← Chapters

အတင်းအကြပ် ၁

Vol. 60 Ch. 598

အတင်းအကြပ် ၁

Vol. 60 Ch. 598

စုချန်း၏ နောက်တွင် လူငယ်တယောက် မတ်တပ်ရပ်လျက်ရှိ၏။ ထိုလူငယ်မှာ အသက်သိပ်ကြီးပုံ မပေါ်။ ယုတ်စွအဆုံး သုံးဆယ်ဝန်းကျင်ခန့်သာ ရှိမည်ဟု ထင်ရသည်။ သို့သော် ၎င်း၏ အမူအရာ၊ စကားပြောပုံအရ ၎င်းသည် စုချန်းတို့ဘိုးဘေးများနှင့် တတန်းတည်းရှိမည်မှာ ယုံမှားသံသယဖြစ်နေစရာ မလိုတော့။

စုချန်းပင် မသိလိုက်ပဲ နောက်သို့ရောက်လာသည်ကို ကြည့်လျင် ၎င်း၏ အင်အားကို မြင်သာနိုင်ပေသည်။

စုချန်းနှင့် ကုချိန်းလွှာတို့တွင်လည်း ၎င်းအား အတိုက်အခံလုပ်ရန် စိတ်ကူးမရှိကြပေ။

စုချန်းကိုယ်တိုင်သည်လည်း သွေးပူပြီး ပေါက်ကွဲလွယ်သော လူစားမျိုး မဟုတ်။ ပေါက်ကွဲလွယ်ခြင်းသည် ပြသနာကို မဖြေရှင်းနိုင်ပဲ နောက်ထပ် ပြသနာများကိုသာ ဖြစ်စေတတ်ကြောင်း စုချန်း ကောင်းကောင်းသိထားသည် မဟုတ်ပါလား။

ထိုအခါ စုချန်းက မတ်တပ်ရပ်ရင်း မေးလိုက်လေသည်။

"ကျုပ်တခုလောက် မေးချင်တယ် ခင်ဗျားဟာ နဂါးသံတမန်လားဗျာ"

နဂါးသံတမန်ဟူသည် ကုမျိုးနွယ်စုကြောင့် ခုနှစ်ပြည်ထောင်မှ အထူး ဝိသေသပြုထားသော နာမ်စားတခုပင် ဖြစ်သည်။ နဂါးသံတမန်များသည် တောက်ပခြင်းနဂါးသွေးဗီဇနိုးထလာသူများအား နှုတ်ဆက်ရာတွင် တာဝန်ယူရ၏။ တကယ်တော့ နှုတ်ဆက်သည်ဟူသော အသုံးအနှုံးမှာ အတင်းအကျပ် ခေါ်ဆောင်သည်ကို လူကြားကောင်းအောင် သုံးနှုံးထားခြင်းသာ ဖြစ်သည်။ သို့သော် လူအများကတော့ ယခုတိုင် နှုတ်ဆက်သည် ဟူသော အသုံးကို သုံးနေကြဆဲပင်။

နဂါးသံတမန်များသည် အာဏာသိပ်မရှိသော်လည်း အင်အားတော့ ကောင်းကြ၏။ ၎င်းတို့အားလုံးလိုလိုသည် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်နှင့် ထိုအထက်မြင့်မားသော အလွှာသို့ ရောက်ရှိပြီး ချီစွမ်းအားပညာရှင်များသာ ဖြစ်ကြလေသည်။ မူလသားရဲသွေးဗီဇနိုးထလာသူများအား ကိုင်တွယ်ရန် ဤမျှတော့ အင်အားကောင်းနေဖို့ လိုသည်မှာ အမှန်ပင်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် အမြဲတမ်း ပိုကောင်းသည် မဟုတ်ပါလား။

နဂါးသံတမန်က ပြုံးလိုက်၏။

"မှန်ပါတယ် ကျုပ် တန်းလီဖန်းပါ နှုတ်ခွမ်းဆက်သပါတယ် သခင်မလေးကု မင်းကို လိုက်ရှာရတာ တကယ် မလွယ်ပါလား"

သို့သော် ကုချိန်းလွှာက ပြန်ပြောလိုက်၏။

"ကျွန်မဟာ ကျွန်မသတို့သားလောင်းနဲ့ စေ့စပ်ပြီးပြီ ဒါပေမဲ့ လက်မထပ်ရသေးဘူး ဆရာတန်းဒီမှာရှိနေတယ်ဆိုတော့ အတော်ပဲ ကျွန်မတို့ လက်ထပ်မှာကို သက်သေလုပ်ပေးလို့ ရမလားရှင်"

တန်းလီဖန်း ကြောင်တောင်တောင်ဖြစ်သွား၏။ ကုချိန်းလွှာ ဤစကားမျိုး ပြောလာလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိ။

ယုတ်စွအဆုံး စုချန်းပင် အံ့သြသွား၏။

"ချိန်းလွှာ"

ကုချိန်းလွှာက ယဲ့ယဲ့မျှ ပြုံးရင်း ပြောလိုက်သည်။

"ရှင်နဲ့ကျွန်မကို ဘယ်အရာကမှ တားဆီးလို့မရဘူး ကျွန်မအနေနဲ့ ရှင့်ကို ယုံဖို့လိုတယ်လို့ ထပ်ပြောအုံးမလို့လား မပြောပါနဲ့တော့ရှင် အဲဒီလိုသာဆိုရင် ကျွန်မတို့ ဒီနေ့ ဘာဖြစ်လို့ လက်ထပ်လို့မရရမှာလဲ ကောင်းကင်ဘုံက ဘယ်လိုတားဆီးအုံးမလဲ ကျွန်မ ကြည့်ချင်တယ် ဒီလိုသာ လာမတားဘူးဆိုရင်တော့ ဒီနေ့ကစပြီး ကျွန်မဟာ သူ့ဇနီး ဖြစ်ရလိမ့်မယ် ဒါပေမဲ့ ကျွန်မတို့ လက်ထပ်ခြင်းဟာ အများသူငါ လက်ထပ်ကြသလို ယောင်နောက်ဆံထုံးပါတဲ့ လက်ထပ်ခြင်းမျိုးတော့ ဖြစ်လာမှမဟုတ်ဘူးပေါ့လေ"

ထိုစကားကို ကြားသည်နှင့် စုချန်း၏ နှလုံးသားသည် ပြင်းထန်စွာ တုန်ခါသွား၏။ ထို့နောက် သူက ကုချိန်းလွှာအားတင်းကျပ်စွာ ပွေ့ဖက်မိတော့သည်။

အတန်ကြာမှ သူက တိုးညှင်းသော လေသံနှင့် စကားစလိုက်သည်။

"မင်းကို ကျုပ် ပြောစရာတခု ရှိတယ် ဒါကို ဟိုးအရင်ကတည်းက ပြောသင့်ပေမဲ့ မင်း ခွင့်မလွှတ်နိုင်မှာကိုကြောက်လို့ ကျုပ် မပြောခဲ့မိဘူး"

ကုချိန်းလွှာ အံ့သြသွား၏။ ထို့နောက် သူမက စုချန်းကို စိုက်ကြည့်လိုက်သည်။ သူမ၏ နှလုံးသားထဲတွင်လည်း မနှစ်မြို့ဖွယ် ခံစားချက်တရပ် ဖြစ်ပေါ်လာ၏။

"နဂါးကျောင်းတော်တုန်းက ကျူးရှန်းယောင်ကို မင်း မှတ်မိသေးတယ်မလား"

ထိုနေရာမှအစချီ၍ စုချန်းက အဖြစ်သနစ်စုံလင်က်ို ကုချိန်းလွှာအား ရှင်းပြလိုက်တော့သည်။

စုချန်း ပြောသမျှကို နားထောင်ရင်း ကုချိန်းလွှာတယောက် တစထက် တစ တုန်လှုပ်လာ၏။

သူမ စုချန်းအား အထိတ်တလန့်နှင့် စိုက်ကြည့်လိုက်လေသည်။

"ရှင်"

"ဒါတွေဟာ ကျုပ် အပြစ်ပါကွာ ကျုပ် မင်းကို မပြောခဲ့မိဘူး ဒါပေမဲ့ ဒါ မတော်တဆဆိုတာ ကျုပ် သေသေချာချာ ပြောနိုင်ပါတယ် ချိန်းလွှာ"

"ဒါပေမဲ့ အဲဒါပြီးတော့ ရှင်တို့နှစ်ယောက် တချိန်လုံး ဆက်ပြီးစခန်းသွားနေကြတာ မတော်တဆ ဟုတ်လို့လား"

ပြောရင်းဆိုရင်း ကုချိန်းလွှာ ငိုချလိုက်၏။ ထို့နောက် သူမ ဒေါသထွက်လာတော့သည်။

"စုချန်း ရှင် လူမဟုတ်ဘူး"

အဘယ်ကြောင့် ဤအချိန်ကြီးကျမှ ဤအကြောင်းအရာများကို စုချန်း ဖွင့်ပြောရလေသနည်း။

ဘာကြောင့်လဲ...

ခုမှ ဘာကြောင့်လဲ...

ကုချိန်းလွှာ၏ ရင်ထဲတွင် ခါးသီးနာကျင်စွာ ခံစားလိုက်ရ၏။ ထို့နောက် သူမ မြေပေါ်သို့ ပုံခနဲထိုင်ကျသွားတော့သည်။

ချိုမြိန်သော နှုတ်ဆက်ခြင်း ဖြစ်ရမဲ့အစား မထင်မှတ်သော အလှည့်အပြောင်း ဖြစ်လာသည့် ဒဏ်ကို ကုချိန်းလွှာ ခံနိုင်ရည်မရှိတော့။

ကောင်းကင်ဘုံသည် သူမတို့ ပေါင်းစပ်မည့်အရေးကို တကယ်ပင် တားဆီးနေပုံရသည်ဟု ကုချိန်းလွှာ ယုံကြည်လာတော့၏။

"ဘာကြောင့်လဲ ရှင် ဘာကြောင့် အခုမှ ပြောရတာလဲ"

မျည်ရည်အရွှဲသားနှင့် ကုချိန်းလွှာ အော်ဟစ်မေးမြန်းလိုက်လေသည်။

"ဘာကြောင့် ခုမှလဲဆိုတော့ ဒီလျှို့ဝှက်ချက်ကို ကျုပ် ဆက်ပြီး ထိန်းမထားနိုင်တော့လို့ပေါ့ကွာ ကျုပ် ကျူးရှန်းယောင်နဲ့ လက်မထပ်ရသေးဘူး ပြီးတော့မင်းဟာ ကျုပ်အမြဲလက်ထပ်ချင်နေတဲ့သူပဲ ဒါပေမဲ့ ကျူးရှန်းယောင်ရဲ့ ဖြစ်တည်မှုကို ကျုပ်ဆက်ပြီး ဖုံးကွယ်မထားနိုင်တော့ဘူး"

ကုချိန်းလွှာ စုချန်းအား ဒေါသတကြီးနှင့် စိုက်ကြည့်လိုက်သည်။

"ဒါပေမဲ့ ကျွန်မ ခံစားချက်ကိုကျတော့ ရှင် ဘယ်လို သဘောထားမလဲ ခုလိုအချိန်မျိုးမှာ ဒီအထိ ပြောပြီးမှလေ"

"ဒါဆို ကျုပ်က မင်းကို ဒီအတိုင်း ဆက်ပြီး လျှို့ဝှက်ထားရမှာလား"

ကုချိန်းလွှာ တခွန်းမှ ပြန်မပြော။

ဘာပြန်ပြောရမှန်းလဲ သူမ မသိချေ။

ထိုမေးခွန်း၏ အဖြေကိုလဲ သူမ မသ်ိ။

ဖြစ်နိုင်လျင် သူမ ဘာတခုမှ မသိချင်။ သို့သော် ယခုတော့ အရာအားလုံးကို သူမ သိသွားလေပြီ။

သူမ မည်သို့ တုံ့ပြန်ရအံ့နည်း။

သူမ၏ အာရုံတခုလုံးသည် ရှုပ်ထွေးလာ၏။ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ကူရာကင်းမဲ့သော ခံစားချက်မျိုးကို ကုချိန်းလွှာ ခံစားလိုက်ရလေသည်။ ထိုအခါ သူမ စကားတခွန်းမှ မဟနိုင်တော့။

အချိန်အတော်လေး ကြာသွားသောအခါ ကုချိန်းလွှာသည် တန်းလီဖန်ဆီသို့ လျှောက်သွားပြီး ပြောလိုက်၏။

"ဆရာလီလဲ စောင့်နေတာ ကြာသွားပြီ ကျွန်မ သွားဖို့အသင့်ဖြစ်နေပါပြီရှင်"

သူမအနေနဲ့ စုချန်းအား စကားတခွန်းတလေပင် မပြောလိုတော့။ လက်ရှိတွင် သူမ၏ တခုတည်းသော ဆန္ဒမှာ ဤနေရာမှ ထွက်ခွာသွားရန်ပင်တည်း။

"ချိန်းလွှာ"

စုချန်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

အမှန်တရားကို ပြောပြပြီးနောက် ကုချိန်းလွှာထံမှ နားလည်မှုကို ရရှိရန် စုချန်း မျှော်လင့်နေသေးသည်ကတော့ အမှန်ပင်။

တကယ်တမ်းတွင်တော့ အရာအားလုံးမှာ စိတ်ကူးနှင့် ထပ်တူမကျတတ်ပေ။ လူတယောက်လျင် မိန်းမလေးယောက်ယူသည့် လူ့အဖွဲ့အစည်းမျိုးမှာပင် မိန်းကလေးများသည် အချစ်အပေါ် ကိုယ်တိုင် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ သတ်မှတ်ချက်များ ရှိနေတတ်သည်သာ။

ယခုလည်း သူတို့ချစ်သူနှစ်ဦး ငြင်းခုန်နေကြသည်မှာ လူ့အဖွဲ့အစည်းမဟုတ်။ ထုံးတမ်းစဥ်လာမဟုတ်။ အချစ်သာ ဖြစ်လေသည်။

ထို့ကြောင့် အချစ်တခုတည်းနှင့် တိုင်းတာလျင် စုချန်းကား အမှားကြီးတခု ကျူးလွန်မိခြင်းပင်။ ၎င်းကို ကုချိန်းလွှာ မည်သို့မှ လက်မခံနိုင်။

အနည်းဆုံးတော့ ဤအခိုက်အတန့်တွင် သူမ လက်မခံနိုင်သေး။

ထိုအခါ သူမက စုချန်းအား လှည့်၍ပင်မကြည့်ပဲ ပြောလိုက်သည်။

"ရှင် အခုထိ နားမလည်သေးဘူးလား ဒါ ကံတရားပဲရှင့် ရှင်ဟာလဲ ကံတရားရဲ့ သားကောင်သက်သက်ပဲ ကံတရားရဲ့ ကန့်သတ်ချက်တွေကို ရှင် မချိုးဖျက်နိုင်ဘူး ဒါနဲ့များ ကျွန်မကို လက်ထပ်မယ်လို့ ရှင် ဘယ်လိုလုပ် တွေးနေနိုင်တာလဲ"

"ကျုပ် ဒီကန့်သတ်ချက်တွေကို ချိုးဖျက်နိုင်တယ်"

စုချန်းက ပြန်အော်လိုက်သည်။

"ဒါဆိုလဲ အဲဒီ အတားအဆီးတွေကို သွားပြီး ချိုးဖျက်လိုက်လေ ကျွန်မကတော့ ရှင့်ကို ဘာကတိမှ မပေးနိုင်ဘူး တနေ့ ရှင့်ဆရာကိုကယ်တင်ပြီးခဲ့ရင် သွေးဗီဇကန့်သတ်ချက်ကို ကျော်လွှားနိုင်ခဲ့ရင် အလင်းတုန်ခါခြင်းနယ်ပယ် ဒါမှမဟုတ် ဒီထက်မြင့်တဲ့ နယ်ပယ်တွေကို ရှင် ရောက်ပြီးသွားရင် လူသားတွေရဲ့ ညဏ်ပညာဟာ သဘာဝကို အနိုင်ရခဲ့ပြီဆိုတဲ့ သက်သေနဲ့အတူ ကျွန်မကို ရှင် လာရှာပါ ဒါပေမဲ့ အဲဒီအချိန်ထိ ရှင့်ကို ချစ်နေအုံးမယ်လို့ ကျွန်မ ကတ်ိမပေးနိုင်ဘူး အကြောင်းတခုခုကြောင့် စိတ်ပြောင်းရင်လဲ ပြောင်းသွားနိုင်တယ်..."

စုချန်း ကျောက်ရုပ် ဖြစ်သွားလေပြီ။

နောက်ဆုံးတွင်တော့ ကုချိန်းလွှာသည် စုချန်းအား လှည့်ကြည့်လိုကလေသည်။ သူမ၏ မျက်ဝန်းတွင်တော့ မျက်ရည်များ ရွှဲရွှဲစိုနေ၏။

"ဒါ ကံကြမ္မာပဲ ရှင် အလိုရှိရာကို ရှင့် စိတ်ကြိုက် ရွေးနိုင်တယ် ဒါပေမဲ့ ကျွန်မကို ဘာရွေးပါလို့တော့ ရှင် ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး ရှင် တခြားမိန်းမတယောက်ကို ရွေးချယ်ပြီးသွားပြီဆိုတော့ ကျွန်မလဲ တခြားယောကျာ်းတယောက်ကို ရှာပြီး ရွေးမယ်"

"ချိန်းလွှာ မင်း မလုပ်ရဘူး"

စုချန်း ထအော်လိုက်၏။

ကုချိန်းလွှာ မျက်နှာကို မဲ့လိုက်သည်။

"စုချန်း ရှင့်ကိုရှင် သိပ်ပြီး အထင်ကြီး...."

ထိုအခိုက်မှာပင် စုချန်းက ကုချိန်းလွှာအား ပွေ့ဖက်လိုက်တော့သည်။

"ကျူးရှန်းယောင်အကြောင်း မင်းကိုကျုပ်ပြောတယ်ဆိုတာ ကျုပ်ကို ခွဲသွားအောင်မဟုတ်ဘူးကွ ကျုပ်ကို ပိုပြီး လက်ထပ်ချင်လာအောင်လို့ပဲ"

တဆက်တည်းမှာပင် စုချန်းက တန်းလီဖန်းအား အော်ပြောလိုက်သည်။

"နဂါးသံတမန်ကြီး ကျုပ်အတွက် သက်သေလုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်ဗျာ ဒီကနေ့ကစပြီး ကုချိန်းလွှာဟာ ကျုပ် မိန်းမ ဖြစ်လာစေရမယ်"

"ရှင် ရူးနေပြီ ကျွန်မ ရှင့်ကို လက်မထပ်ချင်ဘူး"

စုချန်းကို လက်သီးနှင့်ပြန်ထိုးပြီး ကုချိန်းလွှာက အော်ဟစ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် ဒီနေ့ ကျုပ်ကို မင်း လက်ထပ်ရမယ် မင်း ဒီကနေ့ ကျုပ်မိန်းမ ဖြစ်မလာရင် ဘယ်မှသွားခွင့်မပြုနိုင်ဘူး"

"လူယုတ်မာ ကျွန်မကို ကယ်ပါအုံး သူ မုဒိန်းကျင့်နေပြီ"

ကုချိန်းလွှာကလည်း ပြန်အော်လ်ိုက်၏။

အခြေအနေကို အကဲခတ်ရင်း တန်းလီဖန်း မျက်မှောင်ကုတ်လိုက်သည်။

ချစ်သူနှစ်ယောက် ရန်ထဖြစ်နေသောအခါ သူ ဘာလုပ်ရမှန်း မသိတော့။

ယောကျာ်းတယောက်အနေနှင့် စုချန်းတွင် နောက်ထပ် မိန်းကလေးတယောက်ရှိခြင်းကို သူ မှားသည်ဟု မထင်မိသည်မှာ အမှန်ပင်။

ပြသနာက ကုချိန်းလွှာတွင် အမှားအမှန် ခွဲခြားရန် အချိန်မရှိ ဖြစ်နေခြင်းပင် ဖြစ်သည်။

၎င်းကိုလည်း စုချန်းက ကောင်းစွာ သဘောပေါက်ပုံရသည်။ ထို့ကြောင့် ရဲတင်းသောလုပ်ရပ်ကို ပြတ်ပြတ်သားသား လုပ်ဆောင်လိုက်ခြင်းပင်။

စုချန်း၏ လုပ်ရပ်သည် အတော်ပင် ညဏ်ကောင်းသော လုပ်ရပ်ဖြစ်သည်။ တန်းလီဖန်းပင် အထင်ကြီးသွားမိ၏။

ထိုအခါ သူ့အနေနှင့် မမြင်ဟန်ဆောင်ရမည်လော၊ သို့မဟုတ် ဝင်နှောင့်ယှက်ရမည်လောဟု ရွေးစရာ လိုလာသည်။

ထိုအချိန်မှာပင် တန်းလီဖန်း၏ ခေါင်းထဲသို့ အတွေးတရပ် ဝင်လာ၏။ လက်ရှိတွင် ကုချိန်းလွှာ၏ သွေးဗီဇ နိုးထနေပြီ ဖြစ်သည်။ ဤအနေအထားတွင် စုချန်းက သူမအား အဘယ်ကြောင့် ပွေ့ဖက်ထားနိုင်သနည်း။

တစုံတခုကို တန်းလီဖန်း ချက်ချင်းသဘောပေါက်သွား၏။ ထို့နောက် သူက ခေါင်းတချက်ခါရင်း ပြောလိုက်သည်။

"ထားလိုက်တော့ မင်းတို့ကိစ္စက ကျုပ်နဲ့မဆိုင်ဘူး ကိုယ့်ကိစ္စ ကိုယ်ပြီးအောင် ရှင်းကြပေတော့ ကျုပ် ဒီအနီးအနားမှာ တနေရာရှာပြီး အနားယူလိုက်အုံးမယ်"

ထိုသို့ပြောပြီးသည်နှင့် သူသည် ချာခနဲ လှည့်ထွက်သွားတော့သည်။

***

All Chapters