ရန်သူလိုက်လာခြင်း
Vol. 61 Ch. 610
အိပ်ယာမှ နိုးထလာသည်နှင့် စုချန်းသည် မျက်နှာသစ်ပြီး လင်းဟွာရဲတိုက်မှ ထွက်ခွာရန် ဟန်ပြင်လ်ိုက်သည်။
သို့သော်ငြားလည်း ထိုအခိုက်မှာပင် အပြင်ဘက်ဆီမှ ဆူဆူညံညံအသံများကို သူ ကြားလိုက်ရ၏။ စုချန်း ခေတ္တမျှ တွေခနဲ ဖြစ်သွားပြီး လက်အစုံကို လှုပ်ရှားလိုက်၏။ ထိုအခါ သူ့လက်ပေါ်မှ မျက်လုံးတလုံး ထွက်ပေါ်လာပြီး လေထဲသို့ ပျံတက်သွား၏။ ရန်သူ့နယ်မြေအတွင်း ရောက်ရှိနေသောကြောင့် စုချန်းအနေနှင့် အလျင်စလို မလုပ်ဝံ့။ ထို့ကြောင့် သူက အပြင်ဘက်အား စုံစမ်းရန် ထောက်လှမ်းရေးမျက်လုံးအား အသုံးပြုလိုက်ခြင်းပင်။
ထောက်လှမ်းရေးမျက်လုံးထဲတွင် သူ့ထံသ််ို့ဦးတည်လမ်းလျှောက်လာသော သတ်ဖြတ်သူတစုကို စုချန်း မြင်တွေ့နေရ၏။ ထိုအထဲမှ တချို့သည် နောက်လှည့်ရင်း တယောက်က်နှင့်တယောက်က် အော်ဟစ်ပြောဆိုနေကြသည်။
မြင်ကွင်းမှာ အတော်လှမ်းနေ၍ ဘာတွေဖြစ်နေမှန်း စုချန်း တိတိကျကျ မပြောနိုင်။ သို့သော် "မနေ့က" "အိပ်မက်နယ်ပယ်" ဟူသော စကားလုံးများကိုတော့ သူ ပီပီသသ ကြားလိုက်ရ၏။ တစုံတခု မှားယွင်းနေကြောင်း သတ်ဖြတ်သူများ သဘောပေါက်ပြီး စုံစမ်းရေးမှုးတချို့ စေလွှတ်လိုက်ပြီဖြစ်ကြောင်း စုချန်း သဘောပေါက်လိုက်ပေပြီ။
အခြေအနေမကောင်းတော့။ လင်းဟွာရဲတိုက်မှ အမြန်လစ်ရပေတော့မည်။ ထိုအခိုက်မှာပင် စုချန်း ခေါင်းထဲသို့ အတွေးတခု ဝင်လာ၏။ ယမန်နေ့ညက သူ သင်ယူခဲ့သည့် စွမ်းရည်က်ို အဘယ်ကြောင့် အသုံးမချသင့်မည်နည်း။
ထိုစိတ်ကူးပေါ်လာသည်နှင့် စုချန်း ထွက်ပြေးရန် မကြိုးစားတော့။ ထိုအစား သူက အခန်းထဲတွင် ငြိမ်ငြိမ်သက်သက်ပင် စောင့်နေလိုက်လေသည်။
သိပ်မကြာမီ စုချန်း၏ အခန်းတံခါးအား တစုံတယောက်က ခေါက်လာ၏။
စုချန်း တံခါးဖွင့်ပေးလိုက်သည်။ အခန်းပြင်တွင်ကား သတ်ဖြတ်သူ ခုနှစ်ယောက် ရှစ်ယောက်ခန့် ရှိနေကြလေသည်။
တံခါးဝရှိ သတ်ဖြတ်သူက မေးလ်ိုက်၏။
"မင်း ဘယ်သူလဲ ဘယ်ကလာသလဲ ဇစ်မြစ်ကိုပြော မလိုအပ်ပဲ လှုပ်လှုပ်ရှားရှားမလုပ်နဲ့ မဟုတ်ရင် မင်း သေရမယ်"
စုချန်း မပွင့်တပွင့်ပြုံးရင်း မေးလိုက်၏။
"ကျုပ်နာမည်က အရေးမကြီးဘူး အရေးကြီးတာက မင်းနဲ့မင်းရဲ့အဖွဲ့တွေ ဒီတနေရာလုံးကို ရှာပြီးသွားပြီ ဘာသံသယဖြစ်စရာမှလဲ မတွေ့ဘူး ဒီမှာရှိတဲ့ သတ်ဖြတ်သူတွေ အကုန်လုံးဟာ ဥပဒေလိုက်နာတဲ့ သာမာန်သတ်ဖြတ်သူတွေချည်းပဲ ဒါကြောင့် မင်းတို့ထပ်ပြီး ရှာနေစရာမလိုတော့ဘူးထင်တယ်"
စကားဆုံးသည်နှင့် စုချန်း၏ မျက်လုံးထဲမှ ထူးခြားဆန်းကြယ်သော အလင်းရောင်များ ထွက်ပေါ်လာ၏။ တံခါးရှေ့တွင် မတ်တပ်ရပ်နေသော သတ်ဖြတ်သူတိုင်းလိုလ်ိုသည်လည်း စုချန်း၏ စကားအတိုင်း ထပ်ခါ ထပ်ခါ ရေရွတ်နေမိကြလေသည်။
သတ်ဖြတ်သူများကား ရုန်းထွက်ရန်ခက်ခဲသည့့် ပုံရိပ်ယောင်နယ်မြေအတွင်း နစ်မြုပ်သွားကြပြီ ဖြစ်သည်။ စုချန်း ပြုံးရင်း ပြောလိုက်ပြန်၏။
"ခု ပိုကောင်းသွားပြီး ကဲ ကျုပ် ပါးစပ်က သုံးအထိ ရေပြီးတာနဲ့ မင်းတို့ ပြန်နိုးလာပြီး တခြားနေရာတွေကို ဆက်ရှာကြပေတော့"
"တစ်"
ထိုသို့ ရွတ်ပြီးသည်နှင့် စုချန်း အခန်းပြင်ကို လှမ်းထွက်လိုက်၏။
လှေခါးထိပ်အရောက်ာက်တွင် စုချန်း ထပ်အော်လိုက်ပြန်သည်။
"နှစ်"
စားသောက်ဆိုင်အပြင်အရောက်ာက်တွင် စုချန်းပါးစပ်မှ ထပ်မံ အသံထွက်ပေါ်လာ၏။
"သုံး"
သုံးထိ အော်ပြီးသည်နှင့် စုချန်း လက်ခုပ်တီးလိုက်သည်။ လက်ခုပ်သံထွက်ပေါ်လာသည်နှင့် သတ်ဖြတ်သူများ ပြန်လည်နိုးထလာပြီး တယောက်က်ကိုတယောက်က် နဝေတိမ်တောင်နှင့် စိုက်ကြည့်နေကြလေသည်။ နောက်ဆုံးတွင် သတ်ဖြတ်သူခေါင်းဆောင်က ပြောလိုက်၏။
"ဒီနေရာ အဆင်ပြေတယ် တခြားအခန်းက်ို ဆက်စစ်ကြမယ်ဟေ့"
စုချန်းကား သေစေနိုင်သောစုန်းမ၏ ပိုမိုကောင်းမွန်သော ပုံစံသစ်က်ို ဖန်တီးနိုင်ခဲ့လေပြီ။
ယမန်နေ့ညက စုချန်းသည် စိတ်ဝိညာဥ်စွမ်းအား၏ လျို့ဝှက်ချက်ကို မထင်မှတ်ပဲ ရှာဖွေတွေ့ရှိသွားခဲ့၏။ ၎င်းကို အခြေခံပြီး ပစ်မှတ်အများအပြားအပေါ် သေစေနိုင်သောစုန်းမကို စုချန်း သုံးနိုင်ခဲ့ခြင်းပင်။
ပစ်မှတ်အများအပြားအပေါ် သေစေနိုင်သော စုန်းမ သုံးနိုင်ခဲ့ပြီ ဟူသောသဘောမှာ အနှီ ပစ်မှတ်များ၏ ပူးပေါင်းခုခံအားကို စုချန်း ရင်ဆိုင်နိုင်ခဲ့ပြီဟူသော သဘောပင်။ တဖက်တွင် စုချန်း၏ စိတ်ဝိညာဥ်စွမ်းအားက အလွန်မြင့်မားနေပြီး သတ်ဖြတ်သူများ၏ စိတ်ဝိညာဥ်စွမ်းအားက အတော်လေး နိမ့်ပါးနေသောအချက်ကလည်း အဓိက ကျနေ၏။
ထို့ပြင် စုချန်း၏ သေစေန်ိုင်သောစုန်းမအပေါ် ထိန်းချုပ်နိုင်စွမ်းမှာလည်း များစွာ မြင့်မားလာခဲ့ပြီ ဖြစ်သည်။ ယခင်ကဲ့သို့ ရန်သူအား နေရာတွင် တွေသွားစေရုံမျှသာ မဟုတ်တော့။ ၎င်းမှာ စိတ်ဝိညာဥ်စွမ်းအားနှင့် ရုပ်ပိုင်းလောကအကြား ဆက်နွယ်မှု၏ ရလဒ်ဖြစ်ပြီး ပုံရိပ်ယောင်နယ်ပယ်များ တည်ရှိနေခြင်း၏ အခြေခံအုတ်မြစ်ဟုလည်း ဆိုန်ိုင်ပေသည်။
လင်းဟွာရဲတိုက်မှ ထွက်ခွာပြီးသည်နှင့် စုချန်းသည် ဒေါသမီးလျံတောင်ဆီသ်ို့ ဦးတည်လာခဲ့၏။ နယ်စပ်လေပိုင်နက်မှာ တင်းကြပ်လှသောကြောင့် စုချန်းအနေနှင့် တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်က်ို အသုံးမပြုရဲ။
ဒေါသမီးလျံတောင်မှာ သွေးစွန်းပစ်မြေအနီးတွင် တည်ရှိ၏။ ထို့ကြောင့် စုချန်းအနေနှင့် ဟာဗေးလွင်ပြင်ကို အရင်င်ဆုံး ဖြတ်သန်းရပေလိမ့်မည်။ ထိုမှတဆင့် အဖြူရောင်ရေချောက်နက်၊ အေးခဲကွင်းပြင်တို့ကို ထပ်မံ ဖြတ်သန်းရန် လိုအပ်ပေသည်။ လမ်းခရီးတွင် သတ်ဖြတ်သူမြို့ကြီး ဆယ်မြို့ခန့်ကို စုချန်း ဖြတ်ကျော်ရန် ရှိလေသည်။
အကယ်၍ ကောင်းကင်ဘုံလက်သီးတပ်ရင်းသာ ထ်ိုနေရာမျိုးတွင် ရှိနေပါက အကြောင်းပြချက်မှာ တခုတည်းသာ ရှိ၏။ ၎င်းမှာ ရှီကိုင်းဟွမ်တို့တပ်ရင်းအနေနှင့် လွန်ခဲ့သော တလလုံးလုံး ခရီးနှင်နေသည်ဟူသော သဘောပင်။
၎င်းမှာ သတ်ဖြတ်သူများကို ရှောင်တိမ်းရန် တခုတည်းသော နည်းလမ်းလည်း ဖြစ်သည်။ သို့သော် ရန်သူ့နယ်မြေအတွင်း နက်ရှိုင်းစွာ ဝင်ရောက်မ်ိခြင်းကြောင့် ကောင်းကင်ဘုံလက်သီးတပ်ရင်းအနေနှင့် နောက်ပြန်လှည့်၍ မရတော့။
ဤအနေအထားတွင် သူ့အနေနှင့် ၎င်းတ်ို့ကို မည်သို့ ကယ်တင်ရအံ့နည်း။
စုချန်းသည် လမ်းလျှောက်ရင်း ထိုမေးခွန်း၏ အဖြေကို ခေါင်းပူအောင် စဥ်းစားနေမိတော့သည်။
ထိုအခိုက်မှာပင် သူ့နောက်ကျောဆီမှ လေတိုးသံများကို စုချန်း ကြားလိုက်ရသည်။
စုချန်း နောက်က်ို လှည့်ကြည့်လိုက်၏။ ထ်ိုအခါ သတ်ဖြတ်သူစစ်သားအုပ်တအုပ်သည် သူ့နောက်သို့ အလင်းကဲ့သို့ အလျင်နှုန်းထားဖြင့် လိုက်ပါလာကြောင်း စုချန်း မြင်တွေ့လိုက်ရတော့သည်။ ၎င်းတို့ စီးနင်းလာသော ဦးချိုတချောင်းတည်းပါ ကြံ့ကြီးများ၏ ပြေးလွှားမှုကြောင့် မြေကြီးတခုလုံး သိမ့်သိမ့်တုန်နေ၏။
၎င်းတို့သည် ကြံကြီးများကို တဟုန်ထိုး မောင်းနှင်လာပြီး စုချန်း ရှေ့အရောက်ာက်တွင်မှ ခြေလှမ်းအစုံကို တိခနဲ ရပ်တန့်လိုက်ကြ၏။ ဤတချက်ကို မြင်ရုံနှင့် လေ့ကျင့်သားပြည့်ဝနေသော စစ်သားများမှန်း သိသာနေပေသည်။
စစ်သားများအားလုံး လေးရာခန့် ရှိလေသည်။ ၎င်းတို့အားလုံးအပေါ်တွင်တော့ စုချန်းအနေနှင့် သေစေနိုင်သောစုန်းမကို သုံးနိုင်စွမ်းမရှိ။
ပို၍ အံ့သြစရာကောင်းသည်မှာကား သတ်ဖြတ်သူစစ်သားအုပ်၏ ခေါင်းဆောင်မှာ မိန်းမတဦး ဖြစ်နေခြင်းပင်။
ထိုသတ်ဖြတ်သူမိန်းမသည် အရပ်ရှည်၏။ ရုပ်ဆိုး၏။ အသားအရေမှာလည်း မဲနက်နေ၏။ သူမ၏ မျက်နှာတခုလုံးတွင်တော့ ဆေးမင်များ ရေးထိုးထားလေသည်။ သူမ၏ နဖူးပေါ်တွင်တော့ ထူးဆန်းသော အရိုးတခုဖြင့် တန်ဆာဆင်ထားလေသည်။ သူမ၏ လက်နှစ်ဖက်တွင် အရိုးနှင့်ပြုလုပ်ထားသော ဓါးမြောင်နှစ်ချောင်းက်ို က်ိုင်ထား၏။ သူမ၏ မျက်နှာမာ အေးစက်နေ၏။ သွေးဆာသော အရိပ်အယောင်များ ယှက်သန်းနေ၏။
စုချန်း သိထားသလောက် သတ်ဖြတ်သူအုပ်စုများ၏ ခေါင်းဆောင်အများစုမှာ ယောကျာ်းများသာ ဖြစ်ကြသည် ဟူ၍ပင်။
ယခု မိန်းမတယောက်က် ခေါင်းဆောင်တက်လုပ်နေသည်ကို ထောက်လျင် စုချန်းရှေ့ရှိ သတ်ဖြတ်သူမိန်းမသည် အလွန်ထူးချွန်ပြီး တခြားသတ်ဖြတ်သူယောက်ျားများထက် ပ်ို၍ ရက်စက်ကြမ်းကြုတ်မည်မှာ သေချာနေ၏။
စုချန်း၏ ရင်ထဲတွင်လည်း အနှီ သတ်ဖြတ်သူမိန်းမကို မြင်လိုက်သည့်ခနမှာပင် အချက်ပေးခေါင်းလောင်းသံများ မြည်လာတော့သည်။ စိတ်ဝိညာဥ်စွမ်းအား တိုးပွားလာသည်နှင့်အမျှ အန္တရာယ်အငွေ့အသက်ကို စုချန်း ပို၍ အာရုံခံနိုင်စွမ်းရှိလာသည် မဟုတ်ပါလား။
သတ်ဖြတ်သူမိန်းမက စုချန်းက်ို အေးစက်တင်းမာသောအကြည့်နှင့် စိုက်ကြည့်ပြီး မေးလိုက်၏။
"နင့်နာမည် ဘယ်သူလဲ ဘယ်ကလဲ ဘာကြောင့် ဒီနေရာကို လာသလဲ"
"ကျုပ်နာမည် တူးလော့လို့ ခေါ်တယ် အရင်တုန်းကတော့ ဖုန်မှုန့်အသိုက်က ဆိုပါတော့ ခုကတော့ လေနှင်ရာလွင့်နေတဲ့ ခြေသလုံးအိမ်တိုင်ပဲ"
အနှီ သတ်ဖြတ်သူခေါင်းဆောင်မိန်းမက ကြိုးနှင့်တွဲထားသော အရိုးစတချို့ကို ဆွဲထုတ်ပြီး အမိန့်ပေးလိုက်၏။
"သူ့ကို ဒီခေါ်လာစမ်း"
အမိန့်သံထွက်ပေါ်လာသည်နှင့် သတ်ဖြတ်သူစစ်သားနှစ်ဦး စုချန်း၏ လက်နှစ်ဖက်အား လာချုပ်၏။ စုချန်းလည်း အနှီ မိန်းမ ဘာလုပ်မည်ကို သိလို၍ အသာတကြည်ပင် ပူးပေါင်းဟန်ဆောင်လိုက်သည်။
စုချန်း ရှေ့မှောက်သို့ ရောက်သည်နှင့် မိန်းမသည် အရိုးစများအား လေပေါ်သို့ ဝဲပစ်လိုက်၏။
မြေကြီးပေါ်ပြုတ်ကျသွားသော အရိုးများအား ဖြတ်ခနဲ လှမ်းကြည့်ပြီး သတ်ဖြတ်သူမိန်းမ၏ အမူအရာမှာ ချက်ချင်းပြောင်းလဲသွား၏။
"သူ လိမ်နေတာ သူ လူသားပဲ"
တချိန်တည်းမှာပင် အလင်းရောင်တခု စုချန်း၏ နဖူးဆီသို့ တိုးဝင်လာသည်။
တိုက်ခိုက်မှုမှာ ရက်စက်ကြမ်းကြုတ်၏။ ဒဲ့ဒိုးဆံ၏။ ဆုံးဖြတ်ချက် ပြတ်သား၏။
အနည်းငယ်မှပင် တုံ့ဆိုင်းခြင်းမရှိ။
စုချန်းက ဓားသွားအား လက်ဖြင့်ဖမ်းဆုပ်ထားလိုက်သည်။ ထို့နောက် သူက သတ်ဖြတ်သူမိန်းမအား ရည်ရွယ်ချက်ရှိရှိ စိုက်ကြည့်ရင်း ပြောလိုက်၏။
"တယ်လဲ စိတ်ဝင်စားစရာ ကောင်းလှပါလား ဒီလောက်သေချာနေပုံထောက်ရင် ဒီနမိတ်ဖတ်ပညာက ဘယ်တော့မှ မမှားဘူးထင်တယ်"
မြေကြီးပေါ်ရှိ အရိုးများကို စိုက်ကြည့်ရင်း သတ်ဖြတ်သူမိန်းမက ထပ်မံ အမိန့်ပေးလိုက်သည်။
"အမှတ်လေးတပ်ခွဲ နောက်ဆုတ် အားလုံး ရှေ့တက် အတူ တိုက်ကြမယ်"
အမိန့်ပေးပြီသည်နှင့် သူမက အရိုးဓားမြောင်ဖြင့် စုချန်းအား ထိုးစိုက်လိုက်တော့သည်။
"အော မင်းက လူတယောက်ရဲ့ အင်အားကိုတောင် ခန့်မှန်းနိုင်တာကိုး"
သူမ၏ ပုံစံက်ိုကြည့်လျင် အင်အားကြီးမားသော ရန်သူနှင့် ရင်ဆိုင်နေရမှန်း သိ၍ အထူးပင် သတိထားနေမှန်း သိသာနေသည်။
စုချန်း၏ မျက်လုံးအစုံမှာ အရောင်တောက်လာ၏။
အသ်ိိပညာကို ငတ်မွတ်နေသည့် မျက်လုံးများပင်တည်း။ အနှီ မျက်လုံးသည် ကမ္ဘာလောက၏ နောက်ထပ်လျှို့ဝှက်ချက်တံခါးတချပ်က်ို ထပ်မံဖွင့်လှစ်ခွင့် ရတော့မည်ဖြစ်၍ စိတ်လှုပ်ရှားနေသော အသွင်က်ို ဆောင်နေလေသည်။
အထူးတလည် စိတ်လှုပ်ရှားနေသည့်တိုင်အောင် စုချန်း တုံ့ဆိုင်းနေသည်တော့မဟုတ်။ ကြီးမားလှသော မီးလျံငှက်ကြီးတကောင်သည် အတောင်တဖြတ်ဖြတ်ခတ်ကာ လေပေါ်သို့ ပျံတက်သွားလေ၏။
မီးလျံနတ်ဆိုးသားရဲသခင်၏ မူလပစ္စည်းများကို စုပ်ယူပြီးသည့်နောက်တွင် စုချန်း၏ မီးလျံငှက်မှာ ပို၍ အင်အားကြီးမားလာခဲ့ပြီ မဟုတ်ပါလား။
***