← Chapters

သဘာဝလွန်မူလပစ္စည်း

Vol. 56 Ch. 559

သဘာဝလွန်မူလပစ္စည်း

Vol. 56 Ch. 559

တိုက်ပွဲမှာ နေဝင်ချိန်တွင် ပြီးဆုံးသွားခဲ့၏။

နောက်ဆုံးတွင်တော့ သဲမျိုးစိတ်များဖက်မှ အလဲအကွဲနှင့် ရှုံးနိမ့်သွားလေသည်။

သဲမျိုးစိတ်များသည် မျိုးစိတ်၏ ထိပ်တန်းအကျဆုံး ကျင့်ကြံသူများကို ခေါ်လာသည့်တိုင် အသာစီးမရခဲ့သည့်အပြင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်များကိုပါ အသလွတ်ဆုံးရှုံးလိုက်ရရှာသည်။ သူတို့ ရှုံးနိမ့်သွားခြင်းအတွက် အကြောင်းပြချက်များစွာ ရှိပေသည်။ ထိုအကြောင်းပြချက်များစွာအနက် တခုမှာ ကျိူးမျိုးနွယ်စုများ၏ နတ်ဆိုးဧကရာဇ်သွေးဗီဇဟု ဆိုနိုင်၏။ ကျူးမျိုးနွယ် နတ်ဆိုးဧကရာဇ်သွေးဗီဇကား တကယ်ပင် ထူးခြားလှသည်။ ကျောက်ကျင်းဝင်နှင့် ပါ့လီယွမ်တို့သည်လည်း သူတို့မျိုးနွယ်စုများမှ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်သည်။ စုချန်း၏ တပည့်ကျော် သံမဏိလည်း သူ၏ ကြောက်စရာတိုက်စွမ်းအားကို အကောင်းဆုံး ပြသနိုင်ခဲ့လေသည်။ တဖက်တွင်လည်း စုချန်း၏ ဆေးဝါးများက အလွန်ထူးခြားနေ၏။ တိုက်ပွဲဝင်သူများသည် အင်အားတိုးလာရုံမက ဒဏ်ရာရမည်ကိုလည်း ကြောက်စရာမလိုတော့။ သူတို့၏ ခံနိုင်ရည်မှာလည်း များစွာ တိုးပွားလာခဲ့လေသည်။

နောက်ဆုံးတွင် သဲမျိုးစိတ်တပ်ဖွဲ့ဝင်များအားလုံးသည် အပြီးတိုင် သုတ်သင်ရှင်းလင်းခံလိုက်ရပြီး ကျူးမျိုးနွယ်နှင့် ရှင်သန်ခြင်းကျောင်းတော်ဘက်မှ အနည်းအကျဥ်းသာ တန်ရာတန်ကြေး ပြန်ပေးလိုက်ရ၏။

အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်သုံးဦးအနက် တဦးမှာ နေရာမှာပင် အသက်ပျောက်သွားရှာ၏။

ထိုတဦးမှာလည်း စုချန်း၏ လက်ချက်ကြောင့် အသက်ပျောက်သွားရခြင်းပင်။

အဆိုပါ သေဆုံးသွားသော အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်မှာ ကနဦး မြွေပျံတိုက်ပွဲတွင် စုချန်း မျှားခေါ်သွားသည့် တယောက်ပင် ဖြစ်သည်။ ၎င်းသည် သေတော့မသေသည့်တိုင် ဒဏ်ရာပြင်းထန်စွာ ရရှိသွား၏။ ထ်ိုဒဏ်ရာများမှာလည်း အပြည့်အဝ မပျောက်ကင်းသေးချေ။ ဤအနေအထားတွင် စုချန်းက ၎င်းအား အရှင်ဖမ်းနိုင်ရန် ကြိုးစားခဲ့သော်လည်း ၎င်း၏ တန်ပြန်တိုက်ခိုက်မှုက ပြင်းထန်လှပေ၏။ ထို့ကြောင့် စုချန်းအနေနှင့် မစွန့်စားရဲတော့ပဲ ၎င်းအား အသေသတ်ပစ်လ်ိုက်ရခြင်းပင်။ တဖက်တွင် ချီမင်းဖန်နှင့် ကျူးပိုင်ယုတို့သည် ၎င်းတို့၏ ပြိုင်ဘက်အသီးသီးအား အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ကြလေရာ စုချန်း၏ ရင်ထဲတွင် စိတ်ဓာတ်ကျသလို ခံစားလိုက်ရ၏။

မည်သို့ဆိုစေ ဤတိုက်ပွဲကြောင့် သူနှင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အကြား ကွာဟချက်မှာ ပို၍ကျဥ်းမြောင်းလာခဲ့ပြီဖြစ်ကြောင်းကိုတော့ စုချန်း သိရှိသွားခဲ့လေသည်။

ဤတိုးတက်နှုန်းအတိုင်းသာဆိုလျင် သူသည် သိပ်မကြာမီအချိန်အတွင်းမှာပင် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်နှင့် ပေါ်တင်ရင်ဆိုင်နိုင်ပေတော့်မည်။

ပေါလ်ကား သေဆုံးသွားခဲ့လေပြီ။ ထို့ကြောင့် ကျူးမျိုးနွယ်စုများနှင့် ရှင်သန်ခြင်းကျောင်းတော်အကြားဝယ် နောက်ထပ် မဟာမိတ်လုပ်နေစရာ အကြောင်းမရှိတော့။

သို့သော် ကွဲပြားခြားနားသော တိုက်ပွဲကြီးနှစ်ရပ်ကို အတူတကွ ယှဥ်တွဲတိုက်ခိုက်ရခြင်း၊ ရက်ပေါင်းအတော်ကြာအောင် အတူတကွ ခရီးနှင်လာရခြင်းကြောင့် အဖွဲ့နှစ်ဖွဲ့အကြားဝယ် ခိုင်မာသော ဆက်ဆံရေးတခုကို သူတို့ တည်ဆောက်ထားမိကြလေပြီ။ တချို့ဆိုရင် သူငယ်ချင်းများပင် ဖြစ်ကုန်ကြလေပြီ။ ထိုအနေအထားတွင် သူတို့အနေနှင့် တယောက်နှင့်တယောက် တိုက်ခိုက်လိုစိတ် မရှိကြတော့။ ပို၍အရေးကြီးသောအချက်မှာ ရှင်သန်ခြင်းကျောင်းတော်သည် စုချန်း၏ ချောက်တွန်းမှုကို ခံလိုက်ရ၍သာ သူတို့၏ ရန်သူဘဝသို့ ကျရောက်သွားရခြင်းမှန်း ကျူးမျိုးနွယ်စုဘက်မှ သိရှိသွားခြင်းပင်။

တဖက်တွင် စုချန်းအား လက်စားချေရန် ကြည့်လိုက်ပြန်တော့...

သူတို့သခင်မလေး၏ အပြုအမူများကို မြင်တွေ့ရသောအခါ ကျူးမျိုးနွယ်များသည် ထိုအကြံအစည်ကို အလိုအလျောက်ပင် စွန့်လွှတ်မိကြကုန်၏။

လူတယောက်တည်းကို နှစ်ကြိမ်တိုင်တိုင် ပြန်ချစ်မိခြင်းဟူသည် မည်သို့သော ခံစားချက်မျိုးပေနည်း။

ထိုခံစားချက်၏ ဆွဲဆောင်မှုကို တင်းခံနိုင်ဖို့ဟူသည်မှာ ခက်လှပါဘိတောင်း။

တကယ်တော့ ကျူးရှန်းယောင်သည် စုချန်းအပေါ်ထားရှိသော သူမ၏ ခံစားချက်များကို ကြိတ်မှိတ်မျိုသိပ်ထားခဲ့သေး၏။ သို့သော် ကက်ပီးယပ်စ်၏ လျှို့ဝှက်အခန်းကို ဖွဲ့စဥ်က စုချန်းအပေါ် သူမ နမ်းရှိုက်ခဲ့သောအနမ်းသည် သူမ၏ နှလုံးသားအနက်ရှိုင်းဆုံးနေရာတွင် သိမ်းဆည်းထားသော ခံစားချက်များကို ပွင့်အန်လာစေရန် လှုံ့ဆော်ပေးနေသကဲ့သို့ ရှိ၏။ ထိုအခါ ကျူးရှန်းယောင်သည် သူမ၏ ခံစားချက်များကို ထိန်းချုပ်ထားနိုင်စွမ်းမရှိတော့။

သူမ သိရှိထားသော အမှန်တရားနှင့် သူမ၏ မှတ်ညဏ်များအကြားဝယ် ခံစားချက်အလွှာလေးမျှသာ ခြားထားလိမ့်မည်ဟု ကျူးရှန်းယောင် တကယ်ပင် မျှော်လင့်မထားခဲ့ချေ။ အရာအားလုံးကို မှတ်မိသွားသည့် ခနမှာပင် သူမ၏ ခံစားချက်များသည် ပင်လယ်လှိုင်းလုံးကြီးများသဖွယ် ဝုန်းခနဲ အုံကြွလာ၏။ ယခုတော့ ကျူးရှန်းယောင်တယောက် အရာအားလုံးကို နောင်တရနေခဲ့လေပြီ။

အမှန်တရားကို ငါ သိထားပြီးသားပဲ မဟုတ်ဘူးလား...ဒါနဲ့များ ငါဟာ ဘယ့်နှယ်ကြောင့် မှတ်ညဏ်တွေ ပြန်ရချင်နေခဲ့မိပါလိမ့်...

သို့သော် သူမ၏ နောင်တမှာ များစွာ နောက်ကျသွားခဲ့လေပြီ။ ဆန္ဒမီးလျံများကား သူမ၏ နှလုံးသားအတွင်းဝယ် အလျံတညီးညီးနှင့် တောက်လောင်နေခဲ့လေပြီ။ ယခင်က ထိုခံစားချက်သည် သူမ၏ နှလုံးသားနှင့် တည်းတည်းမျှသော ကြိုးတချောင်းပမာသာ ရှိခဲ့သော်လည်း ယခုတော့ ထိုကြိုးသည် ပင့်ကူအိမ်ကြီးပမာ နှလုံးသားတခုလုံးအား ဝန်းရံရစ်ပတ်ပိတ်ဆို့ထားခဲ့လေပြီ။ သူမအနေနှင့် ထိုအထဲမှ ထွက်ပြေးလွတ်မြောက်နိုင်စွမ်းမရှိတော့။

သူမ၏ ခံစားချက်များသည် ထိမ်းမနိုင်သိမ်းမရဖြစ်နေပြီဖြစ်ကြောင်း ကျူးရှန်းယောင် သဘောပေါက်ထားခဲ့ပြီးလေပြီ။

သို့သော် စုချန်းတယောက်မှာကား ၎င်းကို သတိထားမိဟန်ပင်မတူ။

ထိုသို့ဖြစ်ရခြင်းမှာလည်း သူ့အပေါ် ပြောင်းလဲလာသော ကျူးရှန်းယောင်၏ စိတ်သဘောထားကို စုချန်း သတိမထားမိ၍ မဟုတ်။ သူ၏ စမ်းသပ်မှုများသည် အလွန်အရေးကြီးသော အခြေအနေသို့ ရောက်ရှိနေခြင်းကြောင့်သာ ဖြစ်သည်။

ထိုအချိန်တွင် စုချန်းသည် စမ်းသပ်ခံအလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်နှစ်ယောက်အပြင် စိတ်မြင်ကွင်းလေဟာနယ်အတွင်းမှ ရလာသည့် အမှောင်မူလပစ္စည်း၏ သဘောသဘာဝများကိုပါ စမ်းသပ်နေရ၏။ အမှောင်မူလပစ္စည်း၏ အကူအညီဖြင့် စုချန်းသည် တခြားနယ်ပယ်များမှ သတ္တဝါများကို ဆင့်ခေါ်ကာ ကွဲပြားခြားနားသော မူလပစ္စည်းများအား ထုတ်ယူနိုင်သည့်နည်းလမ်းကို ရှာဖွေနိုင်ခဲ့လေသည်။ ထို့ပြင် အနက်ရောင်ကျောက်တုံးများအကြောင်းကိုလည်း စုချန်း ပိုမိုနားလည်လာခဲ့ပြီ ဖြစ်သည်။ ယခုဆိုလျင် သူသည် နောက်ထပ် ပြီးပြည့်စုံသည့် မူလပစ္စည်းအသစ်တမျိုးကိုပင် ထုတ်ယူနိုင်ခဲ့လေပြီ။

တနည်းအားဖြင့် သိပ်မကြာခင် စုချန်းတယောက် နောက်ထပ် သွေးနီဥပြိုကွဲဆေးမင်ပုံစံသစ်တမျိုးနှင့် အရိပ်မီးတောက်လက်အိတ်ကဲ့သို့ မူလလျပ်ကူးကိရိယာများကိုပါ တီထွင်လာနိုင်တော့မည်ဟု ဆိုလိုခြင်းပင်။

ဤမျှ များပြားသော စမ်းသပ်မှုများကို တပြိုင်နက်တည်း လုပ်ကိုင်နေရသောအခြေအနေတွင် စုချန်းတယောက် ကျူးရှန်းယောင်က်ို အဘယ်မှာ အာရုံစိုက်နိုင်အံ့နည်း။

ထို့ကြောင့် သူသည် တချိန်လုံး ဝမ်းနည်းကြေကွဲသည့် အမူအရာနှင့် ရှိနေသော ကျူးရှန်းယောင်ကို ဥပေက္ခာပြုထားမိလေသည်။

ဤယနေ့ညနေခင်းတွင်လည်း စုချန်းသည် ခါတိုင်းကဲ့သို့ပင် စမ်းသပ်မှုများအား ဆောင်ရွက်လျက်ရှိသည်။ အနက်ရောင်ကျောက်တုံးသည် စမ်းသပ်ဖန်ပြွန်ထဲတွင် နစ်မြုပ်နေ၏။ အချိန်နှင့်အမျှ ပူစီဖောင်းများ တစီစီ ထလျက်ရှိသည်။

စုချန်းကား အနက်ရောင်ကျောက်တုံးအတွင်းမှ မူလပစ္စည်းတမျိုးကို ထုတ်ယူနိုင်ရန် ကြိုးစားနေခြင်းပင်။

ထိုအချိန်မှာပင် တံခါးခေါက်သံ ပေါ်လာ၏။

"အဒေါ်ကြီး ကျုပ်ကို ခနလောက် လွှတ်ထားပေးစမ်းပါဗျာ"

စုချန်းက စိတ်ပျက်လက်ပျက် ပြောရင်း တံခါးကို ဖွင့်ပေးလိုက်သည်။ တံခါးဝတွင် မတ်တပ်ရပ်နေသူမှာကား ကျူးရှန်းယောင် ဖြစ်လေသည်။

"အော် မင်းပဲကိုး"

"ဘာလဲ ရှင်က ကျွန်မက်ို ညတစ္ဆေ ထင်နေတာလား"

ကျူးရှန်းယောင်က မေးလိုက်၏။

စုချန်း ပုခုံးတွန့်ပြလိုက်သည်။

"ဒီမိန်းကလေးက မကြာခန လာပြီး နှောင့်ယှက်လေ့ရှိတယ် ကျုပ်ကလဲ အလွန် အလုပ်ရှုပ်နေတာ သူ့အတွက် အချိန်မပေးနိုင်ဘူးလေ"

"ဒါဆိုလဲ ကျွန်မကို ခနလောက် ပေးဝင်ပါလား ကျွန်မမှာ ပြောစရာရှိတယ် ရှင့်ကို ဒုက္ခမပေးဘူးလို့ ကျွန်မ ကတိပေးပါတယ်"

ကျူးရှန်းယောင်က ငြင်သာနူးညံ့သော လေသံနှင့် တောင်းဆိုလိုက်၏။

"ကောင်းပြီလေ"

စုချန်း အနည်းငယ် တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် သဘောတူလိုက်သည်။

ကျူးရှန်းယောင် ကျောက်တုံးအိမ်အတွင်းသို့ လှမ်းဝင်လာ၏။ အိမ်ထဲတွင်ကား စုချန်း၏ စမ်းသပ်ကိရိယာများနှင့် ရှုပ်ပွနေလေသည်။ ခြေချစရာ နေရာပင်မရှိ။

"မင်း ကျုပ်အိပ်ယာပေါ်မှာ ထိုင်လိုက် အခန်းထဲမှာ အတော်ကို ရှုပ်ပွနေတယ်"

ကျူးရှန်းယောင်လည်း စုချန်း၏ အိပ်ယာပေါ်တွင် ထိုင်ချလိုက်သည်။ ထို့နောက် သူမက စုချန်းကို ရည်ရွယ်ချက်ရှိရှိ စိုက်ကြည့်ရင်း ပြောလိုက်၏။

"ဆဌမဦးလေးက ပြောတယ် နက်ဖြန်ဆို မိုးထိမြို့တော်ကို ရောက်ပြီ အဲဒီကိုရောက်ရင် ကျွန်မတို့ လမ်းခွဲကြမယ်တဲ့"

"အော်"

စုချန်း၏ အေးစက်စက်နိုင်မှုကြောင့် ကျူးရှန်းယောင် စိတ်ပျက်သွားသည်။ သို့သော် ခံစားချက်ကို အတတ်နိုင်ဆုံး ထိမ်းသိမ်းရန် သူမ ကြိုးစားလိုက်သည်။

"ဒါနဲ့ ကျွန်မ မှတ်ညဏ်တွေ ပြန်ရပြီဆိုတာ ရှင့်ကို ပြောပြီးပြီလား"

ဤတကြိမ်တွင်တော့ စုချန်း ဟန်မဆောင်နိုင်တော့။

"အဲဒီလိုလား ဂုဏ်ယူပါတယ်ကွ ဒါဆို ကျုပ်တို့ မင်းကို မလိမ်ဘူး အမှန်အတိုင်း ပြောခဲ့တယ်ဆိုတာ မင်း သိသွားပြီပေါ့"

"မှန်ပါတယ် ဒါပေမဲ့ ရှင် ကျွန်မကို မပြောပဲထားတာတွေလဲ ရှိတယ်လေ"

စုချန်း မျက်မှောင်ကုတ်သွား၏။

"သိပ်အရေးမပါတဲ့ဟာမျိုး ဖြစ်ပါလိမ့်မယ် ယွဲ့လောင်ရှက မင်းကို တမင်မပြောပဲ ချန်ထားခဲ့လိမ့်မယ်လို့တော့ ကျုပ် မထင်ဘူး"

"ဒါက အရမ်းကို ကွဲပြားခြားနားတဲ့ ကိစ္စပါ သူကိုယ်တိုင်လဲ သိမယ်မထင်ပါဘူးလေ"

ကျူးရှန်းယောင်က စကားကို ခေတ္တရပ်တန့်လိုက်၏။ ပြီးမှ တုံ့ဆိုင်းဆိုင်းလေသံနှင့် သူမက စကားဆက်လိုက်သည်။

"ကျွန်မ ရှင့်ကို ချစ်မိခဲ့တယ်...ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကျွန်မ အများကြီး စဥ်းစားခဲ့ပြီးပြီ ဒါပေမဲ့ ကျွန်မ ချီတုံချတုံ ဖြစ်နေခဲ့တယ် ဆုံးဖြတ်ချက်မချနိုင်ခဲ့ဘူး ရှင့်ကြောင့် ဦးလေးဆယ့်တစ် သေသွားတယ် ကျန်တဲ့ကျူးမျိုးနွယ်ဝင်တွေလဲ အသက်ပေးခဲ့ရတယ် ကျူးမျိုးနွယ်ဟာလဲ ရှင်သန်ခြင်းကျောင်းတော်နဲ့ ပဋိပက္ခ ဖြစ်သွားခဲ့ရတယ် အမှန်ဆို ကျွန်မ ရှင့်နဲ့ နီးနီးကပ်ကပ် မနေသင့်ဘူး...ဒါပေမဲ့ ကျွန်မ...ကျွန်မ...ကိုယ့်ကိုယ်ကို မထိန်းချုပ်နိင်ဘူး ဖြစ်နေတယ်"

ပြောရင်းဆိုရင်းမှာပင် ကျူးရှန်းယောင်သည် တကိုယ်လုံး တုန်ယင်လာ၏။ သူမ၏ မျက်လုံးအစုံမှလည်း မျက်ရည်များ တလဟောစီးကျလာ၏။

စုချန်း မှင်သက်သွားလေပြီ။

ဤသို့ဖြစ်ရခြင်းမှာ စုချန်းက ကျူးရှန်းယောင်၏ ခံစားချက်များအား မသိ၍မဟုတ်။ သူမ ဤမျှထိ ဒဲ့ဒိုးဆန်လှမည်ဟု မမျှော်လင့်ထား၍သာ ဖြစ်သည်။

အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေပြီးမှ စုချန်းက မေးလိုက်လေသည်။

"ကျုပ်မှာ ချစ်ရတဲ့သူရှိတယ်ဆိုတာ မင်း သိတယ်မလား"

"ကျွန်မ သိပါတယ် ရှင့်ကိုလဲ မိန်းမအများကြီးယူဖို့ မပြောပါဘူး"

ထို့နောက် ကျူးရှန်းယောင်က မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မျက်ရည်သိမ်းလိုက်၏။ မျက်နှာကိုတင်းလိုက်၏။

"ပြီးတော့ ဒီကိုလာတာ ရှင် ကျွန်မကို ချစ်နိုင်သလားလို့ မေးဖို့လဲမဟုတ်ဘူး"

"ဒီတော့ မင်းဆိုလိုတာ..."

"ဒီအတောအတွင်းမှာ ရှိခဲ့တဲ့ မှတ်ညဏ်မှန်သမျှကို ရှင်းထုတ်ဖို့ ရှင် ကျွန်မကို ကူညီစေချင်တယ်"

အော်...လက်စသတ်တော့ ဒီလိုကိုး...

စုချန်း အနည်းငယ်တော့ အံ့သြသင့်သွား၏။

"ဒါဆို မင်းနဲ့ကျုပ် အရင်လိုပဲ ရန်သူတွေ ပြန်ဖြစ်ကုန်မှာပေါ့"

"မဖြစ်ပါဘူး ကျွန်မ သိဖို့လိုသမျှ အကြောင်းအရာတွေ အကုန်လုံးကို ချရေးထားပြီးပြီ ဒီအထဲမှာ မှတ်ညဏ်တွေ ရှင်းပစ်ဖို့ ကျွန်မကိုယ်တိုင် လိုလိုလားလား တောင်းဆိုခဲ့ကြောင်း ထည့်ရေးထားတယ် ဒီမှတ်ညဏ်တွေသာ မရှိတော့ရင် ကျွန်မရဲ့ ခံစားချက်တွေကို ဖြစ်တည်လာစေမဲ့ အုတ်မြစ်ဆိုတာလဲ မရှိနိုင်တော့ဘူး ဒါဆို တနေ့မှာ ကျွန်မ ရှင့်ကို ချစ်ခဲ့မိကြောင်း သိသွားရင်တောင် ဘာသက်ရောက်မှုမှ ရှိလာတော့မှာ မဟုတ်ဘူး တကယ့် ခံစားချက်မပါတဲ့အတွက် ဒါက သာမာန်အမှတ်တရတခုလောက်ပဲ ကျန်ခဲ့တော့မှာ"

ကျူးရှန်းယောင်၏ စကားမှာ ယုတ္တိတန်လှသည်။ အကြောင်းသင့်အကျိုးသင့်နိုင်လှသည်။

မှတ်ညဏ်များ မရှိတော့ပါက စုချန်းအပေါ် သူမ၏ ခံစားချက်ဒီဂရီသည် များစွာ လျော့နည်းသွားပေလိမ့်မည်။ သူမအနေနှင့် သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်နိုင်လာပေလိမ့်မည်။

သို့သော် ကျူးရှန်းယောင်၏ ဆုံးဖြတ်ချက်ကြောင့် ဘာကြောင့်မှန်းမသိပဲ စုချန်း၏ ရင်ထဲတွင် ဟာတာတာ ဖြစ်လာ၏။

နောက်ဆုံးတွင်တော့ စုချန်းက ခေါင်းညိတ်သဘောတူလိုက်လေသည်။

"ကောင်းပြီလေ ဒါဆိုလဲ ခနတော့စောင့်အုံး ဒါလေးကို ကျုပ် လက်စသတ်လိုက်အုံးမယ်"

ထို့နောက် စုချန်းသည် စမ်းသပ်မှုဘက်သို့ ပြန်လည်အာရုံစိုက်လိုက်သည်။ အနက်ရောင်ကျောက်တုံးကား အမြုပ်တစီစီထလျက်ရှိလေပြီ။

"အဲဒါဘာလဲရှင့်"

"ထူးဆန်းတဲ့ မူလပစ္စည်းတွေရောစပ်ပါဝင်နေတဲ့ ကျောက်တုံးတမျိုးပဲ ဆိုပါတော့ ဒီမူလပစ္စည်းတွေကြောင့်ပဲ ကျုပ်တို့ဟာ မူလစွမ်းအင်တွေကို ထိန်းချုပ်နိုင်စွမ်းရှိလာတာကွ မူလပစ္စည်းတွေကို အသုံးချနိုင်ရင် မင်းအနေနဲ့ သွေးဗီဇကို အားကိုးနေစရာမလိုတော့ပဲ မူလစွမ်းရည်တွေကို တိုက်ရိုက်အသုံးချလို့ရလာလိမ့်မယ်"

"တယ်ဟုတ်ပါလားရှင့်"

စုချန်း၏ စကားကြောင့် ကျူးရှန်းယောင်သည်လည်း စမ်းသပ်မှုကို စိတ်ဝင်စားသွား၏။

ထိုစဥ် ဖန်ပြွန်အတွင်းမှ ကျောက်တုံးသည် ပို၍ဆူပွက်လာပြီး ပန်းရောင်အခိုးအငွေ့များ ထွက်လာ၏။ အဖုံးကို ပိတ်ထားသောကြောင့် အခိုးအငွေ့များက အပြင်သို့ ထွက်လာခြင်းတော့မရှိချေ။

"ကျုပ် အောင်မြင်သွားပြီကွ"

စုချန်း အားရပါးရ ပြုံးရင်း ပြောလိုက်သည်။

ထူးခြားသော မူလပစ္စည်းတမျိုးအား သူ အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့ပြီ မဟုတ်ပါလား။

"ကြည့်အုံးမယ် ဒါ ဘာလေးတုန်း"

ပြောပြောဆိုဆို ကျူးရှန်းယောင်သည် ဖန်ပြွန်ကို ဆွဲယူပြီး အဖုံးကို ဆတ်ခနဲ ဆွဲဖွင့်လိုက်သည်။

"ဟေ့ ဟေ့ အဲဒါကို မဖွင့်နဲ့"

များစွာ နောက်ကျသွားလေပြီ။ ပန်းရောင်အခိုးအငွေ့များ အပြင်သို့ တိုးထွက်လာပြီ ဖြစ်သည်။

ထိုအခိုက်မှာပင် ကျူးရှန်းယောင်အပေါ်ထားသည့် စုချန်း၏ သဘောထားသည် ရုတ်ချည်းပင် ပြောင်းလဲသွား၏။

တပြိုင်တည်းမှာပင် ကျူးရှန်းယောင်၏ အမြင်အာရုံမှာလည်း ရီဝေမှုန်ဝါးသွားလေသည်။

သူမ လက်နှစ်ဖက်ကို မြောက်လိုက်၏။ သူမ၏ အပေါ်ရုံမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။ သူမ၏ ကျောက်စိမ်းရောင်လက်မောင်းနှစ်ဖက်မှာ ဝင်းခနဲ ပေါ်လာ၏။ သူမ၏ ပန်းရောင်သန်းနေသော ရင်နှစ်မြွာမှာ လှစ်ခနဲ ပြူလာ၏။

၎င်းကိုမြင်သည်နှင့် စုချန်း၏ အသိစိတ်မှာ အလုံးစုံပျောက်ကွယ်သွားလေသည်။ သူ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့။

ထို့နောက် သူသည် ကျူးရှန်းယောင်အား ပွေ့ဖက်ကာ အိပ်ယာပေါ်သို့ တွန်းလှဲချလိုက်လေသည်။

***

All Chapters