်ပယ်ဟာ ဘယ်လောက်အတိုင်းအတာထိ ပြောင်းလဲနိုင်ခဲ့သလဲ ဆိုတာပဲ တခုတော့ ကျုပ် သေသေချာချာ ပြောနိုင်တယ် အဲတာက ဘာလဲဆိုတော့ ကက်ပီးယပ်စ်ရဲ့ စိတ်ကူးစိတ်သန်း သူ့ရဲ့ တွေးခေါ်ပုံတွေက အင်မတန် အထင်ကြီးစရာ ကောင်းပါပေတယ်"

"ဘယ်လောက်အတိုင်းအတာထိ ပြောင်းလဲနိုင်ခဲ့သလဲဆိုတာက အရေးကြီးတယ် ဟုတ်လား"

ကျူးရှန်းယောင်ကား ခေါင်းရှုပ်သွားလေပြီ။

"ဟုတ်တယ် ကက်ပီးယပ်စ်ရဲ့ ပကတိပုံရိပ်ယောင်နယ်ပယ်ဟာ အပြည့်အဝ မအောင်မြင်ခဲ့ဘူးဆိုတာ ကျုပ် သေသေချာချာ ပြောနိုင်တယ်"

စုချန်းက တိကျသေချာသော လေသံနှင့် ပြောလိုက်၏။

"ရှင်က ဘယ်လိုလုပ်သ်ိသလဲ"

"ဘာကြောင့်လဲဆိုတော့ ဝိညာဥ်မျိုးစိတ်တွေမှာ ဒီနည်းပညာမျိုး မရှိလို့ပဲ ကက်ပီးယပ်စ်ဟာ ဝိညာဥ်မျိုးစိတ် ခေါင်းဆောင်ပဲလေ သူ့အနေနဲ့ ဒီနည်းပညာကို လူသိရှင်ကြား ချမပြနိုင်စရာ အကြောင်းမရှိဘူး ဒါပေမဲ့ သူ ချမပြခဲ့ဘူး ဘာကြောင့်လဲဆိုတော့ ဒီနည်းပညာက မအောင်မြင်ခဲ့လို့ပဲပေါ့ဗျ"

"ဘယ်လိုများ မအောင်မြင်ခဲ့တာလဲ"

စုချန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။

"ကျုပ်အမြင်အရ ဒီပကတိပုံရိပ်ယောင်နယ်ပယ်ဟာ စိတ်မြင်ကွင်းလေဟာနယ်ထဲမှာ ရှိနေတယ် သူ တည်ငြိမ်ဖို့အတွက် လေဟာနယ်ရဲ့ အထောက်အပံ့ကို ယူနေရတယ် ကြည့်ရတာ ကက်ပီးယပ်စ်ဟာ အရေးအကြီးဆုံးအဆင့်ကို အောင်မြင်ခဲ့ပုံမရဘူး တနည်းအားဖြင့် ပကတိပုံရိပ်ယောင်နယ်ပယ်ကို အပြင်ရောက်အောင် မထုတ်နိုင်ခဲ့ဘူး ဒါကြောင့် ဒီနည်းပညာဟာ မအောင်မြင်ဘူးလို့ ကျုပ် ပြောတာပေါ့"

ကျူးရှန်းယောင် တခစ်ခစ်နှင့် ရယ်မောလိုက်သည်။

"နောက်ဆုံးတော့ အစစ်က အစစ် အတုက အတုပဲပေါ့လေ အတုကို အစစ်အဖြစ် ပြောင်းလဲနိုင်တယ်လို့ ထင်ရပေမဲ့ အတုဟာ ဘယ်တော့မှ အစစ် ဖြစ်မလာနိုင်သလိုပဲပေါ့ ဒီဝိညာဥ်မျိုးစိတ်ခေါင်းဆောင်ရဲ့ စိတ်ကူးစိတ်သန်းတွေက ကြောင်တောင်တောင်နိုင်လှတယ်"

စုချန်းက ကျူးရှန်းယောင်အား သနားသော အမူအရာနှင့် စိုက်ကြည့်ရင်း ပြောလိုက်လေသည်။

"မင်းဟာ တကယ့်ကို ရေတွင်းထဲက ဖားသူငယ်လေးအတိုင်းပဲ"

ကျူးရှန်းယောင် ဒေါသထွက်လာ၏။

"ဘာရှင့် ရှင် ဘာစကားပြောတာလဲ"

စုချန်း ခေါင်းခါလိုက်သည်။

"ကမ္ဘာကြီးတခုလုံးကို လွှမ်းမိုးချုပ်ကိုင်ဖို့ ရည်ရွယ်ချက်ရှိကြတဲ့ လူစားမျိုးတွေရဲ့ နှလုံးသားကို မင်း ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူးလို့ ကျုပ်က ပြောတာပါ ကက်ပီးယစ်ရဲ့ ဒီစိတ်ကူးဟာ မအောင်မြင်ခဲ့တာတော့ မှန်တယ် ဒါပေမဲ့ လုံးဝ အသုံးမဝင်တာတော့ မဟုတ်ဘူး ရောင်ခြည်ဖြာထွက်ခြင်းစီမံကိန်းဟာ ဒီသီအိုရီအပေါ်မှာ အခြေခံတယ်ဆိုတာ ကျုပ် ရဲရဲကြီး ပြောရဲတယ်"

"ဝိညာဥ်ကျေးကျွန်တွေဟာ ခု ကျွန်မတို့ မြင်နေရတဲ့ သုတေသနနဲ့ ဆက်နွယ်နေတယ်လို့ ရှင် ပြောလိုက်တာလား"

ကျူးရှန်းယောင် အတော်လေး အံ့သြသွား၏။

ဝိညာဥ်မျိုးစိတ်များ၏ ဝိညာဥ်ကျေးကျွန်ဟူသည်မှာ ကျူးမျိုးနွယ်များအတွက် အိပ်မက်ဆိုးပင်။ ဝေလျန်ချန်းနှင့် သားဖြစ်သူ၏ အဖြစ်ဆိုးကို သူတို့ ကောင်းစွာ ကြားဖူးထားသည် မဟုတ်ပါလား။ တကယ်တော့ ကျူးမျိုးနွယ်များသည်လည်း တဖက်လူကို ထိန်းချုပ်နိုင်စွမ်း ရှိကြသည်ပင်။ သို့သော် ထိုသို့ ထိန်းချုပ်နိုင်ရန် နတ်ဆိုးဧကရာဇ်သွေးဗီဇ၏ ပြင်းထန်သောစွမ်းအားကို သူတို့ထုတ်သုံးရ၏။ သို့သော် ဝိညာဥ်မျိုးစိတ်တိုင်းသည်ကား တဖက်လူကို အလွယ်တကူပင် ထိန်းချုပ်နိုင်စွမ်းရှိကြလေသည်။

"မဆိုးဘူး မင်း သဘောပေါက်လာပြီပဲ"

စုချန်းက ကျူးရှန်းယောင်အား သနားစဖွယ် သတ္တဝါတကောင်ကဲ့သို့ ကြည့်ရင်း ပြောလိုက်ပြန်သည်။

"ပြီးတော့ ဒါကြီးတခုလုံးက မအောင်မြင်တဲ့ သုတေသနဆိုရင်တောင် သူ့နောက်ကွယ်မှာ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိတယ်ကွ"

စကားဆုံးသည်နှင့် စုချန်းက လက်တဖက်ကို ဆန့်ထုတ်လိုက်ရာ သူ့လက်ထဲတွင် လဖက်ရည်အိုးတစ်အိုး ပေါ်ပေါက်လာ၏။ အဆိုပါ လဖက်ရည်အိုး၏ နှုတ်ခမ်းတွင် အဆန်းတကြယ်နိုင်လှသော မူလပုံစံများအား ဆွဲသားထားကြောင်း တွေ့မြင်နေရ၏။ လဖက်ရည်အိုးကား မူလကိရိယာတမျိုးပေတည်း။

"ဒါကြီးက ဘယ်က ပေါ်လာတာတုန်း"

ကျူးရှန်းယောင် အံ့သြသွားသည်။

"အစကတည်းက ဒီမှာပဲ ရှိနေတာလေကွာ ကျုပ် မင်းကို ပြောသားပဲ ဒီနေရာဟာ ပုံရိပ်ယောင်တွေနဲ့ တကယ့်ရုပ်ဝတ္တုပစ္စည်းတွေ ဒွေးရောယှက်တင် ဖြစ်နေတဲ့နေရာပဲ ကက်ပီးယပ်စ်ရဲ့ ရတနာတွေ အမွေအနှစ်တွေ အကုန်လုံး ဒီနေရာမှာပဲ ရှိတယ် အကုန်လုံး ကျုပ်တို့မျက်စေ့အောက်မှာပဲ အဲ မင်း ရှာတွေ့ဖို့တော့ လိုတာပေါ့ကွာ"

ထို့နောက် သူက လဖက်ရည်အိုးအား သိမ်းဆည်းထားလိုက်သည်။

ကျူးရှန်းယောင်သည်လည်း စုချန်းကဲ့သို့ပင် လက်က်ိုဆန့်ထုတ်ကာ ဖမ်းဆွဲသယောင် ပြုလိုက်ကြည့်မိ၏။ သို့သော် သူမကား မည်သည့်ပစ္စည်းကိုမှ ဖမ်းဆွဲမိခြင်းမရှိ။ ထိုအစား လေကိုသာ သူမ ဖမ်းဆုပ်မိလေသည်။

ထိုအခါ ကျူးရှန်းယောင်က စုချန်းအား လှည့်ကြည့်လိုက်၏။ စုချန်းကား လက်ဆန့်ထုတ်လိုက်သည့်အချိန်တိုင်း ပစ္စည်းတခုမဟုတ် တခုကို ဖမ်းဆုပ်မိနေလေသည်။

မူလကိရိယာများ၊မူလကျောက်တုံးများ၊ ရှားပါးအရင်းအမြစ်များ၊ စာလိပ်များ၊ စာအုပ်များ၊ အဆောင်လက်ဖွဲ့များ စသဖြင့် ကျူးရှန်းယောင် တခါမှ မမြင်ဖူးသည့် ပစ္စည်းမျိုးစုံသည် ဤနည်းအတိုင်း တခုပြီးတခု ပေါ်ပေါက်လာ၏။

"ဘာတွေဖြစ်နေတာလဲ ကျွန်မကျတော့ တခုမှ မမြင်မိပါလား"

"မင်း ဘယ်လိုလုပ် မြင်မှာလဲ ဒါ သာမာန်မျက်လုံးနဲ့မှ မမြင်ရတာ မင်းရဲ့ စိတ်ဝိညာဥ်စွမ်းအားကို သုံးရတယ်ကွ"

ကျူးရှန်းယောင် တွေခနဲ ဖြစ်သွား၏။ ထို့နောက် သူမက မျက်လုံးအစုံကို မှိတ်ပြီး စိတ်ဝိညာဥ်စွမ်းအားများကို ဆန့်ထုတ်လိုက်လေသည်။ နောက်ဆုံးတွင် သူမကိုယ်ခန္ဓာအား လှည့်ပတ်နေသာ အရောင်ဖျော့ဖျော့ အလင်းတန်းတချို့ကို သူမ မြင်တွေ့လာရ၏။ ထိုအလင်းတန်းများသည် အပေါ်မှ အောက်သို့လည်းကောင်း၊ ဘေးတိုက်ဝဲယာသို့လည်းကောင်း ပုံစံမျိုးစုံနှင့် ရွေ့လျားနေကြလေသည်။

သို့သော် သူမ၏ စိတ်ဝိညာဥ်စွမ်းအားမှာ န်ိမ့်ပါးလှသောကြောင့် အရာအားလုံးကို ဝါးတားတားမျှသာ ကျူးရှန်းယောင် မြင်တွေ့နေရသည်။ စုချန်းအတွက်တော့ မြင်ကွင်းမှာ ကြည်လင်ရှင်းလင်းနေ၏။

"မင်းရဲ့ စိတ်ဝိညာဥ်စွမ်းအားတွေကို စုစည်း ပြီးရင် မင်းအနားက အရာဝတ္တုတွေကို ဖမ်းဆုပ်ဖို့ ကြိုးစားကြည့်"

ကျူးရှန်းယောင်လည်း စုချန်း ပြောသည့်အတိုင်း တသွေမတိမ်း ဆောင်ရွက်လိုက်သည်။ သူမ၏ လက်က တစုံတခုကို ဖမ်းဆုပ်မ်ိ၏။ သို့သော် လက်ထဲရှိ အရာကိုကြည့်ပြီး သူမ အတော်လေး စိတ်ပျက်သွားလေသည်။ အကြောင်းမှာ ထိုအရာသည် သာမာန် ဆေးပုလင်းငယ်တလုံးသာ ဖြစ်နေသောကြောင့်ပင်။

၎င်းကိုကြည့်ရင်း စုချန်း ရယ်မောလိုက်သည်။

"စိတ်မပျက်ပါနဲ့ကွ ကက်ပီးယပ်စ်ရဲ့ သုတေသနခန်းထဲမှာ အကုန်လုံးက တန်ဖိုးရှိတဲ့ ပစ္စည်းတွေ မဟုတ်ဘူး အသုံးမဝင်တဲ့ အမှိုက်တွေလဲ အများကြီးပဲ သူ ဒီကနေ အလောတကြီးနဲ့ ထွက်ခွာသွားရတာ သေချာတယ်"

ကျူးရှန်းယောင် စိတ်ပျက်သွား၏။

"ဒါဆို ဝိညာဥ်မျိုးစိတ်တွေက ဒီနေရာကို ဘာဖြစ်လို့ သူလျှိုတွေလွှတ်နေတာလဲ"

"ဘာကြောင့်လွှတ်သလဲဆိုတော့ သူတို့က ဒီပစ္စည်းတွေ လိုချင်လို့မှ မဟုတ်ပဲ သူတို့ ပကတ်ိပုံရိပ်ယောင်နယ်ပယ်ဖန်တီးတဲ့ နည်းစနစ်ကို လိုက်ရှာနေကြတာလေ"

အလွန်နူးညံ့သိမ်မွေ့သော ကိုယ်ခန္ဓာပိုင်ရှင် ဝိညာဥ်မျိုးစိတ်များအတွက် ပကတိပုံရိပ်ယောင်နယ်ပယ်အား ဖန်တီးနိုင်သည့်နည်းစနစ်မှာ အလွန်ပင် တန်ဖိုးကြီးမားလှသည် မဟုတ်ပါလား။

"ရှင် အရမ်းရက်ရောဟန်ဆောင်နေတာ ဒါကြောင့်ကိုး စကတည်းက ဒီလိုဖြစ်မယ်မှန်း ရှင် တွေးထားပြီးသားမလား"

ကျူးရှန်းယောင်က စုချန်းအား ဖြတ်ခနဲ စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ဒီလိုလဲ မထင်ပါနဲ့ကွာ အနည်းဆုံးတော့ အပြင်က ကျောက်တုံးတွေဟာ အတော်လေး တန်ဖိုးကြီးနေတာ မင်းလဲ အမြင်ပဲမလား"

ပြောပြောဆိုဆို စုချန်းက မြင်မြင်သမျှ အရာများအား အဆက်မပြတ် သိမ်းဆည်းလိုက်၏။

"ဘာဖြစ်ဖြစ် အဲဒီကျောက်တုံးတွေကို ကျွန်မ ပိုင်တာမှ မဟုတ်ပဲဟာ"

ကျူးရှန်းယောင်က လက်ပိုက်ရင်း ခပ်တည်တည်ပင် ပြောလိုက်သည်။

"အဲဒီကျောက်တုံးတွေကို မင်းအတွက် ကျုပ်က လက်ဆောင်ပေးလိုက်မယ်ဆိုရင်ကောကွာ"

စုချန်းက ပြန်ပြောလိုကါ၏။

"အံမယ် ရှင်က ခုလိုကျတော့ သိပ်ပြီး ရက်ရောနေပါလား"

ကျူးရှန်းယောင်က တအံ့တသြနှင့် ပြောလိုက်သည်။

စုချန်းက ပြန်ဖြေရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် အသံတသံ ထွက်ပေါ်လာသည်။

"သူ ဘာကြောင့်ရက်ရောနေသလဲဆိုတော့ ဒီနေရာကြီးတခုလုံးဟာ ခနနေရင် ပြိုကျတော့မှာမို့လို့ပေါ့ကွာ အရာအားလုံးဟာ နတ္တိဖြစ်ကုန်တော့မှာလေ"

***

All Chapters