← Chapters

Chapter 9

Vol. 1 Ch. 9

Chapter 9

Vol. 1 Ch. 9

ကျန်းချွမ်ဟွားက လီမူလင်းရဲ့ အနည်းငယ်ရုပ်ဆိုးနေပြီဖြစ်တဲ့ မျက်နှာကို စိုက်ကြည့်ကာ သတ္တိရှိစွာပြောလာတယ်။

“ ကျွန်တို့အိမ်ထောင်ကျပြီးကတည်းက နှစ်အတော်ကြာအောင် ကျွန်မ မိဘတွေရဲ့ အိမ်မှာနေခဲ့ရပြီး ကျွန်မကလေးမွေးတုန်းကလည်း ကျွန်မရဲ့အမေကပဲ ဂရုစိုက်ပေးခဲ့ရတယ်.. ဒီတော့ ကျွန်မရဲ့မိသားစုကို ပိုက်ဆံပိုပေးရမယ်လို့ ထင်တယ်”

မဒမ်လီက ခေါင်းညိတ်လိုက်တယ်။

“ချွမ်ဟွားရဲ့ စကားတွေကလည်း ကျိုးကြောင်းဆီလျော်တယ်”

လီမူလင်းက ကျန်းချွမ်ဟွားကို စိုက်ကြည့်လိုက်ပြီး အသံနိမ့်နိမ့်နဲ့ပြောလိုက်တယ်။

“ ငါ့ရဲ့ယောက္ခမအိမ်မှာနေတုန်းက စားသောက်စရိတ်အတွက် ပိုက်ဆံနဲ့ ငါ့အမေအတွက်ချန်ထားတဲ့ပိုက်ဆံကလွဲလို့ တခြားကျန်တဲ့ပိုက်ဆံတွေအားလုံးကို ငါ့ရဲ့ယောက္ခမဆီကိုပေးခဲ့တယ်.. လွန်ခဲ့တဲ့နှစ်နှစ်ကမှ အိမ်ပြောင်းလာပြီးတဲ့နောက် အများကြီးမပေးခဲ့တော့တာ”

ကျန်းချွမ်ဟွားက ယုံကြည်ချက်ရှိစွာပြောလာတယ်။

“ကျွန်မရဲ့အိမ်မှာနေတုန်းက စားစရာသောက်စရာတွေအတွက် ပိုက်ဆံတောင်းနေကျပဲလေ.. အခု အိမ်ထောင်ကျတော့ ပြန်ပေးတာက ဘာမှားနေလို့လဲ? အခု ကျွန်မပြောတာ ဘာကမှားနေလို့လဲ?!”

“ဒါဆို ငါ ပြန်ပေးတာကရော ဘာမှားနေလို့လဲ”

လီမူလင်းပြန်မေးလိုက်တယ်။

ကျန်းချွမ်ဟွားက မဒမ်လီကို တစ်ချက်ကြည့်လိုက်ပြီး လီမူလင်းထံသိုပြန်လှည့်ကြည့်လိုက်တယ်။

“ကျွန်မရဲ့မိဘတွေက ကျွန်မတစ်ဦးတည်းကိုပဲ မွေးထားတာလေ.. သူတို့ကို ပိုက်ဆံများများပေးမှဖြစ်မှာပေါ့.. ဒါမှ သူတို့လည်း သက်သာရာရလိမ့်မယ်”

“ဒါပေမယ့်...”

ကျန်းချွမ်ဟွားက မျက်လုံးတွေ နီရဲလာခဲ့ပြီး သူမရဲ့မျက်ရည်တွေကို အင်္ကျီလက်ဖြင့် သုတ်လိုက်တယ်။

“ကျွန်မ ဒီစကားတွေ ပြောပြဖို့ လိုနေသေးလို့လား? ရှင်ကိုယ်တိုင် စဉ်းစားသင့်တယ်”

မဒမ်လီက သက်ပြင်းချလိုက်ပြီး ကျန်းချွမ်ဟွားကြည့်လိုက်တယ်။

“တကယ်တော့ မင်းရဲ့မိသားစု ဘယ်လိုမျိုးတွေးနေလဲဆိုတာ ငါ ခန့်မှန်းလို့ရတယ်”

မဒမ်လီ တစ်ချက်လှောင်ရယ်လိုက်ပြီး ဆက်ပြောလာတယ်။

“ငါက အသက်ကြီးနေပြီ မမြင်ဖူးတဲ့အရာ ဘာတစ်ခုမှ မရှိတော့ဘူး.. ငါရဲ့ ခြေထောက်တွေ တိုတာကိုပဲမကြည့်နဲ့.. ငါ အရင်က နတ်ဆိုးနှစ်ကောင်(ဂျပန်နယ်ချဲ့)ကိုတောင် သတ်ခဲ့ဖူးတယ်”

ကျန်းချွမ်ဟွားရဲ့ မျက်နှာက ပိုပိုပြီး လေးနက်လာခဲ့ကာ သူမ ရှင်းလင်းသွားတဲ့အချိန်ကျမှ မဒမ်လီက ဆက်ပြောလိုက်တယ်။

“ဒါပေမယ့် ငါက ယုတ္တိမတန်တဲ့လူမဟုတ်ဘူး.. နောက်ပြီး သူများတွေကို အရူးဖြစ်အောင် လှည့်စားတာကိုလည်း ငါမကြိုက်ဘူး.. မင်းက မူလင်းကို အနာဂတ်မှာ သူ့ရဲ့ ယောက္ခထီးနဲ့ ယောက္ခမကို ပြုစုလုပ်ကျွေးစေချင်နေတာမလား”

လီမူလင်းက ခဏလောက် အံ့အားသင့်သွားပြီး မဒမ်လီကို ကြည့်လိုက်ပြီးနောက် ကျန်းချွန်းဟွားဘက်ကို နောက်တစ်ကြိမ်ပြန်လှည့်ကြည့်လိုက်ပြန်တယ်။

မဒမ်လီက လီမူလင်းနဲ့ ကျန်းချွမ်ဟွားကို ဆေးတံနဲ့ ညွှန်ပြပြီး ပြောလိုက်တယ်။

“ငါ့ရဲ့ တုံးအလိုက်တဲ့သားကို ကြည့်လိုက်ဦး.. သူက မင်းတို့မိသားစုနဲ့ အတူနေလာတာ နှစ်ပေါင်းများစွာကြာနေပြီ.. ဒါပေမယ့် ဒီလှည့်ကွက်တွေကိုတောင် နားမလည်ခဲ့ဘူး”

ကျန်းချွမ်ဟွားရဲ့ မျက်ရည်တွေက မြေပြင်သို့ ပုတီးစေ့တွေလိုမျိုး တစ်စက်ပြီးတစ်စက်ပြုတ်ကျလာကာ သူမရဲ့ခေါင်းကို ငုံ့ထားလိုက်မိပြီး နှုတ်ခမ်းကိုဖိကိုက်နေခဲ့တယ်။ သူမ အခုဘာမှဆက်မပြောရဲတော့ဘူး။

မဒမ်လီက ဆေးရွက်ကြီးတချို့ကိုထုတ်ယူပြီး သူမရဲ့ ဆေးတံအို့ဆီသို့ထည့်ကာ မီးညှိလိုက်တယ်။ ပြီးနောက် ခပ်လေးလေးနှစ်ဖွာလောက်ရှူရှိုက်လိုက်ပြီး ဖြည်းဖြည်းချင်းပြောလာခဲ့တယ်။

“မင်းတို့ရဲ့မိသားစုထဲကို ဝင်ဖို့ဆိုတာတော့ လုံးဝလက်မခံနိုင်ဘူး.. ဒါပေမယ့် ငါ မင်ရှင်းတို့အကြောင်းကို ထည့်ရေးထားတဲ့စာကိုဖတ်ခဲ့တယ်.. ဆိုတော့ မင်းဆီမှာလည်း ဒီလိုအတွေးမျိုးမရှိလောက်တော့ဘူးလို့ ထင်ပါတယ်

မင်းရဲ့မိဘတွေကို ပြုစုစောင့်ရှောက်ပေးဖို့ မူလင်းကို တောင်းဆိုတာကတော့ ပြသနာမရှိပါဘူး.. မင်းရဲ့အဖေက သူ့ရဲ့ဆရာဖြစ်ခဲ့ဖူးတာပဲလေ.. ဟိုးအရင်တုန်းက ဆရာဆိုတာက အဖေနဲ့မခြားဘူးလို့ပြောကြတာပဲမလား.. ထပ်ပြောရရင် အိမ်ထောင်ကျပြီးသွားတဲ့နောက်မှာ မင်းရဲ့မိဘတွေက သူ့ရဲ့အဖေနဲ့အမေဖြစ်လာမှာပဲ.. သားမက်ဆိုတာက သားနဲ့ ဘာတွေများကွာခြားနေလို့လဲ..အဲဒီအပေါ်မှာ ဘာတွေများ ခက်ခက်ခဲခဲလုပ်နေရတာလဲ”

ကျန်းချွမ်ဟွားက သူမရဲ့မျက်နှာကို လက်နဲ့ဖုံးအုပ်ပြီး စတင်ငိုကြွေးလာတော့တယ်။ လီမူလင်းက ကျန်းချွမ်ဟွားကို စိတ်ရှုပ်ထွေးစွာကြည့်ပြီး ပြောလာတယ်။

“ယောက္ခမတွေဆီမှာ သားမရှိဘူးလေ.. သူတို့အသက်ကြီးလာရင် ငါတို့ကပဲ ပြုစုရမှာမဟုတ်ဘူးလား.. ဘာတွေများ ငိုစရာရှိလို့လဲ ?”

ကျန်းချွမ်ဟွားက ခေါင်းကို မော့ပြီးလီမူလင်းဆီကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။ သူမရဲ့မျက်နှာပေါ်မှာတော့ အံ့သြမှုနှင့် စိတ်အနှောက်အယှက်ဖြစ်မှုတွေ ရောယှက်နေခဲ့တယ်။

မဒမ်လီက ဒါကိုမြင်တော့ မရယ်ဘဲမနေနိုင်ဘူး။

“မင်းသာစောစောက ဒီစကားတွေကိုပြောခဲ့ရင် သူ(မ)က အဲလိုလုပ်နေစရာတွေ လိုဦးမှာတဲ့လား.. ဘယ်လို အရှုပ်တွေလဲ.. တကယ်ကို စိတ်အနှောက်အယှက်ဖြစ်သွားရတော့မှာ!”

လျို့ရှို့လန်က ဘေးနားကနေ ပရိသတ်တစ်ယောက်လို အေးအေးဆေးဆေးထိုင်ကြည့်နေခဲ့တာ။ အခု သူမရဲ့ ယောက်မဖြစ်သူက မျက်ရည်တွေစီးကျပြီး ငိုနေတာကိုမြင်တော့ မရယ်မောပဲ မနေနိုင်တော့ဘူး။

“ ကျွန်မရဲ့ ယောက်မတို့မိသားစုက အတွေးလွန်နေခဲ့တာ မဟုတ်လောက်ဘူး.. အရင်တုန်းက မျိုးဆက်တွေက ပြောခဲ့ကြတယ်လေ.. သမီးတစ်ယောက်ကိုလက်ထပ်ပေးလိုက်တာက ရေကိုသွန်ချလိုက်တာနဲ့အတူတူပဲလို့.. သူတို့က သူတို့တွေအိုမင်းလာတဲ့အချိန် ဘယ်သူမှ ဂရုမစိုက်တော့မှာကိုကြောက်နေခဲ့ကြတာဖြစ်မယ်”

မဒမ်လီက အေးစက်စွာ နှာမှုတ်လိုက်တယ်။

“မင်းတို့က ငါ့ကိုအဲလိုလူမျိုးလို့ မြင်နေတာလား မင်းတို့လိုဇနီးနှစ်ယောက်အကြောင်းကို မပြောနဲ့ဦး.. အဲဒီတုန်းက ပဲပိစပ်နဲ့ လဲလှယ်ပြီး ရရှိခဲ့တဲ့ ကွေ့ဟွားကို ငါပျိုးထောင်ခဲ့တာ.. ငါ သူမကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာကိုမြင်ဖူးလား.. တရုတ်နှစ်သစ်ကူးနဲ့ ပွဲတော်တွေမှာ သူမရဲ့ပစ္စည်းတွေကိုသိမ်းပြီး သူမရဲ့အိမ်ကိုပြန်ကြည့်တာကို ခွင့်မပြုဘူးလား”

လျို့ရှို့လန်က ရယ်မောလိုက်ရင်း:

“ သူများတွေက အမေ့လိုမျိုး အသိဉာဏ်ရှိပြီး တွေးတောပေးတတ်တဲ့ အမျိုးသမီးကြီးတွေ မဟုတ်ဘူးလေ!”

“ရတယ်.. ငါ့ကို မမြှောက်ပင့်နဲ့!”

မဒမ်လီကက သူမလက်ကို ဝှေ့ယမ်းပြီး ပြုံးလိုက်တယ်။

“အရှေ့ဘက်အိမ်က အရမ်းအသက်ဝင်နေတာကို ငါကြားတယ်.. မင်းအဲဒီကို သွားပြီး မင်းရဲ့ဒုတိယယောက်မကို ကျန်းကျန်းကို ခေါ်ပြီးလာခဲ့ဖို့ပြောလိုက်ဦး.. သူမရဲ့ဦးလေးကို ကြည့်ခိုင်းရမယ်.. ဒါက ငါတို့မိသားစုရဲ့ ပထမဆုံးမိန်းကလေးပဲ”

ကျန်းချွမ်ဟွားကတော့ သူမရဲ့မျက်နှာ ပျက်ရမှုအတွက် ပြန်လည် ဆေးကြောချင်တာကြောင့် နည်းလမ်းရှာနေခဲ့တယ်။

မဒမ်လီအတွက်ကတော့ သူမရဲ့နှလုံးသားထဲမှာ နှစ်ပေါင်းများစွာ ထုံးဖွဲ့နေခဲ့တဲ့ ကြိုးထုံးကို ရိုးရှင်းကြမ်းတမ်းစွာနဲ့ ဖြေချလိုက်နိုင်ပြီဖြစ်တာကြောင့် သူမ ပင်းချန်မှာရှိနေတုန်းကထက် ပိုမိုရွှင်လန်းလာခဲ့ပြီး အပြုံးက ပိုပြီးတောက်ပလာခဲ့တယ်။

လက်ရှိမှာ လျို့ရှို့လန်က လူသွားခေါ်ဖို့အတွက် ထသွားခဲ့တာကြောင့် ကျန်းချွမ်ဟွားက နေရာမှာတစ်ယောက်တည်းကျန်နေခဲ့ပြီး အနည်းငယ်ရှက်ရွံ့စွာထိုင်နေခဲ့တယ်။ ဒီတော့ သူ့ကိုယ်သူ နှိမ့်ချပြီး စကားစလိုက်ဖို့သာတတ်နိုင်ခဲ့တယ်။

“အမေက မိန်းကလေးတွေကို သဘောကျတတ်တာပဲ.. ဒါပေမယ့် အခုခေတ်မှာ အမေ့လိုမျိုး မိန်းကလေးတွေကိုသဘောကျတတ်တဲ့ ယောက္ခမမျိုးမရှိတော့ဘူးနော်”

အိုမင်းနေပြီဖြစ်တဲ့ မဒမ်လီက အခန်းထဲမှ ဆေးလိပ်ငွေ့တွေပြန်ထွက်သွားဖို့အတွက် သားဖြစ်သူကို ယပ်တောင်နဲ့ ယပ်ခတ်ခိုင်းနေခဲ့တာ။ ထိုအချိန်မှာ ကျန်းချွမ်ဟွားရဲ့စကာ့ကိုကြားတော့ သူမဆီကိုငုံ့ကြည့်ပြီးပြောလိုက်တယ်။

“ဒီလိုချဉ်စုတ်နံစော်တဲ့ ရှာလကာရည်ကို ငါ့ရှေ့မှာ လာပြီးမစားပြနဲ့.. ငါ မင်းကို ရှင်းရှင်းလင်းလင်းပြောလိုက်မယ်.. ငါ့ရဲ့နေရာမှာ မြေးမလေးက မြေးတွေထက် ပိုပြီး အဖိုးထိုက်တန်တယ်.. ကျန်းကျန်းက ငါတို့မိသားစုရဲ့ မျိုးဆက်ငါးဆက်မြောက်မှာမှ တစ်ယောက်တည်းသော ရွှေပန်းပွင့်လေးပဲ”

ကျန်းချွမ်ဟွားက ရှက်ရွံ့မှုကြောင့်နီရဲသွားရပြီး အပြုံးတစ်ခုနဲ့ပြန်ပြောလိုက်တယ်။

“ကျွန်မ အဲလိုဆိုလိုတာမဟုတ်ပါဘူး”

မဒမ်လီ: “ငါက ငါ့ခေါင်းထဲကိုဝင်လာတဲ့ ရုပ်ဆိုးတဲ့အရာတွေအကြောင်းကို ပြောရတာ ကြိုက်တယ်.. တချို့သော မြို့တော်က လူတွေကနှစ်သစ်ကူးကျင်းပတဲ့အချိန်မှာ ငါ့ကိုသက်သောင့်သက်သာမဖြစ်အောင်လုပ်ချင်နေကြတာလေ”

ကျန်းချွမ်ဟွားက ပါးစပ်ကိုပိတ်လိုက်ပြီး ဘာတစ်ခုမှမပြောရဲတော့ဘဲ သူမရဲ့ယောက္ခမဖြစ်သူက ရွှေရတနာတစ်ခုလိုမျိုးအထွဋ်အမြတ်ထားနေတဲ့အရာကဘယ်လိုပုံရှိလဲဆိုတာကိုကြည့်ဖို့အတွက် တံခါးဘက်ကိုပဲ စိုက်ကြည့်နေခဲ့တယ်။

သူမ အချိန်အကြာကြီးမစောင့်ရသေးခင်မှာပဲ ဝမ်စုဖန်းက ကျန်းကျန်းကိုပွေ့ချီကာ ဝင်လာခဲ့တယ်။ သူမရဲ့နောက်မှာလဲ ကပ်ခွာလေးတစ်သိုက်ပါလာပြီး ဂျောက်ဂျက်လိုမျိုး အရုပ်သေးသေးလေးတွေကို ကိုင်ကာ ကျန်းကျန်းကို ရယ်မောအောင် စနောက်နေခဲ့ကြတယ်။

မဒမ်လီကတော့ ကျန်းကျန်း ဝင်လာတာကိုမြင်လိုက်ရတာနဲ့ မရယ်ပဲမနေနိုင်တော့ပဲ ခန်ပေါ်မှချက်ချင်းထရပ်ကာ သူမရဲ့လက်ကိုဆန့်ထုတ်လာတယ်။

“မြန်မြန်.. မြန်မြန်.. ငါတို့ရဲ့ ကျန်းကျန်း ထပ်ပြီး ကိုယ်အလေးချိန်တက်လာပြီလားဆိုတာ ချိန်ကြည့်ရအောင်”

လီမင်ပေက မျက်လုံးတွေကိုလှိမ့်ရင်း ပြောလိုက်တယ်။

“အဖွား အဖွားက တစ်နေ့ကို ရှစ်ခါလောက် ကျွန်တော်ရဲ့ညီမလေးကို ဝိတ်ချိန်ကြည့်နေတယ်.. သူက ဝိတ်မြန်မြန်တက်ရအောင် ဘာတွေစားနေရလို့လဲ”

မဒမ်လီက သူမရဲ့ ချိုင်းထောက်ကို ကောက်ကိုင်လိုက်ပြီး လီမင်ပေရဲ့ဖင်ကို ခပ်ဖွဖွထိလိုက်ကာ ခေါင်းကိုပြန်လှည့်ပြီး ကျန်းကျန်းကို ပွေ့ဖက်ရင်းပြောလိုက်တယ်။

“အိုး.. ငါတို့ကျန်းကျန်း ပြုံးနေတာကို ကြည့်လိုက်ဦး.. သူ(မ)လေးရဲ့မျက်နှာက ပိုပိုပြီးလှပလာတာပဲ”

ကျန်းချွမ်ဟွားက သူမရဲ့ ဒုတိယယောက်မကိုနှုတ်ဆက်လိုက်ပြီး အလျှင်အမြန် ကျန်းကျန်းကိုငုံ့ကြည့်လိုက်တယ်။

မွေးဖွားပြီးကာစအချိန်တွေမှာ ကလေးတွေရဲ့ခေါင်းက ရုပ်လုံးမပေါ်တတ်သေးတာကြောင့် သိပ်ပြီးကြည့်ကောင်းခြင်းမရှိနိုင်ဘူး။ သူတို့တွေရဲ့မျက်နှာကလည်း သိပ်ပြီးပုံမကျသေးပဲ ရုပ်ဆိုးတယ်လို့တောင် ပြောလို့ရနိုင်တယ်။

သို့ပေမယ့် ဒီကျန်းကျန်းရဲ့မျက်နှာကတော့ အလွန်ချစ်စရာကောင်းနေပြီးပြီး မျက်လုံးတွေကလည်း စပျစ်သီးနှင့်တူကာ အနက်ရောင်တောက်ပနေခဲ့ကာ အထူးတလည် ချစ်စရာကောင်းနေပြီး ရှည်လျားတဲ့မျက်တောင်တွေကိုလည်းပိုင်ဆိုင်ထားတယ်။

All Chapters