← Chapters

Chapter 25

Vol. 3 Ch. 25

Chapter 25

Vol. 3 Ch. 25

“ငွေကြင်းဖြူရဲ့ခေါင်းကမှ ငါးကြင်းခေါင်း”ဆိုတဲ့ ဆိုရိုးစကားအတိုင်း ငါးရဲ့အနူးညံ့ဆုံးသောအပိုင်းကို ရည်ညွှန်းတာပဲ။ အဆီများခေါင်းငါးရဲ့ အသုံးများသောအမည်မှာ ငွေကြင်းဖြစ်ပြီး အရသာအရှိဆုံးသော ငါးကြင်းထဲမှာပါဝင်တယ်။

အရင်တုန်းက ငါးကြင်းဖြူကို ဖမ်းမိခဲ့ပြီဆိုရင် ငါးခေါင်းတစ်ခုတည်းကတောင်ဟင်းပွဲတစ်ပွဲကို ထောက်ပံ့ပေးနိုင်တယ်။ သို့သော်လည်း ဒီနေ့မှာတော့ လီမိသားစုက များစွာ ရိတ်သိမ်းနိုင်ခဲ့တယ်လေ။ ငါးက ဆယ်ကယ်တီလောက်နဲ့ တောဝက်က ကယ်တီရာပေါင်းများစွာ ရရှိလာတာကြောင့် မဒမ်လီက စိတ်ပူပန်မနေတော့ဘူး။

ကျန်းကျန်းကတော့ ဝမ်စုဖန်းရဲ့ ရင်ခွင်ထဲမှာထိုင်ပြီး ဝမ်စုဖန်း တစ်ဇွန်းချင်းစီခွံ့ကျွေးလာတဲ့ ငွေငါးကြင်းရဲ့အသားတွေကို ပါးစပ်ကိုဖွင့်ပေးပြီး စားသောက်နေခဲ့တယ်။ ဒီသဘာဝငွေငါးကြင်းတွေက အရသာရှိရုံသာမက အလွန်နူးညံ့လွန်းတယ်။ အထူးသဖြင့် ငါးခေါင်းပိုင်းနားမှ အသားတွေက နူးညံ့လွန်းလို့ ဂျယ်လီလို ချောမွတ်နေကာ ဝါးစရာတောင်မလိုခဲ့ဘူး။ လျှာကို နည်းနည်းလောက် လှုပ်ရှားလိုက်ရုံနဲ့ ဗိုက်ထဲသို့ရောက်သွားလိမ့်မယ်။

ကျန်းကျန်းက မိခင်နို့ကိုသာ ခုနစ်လကျော်လောက် သောက်ခဲ့တယ်။ ယခုအချိန်မှာတော့ ပြန်လည်မွေးဖွားလာပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် ငါးအသားရဲ့ အရသာကို မြည်းစမ်းခဲ့ရပြီ။ အရသာရှိလွန်းတာကြောင့် သူမ စိတ်လှုပ်ရှားလွန်းပြီး မျက်ရည်တွေပါ ဝဲတက်လာရတယ်။

မျက်တောင်တစ်ခတ်စာအတွင်းမှာပဲ ပန်းကန်လုံးအသေးလေးရဲ့အထဲမှ ငါးအသားတွေအားလုံးက သူမရဲ့ဗိုက်ထဲကိုဝင်သွားခဲ့ပြီ။ ကျန်းကျန်း သူမရဲ့ဗိုက်ကိုထိကြည့်လိုက်ပြီး ဗိုက်မပြည့်သေးသလိုမျိုး ခံစားနေမိတယ်။ သူမ အစ်ကိုဖြစ်သူတွေရဲ့ တူတွေက ပန်းကန်တွေကြားထဲမှာ ခေါက်တုံ့ခေါက်ပြန် ရွေ့လျားနေတာကို မြင်တော့ သူမ ငါးခေါင်းဘက်ကို အလျင်အမြန် ညွှန်ပြလိုက်တယ်။

“စား! စား!”

“စားလို့မဝသေးဘူးလား?”

ဝမ်စုဖန်းက ခေါင်းငုံ့ပြီး ကျန်းကျန်းရဲ့ မျက်နှာလေးကို ကြည့်လိုက်တယ်။

“မင်း အများကြီး စားပြီးသွားပြီလေ”

စိတ်ဓာတ်ကျသွားရှာတဲ့ ကျန်းကျန်းကတော့ သူမ ငယ်ရွယ်လွန်းတာကိုပဲ မုန်းတီးနိုင်တော့တယ်။ သူမသာ အသက်တစ်နှစ်လောက်ပိုကြီးနေမယ်ဆိုရင် ပန်းကန်လုံးကို သူမကိုယ်တိုင် ပွေ့ဖက်ပြီး စိတ်ကြိုက်ဝါးစားနေနိုင်လိမ့်မယ်။ အခု တော့ အရမ်းကို ခက်ခဲနေရတယ်။

“စား!”

ကျန်းကျန်းရဲ့လေသံက ပိုပြီးမြင့်လာခဲ့ကာ သူမရဲ့ စိတ်အားထက်သန်တဲ့ အမူအရာက ငါးခေါင်းကို စားချင်တဲ့ စိတ်ဆန္ဒတွေကို အပြည့်အဝ ထုတ်ဖော်ပြသနေခဲ့တယ်။ သူမရဲ့ပုံစံလေးကိုမြင်တော့ ဘေးနားမှာရှိနေတဲ့ မဒမ်လီက ချက်ချင်းပဲ စိတ်နှလုံး နူးညံ့ပျော့ပျောင်းသွားရပြီး ဝင်ပြောလာခဲ့တယ်။

“သူ ငါးခေါင်းပိုင်းကိုစားရတာကြိုက်တယ်ဆိုမှတော့ ဒီငါးခေါင်းကို ကျန်းကျန်းအတွက် သီးသန့်ချန်ထားလိုက်တော့လေ.. သူမ ဒီညတော့ ဝအောင်စားပါစေ”

သူမက လီမင်ပေကိုပြောလိုက်တယ်။

“မင်းရဲ့ညီမလေးအတွက် ပန်းကန်လုံးသွားယူပြီး ငါးခေါင်းကို ဖယ်ထုတ်ပေးလိုက်”

လီမင်ပေက ဝက်သားဗိုက်တစ်ပိုင်းကို သူ့ရဲ့ ပါးစပ်ထဲသို့ အရင်ထည့်ပြီး ခြေလှမ်းအနည်းငယ်လောက်နဲ့ ခုန်ပျံလှုပ်ရှားခဲ့ကာ လေပြင်းလိုမျိုး ပြန်ပြေးလာခဲ့ပြီး ဝမ်စုဖန်းရဲ့ဘေးနားကို ပန်းကန်လုံးပြန်ချပေးလိုက်တယ်။ ပြီးနောက် ချက်ချင်းပဲ နောက်ထပ်အသားတစ်ပိုင်းကို ပါးစပ်ထဲသို့ ထည့်လိုက်ပြန်တယ်။

လီမင်ပေရဲ့ ပါးစပ်တစ်ဝိုက်မှာ ဆီတွေနဲ့ပြည့်နေတာကိုမြင်တော့ ကျန်းကျန်း သူ့ကိုကြည့်ပြီး မရယ်မောပဲမနေနိုင်ဘူး။ သို့ပေမယ့် လီမင်ပေက ကျန်းကျန်း အသားစားချင်နေတာပဲလို့ ထင်သွားကာ အသားတစ်ပိုင်းကိုယူပြီး ကျန်းကျန်းရဲ့ ပါးစပ်နားသို့ တိုးကပ်ပေးလိုက်တယ်။

ကျန်းကျန်းတစ်ယောက် အပေါ်ဘက်မှ အဆီတွေကို ကြည့်ကာ အနောက်ဘက်သို့ တုံ့ခနဲ ကျုံ့သွားခဲ့ပြီး ဝမ်၀ုဖန်းရဲ့ ရင်ခွင်ထဲသို့ သူမရဲ့ခေါင်းလေးကို မြှုပ်ထားလိုက်ဖို့ကိုလည်း မမေ့ခဲ့ဘူး။

ကျန်းကျန်း မစားချင်တာကိုမြင်တော့ လီမင်ပေက ထိုအသားကို သူ့ရဲ့ ပါးစပ်ထဲသို့ ပြန်ထည့်လိုက်တယ်။

“ကျွန်တော့်ရဲ့ညီမလေးက ငတုံးလေးပဲမဟုတ်ဘူးလား? အသားက ဒီလောက်အရသာရှိတာကို သူမက ဘာလို့မစားရတာလဲ”

“မင်းကမှ ငတုံးပဲလေ”

မဒမ်လီက သူမရဲ့မျက်လုံးတွေကိုလှိမ့်လိုက်ပြီး ပြန်ပြောလာခဲ့တယ်။

“မင်းညီမက မင်းထက် အများကြီးပိုသိတတ်တယ်.. ဒီငါးက အရမ်းကို နူးညံ့ပြီး အာဟာရလည်း အများကြီးရှိတယ်.. ဒါက အကောင်းဆုံးစားစရာပဲ.. အဆီထူတဲ့အသားတွေထက်စာရင် အများကြီးပိုကောင်းတယ်.. မင်းရဲ့ ညီမဆီကနေ အများကြီး သင်ယူရဦးမယ်.. မင်းတို့တွေက နှစ်တစ်ဝက်လောက် အဆီကိုမစားဖူးတာကနေ အခု အဆီအသားတွေအများတစ်ခါတည်း အများကြီးစားနေကြတယ်.. ညလည်လောက်ကျရင် မင်းတို့ငတုံးတွေ အိမ်သာကိုအပြေးအလွှားသွားနေရလိမ့်မယ် “

ချက်ချင်းဆိုသလိုပဲ အသားတွေကို အဆက်မပြတ် ပါးစပ်ထဲသို့ ထည့်သွတ်နေခဲ့ကြတဲ့ “ငတုံး”တွေအကုန်လုံးက သူတို့ ပါးစပ်ထဲသို့ ထည့်ခါနီးတူတွေကို ရပ်တန့်လိုက်ကြတယ်။ သို့သော်လည်း ခဏအကြာမှာတော့ အဖွားဖြစ်သူ ပြောခဲ့တဲ့စကားတွေကို မကြားလိုက်သလို ဟန်ဆောင်ပြီး ပါးစပ်ထဲသို့ ဆက်ထည့်ကြပြန်တယ်။

ဒါ့အပြင် ဒီနေ့ အစားအသောက်တွေက မနှစ်တုန်းက နှစ်သစ်ကူးကာလမှာစားခဲ့ရတဲ့အစားအသောက်တွေထက်တောင် ပိုကောင်းတယ်လေ။ သူတို့တွေ အဲဒီတုန်းက ဝယ်ထားတဲ့အသားတွေကို ဖက်ထုပ်တွေထဲမှာထည့်ထားပေမဲ့ အသားက အနည်းငယ်လောက်သာ တွေ့ခဲ့ရတာ။ ဒီတော့ သူတို့တွေ ဒီနေ့ အစားအသောက်တွေအေပါ်မှာ အလွန်ပျော်ရွှင်နေခဲ့တယ်။

ဖက်ထုပ်တွေအကြောင်းကိုတွေးမိတော့ လီမင်ပေက နောက်ဆုံးတော့ သူ့ရဲ့မျက်နှာကို ပန်းကန်ကနေ ပြန်ခွာလာခဲ့တယ်။ သူက သူ့ရဲ့ ပါးစပ်ထဲမှာရှိနေတဲ့အသားတွေကို မျိုချလိုက်ပြီး ခေါင်းကိုလှည့်ကာ မဒမ်လီနှင့် ဆွေးနွေးဖို့ လုပ်လိုက်တယ်။

“အဖွား .. ဖက်ထုပ်လုပ်ရအောင်လေ.. ဒီအသားဟင်းမှာလည်း ဂေါ်ဖီထုပ်ထည့်တာပဲကို”

မဒမ်လီက သူ့ရဲ့ ရယ်မောနေတဲ့မျက်နှာကို ပိတ်ဆို့လိုက်တယ်။

“မျက်နှာမရှိဘူး!”

“ဘာလို့လဲ.. အိမ်မှာအမှုန့်ကြိတ်ဖို့ ပြောင်းစေ့တွေရှိနေသေးတယ်မဟုတ်ဘူးလား.. ဘီဒိုထဲလည်း ဂျုံမှုန့်အဖြူတွေ အများကြီးကို အဖွား သော့ခတ်ပြီးဖွတ်ထားသေးတယ်ဆိုတာကျွန်တော်သိတယ်နော်!”

ဒီရက်ပိုင်းမှာ လီမင်ပေမှာ အိမ်မှာအလုပ်တွေအများကြီးလုပ်ခဲ့ပြီး သိပ်ပြီးအာရုံမစိုက်တတ်ဘူးဆိုပေမဲ့ အိမ်မှ မီးဖိုချောင်ကိုတော့ သူ ရှင်းရှင်းလင်းလင်းသိထားသေးတယ်။

လီမင်ပေရဲ့စကားကိုကြားတော့ မဒမ်လီက သူမရဲ့မျက်လုံးကို လှိမ့်လိုက်တယ်။

“မင်းကတော့ အသက်ကောင်းကောင်းမရှင်နိုင်သေးတော့ ဘာမှမသိဘူးပဲ.. ငါတို့အိမ်မှာရှိတဲ့ ပြောင်းစေ့တွေကို အခြောက်လှန်းပြီး အမှုန့်ပြန်ကြိတ်ဖို့အတွက် အနည်းဆုံး တစ်လလောက် အချိန်ယူရဦးမယ်.. အစားအသောက် အထောက်အပံ့တွေက ဘယ်အချိန်ကျမှ ရောက်လာမလဲဆိုတာ မသိနိုင်ဘူး.. အချိန်ကျလာလို့ မရောက်လာဘူးဆိုရင် အဲဒီဂျုံမှု့နည်းနည်းလောက်က မင်းရဲ့ညီမလေးအတွက်တောင်မလုံလောက်ဘူး..

မင်းက အခုအသားစားနေရတာကိုတောင် မတော်နိုင်သေးဘူး.. ဖက်ထုပ်အကြောင်းကို ထပ်တွေးနေသေးတယ်.. ဘာလို့ ကောင်းကင်ပေါ်ကိုပဲ တိုက်ရိုက်မသွားလိုက်တာလဲ!”

လီမင်ပေက သူ့ရဲ့ပန်းကန်ထဲသို့ ကျောရိုးတစ်ချောင်းထည့်ပြီး ကိုက်နေရင်း ပြန်ပြောလာတယ်။

“ကျွန်တော်က သိပ်မငယ်လွန်းသေးဘူးလား .. ကျွန်တော် အရွယ်ရောက်လာမှပဲ ကောင်းကင်ဘုံကိုသွားလိုက်တော့မယ်လေ”

မဒမ်လီက သူ့ရဲ့စကားကိုကြားတော့ဒေါသတကြီး ရယ်မောလိုက်တယ်။

“ကောင်းပြီ .. ငါ မင်းကြီးလာမဲ့အချိန်ကိုစောင့်နေမယ်.. အချိန်ကျလာလို့ မင်း ကောင်းကင်ဘုံကိုမသွားနိုင်ရင် ငါမင်းကို အကြိမ်တစ်ရာလောက်ကန်ပစ်မယ်!”

ဒီနေရာမှာ မြေးအဖွားတွေက စကားများ ရန်ဖြစ်နေကြပြီး တစ်ဖက်မှာတော့ လီမူဝူနဲ့ လီမူစန်းတို့က ဂျုံဝိုင်ပုလင်းကို ခွက်အသေးလေးထဲသို့ငဲ့ရင်း အလွန်စိတ်ပျော်ရွှင်စွာသောက်နေခဲ့ကြတယ်။

လီမူစန်းက ဝိုင်တစ်ခွက်ကို ပါးစပ်အကြည့်သောက်လိုက်ပြီး အသားကိုလည်း ပါးစပ်အပြည့်ထည့်ကာကိုက်ဝါးလိုက်တယ်။ သူ့ရဲ့သားနဲ့တူလေးတွေက စားပွဲဝိုင်းမှာ ထိုင်ပြီး ပျော်ရွှင်စွာ စားသောက်နေတာကို မြင်လိုက်ရတော့ သူလည်း ပိုလို့တောင် စိတ်ပျော်ရွှင်လာပြီး လီမင်ရှီကို ထပ်မံချီးကျူးပြန်တယ်။

“ ငါက အမဲလိုက်တဲ့နေရာမှာ မင်နန်နဲ့ မင်ပေတို့ကိုပဲ ငါတို့တွေ အားကိုးလို့ရမယ်လို့ထင်ထားတာ.. မင်ရှီလို အေးအေးဆေးဆေးနေတတ်တဲ့ ကောင်လေးက မုဆိုးကောင်းတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ ငါမမျှော်လင့်ထားမိခဲ့ဘူး.. အနာဂတ်ကျရင် တောဝက်သားတွေ စားဖို့ အတွက် မင်ရှီကိုပဲ အားကိုးရတော့မှာပဲ”

လီမင်ရှိက အခုလေးတင်ပါးစပ်ထဲသို့ ငါးတစ်တုံးထည့်လိုက်တာဖြစ်ပြီး အရိုးကိုပြန်ထွေးထုတ်ဖို့လုပ်နေခဲ့တာ။ သို့ပေမယ့် ဦးလေးဖြစ်သူရဲ့စကားကို ကြားလိုက်ရချိန်မှာ ကြောက်လန့်သွားသွားရပြီး ထွေးထုတ်ခါနီးအရိုးကိုပါ မြိုချလိုက်မိကာ လည်ပင်းမှာ နင်သွားရရှာတယ်။

ဒါကြောင့် ခေါင်းငုံ့ရင်း မြေကြီးကိုကွဲအက်သွားတာကိုမြင်လိုက်ရတဲ့ပုံစံမျိုးနဲ့ တုန်ယင်စွာ ချောင်းဆိုးလာခဲ့တယ်။

လီမူစန်း ငုံ့ကြည့်လိုက်တော့ စားပွဲအောက်မှ လီမင်ရှီရဲ့နီရဲနေတဲ့မျက်နှာကိုမြင်တွေ့လိုက်ရပြီး အလျှင်အမြန်မေးလိုက်တယ်။

“ အဆင်ပြေရဲ့လား မင်ရှီ.. မင်းက ဘာလို့ ဒီလောက်ထိ အချီးကျူးမခံနိုင်ရတာလဲ.. ငါက မင်းကို စကားနည်းနည်းလောက်ပဲပြောရသေးတာကို မင်းက ဒီလောက်ထိစိတ်လှုပ်ရှားနေပြီ.. မြန်မြန်လေး ရေနှစ်ငုံလောက်သောက်ပြီး နည်းနည်းလောက်ခြောက်တဲ့ အစာတစ်လုပ်လောက်စားလိုက်.. မင်း စကား ကောင်းတာတွေကို နားထောင်ရတာကြိုက်ရင် ငါ မနက်ဖန် အပြင်ထွက်ပြီး မင်းကို ချီးမွှမ်းစကားတွေလိုက်ပြောပေးမယ်”

လီမင်ရှီ ချောင်းဆိုးရလွန်းလို့ မျက်ရည်တွေပါထွက်လာရပြီး သူ့ရဲ့ မလိုလားတဲ့ဆန္ဒကိုအခိုင်အမာဖော်ထုတ်ဖို့အတွက် စားပွဲအောက်မှ လက်တစ်ဖက်ကိုသာ ခါယမ်းပြနိုင်ခဲ့တယ်။ လီမင်တုန်က ပန်ကိတ်တစ်ခုကို နှစ်ပိုင်းပိုင်းလိုက်ပြီး လီမင်ရှီရဲ့ပါးစပ်ထဲသို့ ထည့်ပေးလိုက်တယ်။ လီမင်ရှီတစ်ယောက် ထိုပန်ကိတ်ကြောင့် နင်သွားရပေမဲ့ ကံကောင်းစွာနဲ့ ငါးရိုးကိုတော့ မြိုချလိုက်မိတယ်။

လီမင်ရှီ သူ့ရဲ့ မျက်နှာကို ဆေးကြောပြီး ပြန်လာချိန်မှာ စားပွဲဝိုင်းမှာဝင်ထိုင်ပြီး တုန်ယင်စွာနဲ့ပြောလိုက်တယ်။

“အဖွား.. ကျွန်တော်လည်း ကျောင်းတက်ရတော့မှာလေ.. ဒါမှမဟုတ် မနက်ဖြန်ကျရင် ကျွန်တော် ကျွန်တော်ရဲ့အစ်ကိုနဲ့ ရထားစီးပြီး လိုက်သွားမယ်ဆိုရင် မကောင်းဘူးလား”

မဒမ်လီက သူ့ကို စိုက်ကြည့်လာတယ်။

“ကျောင်းဖွင့်ဖို့က တစ်လတောင်လိုသေးတာလေ.. မင်းရဲ့အစ်ကိုက ပင်းချန်အထိသွားရမှာဖြစ်လို့ ခရီးကဝေးလွန်းတဲ့အတွက် ရက်နည်းနည်းလောက်စောပြီးသွားတာ.. မင်းက ရိတုန်ကိုပဲသွားရမှာကို ဘာတွေအလျင်လိုနေတာလဲ.. ကျောင်းမဖွင့်ခင် သုံးရက်အလိုလောက်ကမှ ရထားစီးသွားရင်ဖြစ်တာပဲ.. ဒီအချိန်တွေကို အခွင့်ကောင်းယူပြီး ဒီရက်နည်းနည်းလောက်အတွင်း အသားများများပိုစားနေလိုက်.. ဒါက မင်းတိုက်ခဲ့တဲ့တောဝက်ကြီးပဲ”

All Chapters