← Chapters

ပုံရိပ်ယောင်နယ်ပယ်၏ လျှို့ဝှက်ချက်များ

Vol. 61 Ch. 609

ပုံရိပ်ယောင်နယ်ပယ်၏ လျှို့ဝှက်ချက်များ

Vol. 61 Ch. 609

သတ်ဖြတ်သူဝိုင်အရက်ဆိုင်များ၏ အပြင်အဆင်သည် ဘာအဆင်တန်ဆာမှ မရှိပဲ ရိုးရှင်းလှသည်။ ၎င်းတို့၏ တည်းခိုခန်းများရှိ အိပ်ယာများမှာ မြက်ထူထူခင်းထားပြီး အပေါ်တွင် သားရဲအရေခွံမျှသာ အုပ်ထားလေသည်။

နွေမိုးဆောင်းမဟူ သတ်ဖြတ်သူတည်းခိုခန်းများ၏ အပြင်အဆင်မှာ ထိုအတိုင်းပင်။

စုချန်းသည် မြက်အိပ်ယာပေါ်သို့ လှဲချပြီး မျက်လုံးအစုံကို မှိတ်လိုက်၏။ ထို့နောက် သူက အိပ်မက်နယ်ပယ်အတွင်းသို့ ဝင်ရောက်လိုက်လေသည်။

တကယ်တော့ စုချန်း၏ လုပ်ရပ်မှာ အန္တရာယ်များလှ၏။ သို့သော် သူ့တွင် တခြားရွေးချယ်စရာ မရှိ။ ကောင်းကင်ဘုံလက်သီးတပ်ရင်းနှင့် ပတ်သက်၍ တိကျခိုင်လုံသောသတင်းတချို့ ရရှိရန် လိုအပ်နေသည် မဟုတ်ပါလား။ ဝိုက်အရက်ဆိုင်အတွင်း တိကျသော သတင်းမရခဲ့၍ အိပ်မက်နယ်ပယ်အတွင်းသို့ သူ ဝင်ရောက်လိုက်ရခြင်းပင်။

သို့သော် အိပ်မက်နယ်ပယ်အတွင်းရောက်သည်နှင့် တစုံတခု မှားယွင်းနေကြောင်း စုချန်း ချက်ချင်းသဘောပေါက်သွားတော့သည်။

သူသည် ဂဲရစ်ဆန်မြို့အတွင်းမှာပင် ရှိနေသေး၏။ သို့သော် ထ်ိုမြို့မှာ ယခင် သူရောက်ဖူးသောမြို့နှင့် လားလားမျှမတူ။ ယခု သူရောက်နေသောမြို့သည် သေးငယ်၏။ယိုယွင်းပျက်စီးနေ၏။ မြင်ကွင်းမှာ လူသားတို့၏ အိပ်မက်နယ်ပယ်နှင့် လားလားမျှ မတူ။ စုချန်းနှင့် သိပ်မဝေးလှသော နေရာတွင် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်သူတချို့ ရှိနေ၏။ ၎င်းတို့အားလုံး မူလပကတ်ိအတိုင်း လူပုံစံပြောင်းလဲနေသော စုချန်းအား အထိတ်တလန့်နှင့် ငေးကြည့်နေကြလေသည်။

သေစမ်း...

သူအကြီးအကျယ် ဒုက္ခရောက်ပြီမှန်း စုချန်း သဘောပေါက်လိုက်သည်။

"လူသားဟေ့"

ထိုသတ်ဖြတ်သူများအနက်မှ တဦးက ကျယ်လောင်စွာ အော်ဟစ်ပြီး စုချန်းဆီသို့ ပြေးဝင်လာ၏။

"သေချင်လို့"

စုချန်းက တချက်မဲ့လိုက်ပြီး လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ မီးလျံအမှုန်ပေါင်းများစွာသည် မီးလျံငှက်ကြီးတကောင်အဖြစ် ပြောင်းလဲသွားပြီး ထိုအနီးအနာရှိ သတ်ဖြတ်သူများအား ပြကျသွားစေ၏။

သို့သော် အိပ်မက်နယ်ပယ်ထဲတွင်ဖြစ်နေ၍ ထိုသတ်ဖြတ်သူများသည် အပြင်တွင် တကယ်သေသွားသည်မဟုတ်။ ထိုတခနသော အချိန်လေးအတွင်းမှာပင် အနှီသတ်ဖြတ်သူများ၏ စိတ်ဝိညာဥ်များသည် အိပ်မက်နယ်ပယ်ထဲတွင် ပြန်ပေါ်လာပြီး သူတို့နယ်မြေအတွင်း လူတယောက် ရောက်နေကြောင်း အချင်းချင်း သတင်းဖြန့်လိုက်ကြ၏။

သို့သော် ကန့်သတ်နယ်မြေထဲတွင် တိုက်ခိုက်လိုက်ခြင်းဖြစ်၍ စုချန်းမှာ သတိပေးခံလ််ုက်ရ၏။ ဤတကြိမ်တွင် စုချန်းတယောက်က် ငွေကြေးကုန်ကျမည်ကို မနှမြောနိုင်တော့။

ချက်ချင်းပင် လုလုအား ဆင့်ခေါ်ပြီး အိပ်မက်အမှုန်အများအပြားက်ို သူမလက်ထဲသို့ ထည့်ပေးရင်း စုချန်းက ပြောလိုက်သည်။

"ကျုပ်က်ို ချက်ချင်း ပုံပြောင်းပေးစမ်း"

"ရှင် ဒီလိုသာ ပုံပြောင်းနေရင် တနေ့ကို မူလကျောက်တုံး သုံးသောင်းလောက် ကုန်ကျနေလိမ့်မယ် ဒါပေမဲ့ ရှင့်အဆင့်ကို အိပ်မက်သခင်အဆင့်ထိ မြှင့်လိုက်ရင်တော့ တနေ့ကို မူလကျောက်တုံး တထောင်ပဲ ကုန်တော့မယ်"

"အေး လုပ်လိုက်စမ်းကွာ"

စုချန်း ချက်ချင်းပင် အမိန့်လေးလိုက်သည်။ သူ့ထံတွင် သွေးနီဥပြိုကွဲဆေးမင်ရောင်းချခြင်းမှ အိပ်မက်အမှုန် မီလျံရာနှင့်ချီ၍ ရှိနေသည် မဟုတ်ပါလား။

"ကောင်းပါပြီရှင်"

လုလု ဝမ်းမြောက်ဝမ်းသာ အော်ဟစ်ရင်း လေထဲတွင် လှစ်ပတ်ပျံဝဲလိုက်သည်။ စုချန်း၏ အဆင့်သည်လည်း အိပ်မက်သခင်အဆင့်သို့ ရောက်သွား၏။ စုချန်း၏ ပုံစံမှာလည်း သတ်ဖြတ်သူတဦးအဖြစ် ပြောင်းလဲသွားလေသည်။

"ကျုပ်က်ို ဒီနေရာကအနေ အမြန်ထုတ်သွားစမ်း"

စုချန်း၏ အမိန့်သံ ထွက်ပေါ်လာသည်နှင့် လုလုက စုချန်းလက်က်ို ဖမ်းဆွဲလ်ိုက်သည်။ သူတို့နှစ်ယောက်မှာလည်း ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

သူတို့နှစ်ယောက် ပျောက်ကွယ်သွားသည်နှင့် များပြားလှသော သတ်ဖြတ်သူများ တဟုန်ထိုး ပြေးတက်လာကြ၏။

ကနဦး စုချန်း၏ သတ်ဖြတ်ခြင်းက်ို ခံရပြီး ပြန်ပေါ်လာသော သတ်ဖြတ်သူတဦးက အော်ဟစ်လိုက်သည်။

"ဒီကောင် ဒီအနီးအနားမှာပဲ ရှိနေအုံးမယ်ကွ"

ထူးထူးခြားခြား အရပ်ရှည်လှသော သတ်ဖြတ်သူတဦးက ပတ်ဝန်းကျင်ကို လှည့်ကြည့်ရင်း ပြောလိုက်ပြန်သည်။

"ဒီကောင် အိပ်မက်နယ်ပယ်က ထွက်သွားတာ ဖြစ်ရင်ဖြစ် မဟုတ်ရင် ပုံစံပြောင်းလိုက်တာပဲ ဖြစ်ရမယ် ဒီကောင် ဘာပဲလုပ်လုပ် သတ်ဖြတ်သူအိပ်မက်နယ်ပယ်ထဲမှာ သူပေါ်လာတာထောက်ရင် လူသားတွေ ဒီနယ်မြေထဲ ထိုးဖောက်ဝင်ရောက်လာတာ သိသာနေပြီ တောင်ပိုင်းဟာဗေးလွင်ပြင်စပ်က မြို့တွေကို အကြောင်းကြားထားလိုက်ဟေ့ လူသားသတင်းရသလား စုံစမ်းခိုင်း ဒီလိုမဟုတ်ရင်တော့ ဒီကောင်ဟာ ကိုယ့်ကိုယ်ကို ဖုံးကွယ်ထားနိုင်တဲ့ အစွမ်းရှိနေလို့ပဲ ဖြစ်ရမယ် ဒါဆိုရင် ဒီလူသားကိုရှာဖို့ ကောင်းကင်မျက်လုံးဘိုးဘေးကို အကြောင်းကြားရမယ်"

အနှီ သတ်ဖြတ်သူသည် အရပ်ရှည်လှပြီး ကြမ်းတမ်းလှ၏။ သို့သော် စကားပြောပုံမှာ အကြောင်းသင့်အကျိုးသင့်နိုင်လှသည်။ အနီးကပ်ကြည့်လျင် ၎င်း၏ နဖူးတွင် အမှတ်အသားတခုကို တွေ့မြင်နိုင်၏။ ထ်ိုအမှတ်အသားမှာ သတ်ဖြတ်သူများအနက် အသ်ိိညဏ်ရှိကြောင်း ဖော်ပြထားနေခြင်းပင်။

ထိုအချိန်တွင် စုချန်းကတော့ သတ်ဖြတ်သူနယ်မြေ သတင်းအချက်အလက်ခန်းမသ််ို့ ရောက်ရှိနေခဲ့လေပြီ။

သတ်ဖြတ်သူများအနေနှင့် သတင်းအချက်အလက်က််ို စိတ်မဝင်စားကြသောကြောင့် သတင်းအချက်အလက်ခန်းမတွင် သတင်းများများစားစား မရှိ။ သတ်ဖြတ်သူအနည်းစုသာ ထိုခန်းမထဲတွင် ရှိနေကြလေသည်။

တနည်းည်းအားဖြင့် သတင်းအချက်အလက်များများစားစား မရှိခြင်းဟူသည် စာရင်းထဲရှိ သတင်းတိုင်း အရေးကြီးကြောင်း ပြဆိုနေခြင်းပင်။

စုချန်းသည် စာရင်းထဲရှိ သတင်းတိုင်းကို မြန်မြန်ဆန်ဆန်ပင် ဖတ်ရှုပြီး ကောင်းကင်ဘုံလက်သီးတပ်ရင်းနှင့် ပတ်သက်၍ သဲလွန်စ တခုတလေ ရလိုရငြား မျှော်လင့်နေမိလေသည်။

သ်ို့သော် မည်သည့့်သဲလွန်စမှ စုချန်း မတွေ့။ ထိုအခါ စုချန်းသည် နံရံတဖက်ခြားသို့ လျှောက်သွားကာ ကျန်သတင်းများအား ဖတ်ရှုလိုက်ပြန်သည်။ ထိုစဥ် သတ်ဖြတ်သူတဦးက စုချန်းအား မသင်္ကာဖြစ်လာဟန်ဖြင့် လှမ်းအော်လိုက်၏။

"ဟေ့ မင်းဘယ်သူလဲ ဘယ်ကလဲ မင်းကို တခါမှ မမြင်ဖူးပါလား"

"ငါ့ရှေ့က ဖယ်လိုက်စမ်း"

စုချန်း ထအော်လိုက်သည်။ သူ့ကိုယ်ခန္ဓာဆီမှလည်း အားကောင်းပြီး ထူးခြားသော အရှိန်အဝါတခု ထွက်ပေါ်လာ၏။

အိပ်မက်သခင်အဆင့်သ်််ို့ရောက်လာပြီးနောက် စုချန်း၏ အိပ်မက်နယ်ပယ်ထဲရှိ ပုံရိပ်မှာ တမျိုးတဖုံ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ စုချန်း၏ ရှေ့ရှိ တံခါးကြီးတချပ် ပွင့်သွားပြီး မြင်မြင်သမျှ ထူးဆန်းနေသည်နှင့် တူလှသည်။

တကယ့်လက်တွေ့ဘဝရှိ စိတ်ဝိညာဥ်စွမ်းအင်က်ိုလည်း အိပ်မက်နယ်ပယ်အတွင်းသ်ို့ စုချန်း ကူးပြောင်းသယ်ယူလာနိုင်၏။

တနည်းအားဖြင့် စိတ်ဝိညာဥ်စွမ်းအားနှင့် ပတ်သက်၍ ကန့်သတ်ချက်များအား အိပ်မက်နယ်ပယ်က စုချန်းအတွက် ဖယ်ရှားပေးလိုက်သည့် သဘောပင်။

ယခုလည်း စုချန်း၏ ကိုယ်ခန္ဓာမှ ထွက်ပေါ်လာသော အရှိန်အဝါကြောင့် အနှီ သတ်ဖြတ်သူသည် နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်သွားရှာ၏။

သတ်ဖြတ်သူများသည် ရဲစွမ်းသတ္တိရှိခြင်း၊ အကြောက်အလန့်ကင်းခြင်းတို့ကြောင့် ထင်ရှား၏။ ယခု အနှီသတ်ဖြတ်သူ ကြောက်လန့်သွားသည်ကို ကြည့်လျင် စုချန်း ပြသလိုက်သော အင်အား မည်မျှ ကြီးမားကြောင်း သိသာနိုင်ပေသည်။

သတ်ဖြတ်သူသည် စုချန်းအား ထိတ်လန့်တကြားနှင့် မေးလိုက်၏။

"မင်း မင်း ဘယ်သူလဲ"

"မင်းကများ ငါ့ကို မေးရဲသလား"

စကားဆုံးသည်နှင့် စုချန်း၏ ကိုယ်တွင်းမှ အားလှိုင်းများ ထွက်ပေါ်လာ၏။ ပြင်းထန်လှသော အားလှိုင်းကို အနှီ သတ်ဖြတ်သူ မခံနိုင်။ အခိုးအငွေ့များအဖြစ် ပျောက်ကွယ်သွားလေ၏။

သူ့ကိုယ်ခန္ဓာမှ ထွက်ပေါ်လာသော အင်အားမှာ ကြောက်စရာကောင်းလွန်း၍ ကိုယ့်ကိုယ်က်ိုပင် စုချန်း အံ့သြသွား၏။

အနှီ သတ်ဖြတ်သူအနေနှင့် အပြင်ကမ္ဘာတွင် တကယ်မသေသည့်တိုင် စုချန်းကို ကြောက်ရွံ့ထိတ်လန့်သွားမည်ကတော့ သေချာနေခဲ့လေပြီ။

သူ့အား အနှောင့်အယှက်ပေးသည် သတ်ဖြတ်သူ ပျောက်ကွယ်သွားသည်နှင့် စုချန်းတယောက်က် အချိန်ဖြုန်းမနေတော့။ ကျန်သတင်းအချက်အလက်များအား မြန်မြန်ဆန်ဆန်ပင် ဖတ်ရှုလိုက်တော့သည်။

"တွေ့ပြီဟေ့"

နောက်ဆုံးတော့ စုချန်းတယောက် ကောင်းကင်ဘုံလက်သီးတပ်ရင်းနှင့်ပတ်သက်၍ သဲလွန်စရှာတွေ့နိုင်ခဲ့လေပြီ။ အနှီ သဲလွန်စအရ ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် ဒေါသမီးလျံတောင်တွင် ရှိနေသည်ဟူ၏။

သို့သော် ထိုသတင်းသည် လွန်ခဲ့သော တလမှ သတင်းဖြစ်၍ စိတ်ဓာတ်တက်ကြွစရာတော့ မရှိလှ။ မည်သို့ဆိုစေ ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် လွန်ခဲ့သော တလအထိ အသက်ရှင်နေသေးသည်ကိုတော့ စုချန်း သ်ိသွားလေပြီ။

မည်သို့ဆိုစေ စုချန်း အကြီးအကျယ် စိတ်လှုပ်ရှားနေသည်ကတော့ အမှန်ပင်။ သတင်းရသည်နှင့် သူ အိပ်မက်နယ်ပယ်အတွင်းမှ အမြန်ဆုံး ထွက်ခွာလာခဲ့၏။

ပြင်ပကမ္ဘာသည်ကား ပကတ်ိအတိုင်း ငြိမ်သက်တိတ်ဆိတ်လျက်ရှိ၏။ ထူးထူးခြားခြား တစုံတရာမှ မတွေ့ရ။

စုချန်းသည် အိပ်ယာပေါ်တွင် လဲလျောင်းရင်း သူ့ကိုယ်သူ ပြန်လည်ဆန်းစစ်ကြည့်မ်ိ၏။

သူ့စိတ်ဝိညာဥ်စွမ်းအားများကို ဖွင့်ထုတ်လိုက်သည့်အချိန်တိုင်း တစုံတခု ထူးခြားနေမှန်း စုချန်း ခံစားနေရ၏။ သူ့စိတ်ထဲတွင်လည်း ပင်လယ်ထဲသို့ရောက်နေသည့် ငါးတကောင်ကဲ့သ်ို့လည်းကောင်း၊ ကောင်းကင်တွင် ပျံသန်းနေသည့် ငှက်တကောင်ကဲ့သို့လည်းကောင်း စုချန်း ကြုံတွေ့နေရ၏။ မကြုံစဖူး သူ့စိတ်ဝိညာဥ်စွမ်းအားများမှာ အထူးပင် အားကောင်းနေချေသည်တကား။

၎င်းမှာ အိပ်မက်နယ်ပယ်၏ လျှို့ဝှက်ချက်များအနက်မှ တခုပင်ဖြစ်ကြောင်း စုချန်း သဘောပေါက်လိုက်ပေပြီ။

အိပ်မက်နယ်ပယ်ဟူသည်ကား အိပ်မက်အရှင်သခင်၏ စိတ်ဝိညာဥ်စွမ်းအားမှ ဖြစ်တည်လာခြင်းပင်။ တနည်းအားဖြင့် ၎င်းသည် အိပ်မက်အရှင်သခင်နှင့် အိပ်မက်ဝိညာဥ်များ၏ ပေါင်းစည်းကြိုးပမ်းမှုဟုလည်း ဆိုနိုင်သည်။

အိပ်မက်မက်ခြင်းသည် အိပ်မက်နယ်ပယ်အတွင်း ဝင်ရောက်ရန် တခုတည်းသော နည်းလမ်း ဖြစ်သည်။ အိပ်မက်နယ်ပယ်အတွင်း ရောက်သွားသည်နှင့် ထိုသူသည် ပြင်ပကမ္ဘာရှိ ကိုယ်ခန္ဓာအား ထိန်းချုပ်နိုင်စွမ်း မရှိတော့။ ၎င်း၏ စိတ်ဝိညာဥ်သာလျင် အိပ်မက်နယ်ပယ်အတွင်း နက်ရှိုင်းစွာ နစ်မြုပ်သွားရတော့၏။

မည်သို့ဆိုစေ ဤကိစ္စကြီးတခုလုံး၏ တကယ့်အမှန်တရားမှာ လူများသည် စိတ်ဝိညာဥ်အဆင့်တွင် အချင်းချင်း အပြန်အလှန် ဆက်သွယ်နေကြခြင်းပင်။

နောက်ဆုံးတော့ စုချန်းတယောက် အိပ်မက်နယ်ပယ်၏ ပကတိအမှန်တရားကို နားလည်သွားခဲ့လေပြီ။

လူအများစုအတွက် ထ်ိုသို့ နားလည်ရုံနှင့် ဘာမှ မထူးခြားနိုင်။ သို့သော် စုချန်းအတွက်တော့ ထိုနားလည်မှုသည် ကမ္ဘာသစ်တခု၏ တံခါးတချပ်အား ဖွင့်လှစ်လိုက်သည်နှင့် အတူတူသာ။

သေစေနိုင်သောစုန်းမအား အဆင့်မြှင့်တင်ရန် အချိန်ရောက်လာခဲ့လေပြီတည်း။

***

All Chapters