← Chapters

Chapter 26

Vol. 3 Ch. 26

Chapter 26

Vol. 3 Ch. 26

လီမင်နန်နဲ့ လီမင်ပေတို့က ဗိုက်တစ်ဝက်လောက်ပြည့်နေပြီဖြစ်တာကြောင့် နောက်ဆုံးတော့ စကားပြောဖို့ အာရုံရှိလာကြပြီ။ သူတို့က လီမင်ရှီရဲ့ မျက်လုံးထဲကိုကြည့်ပြီး ပြောလာကြတယ်။

“ဒုတိယအစ်ကို.. ကျွန်တော်တို့ကို ပြန်ပြီးပြောပြပါဦး..ဒုတိယအစ်ကို အဲဒီ တောဝက်ခေါင်းကို ဘယ်လောက်ထိအားပြင်းပြင်းနဲ့ ခုတ်နိုင်ခဲ့တာလဲ”

လီမင်ရှီကတော့ သူတို့ရဲ့စကားကို မကြားသလိုမျိုး ခေါင်းငုံ့ပြီး ပန်းကန်ထဲမှာရှိနေတဲ့ကျောရိုးမှ အသားကိုသာ ကိုက်ခဲနေခဲ့တယ်။

လီမင်နန်က သူ့ရဲ့အစ်ကိုဆီမှ အဖြေမရတာကိုတွေ့တော့ လီမူစန်းဘက်ကို လှည့်မေးပြန်တယ်။

“တတိယဦးလေး.. တောဝက်တွေနဲ့တိုက်ခိုက်တဲ့အချိန်ကျရင် ဘာတွေလုပ်ရလဲ.. နောက်တစ်ခါကျရင် ကျွန်တော်နဲ့ မင်ပေကို ခေါ်သွားလို့ရမလား”

လီမူစန်းက အားအင်ပြည့်ဝစွာနဲ့ပြောလာတယ်။

“ကောင်းပြီ.. မင်းတို့နှစ်ယောက် မကြောက်ဘူးရင် ငါတို့နဲ့လိုက်ခဲ့လေ.. ပြီးမှ ကြောက်လွန်းလို့ဆိုပြီး မင်းရဲ့ ဘောင်းဘီထဲကို သေးမထွက်ကျစေနဲ့!”

လီမင်ပေက ချက်ချင်းပဲ သူ့ရဲ့ရင်ဘတ်ကို ပုတ်ကာ ဆိုတယ်။

“ ကျွန်တော်က ဘာလို့ကြောက်ရမှာလဲ? ကျွန်တော့်ရဲ့ဒုတိယအစ်ကိုလိုမျိုး သတ္တိရှိနေစေရမယ်လို့ ကတိပေးတယ်!”

လီမင်ရှီ တောဝက်သားတစ်ပိုင်းကို ပါးစပ်ထဲသို့မျိုချလိုက်ပြီး စိတ်ထဲကနေ တိတ်တိတ်လေး ငိုကြွေးနေခဲ့တယ်:

ငါ သတ်နိုင်ခဲ့တယ်ဆိုရင်တောင် ထပ်မသွားနိုင်ဘူး! အရမ်းကြောက်စရာကောင်းတယ်! ငါ့ရဲ့ဘောင်းဘီကို စိုချွဲစေလုနီးပါးပဲ!

ကျန်းကျန်းကတော့ ငါးစွတ်ပြုတ်စားရင်း လူကြီးတွေပြောတဲ့စကားတွေကိုနားထောင်နေခဲ့တယ်။ သူမရဲ့ အစာအိမ်က အလွန်သေးငယ်လွန်းတာကြောင့် အလျှင်အမြန်ပဲ ဖောင်းကားလာခဲ့ကာ ဗိုက်ပြည့်သွားတဲ့အတွက် အိပ်ငိုက်လာရတာကြောင့် သန်းဝေရင်းနဲ့ သူမရဲ့ခေါင်းက ငိုက်ကျလာခဲ့တယ်။

ဒါကိုမြင်တော့ ဝမ်စုဖန်းက သူမကို မျက်နှာဆေးကြောပေးဖို့ ခေါ်သွားခဲ့ပြီး ပြီးသွားတာနဲ့ အရှေ့ဘက်အိမ်မှ ခန်ပေါ်သို့တင်ပေးလိုက်တယ်။ ထို့နောက် နှစ်ကြိမ်လောက် ပုတ်ပေးပြီးတာနဲ့ ကျန်းကျန်းတစ်ယောက် အိပ်ပျော်သွားခဲ့တယ်။

ဝမ်စုဖန်းက ကျန်းကျန်းကို တချိန်လုံးကျွေးနေခဲ့ရတာကြောင့် အစာလုံးဝမစားရသေးဘူး။ ဒါကြောင့် ကျန်းကျန်း အသက်ရှူမှန်မှန်နဲ့ နှစ်ခြိုက်စွာအိပ်ပျော်သွားတာကိုမြင်တော့ သူမကို စောင်ခြုံပေးခဲ့ပြီး ထမင်းစားဖို့အတွက် ပြန်သွားခဲ့တယ်။

ဝမ်စုဖန်းရဲ့ ပြန်လည်ထွက်ခွာသွားတဲ့ ခြေသံကို ကြားပြီးနောက် ကျန်းကျန်းက မျက်လုံးတွေကို အသာပြန်ဖွင့်ပြီး အခန်းထဲမှာ အခြားဘယ်သူမှ မရှိတာ သေချာအောင် စစ်ဆေးကြည့်လိုက်တယ်။ ထို့နောက် ပြတင်းပေါက်ဘက်သို့ လှည့်ကာ သူမရဲ့ အသိစိတ်ကို ခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်ပြန်တယ်။

ညနေဘက်တုန်းက တောင်ပေါ်ကို သွားခဲ့တဲ့အချိန်မှာ ရွှေရောင်တောက်ပနေတဲ့အရာကို မြင်တွေ့ခဲ့ရတယ်လေ။ သူမ အနားကို သွားမကြည့်ခင်မှာပဲ ဝမ်စုဖန်းက သူမကို နှိုးလိုက်တာ။ ဒါကြောင့် လူတိုင်း စားသောက်နေတုန်းမှာ ကျန်းကျန်း တောင်ပေါ်ကို သွားရှာကြည့်ချင်ခဲ့တယ်။

သွားရမဲ့နေရာ ရှည်လျားလွန်းတယ်။ ကျန်းကျန်းက ဒီတစ်ကြိမ်မှာတော့ သူမ သွားလိုတဲ့နေရာကိုပဲ တိုက်ရိုက်သွားကာ တခြားနေရာတွေမှာမရပ်တန့်ခဲ့တော့ဘူး။

သူမက ညနေပိုင်းတုန်းက သူမ မြင်တွေ့ခဲ့ရတဲ့နေရာဆီကိုပဲ သွားချင်ခဲ့တယ်။ သူမဆီမှာ ပန်းတိုင်သတ်မှတ်ပြီးသား ရှိတာကြောင့်ဖြစ်နိုင်တယ်။ ကျန်းကျန်းတစ်ယောက် တောအုပ်ထဲကိုအချိန်ခဏလေးနဲ့ ရောက်သွားသလို ခံစားရတယ်။

သူမ မြေအောက်အနက် သုံး၊ လေးမီတာလောက်အထိ တဖြည်းဖြည်း နစ်မြုပ်ဆင်းသွားခဲ့ပြီးနောက်မှာ သစ်သားသေတ္တာကြီး နှစ်လုံးကို ဘေးချင်းကပ်လျက်တွေ့လိုက်ရတယ်။ ထိုသေတ္တာကြီးနှစ်လုံးစလုံးကို ကြီးမားတဲ့ ကြေးနီသော့ခလောက်တွေနဲ့ သော့ခတ်ထားခဲ့တယ်။

သူမ သေတ္တာတွေကို စစ်ဆေးကြည့်လိုက်တော့ ပထမသေတ္တာထဲမှာ ရွှေချောင်းတွေနဲ့ ပြည့်နှက်နေတာကို တွေ့လိုက်ရတယ်။ သူမရဲ့ အရင်ဘဝတုန်းက ရှော့ပင်းမောလ်တွေမှာ ဖြန့်ခင်းရောင်းချနေတဲ့ ရွှေအရောင်းကောင်တာမှာတောင် ရွှေတွေ ဒီလောက်အများကြီး မမြင်ဖူးခဲ့ဘူး။

ကျန်းကျန်း သူမရဲ့ သားရည်တွေကို ပြန်သုတ်လိုက်ပြီး ပထမသေတ္တာမှ အသိစိတ်ကို ပြန်ခွာလိုက်ကာ ဒုတိယသေတ္တာဆီသို့ ထံမံစစ်ဆေးကြည့်လိုက်ပြတယ်။

ပထမသေတ္တာထဲမှ သပ်ရပ်မှုနှင့် နှိုင်းယှဉ်မယ်ဆိုရင် ဒီသေတ္တာကတော့ အနည်းငယ် ရှုပ်ပွနေတယ်လို့ ဆိုနိုင်တယ်။ ရွှေနဲ့လုပ်ထားတဲ့အုတ်ခဲတွေ၊ ရွှေချောင်းတွေ၊ ငွေအတုံးအခဲတွေ၊ နောက် ယွမ်ဒင်္ဂါးပြားတွေ နှင့် အခြားပစ္စည်းများကို သေတ္တာထဲမှာအများစု စုပုံနေခဲ့ပြီး ရွှေငွေလက်ဝတ်ရတနာတွေ၊ ကျောက်စိမ်းလက်ကောက်တွေနှင့် အခြားသောတန်ဖိုးကြီး ပစ္စည်းတချို့ကို ထိုသေတ္တာထဲမှာ စုပေါင်းထည့်သွင်းထားခဲ့တယ်။

အပေါ်ဘက်မှာတော့ သေနတ်တွေများစွာရှိနေခဲ့တယ်။ တစ်ခါတုန်းက မဒမ်လီမှ ကွေ့ဟွားအား တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီး မထူထောင်မီအချိန်ကာလတုန်းက ဓားပြပြဿနာတွေ အများကြီးရှိခဲ့တဲ့အကြောင်း ပြောပြဖူးတာကို ကျန်းကျန်း သတိရမိသွားခဲ့တယ်။

ဒီတော့ ဒါတွေက ဓားပြတွေ ထွက်ပြေးမသွားမီ မြှုပ်နှံထားခဲ့တာတွေ ဖြစ်နိုင်ကြောင်း ကျန်းကျန်းတွေးတောလိုက်မိပြီး သူတို့တွေက နောက်ပိုင်းကျမှ ပြန်လည်တူးယူဖို့ စီစဉ်ခဲ့တာဖြစ်လိမ့်မယ်ဆိုတာကိုပါ တွေးမိခဲ့တယ်။

ကျန်းကျန်း မြေပြင်ပေါ်သို့ ပြန်လည်တက်လာခဲ့ပြီး ဘေးပတ်ပတ်လည်မှ နေရာတွေကို လိုက်လံစူးစမ်းကြည့်လိုက်တယ်။ ဒီနေရာက တောင်ပေါ်မှာ အတော်လေး ပြန့်ကားနေတဲ့ နေရာတစ်ခုလို့ ပြောနိုင်ပြီး ဒီအပေါ်မှာ ကီလိုဂရမ်ဒါဇင်ပေါင်းများစွာ အလေးချိန်ရှိတဲ့ ကျောက်တုံးကြီးတစ်ခုလည်း ရှိနေသေးတာကြောင့် ထိုကျောက်တုံးကြီးက ဒီသေတ္တာကြီးနှစ်လုံးရဲ့တည်နေရာကို အမှတ်အသားပြုလုပ်ဖို့အတွက်အသုံးပြုထားတာလို့ ယူဆရတယ်။

အခု သူမက ဒီသေတ္တာနှစ်လုံးကို မြင်တွေ့ခဲ့ရပြီးပြီဖြစ်တာကြောင့် ကျန်းကျန်းအနေနဲ့ ထိုရတနာသေတ္တာတွေကို ဓားပြတွေပြန်လာယူဖို့အတွက် ထားရစ်ခဲ့ဖို့ စိတ်ကူးမရှိနေခဲ့ဘူး။

သူမရဲ့ အသိစိတ်က မြေကြီးနဲ့ တစ်သားတည်း ဖြစ်သွားခဲ့ပြီး သေတ္တာနှစ်လုံးကို တောင်ရဲ့အပေါ်သို့ မီတာရာဂဏန်းလောက်အထိ ရွှေ့ပြောင်းလိုက်ပြီး တောပိုနက်နဲတဲ့ နေရာမှာ မြှုပ်နှံထားခဲ့လိုက်တယ်။ ဒါက လူတွေ သွားလာလှုပ်ရှားလေ့မရှိတဲ့နေရာဖြစ်လို့ သူမအနေနဲ့ လုံခြုံစိတ်ချစွာ ချန်ရစ်ထားခဲ့နိုင်တယ်။

ကျန်းကျန်း သူမရဲ့ မျက်လုံးတွေကို ပြန်လည်ဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ ကောင်းကင်ကြီးက မည်းမှောင်နေခဲ့ပြီ။ သူမ အနောက်ဘက်အိမ်မှ အသံတွေကို နားစွင့်ကြည့်လိုက်တော့ တက်ကြွမှုတွေ ပြည့်နှက်နေတုန်းပဲ။

ကျန်းကျန်း အခုချိန်မှာ အမှန်တကယ်အိပ်ငိုက်နေခဲ့တာကြောင့် တစ်ဖက်သို့လှည့်ပြီး နောက်တ်ကြိမ် အိပ်ပျော်သွားခဲ့ပြန်တယ်။

အနောက်ဘက်အိမ်မှာတော့ ထိုအချိန်မှာ အလွန်အမင်း အသက်ဝင်နေခဲ့တယ်။

မကြာခင်မှာပဲ လီမင်တုန်က ဗိုက်ပြည့်အောင်စားပြီးတဲ့နောက်မှာ အထုပ်အပိုးတွေကို ပြင်ဆင်ထုပ်ပိုးဖို့ သူ့ရဲ့အခန်းဆီသို့ ပြန်သွားခဲ့တယ်။ လီမင်ရှီသည်လည်း တောဝက်ကြီးကြောင့် အရိပ်မည်းကြီး အများအမြားရရှိခဲ့ရပြီးဖြစ်တဲ့အတွက် အသားစားဖို့တောင် စိတ်မပါတော့ပဲ လီမင်တုန်ရဲ့နောက်ကနေ လိုက်သွားခဲ့တယ်။

လီမင်နန် နဲ့ လီမင်ပေတို့ကတော့ တတိယဦးလေးမိသားစုမှ လီမင်ရုန်နဲ့ လီမင်ကွမ်းတို့နဲ့အတူ တပျော်တပါးစားသောက်နေကြကာ လေချဥ်တက်လာပြီးတဲ့နောက်မှာတောင် စားပွဲဝိုင်းကနေ မထချင်ခဲ့ကြသေးဘူး။

လီမူစန်းကတော့ ယခင်နေ့တွေတုန်းက ဆိုးရွား ပျက်ယွင်းနေတဲ့ လေထုကို အဝေးသို့ ဖယ်ရှားနိုင်ခဲ့ကာ စိတ်ပျော်ရွှင်နေခဲ့ပြီး ထိုသို့ ပျော်ရွှင်မှုတွေကြောင့်လည်း ဖြစ်နိုင်တယ်။ သူက ဝိုင်နှစ်ခွက်လောက်သောက်ပြီးနောက်မှာ အနည်းငယ် မူးရစ်ချင်နေခဲ့တယ်လေ။ သူက လီမူဝူကို ဆွဲရင်းနဲ့ အစ်ကိုဆိုတဲ့စကားကို မချစတမ်း ခေါ်နေခဲ့တယ်။

မဒမ်လီက မြောက်ဘက်မှာရှိတဲ့ ခန်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေခဲ့ပြီး ဆေးတံထဲသို့ ဆေးရွက်တွေထည့်သောက်နေခဲ့ကာ သူမရဲ့ သားတွေနှင့်မြေးတွေက အလွန် လန်းဆန်းတက်ကြွနေကြတာကိုကြည့်ရင်း ပျော်ရွှင်နေခဲ့တယ်။

သူမ ဆေးတံတစ်အိုးသောက်ပြီးသွားတော့ ထိုဆေးတံကို ခန်ရဲ့ထောင့်နားမှာ ခေါက်ကာ ခါလိုက်ပြီး ဝမ်စုဖန်း၊ လျို့ရှို့လန်နှင့် ကွေ့ဟွားတို့ကို သူမရဲ့အနားသို့ လာခဲ့ဖို့ လာခဲ့ခေါ်တယ်။

“ဒီရက်ပိုင်းတွေက နေပူပြင်းနေတာဆိုတော့ ဒီတောဝက်သားတွေကို အလွယ်တကူသိမ်းဆည်းထားနိုင်မှာမဟုတ်ဘူး.. မနက်ဖြန်ကျရင် မင်းတို့ မိဘတွေရဲ့အိမ်ကို အလည်အပတ်သွားလိုက်ကြဦး.. သူတို့တွေရဲ့ စားချင်စိတ်အာသီသကို ပြည့်ဝစေဖို့ ဝက်သားတချို့ ယူသွားလိုက်ကြ”

သူတို့ သုံးယောက်က မဒမ်လီရဲ့ စကားကြားတော့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြပြီး သူတို့ရဲ့မျက်နှာပေါ်မှာတော့ ပျော်ရွှင်မှုတွေကို မထိမ်းချုပ်နိုင်စွာ ဖော်ပြနေခဲ့ကြတယ်။

မဒမ်လီ သူတို့ကိုကြည့်ပြီး ပြုံးလိုက်မိကာ စကားဆက်လိုက်တယ်။

“စုဖန်းနဲ့ ရှို့လန်က မင်းတို့မိဘတွေရဲ့အိမ်ကို ဝက်သား သုံးဆယ်ကယ်တီလောက် ယူသွားလိုက်ကြ.. ကွေ့ဟွားကတော့ ဆယ်ကယ်တီယူသွားလိုက်.. ပြီးရင် အိမ်မှာကျန်နေတဲ့ တောဝက်သားထဲက အဆီတွေကို ကြော်ထားလိုက် .. အရိုးတွေကို ဖယ်ထုတ်ပြီး ကျန်တဲ့အသားကို ဆားနဲ့ ငံပြာရည်တွေနဲ့ရောနယ်ထားရမယ်.. အဲဒါကိုတော့ ဖြည်းဖြည်းပဲ စားကြတာပေါ့”

ကွေ့ဟွားက ခေါင်းညိတ်လိုက်ပြီး ဝမ်စုဖန်းကတော့ မဒမ်လီ စိတ်အခြေအနေကောင်းနေတာကို တွေ့တဲ့အတွက် အခွင့်အရေးယူကာမေးလိုက်တယ်။

“အမေ.. ကျွန်မ မနက်ဖြန် အိမ်ပြန်တဲ့အချိန် ကျန်းကျန်းကို ကျွန်မနဲ့အတူ ခေါ်သွားလို့ ရနိုင်လောက်မယ်လို့ထင်လား? သူတို့တွေ ကျန်းကျန်းကို မတွေ့သင့်လောက်ဘူးလား”

မဒမ်လီက ဝမ်စုဖန်းရဲ့စကားကိုကြားတော့ အနည်းငယ်တုံ့ဆိုင်းနေခဲ့တယ်။ အကြောင်းရင်းကတော့ ဝမ်စုဖန်းရဲ့မိသားစုက မိုင်နှစ်ဆယ်လောက်ကွာဝေးတဲ့နေရာမှာနေတာဖြစ်လို့ ကျန်းကျန်း ပင်ပန်းမှာကို စိတ်ပူနေခဲ့တာ။

မဒမ်လီ တုံ့ဆိုင်းနေတာကိုမြင်တော့ ဝမ်စုဖန်းက အလျှင်အမြန်ပြောလိုက်တယ်။

“မူဝူကို လှည်းတစ်စီးငှားခိုင်းလိုက်ရမလား.. လှည်းနဲ့သွားလိုက်မယ်လေ”

“ကောင်းပြီလေ”

မဒမ်လီ ခေါင်းညိတ်လိုက်တယ်။

“ဒါဆို မင်း မနက်ဖြန် မနက်စောစော ထွက်သင့်တယ်.. နေ့လယ်စာစားပြီးချိန်လောက်ကို ပြန်လာခဲ့ပေါ့.. မင်းသွားတဲ့အချိန် စောင်နည်းနည်းလောက်ထည့်ယူသွားဖို့ကိုမမေ့နဲ့.. လမ်းမှာ ကျန်းကျန်းအိပ်ပျော်သွားရင် စောင်ခြုံပေးထားရမယ်.. သူမကို လေတိုက်မခံရစေနဲ့”

ဝမ်စုဖန်း အလျှင်အမြန် သဘောတူလိုက်တယ်။

“ ကျွန်မ သိပါပြီ”

All Chapters