← Chapters

ညှို့ငင်ဖမ်းစားခြင်း

Vol. 57 Ch. 561

ညှို့ငင်ဖမ်းစားခြင်း

Vol. 57 Ch. 561

ခနတဖြုတ် အနားယူပြီးနောက် သူတို့ ခရီးဆက်ခဲ့ကြ၏။ သို့သော် သူတို့အချင်းချင်းကြား ဆက်ဆံရေးမှာ ယခင်နှင့်မတူတော့ပဲ တမျိုးတဖုံး ထူးဆန်းနေသကဲ့သို့ ထင်မှတ်ရသည်။

မျက်လုံးပါသော မည်သူမဆို ကျူးရှန်းယောင် ဘာတွေ​ပြောင်းလဲသွားမှန်း အလွယ်တကူ မြင်သာနိုင်၏။ ဦးနှောက်ပါသော မည်သူမဆို ယမန်နေ့ညက ဘာတွေဖြစ်ခဲ့ကြမှန်း အလွယ်တကူ သဘောပေါက်နိုင်၏။

ထိုအခါ လူတိုင်းလိုလိုသည် ကိုယ့်အတွေးနှင့်ကိုယ် ထင်ရာမြင်ရာ တွေးတောနေကြလေသည်။

ကျူးပိုင်ယုသည် ကျူးရှန်းယောင်အားကြည့်ပြီး အလွန်အမင်း စိတ်ပူနေ၏။ စုချန်းအပေါ် ကျူးရှန်းယောင်၏ ခံစားချက်ကို သူ ကောင်းစွာနားလည်သဘောပေါက်သော်လည်း ဤအခြေအနေမျိုးကို မြန်မြန်ဆိုက်ရောက်လာလိမ့်မည်ဟုတော့ သူ လုံးဝထင်မထားချေ။ ကျူးရှန်းယောင်၏ ပုံစံကို ကြည့်ရသည်ကလည်း ဘာကိုမှဂရုမစိုက်သည့်ဟန် ပေါ်နေ၏။ ခက်တော့ခက်ချေပြီတကား။

ယူထျန်းယန်။ သူကတော့ တမျိုးတဖုံ ဖြစ်သည်။ ယူထျန်းယန်သည် ကျူးရှန်းယောင်၏ အခြေအနေကို မြင်ပြီးကတည်းက ရထားလုံးအတွင်းမှ ထွက်မလာတော့ပဲ လူးလိမ့်ငိုကြွေးနေ၏။ လက်ကိုင်ပဝါသုံးထည်ပင် မျက်ရည်များဖြင့် ရွှဲနစ်နေခဲ့လေပြီ။ သို့သော် စုချန်းကိုတော့ သူ ရန်မလုပ်ချေ။

ချီမင်းဖန်ကတော့ စုချန်းကိုလိုက်ရှာပြီး ရှေ့တွင် ဘာဆက်လုပ်ရန် တွေးထားကြောင်းကို မေးမြန်းလိုက်၏။ ယမန့်နေ့ဖြစ်ရပ်ကြောင့် စုချန်းအနေနှင့် ကျူးမျိုးနွယ်ဘက်သ်ို့ စိတ်ညွတ်သွားမည့်အခြေအနေမှ အပ ကျန်အကြောင်းချင်းရာများကိုတော့ ချီမင်းဖန်အနေနှင့် အထူးတလည် စိတ်ပူခြင်းမရှိ။ ရှင်သန်ခြင်းကျောင်းတော်နှင့် ကျူးမျိုးနွယ်များအကြားတွင် ငြိမ်းချမ်းရေးတည်ဆောက်ထားပြီးပြီ မဟုတ်ပါလော။ သို့သော် ကျူးရှန်းယောင်ကြောင့် စုချန်းသာ ကျူးမျိုးနွယ်နှင့် မဟာမိတ်လုပ်လိုက်မည်ကိုတော့ ချီမင်းဖန် မလိုလားချေ။ ထိုအခြေအနေသာဆိုက်လာပါက ရှင်သန်ခြင်းကျောင်းတော်အနေနှင့် တန်ဖိုးကြီးမားလှသော မဟာမိတ်တဦးကို ဆုံးရှုံးသွားနိုင်သည် မဟုတ်ပါလား။ သို့သော် စုချန်း၏ အဖြေကြောင့် ချီမင်းဖန် အတော်လေး စိတ်သက်သာရသွားလေသည်။

ဤသို့နှင့် လူနှစ်ဦးအကြား ကိုယ်ရေးကိုယ်တာပြသနာသည် လူအတော်များများအပေါ်ကို သက်ရောက်သွားစေ၏။ ရှင်သန်ခြင်းကျောင်းတော်ဘက်မှဖြစ်စေ၊ ကျူးမျိုးနွယ်ဝင်များဖြစ်စေ လူတိုင်းလိုလိုသည် ကွဲပြားခြားနားသော ခံစားချက်အသီးသီးကို ခံစားနေကြရသည်ကတော့ အမှန်ပင်။ လူပေါင်းများစွာထဲတွင် မည်သည့်ခံစားချက်မှ မရှိသူမှာကား ညတစ္ဆေပင် ဖြစ်သည်။ သူမသည် ဘာတွေဖြစ်နေမှန်းကိုပင် ရိပ်စားမိခြင်းမရှိ။

သူမသည် ခါတိုင်းကဲ့သို့ပင် စုချန်းအနားတွင် ရစ်သီရစ်သီလုပ်ကာ အစားအသောက်များ ကျွေးရန် ကြိုးစားနေ၏။ အဓိပ္ပာယ်မရှိသော စကားများ ဖောင်ဖွဲ့ကာဆိုနေ၏။ သူမ သတိထားမိသည့် တခုတည်းသောအရာမှာ ခါတိုင်းကဲ့သို့ စုချန်းအနီးတွင် ကျူးရှန်းယောင် ရှိမနေခြင်းပင်။ ထို့ကြောင့် စုချန်းက သူမအား လစ်လျူရှုထားသည့်တိုင် သူမ အလွန်ပျော်နေ၏။

တရက်ခန့်ခရီးနှင်ပြီးသည်နှင့် သူတို့အားလုံး မိုးထိမြို့တော်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့လေသည်။

လမ်းခွဲရမည့်အချိန်ကား ကျရောက်လာခဲ့လေပြီ။

ကျူးပိုင်ယုသည် ကျူးရှန်းယောင်နှင့် ကျန်လူများကို ခေါ်ပြီ ကျူးအိမ်တော်ဆီသို့ ခရီးဆက်ရန် ပြင်ဆင်လိုက်၏။ ထိုအချိန်တွင် စုချန်းက ကျူးပိုင်ယုရှိရာသို့ လျှောက်လာပြီး ပြောလိုက်သည်။

"ကျူးမျိုးနွယ်တွေအနေနဲ့ ဌာနေမှာ အရေးတကြီးအလုပ်တာဝန်မရှိရင် ဒီမှာ ရက်အနည်းငယ်လောက် နေထိုင်ဖို့ ကျုပ် အကြံပြုချင်တယ်"

"ဘာအတွက်လဲ"

ကျူးပိုင်ယုက ပြန်မေးလိုက်သည်။

"ကျုပ် ရှန်းယောင်အတွက် လက်ဆောင်တခု ပေးလိုက်ချင်လို့ ဒါပေမဲ့ အချိန်နည်းနည်းလိုနေသေးတယ်"

ကျူးပိုင်ယု ခေါင်းရှုပ်သွားလေသည်။

"မင်း ပေးမဲ့ပစ္စည်းမှန်သမျှ ကျူးမျိုးနွယ်မှာ ရှိပြီးသားဖြစ်မှာပါပဲ သိပ်ထူးခြားတဲ့ ပစ္စည်းမျိုး မဟုတ်ဘူးဆိုရင်လဲ"

"အဲဒီထဲမှာ လူတယောက်ရဲ့ သွေးဗီဇအင်အားကို တိုးပွားစေမဲ့ ဆေးမျိုးကော ပါသလား"

စုချန်းက ကြားဖြတ်မေးလိုက်၏။

"မင်း ဘာပြောလိုက်တယ်"

ကျူးပိုင်ယု ရင်ခုန်သွား၏။

"မင်းမှာ ကျူးမျိုးနွယ်သွေးဗီဇအင်အားကို တိုးပွားလာစေမဲ့ ဆေးမျိုး ရှိတယ်ပေါ့"

"ဆိုနိုင်ပါတယ် ဒါပေမဲ့ ကျုပ် စမ်းသပ်တုန်းပဲ ရှိသေးတယ်"

"မင်း တကယ်ပြောနေတာလား"

"ကျုပ်လဲ သိပ်မသေချာဘူး ကျုပ် မူလပစ္စည်းတမျိုး တွေ့ထားတယ် ဒီပစ္စည်းက လူရဲ့ဆန္ဒကို နှိုးဆွပေးနိုင်တယ် စိတ်ဝိညာဥ်အကာအကွယ်တွေကိုတောင် ဒါလေးက ဖြိုခွဲပစ်နိုင်တယ် ဒီပစ္စည်းကိုသာ ကောင်းကင်မြေခွေးသွေးဗီဇနဲ့ ပေါင်းစပ်လိုက်ရင်...ကောင်းကင်မြေခွေးသွေးဗီဇရဲ့ ညှို့ငင်ဖမ်းစားခြင်းစွမ်းရည်ဟာ သွေးဗီဇအကန့်အသတ်ကိုတောင် ကျော်လွန်သွားအောင် ကျုပ်လုပ်ပေးနိုင်တယ်"

ကျူးပိုင်ယု၊ ချီမင်းဖန်နှင့် ကျန်လူများသည် ချက်ချင်းဆိုသလိုပင် စုချန်း၏ ဆိုလိုရင်းကို နားလည်ကုန်ကြ၏။

စုချန်းကား ယမန်နေ့ ဖြစ်ပျက်ခဲ့သည့် ပြသနာကို အရိုးရှင်းဆုံး ရှင်းပြလိုက်ခြင်းပင်။

တချို့အကြောင်းအရာများသည် မဖြစ်မနေ ဖြေရှင်းရန် လိုအပ်သည် မဟုတ်ပါလား။

"မင်း လုပ်နိုင်မှာ သေချာသလား"

ကျူးပိုင်ယုက မေးခွန်းထုတ်လိုက်ပြန်သည်။ စုချန်း၏ စကားသာ မှန်ကန်နေပါက ကောင်းကင်မြေခွေးသွေးဗီဇစွမ်းရည်သည် ဆထက်တံပိုး မြင့်မားသွားပေလိမ့်မည်။

စုချန်း ခေါင်းခါပြလိုက်သည်။

"ကျုပ် မသေချာဘူး ဒါပေမဲ့ ကျုပ် အတတ်နိုင်ဆုံး ကြိုးစားမှာပါ"

ထို့နောက် သူက ကျူးရှန်းယောင်ကို ဖြတ်ခနဲ လှမ်းကြည့်ပြီး ပြောလိုက်သည်။

"သူ အိမ်ပြန်ရောက်တာနဲ့ သေချာပေါက်အပြစ်ပေးခံရလိမ့်မယ် ဟုတ်တယ်မလား"

ကျူးရှန်းယောင်သည် နေရာတွင် ခြေစုံရပ်ကာ အဝေးဆီသို့ ငေးကြည့်နေ၏။ စကားတခွန်းမှ ပြန်ပြောခြင်းမရှိ။

ကျူးပိုင်ယု သက်ပြင်းချလိုက်၏။ သူ့တိတ်ဆိတ်မှုက စုချန်း၏ မေးခွန်းအား အဖြေပေးလိုက်သကဲ့သို့ ရှိလေသည်။

စုချန်းက ပြောလိုက်ပြန်သည်။

"သူ့သွေးဗီဇသာ အားကောင်းလာရင် ...ကျုပ် ထင်ပါတယ် ပြသနာအတော်များများကို ဖြေရှင်းပြီးဖြစ်သွားလိမ့်မယ် ဒါကြောင့် သူ့ကို ကူညီဖို့ ကျုပ် အတတ်နိုင်ဆုံး ကြိုးစားမှာပါ"

"ကျွန်မ ကြောက်နေမယ်များ ထင်သလား"

ကျူးရှန်းယောင်၏ အငေါ်တူးသံ ဖြစ်သည်။

"အပြစ်ပေးခံရမှာကို မင်းမကြောက်ဘူးဆိုတာ ဟုတ်ပါလိမ့်မယ် ဒါပေမဲ့ အင်အားကြီးလာတာကိုရော မင်းမကြိုက်ဘူးလား"

ကျူးရှန်းယောင် ပါးစပ်ပိတ်သွား၏။

စုချန်းက စကားဆက်လိုက်ပြန်သည်။

"မင်းပြောတာ မှန်တယ် ကောင်းကင်ဘုံဟာ လူသားတွေကို မကူညီနိုင်ဘူး လူတွေဟာ ကိုယ့်ကိုယ်ကိုပဲ အားကိုးရမယ် ငါတို့ကြားက အဖြစ်အပျက်တွေကြောင့် ရလာတဲ့ အခွင့်အရေးကို မင်း လက်မလွှတ်သင့်ဘူး ဒီအခွင့်အရေးကို လက်လွှတ်လိုက်မယ်ဆိုရင် မင်းဟာ ရင့်ကျက်ချင်ယောင်ဆောင်ထားပေမဲ့ မရင့်ကျက်သေးဘူး နုံအနေတုန်းပဲလို့ ကျုပ်က ဆိုရမှာပဲ"

ကျူးရှန်းယောင်သည် စုချန်းအား အချိန်အတော်ကြာအောင် စိုက်ကြည့်နေ၏။ ပြီးမှ သူမက ပြုံးလိုက်သည်။

"ရှင် ပြောတာ မှန်ပါတယ် ဘာတွေဘယ်လိုပဲဖြစ်ခဲ့ပါစေ ကျွန်မ အင်အားကြီးလာဖို့ အခွင့်အရေးကို လက်လွှတ်ခံစရာ အကြောင်းမှမရှိတာပဲ ဒါပေမဲ့ ရှင် ဒါကို လုပ်နိုင်မယ်လို့ ကျွန်မက ဘာကြောင့် ယုံရမှာလဲ"

"ဒါကို ကျုပ် မလုပ်နိုင်ဘူးဆိုရင် သွေးနီဥပြိုကွဲဆေးမင် အသုံးပြုတဲ့ နည်းလမ်းကို မင်းလက်ထဲ ကျုပ် ထည့်ပေးလိုက်မယ် ဒီဆေးမင်ကို သုံးပြီး တောင်ရိုးကမ်းပါးမျိုးစိတ်ဝင်တယောက် ဘယ်လို အင်အားကြီးမားလာတယ်ဆိုတာ မင်းကိုယ်တိုင် မြင်ဖူးတယ် ဒီတော့ ဒီဆေးမင်ရဲ့ စွမ်းပကားကို မင်းတို့ တချိန်က လက်ဝါးကြီးအုပ်ဖို့ ကြိုးစားခဲ့ဖူးတဲ့ သွေးဗီဇမလိုပဲ သွေးဆူပွက်ခြင်းနယ်ပယ်ကို ဝင်နိုင်တဲ့နည်းလမ်းနဲ့ နှိုင်းယှဥ်ကြည့် ဘယ်ကသာသလဲဆိုတာ"

လက်တွေ့အသုံးဝင်ပုံအရ သွေးနီဥပြိုကွဲဆေးမင်သည် သွေးဗီဇမလိုပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်းအား ကောင်းစွာ ယှဥ်နိုင်၏။

ကျူးမျိုးနွယ်များ လိုချင်လွန်း၍ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရသောအရာကို စုချန်းက လွယ်လင့်တကူ ပေးလိုက်သည့်သဘောပင်။

လူတိုင်း အလိုလို ပါးစပ်ပိတ်ကုန်ကြ၏။

ထိုအခိုက်အတန့်တွင် ထူးဆန်းသော စိတ်ကူးတရပ် ကျူးပိုင်ယု၏ ခေါင်းထဲတွင် လှစ်ခနဲ ပေါ်ပေါက်လာ၏။

အလှတရားကို ထောင်ချောက်အဖြစ် အသုံးပြုခြင်းသည် နောက်ဆုံးတွင် အောင်မြင်မှုရခဲ့လေပြီ။ သို့သော် ထိုအောင်မြင်မှုရရှိရန် နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရချေသည်တကား။

________×××_________×××__________

နောက်ဆုံးတွင်တော့ စုချန်းနှင့် ကျူးမျိုးနွယ်များသည် မိုးထ်ိမြို့တော်မှာပင် ကျန်နေရစ်ခဲ့၏။

ချီမင်းဖန်သည်လည်း ကနဦးက စုချန်းနှင့်အတူ ကျန်နေရစ်ရန် စိတ်ကူးလိုက်သေးသည်။ စုချန်းအနေနှင့် ကျူးမျိုးနွယ်များနှင့် မပူးပေါင်းကြောင်း သူ သေချာလိုသည် မဟုတ်ပါလား။ သို့သော် စုချန်းက မည်သည့်အခြေအနေတွင်မဆို ကျူးမျိုးနွယ်များနှင့် မပူးပေါင်းကြောင်း ချီမင်းဖန်အား ကတိအထပ်ထပ်ပေးလာ၏။ ထိုအခါ ချီမင်းဖန်လည်း စုချန်း ဆက်လုပ်မည့်အစီအစဥ်ကို မေးမြန်းကာ မိုးထိမြို့တော်မှ ထွက်ခွာလာခဲ့လေသည်။

စုချန်း၏ နောက်ထပ်အစီအစဥ်မှာကား လောင်ချိနိုင်ငံသို့ သွားရန်ပင် ဖြစ်သည်။

၎င်းမှာ စုချန်းအနေနှင့် ကုချိန်းလွှာကို သတိရနေရုံသက်သက်ကြောင့် မဟုတ်။ ကျူးရှန်းယောင်နှင့် ဖြစ်ပျက်ခဲ့သည့် အကြောင်းချင်းရာများအား ကုချိန်းလွှာကို ရှင်းပြရန်ပင် ဖြစ်သည်။

သိပ်မကြာမီ ချီမင်းဖန်သည်လည်း ထွက်ခွာသွား၏။ မသွားမီ အချင်းချင်းဆက်သွယ်နိုင်စေရန် ကီလိုမီတာတစ်ရာအတွင်း ဆက်သွယ်ပြောဆိုနိုင်သည့် မူလပုံစံငွေပြားတမျိုးအား စုချန်း၏ လက်ဝယ်တွင် ချီမင်းဖန် ထားရစ်ခဲ့၏။

စုချန်းနှင့် လမ်းခွဲရခြင်းအတွက် ဝမ်းအနည်းဆုံးလူမှာ ညတစ္ဆေပင် ဖြစ်သည်။ သို့သော် သူမ၏ စုချန်းအပေါ်ထားသည့် ခံစားချက်မှာ အချစ်ဟု သတ်မှတ်ရလောက်သည်အထိ မလေးနက်သေး။ ထို့ကြောင့် စုချန်းက သူမအား ​ခနတဖြုတ် မြှောက်ပင့်ပြောဆိုလိုက်သည်နှင့် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ချီမင်းဖန်နောက်သို့ လိုက်ပါသွားတော့သည်။

ရှင်သန်ခြင်းကျောင်းတော်မှလူများ ထွက်ခွာသွားသည်နှင့် စုချန်း၏ အာရုံသည် စမ်းသပ်မှုများအကြားတွင် နစ်မြုပ်ပျော်ဝင်သွား၏။ "ညှို့ငင်ဖမ်းစားချစ်ရမ္မက်ဇော" ဟု နာမည်ပေးထားသော ပန်းရောင်အခိုးအငွေ့များသည် စုချန်းအား

အလုံးစုံ ဖမ်းစားထားခဲ့လေပြီ။

အနှီ "ညှို့ငင်ဖမ်းစားချစ်ရမ္မက်ဇော"သည် စုချန်း မြင်ဖူးသမျှထဲတွင် ကြောက်စရာအကောင်းဆုံး ရမ္မက်နှိုးဆွဆေးတမျိုးပင် ဖြစ်သည်။ ၎င်းသည် မည်သည့်အကာအကွယ်က်ိုမှ မမှုပဲ လူတယောက်၏ စိတ်အာရုံအား တိုက်ရိုက်တိုက်ခိုက်နိုင်စွမ်းရှိလေရာ မည်မျှ ကြောက်စရာကောင်းကြောင်း သိသာနေ၏။

သာမာန်အားဖြင့် စိတ်ဝိညာဥ်တိုက်ခိုက်မှုများသည် ရုပ်ဝတ္တုအကာအကွယ်များကိုသာ ကျော်လွှားနိုင်စွမ်းရှိ၏။ ယခု ပန်းရောင်အခိုးအငွေ့များကတော့ မည်သည့် စိတ်ဝိညာဥ်အကာအကွယ်ကိုမှ မမှုချေ။ သင့်အနေနှင့် စိတ်ဝိညာဥ်စွမ်းအား မည်မျှ အားကောင်းစေကာမူ ပန်းရောင်အခိုးအငွေ့များနှင့် တိုက်ခိုက်ပါက ခုခံနိုင်လိမ့်မည်မဟုတ်။ သို့သော် စိတ်ဝိညာဥ်စွမ်းအား ကြီးမားလေလေ တိုက်ခိုက်မှုမှ ပို၍ မြန်မြန် နိုးထလာနိုင်သော အားသာချက်တခုတော့ စိတ်ဝိညာဥ်စွမ်းအားကြီးမားသူများတွင် ရှိနေ၏။

ထို့ကြောင့် ပြသနာတက်ခဲ့သောညတွင် စုချန်းသည် ခပ်မြန်မြန်ပင် ကိုယ့်ကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့လေသည်။ သို့သော် ထိုအချိန်တွင် ကျူးရှန်းယောင်၏ ရမ္မက်စိတ်က အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့လေပြီ။ သူမ၏ ဝလစ်စလစ်ကိုယ်ခန္ဓာကလည်း စုချန်းအား ဆွဲဆောင်နေခဲ့၏။ ထို့ကြောင့် စုချန်းလည်း ဆေးမိနေသယောင် ချော်လဲရောထိုင် လုပ်မိတော့သည်။

သို့သော် ထိုအကြောင်းအား ကျူးရှန်းယောင်သိအောင် စုချန်း ဘယ်သောအခါမှ ပြောပြလိမ့်မည်မဟုတ်တော့။

စုချန်းသာ ပန်းရောင်မူလပစ္စည်းအား ကျူးရှန်း

ယောင်၏ သွေးဗီဇနှင့် ပေါင်းစပ်နိုင်ခဲ့ပါက ၎င်းသည် ပစ်မှတ်ထားခံရသူအား တိတ််ိကျကျ တိုက်ခိုက်နိုင်စွမ်းရှိလာမည် ဖြစ်သည်။ ထိုအတွက် စုချန်းအနေနှင့် စမ်းသပ်မှုအများအပြားကို ဆောင်ရွက်ရ၏။ သီအိုရီများစွာကို လေ့လာဆန်းစစ်ရ၏။ တဖက်တွင်လည်း ကျူးရှန်းယောင်အား သူနှင့်အတူ ပူးပေါင်းဆောင်ရွက်စေရသည်။ ကျူးရှန်းယောင်၏ သွေးကို အလျင်းစင့်သလို သူ ထုတ်နှုတ်စမ်းသပ်နေရသည် မဟုတ်ပါလား။

အကျိုးဆက်မှာကား စုချန်းနှင် ကျူးရှန်းယောင်တို့နှစ်ယောက် ပို၍ပို၍ နီးကပ်လာခြင်းပင်။

ထိုနီးစပ်မှုမှာ ထိုမျှနှင့်မကသေးချေ။

စုချန်းသည် အထပ်ထပ်သန့်စင်ထားသော ဆေးရည်များ ထည့်ထားသည့် ဆေးပုလင်းငယ်ကို ဆွဲထုတ်ရင်း ပြောလိုက်သည်။

"ကဲ ဒီတခုရဲ့ သက်ရောက်မှုကို စမ်းကြည့်ရအောင်"

ထုံးစံအတိုင်း ပုလင်းဝမှ အခိုးအငွေ့များ တလူလူ ထွက်လာ၏။ သူတို့နှစ်ယောက်၏ စိတ်အာရုံသည် သွက်သွက်ခါသွားသည်။ သူတို့ တယောက်ကိုတယောက် စိုက်ကြည့််မိကြ၏။ သူတို့၏ မျက်လုံးအစုံမှာ ရီဝေဝေဖြစ်နေလေသည်။

ထို့နောက် သူတို့သည် တယောက်ကိုတယောက် ပွေ့ဖက်မိကြတော့သည်။

***

All Chapters