← Chapters

Chapter 30

Vol. 3 Ch. 30

Chapter 30

Vol. 3 Ch. 30

ကျင်းကျင်းတစ်ယောက် မြေအောက်အနက် ဆယ်မီတာလောက်သို့ တိုက်ရိုက်ပြုတ်ကျသွားခဲ့ပြီး ကျောက်တုံးကြီးတစ်ခုပေါ်ကိုရောက်မှ ရပ်တန့်သွားရတယ်။ ကံကောင်းထောက်မစွာဖြင့် ကျန်းကျန်း ထွက်လာတဲ့အရာက ဝိညာဉ်အသိစိတ်ဖြစ်နေခဲ့တယ်။ မဟုတ်ရင် သူမကတော့ သွေးတွေချွဲနစ်နေတဲ့ ခေါင်းကိုပဲ ကြောက်လန့်တကြားနဲ့ ပွတ်သပ်နေရလိမ့်မယ်။

ကျန်းကျန်း ကျောက်တုံးပေါ်မှာထိုင်ရင်း ဒီနေရာမှာရှိနေတဲ့ လယ်တောအိမ်တွေ တစ်လျှောက်ကိုပတ်ကြည့်ပြီး တောင်တန်းပေါ်ကိုပါတစ်ချက်လောက်သွားကြည့်ဖို့ တွေးတောလိုက်တယ်။

ကျန်းကျန်းရဲ့ အသိစိတ်က ခြေလှမ်းအနည်းငယ်လောက် လှမ်းလိုက်ပြီးတဲ့အချိန်မှာပဲ သူမရဲ့အနားမှာမြေဆီလွှာက ရုတ်တရက် အနည်းငယ် တုန်ခါသွားခဲ့ပြီး သူမကို တစ်စုံတစ်ခုကို ပြောပြချင်နေသလိုမျိုး ဖြစ်နေခဲ့တယ်။ ကျန်းကျန်း ရပ်တန့်လိုက်ပြီး သူမရဲ့မျက်လုံးတွေကိုမှိတ်ကာ သူမရဲ့ ဝိဥာဥ်အသိစိတ်ကို မြေကြီးနှင့် ပေါင်းစပ်လိုက်တယ်။

ခဏအကြာမှာတော့ သူမရဲ့ မျက်လုံးတွေကို အံ့သြတကြီး ဖွင့်ကြည့်လိုက်ပြီး အခုလေးတင် သူမနဲ့ တိုက်မိသွားတဲ့ ကျောက်တုံးကြီးကို ပြန်လှည့်ကြည့်လိုက်မိတယ်။

မြေကြီးအောက်မှာ မည်းမှောင်နေပြီး သူမရဲ့ ကိုယ်ပိုင်မျက်လုံးတွေဖြင့် ဘာကိုမှ မမြင်နိုင်ဘူး။ ကျန်းကျန်း ကျောက်တုံးကြီးကို သူမရဲ့ အသိစိတ်ဖြင့် ရစ်ပတ်လိုက်ပြီး ထိုကျောက်တုံးရဲ့ အရောင် ၊ အရွယ်အစားနှင့် အထဲမှအသွေးအသားတို့ကို ဂရုတစိုက်စစ်ဆေးခဲ့တယ်။ ဒီကျောက်တုံးက ဖရဲသီးအရွယ်အစားဖြစ်ပြီး ထူးခြားတဲ့ ပုံသဏ္ဍာန်ရှိကာ တစ်ခုလုံးကို ရွှေရောင်ဖြစ်နေခဲ့တယ် ။ ချက်ချင်းဆိုသလိုပဲ ကျန်းကျန်း ဒါက ရွှေကျောက်တုံးဆိုတာကို မှန်းဆနိုင်ခဲ့တယ်။

ရွှေကျောက်တုံးတွေကို ရွှေတွင်းတွေရဲ့အနီးမှာ အများဆုံးထုတ်လုပ်တတ်တယ်။ ကျန်းကျန်း ကောက်ပဲသီးနှံတွေကို တိုးမြှင့်ထုတ်လုပ်ခြင်းအပေါ် ခဏရပ်ထားလိုက်ပြီး သူမရဲ့အသိစိတ်ကို မြေကြီးထဲသို့ နှစ်မြုပ်ထားလိုက်တယ်။

မကြာခင်မှာပဲ အဲ့တုန်,တောင်ရဲ့ သစ်တောတွေအောက်မှာ သယံဇာတတွေနဲ့ ရတနာတွေ ပိုပြီးရှိနိုင်တယ်ဆိုတာကို သူမ ရုတ်တရက် သိလိုက်ရတယ်။ ရွှေကျောက်တုံးဆီမှ ထွက်ခွာလာပြီးနောက် နှစ်မိုင်သုံးမိုင်ခန့်ကိုရောက်ရှိပြီးချိန်မှာတော့ ကျန်းကျန်းတစ်ယောက် ကမ္ဘာမြေကြီးရဲ့ လမ်းညွှန်မှုကို ခံစားလိုက်ရပြီး ခဏအကြာမှာပဲ ရွှေသတ္တုတွင်းတစ်ခုကို တွေ့ရှိခဲ့တော့တယ်။

ကျန်းကျန်း ထိုအထဲသို့ နက်နက်ရှိုင်းရှိုင်းမဝင်ခဲ့ဘူး။ ပထမအချက်အနေနဲ့ သူမက အလွန်ငယ်ရွယ်လွန်းသေးတဲ့အတွက် ရွှေသတ္တုတွင်းတွေကို ရှာတွေ့ရင်တောင်မှ ဘာတစ်ခုမှ လုပ်လို့မရသေးဘူး။ ဒုတိယအနေနဲ့ကတော့ သတ္တုတွင်းကို တူးဖော်လိုရင် ရုတ်တရက် ဖြစ်ပေါ်လာမဲ့ကပ်ဘေးကို ကျော်ဖြတ်ဖို့အတွက် ဆယ်နှစ်ကျော်အောင် စောင့်ရလိမ့်မယ်။

ကျန်းကျန်း မြေပြင်မှ ဖြည်းညှင်းစွာ လွင့်မျောကာ အပြန်လမ်းမှာတော့ သူမရဲ့ ဘေးနှစ်ဖက်လုံးမှ ကောက်ပဲသီးနှံများ အထွက်တိုးစေရန် လမ်းတစ်လျှောက်လုံး ဖြန့်ကျက်ပေးလာခဲ့တယ်။

သူမရဲ့အသိစိတ် သူမရဲ့ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိပြီးနောက်မှာတော့ ဝမ်စုဖန်းရဲ့ ယောက်မဖြစ်တဲ့ ဟဲတုန့်မေ့က ချက်ပြုတ်လို့ ပြီးနေပြီဖြစ်ကာ အရှေ့ခန်းရဲတောင်ဘက်မှ ခန်စားပွဲပေါ်မှာ ချခင်းထားပြီ။

ခန်ပေါ်မှာတော့ ဝမ်စုဖန်းရဲ မိဘတွေနှင့် အစ်ကိုကြီးက မဒမ်လီတို့မိသားစုနဲ့အတူရှိနေပြီး ဟဲတုန့်မေ့ကတော့ အိမ်မှာရှိတဲ့ကလေးတွေကို အနောက်ဘက်ခန်းမှာစားသောက်ဖို့ ခေါ်သွားခဲ့တယ်။

အားလုံးထိုင်ပြီးတဲ့အချိန်မှာ ကျန်းကျန်းက တစ်ဖက်သို့ ပြန့်လှည့်ကာ ထထိုင်လိုက်တယ်။ ဒါကိုမြင်တော့ မဒမ်လီက သူမရဲ့လက်ထဲမှ ဝိုင်ခွက်ကို အမြန်ချလိုက်ပြီး ခန်ပေါ်မှဆင်းကာ ဖိနပ်ကိုလည်း အလျှင်အမြန်စီးလိုက်တယ်။ ထို့နောက် ဆန့်ကျင်ဘက်မှာရှိတဲ့ မြောက်ဖက်မှ ခန်ဆီကို သွားကာ ကျန်းကျန်းကို ပွေ့ချီလိုက်လေတယ်။

“ပေါင်ပေါင်း အိပ်ရာက နိုးလာပြီပေါ့.. ဗိုက်ဆာနေပြီလား”

ကျန်းကျန်း သူမရဲ့ မျက်လုံးတွေကို ပွတ်သပ်ကာ သမ်းဝေလိုက်တာကြောင့် သူမရဲ့ တောက်ပနေတတ်တဲ့ မျက်လုံးတွေက အခုချိန်မှာ ရေတွေဖြင့် မှုန်ဝါးနေပုံရတယ်။ မဒမ်လီက သူမကို အမြန်ပွေ့ချီလိုက်ကာ ခန်ပေါ်မှဆင်းပြီး အခန်းထဲမှာ နှစ်ကြိမ်လောက် လမ်းပတ်လျှောက်နေခဲ့တယ်။ ကျန်းကျန်းရဲ့ပုံစံက ပိုပြီး တက်ကြွလာတာကို တွေ့လိုက်ရမှသာ သူမကို စားပွဲဝိုင်းသို့ပြန်ခေါ်သွားခဲ့ပြီး ဝင်ထိုင်လိုက်တယ်။

ကျန်းကျန်းကို လက်ထဲမှာပွေ့ချီထားတဲ့ မဒမ်လီရဲ့ ပုံစံကိုကြည့်ရင်း အဖေဝမ်က မပြောပဲမနေနိုင်တော့ဘူး။

“ ခမည်းခမက်.. ကလေးကို ဒီလိုမျို့ ပွေ့ချီထားတာက မပင်ပန်းဘူးလား.. စုဖန်းကိုပဲချီခိုင်းလိုက်ပါ.. မင်း မြန်မြန်ဝင်စားလိုက်တော့လေ”

မဒမ်လီက သူမရဲ့လက်ကို ဝှေ့ရမ်းပြီးပြောလာတယ်။

“ကျွန်မတို့ရဲ့ကျန်းကျန်းက စိတ်မကြည်သေးဘူး.. ကျွန်မ သူ့ကို ခဏလောက် ပွေ့ချီထားလိုက်ဦးမယ်.. သူမ စားချင်တဲ့အချိန်ကျမှ စုဖန်းက သူမကို ကျွေးလိမ့်မယ်.. အခုက မိသားစုအချင်းချင်းဆိုတော့ ရှင်တို့တွေ ကျွန်မကို ရယ်မောလာမှာ မကြောက်တော့ဘဲပြောပြာမယ်..

ကျွန်မရဲ့မြေးလေး မွေးလာပြီးကတည်းက စုဖန်းကို အစာကျွေးခိုင်းပေမဲ့ ကျွန်မက သူ့ကို မျက်စိအောက်ကတောင် အပျောက်ခံချင်တာမဟုတ်ဘူး.. ကျွန်မ သူ့ကို ခဏလောက်မမြင်ရရင်တောင် သေတော့မလိုမျိုး ခံစားနေရတယ်..

အရင်တစ်ခေါက်တုန်းက ကျွန်မတို့ တောင်ပေါ်ကို အလုပ်သွားလုပ်တုန်းကတောင် ကျန်းကျန်းကို သူ့ရဲ့ယောက်မဖြစ်သူနဲ့ မထားခဲ့နိုင်ဘူးဖြစ်နေတာ.. အဲဒီတုန်းကဆို ကျွန်မရဲ့ဝိဥာဥ်က တစ်နေကုန် ပျောက်ဆုံးနေရသလိုပဲ”

အဖေဝမ်က သူ့ရဲ့ သူ့မြေးမလေးကို ကြည့်နေပေမယ့် သူက ပေပေနဲ့ နန်နန်တို့ကိုသာ တကယ်ကြီး ပိုသဘောကျတယ်။ တစ်ဖက်မှအမျိုးသမီးက မြေးလေးတွေထက် ဒီမြေးမလေးကိုပိုပြီ့သဘောကျနေလိမ့်မယ်ဆိုတာကို သူ စဥ်းစားကြည့်လို့တောင်မရဘူး။

သို့သော်လည်း မိသားစုတိုင်းမှာ သူတို့မိသားစုရဲ့ စည်းမျဥ်းနဲ့ ဘဝနေထိုင်မှုပုံစံရှိတာကြောင့် အဖေဝမ်က သူ့ရဲ့နှလုံးသားထဲမှာ မေးခွန်းတွေရှိနေပေမဲ့ ဘယ်လိုမေးခွန်းကိုမှ ထုတ်ပြီး မေးမြန်းရဲခြင်းမရှိခဲ့ဘူး။

ဒါပေမယ့် သူမက ကျန်းကျန်းကို အလွန်အမင်းသဘောကျနေတဲ့အပေါ်မှာ မထီမဲ့မြင်ပြုနေလိမ့်မှာမဟုတ်ဘူး။ သူ့ရဲ့စိတ်ထဲမှာတော့ ဒီကလေးကို မွေးခဲ့တဲ့အချိန်တုန်းက သူတို့ ကြက်ဥအနည်းငယ်ကိုသာ ပို့ပေးခဲ့တာဖြစ်ပြီး သူတို့လည်း မသွားဖြစ်ခဲ့တဲ့အကြောင်းကိုတွေးနေခဲ့တယ်။

နောက်ပြီး သူမက ဒီကိုပထမဆုံးလာလည်တာဖြစ်တဲ့အတွက် သူမအတွက် စာအိတ်နီတစ်အိတ်ပေးလိုက်သင့်တယ်။ ဒီလိုမှမဟုတ်ရင် သူ့ရဲ့ခမည်းခမက်က ဒီကလေးကိုအလွန်အနင်းချစ်မြတ်နိုးနေတာကြောင့် သူတို့တွေက ဂရုမစိုက်ဘူးလို့ ထင်သွားပြီး သူမရဲ့နှလုံးသားထဲမှာ မပျော်မရွှင်ဖြစ်နေမှာကို စိုးရတယ်လေ။

ကျန်းကျန်း သူမ အဖွားရဲ့ ရင်ခွင်ထဲမှာ ခဏလောက်ထိုင်နေခဲ့ပြီးမှ လက်ကိုဆန့်တန်းကာ စားဖို့အတွက် ဇွန်းကို လှမ်းဆွဲလာတယ်။

ဒါကြောင့် ဝမ်စုဖန်းက သူမကို အလျှင်အမြန်ဆွဲယူလိုက်ပြီး ဆန်ပြုတ်နွေးနွေးလေးတစ်ဇွန်းကို ခွံ့ပေးလိုက်တယ်။ ကျန်းကျန်းရဲ့ သွားလေးတွေက နူးညံ့ပြီးအရည်ရွှမ်းတဲ့ တောရိုင်းအသီးအနှံတွေကိုသာ ဝါးလေ့ရှိတယ်။ သို့ပေမယ့် အသီးအရွက်တွေကိုတော့ မကိုက်နိုင်သေးဘူး။ ဒါကြောင့် ဝမ်စုဖန်းက ကျန်းကျန်းစားဖို့အတွက် အာလူးတစ်ပိုင်းကိုသာ ဇွန်းနဲ့ကြိတ်ချေပြီး ကျွေးခဲ့တယ်။

မဒမ်လီက ဝိုင်ခွက်ကို ကောက်ယူပြီး တစ်ငုံသောက်လိုက်ကာ ဝက်သားနှပ်တစ်ပိုင်းကို ကောက်ယူပြီး ပါးစပ်ထဲသို့ထည့်လိုက်တယ်။ ဝက်သားနှပ်ကအလွန်နူးညံ့ပြီး ပျော့ပြောင်းကာ အနံ့ကလည်းမွှေးကြိုင်နေခဲ့တာကြောင့် မဒမ်လီက ချီးကျူးစကားဆိုလိုက်တယ်။

“ရှင်တို့မိသားစုရဲ့ အကြီးဆုံးချွေးမချက်ထားတဲ့ ဒီဝက်သားနှပ်က အရမ်းမွှေးတာပဲ.. ကျွန်မတို့ အိမ်မှာ အသားနှပ်လေ့ရှိပေမယ့် အရသာက ဒီလိုမျိုးမရဘူး”

အမေဝမ်က အမြန်ပြောလိုက်တယ်။

“ကျွန်မတို့ အကြီးဆုံးချွေးမရဲ့အဖေက လွတ်လပ်ရေးမရခင်တုန်းက ဝက်သားသတ်သမား ဖြစ်ခဲ့တယ်လေ.. သူမက တခြားဟင်းတွေဆိုရင်တော့ သာမန်လောက်ပဲ.. ဒီဝက်သားဟင်းတစ်မျိုးတည်းကပဲ အကောင်းဆုံးဖြစ်နေတာ..

အထူးသဖြင့် သူ့တို့မိသားစုရဲ့ဝက်အူချောင်းက အရမ်းကိုကောင်းတယ်.. ကံဆိုးတာက ဒီဘက်ခေတ်တွေမှာ ကျွမ်မတို့ရဲ့ဝက်တွေကို အဆီများအောင် မကျွေးမွေးနိုင်တော့ဘူးလေ.. ကန်စွန်းဥကျွေးရမဲ့အရေးကို ဝန်လေးနေရတာဆိုတော့ ဝက်အူချောင်းတွေမစားဖူးတာ နှစ်တွေအများကြီးတောင်ကြာနေပြီ”

မဒမ်လီ သက်ပြင်းချလိုက်တယ်။

“မိုးတွေကလည်း အရင်နှစ်နှစ်လောက်ကစပြီး နည်းသထက်နည်းလာတာ.. ဒီနှစ်တော့ ပိုပြီးကောင်းလာဖို့ မျှော်လင့်ရတော့မှာပဲ”

ကျန်းကျန်းက မိသားစုဝင်တွေရဲ့ စကားဝိုင်းကို နားထောင်ရင်း ယာဂုပန်းကန်တစ်ဝက်ကို အမြန်သောက်လိုက်တယ်။ သူမ ဗိုက်ပြည့်နေပြီဖြစ်ပေမယ့် ကျန်းကျန်းက ဘာမှမလုပ်ချင်ဘဲ ငြိမ်နေချင်စိတ်မရှိတာကြောင့် လက်ကိုဆန့်ပြီး တောရိုင်းအသီးအရွက်တွေနဲ့ရောထည့်ထားတဲ့ သခွားသီးတစ်ပိုင်းကို ဆွဲယူကာ သူမရဲ ပါးစပ်ထဲသို့ထည့်ပြီး ခက်ခက်ခဲခဲဝါးလိုက်တယ်။ သို့ပေမယ့် သူမက အတုံးသေးသေးလေးတွေအထိသာ ဝါးနိုင်ခဲ့ပြီး သခွားသီးကို အများကြီးနည်းပါးသွားအောင် မစားနိုင်ခဲ့ဘူး။ ဒါက သူမ ဒီလိုသခွားသီးကို စားဖူးတာ ပထမဆုံးအကြိမ်ပဲ။

သူမအနေနဲ့ အရင်တုန်းက လူကြီးတွေပြောတဲ့ “သခွားသီးက သခွားသီးနဲ့မတူတော့ဘူး သခွားသီးအရသာမရှိတော့ဘူး”လို့ ပြောတဲ့စကားသံတွေကို ကြားခဲ့ဖူးပေမယ့် အခုချိန်ကိုရောက်မှသာ နားလည်နိုင်ခဲ့တယ်။ အခုခေတ်မှ သဘာဝစစ်စစ်စိုက်ပျိုးထားပြီး ညစ်ညမ်းမှုတွေကင်းစင်တဲ့ သခွားသီးတွေနဲ့ နှိုင်းယှဥ်ကြည့်လိုက်မယ်ဆိုရင် နောက်ပိုင်းမျိုးဆက်တွေစိုက်ပျိုးလာတဲ့ ဖန်လုံအိမ်ထဲမှ သခွားသီးတွေကတော့ မုန်လာဥဖြူလိုမျိုးသာ အများဆုံးယူဆလို့ရနိုင်လောက်တယ်။

ဟဲတုန့်မေ့က အနောက်ဖက်ခန်းထဲမှာ အာလူးတွေနှင့် ပန်ကိတ်တစ်ခုစားခဲ့ပြီးနောက် အရှေ့ဘက်ခန့်မှာ လိုအပ်တာတွေရှိမရှိကို အလျှင်အမြန်လာကြည့်ခဲ့တယ်။ မဒမ်လီက သူမကို အပြုံးနဲ့ပြောလိုက်တယ်။

“ချွေးမ.. မင်း အလုပ်ရှုပ်နေစရာ မလိုပါဘူး.. ဒီဟင်းတွေက အတော်များနေပါပြီ.. ငါတို့တွေ အများကြီးစားနိုင်တာမဟုတ်ဘူး.. မင်းလည်း ဒီမှာထိုင်ပြီး စားပါလား”

“ကျွန်မက ဗိုက်ပြည့်နေပါပြီ အန်တီ”

ဟဲတုန့်မေ့က အလျှင်အမြန်ငြင်းဆန်လိုက်ပြီး ကျန်းကျန်းက ဗိုက်ပြည့်နေပြီဆိုတာကိုမြင်တော့ သူမကို ပွေ့ချီဖို့ လက်လှမ်းလိုက်တယ်။

“ညီမ ငါက မင်းအတွက် ကလေးကို ဂရုစိုက်ထားပေးမယ်လေ.. မင်း ငါတို့မိဘတွေနဲ့ အေးအေးဆေးဆေးစကားပြောနေလိုက်ပါဦး”

ကျန်းကျန်းကလည်း တချိန်လုံးထိုင်နေရတာကို မကြိုက်တာကြောင့် သူမရဲ့လက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်တယ်။ ဒါကြောင့် ဟဲတုန့်မေ့က သူမကို ရင်ခွင်ထဲကို ဆွဲသွင်းလိုက်ပြီး :

“ကျန်ကျန်းက ကျွန်မတို့ရဲ့ချော့ထွမ် ငယ်ငယ်လေးတုန်းကထက် အများကြီးပိုပြီး အေးအေးဆေးဆေးနေတတ်တာပဲ”

ကျန်းကျန်း မူလတုန်းက သူမဆီမှာ အစ်ကို လေးယောက်နှင့် ယောက်မတစ်ယောက်ရှိတာက အလွန်အမင်း စည်ကားအသက်ဝင်လွန်းနေပြီလို့ တွေးထားခဲ့တာ။ ထို့သော်လည်း သူမ အနောက်ဖက်ခန်းသို့ ရောက်တဲ့အချိန်မှာတော့ အမေဖြစ်သူကိုပါ တ,မိသွားရတယ်။

ဒီနေရာမှာ ယောက်ျားလေးငါးယောက်နှင့် မိန်းကလေး သုံးယောက်ရှိနေခဲ့တယ်။ ကျန်းကျန်းတစ်ယောက် ဟဲတုန့်မေ့ဆီကို တုန်လှုပ်စွာ ပြန်ကြည့်လိုက်မိတယ်။ သူမ ဒီအန်တီကြီးက ဒီလောက်ထိများတဲ့ သားသမီးတွေကိုဘယ်လိုမျိုးမွေးခဲ့လဲဆိုတာကိုတောင် မတွေးနိုင်တော့ဘူး။

All Chapters