Chapter 24
Vol. 3 Ch. 24
လီမင်ရှိအတွက်တော့ ဒီလောက်လေးလံတဲ့ဝန်ကိုသူ့ရဲ့ကျောပေါ်မှာထမ်းပြီး အခုလို ဝေးကွာတဲ့အကွာအဝေးကို လျှောက်လာခဲ့ရတာက ပထမဆုံးအကြိမ်ပဲ။
သူ့ရဲ့ပုခုံးပေါ်မှ ဝက်ခြေထောက်ကို ချလိုက်ပြီးတဲ့နောက်မှာ သူ့ရဲ့ခြေထောက်တွေ ပျော့ပျောင်းသွားပြီလို့ ခံစားနေခဲ့ရတယ်။ သူက ရေနွေးပူရရှိအောင် အပူပေးဖို့အတွက် အချိန် ကြာမြင့်ဦးမယ်လို့ထင်ခဲ့တာကြောင့် သူ့ရဲ့ ငယ်ရွယ်မှုနဲ့ ခွန်အားတွေကို အားကိုးပြီး ခြံအလယ်မှာမှာရှိနေတဲ့ ရေတွင်းဆီသို့ တိုက်ရိုက်သွားကာ ထိုရေအေးတွေနဲ့ပဲကိုယ့်ကိုယ်ကိုယ် ဆေးကြောသန့်ရှင်းလိုက်တယ်။
သူ့ရဲ့ တစ်ကိုယ်လုံးမှာကပ်ညှိနေတဲ့ သွေးနံ့တွေကို ဖယ်ရှားပြီးနောက်မှာတော့ လီမင်ရှီ အနောက်ဘက်အိမ်ထဲသို့ ပြေးဝင်သွားခဲ့တယ်။ အနောက်ဘက်အိမ်သို့ရောက်တာနဲ့ သူ့ရဲ့ အင်္ကျီအဝတ်အစားတွေနှင့် ဘောင်းဘီရှည်ကို ချွတ်ချကာ ဇလုံထဲသို့ပစ်ချလိုက်တယ်။ ပြီးနောက် မျက်နှာသုတ်ပုဝါဖြင့် တစ်ကိုယ်လုံးကိုသုတ်ပြီး သန့်ရှင်းတဲ့ဝတ်စုံကို လှဲလှယ်၀တ်ဆင်လိုက်တယ်။
ထို့နောက် ခန်ပေါ်ကိုသွားပြီး သက်သောင့်သက်သာရှိစွာ လှဲချလိုက်ကာ ညစာမစားရသေးမီအတွင်း တစ်ရေးလောက် အိပ်စက်အနားယူဖို့ တွေးလိုက်တယ်။
လီမူဝူက အသက်ကြီးနေပြီဖြစ်သော်လည်း ဒီလိုမျိုး ပြင်းထန်တဲ့ အလုပ်တွေကို နှစ်ပေါင်းများစွာလုပ်ခဲ့တာကြောင့် ကျင့်သားရနေခဲ့ပြီ။ သူက ခြံဝင်းအတွင်းမှာရှိတဲ့ ခွေးခြေလေးပေါ်မှာ ခဏလောက်သာ အနားယူခဲ့ပြီးနောက် တောဝက်သားတွေကိုချိတ်နဲ့ချိတ်ပြီး သစ်သားဘီဒိုအဟောင်းပေါ်မှာ ထပ်တင်ထားလိုက်တယ်။
လီမင်နန် ရေနွေး ကျိုပြီးတဲ့အချိန်မှာလည်း လီမူဝူက ရေချိုးဖို့ အလျင်မလိုသေးဘူး။ သူက ဝက်မွှေးတွေကိုဖယ်ရှားဖို့အရည်ပြားကို မီးရှို့လိုက်ကာ သန့်စင်ဖို့အတွက် ပွက်ပွက်ဆူနေတဲ့ ရေနွေးနဲ့ ပြုတ်လိုက်ပြန်တယ်။
ဒီတောဝက်ရဲ့အရေပြားက ထူထဲပြီး အဆီများတယ်။ အရေပြားကို အရင်ဖြတ်လိုက်ပြီး လက်သုံးချောင်း သို့မဟုတ် လက်လေးချောင်းလောက်ထူတဲ့အရွယ်အစားရအောင် အပိုင်းပိုင်း ဖြတ်တောက်လိုက်ရမယ်။ ပြီးရင် ဝက်ရဲ့ အဆီတွေကိုတော့ ကြော်ဖို့ချန်ထားလိုက်ပြီး နံရိုးတွေကို ဖြတ်တောက်ကာ နောက်ကျောဘက်တွေကို အပိုင်းကြီးတွေပိုင်းဖြတ်လိုက်တယ်။ လီမူစန်းတို့ မိသားစု ရောက်ရှိလာချိန်မှာတော့ ဝက်သားအများစုကို ခွဲထားပြီးသားဖြစ်နေခဲ့ပြီ။
“အိုး ဒီတောဝက်ကြီးက တကယ်ကြီးတာပဲ.. ဒါကို မင်းကိုယ်တိုင် ဒါကို ပစ်လာခဲ့တာလား”
လီမူစန်းက တံခါးကိုတွန်းဖွင့်ပြီး ဝင်လာပြီးနောက် ခြံဝင်းအတွင်းမှ ကျိုးပဲ့နေတဲ့ ဘီဒိုပေါ်မှ အသားတွေနှင့် ပြည့်နေတာကိုတွေ့လိုက်ရပြီး လီမူဝူရဲ့ ခန္ဓာကိုယ်ကလည်း သွေးတွေနဲ့ဖုံးလွှမ်းနေတာကိုမြင်လိုက်ရတာကြောင့် သူ အစ်ကိုဖြစ်သူအားကို လျှင်မြန်စွာပြေးသွားခဲ့တယ်။
“အစ်ကို ..မင်း ရေသွားချိုးလိုက်တော့.. ကျန်တာတွေကို ကျွန်တော်လုပ်လိုက်မယ်”
လီမူဝူ ခွေးခြေခုံပေါ်မှာ ထိုင်ရင်းနဲ့ အစက်အနည်းငယ် ရှူထုတ်လိုက်လိုက်တယ်။
“ဒီနေ့ မင်ရှီကို ငါနဲ့အတူ အမဲလိုက်ဖို့ခေါ်သွားခဲ့တာ.. ငါက သမင်တစ်ကောင်လောက်ပစ်ခဲ့ချင်ရုံပဲ.. ဒါပေမဲ့ အဝေးအထိရောက်သွားမိပြီး တောဝက်နဲ့တွေ့ခဲ့တာပဲ.. ငါ ဒီတော့ဝက်ကို သေနတ်နဲ့ ပစ်ခဲ့ပေမဲ့ လှုပ်တောင် မလှုပ်ခဲ့ဘူး.. ငါ့ဘယ်လောက်တောင်ကြောက်နေခဲ့မှန်း မင်းမသိလောက်ဘူး.. မင်ရှီသာ ငါ့နောက်မှာ ရှိမနေဘူးဆိုရင် ငါ သစ်ပင်ပေါ်ကို တက်ပြေးခဲ့မိမှာ”
လီမင်နန်က နောက်ထပ်ရေနွေးတစ်အိုးကျိုပြီးသွားခဲ့ပြီ။
လီမူဝူက ရေတစ်ပန်းကန်ထည့်ကာ တစ်ခွက်လုံးကိုမော့သောက်လိုက်တယ်။
လီမူစန်းသည်လည်း မကြာခဏဆိုသလိုအမဲလိုက်တတ်တာကြောင့် ထိုအဖြစ်အပျက်ကို ကြားလိုက်ရချိန်မှာ ကြောက်လန့်သွားရတယ်။
“ဒါဆို တောဝက်ကို ဘယ်လို သတ်လိုက်နိုင်တာလဲ.. မင်း တောဝက်ရဲ့ မျက်လုံးကို ထိအောင်ပစ်လိုက်နိုင်တာလား”
“ဘယ်လိုလုပ်ပြီး အဲလောက်ထိ တိုက်ဆိုင်နိုင်မှာလဲ.. ငါက အဲဒီတုန်းက အရမ်းကိုကြောက်နေခဲ့တာ.. ဝက်ကိုထိအောင်ပစ်နိုင်ရင်တောင် အနိုင်နိုင်ပဲ.. မျက်လုံးကိုမှန်အောင် ဘယ်ပစ်နိုင်ခဲ့ပါ့မလဲ”
လီမူဝူက လီမင်နန်ကို ဆေးလိပ်ခြင်းယူလာခိုင်းလိုက်ပြီး ဆေးရွက်ကြီးကိုလိပ်ကာ နှစ်ကြိမ်လောက်ရှိုက်လိုက်တယ်။
“ဒီတောဝက်က ဥာဏ်ကောင်းလွန်းတယ်.. သူက ငါ့ကိုကျော်ပြီးတော့ မင်ရှီဆီကိုပြေးသွားတာလေ.. ငါတို့မိသားစုရဲ့မင်ရှီက အရမ်းသန်မာပြီး သတ္တိလည်းရှိတယ်.. သူက တောဝက် သူ့ဆီကိုလာတာတွေ့တော့ လုံးဝမကြောက်ခဲ့ဘဲ တောဝက်ရဲ့ခေါင်းကို ဓားနဲ့ခုတ်ချလိုက်တာ”
“တကယ်လား!”
လီမူစန်းရဲ့မျက်နှာက အားကျလေးစားမှုတွေပြည့်သွားခဲ့တယ်။
“ဒီကလေးမင်ရှီက ဒီလောက်ထိ သတ္တိရှိမှန်း မမြင်နိုင်ဘူးပဲ.. နောက်ကျရင် ကျွန်တော်တို့ အမဲလိုက်တဲ့အချိန်တွေမှာ သူ့ကိုခေါ်သွားရမယ်.. သူ့ကို နှစ်နှစ်လောက် အမဲလိုက်တတ်ဖို့ လေ့ကျင့်ပေးပြီးသွားရင် ကျွန်တော်တို့တွေ တောဝက်ကို အမဲလိုက်ဖို့ သူ့ကိုအားကိုးလို့ရနိုင်မှာပဲ!”
“မဆိုးဘူး.. ငါတို့တွေ ဆောင်းရာသီမှာ တောဝက်တွေကို အမဲလိုက်ဖို့ သွားတဲ့အချိန် မင်းရှီကို ငါတို့နဲ့အတူခေါ်သွားရမယ်.. အဲဒီအချိန်ကျရင် ငါတို့က သေနတ်တွေကို ကိုင်ပြီး သူကတော့ အမဲလိုက်ဓားကိုကိုင်လိမ့်မယ်.. ငါတို့သုံးယောက် တောဝက်ကို ရအောင်လုပ်နိုင်လောက်တယ်”
လီမူဝူက ဆေးလိပ်သောက်ရင်း ဂုဏ်ယူမှုတွေပြည့်နေတဲ့ မျက်နှာနဲ့ပြောလာတယ်။
လီမင်ရှီက ခန်ပေါ်မှာ လဲလျောင်းနေပြီး အိပ်ခါနီးဖြစ်နေချိန်မှာ ခြံဝန်းထဲမှ တတိယဦးလေးရဲ့ စကားကိုကြားလိုက်ရတာကြောင့် ချက်ချင်းပဲ ထိတ်လန့်သွားရရှာတယ်။ သူက ပြတင်းပေါက်မှတဆင့် ခေါင်းထုတ်ပြီး လှမ်းအော်လိုက်တယ်။
“တတိယဦးလေး.. ကျွန်တော့်အဖေရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေကို နားမထောင်နဲ့.. အဲဒါ တိုက်ဆိုင်မှုတစ်ခုသက်သက်ပဲ”
“မင်းက တောဝက်ရဲ့ခေါင်းကို အပေါက်ဖောက်နိုင်ခဲ့တယ်ဆိုတော့ တကယ်လို့ ကံမကောင်းရင် ဝက်ရဲ့ခေါင်းကပေါက်ကွဲထွက်သွားပြီး အသားမရနိုင်ဘူးဖြစ်သွားမှာမဟုတ်ဘူးလား”
လီမူစန်းက ထိုသို့ပြောပြီးနောက် ထိုမြင်ကွင်းက အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်လို့တွေးလိုက်မိကာ ရယ်မောလိုက်တယ်။
“အဲ့လိုဖြစ်မှာ မဟုတ်ဘူး!”
လီမူဝူက ဂုဏ်ယူစွာ ခေါင်းညိတ်လိုက်ပြီး လီမင်ရှီဘက်သို့ ပြန်လှည့်ကာ နှစ်သိမ့်ပေးဖို့ကိုလည်း မမေ့ခဲ့ဘူး။
“ အဆင်ပါတယ် ..နောက်တစ်ခါကျရင် အဖေ မင်းနဲ့လိုက်ခဲ့ပေးမယ် .. မင်း အမဲဓားကို မယူလာနဲ့တော့.. ပုဆိန်က ပိုပြီးအဆင်ပြေလောက်တယ် .. အဲဒါနဲ့ဆို တောဝက်ခေါင်းကို ခုတ်ရတာ ပြဿနာမရှိတော့ဘူး”
လီမင်ရှီက သူ့ရဲ့ခေါင်းကို ပြတင်းပေါက်ကနေ နောက်ကိုပြန်ဆုတ်လိုက်ပြီး အထက်တန်းကျောင်းကို ဝင်ခွင့်ချိန်မှာ စာကိုအပြင်းအထန်လေ့လာရမယ်လို့ တိတ်တဆိတ် ဆုံးဖြတ်လိုက်တယ်။ ဒီလိုဆိုရင် တောင်ပေါ်ကိုတက်ပြီး တောဝက်တွေအမဲလိုက်နေ၀ရာမလိုတော့ဘူး။
လီမူစန်းက အသားတွေကိုပိုင်းဖြတ်ပြီးနောက် ထိုတောဝက်သားပုံကိုစိုက်ကြည့်ပြီးပြောလိုက်တယ်။
“ဒါတွေကို ဆောင်းရာသီမရောက်ခင် ဘယ်လိုသိမ်းဆည်းထားမှာလဲ.. အသားတွေကို ပုတ်အောင်ထားလို့မရဘူးနော်!”
လီမိသားစုက ဆောင်းရာသီမှာပဲ တောဝက်တွေကို အမဲလိုက်လေ့ရှိတယ်။ အဲဒီအချိန်မှာဆိုရင် အသားကို အပြင်မှာတစ်ရက်လောက်ပစ်ထားလိုက်တာနဲ့ လုံးဝအေးခဲသွားလိမ့်မယ်။ လအနည်းငယ်ကြာအောင် မပျက်စီးနိုင်တာဖြစ်လို့ အနံ့ဆိုးထွက်လာစရာအကြောင်းက လုံးဝကိုမရှိဘူး။
ဒါပေမဲ့ အခုက နွေရာသီဖြစ်နေပြီး ရာသီဥတုက အလွန်အမင်းမပူဘူးဆိုပေမယ့် ဒီဝက်သားအများကြီးကို ရက်အနည်းငယ်လောက်ကြာအောင် ထိန်းသိမ်းထားနိုင်မှာမဟုတ်ဘူး။ နောက်ပြီး သူတို့ဆီမှာ တောဝက်သားနဲ့အတူချက်ဖို့အတွက် ဂေါ်ဖီချဥ်တွေလည်း မရှိတော့ဘူး။
သို့ပေမယ့် အသားကို တစ်နှစ်လောက် မစားခဲ့ရတဲ့ မိသားစုတွေအတွက်တော့ အသားအများကြီးရှိသရွေ့ ဘာနဲ့ချက်မလဲဆိုတာက သိပ်ပြီးအရေးမကြီးပါဘူး။
ကွေ့ဟွားက အိုးကြီးနှစ်လုံးကို အပူပေးပြီးနောက် အဆီများတဲ့အသားတွေကိုတစ်ချက်ကြည့်ကာ ထိုအိုးနှစ်လုံးထဲသို့ ပဲပိစပ်ဆီတွေ ပုံမှန်ထက်ပိုပြီးလောင်းထည့်လိုက်တယ်။ ထို့နောက်အိုးတစ်လုံးထဲမှာ ငါးတွေကို စတူးချက်ဖို့ထည့်လိုက်ပြီး နောက်အိုးတစ်လုံးထဲမှာတော့ တောဝက်ရဲ့ ကျောရိုးတွေကိုထည့်လိုက်တယ်။ မကြာခင်မှာပဲ ကြော်လှော်နံ့တွေက ဆီသံတွေနဲ့ ရောနှောပြီး ထွက်ပေါ်လာခဲ့တယ်။
မင်နန်၊ မင်ပေနဲ့ လီမူစန်းတို့မိသားစုမှ မင်ရုန်နှင့် မင်ကွမ်းတို့က အသားတွေနဲ့ပြည့်နေတဲ့ ဗီရိုကိုဝိုင်းရံနေခဲ့ကြကာ လှုပ်ရှားမလာကြတော့ပဲ အသားတုံးကြီးများကိုသာ စိုက်ကြည့်နေခဲ့ကြတယ်။
မဒမ်လီက အားတက်သွားအောင်ပြောလိုက်တယ်။
“ညစာစားပြီးသွားရင် မင်းတို့ရဲ့မရီး အဆီတွေကိုကြော်ပြီးလို့ ကျန်တဲ့ဝက်ဆီဖတ်တွေကို မင်းတို့စားဖို့ သကြားဖြူတွေနဲ့ ဖြူးပေးခိုင်းလိုက်မယ်”
လီမင်နန်နဲ့ လီမင်ပေတို့က ဝက်ဆီဖတ်ရဲ့အသံကိုကြားတာနဲ့ သွားရည်တွေကျလာခဲ့ကြပြီး လီမင်ကွမ်းက မဒမ်လီရဲ့အင်္ကျီလက်ကိုဆွဲကာပြောလာတယ်။
“အဖွား ဒီည အဖွားတို့အိမ်မှာနေလို့ရမလား”
“နေလေ.. မင်းတို့ရဲ့အစ်ကိုမင်နန်နဲ့ မင်မင်တို့ရဲ့ အခန်းမှာ ခန်ရှိနေတာပဲ မင်းတို့နှစ်ယောက် ဒီမှာအိပ်လို့ရတယ်”
မဒမ်လီက ဆေးလိပ်သောက်ရင်းနဲ့ သူမရဲ့မြေးတွေကို စနောက်လိုက်ပြန်တယ်။
“ဝက်ဆီဖတ်စားတဲ့အကြောင်းကိုပြောတော့ ဗိုက်တောင်ဆာလာပြီ.. တကယ်တော့ မင်းတို့တွေ မနက်ကျမှ ဒီကိုလာလည်လို့ရတယ်လေ.. မင်းတို့အမေက ဒီမှာနေဖို့ သဘောမတူလောက်ဘူး”
လီမင်ကွမ်းက အဖွားဖြစ်သူရဲ့စကားကိုကြားတော့ စိုးရိမ်တကြီးဖြစ်သွားပြီး မဒမ်လီရဲ့ အင်္ကျီကိုဆွဲရင်း ချစ်စရာကောင်းစွာချွဲပြီးပြောလာတယ်။
“အဖွား ကျွန်တော်ပြောမယ်.. ကျွန်တော်သာ မနက်မှလာမယ်ဆိုရင် ဘာမှတောင် ကျန်တော့မှာမဟုတ်ဘူးနော်.. မင်နန်နဲ့ မင်ပေတို့က ညဘက်တွေမှာခိုးစားဖို့ ချိန်းထားကြတာ”
ဘေးမှာရှိနေတဲ့ လီမင်ရုန်ကလည်း ခေါင်းညိတ်ပြီး သဘောတူလာတယ်။
လီမူစန်းက သူ့ကို တစ်ချက်ကြည့်ကာ သူ့ကို မပြောပဲ မနေနိုင်တော့ဘူး။
“မင်းနဲ့ မင်းရဲ့အစ်ကိုမင်ရှီက အသက်အရွယ် အတူတူနီးပါးလောက်ပဲရှိတာ.. တခြားလူက တောင်ပေါ်ကိုတက်ပြီး တောဝက်ကိုတောင် သတ်နိုင်နေပြီဆိုတာ မင်း မမြင်နိုင်ဘူးလား.. မင်းက ဒီမှာဆောင့်ကြောင့်ထိုင်ပြီး ဝက်ဆီဖတ်တောင်းစားဖို့ ကြိုးစားနေတုန်းပဲ.. ဒီနှစ် ဆောင်းရာသီကျရင် အချောင်ခိုဖို့ မစဥ်းစားနဲ့.. ငါတို့နဲ့ အတူ တောင်ပေါ်တက်ပြီး မင်းရဲ့အစ်ကိုမင်ရှီက တောဝက်ကို ဓားနဲ့ ဘယ်လိုခုတ်ရလဲဆိုတာကို သရုပ်ဖော်ပြတာကို သေသေချာချာကြည့်ရမယ်”
“တောဝက်ကို သေတဲ့အထိ ခုတ်လိုက်တာနော်!”
လီမူဝူက အမှန်ပြင်ပေးလိုက်တယ်။
“သူခုတ်လိုက်တာကြောင့် တောဝက်ရဲ့ခေါင်းက ကွဲထွက်သွားတာ.. တောဝက်ခေါင်းကို လီမိသားစုရဲ့ ဒုတိယချွေးမက ယူဆောင်သွားခဲ့လို့သာပေါ့.. ဒီလိုမှန်းသိရင် ငါ မင်းတို့ မြင်အောင် ပြန်ယူခဲ့ရမှာ.. ဒါဆို မင်းတို့ရဲ့အစ်ကို မင်ရှီခုတ်ထားတဲ့ တောဝက်ရဲ့ခေါင်းက အက်ကွဲရာကို မင်တို့ မြင်ရလိမ့်မယ်”
လီမင်ရှီတစ်ယောက် ခန်ပေါ်မှာ လဲလျောင်းနေရင်းနဲ့ သူဆီကို တောဝက်ကြီးပြေးဝင်လာတဲ့ မြင်ကွင်းကို စိတ်ပျက်အားငယ်စွာဖြင့် ပြန်တွေးနေခဲ့တယ်။
ထိုအချိန်မှာ ကျန်းကျန်းသည်လည်း အရှေ့ခန်းမှ ခန်မှာ လဲလျောင်းနေပြီး လူကြီးတွေ ပြောနေတဲ့ စကားတွေကို နားထောင်ရင်း ရှုပ်ထွေးတဲ့မျက်နှာထားရှိနေခဲ့တယ်။ ဝက်ခေါင်းကို ရိုက်လိုက်မိတဲ့အကြောင်း ပြောတဲ့စကားတွေကို ရပ်လို့ရမလား?
ကောင်းပြီ။ အမျိုးသမီးလေးတစ်ယောက်အနေနဲ့ ဒါက နည်းနည်းတော့ လွန်တယ်လေ။
လီမူဝူက ထိုအကြောင်းတွေကို ပြောပြပြီးတဲ့နောက်မှာ စိတ်ငြိမ်သွားခဲ့ပြီ။ သူက ညစာစားဖို့ အချိန်နီးလောက်ပြီလို့ တွေးလိုက်တာကြောင့် ဝမ်စုဖန်းကို သန့်ရှင်းသောအဝတ်အစားရှာထားပေးဖို့ပြောလိုက်ပြီး အနောက်ခန်းသို့ သွားကာ ခေါင်းကနခြေအဆုံး သွေးနံ့တွေကို ဖယ်ရှားဖို့အတွက် ဇိမ်ခံဆပ်ပြာကိုတောင် သုံးစွဲခဲ့တယ်။ ပြီးနောက် အဝတ်အစားအသန့်ပြောင်းဝတ်လိုက်ပြီး တစ်ကိုယ်လုံး သန့်ရှင်းစွာနဲ့ ထမင်းစားဖို့ထွက်လာခဲ့တယ်။
ငါးစတူးချက်တစ်အိုး၊ ဂေါ်ဖီထုပ်နှင့် ဝက်သားကို ကြာဇံနဲ့ရောကြော်ထားတာတစ်အိုးချက်ပြီးသွားပြီးနောက် ဝက်ကျောရိုးနဲ့ အာလူးကိုစွတ်ပြုတ်ချက်ထားတာ တစ်အိုးရှိနေပြီး အကုန်လုံးကို စားပွဲပေါ်ကိုခင်းကျင်းထားခဲ့ပြီ။ လီမင်နန်က ပန်းကန်တွေနှင့် တူတွေကို အမြန်ယူလာခဲ့ပြီး လီမင်ပေက ငါးရဲ့ အနူးညံ့ဆုံး အသားအပိုင်းကို ကောက်ယူပြီး ပန်းကန်အသေးတစ်လုံးထဲသို့ထည့်ကာ ဝမ်စုဖန်းဆီကိုပေးလိုက်တယ်။
“ဒါကို ကျွန်တော့်ရဲ့ ညီမကို ကျွေးရမယ်”
ကျန်းကျန်း မွှေးကြိုင်လွန်းတဲ့ငါးရဲ့ အနံ့ကိုရှူရှိုက်ရင်း လီမင်ပေကို သူမရဲ့ထွက်ပြူကာစ သွားနှုတ်ချောင်ကိုထုတ်ဖော်ပြလိုက်တယ်။
“ဒါက စိတ်ဝင်စားစရာကောင်းတယ်.. နောက်တစ်ခါ ငါးမျှားသွားရင်လည်း ငါ နင့်ကို ကူညီပေးမယ်”