← Chapters

ပြန်လည်နုပျိုခြင်းတံခါး

Vol. 61 Ch. 603

ပြန်လည်နုပျိုခြင်းတံခါး

Vol. 61 Ch. 603

အင်အားကြီး မျိုးစိတ်ငါးစိတ်အကြား သပ်လျိုထိုးဖောက်နိုင်သော အင်အားစုတစု ရှိသည်ဟုဆိုလျင် ၎င်းမှာ အာကင်နာမျိုးစိတ်အကြွင်းအကျန်များမှတပါး အခြားမရှိချေ။

သတ်၍ မသေနိုင်သော တစ္ဆေများနှင့်တူသည် အာကင်နာအကြွင်းအကျန်များသည် တခြားမျိုးစိတ်များအကြားဝယ် ဝင်ရောက်ပူးကပ်နေထိုင်လျက်ရှိကြကုန်၏။ ၎င်းတို့၏ ရည်ရွယ်ချက်က်ိုကား တိတ်ိကျကျ မသိရပေ။ အသက်ရှင်ကျန်ရစ်ရန် ကြိုးစားနေခြင်းမျှသာ ဖြစ်နိုင်၏။ သို့မဟုတ် ယခင် ခမ်းနားကြီးကျယ်ခဲ့သော အိပ်မက်များအား ပြန်လည်အသက်သွင်းနိုင်ရန် အားထုတ်နေခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ဆိုစေ ၎င်းတို့သည် မျိုးစိတ်အသီးသီးနှင့် ပူးကပ်ပြီး နေရာအနှံ့တွင်အခြေစိုက်စခန်းကြီးများ ထူထောင်ကာ ကသောင်းကနင်း ဖြစ်ရပ်များ ဖြစ်ပေါ်လာစေရန် နောက်ကွယ်မှ ကြိုးဆွဲနေကြသည်ကတော့ အမှန်ပင်။

လူသားများနှင့် မတူသည်မှာကား သတ်ဖြတ်သူများသည် အာကင်နာမျိုးစိတ်အကြွင်းအကျန်များအား ယုံယုံကြည်ကြည် လက်ခံထားကြခြင်းပင်။

ဟာဗေးလွင်ပြင်ဟူသည် အလွန်ခြောက်ကပ်သော တစပြင်ကြီး ဖြစ်ပြီး အရင်းအမြစ် အလွန်ရှား၏။ ထို့ကြောင့်အစားအသောက်၊ လက်နက် စသည်တို့ကို ပြင်ပမှသာ တင်သွင်းရလေသည်။ သို့သော် သတ်ဖြတ်သူများသည် အလွန်ရိုင်းစိုင်းသူများဖြစ်ကြ၍ လူတောမတိုး။ အရောင်းအဝယ် လုပ်နိုင်စွမ်းမရှိ။ ထို့ကြောင့် ပြင်ပမှ လိုအပ်သော ပစ္စည်းများအား ဝယ်ယူတင်သွင်းပေးနေသည့် အာကင်နာအကြွင်းအကျန်များ၏ ဝန်ဆောင်မှုလုပ်ငန်းကို သတ်ဖြတ်သူများအနေနှင့် ငြင်းဖို့ခက်သည်ကတော့ အမှန်ပင်။ ထို့ပြင် ရှေးအတီတေကာလဆီက သတ်ဖြတ်သူများသည် အာကင်နာများ၏ သစ္စာရှိ အိမ်စောင့်ခွေးများ ဖြစ်ဖူးကြလေသည်။ သတ်ဖြတ်သူများအပေါ်တွင် အာကင်နာသခင်ကြီးများ၏ ဆက်ဆံရေးက တခြားမျိုးစိတ်များအပေါ် ဆက်ဆံသကဲ့သို့ မဟုတ်။ ထို့ကြောင့် သတ်ဖြတ်သူများကလည်း အာကင်နာများအပေါ် အထူးတလည် မုန်းတီးနေခြင်းမရှိချေ။

အထက်ပါအကြောင်းများကြောင့် အာကင်နာအကြွင်းအကျန်များသည် သတ်ဖြတ်သူများအကြားဝယ် အနည်းနှင့်အများဆ်ိုသလို ပွင့်လင်းမြင်သာစွာ ရှင်သန်နေထိုင်နိုင်ကြလေသည်။

သတ်ဖြတ်သူမျိုးစိတ်များအကြားရှိ အာကင်နာအကြွင်းအကျန်များအား ပြန်လည်ရှင်သန်ခြင်းတံခါးအဖွဲ့ဟု ခေါ်ကြောင်း စုချန်း ကောင်းကောင်းကြီး သိထားလေသည်။ ၎င်းသည် လူသားမျိုးနွယ်မှ ရှင်သန်ခြင်းကျောင်းတော်၊ လူပျံတော်မျိုးစိတ်များမှ ကံကြမ္မာ၏ လက်ချောင်းများ၊ ဝိညာဥ်မျိုးစိတ်များမှ ဖမ်းစားခြင်းအဖွဲ့၊ ပင်လယ်လူသားမျိုးစိတ်များမှ အနက်ရောင်မီးတောက် စသော အဖွဲ့များနှင့် ဆင်တူရိုးမှားပင် ဖြစ်လေသည်။

ပြန်လည်ရှင်သန်ခြင်းတံခါးသည် ရှင်သန်ခြင်းကျောင်းတော်မှတဆင့် လူသားများထံမှ လက်နက်များ၊ အစားအသောက်များစသည့် အရင်းအမြစ်များကို မြောက်များစွာ ဝယ်ယူလေ့ရှိသည်။ထို့ကြောင့် ၎င်းတို့အား ရှင်သန်ခြင်းကျောင်းတော်၏ သက်တမ်းရင့် မဟာမိတ်ဟု ယူဆနိုင်ပေသည်။

ညတစ္ဆေ၏ စကားကို ကြားသည်နှင့် စုချန်းက ပြောလိုက်သည်။

"ဒီအကြောင်းတွေကို တနေရာသွားပြီး ပြောကြရအောင်"

ညတစ္ဆေက တခစ်ခစ်ရယ်မောရင်း စုချန်းနောက်သို့ လိုက်ပါသွားလေသည်။

နောက်ဆုံးတွင် သူတို့နှစ်ယောက် အိမ်တအိမ်ရှေ့သို့ ရောက်လာ၏။ အိမ်တံခါးက််ို တွန်းဖွင့်လိုက်သည်နှင့် ချီမင်းဖန်တယောက် သူတ်ို့ကို စောင့်ဆိုင်းနေကြောင်း စုချန်း တွေ့လ်််ိုက်ရသည်။

စုချန်းကို မြင်သည်နှင့် ချီမင်းဖန်ကတခစ်ခစ် ရယ်မောရင်း ပြောလိုက်၏။

"အိုး ညီလေးစု ခုတလော ဘာတွေလုပ်နေတုန်း"

"ကျုပ် ဘာတွေလုပ်နေမှန်း မိုးသခင်ကြီး သိပြီးသားပဲလေ အပိုတွေ ပြောမနေပါနဲ့တော့"

စုချန်းကား ထွေလီကာလီ ပြောကာ အချိန်ဖြုန်းမနေတော့။

"ခင်ဗျားကိုယ်တိုင် ဒီကို ရောက်လာပြီဆိုတော့ ကျုပ်ဆရာနဲ့ပတ်သက်ပြီး တခုခု သိထားပြီထင်တယ် ကျုပ်ပြောတာ ဟုတ်သလား"

သတ်ဖြတ်သူများအနေနှင့် အိပ်မက်နယ်ပယ်ထဲတွင် မည်သည့်သတင်းအချက်အလက်မှ ဖြန့်ဝေခြင်းမရှိ။ သို့သော် အဆ်ိုပါသတင်းအချက်အလက်များသည် အပြင်လောကတွင် မပေါက်ကြားဟုတော့ တထစ်ချ မဆိုနိုင်ပေ။

ချီမင်းဖန်က ပြန်ဖြေလ်ိုက်သည်။

"ကျုပ်မှာ ရှီကိုင်းဟွမ်နဲ့ ပတ်သက်တဲ့ သတင်းတော့ မရှိဘူး ဒါပေမဲ့ ကောင်းကင်ဘုံလက်သီးတပ်ရင်းနဲ့ ပတ်သက်တဲ့ သတင်းတော့ ရှိတယ်"

"သူတ်ို့အခြေအနေ ဘယ်လိုရှိသလဲ"

"သူတ်ို့ အသက်ရှင်နေတုန်းပဲ ဒါပေမဲ့ အတော်ကို ခက်ခက်ခဲခဲ ရုန်းကန်နေရတယ် အတိအကျ ပြောရရင်တော့ သူတို့ ကြားဖြတ်တိုက်ခိုက်ခံရပြီး လူစုကွဲကုန်တယ် တိုက်ခိုက်ခံရတဲ့နေရာကတော့ မြေခွေးတောင်နယ်မြေမှာပဲ ခုချိန် သူတို့ဘယ်ရောက်နေသလဲကတော့ ပြောဖို့ခက်တယ် အခြေအနေကို မင်းသဘောပေါက်ပါတယ်လေ တနေရာမှာ အကြာကြီးနေရင် သူတ်ို့ သေချာပေါက် အသတ်ခံရမှာပဲလေ"

"ခင်ဗျား ကျုပ်က််ို ဘာ ကမ်းလှမ်းချင်တာလဲ ခင်ဗျား ဘာလိုချင်တာလဲ"

စုချန်းက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

ချီမင်းဖန် သက်ပြင်းချလိုက်သည်။

"အရှင်းဆုံးပြောရရင်တော့ ကျုပ် အလိုချင်ဆုံးက မင်းပဲ သွေးနီဥပြိုကွဲဆေးမင် ကမ္ဘာဦးသွေးပုံရိပ် ဝိညာဥ်လက်နက် စတဲ့ဟာတွေ ဘယ်လောက်ပဲ တန်ဖိုးရှိတယ် ပြောပြော မင်းလောက်တော့ တန်ဖ််ိုးမရှိဘူး မင်းဟာ မူလစွမ်းရည်တွေ ဖန်တီးနေရုံသက်သက်မဟုတ်ဘူး အကန့်အသတ်မရှိတဲ့ လမ်းကြောင်းတခုကို ဖောက်လုပ်နေတာနဲ့ ပိုတူတယ် ပြီးတော့ မင်းဟာ ငယ်သေးတယ် အနာဂတ်မှာ ဒီထက်မက အများကြီး အောင်မြင်လာအုံးမယ် ဒါကြောင့် ကျုပ်လိုချင်တာကို ပြောပါဆိုရင် မင်းကိုပဲ ပြရမှာပဲ"

"ကျုပ်ဟာ ရောင်းဖ်ို့မဟုတ်ဘူးဗျ"

"ဒါပေမဲ့ အသက်ဆုံးရှုံးမှာကိုကော မင်း မကြောက်ဘူးလား သံနိုင်ငံနဲ့သွေးနိုင်ငံဆိုတာ အင်မတန် အန္တရာယ်များတယ် အရာရာတိုင်းက မင်းကို သတ်ပစ်နိုင်တယ် စက္ကန့်ပိုင်းအတွင်းမှာပဲ မင်း အသက်ပျောက်သွားနိုင်တယ် ဒီလောက် အန္တရာယ်များတဲ့နေရာကို သွားဖို့ ဆုံးဖြတ်ထားပြီးမှ ကိုယ့်ကိုယ်ကို ရောင်းစားမှာကို လက်တွန့်နေရသေးသလား"

"လူတိုင်း တနေ့တော့ သေရမှာပဲ ဒါနဲ့ပတ်သက်ပြီး တတ်နိုင်တာရှိတယ် မတတ်နိုင်တာ ရှိတယ် ဘာပဲဖြစ်ဖြစ် ရှင်သန်ခြင်းကျောင်းတော်ဟာ နာမည်ပျက်နဲ့ ကျော်ကြားတယ် ခင်ဗျားတို့အဖွဲ့ထဲဝင်ဖို့ ကျုပ်ကို မစည်းရုံးတာ ပိုကောင်းလိမ့်မယ်ဗျ"

"ဒီတော့ အရင်လိုပဲ ပူးပေါင်းဆောင်ရွက်တာမျိုးက ပိုကောင်းတယ်လို့ မင်း ထင်တယ်ပေါ့လေ"

"ပူးပေါင်းဆောင်ရွက်ရင် အနည်းဆုံးတော့ ကျုပ်မှာ ရွေးချယ်စရာ ရှိသေးတယ် ကျုပ် မကြိုက်ရင် ကျုပ် ငြင်းနိုင်သေးတယ် ခင်ဗျားတို့အဖွဲ့ထဲ ကျုပ် ဝင်လိုက်ရင်တော့ ကျုပ်ရဲ့ လွတ်လပ်မှု ဆုံးရှုံးသွားလိမ့်မယ် ကျုပ်အမြင်အရ ပြောရရင် ရှင်သန်ခြင်းကျောင်းတော်ဟာ တခြားအဖွဲ့အစည်းတွေလိုပဲ ကောင်းတာရှိသလို ဆိုးတာလဲရှိနေတယ် ကျုပ်ဟာ မကောင်းတဲ့လုပ်ရပ်တွေကို မကြိုက်မှန်း ခင်ဗျားသိတယ် ဒီတော့ ခင်ဗျားတို့အဖွဲ့က မကောင်းမှုကျူးလွန်စရာရှိရင် ကျုပ်ကို လာမရှာရုံပဲ လာရှာရင်တော့ ကျုပ်က ဝင်နှောင့်ယှက်မိကောင်း နှောင့်ယှက်မ်ိနိုင်တယ် ဒါက ပူးပေါင်းဆောင်ရွက်တဲ့အခြေမှာ ရွေးချယ်စရာရှိသေးကြောင်း ကျုပ် ဆိုလိုတာ တကယ်လို့ ခင်ဗျားတို့ အဖွဲ့ထဲ ကျုပ်ဝင်လိုက်ရင်တော့ အခြေအနေကဒီလို မဟုတ်တော့ဘူး ခင်ဗျားတို့အဖွဲ့ရဲ့ မကောင်းတဲ့လုပ်ရပ်တွေကို ကျုပ် မသိချင်ယောင်ဆောင်လို့မရတော့ဘူး ကျုပ် မျက်စေ့ရှေ့မှာ ဖြစ်နေတာကိုး ဒါဆို ခင်ဗျား ကျုပ် မကြိုက်တာ တခုခု လုပ်မိရင် ကျုပ် ကြားဝင်နှောင့်ယှက်နိုင်တယ် ခင်ဗျားကို သတ်မိကောင်း သတ်မိသွားနိုင်တယ်"

စုချန်း၏ စကားကြောင့် ချီမင်းဖန် နဝေတိမ်တောင် ဖြစ်သွားသည်။ အတန်ကြာအောင် စဥ်းစားပြီးမှ ခေါင်းညိတ်ရင်း သူက ပြောလိုက်၏။

"အင်း မင်းပြောတာ မှန်ပါတယ် ကျုပ် ဒါကို မစဥ်းစားမိဘူး ဘယ်အဖွဲ့အစည်းမဆို အမိန့်နဲ့ညွှန်ကြားချက်ကို မဖြစ်မနေ လိုက်နာရတဲ့ အချိန်အခါမျိုးတွေ ရှိတယ် အေးလေ မင်း ကျုပ်တို့အဖွဲ့ထဲ မဝင်တာက ပိုကောင်းပါတယ် မဟုတ်ရင် ကျုပ်တို့အကြားမှာ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ် တချို့အရာတွေက ပ်ိုနေမြဲ ကျားနေမြဲအတိုင်းပဲ ကောင်းပါတယ်လေ"

ထို့နောက် သူက စကားဆက်ပြန်သည်။

"ဒီအတိုင်းဆိုရင် ကျုပ်မှာ ရွေးစရာတခုပဲ ရှိတော့တဲ့ပုံပဲ အေးလေ စကတည်းက ကျုပ်မှာ ရွေးချယ်စရာ များများစားစားမှ မရှိခဲ့တာပဲ ကျုပ်ဘက်ကပဲ မင်းကိုအရင် ကမ်းလှမ်းလိုက်မယ် ဒီလိုကွာ မင်းဟာ သံနဲ့သွေးနိုင်ငံက လူတွေအကြောင်းကို ဂဃနဏ မသိဘူး ကျုပ်အနေနဲ့ သူတို့ရဲ့ အသေးစိတ်မြေပုံ၊ သတ်ဖြတ်သူမျိုးနွယ်စုအသီးသီးရဲ့အကြောင်းတွေ၊ သူတို့ စခန်းချရာနေရာတွေ၊ သူတို့ရဲ့လူမှုရေးဆိုင်ရာ တားမြစ်ချက်တွေ စတဲ့ သတင်းအချက်အလက် အပြည့်အစုံကို မင်းလက်ထဲ ထည့်ပေးလိုက်နိုင်တယ် ဒါပေမဲ့ မင်းဖက်ကတော့ ဒီသတင်းအချက်အလက်တွေ မပေါက်ကြားစေရပါဘူးလို့ အဓိဌာန်သစ်သီးနဲ့ သစ္စာဆိုပြရလိမ့်မယ်"

အဓိဌာန်သစ်သီးဟူသည်ကား ထူးဆန်းသော သစ်သီးတမျိုးဖြစ်ပြီး အချိန်အတိုင်းအတာတခုထိ စားသုံးသူ ပြောဆိုသည့်စကားများအား မှတ်တမ်းတင်ထားမည် ဖြစ်သည်။ ထိုအတောအတွင်း သစ်သီးအား စားသုံးထားသူသည် ထိုစကားများကို နောက်တကြိမ် ပြောဆိုမိပါက သစ်သီးသည် ထ်ိုသူ၏ ကိုယ်ခန္ဓာအား အဝလွန်လာစေလိမ့်မည်ဖြစ်သည်။ အဝလွန်လာခြင်းကြောင့် ထိုသူအနေနှင့် မသေစေကာမူ လှုပ်ရှားရအလွန်ခက်လာပြီး တိုက်ခိုက်နိုင်တော့မည် မဟုတ်။ ထို့ကြောင့် အကျိုးဆက်မှာ မသေးလှ။

စုချန်းကခေါင်းညိတ်လိုက်သည်။

"ပြသနာမရှိဘူး တခြား ဘာရှိသေးလဲ"

"မင်းအနေနဲ့ သတ်ဖြတ်သူတွေ ကောင်းကင်ဘုံလက်သီးတပ်ရင်းနဲ့ ပတ်သက်ပြီး ပိုသိချင်ရင် ပြန်လည်ရှင်သန်ခြင်းတံခါးဆီမှာ တန်ရာတန်ကြေးပေးပြီး သတင်းဝယ်ရလိမ့်မယ်"

"ကျုပ် ခရီးစဥ်အတွက် သူတို့ကို အကူအညီတောင်းမယ်ဆိုရင်ကော ငွေရရင် သူတို့ ကူညီမှာလား"

"ငွေရရင် သူတို့ ဘာမဆို ကူညီလိမ့်မယ် ယုတ်စွအဆုံး သတ်ဖြတ်သူတွေကို တိုက်ထုတ်ဖို့ဆိုရင်တောင် ထိုက်တန်တဲ့ ငွေရရင် သူတို့ လုပ်ကောင်းလုပ်လိမ့်မယ်"

အကျိုးအမြတ်တခုတည်းအတွက် လှုပ်ရှားသည့်နေရာတွင်တော့ ရှင်သန်ခြင်းကျောင်းတော်နှင့် ပြန်လည်ရှင်သန်ခြင်းတံခါးတို့မှာ အတော်ပင် တူညီလှ၏။

စုချန်း အေးစက်သော လေသံနှင့် ရယ်မောလိုက်သည်။

"ဒီအတွက် ပေးရတဲ့ တန်ရာတန်ကြေးကတော့ အတော်ကိုများလိမ့်မယ် ဘယ်သူမှ မပေးနိင်တဲ့ တန်ကြေးမျိုးပေါ့ ဥပမာ ထိပ်တန်းအဆင့်မူလကျောက်တုံး ကွာဒရီလီယံလောက်ပေါ့ ဟုတ်တယ်မလား"

ချီမင်းဖန် ရယ်မောလိုက်သည်။

"ဒီပမာဏနဲ့ဆိုရင် သံနဲ့သွေးနိုင်ငံကိုတောင် ဝယ်လို့ရနေပြီလေကွာ"

သီအိုရီဟူသည် သီအိုရီမျှသာ ဖြစ်သည်။ မည်သူမှ အလေးအနက် မထားပေ။

စုချန်းက ပြောလိုက်ပြန်၏။

"ဒီတော့ မြေပုံနဲ့ အချက်အလက်တချို့လောက်ပဲ ခင်ဗျားအနေနဲ့ ကူညီပေးနိုင်မယ် ကျန်တာတွေတော့ ကျုပ်ဖာသာကျုပ် ဝယ်ရမယ်ပေါ့ ဟုတ်တယ်မလား"

"ဒါတောင် အတော်များနေပြီကွ ကျုပ်ဘက်က သူတို့ကို အတော်ကြီး အာမခံထားလို့သာပေါ့ သူတို့အတွက်လဲ ဒီလို သတင်းအချက်အလက်တွေကို ဝေငှရတာ အန္တရာယ်ကြီးတယ်လေကွာ မင်းမဟုတ်ပဲ တခြားလူသာဆိုရင် ဒီသတင်းတွေ လောင်စန်းနိုင်ငံကို သွားရောင်းရင် ဘယ့်နှယ်လုပ်မတုန်း ဟုတ်တယ်မလား"

စုချန်း ခေတ္တစဥ်းစားလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။

"ကျုပ် သွေးနီဥပြိုကွဲဆေးကို ခင်ဗျားတို့လက်ထဲ ထည့်ပေးလို့ရပါတယ်"

***

All Chapters