Chapter 23
Vol. 3 Ch. 23
ကျန်းကျန်းက တောဝက်ကို ဖြေရှင်းနိုင်လိုက်တယ်ဆိုတာကိုမြင်တော့ မရပ်တန့်သေးပဲ တောင်ရဲ့ အနက်ပိုင်းတွေထဲအထိ ဆက်လက် ပျံဝဲသွားခဲ့တယ်။ တစ်နေရာကိုရောက်တော့ ရုတ်တရက် မြေကြီးထဲမှာရှိနေတဲ့ အဝါရောင် တောက်ပနေတဲ့ အရာတွေကို သုံးလေးမီတာလောက် ရှိနေတာကို တွေ့လိုက်ရတယ်။ သူမ ဘာတွေလဲဆိုတာကိုသိချင်စိတ်နဲ့ အနားသို့တိုးကပ်သွားချိန်မှာပဲ ဝမ်စုဖန်းရဲ့အသံကထွက်ပေါ်လာခဲ့လေတယ်။
“ကျန်းကျန်း ထတော့လေ ဘယ်လိုလုပ် ဒီလောက်ထိကြာအောင်အိပ်နေရတာလဲ”
သူမရဲ့ အသိစိတ်က ခန္ဓာကိုယ်ဆီ ချက်ချင်းပြန်ရောက်လာပြီး ကျန်းကျန်း မျက်လုံးတွေဖွင့်ကာ အခန်းတွင်းကို အိပ်ချင်မူးတူးနဲ့ ကြည့်လိုက်လိုက်မိတယ်။ ဝမ်စုဖန်းက ခန်ပေါ်မှာ လဲလျောင်းနေရင်း တုံးအအလိုက်ကြည့်နေတဲ့ သူမရဲ့သမီးလေးကိုကြညာ့ကာ ရယ်မောလိုက်ပြီး တင်ပါးလေးကိုအသာပုတ်လိုက်တယ်။
“ ဒီကလေးကတော့ ငါးနာရီ ၊ခြောက်နာရီ လောက်တောင်အိပ်နေတာပဲ.. ညဘက်ကျရင် မအိပ်နိုင်တော့ရင်ဘယ်လိုလုပ်မလဲ”
မဒမ်လီက ဘေးဘက်ကနေ သူမရဲ့ ခေါင်းကိုပုတ်လိုက်တယ်။
“သူငိုက်နေတုန်းပဲ ထင်တယ်.. ဒါပေမယ့် အဆင်ပြေပါတယ်.. ဒီအရွယ် ကလေးလေးတွေက အိပ်ပျော်နေမှ ကြီးထွားလာမှာ.. ငါတို့ရဲ့ကျန်းကျန်းက ကလေးပဲရှိသေးတာဆိုတော့ အဆင်ပြေပါတယ်”
ဝမ်စုဖန်းက မျက်နှာသုတ်ပဝါကိုရေနှစ်ကာ အရည်ပြန်ညှစ်ပြီးကျန်းကျန်းရဲ့ မျက်နှာလေးကို သုတ်ပေးလိုက်တယ်။ ထိုအချိန်ကျမှ ကျန်းကျန်း အသိစိတ်ပြန်ကပ်လာခဲ့ပြီး ဖြောင့်တန်းစွာထိုင်လိုက်ကာ ပြတင်းပေါက်ဆီသို့ ခြေလှမ်းအနည်းငယ်ဖြင့်တက်သွားပြီး အပြင်ကို လှမ်းကြည့်လိုက်တယ်။ ထို့နောက် သူမအခုလေးတင် မက်ခဲ့တဲ့ အိပ်မက်အကြောင်းကို ပြန်လည် တွေးတောမိနေခဲ့တယ်။
ကျန်းကျန်းအနေနဲ့ သူမရဲ့ခန္ဓာကိုယ်နဲ့ ကင်းကွာသွားခဲ့တာက သူမရဲ့ ဝိဥာဥ်လား စိတ်လားဆိုတာကို မသိခဲ့ဘူး။ သို့ပေမယ့် ဒီခံစားချက်က သူမကို ပင်ပန်းနွမ်းနယ်စေခြင်း မရှိရုံသာမကဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူမရဲ့တစ်ကိုယ်လုံး အေးစက်လွန်းလှတဲ့ဆောင်းရာသီအချိန်အတွင်းမှာ ရေနွေးထဲမှာ ဝင်စိမ်လိုက်ရသလိုမျိုး အလွန်နွေးထွေးပြီး သက်သောင့်သက်သာရှိနေခဲ့တယ်။ မိခင်ကမ္ဘာမြေကြီးရဲ့ အစာအဟာရကျွေးမွေးထားမှုကို လက်ခံရရှိထားသလိုပဲ။
ဝမ်စုဖန်းက သူမရဲ့သမီးငယ်ကျန်းကျန်းတစ်ယောက် အိပ်ရေးမဝသေးတဲ့ပုံစံနဲ့ ပြတင်းပေါက်နားမှာ သွားထိုင်နေတာကိုမြင်တော့ သူမရဲ့ လက်လေးကိုပုတ်ကာ လက်ကိုဝှေ့ရမ်းပြလိုက်တယ်။
“ဒီကို မြန်မြန်လာခဲ့.. အမေက မင်းကို ကြက်ဥကိတ်မုန့်ပေါင်းစားဖို့ ခေါ်သွားပေးမယ်”
ကျန်းကျန်း သူမရဲ ဗိုက်ကို ထိလိုက်ပြီး ဒီ့နေ့ သူမရဲ့ နေ့လည်စာကို လွတ်သွားကြောင်း ပြန်လည် သတိရသွားပြီး သူမရဲ့အမေဆီသို့ အလျှင်အမြန်တွယ်တက်လိုက်တယ်။
ဝမ်စုဖန်းက ကျန်းကျန်းကို သူမရဲ့ ရင်ခွင်ထဲမှာ ပွေ့ချီကာ အနောက်ဖက်ခန်းဆီသို့ ခေါ်သွားလိုက်တယ်။ ကွေ့ဟွားက ကျန်းကျန်း ထွက်လာတာကို မြင်တော့ ဘီဒိုထဲမှ နူးအိတဲ့ ကြက်ဥကိတ်မုန့်ပေါင်းတစ်ပန်းကန်ကို အမြန်ထုတ်ယူလိုက်ပြီး အပေါ်ယံမှ ကြိတ်ချေထားတဲ့ထင်းရှူးစေ့တွေကို တစ်ဇွန်းအပြည့်ဖြန့်ထည့်ပေးလိုက်တယ်။
ဝမ်စုဖန်းက ကျန်းကျန်းကို ပွေ့ချီပြီး မီးဖိုအောက်ဖက်နားမှာ တစ်လုပ်ချင်းစီ ခွံ့ကျွေးလိုက်တယ်။ ကွေ့ဟွားကတော့ တခြားသော အိုးတစ်လုံးရဲ့အဖုံးကိုဖွင့်လိုက်ပြီး ပန်ကိတ်တွေကို တစ်ခုပြီးတစ်ခုထုတ်ယူကာ အအေးခံနေခဲ့တယ်။
ဝမ်စုဖန်းက ကွေ့ဟွားလုပ်နေတာကိုကြည့်ရင်းနဲ့ အကြံပေးလိုက်တယ်။
“ရထားပေါ်မှာ ရက်အနည်းငယ်လောက်ကြာအောင်နေရမှာဆိုတော့ မနက်ဖြန်မနက်ကျရင် ကြက်ဥတချို့လောက်ကို ကြော်လို့ရတယ် ပြီးရင် ဗူးထဲမှာထည့်ပြီး မင်တုန် ရထားပေါ်မှာစားဖို့ ထည့်ပေးလိုက်ပေါ့”
ကွေ့ဟွားရဲ့မျက်နှာက အနည်းငယ်နီရဲသွားပြီး လျင်မြန်စွာ ခေါင်းညိတ်ပြလိုက်တယ်။ ထိုအချိန်မှာပဲ လီမင်နန်နဲ့ လီမင်ပေတို့က ခြံတံခါးကိုတွန်းဖွင့် ဝင်လာကြပြီး အော်ပြောလာကြတယ်။
“ အဖွား! အမေ! ကျွန်တော်တို့ဖမ်းမိခဲ့တာကို လာကြည့်ပါဦး”
မဒမ်လီက ဆေးတံကိုကိုင်ရင်း အပြင်ကိုထွက်ကြည့်လိုက်တော့ လီမင်ပေက ဆယ်ပေါင်လောက်ရှိတဲ့ ငါးကြီးတစ်ကောင်ကို ကိုင်လာခဲ့တာကိုမြင်တွေ့လိုက်ရပြီး လီမင်နန်ကတော့ သစ်သားပုံးကြီးတစ်ခုကို ဆွဲကိုင်ထားတာကိုမြင်လိုက်ရတယ်။ လီမင်နန်ရဲ့သစ်သားပုံးထဲမှ ရံဖန်ရံခါ ရေတွေဖြန်းပက်လာတတ်ပြီး ထိုသစ်သားပုံးထဲမှာ ဘယ်လိုအသက်ရှင်နေသေးတဲ့ အကောင်ရှိနေတာလဲဆိုတာကို မမြင်ရဘူး။
“ဒီလောက်ကြီးတဲ့ ငါးကြီး! မင်း ကောင်လေးနှစ်ယောက် ဒါကိုဖမ်းနိုင်ခဲ့တာလား!”
မဒမ်လီက မျက်လုံးတွေပိတ်ဆို့သွားတဲ့အထိ ပြုံးလာခဲ့တယ်။ ထို့နောက် သူမက အရှေ့ကို နှစ်လှမ်းလောက်လှမ်းပြီး သစ်သားရေပုံးထဲကြည့်ဖို့ ခေါင်းငုံ့လိုက်တယ်။
“မြန်မြန်လေး ဒီအကောင်ကြီးကို အိမ်ထဲက ရေဇလုံကြီးထဲမှာ ထည့်ပြီး မြင့်တဲ့ နေရာမှာ တင်ထားလိုက်.. ညဘက်မှာ ကြွက်တွေ ဆွဲမသွားစေနဲ့”
မဒမ်လီက အလျင်အမြန် ညွှန်ကြားလိုက်ပြီး ကွေ့ဟွားကိုလည်း မမေ့မလျော့ အော်ပြောလိုက်တယ်။
“ကွေ့ဟွား.. ငါးကို မြန်မြန်လာယူပြီး ဟင်းနှစ်ပွဲလောက်ချက်လိုက်ဦး”
ထို့နောက် လီမင်ပေဘက်ကိုလှမ်းပြောလိုက်တယ်။
“မင်းရဲ့တတိယဦးလေးရဲ့အိမ်ကို သွားပြီး ညစာစားဖို့ လာခိုင်းလိုက်”
လီမင်ပေက တံခါးနားမှာရှိတဲ့ သစ်သားခုံလေးပေါ်မှာ ထိုင်ပြီး သူ့လက်မောင်းတွေကိုပွတ်သပ်နေခဲ့တယ်။
“ အိုး အဖွား.. အဖွားရဲ့မြေးကို ဘာလို့ ခဏလောက် အနားယူခွင့်မပေးရတာလဲ .. ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် ဒီငါးကိုဖမ်းမိခဲ့ပြီး လေးလွန်းလို့ အပြန်အလှန်သယ်နေရတာ အိမ်ကိုပြန်ဖို့ တစ်နာရီလောက်တောင်ကြာသွားတာနော်”
အရင်တုန်းဆိုရင်တော့ လီမင်ပေက အခုလို နားမထောင်တဲ့ စကားမျိုးပြန်ပြောလာမယ်ဆိုရင် မဒမ်လီက သူ့ကို ဆေးတံနဲ့ ခေါက်လိမ့်မယ်။ သို့ပေမယ့် အခုချိန်မှာ သူတို့ ရရှိလာတဲ့ ငါးကိုကြည့်ရင်း ထိုစကားတွေကို ဂရုစိုက်မနေတော့ပဲ ညီအစာကိုနှစ်ယောက်ဆီကို ထင်းရှူးစေ့လှော် လက်တစ်ဆုတ်စာဆီပေးလိုက်ကာ ရေသောက်ရင်း အနားယူစေလိုက်တယ်။
ခြံဝင်းအတွင်းမှာ စိတ်လှုပ်ရှားပျော်ရွှင်မှုတွေဖြင့် စည်ကားနေချိန်မှာပဲ တံခါးအပြင်ဘက်မှ မြေကြီးကိုအက်ကွဲစေလောက်တဲ့အသံံထွက်ပေါ်လာခဲ့တယ်။
“အမေ!”
မဒမ်လီ ထိတ်လန့်သွားရပြီး နောက်ကိုလှည့်ကြည့်ကာ အော်လိုက်တယ်။
“နင်ဘာတွေအော်နေတာလဲ! ငါမသေသေးဘူး!
လီမူဝူနဲ့ လီမင်ရှီတို့ နှစ်ယောက်လုံးက သူတို့ရဲ့နောက်ကျောပေါ်မှာရှိနေတဲ့ ဝက်သားကို လက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရတာကြောင့် တံခါးကိုဖွင့်ဖို့ လက်မအားလပ်နေခဲ့ကြဘူး။ ဒီလိုဆိုပေမဲ့ သူတို့အနေနဲ့ တံခါးကို ခြေထောက်နဲ့ကန်ဖွင့်ဖို့လည်း သတ္တိရှိမနေကြဘူးလေ။
လီမူဝူက သူ့ရဲ့အမေကို နှစ်ကြိမ်တိုင်တိုင်လှမ်းခေါ်ခဲ့ပေမဲ့ ဘယ်သူမှ ဂရုမစိုက်ကြတာကိုမြင်တော့ သူက ပုခုံးပေါ်မှာတင်ထားတဲ့ ဝက်သားနှင့်ပဲ ဘေးဘက်သို့ တွန်းတိုက်လိုက်ရတာကြောင့် အလွန်ကျယ်လောင်တဲ့ ဘုန်းခနဲမြည်သံထွက်ပေါ်လာခဲ့ပြီး မဒမ်လီတုန်ယင်သွားရပြန်တယ်။
“မင်း တံခါးကို ဒီအတိုင်း တွန်းဖွင့်လိုက်လို့မရဘူးလား.. ဘယ်လိုလုပ်ပြီး သူခိုးဓားပြတွေလိုလုပ်နေရတာလဲ.. ဒါက မကောင်း....”
သူမ ပြောနေရင်းတမ်းလန်း တစ်ဝက်လောက်မှာပါ လီမူဝူက တောဝက်သားအများစုကို သူ့ရဲ့ပုခုံးပေါ်မှာတင်ပြီး ဝင်လာပြီဖြစ်တာကြောင့် မဒမ်လီရဲ့လေသံက ချက်ချင်းပဲ ပြောင်းလဲသွားခဲ့တယ်။
“အိုး! မင်းဘာလို့ မပြောရတာလဲ .. ငါသိရင် တံခါးလာဖွင့်ပေးမှာပေါ့”
ထို့နောက် သူမက အော်ပြောလိုက်တယ်။
“ “မင်နန် မင်ပေ မင်းတို့အဖေကို မြန်မြန်လာပြီး ကူညီလိုက်ကြ!”
ညီအကိုနှစ်ယောက်က အခုမှ အိမ်ကိုပြန်ရောက်လာကြပြီး ဖိနပ်ကိုချွတ်ပြီး ခန်ပေါ်မှာလှဲချလိုက်ရုံပဲရှိသေးတယ်။ ခြံရှေ့မှ မဒမ်လီရဲ့ လှမ်းအော်ခေါ်သံကို ကြားလိုက်ရတာကြောင့် လီမင်ပေက သူ့ရဲ့နားကို ဖုံးအုပ်ပြီး ပြန်အော်လိုက်လေတယ်။
“ကျွန်တော် မကြားဘူး!”
“ကောင်စုတ်လေး.. မင်းအသားယားနေတာလား!”
မဒမ်လီက သူတို့ကို ကြိမ်းမောင်းရင်း လီမင်ရှီကိုဆက်ပြောလိုက်တယ်။
“အသားတွေကို မြန်မြန် ချလိုက်.. ဒါက စုစုပေါင်း ပေါင်နှစ်ရာ၊ သုံးရာ လောက်ရှိနေမှာပဲ.. ဟုတ်တယ်မလား”
“အသားတဲ့?”
လီမင်နန်ရဲ့ နားရွက်ကောင်းလေးက အဓိကသော့ချက်စကားလုံးကို ချက်ချင်းကြားသွားပြီး မင်ပေကို ချက်ချင်းဆွဲခေါ်လိုက်လေတယ်။ ညီအစ်ကိုတွေက ဖိနပ်တောင်သေချာမစီးနိုင်ပဲ ပြေးထွက်လာချိန်မှာ လီမူဝူက ဝက်သားတွေကို ခြံအတွင်းမှ ကျိုးပဲ့နေတဲ့ ဘီဒိုပေါ်သို့ တင်လိုက်တာကို တွေ့လိုက်ရပြီး နောက်မှလိုက်လာတဲ့လီမင်ရှီရဲ့ ပုခုံးပေါ်မှ အောက်သို့ဖြုတ်ချဖို့လုပ်နေတဲ့ ဝက်ပေါင်လုံး လေးဖက်ကိုပါ တွေ့မြင်လိုက်ရတယ်။
“အဖေ ကျွန်တော်တို့ကူညီပေးမယ်!”
လီမင်နန်နှင့် လီမင်ပေတို့ရဲ့ စကားသံတို့က ချက်ချင်းပဲ ပျားရည်ကိုစားထားသလိုမျိုး ချိုမြိန်သွားခဲ့ကြတယ်။ သူတို့နှစ်ယောက်က တံခါးကနေတောင် မထွက်တော့ပဲ ပြတင်းပေါက်ကနေ တိုက်ရိုက်ခုန်ဆင်းလိုက်ကြတယ်။
သူတို့တွေက ဆယ်မီတာခန့်အကွာအဝေးကို ခြေလှမ်းအနည်းငယ်နဲ့ ရောက်အောင် ပြေးလွှားခဲ့ကြပြီး လီမင်ရှီရဲ့ပုခုံးပေါ်မှ ဝက်ခြေထောက်တွေကို အောက်ကိုချဖို့ကူညီပေးလိုက်ပြတယ်။ ထိုနောက် မဒမ်လီအနီးသို့သွားကာ မျက်နှာချိုသွေးလိုက်ကြပြန်တယ်။
“အဖွား.. ညနေတုန်းကပြောထားတာလေ.. ဒီည ကျွန်တော်တို့ အသားစားကြရင်ဘယ်လိုလဲ”
“မစားဘူး.. မင်းတို့ကို ကြည့်ပဲကြည့်ခိုင်းထားမှာ!”
မဒမ်လီ သူမရဲ့ မြေးနှစ်ယောက်ကို တည်ငြိမ်စွာစိုက်ကြည့်ပြီး ဆေးတံနဲ့ သူတို့ရဲ့ တင်ပါးကိုရိုက်လိုက်တယ်။
“ခွေးကောင်လေး.. မင်းက ဒီအသက်အရွယ်လေးနဲ့ အရမ်းသတ္တိကောင်းနေကြပြီပေါ့လေ.. ငါက မင်းတို့နှစ်ယောက်ရဲ့ ခိုင်းလို့မရနိုင်တော့ဘူးပေါ့”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?”
လီမင်ပေက ပြုံးလိုက်ပြီး မဒမ်လီရဲ့ လက်မောင်းတွေကို ပွတ်တိုက်လိုက်တယ်။
“ကျွန်တော် ပြတင်းပေါက်ကနေတောင်မှ ခုန်ချလိုက်တာလေ တံခါးကတောင် ထွက်လာတာမဟုတ်ဘူး.. အဖွားခိုင်းတာကို နှောင့်နှေးစေမှာ စိုးလို့ပဲမဟုတ်ဘူးလား”
မဒမ်လီက သူတို့ရဲ့ စနောက်စကားတွေကြောင့် မထိန်းနိုင်ပဲ ရယ်မောလိုက်မိကာ ညီအစ်ကိုနှစ်ယောက်ကို ထပ်ပြီး ဆူပူလိုက်တယ်။
“ငါ့ကိုလာပြီး ကပ်ချွှဲမနေနဲ့ .. မင်နန် မင်းက မင်းရဲ့ အဖေနဲ့အစ်ကို ရေချိုးဖို့အတွက် နောက်ခန်းထဲမှာ မီးဖိုပြီး အိုးကြီးတစ်လုံးနဲ့ ရေနွေးတည်လိုက်.. မင်ပေ....”
မဒမ်လီက လီမင်ပေရဲ့နာမည်ကို ခေါ်လိုက်တယ်ဆိုရင်ပဲ လီမင်ပေက ချက်ချင်းပြန်ဖြေလာတယ် ။
“ကျွန်တော် သိပါတယ်.. ကျွန်တော့်ရဲ့တတိယဦးလေးအိမ်ကို သွားပြီး ညစာလာစားခိုင်းမယ်”
မဒမ်လီရယ်မောလိုက်တယ်။
“ယိုး မင်းရဲ့ခြေထောက်တွေက ပင်ပန်းနေတာမဟုတ်ဘူးလား”
“အစကတော့ ကျွန်တော်တော်တော်ပင်ပန်းနေတာ.. ဒါပေမယ့် အဖွား ကျွန်တော့်ကို အမိန့်ပေးလိုက်တာနဲ့ ကျွန်တော့်ရဲ့ခြေထောက်တွေက ပင်ပန်းနေတာတွေ ပျောက်သွားတော့တာဘဲ.. အဖွား ကျွန်တော့်ကိုမယုံရင် ကျွန်တော် ပြေးပြဦးမယ်!”
လီမင်ပေက ခြံဝန်းထဲကို နှစ်ခေါက်လောက် ပြေးပြခဲ့ပြီးနောက် တံခါးအပြင်သို့ ထွက်လာခဲ့တယ်။