← Chapters

Chapter 22

Vol. 3 Ch. 22

Chapter 22

Vol. 3 Ch. 22

တောင်ပေါ်ကို တက်သွားတဲ့လူတွေများလေလေ ဒီနေရာမှာ လူတွေနည်းလာလေလေပါပဲ။

ကျန်းကျန်း လှည့်ပတ်ကြည့်နေတုန်းမှာပဲ ရုတ်တရက် သေနတ်သံ တစ်ချက်ထွက်ပေါ်လာတယ်။

ကျန်းကျန်း အသံလာရာနောက်သို့ လိုက်ကြည့်လိုက်တော့ တစ်ဖက်ခြမ်းရှိနေတဲ့ အစွယ်ပါ တောဝက်တစ်ကောင်ကို သေနက်နဲ့ချိန်နေတဲ့ လီမူဝူကိုမြင်တွေ့လိုက်ရတယ်။ ဒဏ်ရာရသွားတဲ့ တောဝက်က အလွန်အမင်း ရက်စက်ကြမ်းကြုပ်လာလိမ့်မယ်။

ထိုတောဝက်က လီမူဝူကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့တယ်။ လီမင်ရှီကတော့ လီမူဝူရဲ့နောက်ကျောဘက်မှာ အမဲလိုက်ဓားကို ကိုင်ထားပြီး တောဝက်ရဲ့ရှည်လျှားချွန်ထက်တဲ့ အစွယ်တွေကိုကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် တံတွေးတွေ မျိုချလိုက်မိတယ်။

လီမူဝူက အားလပ်ချိန်တွေရှိလာတဲ့အခါ ယခုကဲ့သို့ အမဲလိုက်ရန် တောင်ပေါ်သို့ တက်လာလေ့ရှိတယ်။ သူက ပုံမှန်ဆိုရင်

ရစ်ငှက်တွေ ဒါမှမဟုတ် ယုန်တစ်ကောင်လောက်တွေ့ရုံလောက်တာလာတာဖြစ်လို့ သိပ်ပြီးဝေးဝေးမသွားခဲ့ဘူး။ သို့ပေမယ့် အသားများများလိုချင်တယ်ဆိုရင် တောနက်တွေနဲ့ သစ်တောဟောင်းတွေအထိ သွားရလိမ့်မယ်။

မနက်ဖြန်ကျရင် လီမင်တုန်က ကောလိပ်တက်ဖို့အတွက် ပင်းချန်ဆီသို့ ရထားစီးပြီးသွားရတော့မှာလေ။ ဒါကြောင့် လီမူဝူက သမင်တစ်ကောင်လောက် ရရှိနိုင်ပြီး စတူးဟင်းချက်နိုင်ဖို့အတွက်မျှော်လင့်နေခဲ့တယ်။ ဒီလိုဆိုရင် လီမင်တုန် အိမ်မှမထွက်ခွာခင်မှာ ဟင်းကောင်းကောင်းစားသွားနိုင်လိမ့်မယ်။

သို့ပေမယ့် လမ်းတစ်လျှောက်မှာ သမင်တစ်ကောင်လောက်တောင် မတွေ့ခဲ့ရဘူး။ ဒီလိုနဲ့ လီမူဝူက မင်ရှီကို ခေါ်သွားရင်း တဖြည်းဖြည်းပိုဝေးလာခဲ့ကာ အခုလိုမျိုး တောဝက်နဲ့ရင်ဆိုင်တွေ့နေရတာပဲ။

အရင်တုန်းက တောဝက်တွေကို အမဲလိုက်တော့မယ်ဆိုရင် လူ ခုနှစ်ယောက်၊ ရှစ်ယောက်လောက်ပါဝင်ပြီး အနည်းဆုံးလူသုံးယောက်လောက်မှာ အမဲလိုက်သေနက်တွေပါကြတယ်။ လီမူဝူက မင်ရှီကို သူ့ရဲ့အနောက်မှာ ပိတ်ထားရင်း သေနတ်ကို ကိုင်ထားခဲ့ပေမဲ့ တနည်းနည်းနဲ့ ရှုံးနိမ့်ရတော့မလိုခံစားနေရတယ်။

သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှ နာကျင်မှုက တောဝက်ကို အလွန်အမင်းဒေါသဖြစ်စေပြီး ခေါင်းကို ခါရမ်းလိုက်ကာ ဟိမ်းဟောက်သံတစ်ချက်ပေးလိုက်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ထပ်မံပစ်ခတ်လာတဲ့ လီမူဝူဆီသို့ ပြေးဝင်လာခဲ့တော့တယ်။

ကံဆိုးတာကတော့ ဒီတောဝက်ကြီးက အလွန်အမင်းကြီးလွန်းနေတာပဲ။ လီမူဝူ၏ရဲ့သေနတ်ပစ်ချက်က သူ့ရဲ့ ဦးခေါင်းကို ထိမှန်သွားပေမဲ့လည်း သူက နှစ်ကြိမ်လောက်သာလှုပ်သွားခဲ့ပြီး လဲကျသွားခြင်းမရှိခဲ့ဘူး။

နောက်ထပ်တစ်ကြိမ် ဟိမ်းဟောက်သံတစ်ချက်ပေးလိုက်မှုနဲ့အတူ တောဝက်ကြီးက လီမူဝူရဲ့လက်ထဲမှာရှိနေတဲ့အရာကိုအန္တရာယ်များတဲ့အကြောင်း ခံစားမိသွားပုံရတယ်။ သူက ဘယ်ဘက်သို့ အနည်းငယ်ရွေ့သွားခဲ့ပြီး လီမူဝူသေနတ်ကိုပစ်လိုက်ချိန်မှာ သူ့ရဲ့ညာဘက်မှဖြတ်ကျော်သွားခဲ့တယ်။

လီမူဝူက တောဝက်ကြီး သူ့ဘေးမှ ဖြတ်ကျော်သွားခဲ့ပြီး သူ့ရဲ့အနောက်သို့ ခုန်ကျော်သွားတာကိုမြင်လိုက်ရတော့ သူ့ရဲ့နှလုံးသားက ရုတ်တရက်အေးစက်သွားရတယ်။

သူ အနောက်ဘက်ကိ လျင်မြန်စွာ လှည့်ကြည့်လိုက်တော့ လီမင်ရှီက အမဲလိုက်ဓားတစ်ချောင်းကို လက်နှစ်ဘက်ဖြင့်ကိုင်ထားပြီး တောဝက်ရဲ့ခေါင်းကိုခုတ်နေတာကိုတွေ့လိုက်ရတယ်။

ကျန်းကျန်း ထိုမြင်ကွင်းကို ဘေးဘက်မှ စောင့်ကြည့်နေခဲ့ပြီး ထိတ်လန့်ကြောက်ရွံ့နေခဲ့တယ်။ သူမက ထိုတောဝက်ကြီး လီမင်ရှီကို ကိုက်လိုက်မှာကိုကြောက်တာကြောင့် မသိစိတ်ထဲကနေ သူမရဲ့ လက်သေးသေးလေးကို ဆန့်ထုတ်ကာ တောဝက်ရဲ့ခေါင်းကို ပုတ်လိုက်မိတယ်။

ထို့နောက်မှာတော့ ထိုတောဝက်ကြီးက ရုတ်တရက် ခေါင်းစောင်းကာလဲကျသွားပြီး အသက်မရှုတော့ဘူး။

လီမင်ရှီ သူ့ရဲ့လက်ထဲမှ ဓားကို လွှတ်လိုက်ပြီး အားနည်းလွန်းတဲ့ခြေထောက်တွေနဲ့ အနောက်ဘက်သို့ နှစ်လှမ်းလောက် ဆုတ်သွားလိုက်မိတယ်။ ထို့နောက် သူက သွေးတွေစီးကျလာတဲ့ တောဝက်ရဲ့ခေါင်းကို ညွှန်ပြကာ မယုံကြည်နိုင်စွာပြောလိုက်တယ်။

“ဒါက ကျွန်တော် ခုတ်သတ်လိုက်မိတာလား”

“ဖြစ်လောက်တယ်”

လီမူဝူက တောဝက်ရဲ့ ခေါင်းမှ ဒဏ်ရာကြီးကိုကြည့်ရင်း မသေမချာနဲ့ ပြန်ဖြေလာတယ်။

“ဘာလို့ တောဝက်ရဲ့ ဦးခေါင်းခွံနေရာကို ဓားနဲ့ သွားခုတ်ရတာလဲ”

“ကျွန်တော်လည်း မသိဘူးလေ”

လီမင်ရှီက ထိုနေရာကိုမြင်တော့ ငိုကြွေးလုနီးပါးဖြစ်နေပြီ။

“ဒါက အဖေနဲ့အတူ လိုက်ပြီး တောဝက်ကိုအမဲလိုက်ရတာက ပထမဆုံးအကြိမ်မဟုတ်ဘူးလား? ကျွန်တော် အရမ်းကြောက်လွန်းလို့ လုပ်လိုက်မိတာထင်တယ်”

ခဏလောက် အနားယူပြီးသွားတော့ သူတို့နှစ်ယောက်က တောဝက်ကို သွေးဖောက်ထုတ်ဖို့အတွက် မ,လိုက်ကြတယ်။ ဒီလောက်ထိကြီးတဲ့ တောဝက်ကြီးကို သူတို့နှစ်ယောက်တည်းနဲ့ တောင်ပေါ်မှ မသယ်နိုင်လောက်ဘူး။

အရင်တုန်းအချိန်တွရဲ့ အမဲလိုက်ခြင်းအလေ့အထအရ သွေးတွေကို ကုန်အောင် ဖောက်ထုတ်ပြီးနောက် ဗိုက်ကို ဖွင့်ကာ အသားတွေကို ယူသွားမှာဖြစ်ပြီး မလိုအပ်တဲ့အရာတွေကိုတောင် တောင်ပေါ်မှာ ချန်ထားခဲ့ရလိမ့်မယ်။

သွေးတွေကို ဖောက်ထုတ်ပြီးတဲ့နောက် လီမူဝူက အမဲလိုက်လိုက်ဓားကိုယူလိုက်ပြီး ဝက်ရဲ့ခြေထောက်လေးချောင်းလုံးကို ဖြတ်တောက်လိုက်တယ်။ ထို့နောက် အရှေ့နဲ့အနောက်မှာ ခြေလေးချောင်းလုံးကို လျှော်ကြိုးနဲ့ချည်ပြီး လီမင်ရှီကို နောက်ကျောမှာ သယ်ဆောင်ဖို့ခိုင်းလိုက်တယ်။

တောဝက်ရဲ့ တစ်ဝက်ကို ခွဲခြမ်းပြီးတဲ့နောက် လီမူဝူက အညှီအဟောက်နံ့တွေကို မကြိုက်တဲ့အတွက် တောက်ဝက်ကို အရှေ့အနောက်ခွဲပြီး တစ်ခါတည်း တိုက်ရိုက် သယ်သွားဖို့လုပ်လိုက်တယ်။

လီမူဝူက စပါးစတိုးဆိုင်မှာ အိတ်တွေကို သယ်ပို့လုပ်နေတဲ့သူပဲ။ သူက ကယ်တီ (၂၀၀) လေးတဲ့အိတ်တွေကိုသယ်ရင်းနဲ့ လမ်းမြန်မြန်လျှောက်နိုင်တယ်။

သူ လှီးဖြတ်ပြီးထုတ်ယူထားတဲ့ တောဝက်အသားတွေက (300)ကယ်တီကျော်လောက်ရှိလိမ့်မယ်လို့ ခန့်မှန်းရတယ်။ သူ့အတွက် တောဝက်ကို ပခုံးပေါ်မှာ သယ်ဆောင်ဖို့ နည်းနည်းလောက် ခက်ခဲနေပေမဲ့ ခဏအကြာမှာ တည်ငြိမ်သွားပြီး လီမင်ရှီကိုပြောလိုက်တယ်။

“မြန်မြန်လုပ်.. ဒီတောဝက်သားက ကောင်းကောင်းမချက်ရင် မကောင်းဘူး.. ဒါကို အချိန်အကြာကြီးချက်မှ ရမှာ.. ငါတို့ရမ်းနောက်ကျသွားရင် ညဘက်ရောက်မှ စားရလိမ့်မယ်”

သူတို့သားအဖနှစ်ယောက် နာရီဝက်လောက် လမ်းလျှောက်ပြီးသွားတော့ အနည်းငယ်တိုးဖျော့နေတဲ့ စကားသံတချို့ကိုကြားလိုက်ရတယ်။ လီမူဝူက ရင်းနှီးတဲ့စကားသံကိုကြားတာကြောင့် ထိုနေရာဆီသို့ လျှောက်သွားလိုက်လေတယ်။

တစ်ဖက်မှာတော့ တောရိုင်းဟင်းသီးဟင်းရွက်တွေ လိုက်လံခူးဆွတ်နေကြတဲ့ အမျိုးသမီး သုံးဦးမှာ သစ်ပင်နောက်ကွယ်မှ သွေးတွေပေစွန်းပြီးထွက်လာတဲ့ အမျိုးသားတစ်ဦးကို တွေ့လိုက်ရတာကြောင့် ထိတ်လန့်သွားခဲ့ကြတယ်။

“အိုး လီမူဝူပဲ.. ရှင်က လူတွေကို သေအောင်ခြောက်လှန့်နေတာလား”

ထိုအမျိုးသမီး မတ်တပ်ထရပ်ကာ ညည်းညူရင်းနဲ့ လီမူဝူရဲ့ ပုခုံးပေါ်မှ တောဝက်ကိုမြင်တော့ ချက်ချင်းပဲ မနာလိုဖြစ်သွားရတယ်။

“ဒါ တောဝက်ပဲ.. ရှင်ဘာလို့ ဒီလောက်တောင် ကံကောင်းနေတာလဲ”

“မရီးကျောင်း ၊ မရီးလီ၊ ကုန်းဇီရဲ့ဇနီး .. ဟင်းသီးဟင်းရွက်တွေလာတူးနေကြတာလား”

လီမူဝူက တစ်ယောက်ပြီးတစ်ယောက်ကို ရိုးသားစွာ နှုတ်ဆက်လိုက်ပြီး တောင်ဘက်ကို လက်ညှိုးထိုးပြလိုက်တယ်။

“အဲဒီမှာ တောဝက်သား ပေါင်တစ်ရာလောက်ကျန်သေးတယ်.. မင်းတို့တွေ အိမ်ကိုပြန်ပြီး အိမ်ကိုလူတွေကို မြန်မြန်လာသယ်ဖို့ပြောလိုက်ကြ.. နောက်ကျသွားရင် သားရဲတွေစားသွားလိမ့်မယ်”

“အဲဒီလူအိုကြီးတွေကို ဘာလို့ လိုအပ်နေမှာလဲ.. ကျွန်မတို့ဘာသာ ဒါကိုလုပ်နိုင်ပါတယ်”

မရီးလီက သူမရဲ့ အင်္ကျီလက်ကို အပေါ်သို့ပင့်မလိုက်ပြီး ခါးမှာထိုးထားတဲ့ ပုဆိန်ကို ထိလိုက်တယ်။

“မြန်မြန်လုပ်ကြ.. အဲဒီမှာ တောဝက်သားတွေရှိနေတယ်.. တောရိုင်းဟင်းသီးဟင်းရွက်တွေ ဆက်မတူးကြနဲ့တော့”

“တောဝက်ကို ဘယ်လိုလုပ်မှာလဲ.. ပေါင်တစ်ရာလောက်ကို ကျွန်မတို့ ဘယ်လို သသယ်နိုင်မှာလဲ

လက်ထပ်ပြီးခါစ ကုန်ဇီရဲ့ဇနီးသည်က အနည်းငယ်ရှက်ရွံ့စွာပြောလာခဲ့တယ်။

မရီးလီက သူမရဲ့မျက်လုံးကိုလှိမ့်ရင်း နဖူးပေါ်ကို လက်တင်လိုက်မိတယ်။

“မင်း အစားအသောက်တွေမငတ်နေဘူးလား.. မင်းက ဝဝလင်လင်စားနေရလို့ မသယ်နိုင်မှာကိုကြောက်နေရတာလား.. မင်းသာ အကောင်းဆုံးကြိုးစားချင်ရင် တောဝက်က နောက်ပြန်ဆွဲလာရင်တောင် ရအောင်သယ်နိုင်တယ်လေ”

ကုန်းဇီ ဇနီးည်ရဲ့မျက်နှာက ဖြူဖျော့လာတာကိုမြင်တော့ အမျိုးသမီးကျောင်းက မရယ်မောပဲမနေနိုင်တော့ဘူး။ သူမက တောရိုင်းအသီးအရွက်တွေထည့်ထားတဲ့တောင်းကို ဘေးသို့ ထားလိုက်ကာ သူမကို ဆွဲပြီး တောင်ပေါ်သို့ တက်သွားခဲ့တယ်။

“မင်းရဲ့အန်တီလီပြောတာကို နားမထောင်နဲ့.. ငါ့ရဲ့ယောက်မမှာ ပုဆိန်ပါတယ်လေ..မင်း အဲဒါကို သယ်နိုင်သလောက်လောက် သယ်သွားလို့ရတယ်.. ဒါပေမယ့် သဘောတူရအောင်.. မင်းမသယ်နိုင်တော့ဘူးဆိုရင်တော့ မင်းရဲ့အန်တီလီနဲ့ ငါတို့တို ခွဲဝေပေးရမယ်နော်”

လီမူဝူရဲ့နောက်ကျောပေါ်ရှိ ဆူဖြိုးပြီး ကြီးမားတဲ့ တောဝက်ကို တစ်ချက်ကြည့်လိုက်ပြီး ကုန်းဇီရဲ့ဇနီးက အံကြိတ်လိုက်တယ်။

“ကျွန်မ မသယ်နိုင်တာ ဘာမှမရှိဘူး.. အန်တီ သွားကြရအောင်”

အမျိုးသမီးကျောင်းက တုံ့ပြန်လိုက်ပြီး လီမူဝူဘက်သို့လှည့်လိုက်တယ်။

“အစ်ကိုမူဝူ ကျေးဇူးတင်ပါတယ်! မနက်ဖြန်ကျရင် ရှင်တို့ရဲ့မိသားစုဆီ ကျွန်မရဲ့ယောက်မပန်းဝမ်ဇီကို အသားလုံးတစ်အိုးပို့ခိုင်းလိုက်မယ်နော်”

“ကောင်းတာပေါ့.. မရီးရဲ့ အသားလုံတွေကအရသာရှိတယ်”

လီမူဝူက ရိုးသားစွာပြုံးလာတယ်။

မရီးလီကလည်းဝင်ပြောလာတယ်။

“ရှင် ဝက်ခေါင်းကို အောက်ကိုမယူလာခဲ့ရဘူးလား.. ကျွန်မ ရှင့်အတွက်ယူသွားပြီး ခဏနေရင် ရှင့်ရဲ့အစ်ကိုလီကို လာပို့ပေးခိုင်းလိုက်မယ်’

“ကောင်းပြီ မရီးရဲ့ ဝက်ခေါင်းချက်က တုန်ဇီတို့အမေချက်တာထက် ပိုပြီးအရသာရှိတယ်.. ကျွန်တော်တို့အိမ်မှာ ဂျုံနှင့်ဖောက်ထားတဲ့ဝိုင်ရှိနေတုန်းပဲ.. အစ်ကိုလီကို ကျွန်တော်တို့အိမ်ကို လာသောက်ခိုင်းလိုက်လေ”

သူမရဲ့ အရှေ့မှာ အဒေါ်နှစ်ယောက်က ပို့ပေးဖို့အတွက်တစ်စုံတစ်ခုရှိနေတာကိုမြင်တော့ ကုန်းဇီရဲ့ဇနီးကလည်း အလျှင်စလိုတွေးလိုက်မိတယ်။ သူမက သူမရဲ့ အင်္ကျီထောင့်စွန်းကို ဆုတ်ကိုင်ရင်းနဲ့ ပါးစပ်ကိုဖွင့်ကာပြောလာတယ်။

“ ကျွန်မလည်း ဦးလေးလီအတွက် ဝက်သားဖက်ထုပ်တွေချက်ပြီး လာပိုးပေးလိုက်မယ်လေ”

လီမူဝူက ချက်ချင်းပဲ ရယ်မောလိုက်တယ်။

“အခုချိန်က လူတိုင်း၊ မိသားစုတိုင်းက အစားအသောက်တွေရှားပါးနေတာလေ.. မင်းတို့အိမ်မှာရှိနေတဲ့ ဂျုံတွေကို မဖြုန်းတီးနဲ့တော့.. မင်းတို့တွေက အခုမှ လက်ထပ်ပြီးကာစဆိုတော့ နှစ်ယောက်တည်းနေရတာ လွယ်ကူဦးမှာမဟုတ်ဘူး..ဒီတော့ မင်းတို့ ဘာသာစားဖို့အတွက်ပဲ သိမ်းထားလိုက်ပါ”

ထို့နောက် သူက သူ့ရဲ့သားကိုခေါ်ရင်း အနောက်သို့ ပြန်လှည့်မကြည့်တော့ပဲ တောင်အောက်သို့ဆင်းသွားခဲ့တယ်။

All Chapters