← Chapters

ရွှေရေခံတပ်

Vol. 61 Ch. 602

ရွှေရေခံတပ်

Vol. 61 Ch. 602

ရွှေရေခံတပ်။

ဤခံတပ်ကား အလင်းနတ်ဘုရားမင်းဆက်ခေတ်ကတည်းက တည်ရှိနေခဲ့သော ခံတပ်ဖြစ်ပြီး နှစ်ပေါင်းခုနှစ်ထောင်သက်တမ်း ရှိခဲ့လေပြီ။

ဧကရာဇ်ကြီးပင်း လက်ထက်တွင် အစပျိုးတည်ဆောက်ခဲ့သော ဤခံတပ်နေရာကား ခံတပ်မဖြစ်ခင် တစပြင်ကြီး ဖြစ်၏။ မိမ်ိတ််ို့ ပိုင်ဆိုင်သောနယ်မြေအများအပြားကို သတ်ဖြတ်သူများထံ ဆုံးရှုံးခဲ့ပြီးနောက်မှ ဧကရာဇ်ကြီးပင်း၏ ညွှန်ကြားမှုဖြင့် လူသားများက ဤခံတပ်ကို စတည်တည်ဆောက်ခဲ့ကြခြင်းပင်။

နောက်ဆုံးတွင်တော့ လူသားများသည် သတ်ဖြတ်သူများလက်ထဲသို့ ရောက်နေသော ပိုင်နက်နယ်မြေများအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့၏။ နယ်နမိတ်တဖြည်းဖြည်း ကျယ်ပြန့်လာသည်နှင့်အမျှ ရွှေရေခံတပ် တည်ဆောက်ခဲ့ရခြင်း၏ မူလရည်ရွယ်ချက်မှာလည်း ပျောက်ဆုံးသွားခဲ့တော့သည်။

သို့သော် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်သူများကလည်း လူသားများအား မြန်မြန်ဆန်ဆန်ပင် လက်တုံ့ပြန်လာကြသည် ဖြစ်လေရာ ရွှေရေခံတပ်သည် တိုင်းပြည်၏ ကာကွယ်ရေးတွင် အရေးကြီးလာခဲ့ပြန်၏။

နှစ်ပေါင်းခုနှစ်ထောင်ကြာမြင့်ခဲ့ပြီးသည့် နောက်ပိုင်းတွင်တော့ ရွှေရေခံတပ်သည် အောင်မြင်မှု၊ ရှုံးနိမ့်မှုများစွာနှင့် ကြုံတွေ့ခဲ့ရဖူးလေပြီ။

အလင်းနတ်ဘုရားမင်းဆက် ပျက်သုန်းသွားပြီးနောက်ပိုင်းတွင်တော့ သတ်ဖြတ်သူများ၏ ရန်စွယ်က်ို ကာကွယ်ရန်မှာ မြောက်ပ်ိုင်းဒေသနှင့် နယ်မြေချင်းထိစပ်နေသော လောင်စန်းနိုင်ငံ၏ တာဝန် ဖြစ်လာတော့သည်။

နိုင်ငံပေါင်းခုနှစ်နိုင်ငံ ကွဲထွက်သွားခြင်းကြောင့် လူသားများသည် ယခင်ထက်များစွာ အားနည်းသွားတော့၏။ အကျိုးဆက်မှာကား ရွှေရေခံတပ်သည် မဟာဗျူဟာမြောက် ခံစစ်နေရာကြီး ဖြစ်လာခြင်းပင်။

ရွေရေခံတပ်ကား အနီရောင်တောင်ကြောနှင့် ထုံးကျောက်တောင်ကြောအကြားတွင် တည်ရှိသည်။ အနီးအနားတွင် ရွှေရေမြစ်က တသွင်သွင် စီးဆင်းလျက်ရှိ၏။ ခံတပ်အား ရေပတ်လည်ဝိုင်းထားရုံသာမက တောင်များ ကာရံလျက်ရှိလေရာ ခံစစ်အတွက် အလွန်ကောင်းမွန်သော မြေအနေအထားမျိုးကို ပိုင်ဆိုင်ထားလေသည်။ ထို့ကြောင့်လည်း ရွှေရေခံတပ်သည် သတ်ဖြတ်သူများ၏ ရန်စွယ်မှ လူသားများအား နှစ်ပေါင်းများစွာ ကာကွယ်ပေးထားနိုင်ခြင်းပင်။

ရွှေရေခံတပ်သည် စကားအားဖြင့်သာ ခံတပ်တခုတည်းဟု ဆိုနိုင်သော်လည်း နောက်ထပ် ခံတပ်နှစ်တပ်နှင့် တောင်ပံခံတပ်မြို့နှစ်မြို့ပါ ရှိသဖြင့် နယ်မြေတခုလုံးတွင် ခံတပ်ငါးတပ် ရှိသည်ဟု ဆိုနိုင်၏။ ထို ခံတပ်ငါးတပ်အား မဟာဗျူဟာမြောက်နေရာများတွင် တည်ဆောက်ထားပြီး တခုနှင့်တခု နီးနီးကပ်ကပ် ချိတ်ဆက်ထားရှိ၏။

ပင်မခံတပ်ကြီးမှာကား နံရံ နှစ်ထပ်နှင့် ဖြစ်သည်။ အပြင်နံရံမှာ ပေ၁၅၀ မြင့်ပြီး အတွင်းနံရံမှာ ပေ၂၀၀ မြင့်၏။ ဤနည်းအားဖြင့် ရန်သူများ ခံတပ်အပြင်နံရံအား ထိုးဖောက်ဝင်ရောက်လာသည့်တိုင်အောင် စစ်သားများအနေနှင့် အတွင်းနံရံထဲမှ ဆက်လက် ခုခံနိုင်မည် ဖြစ်သည်။

နံရံအား အနက်ရောင်သံမဏိများဖြင့် တည်ဆောက်ထား၏။ ထိုသံမဏိတုံးများမှာ နှစ်ပေါင်းများစွာ သွေးများ စွန်းထင်းမှုကြောင့် ရွှေရောင်အဖြစ်ပင် ပြောင်းလဲနေခဲ့လေပြီ။ ၎င်းကြောင့်ပင် ဤခံတပ်၏ နာမည်မှာ ရွှေရေခံတပ် ဖြစ်လာခြင်း ဖြစ်သည်။ တကယ်တော့ အနက်ရောင်သံမဏိဟူသည် ၎င်း၏ မာကျောမှုကြောင့် နာမည်ကြီးခြင်းမဟုတ်။ မူလစွမ်းအင်များကို စီးဆင်းစေနိုင်သည့် စွမ်းရည်ကြောင့် နာမည်ကြီးခြင်းပင်။ ယခုလည်း ရွှေရေခံတပ်နံရံများအား တည်ဆောက်ထားသည် သန့်စင်ပြီး အနက်ရောင်သံမဏိတုံးများပေါ်တွင် မူလပုံစံဆေးမင်များကို ရေးထိုးထား၏။ အနက်ရောင်သံမဏ်ိ၏ မူလရည်ရွယ်ချက်မှာလည်း တိုက်ခိုက်မှုများအား ခုခံရန် မဟုတ်။ မူလပုံစံကွက်အား စွမ်းအင်ပေးရန်သာ ဖြစ်သည်။ မူလပုံစံကွက်ကြီးအား နှိုးဆွလိုက်သည်နှင့် ကြီးမားသော အကာအကွယ်ကြီးတခုက ခံတပ်အား လွှမ်းခြုံသွားပေလိမ့်မည်။

ထိုအကာအကွယ်၏ ထူးခြားသော စွမ်းရည်တခုမှာ အထဲမှ တိုက်ခိုက်သူများအနေနှင့် အကာအကွယ်အား ဖြတ်သန်းတိုက်ခိုက်နိုင်ပြီး အပြင်ဘက်မှ တိုက်ခိုက်မှုများအား တားဆီးပေးထားနိုင်ခြင်းပင်။

တမြို့လုံးတွင် မူလပုံစံကြီး၏ အူတိုင်အား ကာကွယ်ပေးထားသည့် မျှော်စင် ၉ခုတိတိ ရှိနေ၏။ အဆိုပါမျှော်စင်များအနက်မှ အနည်းဆုံး မျှော်စင်တခုသာ ကျန်ရှိသည့်တိုင် အနှီ မျှော်စင်သည် မူလပုံစံကွက်အား အဆုံးမဲ့ စွမ်းအင်များ ထောက်ပံ့ပေးနိုင်စွမ်း ရှိပေသည်။ တကယ်တော့ ဤမျှ ကြီးမားသော မူလပုံစံကွက်ကြီးကို အသုံးပြုရန် မူလကျောက်တုံး တန်နှင့်ချီ၍ လိုအပ်ပေသည်။ ဤမူလပုံစံအား နှိုးဆွထားသည့် စက္ကန့်တိုင်းတွင် မူလကျောက်တုံး သောင်းနှင့်ချီ၍ အသုံးပြုရ၏။

ထို့ကြောင့် အလွန်အရေးကြီးသော အခြေအနေမျိုး မဟုတ်ပါက လူသားများအနေနှင့် ထိုမူလပုံစံကို အသုံးပြုလေ့မရှိ။

ထိုမူလပုံစံအကာအကွယ်ကြီးအပြင် ရွှေရေခံတပ်တွင် နတ်ဘုရားမီးတောက်အမြောက် ၁၄၀၀ထိ တပ်ဆင်ထားသေး၏။ ထိုအမြောက်တခုစီတိုင်းသည် စုချန်း ယခင်ပိုင်ဆိုင်ဖူးသည့် အလင်းတန်းအမြောက်များထက် များစွာ ပြင်းထန်အားကောင်း၏။ ထို့ပြင် နတ်ဆိုးဘုရင်အဆင့် သားရဲကိုပင် တချက်တည်းနှင့် ရှင်းပစ်နိင်သော သီးခြားအမြောက်၂၀လည်း ရှိနေသေးသည်။

အလွန်ပြင်းထန်သော လက်နက်မျိုး ပိုင်ဆိုင်ထားစေကာမူ ထိုလက်နက်များအား ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ မရှိက အလကားမျှသာ။ ထိုအဖြစ်မျိုး မကြုံရအောင် ရွှေရေခံတပ်တွင် ကျွမ်းကျင်သော စစ်သည်တော်များကိုလည်း ဖြည့်တင်းထား၏။

ရွှေရေခံတပ်တွင် စစ်သည်တော်ပေါင်း တစ်သိန်းရှိ၏။ စစ်သည်တော်တိုင်းလိုလိုသည် လောင်စန်းနိုင်ငံ၏ ထိပ်တန်းစစ်သည်တော်များသာ ဖြစ်ကြကုန်သည်။ စစ်သည်တော်တိုင်းသည် သတ္တိရှိပြီး သူရဲကောင်းဆန်ကြ၏။ သတ်ဖြတ်သူများအား ခုခံချေမှုန်းရန် အသက်ပေး တာဝန်ထမ်းဆောင်နေကြသော သူတ်ို့အား သတ်ဖြတ်သူချေမှုန်းရေးတပ်မတော်ဟု ခေါ်ကြလေသည်။ သူတို့၏ စစ်တပ်သည် လောင်စန်းနိုင်ငံတဝှမ်းတွင် မသ်ိသူမရှိလောက်အောင် ကျော်ကြား၏။

သတ်ဖြတ်သူချေမှုန်းရေးတပ်မတော်အား တပ်ရင်းဆယ်ရင်းနှင့် ဖွဲ့စည်းထားပြီး တရင်းလျင် စစ်သည်တော် တသောင်းကျစီ ပါဝင်လေသည်။ ထိုတပ်ရင်းဆယ်ရင်း၏ အမည်မှာကား...ကောင်းကင်ဘုံအင်အားတပ်ရင်း၊ ကောင်းကင်ဘုံညဏ်အလင်းတပ်ရင်း၊ ကောင်းကင်ဘုံလက်သီးတပ်ရင်း၊ ကောင်းကင်ဘုံမိစ္ဆာတပ်ရင်း၊ ကောင်းကင်ဘုံချေမှုန်းရေးတပ်ရင်း၊ မြေသားရဲတပ်ရင်း၊ မြေမီးလျံတပ်ရင်း၊ မြေနဂါးတပ်ရင်း၊ မြေဆိတ်ငြိမ်တပ်ရင်း၊ မြေငြိမ်းချမ်းရေးတပ်ရင်း စသည်တို့ ဖြစ်ကြ၏။

ထိုအထဲတွင်မှ ကောင်းကင်ဘုံ အမည်နာမပါ တပ်ရင်းများသည် တိုက်စစ်ကို တာဝန်ယူရပြီး မြေအမည်နာမပါ တပ်ရင်းများကတော့ ခံစစ်ကို အဓိက တာဝန်ယူရလေသည်။

ဟာဗေးကွင်းပြင်တွင် ပျောက်ဆုံးသွားသူများကတော့ ရှီကိုင်းဟွမ်၏ ကောင်းကင်ဘုံအင်အားတပ်ရင်းပင် ဖြစ်သည်။

မွန်းတည့်နေသည် စူးရှစွာ ထွန်းလင်းတောက်ပနေ၏။

စုချန်းသည် အဝေးဆီမှ ထိုးထိုးထောင်ထောင်နံရံများအား ငေးမျှော်ကြည့်လ်ိုက်သည်။ စူးရှသော နေရောင်သည် အနက်ရောင်တံတိုင်းကြီးပေါ်သို့ ကျရောက်ပြီး ပြိုးပြိုးပြက်ပြက် အလင်းရောင်မျိုးစုံ ထွက်ပေါ်နေ၏။

ခံတပ်တွင် ပျံသန်းခြင်းအား ကန့်သတ်ထား၏။ ထို့ကြောင့် ခံတပ်နယ်နိမိတ်အတွင်း ချည်းနင်းဝင်ရောက်မ်ိသည်နှင့် စုချန်းတယောက် လွန်းပျံယာဥ်အား အားကိုး၍ မရတော့။ ကုန်းကြောင်းသာ လျှောက်ရတော့သည်။

စုချန်း၏ မြင်းမှာကား လမ်းခုလတ်မှာပင် အသက်ပျောက်ခဲ့ရှာပြီ ဖြစ်သည်။ ထို့ကြောင့် ခံတပ်သို့ရောက်ရန် စုချန်းတယောက် အတော်ပင် လမ်းလျှောက်လိုက်ရ၏။

ခံတပ်သည် တောင်ကြီးတတောင်ကဲ့သို့ စုချန်းအား အုပ်မ်ိုးထား၏။ ခံတပ်ပင်မဂိတ်တံခါးကြီးရှေ့ဝယ် ပုရွက်ဆိတ်တကောင်ပမာ ကိုယ့်ကိုယ်ကို စုချန်း ခံစားလိုက်ရသည်။

တခြားမျိုးစိတ်အသီးသီးနှင့် ရန်သူပမာ တိုက်ခိုက်နေရခြင်း၏ အကျိုးကျေးဇူးတခုမှာကား နယ်မြေရပ်ခြားမှ သူလျိုများ အလွန်ရှားပါးသွားခြင်းပင်။ သတ်ဖြတ်သူများကဲ့သို့ ရုပ်ပ်ိုင်းဆိုင်ရာ ထူးခြားသူတဦးဦး ဤနယ်မြေအတွင်း ထိုးဖောက်ဝင်ရောက်လာပါကလည်း လူသားများအနေနှင့် ချက်ချင်း သတိပြုမိမည်သာ။ ထို့ကြောင့် ခံတပ်မှာ အစောင့်များသည် အထူးတလည် လုံခြုံရေးတင်းကြပ်နေခြင်း မရှိလှ။

စုချန်း၏ ကနဦးအစီအစဥ်မှာ ရှောက်ဖေးနန်နှင့် တွေ့ရန် ကောင်းကင်ဘုံလက်သီးတပ်ရင်းသို့ သွားရန် ဖြစ်သည်။ သို့သော် မြို့ထဲသို့ရောက်သည်နှင့် သူ ဗိုက်ဆာလာ၏။ ထိုအခါ သူက ဝိုက်အရက်ဆိုင်တဆိုင်သို့ ခြေဦးလှည့်လိုက်လေသည်။

ဆိုင်ထဲသို့ ရောက်သည်နှင့် သူ့ရှေ့သို့ လူတယောက် ခုန်ဝင်လာ၏။

"နောက်ဆုံးတော့ ရှင့်ကို မိပြီ ဟဲဟဲ"

စုချန်း ထိတ်လန့်သွားပြီး အမှတ်တမဲ့ လက်ဝါးနှင့် ရိုက်ချလိုက်သည်။ ပြီးမှ အသံရှင်မှာ ညတစ္ဆေမှန်း သူ သတိထားမိသွားပြီး လက်ဝါးရိုက်ချက်တွင် ပါဝင်သွားသော အင်အားကို ​ဖြေလျော့လိုက်ရ၏။ အင်အားပြန်လည်ရိုက်ခတ်ခြင်းကြောင့် စုချန်း၏ လက်ကောက်ဝတ် အဆစ်လွဲသွားတော့သည်။ နာကျင်မှုကြောင့် စုချန်း အံကိုတင်းတင်းကြိတ်မိ၏။

ညတစ္ဆေကား စုချန်း၏ အဖြစ်ကို အလျင်းမှပင် မသိ။ ခါးကိုလက်ထောက်ရင်း အားရပါးရ ရယ်မောနေလေသည်။

"ဘာလဲ ဒီနေရာမှ ကျွန်မနဲ့ မတွေ့နိုင်ဘူးလို့ ရှင် ထင်နေတာလား ခစ် ခစ် ရှင် အငိုက်မိသွားပြီ"

"အေး...အေးပါကွာ"

ဤတကြိမ်တွင် ညတစ္ဆေရှိမှန်း စုချန်း မသိလိုက်သည်မှာ အမှန်ပင်။ ထိုအတွက်ကြောင့်လည်း သူမ အလွန်ပျော်နေပုံရ၏။

စုချန်းက မျက်လုံးပြူးကာ မေးလိုက်သည်။

"နေစမ်းပါအုံး ခင်ဗျားက ဒီကို ဘယ်လိုလုပ်ရောက်နေတာလဲ"

"ရှင့်ကို လာရှာတာလေ"

ညတစ္ဆေက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသော ဟန်ပန်နှင့် ဖြေလိုက်သည်။

စုချန်း ဘေးဘီကို ကပျာကသီ အကဲခတ်လိုက်သည်။ ထို့နောက် သူက သူမအား လူရှင်းသော နေရာကို ဆွဲခေါ်သွားပြီး အသံတိုးတ်ိုးနှင့် ပြောလိုက်၏။

"ခင်ဗျား ကိုယ့်သေတွင်း ကိုယ်တူးနေတာလား ခင်ဗျားဟာ ရှင်သန်ခြင်း...အင်း...သူတို့ရဲ့ အဖွဲ့ဝင်တယောက်လေ ခင်ဗျား ဘယ်သူမှန်း သိသွားရင် ဒီနေရာက ထွက်ပြေးလို့ လွတ်အုံးမယ် ထင်နေသလား"

"ကျွန်မ ခါတိုင်းထက် ပိုပြီး ဂရုစိုက်ပါတယ်ရှင့်"

ညတစ္ဆေက ဂရုမစိုက်သော အမူအရာနှင့် ဖြေလိုက်သည်။

"ကျုပ်ကို လိုက်ရှာဖို့ ဘယ်သူ ခင်ဗျားကို ခိုင်းလိုက်တာလဲ ကျုပ် ဒီမှာရှိတယ်လို့ ဘယ်သူ ပြောလိုက်သလဲ"

"ဘယ်သူရှိရမှာလဲ ခေါင်းဆောင်ပေါ့ မိုးထိမြို့တော်ဖြစ်ရပ်အပြီး လူတိုင်း ရှင့်ကို စောင့်ကြည့်နေကြတာ ရှင် မသိဘူးလား"

စုချန်း အေးစက်သော လေသံနှင့် ရယ်မောလိုက်၏။

"ဘာလဲ သူတို့ စောင့်ကြည့်နေတာ သွေးနီဥပြိုကွဲဆေးမင်လား ကမ္ဘာဦးသွေးပုံရိပ်လား ဒါမှမဟုတ် ဝိညာဥ်လက်နက်တွေကိုလား"

"အိုး ရှင်က သိထားပြီးသားကိုး"

ရယ်ချင်စရာကောင်းလိုက်တာ...ဘယ့်နှယ်ကြောင့် ကျုပ်က မသိရမှာတုန်းကွ...

သဲမျိုးစိတ်ဝင်များ၏ နယ်မြေသို့ခရီးထွက်ခဲ့ပြီးနောက် စုချန်း၏ ဂုဏ်သတင်းသည် များစွာ ထင်ရှားလာခဲ့၏။ သွေးနီဥပြိုကွဲဆေးမင်၊ ကမ္ဘာဦးသွေးပုံရိပ်နှင့် ဝိညာဥ်လက်နက် အစရှိသည့် နည်းစနစ်များ၏ သတင်းသည်လည်း တလောကလုံးအား ရိုက်ခတ်သွားတော့သည်။ ဤနည်းစနစ်များအား စိတ်မဝင်စားသူ အဘယ်မှာ ရှိအံ့နည်း။

ထိုသို့ စိတ်ဝင်စားနေသူများထဲတွင် ရှင်သန်ခြင်းကျောင်းတော်လည်း ပါဝင်နေ၏။ ထို့ကြောင့် သူတို့ စုချန်းအား မျက်စေ့ဒေါက်ထောက် စိုက်ကြည့်နေကြခြင်းပင်။

ညတစ္ဆေ၏ စကားကို ကြားသည်နှင့် စုချန်းက ရယ်မောရင်း ပြောလိုက်သည်။

"ကံဆိုးတာက ဒီနည်းစနစ်တွေက်ို ရောင်းချဖို့ ကျုပ် စိတ်မဝင်စားတာပဲကွ"

ညတစ္ဆေ လက်ခုပ်လက်ဝါးတီးရင်း ရယ်မောလိုက်၏

"အကြီးအကဲတွေလဲ ရှင် ဒီလို ပြောမယ်မှန်း သိထားပြီးသားပါရှင် ပြီးတော့ သူ့တို့က ပြောလိုက်တယ် ရှင် ဆရာကြီးရှီကို ကယ်တင်ချင်ရင် သူတို့ရဲ့ အကူအညီကို သေချာပေါက် လိုလိမ့်မယ်တဲ့"

"ဘာ မင်း ဘာပြောလိုက်တယ်"

စုချန်း အံ့သြသွား၏။

"တကယ်ပြောတာရှင့် ပြီးတော့ သူတို့က ပြောသေးတယ် အာကင်နာမျိုးစိတ်အကြွင်းအကျန်တွေဟာ နေရာတိုင်းမှာ ရှိသတဲ့ သူတို့ လူတွေကြားထဲမှာ ရှိသလို သတ်ဖြတ်သူတွေကြားထဲမှာလဲ ရှိနေသတဲ့"

***

All Chapters