← Chapters

လင်းဟွာရဲတိုက်

Vol. 61 Ch. 608

လင်းဟွာရဲတိုက်

Vol. 61 Ch. 608

ရွှေရေခံတပ်မှ ထွက်ခွာပြီး မြစ်ကိုဖြတ်ကူးလိုက်သည်နှင့် စုချန်းတယောက် ဟာဗေးလွင်ပြင်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်သွားတော့၏။

ကနဦးက သတ်ဖြတ်သူစခန်းများသည် ဟာဗေးလွင်ပြင်အစပ်တွင် ဖြစ်သည်။ သို့သော် မကြာခန တိုက်ခိုက်ခံနေရခြင်းကြောင့် ၎င်းတို့၏ ပိုင်ဆိုင်မှုနယ်နိမိတ်မျဥ်းများမှာ မည်သ်ို့မှ မတည်ငြိမ်နိုင်ခဲ့။ ဟာဗေးလွင်ပြင်၏ ပိုင်ဆိုင်မှုသည်လည်း မကြာခန လက်ပြောင်းသွားလေ့ရှိပေသည်။

ဤယနေ့ခေတ်တွင်တော့ ဟာဗေးလွင်ပြင်သည် သတ်ဖြတ်သူများ၏ အဓိကနယ်မြေ မဟုတ်တော့။ ၎င်းသည် သံနိုင်ငံနှင့် သဲနိုင်ငံ၏ တောင်ဘက်ခြမ်းနယ်မြေတခုအဖြစ်သာ ရှိတော့သည်။ မည်သို့ဆိုစေ ဟာဗေးလွင်ပြင်သည်ကား ထူးခြားဆန်းပြားသည့် မြေမျက်နှာသွင်ပြင် အမျိုးမျိုးရှိနေသည့် ကျယ်ပြောလှသော နယ်မြေကြီးပင်တည်း။

အလင်းနတ်ဘုရားခေတ် လူသားများအသာစီးရခဲ့စဥ်က စိတ်ဓာတ်ကြံ့ခိုင်သော သတ်ဖြတ်သူများသည် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာသန်မာမှုကို အားပြုကာ လွင်ပြင်များ၊ တောအုပ်များ၊ ဖုန်ဆိုးပြင်များကို ဖြတ်ကျော်ပြီး အနက်ရောင်မြေပြန့်ဟူသော အရပ်သို့ ရောက်လာခဲ့ကြ၏။ ထို့နောက် ၎င်းတို့သည် ထိုနေရာတွင် အခြေပြုကာ တန်ပြန်တိုက်ခိုက်ခဲ့ကြလေသည်။

ထို့ကြောင့် ထိုလမ်းတလျှောက်တွင် သွေးပင်လယ်ကြီးနှင့် ဖုံးလွှမ်းနေ၏။ တဖက်တချက်ရှိ တောင်များပေါ်တွင် အလောင်းများ တောင်ပုံရာပုံ ဖြစ်နေ၏။

ထိုလမ်းသည် ယခုတိုင် တည်ရှိနေသေး၏။ ထိုလမ်းအား အနက်ရောင်ရှမ်းဆီး(အပင်တမျိုး)လမ်းဟု ခေါ်ပြီး ၎င်းလမ်းသည် သတ်ဖြတ်သူများ၏ စိတ်ဓာတ်နှင့် အကြောက်တရားကင်းမဲ့ပုံကို ဖော်ကျူးနေပေသည်။ တနည်းအားဖြင့် ထိုလမ်းသည် သတ်ဖြတ်သူများ ဟာဗေးလွင်ပြင်မှ အနက်ရောင်မြေပြန့်သို့ ပင်ပန်းကြမ်းတမ်းစွာ ခရီးနှင်ခဲ့ရပုံက််ို ညွှန်ပြနေ၏။

အမျိုးမျိုးအဖုံဖုံသော သတ်ဖြတ်သူအသိုက်များ တည်ရှိနေသည့် ထိုလမ်းတလျှောက်တွင် ကွဲပြားခြားနားသည့် ဓလေ့စရိုက်များ၊ မြို့ပြများကိုလည်း မြင်တွေ့နိုင်၏။ ၎င်းမှာ ဟင်းလင်းပြင်ကြီးတွင် ဟိုတစ သည်တစ ပြန့်ကျဲနေသော ပုလဲလုံးများနှင့်ပင် တူနေသေးသည်။

မည်သို့ဆိုစေ သတ်ဖြတ်သူအသိုက်များသည် နယ်စပ်နှင့် နီးကပ်စွာ တည်ရှိနေကြသောကြောင့် ၎င်းတို့သည် အမြဲလိုလ်ို သတ်ိရှိနေကြ၏။ ထို့ပြင် မကြာခန တိုက်ပွဲဝင်နေရသောကြောင့် သာမာန်သတ်ဖြတ်သူများပင်လျင် ထူးချွန်စွာ တိုက်ပွဲဝင်နိုင်ကြလေသည်။

ထို့ကြောင့် သတ်ဖြတ်သူတိုင်းလိုလိုသည် ဓားက်ိုဆွဲထုတ်လိုက်သည်နှင့် တပြိုင်နက် စစ်သားများ ဖြစ်ကုန်ကြသည်ဟု ဆိုနိုင်၏။

၎င်းတို့ကို လူသားများ၏ တိုက်ခိုက်မှုကို ကာကွယ်ရန် တည်ဆောက်ထားသည့် ခံတပ်များဟု ဆိုနိုင်သလို သတ်ဖြတ်သူမျိုးစ်ိတ်များ၏ ရှေ့တန်းတိုက်ခိုက်ရေးအမြောက်များဟုလည်း သတ်မှတ်နိုင်၏။

တနေရာတွင် အခိုင်အမာ ခံစစ်ပြုပြီး ကျွမ်းကျင်ပညာရှင်များနှင့် ရန်သူများအား ပြန်လည်တွန်းလှန်တတ်ကြသည့် လူသားများနှင့် မတူသည်မှာကား သတ်ဖြတ်သူများသည် ပြန့်ကျဲစွာ နေထိုင်ကြပြီး ၎င်းတို့အားလုံးလိုလိုသည် ထောင်ချောက်များ ဆင်ခြင်းကို ကျွမ်းကျင်ကြခြင်းပင်။

အထက်ပါ အကြောင်းတရားများကြောင့် ဟာဗေးလွင်ပြင်သည် အလွန်ကြမ်းတမ်းခက်ထန်သော နေရာဖြစ်ပြီး ဤလွင်ပြင်အတွင်း ထိုးရောက်ဝင်ရောက်လာသော လူသားတပ်ဖွဲ့များအနေနှင့် အချိန်မရွေး သတ်ဖြတ်သူများ၏ လက်ချက် မိသွားနိုင်ပေသည်။

ဤသည်မှာ ရန်သူများအား ခုခံတိုက်ခိုက်ရန် သတ်ဖြတ်သူများ အမြဲတစေ ရွေးချယ်ခဲ့သည့် နည်းလမ်းပင်။

ဤအနေအထားတွင် လင်းဟွာရဲတိုက်သည် သတ်ဖြတ်သူများအတွက် အရေးကြီးသော အချက်အချာနေရာပင် ဖြစ်သည်။

ရဲတိုက်သည် ဒန်ချလာရေကန်အနီးရှိ ပြန့်ကြီးပေါ်တွင် တည်ရှိ၏။ ရဲတ်ိုက်၏ ပုံစံမှာကား ပျက်စီးယိုယွင်းနေ၏။ အရိုင်းဆန်၏။ ဤနေရာမျိုးတွင် ပုတ်သင်အသိုက်မှ သတ်ဖြတ်သူများသည် မည်သို့ပုန်းအောင်းပြီး ကောင်းကင်ဘုံလက်သီးတပ်ရင်းအား ခြုံခိုတိုက်ခိုက်ခဲ့သည်မှာ အံ့သြစရာပင်။

၎င်းမှာ အတော်ပင် ထူးဆန်းနေ၏။

မည်သို့ဆိုစေ စုချန်း ရောက်သွားသည့်အချိန်တွင် အဆ်ိုပါတ််ိုက်ပွဲဖြစ်ပွားခဲ့သည်မှာ လေးနှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် လင်းဟွာရဲတိုက်သည် ပုံမှန်အနေအထားသို့ပင် ပြန်လည်ရောက်ရှိနေခဲ့လေပြီ။

ရဲတိုက်နံရံများသည် အနီရောင်ရွှံကျောက်များဖြင့် ပြုလုပ်ထားပြီး တချက်မျှ တွန်းလိုက်ရုံနှင့် ပြိုလဲသွားမည့်ပုံ ပေါ်နေ၏။ သို့သော် ရဲတိုက်ရှေ့ရှိ ကျုံးရိုးနှင့် ရဲတိုက်နံရံများပေါ်ရှိ ကမ္ဗည်းစာများက ဤရဲတိုက်သည် သာမာန်မဟုတ်ကြောင်း ဖော်ပြနေလေသည်။

ရဲတိုက်အနီးသို့ရောက်သည်နှင့် ပုံစံပြောင်းလဲခြင်းမူလပစ္စည်းကိုသုံးပြီး စုချန်းတယောက် သတ်ဖြတ်သူတဦးအဖြစ် ပုံစံ ပြောင်းလဲလိုက်၏။

ယခုဆိုလျင် စုချန်းသည် ညိုမောင်းသော အသားအရေ၊ ထူထဲသောအစွယ်များနှင့် ကျောတွင် စစ်သုံးပုဆိန်ကြီးတလက်လွယ်ထားသည့် သတ်ဖြတ်သူတဦး ဖြစ်သွားပေပြီ။ စုချန်း ဆင်မြန်းထားသည့် အဆင်တန်ဆာများမှာ ရွှေရေခံတပ် သိုလှောင်ခန်းအတွင်းမှ ရလာခြင်းဖြစ်ပြီး ၎င်းသည် သတ်ဖြတ်သူဗိုလ်ချုပ်တဦး ပိုင်ဆိုင်ခဲ့သော ပစ္စည်းများပင်။

ဤနည်းအားဖြင့် စုချန်းသည် လင်းဟွာရဲတိုက်အတွင်းသို့ အလွယ်တကူပင် ထိုးဖောက်ဝင်ရောက်လာခဲ့၏။ ရဲတိုက်၏ ရှေ့ဂိတ်တံခါးပေါ်တွင် ချိတ်ဆွဲခံထားရသော အလောင်းတချို့ ရှိနေ၏။ ထိုအလောင်းများကား လူသားများပင်တည်း။

မည်သို့ဆိုစေ မည်သည့်နေရာတွင်မှ အလောင်းများ တောင်ပုံရာပုံ ဖြစ်နေခြင်းကို မမြင်ရသည့်အတွက် စုချန်း အတော်လေး စိတ်သက်သာရသွား၏။ သတ်ဖြတ်သူများသည် ရန်သူများ တုန်လှုပ်သွားစေရန် အလောင်းများကို စုပုံထားတတ်သည့် ဓလေ့မျိုး ရှိကြသည် မဟုတ်ပါလား။

ရှောက်ဖေးနန် ပြောသည့်အတိုင်း ကောင်းကင်လက်သီးတပ်ရင်းသည် ထောင်ချောက်အတွင်းမှ လွတ်မြောက်သွားပြီး လွင်ပြင်အတွင်းပိုင်းဆီသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားမိဟန် ရှိနေ၏။

ယခု စုချန်း စုံစမ်းရမည့် တခုတည်းသောအရာမှာ ကောင်းကင်ဘုံလက်သီးတပ်ရင်း ထွက်ပြေးသွားသော လမ်းကြောင်းပင် ဖြစ်သည်။

၎င်းကို စုံစမ်းရန်မှာလည်း သိပ်မခက်လှ။ သတ်ဖြတ်သူများ ဘယ်လမ်းကြောင်းကို ဦးတည်နေကြောင်း စုံစမ်းလိုက်ရုံသာ။

သတင်းစုံစမ်းရန် အကောင်းဆုံးနေရာမှာလည်း အရက်ဆိုင်မှလွဲ၍ တခြားမရှိ။

ကံကောင်းထောက်မစွာဖြင့် လင်းဟွာရဲတိုက်၏ အလယ်တွင် အနီရောင်ဟု အမည်ရသော ဝိုင်အရက်ဆိုင်တဆိုင် ရှိနေ၏။

ထိုအခါ စုချန်းသည် သူ သတ်လာခဲ့သည့် မြေခွေးအသေကောင်ကြီးကို ထမ်းပြီး ဝိုင်အရက်ဆိုင်အတွင်း လှမ်းဝင်လိုက်သည်။ သူ့ပတ်ပတ်လည်တွင် သတ်ဖြတ်သူများသည် အရက်သောက်လျက်၊ တယောက်နှင့်တယောက် အော်ဟစ်ဆဲဆိုလျက် ရှိနေကြ၏။ မည်သူမှ စုချန်းကို သတိမထားမိ။

ထိုအခါ စုချန်းသည် ကောင်တာသို့ လျှောက်သွားပြီး မြေခွေးအသေကောင်ကို ပစ်ချကာ မေးလိုက်၏။

"ဒီကောင်ကြီးဆိုရင် ဘယ်လောက် တန်ကြေးရှိမလဲ ကျုပ်က်ို ပြောစမ်းပါ"

နေရာတိုင်းတွင် မူလကျောက်တုံးများကိုသာ ငွေကြေးအဖြစ် သုံးစွဲကြသော်လည်း သတ်ဖြတ်သူမုဆိုးအဖြစ် ဟန်ဆောင်ထားသောကြောင့် စုချန်းက မြေခွေးအသေကောင်ကား ငွေကြေးအဖြစ် သုံးစွဲလိုက်ခြင်းပင်။

ကျေးဇူးတင်စရာကောင်းသည်မှာ နဂါးကျောင်းတော်၏ ကျေးဇူးကြောင့် စုချန်းသည် သတ်ဖြတ်သူစကားကို အတော်လေး ပြောဆိုနိုင်ပြီး ၎င်းတို့၏ ဓလေ့ထုံးစံများကိုလည်း နားလည်နေခြင်းပင် ဖြစ်သည်။

ကောင်တာရှိ သတ်ဖြတ်သူက မြေခွေးအသေကောင်က်ို စစ်ဆေးပြီး ပြန်ဖြေလိုက်၏။

"ငါးဆယ်"

စုချန်း ပုခုံးတွန့်လိုက်၏။

"နည်းလွန်းတယ် ဘာပဲဖြစ်ဖြစ် ထားပါလေ ကျုပ်ကို ဝိုင်အရက် နည်းနည်းပေး"

ကောင်တာမှ သတ်ဖြတ်သူက စုချန်းအတွက် ဝိုက်တခွက် ငှဲ့ပေးလိုက်သည်။ ထိုဝိုင်မှာ မည်သည့်ဝိုင်အမျိုးအစားမှန်း စုချန်း မပြောတတ်။ သို့သော် ဝိုင်မှာ သွေးကဲ့သ်ို့ ရဲရဲနီနေ၏။ ဆိုင်နာမည်နှင့် လိုက်ဖက်လှပေသည်။

စုချန်း ဝိုင်ခွက်ကို တကြိုက်တည်းနှင့် မော့ချလိုက်သည်။ သူ့နှာခေါင်းအတွင်းမှ သွေးညှီနံ့များ ပြန်ထွက်လာသကဲ့သို့ စုချန်း ခံစားလိုက်ရ၏။

"ခင်ဗျားဆီမှာ တခြားအမျိုးအစား နဂါးသွေးဝိုင်တွေ မရှိတော့ဘူးလား"

"ဒီဆိုင်မှာ ဒီဝိုင်တမျိုးပဲ ရှိတယ်ကွ မင်း မသောက်ချင်ရင်မသောက်နဲ့ တခြားကောင်တွေကို ရောင်းလိုက်မယ်"

တကယ်တော့ စုချန်းအနေနှင့် မည်မျှပင် သတ်ဖြတ်သူလေသံကို တုပပြောနေစေကာမူ သူ့လေသံမှာ နယ်ခြားမှလာသူနှင့် တူနေ၏။ ကံကောင်းသည်မှာ အမျိုးမျိုးအဖုံဖုံသော သတ်ဖြတ်သူအသိုက်များ ရှိနေပြီး ဒေသယ်ိစကားများကလည်း ကွဲပြားနေကြခြင်းပင်။ ထို့ကြောင့် စုချန်း အသံဝဲနေခြင်းကို မည်သူမှ သံသယမဝင်။ သို့သော် ဒေသယိစကားတိုင်းနှင့် ရင်းနှီးသော ရှေးဦးသတ်ဖြတ်သူတဦးနှင့် တွေ့ပါက စုချန်းအဖို့ ဒုက္ခရောက်သွားဖွယ်ရာ ရှိလေသည်။

ထို့ကြောင့် စုချန်းအနေနှင့် နောက်ထပ်ဆောင်ရွက်ရမည့်အရာမှာ သတ်ဖြတ်သူဘာသာစကားနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာရန်ပင်။

"ဆိုးပကွာ ဒီနယ်စပ်မှာ ဘာမှ ကောင်းတာမရှိဘူးပဲ လူသားတွေက်ို သတ်ချင်လို့သာပေါ့ မဟုတ်ရင် ဒီကို လာစရာအကြောင်းကို မရှိတာ"

စုချန်း တီးတိုးရေရွတ်လိုက်သည်။

"လူသားတွေကို သတ်ဖို့ ဟုတ်လား"

ကောင်တာရှိ သတ်ဖြတ်သူက ရယ်မောလိုက်၏။

"လွန်ခဲ့တဲ့ လတချို့ကဆိုရင်တော့ ဟုတ်အုံးမယ် ခုတော့ နောက်ကျသွားပြီကွ"

"ဒါ ကျုပ်အမှား မဟုတ်ဘူးကွ သတင်းရောက်တာကိုက နောက်ကျတာ ကျုပ်လဲ ကြားကြားချင်း ပြေးလာခဲ့တာပဲ ဒါပေမဲ့ နောက်ကျသွားပြီ ခုကျတော့ ဘယ်ကိုလိုက်ရမှန်းတောင် ကျုပ် မသိတော့ဘူး"

စုချန်းက ဝိုင်ခွက်ကို မော့ရင်း စကားတောက်လိုက်ပြန်သည်။

"လူသားတွေ မြောက်ဘက်က်ို ထွက်ပြေးသွားကြတယ် ခုလောက်ဆို အကုန်သေကုန်ရောပေါ့"

သတ်ဖြတ်သူတဦးက ဝင်ပြောလိုက်၏။

"အဲလိုတော့ တထစ်ချ ပြောလို့မရဘူးကွ လာမီကတ်ဂျာချန်းနဲ့ သူ့တပ်ဖွဲ့တွေတောင် ခုထိမှ ပြန်မရောက်သေးတာပဲ"

ကျန်သတ်ဖြတ်သူတဦးက ဝင်ပြောလိုက်ပြန်သည်။

"သူ လူခေါင်းပြတ်တွေ သယ်ပြီး ပြန်လာမှာပါကွာ"

"ဒါမှမဟုတ် အရှက်တကွဲ ရှုံးပြီး ပြန်လာရင်လဲ ပြန်လာမှာပဲ"

"ဘယ်ဇာ စကားပြောတာ ဂရုစိုက်စမ်း မင်း ဒုက္ခရောက်ချင်နေတာလား"

"ဒုက္ခရောက်တော့ ဘာဖြစ်သတုန်းကွ လာမီကတ်ဆိုတဲ့ ခွေးသားကို ငါ မုန်းတယ် သေအောင်မုန်းတယ် ဒီတော့ မင်းနဲ့ဘာမှမဆိုင်ဘူး အသာနေစမ်း"

"ခွေးမသား"

ပြောရင်းဆိုရင်းနှင့်ပင် ဝိုင်အရက်ဆိုင်အတွင်းရှိ သတ်ဖြတ်သူများသည် အချင်းချင်း ထသတ်ကြကုန်တော့၏။

***

All Chapters