← Chapters

ပကတိလောကသို့အပြန်

Vol. 56 Ch. 551

ပကတိလောကသို့အပြန်

Vol. 56 Ch. 551

အုန်း!!!

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ပကတိပုံရိပ်ယောင်နယ်ပယ်တခုလုံးသည် အလုံးစုံ ပြိုကွဲသွား၏။ ပေါက်ကွဲမှုနှင့်အတူ ပေါ်ပေါက်လာသော ဝဲဂယက်သည်လည်း သူနှင့်အတူ အရာအားလုံးကို သိမ်းကျုံးယူငင်သွားပြီး နောက်ဆုံး အစက်ကလေး တစက်သာကျန်သည်အထိ သေးငယ်ပျောက်ကွယ်သွားလေသည်။

၎င်းကိုကြည့်ရင်း ဟေးစုက ရေရွတ်လိုက်၏။

"သေစမ်း ကျုပ် မတူးရသေးတဲ့ ကျောက်တုံးတွေ အများကြီး ကျန်သေးတယ်ကွ ကံဆိုးလိုက်တာကွာ"

ထို့နောက် သူက စုချန်းအား မကျေမနပ် စိုက်ကြည့်ပြီး ပြောလိုက်၏။

"မင်း ကျုပ်ကို ကူညီဖို့ မတွေးမ်ိဘူးလားကွာ"

"ဘာလို့ကူညီရမှာလဲ ကိုယ့်အလုပ်က်ိုယ်လုပ်လေကွာ"

စုချန်းက ပြန်ဖြေလိုက်သည်။

"မင်း ဒီလိုပြောမယ်ဆိုတာ ကျုပ် သိပြီးသားပါ"

ဟေးစုက သက်ပြင်းချရင်း ပြောလိုက်၏။

"ဒါပေမဲ့ ဒီတခေါက် မင်းတို့တွေ ဒီကိုလာတာ အလကားဖြစ်မသွားဘူးလေ ပြီးတော့ အသက်ရှင်အောင်လဲ စီမံနိုင်ခဲ့တယ်မလား သိပ်မဆိုးပါဘူး"

စုချန်းက ဟေးစု၏ ပုခုံးအား လှမ်းပုတ်ရင်း အားရပါးရ ရယ်မောကာ ပြောလိုက်သည်။

"အင်း ကျုပ်လဲ ဒီလိုထင်တာပဲ"

ဟေးစုက ဘေးပတ်ဝန်းကျင်အား ဟိုကြည့်သည်ကြည့်လုပ်ရင်း မေးလိုက်ပြန်သည်။

"ဒါနဲ့ ကျူးရှန်းယောင်ကို မတွေ့ပါဘူး သူ ဘယ်ပျောက်သွားတာလဲ"

"ကျုပ် သူငယ်ချင်း သူ့ကိုခေါ်သွားတယ် စိတ်မပူပါနဲ့ သူ အဆင်ပြေမှာပါ"

"ထွီ ကျုပ်က သူ့ကို စိတ်ပူလို့မေးတာမှမဟုတ်တာ"

ဟေးစုက ကြမ်းပြင်အား လက်ဝါးနှင့် ရိုက်ချရင်း ပြောလိုက်၏။

"ကဲ ကျုပ်တို့ သွားရအောင်လေ ခေါင်းဆောင်ချီကို သွားကူကြမယ်"

"လိုတော့မယ်မထင်ပါဘူးကွာ ပကတိပုံရိပ်ယောင်နယ်ပယ်ပြိုသွားပြီဆိုတော့ အပြင်က စိတ်မြင်ကွင်းလေဟာနယ်လဲ ပြိုတော့မယ် အပြင်လောကကို ပြန်ဖို့သာ အသင့်ပြင်ထားပေတော့"

စုချန်း ပြောနေရင်းနှင့်ပင် အပြင်ဘက်ရှိ တကယ့်ရဲတိုက်နှင့် ထပ်တူဖန်တီးထားသော စိတ်မြင်ကွင်းလေဟာနယ်ရဲတိုက်တခုလုံးသည် ပြင်း န်စွာ တုန်ခါသွား၏။ ထိုအခါ ရဲတိုက်အတွင်းရှိ ဝိညာဥ်များ ထအော်ကြတော့သည်။

"ငါတို့ကမ္ဘာကြီး ပြိုတော့မယ်ကွ"

"ငါတို့အကုန် သေရတော့မှာပဲ"

"မဟုတ်ဘူး ဒီကမ္ဘာကြီးထဲက ငါ ထွက်မသွားချင်သေးဘူး"

"ခွေးသားတွေ အပြင်လောကက ဝင်လာတဲ့ ခွေးသားတွေ ဒီကောင်တွေ ငါတို့ကမ္ဘာကြီးရဲ့အူတိုင်ကို ဖျက်ဆီးလိုက်ပြီ ငါတို့အကုန် အဆုံးသတ်ပြီပဲ"

ဝိညာဥ်များ၏ အော်သံကြောင့် ရဲတိုက်တခုလုံး ပွက်လောရိုက်နေ၏။

ရဲတိုက်၏ တုန်ခါမှုမှာလည်း ပြင်းထန်သည်ထက် ပြင်းထန်လာပြီး တချို့အစိတ်အပိုင်းများမှာ ပြိုကျကုန်၏။ တချို့ နံရံများမှာကား ဖုန်မှုန့်များအဖြစ် ပြောင်းလဲကုန်ကြလေသည်။

"မင်း ဘာလုပ်နေတာလဲ"

မူလပုံစံငွေပြားတခုက်ို ကိုင်ပြီး ရဲတိုက်နေရာအနှံ့ကို မှတ်တမ်းတင်နေသော စုချန်းအား ဟေးစုက မျက်လုံးပြူးကာ မေးလိုက်သည်။

စုချန်းက ပြန်ဖြေလိုက်၏။

"မှတ်တမ်းတင်နေတာလေကွာ ဒီလို စိတ်မြင်ကွင်းလေဟာနယ်ကြီး ပြိုကျတဲ့နေရာမှာ ကိုယ်တိုင်ရှိနေဖို့ဆိုတာ တော်တော်ကို ကံထူးမှ ကျုပ် ဒါတွေကို နောင်အခါ ပြန်လေ့လာနိုင်ခဲ့ရင် လေဟာနယ်ဆိုင်ရာ နည်းစနစ်တွေ ဘယ်လ်ိုအလုပ်လုပ်သလဲဆိုတာ ပိုပြီး နားလည်လာနိုင်ဖွယ်ရာ ရှိတယ် ဒါဆို ကျုပ်ရဲ့ လေဟာနယ်ဆိုင်ရာ အသိပညာဗဟုသုတတွေလဲ ပိုတိုးလာမှာပေါ့"

"ကျုပ်ကတော့ မင်းကို သြချပါပေရဲ့ကွာ"

ဟေးစုက တအံ့တသြနှင့် ပြောလိုက်၏။

"မင်းမပြောနဲ့ ကျုပ်ကိုယ်ကျုပ်တောင် အံ့သြလို့မဆုံးဘူး"

စုချန်းက မသ်ိမသာ ပြုံးရင်း ပြောလိုက်လေသည်။

သိပ်မကြာမီ ပုံရိပ်ယောင်ရဲတိုက်တခုလုံး ဝုန်းခနဲ ပြိုကျသွားပြီး စုချန်းနှင့် ဟေးစုတို့သည်လည်း တဖြည်းဖြည်း ပြင်ပရဲတိုက်သို့ ပြန်လည်ရောက်ရှိလာ၏။

အပြင်ဘက်သို့ ပြန်ရောက်သည်နှင့် သူတို့သည် စိတ်မြင်ကွင်းလေဟာနယ်ရဲတိုက်နှင့် ပုံစံတူသော အနောက်လိုင်နာရဲတိုက်၏ စင်္ကြန်လမ်းများထဲမှ တလမ်းထဲတွင် ရောက်နေကြောင်း သိလိုက်ရသည်။ သို့သော် ထိုအချိန်ထိ အစစ်အမှန်နှင့် ပုံရိပ်ယောင်မြင်ကွင်းများမှာ ဒွေးရောယှက်တင် ဖြစ်လျက်ရှိနေသေး၏။ တဖြည်းဖြည်းနှင့် စိတ်မြင်ကွင်းလေဟာနယ်ပုံရိပ်များမှာ မှေးမှိန်လာပြီး အနောက်လိုင်နာရဲတိုက်၏ ပကတိသွင်ပြင်မှာ ပို၍ ပီပြင်လာလေသည်။

စင်္ကြလမ်းထဲတွင် ရပ်နေရင်း ငရဲပြည်မှ အလည်တခေါက် ပြန်လာရသကဲ့သို့ စုချန်း ခံစားလိုက်ရ၏။ တကယ့်လောကကြီးနှင့် ကွဲပြားခြားနားလှသည့် လောကတခုထဲသို့ စုချန်း အလည်ရောက်ရှိသွားခြင်းပေတကား။

"ထူးဆန်းလိုက်တဲ့ ခံစားချက်ကွာ"

မျက်နှာကြက်ကို မော့ကြည့်ရင်း စုချန်း ရေရွတ်လိုက်သည်။

ထိုစဥ် ခပ်လှမ်းလှမ်းမှ ဓားလှံရိုက်ခတ်သံများကို စုချန်း ကြားလိုက်ရ၏။

ချီမင်းဖန်နှင့် ကျန်လူများကား ယခုအချိန်ထိ ပေါလ်နှင့် တိုက်ခိုက်နေကြသေးပုံပင်။

စုချန်း ပြုံးလိုက်သည်။

"ကျုပ်တို့ ဒီမှာ အချိန်ဖြုန်းနေစရာ မလိုတော့ဘူးပေါ့ကွာ"

စကားဆုံးသည်နှင့် သူက တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ဆန့်ကျင်ဘက်လမ်းကြောင်းအတိုင်း လျှောက်သွားလိုက်သည်။ စင်္ကြန်လမ်းတချို့ကို ဖြတ်သန်းပြီးသည်နှင့် နံရံတခုဆီသို့ စုချန်း ရောက်ရှိလာ၏။ ထိုအခါ သူက နံရံမျက်နှာပြင်ပေါ်တွင် တစုံတခုကို ရှာဖွေလိုက်သည်။ ထိုအခိုက်မှာပင် နံရံပေါ်တွင် မှန်ကဲ့သို့ အလင်းတချက်ပြန်သွားပြီး ၎င်းအပေါ်၌ ချီမင်းဖန်တို့လူစုနှင့် ပေါလ်တို့၏ တိုက်ပွဲမြင်ကွင်း ထင်ဟပ်လာ၏။

ပေါ်လ်ကား သဲမျိုးစိတ်ခေါင်းဆောင်ဖြစ်ပြီး ကြာပန်းငါးပွင့် ပညာရှင်ဖြစ်၍ ကြောက်စရာကောင်းလောက်အောင် အင်အားကြီးမားလှ၏။ သို့သော် တဖက်မှ ကျူးပိုင်ယု၏ နတ်ဆိုးဧကရာဇ်သွေးဗီဇကလည်း ဟာသမဟုတ်ချေ။ ထိုအခါ တိုက်ပွဲမှာ တဖက်နှင့်တဖက် လက်ရည်ညီလှသည်။ ပြင်းထန်လှသော တိုက်ပွဲကြောင့် ခန်းမကြီးတခုလုံးမှာ သွက်သွက်ခါနေ၏။ နေရာတိုင်းတွင် ဖုန်မှုန့်သဲမှုန့်များ ပလူပျံနေလေသည်။

"ကျုပ် သွားကူလိုက်မယ်"

ထိုအခြေအနေကို မြင်သည်နှင့် ဟေးစုက ပြောလိုက်၏။

"မလိုသေးဘူး ဒီမှာပဲနေပြီး စောင့်ကြည့်စမ်းပါ"

စုချန်းက ဟေးစုအား ဟန့်တားရင်း အနားခြောက်ထောင့်ပါ သလင်းတုံးတစ်တုံးကို ဆွဲထုတ်ပြီး မှန်ရှေ့တွင် သုံးလေးငါးကြိမ်ခန့် ဝေ့ယမ်းလိုက်၏။ ထိုအခါ ရဲတိုက်နံရံများပေါ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်နှင့်အမျှ ဟောခန်းမကြီးတခုလုံး တောက်ပလာသည်။ တဆက်တည်းမှာပင် ပေါလ်နှင့် သူ၏ လက်အောက်ငယ်သားများဆီသို့ မိုးကြိုးများ အဆက်မပြတ် ပစ်ချလာတော့၏။

မိုးကြိုးများမှာ သာမာန်မဟုတ်။ အထူးပင် ပြင်းထန်လှ၏။ မိုးကြိုးကို မရှောင်နိုင်သော သဲမျိုးစိတ်ဝင်တဦးသည် ချက်ချင်းဆိုသလိုပင် မီးလောင်ကျွမ်းသွားတော့သည်။

မြင်ကွင်းကြောင့် လူတိုင်းပင် ထိတ်လန့်တုန်လှုပ်ကုန်၏။

"မင်း ဘယ်လိုလုပ်လိုက်တာလဲ"

ဟေးစုက မနေနိုင်တော့ပဲ စုချန်းအား မေးလိုက်လေသည်။

"အရင်တုန်းက အဲဒီအခန်းမှာ ကျုပ် ကက်ပီးယပ်စ်ရတနာတွေ လာရှာဖူးတာ မင်း မှတ်မိတယ်မလား"

"ဒါပေမဲ့ အဲဒီတုန်းက မင်းရှာတာ မူလပုံစံတွေကို အဓိကထား ရှာတာမလား"

"မှန်တယ် ဒါပေမဲ့ အဲဒီကတည်းက ကျုပ် တွေးမိတာရှိတယ် ဒီအတိုင်းသာဆက်သွားရင် ကျုပ် ဘယ်သူဘယ်ဝါဆိုတာ တနေ့မဟုတ် တနေ့ သူတို့ သိသွားမှာပဲလို့ တကယ်လို့များ ကျုပ် မှန်းထားတာထက် သူတို့ မြန်မြန်သိသွားရင် ဘယ်လိုလုပ်မလဲ ခေါင်းဆောင်ချီလဲ ကျုပ်ကို လာမကူနိုင်ဘူးဆိုရင် ကျုပ် ဒုက္ခမရောက်ပေဘူးလား ဒါကြောင့် လိုရမယ်ရဆိုပြီး တိုက်ခိုက်ရေးပုံစံကွက်တချို့ကို ကျုပ် ဆင်ထားလိုက်တာပဲ"

"အိုး အဲဒီလိုလား မင်း တော်တော်ညဏ်များတာပဲ"

တကယ်တော့ စုချန်းတွင် ထိုထက်ပိုသော အကြောင်းပြချက်တခု ရှိနေသေး၏။ ၎င်းမှာ မူလပုံစံများနှင့် ပတ်သက်၍ သူ ပိုမ်ို လေ့လာလိုခြင်းပင်။

ရဲတိုက်တွင် နေထိုင်နေရသည့် ကာလတလျှောက် စုချန်းတွင် အလုပ်မရှိပဲ ဖြစ်နေ၏။ စုချန်းဟူသည်ကား ဘဝတလျှောက်လုံး အချိန်က်ို အကျိုးရှိရှိ အသုံးချလာသူဖြစ်သည်။ ထို့ကြောင့် သူက ကျူးမျိုးနွယ်များ သူ့အား တိုက်ခိုက်လာပါက ပြန်လည်တုံ့ပြန်နိုင်ရန်အပြင် ရသမျှအချိန်ကလေးတွင် မူလပုံစံများအား ပိုမ်ိုလေ့လာနိုင်ရန် ရည်ရွယ်ပြီး တိုက်ခိုက်ရေးမူလပုံစံများ ကြိုတင်တည်ဆောက်ထားခဲ့ခြင်းပင်။

သို့သော် ထိုမူလပုံစံများအား ကျူးမျိုးနွယ်များအပေါ် အသုံးမပြုရပဲ ပေါလ်အပေါ် အသုံးပြုဖို့ ဖြစ်လာခဲ့ပေပြီ။

ထိုအချိန်တွင် အနောက်လ်ိုင်နာရဲတိုက်၏ ဟောခန်းမအတွင်း၌ မိုးကြိုးပစ်သံများနှင့် ဆူညံနေ၏။ နောက်ဆုံးတွင် ပေါလ်က်ိုယ်တိုင် ထိတ်လန့်တုန်လှုပ်လာလေသည်။

အခြေအနေမှာ မဟန်တော့။ သူ့ဖက်မှ အရေးနိမ့်နေပြီမှန်း ပေါလ် သိလိုက်ပေပြီ။ ထိုအခါ သူက ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်၏။

"အားလုံး ဒီက အမြန်ဆုံး ထွက်ကြမယ်ဟေ့"

ထိုသို့ အမိန့်ပေးပြီးသည်နှင့် ပေါ်လ်သည် အခန်းထဲမှ ချာခနဲ ပြေးထွက်လိုက်သည်။

"တားကြစမ်း သူ့ကို ထွက်မပြေးစေနဲ့"

ဟေးစု ကပျာကယာ ထအော်လိုက်သည်။

ထိုအခါ စုချန်းက ဟေးစုအား ဟန့်တားလိုက်ပြန်၏။

"ထားလိုက်စမ်းပါကွာ ကျုပ်တို့အင်အားလောက်နဲ့ သူ့ကို တားလို့မရဘူး တားလို့မရတဲ့အပြင် ဒုက္ခပါရောက်သွားအုံးမယ် ပြီးတော့ သူ့က်ို လွှတ်ပေးလို့ ကျုပ်တို့ တဖက်က အကျိုးတောင်ရှိအုံးမယ်"

"ဟမ် မင်းဘာတွေလျှောက်ပြောနေတာလဲ"

ဟေးစု ကြောင်တောင်တောင်ဖြစ်သွားလေသည်။

"မင်း တွေးကြည့်စမ်း ပေါလ်သေသွားပြီဆိုပါစို့ ဘာတွေဆက်ဖြစ်လာမလဲ"

"ပေါလ်သေသွားရင်...."

အချိန်အတော်ကြာအောင် ဟေးစု စဥ်းစားနေ၏။ သို့သော် ဘာအဖြေမှ ထွက်မလာ။

စုချန်း သက်ပြင်းချလိုက်သည်။

"ကျူးမျိုးနွယ်လေကွာ"

ထိုအခါကျမှ ဟေးစု သဘောပေါက်သွားလေသည်။

"ဟာ ဟုတ်တယ် ပေါလ် သေသွားပြီးရင် ကျူးမျိုးနွယ်တွေက ကျုပ်တို့ကို အတိုက်အခံ လုပ်လာမှာပဲ"

ပေါလ်ရှိနေ၍သာ ကျူးမျိုးနွယ်နှင့် ရှင်သန်ခြင်းကျောင်းတော်သည် မဟာမိတ်ဖြစ်နေခြင်း ဖြစ်သည်။ ပေါလ်မရှိတော့ပါက သူတို့သည် ရှေးနည်းကအတိုင်း ရန်သူများ ပြန်ဖြစ်သွားပေလိမ့်မည်။

"မင်း သဘောပေါက်သွားပြီမလား ဒါကြောင့် ပေါလ် မသေတာ ပိုကောင်းတယ်"

စုချန်းက သက်ပြင်းချရင်း ပြောလိုက်၏။

"ဒါနဲ့ ကျုပ်တခုမေးအုံးမယ် ဒီကိစ္စတွေ အကုန်လုံးပြီးသွားရင် ကျူးမျိုးနွယ်တွေ မင်းကိုလာရှာပြီး ဒုက္ခပေးမှာ မင်း စိတ်မပူဘူးလား"

ဟေးစုက မေးခွန်းထုတ်လိုက်ပြန်သည်။

ထိုမေးခွန်းကြောင့် စုချန်း၏ မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ယှက်သန်းသွား၏။

"ရှင်သန်ခြင်းကျောင်းတော် ရှိရှိ မရှိရှိ သူတို့ ကျုပ်ကို အကြာကြီး မေ့နေမှာ မဟုတ်တာတော့ သေချာပါတယ်ကွာ သေချာပေါက်ကို လာရှာကြမှာပါပဲ"

***

All Chapters