အလည်အပတ်
Vol. 57 Ch. 562
စုချန်းသည် ကျူးမျိုးနွယ်များနှင့်အတူ မိုးထိမြို့တော်တွင် သုံးလတိုင်တိုင် နေထိုင်ခဲ့၏။
အဆိုပါ သုံးလတာကာလအတွင်း ကျူးရှန်းယောင်သည် စုချန်း၏ စမ်းသပ်မှုများအား တတ်နိုင်သမျှ ကူညီလုပ်က်ိုင်ပေးခဲ့လေသည်။ ညတိုင်းလိုလိုတွင် ကျူးရှန်းယောင်သည် စုချန်း၏ ဘေးနားတွင် ရှိနေခဲ့၏။ ထိုအတောအတွင်းတွင် စုချန်းသည် ဆေးရည်ကို အမြဲတစေ ပြန်လည်သန့်စင်နေရခြင်းကြောင့် သူတို့နှစ်ယောက်အကြား ကိုယ်လက်နှီးနှောဖလှယ်မှုမှာလည်း ညစဥ်လိုလို ရှိနေခဲ့၏။ တရက်တည်းတွင် အကြိမ်ပေါင်းများစွာ နယ်လွန်မိသော အခိုက်အတန့်မျိုးလည်း ရှိနေ၏။
ပထမတကြိမ်နှင့် ဒုတိယတကြိမ်သည် မတော်တဆဟု သတ်မှတ်၍ ရနိုင်သေးသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ၎င်းမှာ မတော်တဆမဟုတ်တော့။ အလေ့အထသဖွယ် ဖြစ်လာ၏။
ကနဦးက ကုချိန်းလွှာအပေါ် အပြစ်မကင်းသလို စုချန်း ခံစားမိနေသေး၏။ အချိန်ကြာလာသည်နှင့်အမျှ ထိုခံစားချက်မှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတော့သည်။
လောကဓမ္မတာဟူသည်မှာ ထိုနည်းအတိုင်းသာ။ သင်သည် မကျော်သင့်သည့်စည်းကို တကြိမ်တခါ ကျော်ဖူးသွားပါက နောက်အကြိမ်များတွင် ထိုစည်းကို ကျော်ရန် သိပ်မခက်တော့ချေ။
သူတို့နှစ်ဦး၏ အခြေအနေမှာလည်း ထိုအတိုင်းသာ။ တချို့ရက်များဆိုလျင် မည်သည့်စမ်းသပ်မှု၊ မည်သည့်အကြောင်းပြချက်မှ မရှိသည့်တိုင် သူတို့နှစ်ဦးသည် ကာမရေအလျင်ကြောဝယ် တပျော်တပါးကြီး ကူးခတ်မိကြတော့သည်။
တကယ်တော့ စုချန်းနှင့် ကျူးရှန်းယောင်တို့ နှစ်ယောက်လုံးသည် "ညှို့ငင်ဖမ်းစားရမ္မက်ဇော"ဆေး၏ သက်ရောက်မှု မရှိချိန်တွင် ကိုယ်လက်နှီးနှောဖလှယ်ခြင်းကို ပို၍ နှစ်သက်ကြကုန်၏။ သတိကောင်းနေချိန် ကိုယ်လက်နှီးနှောရခြင်းသည် ကာမဂုဏ်အရသာကို နက်ရှိုင်းစွာ ခံစားရစေသည် မဟုတ်ပါလား။
ကျန်လူများသည် စုချန်းနှင့် ကျူးရှန်းယောင်တို့နှစ်ယောက်ကြားမှ ပြောင်းလဲမှုများကို ကောင်းစွာ သတိထားမိကြလေသည်။
သို့သော် ကျူးမျိုးနွယ်ဝင်များကား ထိုအတွက် မည်သည့်ပြသနာမှ ရှာလာခြင်းမရှိ။ စုချန်း၏ ကတိက သူတို့၏ ပြသနာရှာလိုစိတ်အား ကောင်းစွာ ဟန့်တားထားနိုင်လေသည်။ မျိုးနွယ်စုကြီးမားလေလေ အမြတ်အစွန်းများကို ပို၍ တန်ဖိုးထားလေလေပင် ဖြစ်သည်။ စုချန်းသာ သူ့ကတိအတိုင်း တည်ပါက ကျူးရှန်းယောင်အား စုချန်းနှင့် ပေးနေရခြင်းမှာ သူတို့အတွက် ပြသနာမဟုတ်တော့။
ယူထျန်းယန်။ သူကတော့ သနားဖွယ်ရာအကောင်းဆုံးလူပင်။ ၎င်းသည် အချိန်တိုင်းလိုလိုတွင် ငိုယိုနေရှာ၏။ ကျူးရှန်းယောင်တယောက် သူမ၏ အပျိုစင်ဘဝကို ဆုံးရှုံးသွားပြီမှန်း သိထားသည့်တိုင်အောင် ၎င်းမှာ သူမအပေါ် ချစ်စိတ်မပြယ်သေး။ ကျူးရှန်းယောင်သာ ဆန္ဒရှိပါက ၎င်းအနေနှင့် လှည်းကျိုးထမ်းရန် ဝန်မလေးလှ။
သုံးလခန့်ကြာပြီးနောက် စုချန်း၏ လမ်းညွှန်မှုအောက်ဝယ် ကျူးရှန်းယောင်သည် ပို၍ ရင့်ကျက်လာ၏။ ပို၍ မိန်းမဆန်လာ၏။ အထူးတလည်အားထုတ်စရာမလိုပဲ သူမဆီမှ စွဲမက်ဖွယ်အရှိန်အဝါတခု အလိုအလျောက် ထွက်ပေါ်နေသကဲ့သို့ ထင်မှတ်ရသည်။ သူမအနေနှင့် ညှို့ငင်ဖမ်းစားခြင်းနည်းစနစ်များကို မသုံးပဲ ထိုင်နေသည့်တိုင် မြင်မိသူများအဖို့ သူမ ရူပါရုံ၏ ဖမ်းစားမှုကို ခံသွားရဖွယ်ရာရှိလေသည်။ ၎င်းမှာ သူမ၏ ပင်ကိုယ်အလှတရားတိုးပွားလာခြင်းကြောင့်ပေလော၊ သို့တည်းမဟုတ် စုချန်း ဖန်တီးနေသည့် ဆေးစွမ်းကြောင့်ပေလော ဟူသည်ကိုတော့ မည်သူမှ အတိအကျ မပြောနိုင်ချေ။
သုံးလကြာသွားသည့်တိုင် စုချန်းကား "ညှို့ငင်ဖမ်းစားရမ္မက်ဇော"မူလပစ္စည်းနှင့် သက်ဆိုင်သည့် သုတေသနကို အဆုံးသတ်နိုင်စွမ်းမရှိပဲ ဖြစ်နေ၏။ ပထမ တလအတွင်းမှာပင် စုချန်းသည် ကျူးရှန်းယောင်၏ ကောင်းကင်မြေခွေးသွေးဗီဇနှင့် မူလပစ္စည်းကို ပေါင်းစပ်နိုင်ခဲ့ပြီး သူမထက် ကိုယ်တွင်းစွမ်းအင်အဆင့်မြင့်သူများကို ဖမ်းစားနိုင်သည်အထိ ညှို့ငင်ဖမ်းစားခြင်းနည်းစနစ်၏ စွမ်းရည်ကို တိုးပွားလာအောင် လုပ်ဆောင်နိုင်ခဲ့၏။
ယခုဆိုလျင် ကျူးရှန်းယောင်သည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်မျှသာဖြစ်သော်လည်း အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦးကို အလွယ်တကူ ဖမ်းစားနိင်သည်အထိ တိုးတက်လာခဲ့ပေပြီ။
ထိုတိုးတက်မှုမှာ သာမညောင်ညတော့ မဟုတ်။
အဓိကပြသနာမှာ စုချန်းသည် အနှီ မူလပစ္စည်း၏ အသုံးပြုသူအပေါ် သက်ရောက်နေသည့် ဘေးထွက်ဆိုးကျိုးများကို ဖယ်ထုတ်နိုင်စွမ်းမရှိပဲ ဖြစ်နေခြင်းပင်။ ဆိုလိုသည်မှာ ထိုမူလပစ္စည်း၏ စွမ်းရည်ကို ဖော်ထုတ်လ်ိုက်သည်နှင့် အသုံးပြုသူ ကျူးရှန်းယောင်ကိုယ်တိုင်သည်လည်း ရမ္မက်စိတ်၏ ဖမ်းစားမှုကို ခံနေရခြင်းပင်။
သုံးလတာကာလအတွင်း ထိုဘေးထွက်ဆိုးကျိုးကို စုချန်းနှင့် အိပ်စက်သည့် နည်းလမ်းဖြင့် ကျူးရှန်းယောင် ဖြေရှင်းခဲ့၏။ သူတို့နှစ်ယောက် အတူတကွ အိပ်စက်သည့် အကြိမ်ရေမှာလည်း ရာကျော်နေခဲ့လေပြီ။
ပြသနာကို မဖြေရှင်းနိုင်သေးသည့်တိုင် ကျူးရှန်းယောင်၏ ဘေးထွက်ဆိုးကျိုး ရှင်းထုတ်သည့်နည်းလမ်းက စုချန်းအား ပျော်ရွှင်စေခဲ့သည်ကတော့ အမှန်ပင်။
ဤယနေ့တွင်လည်း စုချန်းသည် ခါတိုင်းကဲ့သို့ပင် စမ်းသပ်မှုများအား ဆက်လက်ဆောင်ရွက်နေ၏။
"ထူးဆန်းတယ် ဒီမူလပစ္စည်းဟာ လူ့စိတ်ထဲ ဝင်လာတာနဲ့ ပရမ်းပတာတွေ စဖြစ်တော့တာပဲ ဒါဆိုရင် အသုံးပြုသူအနေနဲ့ ကိုယ့်စိတ်ကို ကာကွယ်ထားရင် သူ့ရဲ့သက်ရောက်မှုကို ရှောင်ရှားနိုင်ဖို့သင့်တယ် ဒါဆိုရင် ဘယ့်နှယ်ကြောင့် အလုပ်မဖြစ်ရတာလဲ"
စုချန်းက ရေရွတ်လိုက်သည်။
"ခုနေခါ စဥ်းစားလို့မရရင်လဲ သိပ်တွန်းအားပေးမနေပါနဲ့ရှင်"
ကျူးရှန်းယောင်က နှစ်သိမ့်လိုက်၏။
"ဒီလို ကိစ္စမျိုးဆိုတာက နေ့ချင်းညချင်း အောင်မြင်တာမျိုးမှ မဟုတ်တာပဲ ရှင် အနားယူပါအုံး ဒါမှမဟုတ် စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် လမ်းလေးဘာလေး လျှောက်ပါလား"
ထိုစကားကို ကြားသည်နှင့် စုချန်းက ခေတ္တတွေးတောပြီး ခေါင်းညိတ်လိုက်သည်။
"အာ မင်းပြောတာဟုတ်တယ် ကျုပ် ဒီအခန်းထဲက မထွက်တာ သုံးလတောင်ရှိနေပြီ အပြင်လေးဘာလေး ထွက်ဖို့သင့်တယ် အသုံးဝင်မဲ့ဟာတခုခု စဥ်းစားမိရင် စဥ်းစားမိမှာပဲ"
ထို့နောက် သူတို့နှစ်ယောက်သည် တယောက်မျက်နှာ တယောက်ကြည့်ကာ ပြုံးလိုက်ပြီး အခန်းပြင်သို့ ထွက်လာခဲ့ကြလေသည်။
မိုးထိမြို့တော်၏ လမ်းများသည် လူများနှင့် ပြည့်နှက်နေ၏။ သို့သော် ခါတိုင်းကဲ့သို့ သဲမျိုးစိတ်ဝင်များအား များများစားစား မတွေ့ရတော့။ ပေါလ် သေဆုံးမှုသည် သဲမျိုးစိတ်တခုလုံးအား ဝရုန်းသုန်းကား ဖြစ်သွားစေသည် မဟုတ်ပါလား။ ယခင် သဲမျိုးစိတ်ဝင်စျေးသည်များသာ သိမ်းပိုက်ထားသော စျေးဆိုင်များမှာလည်း ပို၍ စနစ်ကျလာ၏။ မည်သူမှ မဝယ်မနေရ ရောင်းချနေခြင်းမျိုး မရှိတော့။ လူတိုင်းလိုလိုသည် ရယ်မောပျော်ရွှင်စွာ ရောင်းဝယ်ဖောက်ကားနေကြ၏။
စုချန်းနှင့် ကျူးရှန်းယောင်သည် လမ်းတလျှောက် မျက်စေ့ကျသမျှအရာများအား ဝယ်ယူကြ၏။ စားချင်သည်မှန်သမျှကို စားသောက်ကြ၏။ အချင်းချင်း ရယ်မောပျော်ရွှင်စွာ စနောက်နေကြ၏။ သူတို့နှစ်ယောက်၏ ပုံစံမှာ ညားခါစဇနီးမောင်နှံနှင့် တူလှပေသည်။
စုချန်းသည် ချောမောခန့်ငြားသော လုလင်ပျို ဖြစ်သည်။ ကျူးရှန်းယောင်မှာကား လွန်စွာတင့်တယ်လှပသည့် မိန်းကလေးဖြစ်သည်။ ထိုအခါ သူတို့စုံတွဲသည် လူတိုင်း၏ အာရုံအား ဆွဲဆောင်မိနေတော့သည်။
"ဟေ့ စုချန်း ဒါလေး မလှဘူးလား"
ကျူးရှန်းယောင်သည် စျေးသည်တဦး ရောင်းချနေသော ပန်းတပွင့်ကို သူမ၏ ဆံကေသာပေါ်တွင် တင်ပြီး စုချန်းအား မေးလိုက်သည်။
"အမြင်ရိုင်းလွန်းနေတယ်ကွ"
ကျူးရှန်းယောင်က ပန်းပွင့်အား ပြန်ချထားလိုက်ပြီး ရှေ့ဆက်လျှောက်လိုက်ပြန်သည်။ သိပ်မကြာမီ ပုလဲလည်ဆွဲတကုံးကို သူမ မျက်စေ့ကျသွားပြန်၏။
စုချန်းက ပြောလိုက်သည်။
"ဒီမယ် သခင်မလေးရဲ့ ဒီနယ်မြေဟာ အထီးကျန်ငန်းနယ်မြေကွ ပင်လယ်နဲ့ အဝေးကြီး ဒီလည်ဆွဲ ဒီလောက်စျေးချိုနေရင် ဒါ အတုကြီးပဲဖြစ်လိမ့်မယ်"
စျေးရောင်းသူသည် ခါတိုင်းလို သဲမျိုးစိတ်ဝင်ဆိုပါက စုချန်း၏ စကားကြောင့် မုချ ရန်ပွဲဖြစ်ပေလိမ့်မည်။
စုချန်း၏ စကားကြောင့် ကျူးရှန်းယောင် နှုတ်ခမ်းစူလိုက်သည်။
"အို အတုဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကျွန်မ သဘောကျတယ်ရှင့်"
သူမ၏ ပုံစံမှာ ချစ်စရာကောင်းလှပေ၏။
လည်ဆွဲသည် အတုမှန်း ကျူးရှန်းယောင်အနေနှင့် မသိစရာမရှိ။ ထို့ကြောင့် သူမ၏ အမူအရာမှာ တမင်လုပ်ခြင်းသာဖြစ်ကြောင်း စုချန်း သဘောပေါက်လ်ိုက်လေသည်။
မိမိ ချစ်ခင်နှစ်သက်ရသူ ယောကျာ်းလေးတဦး၏ ရှေ့မှောက်တွင် ကျူးရှန်းယောင်တယောက် ဟန်မူရာပိုနေခြင်းမျှသာ။
မိန်းကလေးတဦးသည် အချစ်နှင့်တွေ့ပါက ရူးမိုက်သွားကုန်ကြလေသလော။ ကြည့်ရသည်မှာ ထင်သလောက် ရူးမိုက်သွားပုံတော့မရ။ ဟန်မူပိုလာခြင်းသာ ဖြစ်ပေလိမ့်မည်။
သို့သော် စုချန်းကတော့ ကျူးရှန်းယောင်နှင့်အတူ အလိုက်သင့်ပြောဆိုခြင်းမပြု။ သူက ခပ်တည်တည်နှင့်ပင် ပြောလိုက်သည်။
"မင်းကြိုက်တယ်ဆိုရင်လဲ ဝယ်ပါဗျာ ဝယ်ပါ စစ်စစ် တုတု အရေးကြီးတာက သခင်မလေးကျူးမှာ ငွေရှိဖို့ပဲ ငွေရှိလို့ကတော့ သဘောရှိကလောဟိပါဗျာ"
ထိုသို့ပြောပြီးသည်နှင့် စုချန်းက ရှေ့သို့လျှောက်သွားလိုက်၏။ စုချန်း လျှောက်သွားသည်ကိုကြည့်ပြီး ကျူးရှန်းယောင် ဆောင့်ကြီးအောင့်ကြီးနှင့် နှုတ်ခမ်းစူလိုက်သည်။
ထိုစဥ် တစုံတယောက်က ဟက်ခနဲ ရယ်မောပြီး လှောင်ပြောင်သံနှင့် ကျူးရှန်းယောင်အား စနောက်လိုက်လေသည်။
"ဟိတ် အချောလေး မင်းကောင်က သစ်သားတုံးကြီးပဲကွ ဒီလိုကောင်မျိုးနောက် လျှောက်လိုက်နေလို့ မင်းအတွက် ဘာထူးမှာလဲ ပျင်းစရာကြီး ကျုပ်ဆီကိုသာ လာခဲ့စမ်းပါ ကျုပ် မင်းကို ညတိုင်း ပျော်အော်လုပ်ပေးမယ်"
ကျူးရှန်းယောင်၏ လှုပ်ရှားမှုကား မြန်ဆန်လှသည်။ လှောင်ပြောင်သူဆီသို့ ခုန်ဝင်သွားပြီး ဝုန်းခနဲ ရိုက်ချလိုက်သည်။ မဆီမဆိုင် ပါးစပ်သရမ်းမိသူမှာ ကျူးရှန်းယောင်၏ ရိုက်ချက်ကြောင့် မြေကြီးပေါ်သို့ အုန်းခနဲ ပြုတ်ကျသွား၏။
အနှီ ကျူးမျိုးနွယ်သခင်မလေးသည် ထင်သလောက် သည်းခံတတ်သူမဟုတ်ချေ။ သူမ နူးညံ့စွာ ဆက်ဆံသူမှာ စုချန်းတယောက်သာ ရှိသည် မဟုတ်ပါလား။ ပါးစပ်သရမ်းသူမှာ မချိမလှ ခံစားလိုက်ရ၏။ လောင်စန်းနိုင်ငံတွင် ဖြစ်နေ၍သာ ထိုလူ သက်သာသွားခြင်းဖြစ်သည်။ လျောက်ယဲ့နိုင်ငံတွင်ဆိုလျင် ထိုလူ နေရာတွင် ပွဲချင်းပြီးပေလိမ့်မည်။
အရိုက်ခံရသူကား ကျူးရှန်းယောင်၏ ဇစ်မြစ်ကို မသိ။ မမျှော်လင့်ပဲ အရိုက်ခံလိုက်ရခြင်းကြောင့် ဒေါသထွက်လာပြီး ကြုံးဝါးလိုက်သည်။
"ခွေးမ နင်တော့သေပြီပဲ"
ထိုစဥ် ကျူးရှန်းယောင်အနီးသို့ လူတစု ချည်းကပ်လာလေသည်။
ပြသနာက ကြီးမားလာတော့မည့်ပုံပင်။
ကနဦး စုချန်းကိုကြည့်ကာ မနာလိုဖြစ်နေကြသူများသည် ယခုကျတော့ စုချန်းကို ဂရုဏာသက်ကုန်ကြပြန်၏။ ဤလူငယ်ကား မရှုမလှ ခံရချေတော့မည်တကား။
စုချန်းကြောင့် ရုတ်ချည်းဖြစ်ပေါ်လာသောဒေါသကို တစုံတဦးအပေါ်တွင် ဖောက်ခွဲလိုက်ရခြင်းကြောင့် ကျူးရှန်းယောင်သည် ဒေါသပြေသွားဟန်ပေါ်၏။ စုချန်း၏ လက်ကို ကနွဲ့ကလျနှင့် ဖက်တွယ်ပြီး ပြောလိုက်သည်။
"ကောင်းပြီလေ ရှင် သဘောမကျဘူးဆိုရင်လဲ ဒီလည်ဆွဲကို ကျွန်မ မယူတော့ဘူး"
ယခုကျတော့လည်း သူမသည် ပီဘိ နူးညံ့သိမ်မွေ့သော မိန်းမပျိုလေးတဦးပမာပင်။
လူတိုင်းသည် ကျူးရှန်းယောင်ကိုကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။
***