ဆုံးဖြတ်ချက်
Vol. 56 Ch. 560
မနက်ခင်းမိုးလင်းပြီဖြစ်သည်။
ကျူးရှန်းယောင် အိပ်ယာမှ နဝေတိမ်တောင်နှင့် နိုးလာ၏။ ရှုပ်ပွနေသော ဆံပင်များအား စမ်းကြည့်ရင်း အိပ်ယာပေါ်တွင် ဟိုလှိမ့်သည်လှိမ့်နှင့် ဖြစ်နေ၏။ သူမ၏ စိတ်ထဲတွင် အိပ်ယာမှ မထချင်ပဲ ဖြစ်နေလေသည်။
ထိုအခိုက်မှာပင် တစုံတရာကို သတိရလာဟန်ဖြင့် မျက်လုံးကြီးပြူးကာ အိပ်ယာပေါ်မှ သူမ ထထိုင်မိသည်။ ထိုအခါ ဝလစ်စလစ်ဖြစ်နေသော သူမ၏ ကိုယ်တပိုင်းသည် ဘွားခနဲ ပေါ်လာ၏။
ကျူးရှန်းယောင်သည် သူမ၏ ရင်နှစ်မွှာအား ကပျာသီ ဖုံးအုပ်ပြီး ခေါင်းမော့ကြည့်လိုက်ရာ စမ်းသပ်စားပွဲရှေ့တွင် မတ်တပ်ရပ်နေသော စုချန်းအား မြင်တွေ့လိုက်ရသည်။ စုချန်း၏ လက်ထဲတွင် စမ်းသပ်ဖန်ပြွန်ကို ကိုင်ထား၏။ သူ့မျက်နှာနှာကား လေးနက်နေပြီး တစုံတရာကို စဥ်းစားဆင်ခြင်နေဟန်ရှိသည်။
ကျူးရှန်းယောင်သည် စုချန်းအား နားမလည်နိုင်ဟန်ဖြင့် စိုက်ကြည့်လိုက်၏။
"ရှင်...နဲ့...ကျွန်မ"
"မင်း နိုးလာပြီလား"
စုချန်းက ကျူးရှန်းယောင်အား မကြည့်ပဲ မေးလိုက်သည်။
ကျူးရှန်းယောင်က အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလိုက်ပြန်သည်။
"မ...မနေ့ညက...ကျွန်မတို့..."
မနေ့ညက ဘာတွေဖြစ်ခဲ့မှန်း သူမ တဖြည်းဖြည်းသတိရလာပြီ မဟုတ်ပါလား။
အဖြစ်အပျက်မှာ ထူးဆန်းလှ၏။ ပူလောင်ပြင်းပြသည့် အချိန်ခနလေးမှာပင် သူမ၏ ဆန္ဒကို သူမ ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားခဲ့သည်။ သို့သော် ဘာတွေဖြစ်ပျက်သွားမှန်းကိုလည်း သူမ ကောင်းကောင်းသိရှိနေပြန်၏။ ထိုမှတ်ညဏ်များသည် သူမ၏ ဦးနှောက်ထဲဝယ် ကြည်ကြည်လင်လင်ပင် ထပ်ဟပ်နေလေသည်။
ထို့အတွက်ကြောင့်ပင် သူမ ပို၍ ဒေါသထွက်မ်ိနေ၏။ ပို၍ အရှက်ရမိနေ၏။
စုချန်းနှင့် ထိုမျှ အရှက်ရစရာကောင်းသော လုပ်ရပ်မျိုးကို သူမ အဘယ်ကြောင့် လုပ်မိလေသနည်း။
အကယ်၍ ထိုလုပ်ရပ်သည် အချစ်မှ ပေါက်ဖွားလာခဲ့သည်ဆိုပါက ကျူးရှန်းယောင်အနေနှင့် အနည်းငယ်မျှ အရှက်ရမိလိမ့်မည်မဟုတ်။ ထိုအစား ဝမ်းပင်သာမိနေအုံးမည်။ ထိုအခါ ကျူးရှန်းယောင်၏ စိတ်ထဲတွင် ပျော်တခါ ရှက်တလှည့်နှင့် မအီမလည် ဖြစ်နေမိတော့သည်။
တကယ်တော့ ယမန်နေ့က အဖြစ်အပျက်သည် ကျူးရှန်းယောင် တောင့်တနေသော အဖြစ်အပျက် ဖြစ်သည်။ သို့သော် ထိုအဖြစ်အပျက်ကို ရရှိလာသော နည်းလမ်းမှာကား ရုတ်ချည်းနိုင်လှ၏။ ကသောင်းကနင်းဆန်လှ၏။ ထို့ကြောင့် ကျူးရှန်းယောင်ရင်ထဲတွင် ဖြစ်ပေါ်နေသော ခံစားချက်မှာလည်း ရှုပ်ထွေးပွေလီနေတော့သည်။
ကျူးရှန်းယောင်အနေနှင့် ဘာဆက်လုပ်ရမှန်းပင် မသိတော့။
"ဟုတ်တယ်"
ကျူးရှန်းယောင်၏ အမေးကို စုချန်းက လေသံမျှနှင့် ဖြေလိုက်သည်။
"မလုပ်သင့်မလုပ်ထိုက်တဲ့အလုပ်က်ို ကျုပ်တို့ လုပ်မိခဲ့ကြပြီ"
ရှင်တယောက်တည်း မှားတာမဟုတ်ဘူးရှင့်.....
ကျူးရှန်းယောင် ကြိတ်၍ကျိန်ဆဲလိုက်သည်။ စုချန်း၏ လေးလံလှသော အမူအရာကိုကြည့်ရင်း သူမ ပို၍ ဒေါသထွက်လာ၏။ သူမ၏ မျက်နှာမှာလည်း ပို၍ ပျက်လာ၏။
"ဘယ်လိုဖြစ်တာလဲ"
ကျူးရှန်းယောင်က မေးလိုက်ပြန်သည်။
စုချန်းက ပန််းရောင်အခိုးအငွေ့များ ပြည့်နှက်နေသည့် ဖန်ပုလင်းကိုကြည့်ရင်း မျက်တောင်တဖြတ်ဖြတ်ခတ်လိုက်သည်။
"ဘယ်လိုဖြစ်တာလဲဆိုတော့ ဒီ ထူးဆန်းတဲ့ အခိုးအငွေ့တွေကြောင့်ပေါ့ဗျာ"
"ဘာလဲ အဲဒါက ပန်းချွေဆေးလား"
ကျူးရှန်းယောင် တအံ့တသြနှင့် မေးလိုက်သည်။
"မဟုတ်ဘူး ဒါ သာမာန်ကာမအားတိုးဆေးမျိုးထက် ပိုပြီး အဆင့်မြင့်တယ် ကာမဆေးတွေဆိုတာက လူတယောက်ရဲ့ တဏှာရမက်ကိုပဲ နှိုးဆွပေးနိုင်တယ် စိတ်ဓာတ်ခွန်အားကြီးမားတဲ့လူမျိုးဆိုရင် ဒါကို တွန်းလှန်နိုင်တယ် ဒီပန်းရောင်အမှုန်တွေကတော့ ဒီလောက် မရိုးရှင်းဘူး သူက လူတယောက်ရဲ့ စိတ်ကို တိုက်ရိုက်သက်ရောက်စေတယ် သူဟာ လူရဲ့ တဏှာရမက်ကို နှိုးဆွပေးရုံတင်မကဘူး ဦးနှောက်ရဲ့ ကြောင်းကျိုးဆင်ခြင်နိုင်စွမ်းကိုပါ ပျောက်သွားစေတယ် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်မဆိုထားနဲ့ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်တောင် ဒါကို မခုခံနိုင်လောက်ဘူး"
"ဒီလိုဆေးမျိုးကိုမှ ရှင်က ဖော်ထားရသလား"
ပြောရင်းဆိုရင်း ကျူးရှန်းယောင်တယောက် အိပ်ယာပေါ်မှ ဒေါသတကြီး ထရပ်လိုက်သည်။ ထိုအခါကျမှ တကိုယ်လုံး မမွေးတိုင်းဖမွေးတိုင်းဖြစ်နေမှန်း သိသွားပြီး သူမ အိပ်ယာပေါ်သို့ ပြန်ထိုင်ချလိုက်၏။
သို့စေကာမူ စုချန်းကား ကျူးရှန်းယောင်ထံ အာရုံရှိဟန်မတူ။ သူက စကားဆက်လိုက်သည်။
"ဒီမူလပစ္စည်းဟာ ဒီလိုအစွမ်းရှိမယ်မှန်း ကျုပ် မသိခဲ့ဘူးလေ ပြီးတော့ မင်းရောက်လာမှပဲ ဒီပစ္စည်းကို ထုတ်ယူတာ အောင်မြင်သွားခဲ့တာကလား ဒါကြောင့် မမျှော်လင့်ထားတာတွေ ဖြစ်ကုန်တာပေါ့ အေးလေ ဘဝဆိုတာ ဒီလိုပဲကိုး"
စကားဆုံးသည်နှင့် စုချန်းက သက်ပြင်းချလိုက်၏။
"ဒီတော့ ဘဝကြီးတခုလုံး ကျွမ်းထိုးမှောက်ခုန်ဖြစ်ကုန်ပြီလို့ ရှင် ခံစားနေရတယ်ပေါ့ ဒါကြောင့် ရှင် သိပ်ပြီး နာကျင်နေရတယ်ပေါ့ ဟုတ်လား"
စုချန်းကို စိုက်ကြည့်ရင်း ကျူးရှန်းယောင်က ပြောလိုက်သည်။ သူမ၏ မျက်လုံးထဲတွင်တော့ ဒေါသများ၊ အမုန်းတရားများနှင့် ပြည့်နှက်နေ၏။
"လုံးဝမဟုတ်ရပါဘူးကွာ ကံကြမ္မာဆိုတာ ဒီလိုသဘာဝရှိကြောင်း ပြောပြတဲ့သဘောပါ"
စုချန်းက အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ကျူးရှန်းယောင်အား မေးလိုက်ပြန်သည်။
"ဒါနဲ့ မင်းမှတ်ညဏ်တွေကို ကျုပ် ဖျက်ပေးရအုံးမှာလား"
ကျူးရှန်းယောင် တွေခနဲ ဖြစ်သွား၏။
ဘာဆက်လုပ်ရမှန်း သူမကိုယ်တိုင်လည်း မသိပဲ ဖြစ်နေသည် မဟုတ်ပါလား။
အတန်ကြာအောင် စဥ်းစားနေပြီးနောက် ကျူးရှန်းယောင် မတ်တပ်ရပ်လိုက်သည်။ နတ်မိမယ်ပမာ လှပသော ကိုယ်ခန္ဓာသည် စုချန်း၏ ရှေ့မှောက်ဝယ် ဘွားခနဲ ပေါ်လာပြန်၏။
စုချန်းအနေနှင့် ကျူးရှန်းယောင်၏ အဝတ်မဲ့ကိုယ်ခန္ဓာကို မြင်ဖူးပြီးသားဖြစ်သော်လည်း နောက်တကြိမ် ပြန်တွေ့မိသည့်ခနဝယ် မကြည့်ပဲ မနေနိုင်ပြန်။
ကျူးရှန်းယောင်သည် စုချန်း၏ ရှေ့မှာပင် အဝတ်များကို ခပ်တည်တည်နှင့် ကောက်ဝတ်လိုက်၏။ ထို့နောက် သူမသည် စုချန်း၏ အခန်းထဲမှ ချာခနဲ လှည့်ထွက်သွားလေသည်။
"ခနနေပါအုံးကွာ"
စုချန်း လွှတ်ခနဲ ဟန့်တားမိသည်။
"ဘာလဲ ရှင်က နောက်တခါ ထပ်အိပ်ချင်သေးလို့လား"
ကျူးရှန်းယောင်၏ မေးခွန်းထုတ်သံ ဖြစ်သည်။ သူမ၏ အသံမှာ အက်ကွဲနေ၏။ သူမ၏ စိတ်ထဲတွင်ကား စုချန်း၏ ပါးစပ်မှ "အေး ဟုတ်တယ်" ဟူသော အဖြေကို ငံ့လင့်နေမိရှာသည်။
သို့တည်းမဟုတ် စုချန်းကများ သူမကို ပွေ့ဖက်လာလေမည်လားဟု ကျူးရှန်းယောင် တွေးမိနေ၏။
သို့သော် စုချန်း၏ အပြုအမူကြောင့် သူမ အကြီးအကျယ် စိတ်ပျက်သွားတော့သည်။
စုချန်းက သူမဆီသို့ ဆေးပုလင်းတလုံးကို ကမ်းပေးရင်း ပြောလိုက်၏။
"ဒါက မင်းအတွက် ပထမအကြိမ်ဆိုတော့ မင်းရဲ့သွေးတွင်းချီစွမ်းအင်တွေ ကမောက်ကမ ဖြစ်နေလိမ့်မယ် ဒါဆို မနေ့ညက ဘာတွေဖြစ်ခဲ့သလဲဆိုတာ အလွယ်တကူ ပေါ်ပေါက်သွားနိုင်တယ် မင်းအနေနဲ့ ဒီလို မဖြစ်ချင်ဘူးဆိုရင် ဒီဆေးကို သောက်လိုက်"
ကျူးရှန်းယောင် ဆေးပုလင်းကို လှမ်းယူလိုက်၏။ ထို့နောက် သူမက စုချန်းကို မုန်းတီးနာကျင်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဘာလဲ ရှင်ပြောချင်တာ ဒါ အကုန်ပဲလား ဆေးကိုသောက်လိုက် ပြီးရင် မနေ့က ဖြစ်ခဲ့တာတွေကို ဖုံးကွယ်ထားလိုက် ဟုတ်သလား"
စုချန်း သက်ပြင်းချမိပြန်သည်။
"မင်း ကြားချင်တာကို ကျုပ် သိပါတယ်ကွာ ဒါပေမဲ့ ကျုပ် တောင်းပန်ပါတယ် မင်းကြားချင်သလို အခု ကျုပ် မပြောနိုင်သေးဘူး ဘာကတိမှလဲ ကျုပ် မပေးနိုင်သေးဘူး ကျုပ် စဥ်းစားဖို့ အချိန်လိုတယ် မင်း ကျုပ်ကို အချိန်နည်းနည်းလောက် ပေးနိုင်မလား"
စုချန်း၏ အကူအညီကင်းမဲ့နေဟန်ရှိသော အမူအရာကိုမြင်သောအခါ ကျူးရှန်းယောင် အလိုလို ဝမ်းနည်းလာ၏။ သူမ၏ နှလုံးသားအတွင်း တဟုန်းဟုန်းတောက်လောင်နေသော ဒေါသမီးလျံများသည်လည်း ရုတ်ချည်းပင် အညွန့်ကျိုးကုန်လေသည်။ တချိန်တည်းမှာပင် သူမ၏ မျက်ဝန်းအစုံမှ မျက်ရည်များ စီးကျလာ၏။ ထို့နောက် သူမက ပြောလိုက်သည်။
"ကျွန်မ ဆုံးဖြတ်ချက်ချလိုက်ပြီ"
"ဘာ"
စုချန်း နားမလည်နိုင်ပဲ ဖြစ်နေ၏။
"ကျွန်မ မှတ်ညဏ်တွေ ဖျောက်ပစ်ဖို့ စိတ်ကူးကို ပယ်ဖျက်လိုက်ပြီ ဒီအတိုင်းပဲ အရာအားလုံးကို မှတ်မိနေပါစေတော့"
ပြောပြောဆိုဆို သူမက ဆေးပုလင်းအား စုချန်းလက်ထဲသို့ ပြန်ထည့်ပေးလိုက်၏။
"ရှင့်အကူအညီကိုလဲ ကျွန်မ မလိုချင်တော့ဘူး ကျွန်မ အပျိုစင်မဟုတ်တော့ဘူးဆိုတာ လူတွေသိကုန်တော့ကော ဘာဖြစ်သလဲ ကျွန်မ ဘဝမှာ ပထမဆုံးအကြိမ် ချစ်ခဲ့ဖူးတဲ့လူဟာ ရှင်ပဲ စုချန်း ရှင် ကျွန်မကို ဇနီးမယားအဖြစ် လက်ထပ်မယူလိုဘူးဆိုရင်လဲ ရှိပါစေတော့ ကျွန်မ အတင်းအကျပ် လုပ်မယူချင်တော့ဘူး ဒါဟာ ကျွန်မကိုယ်တိုင် လိုလိုလားလားနဲ့ ရွေးချယ်လိုက်တဲ့ ဆုံးဖြတ်ချက်ပဲ ဒီအတွက် ဘယ်သူတွေက ကျွန်မအပေါ် ရှုံ့ချကြပါစေ အရှက်ခွဲကြပါစေ ကျိန်ဆဲကြပါစေ ကျွန်မ နောင်တရမှာမဟုတ်ဘူး ဒီအတွက် ရှင့်စိတ်ထဲမှာ အပြစ်မကင်းသလို ခံစားနေစရာမလိုဘူး ရှင် ကျွန်မကို မချစ်ဘူးမလား လက်မထပ်ချင်ဘူးမလား ရပါတယ် ဘာပြသနာမှ မရှိဘူး ဒါပေမဲ့ ကျွန်မကတော့ ရှင့်ကို ချစ်တယ် ဒါကြောင့် ကျွန်မ ဘဝတလျှောက်လုံး ရှင့်ကို စောင့်မျှော်နေတော့မှာပါပဲ"
စကားဆုံးသည်နှင့် ကျူးရှန်းယောင်သည် စုချန်းအား ကျောခိုင်းလိုက်၏။
ကျူးရှန်းယောင်၏ စကားကြောင့် စုချန်း၏ နှလုံးသားသည် ပြင်းထန်စွာ တုန်ခါသွားလေသည်။
မင်း ပြောချင်ရာပြောပြီး ကျုပ်ကို ညှာတာမှုမရှိတဲ့ လူယုတ်မာစာရင်းသွင်းလိုက်လို့ မရဘူးလေကွာ....
ဒါ..ဒါ...ကျုပ် စိတ်ပျော့သွားအောင် မင်း လှည့်စားနေတာမဟုတ်လား...
သို့သော် အခန်းပြင်သို့ ကျူးရှန်းယောင် ရောက်သွားသည်နှင့် လူတိုင်းသည် ဘာတွေဖြစ်နေမှန်း သိကုန်၏။ ကျူးရှန်းယောင်၏ အမူအရာကလည်း ယမန်နေ့ညက ဘာဖြစ်ခဲ့မှန်း မြင်ရုံနှင့် သိသာလောက်အောင် အတိုင်းသား ပေါ်လွင်နေသည် မဟုတ်ပါလား။
စုချန်းနှင့် ကျူးရှန်းယောင်တို့၏ အခြေအနေမှာ တလောကလုံးအား ကြော်ငြာမောင်းခတ်လိုက်သကဲ့သို့ ဖြစ်သွားလေပြီ။
ထိုအခိုက်အတန့်မှာပင် စုချန်းအပေါ် ကျူးရှန်းယောင် ဘာလှည့်ကွက်မှ မသုံးထားမှန်း မြင်သာသွား၏။ စုချန်းနှင့်ပတ်သက်၍ အရာအားလုံးကို ပေးဆပ်တော့မည်ဟု ကျူးရှန်းယောင် ခံယူထားလိုက်သည့်ပုံပင်။
စုချန်း ပါးစပ်အဟောင်းသား ဖြစ်သွား၏။
သေစမ်း...ကျူးရှန်းယောင်...မင်း... ရူးများရူးသွားပြီလား...
သို့သော် လက်ရှိအခြေအနေမှာကား စုချန်း ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ထိုအတိုင်းပင်။
လက်ရှိတွင် စုချန်း လုပ်နိုင်သည့် တခုတည်းသောအရာမှာ လာမည့်ဘေးပြေးတွေ့ရန်သာ။ အထက်ပါအတိုင်း စဥ်းစားပြီးသည်နှင့် စုချန်းသည် တစုံတရာကို ဆုံးဖြတ်ချက်ချလိုက်၏။
ထို့နောက် သူက ကျောက်တုံးအိမ်အပြင်သို့ ထွက်လိုက်သည်။ ထိုအချိန်တွင် ကျူးရှန်းယောင်သည် ကျောက်တုံးကြီးတတုံး၏ အပေါ်တွင် ထိုင်နေ၏။ လူတချို့မှာ သူမကို ကွက်ကြည့်ကွက်ကြည့်လုပ်ရင်း တီးတိုးသဖန်းပိုးလုပ်နေကြသည်။ ထိုလူများ ဘာပြောနေမှန်း မကြားရသည့်တိုင် သူတို့ ပြောနေကြသည့် အကြောင်းအရာကိုတော့ မှန်းဆရန် လွယ်ကူလှသည်။
ထိုအခါ စုချန်းက ကျူးရှန်းယောင်ဆီသို့ လျှောက်သွားပြီး ပြောလိုက်၏။
"ကျုပ် သေသေချာချာ စဥ်းစားပြီးပြီ ကိစ္စတွေက ဒီလိုဖြစ်သွားပြီဆိုတော့ ဘယ်တတ်နိုင်မလဲ ကျုပ် ချိန်းလွှာကို အကုန်လုံး ရှင်းပြလိုက်မယ် သူ နားလည်မှာပါ"
ကျူးရှန်းယောင် ရယ်မောလိုက်သည်။ သူမ၏ ရယ်သံမှာ အသက်မပါပဲ အေးစက်နေ၏။
"ဒီလိုပြောလိုက်ရုံနဲ့ ရှင် တောင်းပန်တာကို ကျွန်မ လက်သင့်ခံလိမ့်မယ်လို့ ရှင် ထင်နေတာလား အပျိုစင်ဘဝကို ဆုံးရှုံးသွားတဲ့ မိန်းကလေးတယောက်မှာ တခြားဘာမှမကျန်တော့ဘူးလို့ ရှင် တွေးနေတာလား ဒီလို တွေးမိလို့သာ ရှင် ကျွန်မကို သနားပြီး လာကမ်းလှမ်းနေတာပေါ့ ဒါပေမဲ့ တဖက်မှာလဲ ကုချိန်းလွှာရဲ့ ခွင့်လွှတ်မှုကို ရှင် လိုချင်နေသေးတယ်"
စုချန်း ဟင်ခနဲ ဖြစ်သွား၏။
ကျူးရှန်းယောင်က စကားဆက်လိုက်ပြန်သည်။
"ကျွန်မဟာ တန်ဖိုးဆိုလို့ အပျိုစင်ဆိုတဲ့ ဂုဏ်တခုတည်းရှိတဲ့ မိန်းကလေးမျိုးမဟုတ်ဘူးဆိုတာ ရှင်သဘောပေါက်သင့်တယ်စုချန်း ကျွန်မသာ ဆန္ဒရှိရင် ကျွန်မရှေ့မှာ ဒူးထောက်ပြီးငိုယိုနေမဲ့ ယောကျာ်းတွေ အများကြီးပဲ ရှိတယ်ဆိုတာ ရှင်သိထားပါ"
"ကျုပ်ဆိုလိုတာ ဒီလိုသဘောမျိုး မဟုတ်ပါဘူးကွာ"
ကျူးရှန်းယောင် ပုခုံးတွန့်လိုက်၏။
"ရှင်ဆိုလိုတာ ကျွန်မ သိပါတယ်လေ ဒါပေမဲ့ ရှင့်ရဲ့သနားညှာတာမှုကို ကျွန်မ မလိုအပ်ဘူး ပြီးတော့ ကုချိန်းလွှာ ပါးစပ်က ဟုတ်ကဲ့ ကျွန်မ နားလည်ပါတယ်လို့ တခွန်းပြောလိုက်တာနဲ့ အရာအားလုံး ပြေလည်သွားမယ်လို့ ရှင် မထင်လိုက်လေနဲ့ ရှင်က လက်ထပ်ချင်တာနဲ့ပဲ တော်ဝင်မျိုးနွယ်စုက မိန်းကလေးတယောက်ကို လက်ထပ်လို့ရပြီလို့ ရှင်တကယ်ကြီး ထင်နေတာလား ကျွန်မဟာ နတ်ဆိုးဧကရာဇ်သွေးဗီဇအမွေခံပဲ ကျွန်မအနေနဲ့ ကိုယ်လက်ထပ်ချင်သူကို ကိုယ့်စိတ်တိုင်းကျပဲ အမြဲတမ်းရွေးချယ်ခွင့်မရှိဘူး ရှင် သဘောပေါက်သလား ကျွန်မ ရှင့်ကို လက်ထပ်ချင်ပါတယ်ဆိုရင်တောင် ရှင့်အနေနဲ့ ကျူးမျိုးနွယ်ဝင်ဖြစ်လာဖို့ လိုအပ်နေသေးတယ် ပြီးတော့ ကုချိန်းလွှာ သူ့အနေနဲ့ မူလသတ္တဝါသွေးဗီဇနိုးထလာခဲ့ရင်တော့ တမျိုးပေါ့လေ ဒီမတိုင်ခင်မှာတော့ သူတောင်မှ ကျွန်မစကားကို နားထောင်ရမယ် ဒီတော့ စုချန်း ကျွန်မနဲ့ ပတ်သက်သမျှ အရာအားလုံးကို ရှင့်စိတ်တိုင်းကျ ဆုံးဖြတ်လို့ရတယ်လို့ ရှင်ထင်နေသလား မဟုတ်ဘူး ရှင် မဆုံးဖြတ်ပေးနိုင်တာတွေ အများကြီး ရှိနေသေးတယ်"
"ဒါပေမဲ့ ကျုပ်လုပ်ခဲ့တဲ့ ကိစ္စအတွက် ကျုပ်မှာ တာဝန်ရှိတယ်"
"မလိုပါဘူးရှင်"
ကျူးရှန်းယောင်၏ လေသံမှာ နာကျင်အက်ကွဲနေ၏။
"ကျွန်မ အားလုံးကို နားလည်သွားပြီ ခုနတုန်းက ကျွန်မပြောခဲ့သမျှဟာ ရှင့်ကို ဖိအားပေးနေတာ ရှင့်ကို တစုံတခုလုပ်ဖို့ တွန်းအားပေးနေတာလို့ ရှင် ထင်နေတယ်မလား စုချန်း ရှင် လုံးဝမှားသွားပြီ နဂါးကျောင်းတော်မှ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေအပြီးမှာ ကျွန်မသိလာတာက...ကောင်းကင်ဘုံဟာ လူတွေကို မကူညီနိုင်ဘူး လူတွေဟာ ကိုယ့်ကိုယ်ကိုပဲ အားကိုးရမယ်ဆိုတာပဲ"
ထို့နောက် ကျူးရှန်းယောင်သည် စုချန်းအား စူးရှစွာ စိုက်ကြည့်ရင်း ပြောလိုက်ပြန်သည်။
"ကျွန်မ ရှင့်ကို ချစ်နေတာ မှန်တယ် ဒါပေမဲ့ ရှင့်ရဲ့သနားညှာတာမှုကို ကျွန်မ မလိုဘူး ရှင် ကျွန်မကို မချစ်ဘူးမလား ဒါဆိုရင် ထားလိုက်ပါ ရှင့်ကိုရှင် တွန်းအားမပေးပါနဲ့ ဒီနေ့ကစပြီး ရှင်နဲ့ကျွန်မဟာ ကိုယ့်ဘဝနဲ့ကိုယ်ပဲ ကိုယ့်လမ်းကို လျှေ