သွေးနီဥပြိုကွဲဆေးမင်အား လက်ဆင့်ကမ်းခြင်း ၁
Vol. 61 Ch. 606
စစ်သားနှစ်ဦးသည် ဝမ်းသာအားရနှင့် အချင်းချင်း ပညာစမ်းလျက်ရှိကြသည်။
စစ်သားနှစ်ဦးအနက် တဦးမှာ အရပ်ရှည်၍ ကျန်တဦးမှာ ဂင်တိုတိုနှင့် ဖြစ်သည်။ အပြင်ပန်းကိုကြည့်ရုံနှင့် အရပ်ပုပုစစ်သားသည် အရပ်ရှည်ရှည်စစ်သား၏ ပြိုင်ဘက်မဟုတ်ကြောင်း သိသာနေ၏။ သို့တိုင်အောင် ၎င်းသည် ပြိုင်ဘက်ဖြစ်သူအား အကြိမ်ကြိမ် ပြန်လည်တွန်းလှန်နေကြောင်း မြင်တွေ့နေရသည်။ တချီတွင်တော့ ၎င်း၏ လက်၊ ခြေများတွင် ဝတ်ဆင်ထားသည့် ကွင်းများသည် အရောင်တောက်လာ၏။ ထို့နောက် သူသည် လက်သီးနှင့် ထိုးချလိုက်လေရာ ပြင်းထန်သော ပေါက်ကွဲအား ထွက်ပေါ်လာပြီး အရပ်ရှည်ရှည်စစ်သားမှာ နောက်သို့ လွင့်စင်သွားတော့၏။
အရပ်ရှည်ရှည်စစ်သား စိတ်ထွက်သွားဟန်ဖြင့် ပြန်လည်တိုက်ခိုက်ရန် ဟန်ပြင်လ်ိုက်သည်။ သို့သော် အရပ်ပုပုစစ်သားသည် ချက်ချင်းပင် ရှေ့သို့ခုန်ဝင်လာပြီး အလင်းကဲ့သ်ို့ အမြန်နှုန်းဖြင့် အကာအကွယ်တခုဖော်ထုတ်လိုက်သည်။ ထို့နောက် သူက လက်သီးချက်များကို အဆက်မပြတ် ဖော်ထုတ်တိုက်ခိုက်လ်ိုက်ပြီး အရပ်ရှည်ရှည်စစ်သား၏ တုံ့ပြန်မှုအား ကန့်သတ်ထားလိုက်၏။
ကြည့်နေရင်းနှင့်ပင် အရပ်ပုပုစစ်သား၏ ခြေလက်များတွင် ဝတ်ဆင်ထားသော ကွင်းများသည် ပို၍ အရောင်တောက်ပလာ၏။ ထိုအခါ ၎င်း၏ အမြန်နှုန်းနှင့် အင်အားမှာလည်း ပို၍ တိုးပွားလာပုံရသည်။ နောက်ဆုံးတွင် ၎င်း၏ ပွဲသိမ်းလက်သီးချက်ကြောင့် အရပ်ရှည်ရှည်စစ်သား လေဟုန်စီးသွားတော့သည်။
ဘေးမှ အားပေးနေသူများမှာ အရပ်ပုပုစစ်သား ပြသလိုက်သည့် အင်အားကြောင့် ရင်သပ်ရှုမောဖြစ်ကုန်ကြ၏။
၎င်းကိုကြည့်ရင်း ရှောက်ဖေးနန် အသံတိုးတိုးနှင့် ရေရွတ်လိုက်သည်။
"တကယ်တော့ ဒါဟာ သတ်ဖြတ်သူတွေရဲ့ ဆေးမင်မျိုးပဲမလား"
"နည်းနည်းတော့ ကွဲပြားတယ်"
စုချန်းက ရှင်းပြလိုက်သည်။
"ကျုပ် သူ့အင်အားကို မြှင့်ပေးဖို့ တခြားကွဲပြားခြားနားတဲ့ နည်းလမ်းတွေက်ို သုံးထားတယ် ဒါကြောင့် ဒီဆေးမင်ဟာ မူလစွမ်းအင်တင်မကဘူး ရုပ်ပိုင်းဆိုင်ရာအင်အားကိုပါ နှိုးဆွနိုင်စွမ်းရှိလာတယ် လူသားတွေနဲ့ ကိုယ့်ရဲ့အားသာချက်ကို ပိုပြီး ထုတ်သုံးလာနိုင်တာပေါ့ဗျာ"
အရပ်ပုပုစစ်သားသည် စုချန်း၏ သွေးနီဥပြိုကွဲဆေးမင်ကို အသုံးပြုထားသည်မှာ ယုံမှားသံသယဖြစ်နေစရာမလို။ သို့သော် ယခင်ဆေးမင်နှင့် နှိုင်းယှဥ်ပါက စုချန်း၏ လက်ရှိဆေးမင်တွင် ဆေးမင်ရေးထိုးရသည့် မျက်နှာပြင်ဧရိယာ ပို၍ကျဥ်းမြောင်းလာ၏။ ဆေးမင်၏ပုံစံကလည်း ပို၍ ရိုးရှင်းလာသည်။ အရေးအကြီးဆုံးအချက်မှာ သွေးနီဥပြိုကွဲဆေးမင်အား အသုံးပြုချိန်တွင် ထွက်ပေါ်လာသည့် အလင်းရောင်နှင့် အသံသည် ပို၍ ရင်သပ်ရှုမောဖွယ်ရာ ကောင်းလာခြင်းပင်။
ကောင်းမွန်သော ကုန်ပစ္စည်းများအတွက် သင့်လျော်သော ထုပ်ပိုးမှုပုံစံ လိုအပ်မှန်း စုချန်း သဘောပေါက်ထားပြီးပြီ မဟုတ်ပါလား။ အတွေ့အကြုံမှ ရရှိလာသော သင်ခန်းစာများပင်။
အရပ်ပုပုစစ်သား သွေးနီဥပြိုကွဲဆေးမင်အား အသုံးပြုချိန်တွင် ထွက်ပေါ်လာသော အလင်းရောင်များသည် တကယ်ပင် ရင်သပ်ရှုမောစရာ ကောင်းလှသည်။ ၎င်းကို မြင်တွေ့လိုက်သည့် အရာရှိတိုင်းလိုလို သဘောကျမည်မှာ ဧကန်ပင်။
အမှန်တကယ်လည်း ဘေးနားတွင် စောင့်ကြည့်နေကြသော အရာရှိများသည် တစုံတခုကို အကြိတ်အနယ် ဆွေးနွေးနေကြ၏။ အရာရှိတယောက်က စုချန်းအား မေးလိုက်သည်။
"စစ်သားတယောက်ကိုယ်ပေါ်မှာ ဒီဆေးမင်ထိုးမယ်ဆိုရင် ကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်သလဲ"
"တယောက်စီအတွက်ဆိုရင် မူလကျောက်တုံး ခုနှစ်ရာလောက်တော့ ကျသင့်မယ် ဒါပေမဲ့ ဆေးမင်အမျိုးအစားအလိုက် စျေးနှုန်းက နည်းနည်းတော့ ပြောင်းလဲနိုင်တယ်"
"မူလကျောက်တုံး ခုနှစ်ရာ ဟုတ်လား"
လူတိုင်း အံ့သြကုန်လေသည်။
လူတယောက်အား သိသိသာသာ အင်အားကြီးမားလာစေသည့် နည်းလမ်းက အလွန်ပင် စျေးချိုလွန်းနေသည် မဟုတ်ပါလား။
"မှန်ပါတယ် မူလကျောက်တုံးခုနှစ်ရာဝန်းကျင်ပါပဲ ဒါပေမဲ့ သူ့မှာ အားနည်းချက်တခုတော့ ရှိတယ် ဒီဆေးမင်ကို လူတယောက်ပေါ်မှာ ထိုးလိုက်ပြီဆိုတာနဲ့ ဖယ်ရှားလို့မရတော့ဘူး ပြီးတော့ ခင်ဗျားရဲ့ပင်ကိုယ်အင်အားကြီးမားလာတိုင်း သူ့အင်အားက လိုက်တိုးလာမှာ မဟုတ်ဘူး သူ့အင်အားဟာ ကန့်သတ်ချက်ရှိတယ် ဒါကြောင့် ဒီဆေးမင်ဟာ အဆင့်နိမ့်ကျင့်ကြံသူတွေအတွက်ပဲ အသုံးတည့်တယ် ခင်ဗျား ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ရောက်တာနဲ့ ဒီဆေးမင် အသုံးမဝင်တော့ဘူး"
စုချန်းက ဂဃနဏပင် ရှင်းပြလိုက်သည်။
"ပြီးတော့ ဆေးမင်ရေးထိုးတဲ့အချိန်မှာ ငရဲကျသလိုပဲ နာကျင်တယ်"
"ရတယ် ဒါက ပြသနာမရှိဘူး"
အရာရှိတဦးက ချက်ချင်းပြန်ဖြေလိုက်၏။
"မင်းအနေနဲ့ စစ်သားတယောက်ရဲ့ အင်အား ဒါမှမဟုတ် အမြန်နှုန်းကို တိုးပွားလာဖို့ အထူးမူလစွမ်းရည်တွေကို အသုံးပြုနိုင်တယ်ဆိုရင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်စစ်သားတွေအတွက်လဲ ဒါက အဆင်ပြေနိုင်သားပဲ ကျုပ်တို့စစ်တပ်ရဲ့ အဓိကအင်အားဟာ သွေးဆူပွက်ခြင်းနယ်ပယ်နဲ့ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တွေပဲ သူတို့အကုန်လုံးကို အင်အားကောင်းလာအောင် လုပ်နိုင်ရင် ကျုပ်တို့စစ်တပ်တခုလုံး အင်အားကောင်းလာသလိုပဲ"
"မင်းအနေနဲ့ ကျုပ်တ််ို့ စစ်သားတွေရဲ့ ခံနိုင်ရည်နဲ့ ဒဏ်ရာပျောက်ကင်းနိုင်စွမ်းကို တိုးပွားလာစေမဲ့ စွမ်းရည်တွေလဲ ပေါင်းထည့်ပေးလို့ရသားပဲ"
"ဒါမှမဟုတ် အသုံးပြုတဲ့နေရာမှာ လိုအပ်ချက်သိပ်အများကြီးမလိုတဲ့ မူလစွမ်းရည်တွေပဲ ပေါင်းထည့်ပေးရင်ကော"
"မင်းအနေနဲ့ မူလစွမ်းရည်တွေကို ပေါင်းစပ်နိုင်အောင် ဆေးမင်ထိုးပေးရင်ကောကွာ"
အရာရှိများသည် အထက်ပါအတိုင်း အပြန်အလှန် နှီးနှောဖလှယ်ရင်း သွေးနီဥပြိုကွဲဆေးမင်၏ အားသာချက် အားနည်းချက်များကို ထောက်ပြနေကြ၏။
သို့သော် သူတို့အားလုံးသည် ဆေးမင်ရေးထိုးချိန်တွင် ပြင်းထန်စွာ နာကျင်သည့်အကြောင်းကို စကားထဲထည့်၍ပင် မပြောကြချေ။ နာကျင်မှုကိုပင် ခံနိုင်ရည်မရှိသူသည် စစ်သားမဖြစ်ထိုက်ဟု သူတို့အားလုံး ယူဆထားကြသည် မဟုတ်ပါလား။
မည်သို့ဆိုစေ သွေးနီဥပြိုကွဲဆေးမင်သည် အလွန်အသုံးဝင်ကြောင်းကို သူတို့အားလုံး တညီတညွတ်တည်း လက်ခံလိုက်ကြ၏။
ထိုစဥ် အရာရှိတဦးက မေးလိုက်၏။
"ဒီနည်းလမ်းက အံ့သြစရာကောင်းလောက်အောင်ကို ကောင်းနေတယ် ဒါကို ဘယ်လောက်နဲ့ ရောင်းမယ်များ မင်း တွေးထားသလဲ"
"မူလကျောက်တုံးသုံးထောင်"
စုချန်းက ပြန်ဖြေလိုက်သည်။
"သုံးဆယ်မီလျံ ဟုတ်လား ပြသနာမရှိပါဘူးလေ ဟာ...နေစမ်းပါအုံး မင်း ခုနက သုံးထောင်လို့ ပြောလိုက်တာလား"
အရာရှိတဦးက နဝေတိမ်တောင်ဖြစ်သွားဟန်ဖြင့် မေးလိုက်သည်။
"ဟုတ်တယ် မူလကျောက်တုံးသုံးထောင်"
စုချန်းက ထပ်မံ အတည်ပြုပေးလိုက်၏။
"ဘယ်လိုဖြစ်လို့ ဒီလောက်ထိ စျေးချိုနေရတာတုန်း"
ရှောက်ဖေးနန်၏ မေးခွန်းဖြစ်သည်။
"ဘာကြောင့်လဲဆိုတော့ ဒီနည်းစနစ်ကို တခြားနေရာတွေမှာလဲ ရောင်းချဖို့ ကျုပ် စီစဥ်ထားလို့ပေါ့"
"ဟာ မင်း ဒီလိုလုပ်လို့ မရဘူးလေ"
အရာရှိတဦးက ခုံကိုလက်ဝါးနှင့် ရိုက်ချပြီး မတ်တပ်ရပ်ကာ ပြောလိုက်သည်။
"ဒီနည်းစနစ်ဟာ ကျုပ်တို့နိုင်ငံအတွက် အရေးကြီးတယ် ဒါနဲ့ဆိုရင် ကျုပ်တို့စစ်တပ်တွေ အင်အားကြီးမားလာလိမ့်မယ် ဒါကို မင်းက လူတိုင်းလက်ထဲ ထည့်လိုက်တော့ ကျုပ်တို့တနိုင်ငံထဲက ဒါကို ဘယ်လိုလုပ် ထိန်းချုပ်နိုင်တော့မှာလဲ"
စုချန်းက ပြန်ဖြေလိုက်၏။
"ကျုပ် ဒါကို လူသားမျိုးစိတ်တခုလုံးအတွက် အသုံးပြုနိုင်စေဖို့ ရည်ရွယ်ထားတယ် လူတိုင်းကို ကာကွယ်ပေးနိုင်ပြီး လူတယောက်ရဲ့ အင်အားကို တိုးပွားလာစေနိုင်တဲ့နည်းစနစ်မျိုးဟာ သတ်ဖြတ်သူသုတ်သင်ရေးတပ်တော်ရဲ့ ပိုင်ဆိုင်မှုသက်သက်ပဲ မဖြစ်သင့်ဘူး ရွှေရေခံတပ်ဟာ သတ်ဖြတ်သူတွေကို ခုခံနိုင်ဖို့ ဒါကို လိုတယ် ဒီလိုပဲ လျောင်ယဲ့နိုင်ငံဟာလဲ လူပျံတော်တွေကို ရင်ဆိုင်နိုင်ဖို့ ဒါကိုလိုတယ် ပြီးတော့ တိမ်တိုက်လေနိုင်ငံဟာ သားရဲမျိုးစိတ်တွေကို ရင်ဆိုင်ဖို့ ဇီးကွက်နိုင်ငံဟာ ဝိညာဥ်မျိုးစိတ်တွေကို ရင်ဆိုင်ဖို့ စသဖြင့် ဒီနည်းစနစ်ကို လိုအပ်နေတဲ့လူသားတွေ အများကြီးပဲ..."
စုချန်း၏ စကားကို ကြားရသောအခါ လူတိုင်းလိုလို အံ့သြကုန်ကြလေသည်။
စုချန်း၏ စကားကသွေးထွက်အောင် မှန်ကန်လှပေရာ သူတို့ ဘာပြန်ပြောရမှန်းပင် မသိတော့။
ရှောက်ဖေးနန် သက်ပြင်းတချက် ချလိုက်သည်။
"မင်းမှာ ဒီလောက် ကြီးကျယ်မြင့်မြတ်တဲ့ ရည်မှန်းချက်မျိုးရှိလိမ့်မယ်လို့ ကျုပ် တခါမှ မတွေးခဲ့မိဘူး"
"ကျုပ်ရဲ့ရည်မှန်းချက်ဟာ အမြဲတမ်း ကြီးကျယ်မြင့်မြတ်ခဲ့ပါတယ်ဗျာ"
စုချန်းက တည်ငြိမ်သောလေသံနှင့် ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ ရန်သူတွေလက်ထဲ ဒီနည်းစနစ် ရောက်သွားရင်ကော ဒါဆိုရင် ကျုပ်တို့ဘက်က အားသာချက်ကို ဆုံးရှုံးသွားလိမ့်မယ်"
အရာရှိတဦးက မေးလိုက်ပြန်သည်။
စုချန်း ခေါင်းညိတ်လိုက်၏။
"မှန်ပါတယ် ထာဝရတည်မြဲတဲ့ လျှို့ဝှက်ချက်ရယ်လို့ ရှိမှမရှိပဲ အရေးကြီးတာက ကျုပ်တို့ရဲ့ ရန်သူတွေဟာ ဒီနည်းစနစ်ကို အသုံးမချနိုင်ဖို့ပဲ သတ်ဖြတ်သူတွေမှာ ကိုယ်ပိုင်ဆေးမင်ရှိပြီးသား ပြီးတော့ ကျုပ်ဖန်တီးထားတဲ့ဆေးမင်ဟာ မူလစွမ်းအင်အပေါ် မှီခိုထားတဲ့အတွက် ဒီကောင်တွေ ဒါကို အသုံးမချနိုင်ဘူး ဝိညာဥ်မျိုးစိတ်တွေ သူတို့ကတော့ ကိုယ်ခန္ဓာကို မရှိတဲ့အတွက် ထည့်တွေးစရာ မလိုတော့ဘူး လူပျံတော်မျိုးစိတ်တွေ သူတို့ကတော့ ဒီနည်းစနစ်ကို အသုံးချကောင်းချနိုင်တယ် ဒါပေမဲ့ သူတို့ရဲ့ ကိုယ်ခန္ဓာက အားနည်းတယ် နာကျင်မှုဒဏ်ကို ခံနိုင်ရည်မရှိဘူး ဒါကြောင့် သူတို့အများစုက ဒါကို အသုံးမပြုနိုင်ဖို့ များတယ် ဒီတော့ ဒီနည်းစနစ်ကို အသုံးပြုနိုင်မဲ့မျိုးစိတ်ဆိုလို့ ပင်လယ်လူသားမျိုးစိတ်ပဲ ကျန်တော့တယ် ဒါပေမဲ့ သူတို့ရဲ့အခြေအနေကို အားလုံး သိပြီးသားပဲလေ ကျုပ်တို့အကြားမှာ ငြိမ်းချမ်းရေး ရခဲ့တာကြာပြီ ကျုပ်သာဆိုရင် ငြိမ်းချမ်းရေးကို အဓွံ့ရှည်အောင် ဒီနည်းစနစ်ကို သူတို့လက်ထဲ အလကားတောင် ထည့်ပေးလိုက်ချင်သေးတယ်"
စုချန်းစကားဆုံးသွားသည်နှင့် အရာရှိများသည် တယောက်နှင့်တယောက် ဆွေးနွေးကြတော့သည်။ ပြင်းပြင်းထန်ထန် ဆွေးနွေးပြီးသကာလ တချို့မှာ ခေါင်းညိတ်ကြ၏။ တချို့က ခေါင်းခါကြလေသည်။
နောက်ဆုံးတွင် အရာရှိတဦးက ပြောလိုက်၏။
"ကျုပ်တို့အနေနဲ့ အကြီးအကဲတွေကိုယ်စား ဆုံးဖြတ်ချက်ကို တထိုင်တည်းတော့ မချနိုင်ဘူး ဒါပေမဲ့ မင်းပြောတာတွေ အဓိပ္ပာယ်ရှိတယ် ဒီတော့ ကျုပ်တို့က ဒါကို ဆက်ပြီး တင်ပြပေးမယ် ဒါပေမဲ့ မင်းအနေနဲ့ ဆုံးဖြတ်ချက်ကို ပြန်စဥ်းစားဖို့ ကျုပ်တို့ဖက်က မျှော်လင့်နေတုန်းပဲ ရွှေရေခံတပ်အနေနဲ့ ဒီနည်းစနစ်ကို စျေးကောင်းပေးဝယ်ဖို့ ဆန္ဒရှိတယ်"
စုချန်း ခေါင်းခါလိုက်၏။
"ဒါ ငွေကြေးကြောင့် မဆိုင်ဘူးဗျ လူသားတွေအကုန်လုံး အင်အားကောင်းလာဖို့အတွက် ကျုပ် ဒီလို ဆုံးဖြတ်ရတာပဲ သွေးနီဥပြိုကွဲဆေးမင်နဲ့ပတ်သက်လို့ အရေးကြီးဆုံးအချက်က စျေးချိုတယ် ပြီးတော့ လူသားမျိုးစိတ်တခုလုံးရဲ့ အင်အားကို မြှင့်တင်ပေးနိုင်တယ် ဒါက်ို ရွှေရေခံတပ်တခုတည်းအတွက်ပဲ သုံးလိုက်ရင် သက်သက်မဲ့ ဖြုန်းတီးသလို ဖြစ်သွားမှာပေါ့ ဒါမှမဟုတ် လောင်စန်းတနိုင်ငံတည်းမှာပဲ ဒါကို ဖြန့်လိုက်ပြန်ရင်လဲ တယောက်လက်က တယောက်ပြောင်းပြီး နောက်ဆုံးမှာ ဒီအကြောင်းကို လူတွေအကုန်သိသွားမှာပဲ ဒါကြောင့် ကျုပ် ပင်ပင်ပန်းပန်း အားထုတ်ထားတဲ့အလုပ်ကို သူများ အညွန့်ခူးသွားတာ ခံမဲ့အစား ကိုယ်တိုင်ပဲ စျေးပေါပေါနဲ့ ရောင်းချဖို့ ကျုပ် ဆုံးဖြတ်လိုက်တာ"
***