← Chapters

အတင်းအကြပ် ၂

Vol. 60 Ch. 599

အတင်းအကြပ် ၂

Vol. 60 Ch. 599

"ကျွန်မကို လွှတ်စမ်း ရှင် လူယုတ်မာ လူညစ်ပတ်"

ကုချိန်းလွှာသည် စုချန်း၏ ကျောပြင်အား တအုန်းအုန်း ထုနှက်ရင်း အထက်ပါအတိုင်း အဆက်မပြတ် အော်ဟစ်နေလေသည်။

ကုချိန်းလွှာသည် လက်ရှိတွင် မူလသားရဲသွေးဗီဇ နိုးထနေပြီဖြစ်၍ အလွန်အင်အားကြီးနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် လက်ရှိတွင် စုချန်းသည် သူမ၏ ပြိုင်ဘက် မဟုတ်တော့။ သို့သော် စုချန်း၏ ပွေ့ဖက်မှုကြောင့် တကိုယ်လုံး နုံးခွေသွားသကဲ့သို့ သူမ ခံစားနေရ၏။ မည်သို့မှ ရုန်းနိုင်စွမ်းမရှိတော့။

ထို့နောက် စုချန်းသည် ကုချိန်းလွှာအား တောစပ်သို့ ခေါ်သွား၏။ တဖန် ကျောက်ခဲ့တချို့ကိုပုံပြီး ထိုကျောက်ခဲကြားတွင် ကောက်ရိုးတချို့ကို ညှပ်ပြီး သူ မီးရှို့လိုက်၏။ ကောက်ရိုးများအား အမွှေးတိုင်သဘောမျိုး စုချန်းက သုံးလိုက်ခြင်းပင်။ ထို့နောက် သူက ပြောလိုက်၏

"ကောင်းကင်ဘုံကို သက်သေတည်ပြီး ကျုပ် စုချန်းဟာ ချိန်းလွှာကို ဇနီးအဖြစ် လက်ထပ်ယူပါမယ် ကမ္ဘာတည်သရွေ့ သူ့အပေါ် အချစ်မပြယ်ဘူးလို့ ကျုပ် ကတိပြုပါတယ်"

မူလက စုချန်းသည် "သေတဲ့အထိ ကျုပ်တို့ မခွဲမခွာ အတူနေသွားဖို့ ကတိပြုပါတယ်" ဟု ပြောရန် တွေးတောထားခြင်းပင်။ သို့သော် ကုချိန်းလွှာသည် သိပ်မကြာခင် နဂါးသံတမန်နှင့် လိုက်သွားတော့မည်မှန်း သတိရလာ၍ တမျိုးပြောင်း သစ္စာဆိုလိုက်ခြင်း ဖြစ်သည်။

ထို့နောက် စုချန်းသည် ကုချိန်းလွှာကိုလည်း သူနှင့်အတူ သစ္စာဆို ဦးချစေ၏။

ကုချိန်းလွှာက မျက်နှာကို တဖက်သို့လှည့်ပြီး ငြင်းပယ်လိုက်သည်။

"သွားစမ်းပါရှင် ကျွန်မ ရှင့်ကို လက်မထပ်ချင်ဘူး"

စုချန်းက တောင်းပန်လ်ိုက်ပြန်သည်။

"ချိန်းလွှာ ကျုပ် မှားသွားတယ်ဆိုတာ ဝန်ခံပါတယ် ဒါပေမဲ့ မင်းတကယ်ပဲ ကျုပ်ကို ထားခဲ့တော့မှာလား ကျုပ်နဲ့ နောက်ထပ် ဘယ်တော့မှ ပြန်မတွေ့ချင်တော့ဘူးလား"

ကုချိန်းလွှာက မတွေ့ချင်တော့ကြောင်း ပြန်ပြောရင် ပါးစပ်ဟလိုက်သည်။ ထိုအချိန်မှာပင် စုချန်းက ကုချိန်းလွှာ၏ နှုတ်ခမ်းအစုံအား အားရပါးရ နမ်းရှိုက်လိုက်တော့သည်။ ကုချိန်းလွှာ၏ ရန်တွေ့စကားလုံးများမှာ အပြင်သ်ို့ ရောက်မလာတော့ပဲ နှုတ်ခမ်းဝမှာပင် ပျောက်ဆုံးသွားတော့၏။

စုချန်း၏ အနမ်းမှာ နူးညံ့သိမ်မွေ့ခြင်းမရှိ။ အတော်လေး ကြမ်းတမ်းနေ၏။ တဖက်တွင်လည်း ကုချိန်းလွှာသည် ထင်သလောက် ခေါင်းမာသူ မဟုတ်။ သူမ၏ ဒေါသမှာ ကျူးရှန်းယောင်ကြောင့်သာ ပေါ်ပေါက်လာရခြင်း မဟုတ်ပါလား။ ထို့ကြောင့် သူမအနေနှင့် စုချန်း၏ အနမ်းအား မည်သို့မှ တွန်းလှန်နိုင်စွမ်းမရှိပဲ ဖြစ်နေလေသည်။ ထိုအခါ စုချန်း၏ အလိုအတိုင်း သူမ ဦးချလိုက်ရလေသည်။

စုချန်းက ကုချိန်းလွှာအား သူနှင့်အတူ နောက်တကြိမ် သစ္စာပြုဦးချစေပြန်သည်။

ဒုတိယအကြိမ် သစ္စာပြုဦးချရာတွင်တော့ စုချန်းသည် ကုချိန်းလွှာအား တန်းလီဖန်းရှိရာသို့ ရည်ရွယ်ဦးချစေလိုက်လေသည်။ အကြောင်းမှာ ဤနေရာတွင် နှစ်ဖက်မိဘများအနက် မည်သူ တစုံယောက်မှ မရှိကြသောကြောင့်ပင်။

မည်သို့ဆိုစေ တန်းလီဖန်းကတော့ စုချန်းတို့ လက်ထပ်ရာတွင် သက်သေအဖြစ်သော်လည်းကောင်း၊ မိဘအဖြစ်သော်လည်းကောင်း အသုံးတော်ခံလိုက်ရသည်ကတော့ အမှန်ပင်။

ဒုတိယအကြိမ် ဦးချပြီးနောက် တတိယအကြိမ် ဦးချရမည့်အလှည့်သို့ ရောက်လာ၏။ ထိုအခိုက်တွင်မှ စုချန်း၏ အနမ်းတွင် နစ်မြောနေသော ကုချိန်းလွှာ သတိရလာဟန်တူသည်။ ကျယ်လောင်စွာ ထအော်လိုက်၏။

"လွှတ်စမ်း ကျွန်မ ရှင့်ကို လက်မထပ်ချင်ဘူး"

ပြောပြောဆိုဆို သူမက စုချန်းအား လက်ချောင်းများဖြင့် ထိုးချလိုက်၏။

ဤတကြိမ်တွင်တော့ ကုချိန်းလွှာ အမှန်တကယ် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

စုချန်းသည် ကုချိန်းလွှာ၏ လက်ချောင်းအား ဘေးသို့ယိမ်းနွဲ့ကာ ရှောင်တိမ်းပေးလိုက်သည်။ ထိုအချိန်မှာပင် ကုချိန်းလွှာ၏ လက်ဝါးရိုက်ချက်က သူ့ကိုယ်ပေါ်သို့ ကျရောက်လာပြန်၏။ လူချင်း အလွန်နီးနေသောကြောင့် စုချန်း မရှောင်နိုင်။ လက်ဝါးရိုက်ချက်ကြောင့် သွေးများ ပွက်ခနဲ အန်ထုတ်ပြီးမြေကြိးပေါ်သို့ ပြုတ်ကျသွားတော့သည်။

ကုချိန်းလွှာ အလွန်ပင် ထိတ်လန့်သွား၏။ သူမ၏ လက်ဝါးရိုက်ချက် မည်မျှ ပြင်းထန်မှန်း သူမ ကောင်းကောင်းသိနေသည် မဟုတ်ပါလား။ အင်အားအပြည့်အဝ မသုံးထားသည့်တိုင် ဒေါသနှင့် တိုက်ခိုက်လိုက်ခြင်းဖြစ်၍ မလွယ်လှ။ စုချန်းမသေသေးလျင် အတော်လေး ကံကောင်းနေ၍ပင် ဖြစ်သည်။

စုချန်း ကျန်းကျန်းမာမာရှိစဥ်က သူ့ကို သူမ မုန်း၏။ သို့သော် သူ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပြန်တော့ ကုချိန်းလွှာ၏ နှလုံးသားက နာကျင်စွာ ခံစားနေရပြန်သည်။ ထိုအခါ ကုချိန်းလွှာသည် စုချန်းကို ပွေ့ဖက်ရင်း တတွတ်တွတ်နှင့် အောက်ပါအတိုင်း မေးမိနေရှာတော့သည်။

"စုချန်း စုချန်း ရှင် အဆင်ပြေရဲ့လား"

စုချန်းက ကုချိန်းလွှာ၏ လက်ကို ဆုပ်ရင်း စကားကို ခက်ခက်ခဲခဲ ပြောလိုက်သည်။

"လင်ယောကျာ်းနဲ့ ဇနီးမယား အချင်းချင်း အပြန်အလှန် ဂါရဝပြုရမဲ့ အချိန်ပဲ"

ယခုအချိန်ထိ လက်ထပ်ခြင်းအမှုကို ဆက်လက်စိုင်းပြင်းရန် ဟန်ပြင်နေသော စုချန်းကို မြင်သောအခါ ကုချိန်းလွှာတယောက် ရယ်ချင်သလို၊ ငိုချင်သလို ခံစားလိုက်ရ၏။

သို့သော် စုချန်းသည် ကုချိန်းလွှာအား တင်းကျပ်စွာ ပွေ့ဖက်ထား၏။ ကုချိန်းလွှာအနေနှင့် လက်ထပ်ရုံမှအပ အခြားရွေးစရာ ရှိပုံမပေါ်။

နောက်ဆုံးတွင်တော့ သူတို့နှစ်ယောက် အပြန်အလှန် အရိုအသေပြုလိုက်ကြတော့သည်။

ခက်ခက်ခဲခဲ လက်ထပ်ရန်ကြိုးပမ်းပြီးသည့် သကာလ စုချန်း၏ ကိုယ်ခန္ဓာသည် ပျော့ခွေသွားတော့၏။

ကုချိန်းလွှာသည် စုချန်းအား တင်းကျပ်စွာ ပွေ့ဖက်ထား၏။ သူမ၏ မျက်လုံးအစုံမှ မျက်ရည်များ တလဟော စီးကျနေလေသည်။

စုချန်း ပြုံးလိုက်၏။

"ခုဆိုရင် မင်းဟာ ကျုပ်မိန်းမ ဖြစ်သွားပြီ ကောင်းကင်ဘုံက ကျုပ်တ်ို့ကို မတားနိုင်တော့ဘူး ကံတရားက ကျုပ်တို့ကို လက်လျော့လိုက်ရပြီ"

စုချန်း၏ စကားကြောင့် ကုချိန်းလွှာ နှာခေါင်းရှုံ့ကာ မျက်နှာကို ချာခနဲ လွှဲလိုက်၏။ ယခုအချိန်ထိ သူမ ဘဝင်မကျသေးပုံပင်။

ထိုအခါ စုချန်းက ခေတ္တစဥ်းစားပြီး ပြောလိုက်သည်။

"ဟုတ်ပြီ ကျုပ်တို့မှာ မင်္ဂလာဦးည အတွေ့အကြုံ မရှိသေးတာ ခုမှ သတိရတယ် ဒီအတွေ့အကြုံ မရှိသေးရင် တကယ့်လင်မယားလို့ ဘယ်ပြောနိုင်ပါ့မလဲ ဟုတ်တယ်မလား"

စုချန်း၏ စကားကြောင့် ကုချိန်းလွှာ၏ မျက်နှာ ရဲခနဲ ဖြစ်သွား၏။

"အို ရှင် ဘာတွေပြောနေတာလဲ"

ထိုအခါ စုချန်းက ကနဦးကမှ ပြန်ရောက်လာသော တန်းလီဖန်းကို လှမ်းကြည့်လိုက်သည်။

စကားတခွန်းမှ မပြောသော်လည်း စုချန်း၏ အကြည့်ကို တန်းလီဖန်း ချက်ချင်းနားလည်လိုက်၏။ သူက ပြောလိုက်လေသည်။

"ကြည့်ရတာ မင်းတို့ကိစ္စ မပြီးသေးဘူးထင်တယ် ကျုပ် မင်းတို့ကို အချိန် တည ထပ်ပေးလိုက်မယ် နက်ဖြန်မှ ကျုပ် ပြန်လာမယ်"

ထိုသို့ပြောပြီးသည်နှင့် တန်းလီဖန်း နေရာမှ လှည့်ထွက်သွားတော့သည်။

စုချန်း ပြုံးလိုက်၏။

"ခုဆိုရင် မင်းနဲ့ကျုပ်ပဲကျန်တော့တယ်"

စကားဆုံးသည်နှင့် စုချန်းသည် ကုချိန်းလွှာအား ပွေ့ချီပြီး အနီးအနားရှိ လှိုဏ်ဂူထဲသို့ ခေါ်ဆောင်သွားတော့သည်။

ကုချိန်းလွှာ အတင်းပင် ရုန်းကန်နေ၏။

"မလုပ်နဲ့ ဒီလို မလုပ်နဲ့"

သို့သော် ဝံပုလွေလက်မှ ဘယ်သိုးငယ်ကလေးသည် လွတ်မြောက်ရိုးထုံးစံ ရှိလေသနည်း။ လှိုဏ်ဂူအတွင်း ရောက်သည်နှင့် စုချန်းသည် ကုချိန်းလွှာအား အောက်သို့ ချလိုက်၏။ ထို့နောက် သူမ၏ အဝတ်များကို စတင်ချွတ်ချတော့သည်။

ကုချိန်းလွှာသည် ရှက်လာ၏။ တချိန်တည်းမှာပင် ဒေါသထွက်လာ၏။ ထိုအခါ သူမက စုချန်းအား တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် စုချန်း၏ နှုတ်ခမ်းထောင့်မှ သွေးစတချို့ကို သူမ မြင်တွေ့လိုက်ရသည်။

"စုချန်း....ရှင်...ရှင်...ရှင့် ဒဏ်ရာက မသေးဘူး လောလောဆယ် အရင်ဆုံး အနားယူသင့်တယ်"

"စိတ်မပူပါနဲ့ ကျုပ် အောက်ပိုင်းက ဒဏ်ရာမရပါဘူးကွာ"

စုချန်းက ပြန်ဖြေလိုက်သည်။

ကုချိန်းလွှာ ဘာပြောရမှန်းပင် မသိတော့။ ရှက်လွန်း၍ မြေကြီးထဲဝင်ပြီး သေသာသေလိုက်ချင်တော့သည်။ ထိုအချိန်တွင် စုချန်းက ကုချိန်းလွှာ၏ အပြင်ဝတ်ရုံအား ဖယ်လိုက်ရာ ဖြူဖွေးသော ဆင်စွယ်ရောင်လက်မောင်းသားများ ထင်းခနဲ ပေါ်လာ၏။

မုဒိန်းကျင့်ခံရတော့မည့် မိန်းကလေးတဦးသဖွယ် ကုချိန်းလွှာ စူးစူးဝါးဝါးပင် ထအော်လိုက်သည်။

"စုချန်း မလုပ်နဲ့"

သို့သော် သူမ၏ အော်သံသည် စုချန်း၏ ကိုယ်တွင်းရှိ အရိုင်းစိတ်ကို ပို၍နိုးထလာစေရုံမှအပ အခြားသက်ရောက်မှု မရှိချေ။

စုချန်းသည် သူ့အပြင်ဝတ်များအား ဆက်လက်ချွတ်ပစ်နေလေသည်။ ကုချိန်းလွှာ၏ မျက်လုံးအစုံ ဝိုင်းစက်သွားလေသည်။

"ဟင် မရဏရေညှိမျှင်တွေပဲ"

စုချန်း ကိုယ့်ကိုယ်ကို ကျိတ်၍ ကျိန်ဆဲမိတော့သည်။

တကယ်လည်း ကုချိန်းလွှာ၏ မျက်နှာမှာ မဲခနဲဖြစ်သွား၏။

"စုချန်း ရှင့်ဒဏ်ရာ မပြင်းထန်ဘူးမလား"

စုချန်း ဘာမှ ပြောမနေတော့။ သူ့ရင်ဘတ်ကို သူ လက်ဝါးဖြင့် ပြန်ရိုက်ချပစ်လိုက်တော့သည်။ နံရိုးများ ကျိုးသံ တဂျွတ်ဂျွတ်ကို ကုချိန်းလွှာ အတိုင်းသား ကြားလိုက်ရ၏။

"ရှင် ဘာတွေလျှောက်လုပ်နေတာတုန်း"

ကုချိန်းလွှာ အာခေါင်ခြစ်၍ အော်လိုက်၏။

"ကျုပ် အခု တကယ်ဒဏ်ရာရသွားပြီလေ"

"ဘာလို့လဲ ရှင် ဘာလို့ ဒီလိုလုပ်ရတာလဲ"

"ကျုပ် မင်းအတွက်ဆိုရင် အသက်ကိုပါ ပေးချင်တယ် ဒီတော့ ဒီလို ဒဏ်ရာလေးက ဘာဟုတ်မှာလဲ အရေးကြီးတာက မင်း စိတ်ကျေနပ်ဖို့ပဲ"

စုချန်း၏ ဤစကားသည် ကုချိန်းလွှာအား မှင်သက်သွားစေ၏။

ထို့နောက်တွင်တော့...

ကြင်စဦး ဇနီးမောင်နှံနှစ်ဦးသည် အချစ်ရေယာဥ်ကြောဝယ် နှစ်နှစ်ခြိုက်ခြိုက်ကြီး ကူးခတ်မိကြတော့လေသတည်း။

(မှတ်ချက်။ ဒီနေရာမှာ ၁၈+ အနည်းငယ် ပါပါတယ် မလိုအပ်ဘူးထင်လို့ ကျနော်ကတော့ ကျော်လိုက်ပါတယ် အဆင်ပြေကြပါစေ)

***

All Chapters