Chapter 27
Vol. 3 Ch. 27
ထိုအကြောင်းကို တွေးကြည့်ပြီးတဲ့နောက် မဒမ်လီက စိတ်မချသလို ခံစားနေရတုန်းပဲ။
“ကျန်းကျန်းအတွက် ရေနွေးဓာတ်ဘူးလည်းယူသွားဦး.. မင်းရဲ့ အမေအိမ်မှာ သုံးကြိမ်လောက် ကြိတ်ထားတဲ့ ဂျုံကောင်းကောင်းလေးရှိလည်း မေးကြည့်ဦး.. ရှိရင် ကျန်းကျန်းအတွက် ပေါင်းပေးရမယ်.. မရှိဘူးဆိုရင်တော့ နို့ကိုပဲတိုက်ထားနော်.. သူမကို အစာမကြေမဖြစ်စေနဲ့”
“ကောင်းပါပြီ!”
ဝမ်စုဖန်းက ဆက်ပြီး သဘောတူလိုက်တယ်။
“ဒါအပြင်...”
မဒမ်လီ ခေါင်းကုတ်လိုက်တယ်။
“မင်းရဲ့ယောက်မအိမ်မှာ ချော့ထွမ်လို့ခေါ်တဲ့ ကောင်လေးက အခုမှ သုံးနှစ်ပဲရှိသေးတာမလား.. သူက အခုမှ ဆော့ကစားတတ်တဲ့အရွယ်ဆိုတော့ ကျန်းကျန်းကို အမြင်မကြည်တာတွေလည်း ဖြစ်လာနိုင်တယ်.. အဲဒီချော့ထွမ်ကို ကျန်းကျန်းရဲ့မျက်နှာကို မကုတ်ခြစ်စေနဲ့နော်”
ဝမ်စုဖန်း အလျှင်အမြန်ပြောလိုက်တယ်။
“အဲလောက်ထိ မဆိုးလောက်ပါဘူး.. မင်ပေအဲဒီအရွယ်လောက်တုန်းကဆိုလည်း မင်နန်ရဲ့ ခေါင်တုံးပြောင်ကို သံဘီးကုတ်နဲ့ ဖြီးခဲ့သေးတယ်လေ.. အမေ .. စိတ်မပူပါနဲ့ ကျွန်မအမေရဲ့အိမ်ကို ရောက်ရင် ကျန်းကျန်းကို ပွေ့ချီထားလိုက်မယ်.. သူမကို အောက်မှာမချထားပါဘူး”
ကြည့်ရတာ ဘာပြဿနာမှမရှိဘူးလို့ထင်ရပေမဲ့လည်း မဒမ်လီက စိတ်ထဲမှာ စိတ်မချနိုင်သလို ခံစားနေရတုန်းပဲ။ သူမရဲ့မြေးမလေးက ဒီအသက်အရွယ်လေးမှာ ပထမဆုံးအကြိမ် ခရီးထွက်မှာလေ။ သူမ လိုက်လျောညီထွေဖြစ်နိုင်ပါ့မလားလို့ တွေးမိနေခဲ့တယ်။
“မင်း ဘယ်အချိန်ပြန်လာမလဲ”
မဒမ်လီက သူမရဲ့ နှုတ်ခမ်းတွေကို ဖိကိုက်လိုက်မိပြီး သူမရဲ့ အရေတွေတွန့်ရှုံ့နေတဲ့ နေရာဆီမှာ လွန်ဆွဲနေတဲ့အမူအယာတွေကိုဖော်ပြလာတယ်။
“မင်းငါ့ကိုပါ ဘာလို့အဲဒီကို မခေါ်သွားရမှာလဲ”
ဝမ်စုဖန်း : ...
နောက်နေ့မနက်စောစောမှာတော့ လီမိသားစုက အိပ်ယာမှစောစောထခဲ့ကြတယ်။ ကွေ့ဟွားက ဝက်သားတွေကို လှီးဖြတ်ပြီး အသားပမာဏတွေအများကြီးကို လီမင်တုန်အတွက် ကြော်ခဲ့ကာ ဘူးတစ်ခုထဲမှာထည့်လိုက်တယ်။ ထို့နောက် မနေ့က ညနေပိုင်းတုန်းက ပေါင်းထားတဲ့ ပန်ကိတ်တွေကိုလည်းထည့်လိုက်ပြီး အကုန်လုံးကို သန့်ရှင်းတဲ့ အဝတ်အိတ်ထုတ်ထဲသို့ ထည့်ပေးလိုက်တယ်။
မနက်စာစားပြီးနောက် မဒမ်လီက ဆေးလိပ်တစ်လိပ်ကိုဖွာရင်း လီမင်တုန်ကို ညွှန်ကြားနေခဲ့တယ်။
“မင်း ပေချန်ကိုရောက်ရင် အိမ်ကို မကြာခဏ စာတွေရေးဖို့ မမေ့နဲ့.. မင်းမှာ ကိစ္စတစ်ခုခုရှိခဲ့ရင် မင်းရဲ့ စတုတ္ထဦးလေးဆီ သွားလို့ရတယ်.. သူ မင်းကို ဂရုမစိုက်ဘူးဆိုရင် ငါ့ကိုပြန်ပြော.. ငါ သူ့ကို ဆေးတံနဲ့ ရိုက်သတ်ပစ်မယ်”
လီမင်တုန်က မရယ်မောပဲ မနေနိုင်ခဲ့ဘူး။ သူက အနည်းငယ်ပိန်သွယ်ပြီး ဖြောင့်တန်းတဲ့ ခန္ဓာကိုယ်နဲ့ မဒမ်လီရဲ့အရှေ့မှာ ရပ်နေခဲ့တယ်။
“အဖွား ကျွန်တော်က အရွယ်ရောက်ပါပြီ.. နောက်ပြီး ကျောင်းမှာ ဆရာတွေနဲ့ အတန်းဖော်တွေ ရှိတယ်လေ.. ဘယ်လိုကြီးကြီးမားမား ကိစ္စမျိုး ရှိလာနိုင်မှာလဲ.. တကယ်လို့ရှိခဲ့ရင်လည်း အိမ်မှာ အဖွားရှိနေတာပဲလေ.. အဖွားဆီကို စာရေးပြီး အကြံဉာဏ်ပေးဖို့ စာလှမ်းပို့လိုက်မယ်”
“ကောင်းပြီ!”
မဒမ်လီက ဆေးလိပ်သောက်ရင်း ဝမ်းသာအားရ ပြုံးလိုက်တယ်။
“ငါ့ရဲ့မြေးကြီးလည်း အရွယ်ရောက်လာခဲ့ပြီပဲ.. အနာဂတ်မှာ မင်းရဲ့ကိုယ်တိုင် လမ်းကြောင်းကို ရှာဖွေဖို့အတွက် သင်ယူသင့်တယ်”
သူမက နီရဲနေတဲ့မျက်လုံးတွေနဲ့ သူမရဲ့ဘေးမှာ မတ်တပ်ရပ်နေတဲ့ ကွေ့ဟွားကိုကြည့်ရင်း ခန်ပေါ်ကဆင်းလိုက်ကာ ဖိနပ်စီးပြီး အပြင်ကိုထွက်သွားခဲ့တယ်။
“ကောင်းပြီ ငါ ကျန်းကျန်းကိုသွားတွေ့လိုက်ဦးမယ် .. မင်းတို့နှစ်ယောက် စကားပြောလိုက်ကြဦး.. ဒါပေမယ့် ရထားချိန်ကိုတော့ မနှောင့်နှေးစေနဲ့”
လီမင်တုန်က တံခါးပေါက်ဆီကနေ ပျောက်ကွယ်သွားတဲ့ မဒမ်လီရဲ့ နောက်ကျောကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ရဲ့ရှေ့မှာရပ်နေတဲ့ ကွေ့ဟွားဆီကို ပြန်လှည့်ကြည့်လိုက်ကာ သူ့ရဲ့မျက်နှာပေါ်မှာတော့ ရှုပ်ထွေးတဲ့ ခံစားချက်တွေ ဖြတ်ပြေးသွားခဲ့တယ်။
“မင်း အိမ်ကိုပြန်ရောက်ပြီးရင် ရက်နည်းနည်းလောက် နေခဲ့သင့်တယ်.. အခုလိုမျိုး တစ်နှစ်ကို နှစ်ကြိမ်အိမ်ပြန်လာနိုင်ဖို့ဆိုတာက ရှားပါးလွန်းတယ်လေ”
ကွေ့ဟွားရဲ့မျက်နှာဆီမှာ ရှက်ရွံ့မှုအရိပ်အယောင်ကို ဖော်ပြလာခဲ့တယ်။ သူမက သူမရဲ့ရင်ဘတ်ရှေ့ကို ချထားတဲ့ ကျစ်ဆံမြီးကို ထိလိုက်ပြီး ခေါင်းကိုငုံ့ရင်းနဲ့ ပြောလာခဲ့တယ်။
“ကျွန်မ အိမ်ကိုသွားပြီး ခဏလောက်ကြည့်ရုံပဲ ကြည့်ခဲ့မှာပါ.. အဲဒီမှာအကြာကြီးနေလို့မဖြစ်ဘူး.. ကျွန်မ ဒီမှာမနေဘဲ အဲဒီမှာအကြာကြီးနေလို့မရဘူးလေ”
“တကယ်တော့ မင်း အိမ်ကိုပြန်ချင်ရင် ကိုယ့်ကိုအချိန်မရွေးပြောလို့ရတယ်”
လီမင်တုန်က သူမကို လေးနက်တဲ့အရိပ်အယောင်နဲ့ ကြည့်လာတယ်။
“အခုက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကလိုမျိုး မဟုတ်တော့ဘူး.. မင်း အိမ်ပြန်ချင်ရင် အချိန်မရွေးပြန်လို့ရပြီ”
လီမင်တုန် ပြောတဲ့စကားတွေကို သူမ သိပ်ပြီးနားမလည်နိုင်ပေမဲ့ ကွေ့ဟွားရဲ့မျက်နှာပေါ်မှာတော့ ပန်းရောင်ဖျော့ဖျော့သန်းနေခဲ့ပြီးရှက်ရွံ့တဲ့ သဘောထားကို ဆက်လက်ထိန်းသိမ်းထားနေတုန်းပဲ။
“ဒါပေမယ့် ဒါက ကျွန်မရဲ့အိမ်ပဲလေ.. ကျွန်မက ငယ်ငယ်လေးကတည်းက လက်ထပ်ထားခဲ့တာပဲ.. ဟုတ်တယ်မလား”
သူမ ခေါင်းမော့ကြည့်ရင်းပြောလိုက်တယ်။ လီမင်တုန်ဆီကိုကြည့်လာတဲ့ သူမရဲ့အကြည့်တွေထဲမှာတော့ လေးစားမှုတွေ သဘောကျမှုတွေပြည့်နေခဲ့တယ်။
“အစ်ကိုမင်တုန် .. ရှင် အေးအေးဆေးဆေး စာသင်သွားလို့ရပါတယ်.. ကျွန်မ ရှင့်ကိုယ်စား အိမ်ကို ဂရုစိုက်လိုက်ပါ့မယ်.. ကျွန်မ ရှင် အိမ်ပြန်လာမှာကို စောင့်နေမယ်နော်”
အခုကဲ့သို့သော ရှေးရိုးစွဲခေတ်ကာလတွေမှာ ကွေ့ဟွားရဲ့စကားလုံးတွေက နွေးထွေးပြီး ရိုးရှင်းလွန်းတယ်။ လီမင်တုန် ထိတ်လန့်သွားရပြီး အနောက်ဘက်သို့ သတိလက်လွတ်နဲ့ ခြေနှစ်လှမ်းလောက်ဆုတ်လိုက်မိတယ်။ သူက ကွေ့ဟွားကိုကြည့်လိုက်မိပေမဲ့လည်း ဘယ်လိုပြန်ဖြေရမလဲဆိုတာကို မသိလေဘူး။ သူ တိတ်ဆိတ်နေခဲ့မိပေမဲ့လည်း သူ့ရဲ့လည်ချောင်းတွေက ခြောက်သွေ့ပူနွေးလာခဲ့ပြီး တံတွေးမြိုချလိုက်မိပြန်တယ်။
သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေခဲ့ကြတယ်။ ကွေ့ဟွားက လီမင်တုံကို မျက်လုံးချွဲကြီးတွေနဲ့ ကြည့်နေခဲ့ကာ သူမရဲ့အကြည့်တွေထဲမှာ တုံ့ဆိုင်းမှု နည်းနည်းလောက်တောင် ရှိမနေခဲ့ဘူး။ လီမင်တုန်က သူမရဲ့ ထိုကဲ့သို့ တောက်လောင်နေတဲ့ အကြည့်အောက်မှာ ရှောင်လွှဲဖို့ မတတ်နိုင်ခဲ့ပဲ အဆုံးမှာတော့ ရှက်ရွံ့စွာနဲ့ ခေါင်းကိုလှည့်လိုက်မိတယ်။
“ကိုယ်သွားရတော့မယ်”
ကွေ့ဟွားရဲ့မျက်နှာပေါ်မှာ အနည်းငယ်စိတ်ပျက်မှုတွေရှိနေပေမဲ့လည်း လီမင်တုန်က သူမဘက်သို့ လှည့်ကြည့်လာချိန်မှာ ရင်းနှီးပြီး နူးညံ့သိမ်မွေ့တဲ့ အပြုံးတစ်ခုကိုဖော်လှစ်ပြလာတုန်းပဲ။
“ကျွန်မ ရှင့်ကို ပစ္စည်းတွေ ကူသယ်ပေးမယ်လေ”
လီမင်တုန်က လိပ်ထားပြီးပြီဖြစ်တဲ့ အိပ်ယာကို နောက်ကျောဘက်မှာ သယ်လိုက်ပြီး သူ့ရဲ့ အဝတ်အစားထဲမှာ အပ်နဲ့ချုပ်ပြီးထည့်ထားတဲ့ ပိုက်ဆံတွေကို ပြန်စစ်ကြည့်လိုက်တယ်။ ထို့နောက် ယုံကြည်ချက်ရှိစွာနဲ့ အဝတ်အစားနှင့် စာအုပ်တွေထည့်ထားတဲ့ အိတ်ကြီးကိုကောက်ယူလိုက်တယ်။
ကွေ့ဟွားကတော့ အစာခြောက်တွေ၊ အသားငံပြာရည်စိမ်တွေနှင့် အသီးအရွက်ချဉ်တွေပါတဲ့ ခြင်းတောင်းကြီးကို ကောက်ကိုင်ပြီး အလိုက်သိတဲ့ ဇနီးလေးတွေလိုမျိုး အနောက်ကနေလိုက်သွားခဲ့တယ်။
နှစ်ယောက်သား တံခါးဆီသို့ လျှောက်သွားခဲ့ကြပြီး လီမင်တုန်က မဒမ်လီ၊ လီမူဝူနဲ့ ဝမ်စုဖန်းတို့ကို နှုတ်ဆက်ဖို့ အရှေ့ဖက်အိမ်သို့ သွားခဲ့တယ်။ လီမင်တုန်က အထက်တန်းကျောင်းသားဘဝကတည်းက ရိတုန်မှာ ပညာသင်ကြားခဲ့တာကြောင့် အိမ်နှင့်ဝေးရာမှာသာ အချိန်အများကြီးကုန်ဆုံးခဲ့တယ်။
ဒါကြောင့် လီမိသားစုက ကျင့်သားရနေပြီဖြစ်ပြီး ဝမ်းမနည်းကြတော့ဘူး။ လီမူဝူက သူနှင့် အရပ်ချင်းတူလာပြီဖြစ်တဲ့ သားဖြစ်သူကိုကြည့်ပြီး ရိုးသားစွာ ပြုံးလိုက်တယ်။
“ဟိုရောက်ရင် ဆရာတွေစကားကို နားထောင်နော်.. စာကို ကြိုးကြိုးစားစား သင်ယူဦး.. မင်းရဲ့ အတန်းဖော်တွေနဲ့လည်းရန်မဖြစ်နဲ့”
ဝမ်စုဖန်းက ကျန်းကျန်းကို ပွေ့ချီပြီးပြောလာတယ်။
“ဆောင်းရာသီမှာ တစ်ညလုံး မအိပ်ပဲမနေနဲ့နော်.. အဝတ်အစားကို နွေးနွေးထွေးထွေး ၀တ်ဖို့မမေ့နဲ့.. အဆင်မပြေတာတွေရှိလာရင် စာလှမ်းပို့လိုက်.. ငါ မင်းရဲ့အဖေကို စာတိုက်ကနေပို့ခိုင်းလိုက်မယ်”
မဒမ်လီက လီမင်တုန်ရဲ့နောက်ကနေ လိုက်ပါလာတဲ့ ကွေ့ဟွားကိုကြည့်လိုက်ပြီး ဒီနှစ်ရဲ့နှစ်ကုန်ပိုင်းလောက်မှာ ထိုကလေးနှစ်ယောက်ကို လက်ထပ်ပေမဲ့အကြောင်းကို တွေးနေခဲ့သော်လည်း ကလေးနှစ်ယောက်ရဲ့ရှေ့မှာတော့ ထိုစကားကိုပြောဖို့ ခက်ခဲနေခဲ့တယ်။ မဒမ်လီက နောက်မှ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကို ဝမ်စုဖန်းနဲ့ ဆွေးနွေးကြည့်မယ်လို့ စဥ်းစားလိုက်တယ်။
လီမင်ရှီက အပြင်မှ ဝင်လာပြီး လီမင်တုန်ရဲ့ လက်ထဲမှ ကြီးမားတဲ့ အိတ်ထုပ်ကြီးကို လှမ်းယူပြီး နောက်ကျောမှာသယ်ပိုးလိုက်ကာ ခေါင်းလှည့်ပြီး မဒမ်လီတို့ကို နှုတ်ဆက်လိုက်တယ်။
“အဖွား ဒါဆို ကျွန်တော် အစ်ကိုကြီးကိုလိုက်ပို့လိုက်ဦးမယ်”
“သွားတော့!”
မဒမ်လီက သူမရဲ့လက်ကို ဝှေ့ယမ်းလိုက်ပြီးပြောလိုက်တယ်။
“ကွေ့ဟွားက တံခါးပေါက်နားအထိပဲ လိုက်ပို့ပေးလိုက်လေ.. ပြီးရင် မင်းရဲ့အမေအိမ်ဆီ ပြန်သွားဖို့လုပ်လိုက်တော့”
ကွေ့ဟွားက ခေါင်းညိတ်လာခဲ့ပေမဲ့ အချိန်အတော်ကြာအောင် ရပ်တန့်နေတုန်းပဲ။ လီမင်တုန်က ခြင်းတောင်းကို သူ့လက်ထဲသို့ပေးဖို့ အကြိမ်အနည်းငယ်တိုက်တွန်းပြီးမှသာ ခြင်းကိုလှမ်းပေးလာခဲ့တယ်။ ထို့နောက် ထွက်ခွာသွားတဲ့နှစ်ယောက်ရဲ့ ရုပ်ပုံတွေ မြင်ကွင်းထဲမှ ပျောက်ကွယ်မသွားခင်အချိန်အထိ ရပ်ကြည့်နေခဲ့တယ်။
အိမ်ထဲမှာတော့ လီမူဝူက သူ့ရဲ့ယောက္ခမအိမ်သို့ ပို့ဆောင်ရန်အတွက် အသားတွေကို လှည်းပေါ်သို့တင်နေခဲ့ကာ ပြီးသွားတော့ မဒမ်လီနှင် ဝမစုဖန်းတို့အတွက် ပြင်ဆင်ထားတဲ့ သစ်သားထိုင်ခုံငယ်နှစ်လုံးကိုလည်း တင်လိုက်တယ်။
မဒမ်လီကတော့ မီးဖိုချောင်သို့သွားကာ ကွေ့ဟွားပြုလုပ်ထားတဲ့ ဒယ်အိုးထဲမှ ဝက်ဆီဖတ် နှစ်ပန်းကန်ကိုခူးခတ်ယူလိုက်ပြီး ကျန်ရှိနေတာကိုတော့ကို ဗီရိုထဲသို့ထည့်ပြီးသော့ခတ်လိုက်လေတယ်။ လီမင်နန်နဲ့ လီမင်ပေတို့ နှစ်ယောက်လုံးက မီးဖိုချောင်တံခါးဝမှာ ရပ်နေရင်းနဲ့ ဗီဒိုအတွင်းသို့ ပစ္စည်းတွေထည့်ပြီးသော့ခတ်နေတာကို ကြည့်ပြီး ငိုယိုတော့မလိုဟန်နဲ့ပြောလာကြတယ်။
“ဒါတွေကို သော့ပိတ်ထားခဲ့တော့ ကျွန်တော်တို့က နေ့လည်စာကို ဘာစားရမှာလဲ”
“ငါ မင်းတို့အတွက် ဝက်ဆီဖတ်နှစ်ပန်းကန် မထားခဲ့လို့လား မနေ့ညတုန်းက ဂေါ်ဖီထုပ်နဲ့ ဝက်သားကြာဇံကြော်တွေလည်း ကျန်သေးတယ်.. အရိုးကြီးစွပ်ပြုတ်လည်းနည်းနည်း ကျန်သေးတယ်လေ.. ဒီတော့ မင်းတို့နှစ်ယောက်အတွက် မလုံလောက်ဘူးလား”
မဒမ်လီရဲ့ ပါးစပ်က အလွန်လျင်မြန်ပြီး သူမရဲ့ လက်တွေခြေတွေက ပိုလို့တောင် မြန်ဆန်ခဲ့တယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ မီးဖိုချောင်က သန့်ရှင်းသွားခဲ့ပြီ။
“ဘဝဆိုတာ စီးဆင်းနေတဲ့ရေတွေလိုပဲ.. အချိန်တိုင်းမှာ ဘယ်လိုလုပ်ပြီး အမြဲတမ်းကောင်းကောင်းစားနိုင်မှာလဲ.. အဲဒါကြောင့်ပဲ ဖြုန်းတီးတတ်တဲ့မိသားစုက တစ်သက်လုံး ဘဝကောင်ကောင်းမှာ မနေနိုင်ဘူးလို့ ပြောကြတာပေါ့.. ငါပြောမယ် ငါတို့ရဲ့အိမ်မှာ နေရတဲ့ဘဝက ဘယ်သူ့ထက်မှ ပိုမဆိုးဘူးနော်.. မင်းက ငါတို့လိုမျိုး အသားငါးတွေစားသောက်နေရတာ တခြား ဘယ်သူတွေရှိနေဦးမယ်ထင်လဲ။
လီမင်ပေက သူ့ရဲ့ပါးစပ်ကိုဖိကပ်လိုက်ပြီး သူ့ကိုယ်သူအတွက် အကျိုးခံစားခွင့် တွေပိုရအောင် ကြိုးစားလိုက်တယ်။
“ဒါဆို ဝက်ဆီဖတ်ပေါ်မှာ သကြားတောင်မဖြူးပေးတော့ဘူးလား!”
မစ္စစ်လီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူက လောဘကြီးလွန်းတာကြောင့် ငိုတော့မလိုဖြစ်နေတာကို မြင်လိုက်ရတာကြောင့် မနေနိုင်တော့ပဲ ဗီရိုကို ပြန်ဖွင့်ပြီး သကြားအိတ်ကို ထုတ်ယူလိုက်တယ်။ထို့နောက် ပန်းကန်လုံးတွေထဲကို နည်းနည်းလောက်စီ သေချာဖြူးပေးလိုက်ပြီး သကြားထုတ်ကို ဘီဒိုထဲသို့ အမြန်ပြန်ထည့်ကာ သော့ခတ်လိုက်လေတယ်။
ယခုအချိန်မှာ သကြားဖြူသည်လည်း အခထောက်အပံ့တွေ ရှားပါးလာပြီဖြစ်တာကြောင့် လီမင်နမ်နဲ့ လီမင်ပေတို့ကလည်း အများကြီး မလိုချင်ခဲ့ကြဘူး။
သူတို့က သကြားအနည်းငယ်လောက်ကို အရသာခံနိုင်သရွေ့ စိတ်ကျေနပ်နေလိမ့်မှာဖြစ်လို့ အခုချိန်မှာ အလွန်ကျေနပ်သွားခဲ့ကြတယ်။