ပုံရိပ်ယောင်ကျောက်တုံး
Vol. 55 Ch. 550
အချိန်အတော်ကြာပြီးနောက် ပထမဆုံး စကားစပြောလာသူမှာ ကျူးရှန်းယောင်ပင် ဖြစ်သည်။
"စုချန်း အဲတာ ရှင်ပဲပေါ့ ဟုတ်တယ်မလား"
စုချန်း ဘာမှပြန်မပြော။ ဟေးစုကိုသာ ဖြတ်ခနဲ လှမ်းကြည့်လိုက်၏။
ဟေးစုက သူ ဘာမှ မတတ်နိုင်ဟန်ဖြင့် ပုခုံးတွန့်ပြလိုက်သည်။
"ကျုပ်လဲ မရည်ရွယ်ပါဘူးကွာ"
ထိုစကားမှာ ဝန်ခံလိုက်သည်နှင့် အတူတူသာ။
စုချန်း သက်ပြင်းချလိုက်၏။
ဤအနေအထားရောက်မှတော့ သူ ဘာကြောင့် ဟန်ဆောင်နေအုံးမည်နည်း။
စုချန်း စကားအပို ပြောမနေတော့။ သူ့ရုပ်ရည်သည်လည်း မူလစုချန်းပုံစံအတိုင်း တဖြည်းဖြည်း ပြန်လည်ပြောင်းလဲလာ၏။
မိမိ ခင်မင်ရင်းနှီးသောမျက်နှာကို အနီးကပ်မြင်တွေ့လိုက်ရသောအခါ ကျူးရှန်းယောင် ဒေါသအိုးပေါက်ကွဲသွား၏။
"ရှင်...တကယ်ပဲ ရှင်ဖြစ်နေတာကိုး"
ရွှီခနဲ မြည်သံနှင့်အတူ ကျူးရှန်းယောင်ထံမှ ကောင်းကင်မြေခွေးလက်ချောင်း ထွက်ပေါ်လာ၏။ ထိုလက်ချောင်းသည် စုချန်း၏ လည်ပင်းရိုးဆီသို့ ဦးတည်နေလေသည်။ စုချန်းအား တချက်တည်းနှင့် အသေသတ်ပစ်ရန် ကျူးရှန်းယောင် ရည်ရွယ်ထားခြင်းပင်။
သို့သော် စုချန်းကား အံ့သြဟန်မပြ။ ရုတ်ချည်းဆိုသလို နေရာမှ ပျောက်ကွယ်သွားပြီး ကျူးရှန်းယောင်၏ နောက်ကျောတွင် စုချန်း ပြန်ပေါ်လညသည်။ ထို့နောက် သူက ဟေးစုအား သူနှင့် ကျူးရှန်းယောင်ကြားသို့ တွန်းထုတ်ပြီး ပြောလိုက်သည်။
"မင်း ဘာလုပ်တာလဲ ဒီလိုလုပ်လို့ ဘာအကျိုးရှိမှာလဲ"
"ရှင့်ဆီမှာ ဆပ်ကပ်ထဲက မျောက်တကောင်လို သဘောအထားခံရတာထက်စာရင်တော့ ပိုကောင်းသေးတာပေါ့"
ပြောပြောဆိုဆို သူမက ဟေးစုအား ဘေးသို့တွန်းထုတ်ပြီး စုချန်းဆီသို့ ဆက်လက်ခုန်ဝင်လာလေသည်။
စုချန်းကလည်း ဟေးစုနောက်သ်ို့ လှစ်ခနဲ ခုန်ဝင်ပုန်းအောင်းလိုက်ပြန်၏။
"ကျုပ် မင်းကို ဘာမှ မလှည့်စားဘူးကွ ဒီနေရာမှာ လာတွေ့တယ်ဆိုတာကလဲ တိုက်ဆိုင်မှုသက်သက်ပဲ ကျုပ်ရည်ရွယ်ချက်က လူတွေ တတ်နိုင်သလောက် အသက်အန္တရာယ်မဖြစ်ဖို့နဲ့ စီမံကိန်းကို ပြီးမြောက်အောင် ဆောင်ရွက်ဖို့ပဲ"
"ဒါတွေ ကျွန်မ မသ်ိဘူး ရှင် ကျွန်မကို လိမ်တယ်"
ပြောပြောဆိုဆို ကျူးရှန်းယောင်က စုချန်းအား ခြေထောက်နှင့် လှမ်းကန်လိုက်၏။
စုချန်းကလည်း ဘေးသို့ ရှောင်တိမ်းပေးလိုက်ပြန်သည်။ ထိုအခါ ကျူးရှန်းယောင်၏ ကန်ချက်က ဟေးစုကိုသာ ထိမှန်သွား၏။
"အား"
ဟေးစုတယောက် နာကျင်မှုကြောင့် ငယ်သံပါအောင် အော်ဟစ်လိုက်သည်။
စုချန်းကား ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ လှည့်ပတ်ရှောင်တိမ်းနေလေရာ ဟေးစုခမျာ စုချန်းနှင့် ကျူးရှန်းယောင်ကြားတွင်သာ အမြဲတမ်းရှိနေ၏။
"မင်းကို ကျုပ် မှတ်ညဏ်တွေ ပြန်ရလာအောင် လုပ်ပေးမယ် ပြောထားပြီးပြီလေ ဒီလို လုပ်နေစရာ လိုသေးလို့လား"
"ရှင် ကျွန်မကို ထပ်ပြီး မကစားနဲ့ ရှင်ပြောတာ အမှန်တရားလို့ ပြောတာ မှတ်ညဏ် မဟုတ်ဘူး ရှင် ကျွန်မကို ထပ်ပြီး လိမ်ဖို့ကြံနေပြန်ပြီ"
ပြောပြောဆိုဆို သူမက ခြေထောက်နှင့် လှမ်းကန်လိုက်ပြန်သည်။ ဤတကြိမ် သူမ၏ ကန်ချက်က ဟေးစု၏ ခေါင်းကို ဦးတည်နေ၏။
ယခုတွင် သူမသည် ခေါင်းအေးအေးနှင့် စဥ်းစားလာနိုင်ပြီဖြစ်၍ စုချန်း၏ စကားထဲမှ ဟာကွက်ကို သိမြင်လာနိုင်ပြီ ဖြစ်သည်။
စုချန်းကလည်း ဟေးစုကို ဆွဲပြီး ထပ်မံရှောင်တိမ်းလိုက်ပြန်သည်။
"မင်း အမှန်တရားကို သိလာစေရမယ်လို့ ကျုပ် ကတိပေးတယ်ကွာ ဟုတ်ပြီလား"
"အကြောင်းအရာတွေကို လှီးလွှဲပြောဆိုမဲ့ အမှန်တရားလား ဒါမှမဟုတ် ရှင့်ပါးစပ်က ပြောချင်ရာပြောမဲ့ အမှန်တရားလား"
ပြောပြောဆိုဆို ကျူးရှန်းယောင်သည် စုချန်းအား အဆက်မပြတ် လိုက်လံကန်ကျောက်နေ၏။
ကျူးရှန်းယောင်ကား ရုတ်တရက် ညဏ်ကောင်းလာဟန်ပေါ်နေသည်။
ဤတကြိမ်တွင်တော့ စုချန်းက အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကို သုံးကာ ဟေးစုနောက်ကျောတွင် ပြန်ပေါ်လာ၏။ ထို့နောက် သူက ဟေးစုကို ဆွဲကာ နောက်သို့ဆုတ်သွားလေသည်။
"မင်း ဘာဖြစ်လို့ ကျုပ်နောက်မှာ လာပုန်းနေတာလဲကွာ"
ဟေးစု စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။
စုချန်းက ပြန်ပြောလိုက်၏။
"ဒီနေရာကြီးတခုလုံးက ဟာလာဟင်းလင်း ဖြစ်နေတာလေကွာ မင်းအပြင် ဒီနေရာမှာ ဘာအကာအကွယ်မှ မရှိဘူးလေ ပြီးတော့ မင်းကြောင့် ငါ့အကြောင်းပေါ်သွားတာ ဒီတော့ မင်းကို နည်းနည်းပါးပါး ပညာပေးမှရမယ်"
ထိုအချိန်တွင် ကျူးရှန်းယောင်က နောက်ထပ် လက်ဝါးရိုက်ချက်တချက်ကို ဖော်ထုတ်လိုက်ပြန်သည်။
စုချန်းလည်း ဟေးစုအား ဖမ်းဆွဲရင်း နောက်ဆုတ်ပေးလိုက်ပြန်၏။
"မင်း ဒီအတိုင်း ဆက်တိုက်နေရင်တော့ သဘောရှိသာ တိုက်တော့ကွာ ဒါပေမဲ့ နောက်ဆုံးအနေနဲ့ ကျုပ် တခုတော့ ပြောချင်သေးတယ်"
"ရှင်ပြောတာကို ကျွန်မ ဘာမှနားထောင်နေစရာမလိုဘူး"
ပြောပြောဆိုဆို သူမက စုချန်းအား ထပ်မံတိုက်ခိုက်ရန် ဟန်ပြင်လိုက်ပြန်သည်။
ထိုအခိုက်မှာပင် သူမ မူးဝေသွားပြီး သူမကိုယ်တွင်းရှိ စွမ်းအင်များ စိမ့်ထွက်သွားသလို ခံစားလိုက်ရ၏။ ထို့နောက် သူမတကိုယ်လုံး ယိမ်းယိုင်သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။
ငါ ဘာဖြစ်သွားတာလဲ...
ကျူးရှန်းယောင် ကြောင်အမ်းအမ်း ဖြစ်သွား၏။
ထိုအခါ စုချန်းက သူမထံသို့ လျှောက်လာပြီး ပြောလိုက်သည်။
"မင်း ဘာမှစိတ်မပူနဲ့ ခုနက မင်းသောက်ထားတဲ့ ဆေးက ဒဏ်ရာကုသရာမှာ အလွန်ကောင်းပေမဲ့ ရုပ်ပိုင်းဆိုင်ရာအင်အားကို အဓီက မှီခိုထားတယ် ဒီလိုအနေအထားမှာ မင်းအနေနဲ့ သိပ်ပြီး လှုပ်လှုပ်ရှားရှား မလုပ်သင့်ဘူး ခန နားလိုက်ရင် မင်း ပြန်ပြီးသက်သာ..."
သို့သော် စုချန်း၏ စကားဆုံးအောင် ကျူးရှန်းယောင် နားမထောင်နိုင်ရှာ။ သူမ၏ တခေါင်းလုံး အကြီးအကျယ် မူးဝေလာပြီး မျက်ဖြူလန်ကာ သတိမေ့သွားတော့သည်။
"ဟူး တော်သေးတာပေါ့ ကျုပ်ဖြင့် ခနတဖြုတ် သေသွားသလို ခံစားလိုက်ရတယ်"
ဟေးစုက ကြမ်းပြင်ပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချရင်း ပြောလိုက်၏။ ထိုအခါ စုချန်းက ဟေးစုအား အေးစက်သောအကြည့်နှင့် စိုက်ကြည့်ပြီး ပြောလိုက်သည်။
"မင်း အချိန်ဖြုန်းနေတာပဲကွ တူးစရာရှိတာ မြန်မြန်တူး"
ဟေးစု မျက်လုံးပြူးသွား၏။ ထို့နောက် သူက ထိုင်မနေနိုင်တော့ပဲ နံရံပေါ်ရှိ ကျောက်တုံးများကို အသဲအသန် တူးထုတ်တော့၏။
လေဟာနယ်တခုလုံး ပြိုကျတော့မည်ဟု သူ ကိုယ်တိုင်လည်း ခံစားနေရသည် မဟုတ်ပါလား။ ဤအနေအထားတွင် ကျောက်တုံးအားလုံးကို သူ မည်သို့ တူးထုတ်နိုင်အံ့နည်း။
စုချန်းကား ပြောစရာရှိသည်ကို ပြောပြီးသည်နှင့် ဟေးစုအား ဂရုမစိုက်တော့။ ဆော့ခ်နှင့် ကျူးရှန်းယောင်အား ပွေ့ယူပြီး လှိုဏ်ခေါင်းအတွင်းမှ ထွက်လာခဲ့လေသည်။
လှိုဏ်ခေါင်းအပြင်ဘက်တွင် မတ်တပ်ရပ်နေသူမှာကား ယွဲ့လောင်ရှပေတည်း။
စုချန်း ထွက်လာသည်ကို မြင်သည်နှင့် သူမက ပြုံးရင်း ပြောလိုက်၏။
"ရှင်တော့ ဒုက္ခလှလှတွေ့ပြီနဲ့ တူတယ်"
"ကံတရားပေါ့ကွာ မင်း ဘယ်လောက်ပဲ ရှောင်တိမ်းဖို့ကြိုးစားကြိုးစား ကံကြမ္မာ ဖန်လာရင်တော့ ရှောင်တိမ်းလို့မရဘူးလေ"
စုချန်းက ရယ်ကျဲကျဲနှင့် ပြန်ဖြေလိုက်သည်။
"ရှင် ဘာဆက်လုပ်မှာလဲ"
စုချန်းက ခေတ္တစဥ်းစားရင်း ပြန်ဖြေလိုက်သည်။
"သူ အမှန်တရားကို သိချင်တယ်ဆိုတော့လဲ ကျုပ်တို့က အမှန်တရားကို ပေးလိုက်ကြတာပေါ့ ဒါပေမဲ့ ဒီအမှန်တရားကို ပြောပြမဲ့သူက မင်းပဲ ဖြစ်သင့်တယ် ဘယ့်နှယ်လဲ"
"ကျွန်မ ဟုတ်လား"
ယွဲ့လောင်ရှ မျက်လုံးပြူးသွား၏။
"ဟုတ်တယ်"
စုချန်းက ပြတ်သားသောလေသံနှင့် ပြောလိုက်သည်။
"ဒီအခြေအနေကို သူ နားလည်အောင် ရှင်းပြဖို့ အသင့်တော်ဆုံးလူဟာ မင်းပဲလို့ ကျုပ် ထင်တယ် ခုဆိုရင် သူဟာ ကျုပ်အပေါ် ဘယ်လိုမှမယုံကြည်တော့ဘူး ကျုပ် ဘာပြောပြော လိမ်နေတယ်ပဲ ထင်နေတော့မှာ မင်းကတော့ ကျုပ်ထက်စာရင် အများကြီးတော်အုံးမယ်"
နောက်ဆုံးတွင်တော့ ယွဲ့လောင်ရှက သဘောတူဟန်ဖြင့် ပုခုံးတွန့်ရင်း ပြောလိုက်သည်။
"ကောင်းပြီလေ ဒီအတွက် ရှင် ကျွန်မကို ဘာပြန်ပေးမှာလဲ"
စုချန်း ခါးသီးစွာ ပြုံးလိုက်သည်။
"မင်းအပေါ် ကျုပ် အကြွေးထပ်တင်သွားပြန်ပြီပေါ့ကွာ"
"ဒီလောက်နဲ့ မရဘူးရှင့်"
ယွဲ့လောင်ရှ မျက်မှောင်ကုတ်ရင်း ပြောလိုက်၏။
"မင်းနဲ့ကျုပ်ဟာ သူငယ်ချင်းတွေလေကွာ ကျုပ်တို့ သူငယ်ချင်းတွေ မဟုတ်....."
စုချန်း စကားကိုပင် ဆုံးအောင်မပြောလိုက်ရ။ ယွဲ့လောင်ရှက လက်ကာပြရင်း စကားဖြတ်ပြောလိုက်သည်။
"သူငယ်ချင်းတွေ ဖြစ်တာနဲ့ပဲ ရှင့်အတွက် အကုန်လုံး အလကားလုပ်ပေးရမယ်လို့ မဆိုလိုဘူးလေရှင်"
"ဒီတော့ မင်းက ဘာလိုချင်လို့လဲ"
ယွဲ့လောင်ရှ စဥ်းစားလိုက်သည်။
"ကျွန်မ ရှင့်အတွက် အများကြီးလုပ်ပေးခဲ့ပြီးပြီဆိုတော့ ကျွန်မလဲ အကျိုးအမြတ်တော့ ရသင့်တယ်ထင်တာပဲ ဟုတ်တယ်မလား"
စုချန်း ကြက်သေသေသွား၏။
နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့စဥ်က စုချန်းဘက်မှ အကျိုးအမြတ်အကြောင်း စပြောခဲ့၍ ယွဲ့လောင်ရှ စိတ်ကောက်သွားခဲ့၏။ ယခုကျတော့ သူမဘက်မှပင်စ၍ အကျိုးအမြတ်ကြောင်း ထုတ်ပြောနေပြန်သည်။
ယွဲ့လောင်ရှ ဘာတွေဖြစ်နေသနည်း။
စဥ်းစားရင်းနှင့် စုချန်း ခေါင်းရှုပ်လာ၏။
ထိုစဥ် ယွဲ့လောင်ရှက စကားဆက်လိုက်ပြန်သည်။
"ကဲ အဲဒီအတိုင်းပဲ လုပ်လိုက်ရအောင် ဒါပေမဲ့ ကျွန်မ တခုတော့ ပြောထားမယ် ဘာတန်ဖိုးမှမရှိတဲ့ဟာတွေတော့ ကျွန်မကို လာမပေးနဲ့နော် ကျွန်မ လက်ခံမှာမဟုတ်ဘူး"
"ဒါ"
စုချန်း တွန့်ဆုတ်ဆုတ်ဖြစ်နေ၏။ ထို့နောက် သူက ဟိုကြည့်သည်ကြည့် လုပ်လိုက်သည်။ သို့သော် ယွဲ့လောင်ရှနှင့် သင့်တော်မည့် မည်သည့်ပစ္စည်းမှ သူ ရှာမတွေ့ပဲ ဖြစ်နေလေသည်။
ထိုအခိုက်မှာပင် သူ့လက်ထဲရှိ သက်တန့်ရောင်ရှိကျောက်တုံးကို ယွဲ့လောင်ရှ စိုက်ကြည့်နေကြောင်း စုချန်း တွေ့လိုက်ရ၏။
ထိုကျောက်တုံးမှာ လှိုဏ်ခေါင်းနံရံမှ စုချန်း တူးယူလာသည့် ပုံရိပ်ယောင်ကျောက်တုံးသာ ဖြစ်သည်။
တကယ်တော့ ပုံရိပ်ယောင်ကျောက်တုံးဟူသည်မှာ ဘယ်နေရာတွင်မှ အသုံးမဝင်သလို တန်ဖိုးအားဖြင့်လည်း အတော်နိမ့်သည့် ကျောက်တုံးအမျိုးအစားသာ ဖြစ်သည်။ သို့သော် ထိုကျောက်တုံး အသုံးဝင်သည့် တနေရာတော့ ရှိ၏။ ၎င်းမှာ သာမာန်လူများအကြားတွင် ပုံရိပ်ယောင်ကျောက်တုံးအား မိမိ၏ အချစ်က်ို သက်သေပြသည့် ပစ္စည်းအဖြစ် အသုံးပြုလေ့ရှိကြခြင်းပင်။ ယခု စုချန်း တွေ့လာခဲ့သည့် ကျောက်တုံးမျိုးကလည်း အလွန်ရှားပြီး အရောင်စုံကာ အထူးတလည် လှပနေ၏။ ထိုကျောက်တုံးအား ကုချိန်းလွှာအတွက် စုချန်းက ယူလာခဲ့ခြင်းပင်ဖြစ်သည်။
ယခုတော့ မမျှော်လင့်ပဲ ယွဲ့လောင်ရှတယောက် ထိုကျောက်တုံးအား သဘောကျနေပုံ ရနေချေသည်တကား။
စုချန်း၏ လက်ထဲမှ ကျောက်တုံးကို ယူလိုက်ချိန်ဝယ် ယွဲ့လောင်ရှ၏ မျက်နှာပေါ်၌ ဝမ်းသာကြည်နူးဟန် ပေါ်လာ၏။
"သိပ်လှတဲ့ကျောက်တုံးပဲ ဒါကိုပဲ အဖိုးအခအနေနဲ့ ကျွန်မ ယူလိုက်တော့မယ်"
"မင်း...မင်း...တကယ်ပဲ"
စုချန်းခမျာ နဝေတိမ်တောင် ဖြစ်နေရှာသည်။
"ဘာလဲ ရှင်က မပေးချင်ဘူးလား"
"ဟာ မဟုတ်ပါဘူးကွ မင်း ကြိုက်တယ်ဆိုရင်လဲ ယူလိုက်ပါ"
"ယူမှာပဲ မယူရင် ကျွန်မ ရိုင်းရာကျနေမှာပေါ့ရှင်"
ပြောပြောဆိုဆို ယွဲ့လောင်ရှသည် ကျူးရှန်းယောင်အား ပွေ့ပြီး ထိုနေရာမှ ထွက်ခွာသွား၏။
စုချန်းကား ယွဲ့လောင်ရှ ပျောက်ကွယ်သွားသည်အထိ နေရာမှာပင် ခြေစုံရပ်လျက် ငြိမ်သက်စွာ ငေးမောကြည့်ရှုနေ၏။
ထိုအချိန်မှာပင် နေရာအနှံ့တွင် အက်ကွဲသံများ စတင်ပေါ်ပေါက်လာသည်။
ပကတိပုံရိပ်ယောင်နယ်ပယ်တခုလုံး ပြိုကျတော့မည် ဟူသော သဘောပင်။
လှိုဏ်ခေါင်းအတွင်းရှိ ဟေးစုသည်လည်း ကျောက်တုံးတချို့ကို နောက်ဆုံးအနေနှင့် တူးထုတ်ပြီး ဒရောသောပါနှင့် ပြေးထွက်လာလေသည်။
***
ာက်ကြတာပေါ့ ကျွန်မရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ရှင် တာဝန်ယူဖို့မလိုပါဘူးလေ"