← Chapters

အထွတ်အမြတ်မြေများမှ သွေးအိုင်

Vol. 11 Ch. 1078

အထွတ်အမြတ်မြေများမှ သွေးအိုင်

Vol. 11 Ch. 1078

“ဘုန်း...”

ကောင်းကင်မှ ပြုတ်ကျသွားသော နတ်ဘုရား မင်းသား ဝူကွေ့ကို ကြည့်ကာ လူတိုင်းမှာ တိတ်ဆိတ် သွားကြသည်။ တိုင်ချူ ဘုရားကျောင်း၊ ဝူကျိးဂိုဏ်းနှင့် နေနန်းတော်၏ တပည့်များမှာ စကားလုံးများ ပျောက်ရှ နေကြ၏။

အခြားလူများမှာ ဝူကွေ့ မည်မျှ အစွမ်းထက်သည်ကို မသိကြသော်လည်း သူတို့ကမူ သိကြပေသည်။ သူကား ကြယ်ပင်လယ်မှ လာသည့် ရွှေအမြုတေ အဆင့်များ အနက် အစွမ်း အထက်ဆုံး ဖြစ်သည်။ အမှောင် မျိုးနွယ်များ၏ အခြေတည် ဝိညာဥ် အဆင့်များပင်လျှင် သူ့အား လေးစားစွာ ဆက်ဆံရသည်။

သို့သော်လည်း ယခုတွင်မူ ချန်းပေ့ရွှမ်းသည် လက်ဗလာဖြင့်ပင် သူတို့၏ ပြိုင်ဘက်ကင်း ပါရမီရှင်ကို ရိုက်နှက်ခဲ့သည်။ ထိုအရာမှာ သူတို့ အတွက် ကြီးမားသော ထိုးနှက်မှုကြီး ဖြစ်၏။

“အား...”

ဝူကွေ့၏ နာကျည်းသော အော်သံက ပျံ့လွင့်လာသည်။ သူ၏ မျက်လုံးသည် သွေးရောင်လွှမ်းနေကာ သူ၏ ခန္ဓာကိုယ်မှာ ရေဆူကဲ့သို့ တုန်ရီနေ၏။

သူ၏ နတ်ဘုရား စွမ်းအားသည် သူ၏ ရွှေအမြုတေနှင့် ကြီးမားစွာ ဆက်နွယ်နေသည်။ ထိုကဲ့သို့ နတ်ဘုရား စွမ်းအား ဖျက်ဆီးခံလိုက်ရခြင်းသည် သူ၏ ‌ရွှေအမြုတေကိုပါ ကြီးမားစွာ ထိုခိုက်နေသည်။ သူသည် မသေသေးသည့်တိုင် သူ၏ စွမ်းအားမှာ ၃၀ ရာခိုင်နှုန်းခန့် လျော့ကျ သွားခဲ့ရပြီ ဖြစ်သည်။

“ဘုန်း...”

ဒေါသ အလင်းများသည် ဝူကွေ့၏ ခရမ်းရောင် မျက်လုံးအတွင်းမှ ပေါက်ကွဲ ထွက်ပေါ်လာ၏။

“ခွေးမသား ချန်းပေ့ရွှမ်း... ငါ့နတ်ဘုရား စွမ်းအားကို ဖျက်ဆီးရဲတယ်ပေါ့... ငါ မင်းကို သတ်မယ်”

ချန်းဖန်၏ ခုတ်ချက်ကား သူ၏ ရွှေအမြုတေကိုပင် အက်ကွဲစေခဲ့သည်။ သူ့အနေဖြင့် နောက်ရာစုနှစ် ငါးခုအတွင်း အခြေတည် ဝိညာဥ် အဆင့်ကို ဝင်ရောက်နိုင်တော့မည် မဟုတ်ချေ။ ကောင်းကင်အဆင့် ရွှေအမြုတေများသည် အလွန် အစွမ်းထက်သလို ကုသရန်မှာလည်း ခက်ခဲလွန်းလှသည်။ သို့ဖြစ်ရာ ဝူကွေ့မှာ မည်ကဲ့သို့ ဒေါသ မထွက်ပဲ နေပါမည်နည်း။

“သတ်မယ်...”

သူ၏ မျက်လုံးများသည် ပြိုင်ဘက်ကင်း ဓားများကဲ့သို့ ခရမ်းရောင် အလင်းတန်း နှစ်ခုကို ပစ်လွှတ်၏။ ၎င်းတို့သည် မိုးကြိုတို့၏ ရောယှက်မှုနှင့် အတူ အလွန် တောက်ပနေသည်။

“ခရမ်းရောင် မျက်လုံး ကျင့်စဥ်...”

ထိုအရာကား ဝူကျိဂိုဏ်း၏ အစွမ်းထက် နတ်ဘုရား ကျင့်စဥ် တစ်ခု ဖြစ်ပေသည်။

သို့သော်လည်း ချန်းဖန်၏ တုံပြန်မှုကား ရိုးရှင်းမြဲ ရိုးရှင်းနေဆဲ ဖြစ်သည်။ သူသည် ခါတိုင်းကဲ့သို့ အေးဆေးစွာပင် လက်တစ်ဖက်ကို ဓားသဏ္ဌာန် ပြုကာ ခုတ်ထစ်လိုက်သည်။

“ဘုန်း...”

ရွှေရောင် ဓားအလင်းသည် ခရမ်းရောင် အလင်တန်း နှစ်ခုကို တမုဟုချင်း ထိုးဖောက်ကာ ဝူကွေ့ထံသို့ ဆက်လက် ရွေ့လျားသွား၏။

“ညှာတာပေးပါ...”

“ရပ်စမ်း...”

“မင်း သူ့ကို သတ်လို့ မရဘူး...”

ရန်တောင်ထိပ်မှ အသံ အချို့ ထွက်ပေါ်လာ၏။ ထို့နောက် အင်အားကြီးသော စွမ်းအင် အချို့မှာ ကောင်းကင်သို့ ပျံတက်လာကာ ချန်းဖန်ထံ ပျံတက်လာကြတော့သည်။

သို့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

“ခရက်...”

ချန်းဖန်၏ ခုတ်ချက်သည် ဝူကွေ့၏ ခန္ဓာကိုယ်နှင့် နတ်ဘုရား စိတ်ဝိညဥ်တို့ကို တိတိပပပင် ဖြတ်တောက်သွား၏။

“မဟုတ်ဘူး...”

ဝူကွေ့၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ သူကား ဝူကျိဂိုဏ်း၏ နတ်ဘုရား မင်းသားလောင်း ဖြစ်သည်။ အခြေတည် ဝိညာဥ် အဆင့် အောက်၌ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ် ဖြစ်သည်။ သူ့ ကဲ့သို့သော လူက စွန့်ပစ်ခံ ဂြိုဟ်နယ်မြေသား တစ်ယောက်၏ လက်၌ ယခုကဲ့သို့ သေရတော့မည်လား။

“ဘုန်း...”

တွေးတော နေစဥ်မှာပင် ဝူ‌ကွေ့၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ရွှေရောင်မြူ အဖြစ် ပေါက်ကွဲ သွားတော့၏။

“ဝှစ်...”

ချန်းဖန်က ဝူကွေ့၏ ခန္ဓာကိုယ်မှ ကျန်ရစ်သော ‌ငွေရောင် အလင်းလုံး တစ်ခုကို လှမ်းယူကာ သေချာ အကဲခတ် လိုက်၏။ ထိုအရာသည် “ဝူကျိ စကြဝဠာ ပန်းချီ” နှင့် အတော်လေး ဆင်တူပေသည်။ ၎င်းကား ဝူကွေ့၏ ကောင်းကင်အဆင့် ရွှေအမြုတေပင် ဖြစ်ပေသည်။

ရွှေအမြုတေ တစ်ခုသည် ကောင်းကင် အဆင့်သို့ ရောက်ရှိသည့် အခါ လုံးဝ ခြားနားသွား၏။ ပိုင်ရှင် သေဆုံးသွားသည့် အခါတွင်ပင် ကောင်းကင် ရွှေအမြုတေများမှာ ဆက်လက် တည်ရှိနေနိုင်ပေသည်။ ၎င်းတို့သည် အဆင့်နိမ့် ကောင်းကင် ရတနာများနှင့် နှိုင်းယှဥ်နိုင်ကာ ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်အောက် ကျင့်ကြံသူများ အတွက် အဖိုးတန် ရတနာ တစ်ခု ဖြစ်နေဆဲ ဖြစ်သည်။

“အတင့်ရဲလိုက်တာ... မင်းက ဝူကျိဂိုဏ်းရဲ့ နတ်ဘုရား မင်းသားကိုတောင် သတ်ရဲတယ်ပေါ့”

“ဒူးထောက်ပြီး အညံ့ခံစမ်း...”

“ဘုန်း...”

ဒေါသတကြီး အော်ဟစ်သံများနှင့် အတူ ကြောက်မက်ဖွယ် စွမ်းအင်များမှာ ရန်ကျင်း တစ်မြို့လုံးကိုပင် ဖုံးအုပ် သွားသည်။ မရေမတွက်နိုင်သော လူများမှာ တစ်စုံတစ်ခု၏ တွန်းဖယ်မှုကို ခံရသည့် အလား မြေပြင်ပေါ် ဖင်ထိုက်လျက် ပြုတ်ကျ ကုန်ကြ၏။

“ဘုန်း... ဘုန်း... ဘုန်း...”

ကြောက်မက်ဖွယ် အရိပ်များမှာ ကောင်းကင်တွင် တစ်ယောက်ပြီး တစ်ယောက် ပေါ်လာကြသည်။ သူတို့သည် နေမင်းအလား ရောင်ဝါများကို ထုတ်လွှတ်ကာ ချန်းဖန်အား ဝန်းရံကြလေသည်။

“အခြေတည် ဝိညာဥ် အဆင့် လေးယောက်...”

အဝေးမှ ကြည့်နေသော အဇူရာ နဂါးမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွား၏။ တိုင်ချူ ဘုရားကျောင်း၊ ဝူကျိဂိုဏ်း၊ နေနန်းတော်နှင့် ရွှမ်ကုန်းဂိုဏ်းတို့၏ ဂိုဏ်းချုပ် လေးယောက်စလုံးကား ပေါ်လာခဲ့ပြီ ဖြစ်သည်။ သူတို့ တစ်ယောက်ချင်းစီသည် သွေးမျိုးဆက် ဘိုးဘေးထက်ပင် ပို၍ အစွမ်းထက်ကြပုံ ရလေသည်။

“ကောင်စုတ်လေး ချန်းပေ့ရွှမ်း... ငါက နင် တိုင်ချူ ဘုရားကျောင်းရဲ့ တပည့် ဖြစ်လာဖို့ ကျန်းချူရန်ကိုတောင် ပြောထားတာ... ဟမ့်... နင်က ငါတို့ မျိုးဆက်တွေနဲ့ နတ်ဘုရား မင်းသားလောင်းကို သတ်ပစ်ရဲတဲ့ အထိ သတ္တိကောင်းနေတယ်ပေါ့... နင် တကယ် သေဖို့ ထိုက်တန်နေပြီ”

အခြေတည် ဝိညာဥ် အဆင့် အဘွားအိုက ပြောလိုက်သည်။ သူမသည် တိုင်ချူ ဘုရားကျောင်း၏ ဂိုဏ်းချုပ် ဖြစ်ကာ ကျန်းချူရန်၊ ယွမ်ရှောင်တို့၏ ဆရာလည်း ဖြစ်၏။

ထိုအဘွားအို၏ ပတ်လည်၌ သီးခြား ကုန်းမြေ တစ်ခုက ဝန်းရံ ဖြစ်ပေါ်နေသည်။ ထိုကုန်းမြေ၌ နတ်ဘုရားများသည် တေးသီကျူး နေကြကာ ကောင်းကင် တန်ခိုးရှင်များမှာ ကခုန်နေကြ၏။ သူမကား ထိုကမ္ဘာ၏ ဖန်တီးသူ ဖြစ်ပေသည်။

“ဟုတ်တယ်... ဒီအရှက်ရမှု အတွက် တစ်ကမ္ဘာလုံးရဲ့ သွေးနဲ့ ပြန်ဆေးကြောပစ်ရမယ်”

နေနန်းတော်၏ ဂိုဏ်းချုပ်ကလည်း ပြောသည်။

“သတ်...”

ဝူကျိဂိုဏ်းချုပ်က ငွေရောင် အတောင်ပံများကို ပြင်းထန်စွာ ခတ်ရင်း အော်ဟစ်လိုက်၏။

“ဘုန်း...”

ချက်ချင်းပင် ဂိုဏ်းချုပ် လေးယောက်မှာ ချန်းဖန်ထံ အဘက်ဘက်မှ တိုးဝင် တိုက်ခိုက်ကြတော့သည်။

“မင်းတို့က ငါ့ကို သတ်ချင်တယ်ပေါ့ ဟုတ်လား...”

ချန်းဖန်က ရယ်မောရင်း ခေါင်းအား ခါယမ်း လိုက်၏။ အခြေတည် ဝိညာဥ် အဆင့် လေးယောက်ကို ရင်ဆိုင်နေရသည့်တိုင် သူ၏ ပုံစံမှာ အလွန်အမင်း တည်ငြိမ်နေဆဲ ဖြစ်သည်။ လူတိုင်းမှာ ချန်းဖန်၏ သတ္တိကို စိတ်ထဲမှ ကြိတ်ကာ ချီးကျူး လိုက်မိကြ၏။

“ဘုန်း... ဘုန်း... ဘုန်း...”

ချန်းဖန်သည် ဂိုဏ်းချုပ် လေးယောက်၏ တိုက်ခိုက်မှုကို လက်တစ်ဖက် ဝှေ့ယမ်းကာ တားဆီးလိုက်သည်။ ဂိုဏ်းချုပ် လေးယောက်မှာ ချန်းဖန်ကို လေးယောက်တစ်ယောက် ဝိုင်း၍ တိုက်ခိုက်နေခြင်း ဖြစ်သည့်တိုင် နောက်သို့ ပေတစ်ရာခန့် ဆုတ်လိုက်ကြရသည်။

“ခွေးကောင်လေးမှာ အရည်အချင်း တချို့ ရှိနေတာပဲ...”

တိုင်ချူ ဂိုဏ်းချုပ်၏ မျက်နှာက ဖြူရော်သွား၏။

“သူက ခုထိ အခြေတည် ဝိညာဥ် အဆင့် မဖြစ်သေးဘူး... သူ့ရဲ့ တိုက်ခိုက်မှုတိုင်းက ဓမ္မ စွမ်းအား အပေါ်မှာပဲ မှီခိုနေရတာ... သူ့ကို သတ်ဖို့ ဘာမှ မခက်ဘူး”

ရွှမ်ကုန်းဂိုဏ်းချုပ်က ပြောလိုက်၏။ သူ၏ အမြင်အရ ဆိုလျှင် ချန်းဖန်မှာ ကောင်းကင် အဆင့် ရွှေအမြုတေ၏ အားကိုးဖြင့်သာ အစွမ်းထက်နေခြင်း ဖြစ်သည်။ ရွှေအမြုတေ ဓမ္မ စွမ်းအား သီးသန့် ယှဥ်ပါက ဝူကွေ့ ပင်လျှင် သူတို့ထက် ပို၍ အစွမ်းထက်သည်။ သို့သော်လည်း သူတို့ကား အခြေတည် ဝိညာဥ် အဆင့်များ ဖြစ်ကြရာ ဓမ္မ စွမ်းအားမှာ သူတို့ အတွက် တစ်ခုတည်းသော ရွေးချယ်စရာ မဟုတ်ချေ။ သူတို့၌ နတ်ဘုရား စွမ်းအား၊ ဓမ္မ အစီအရင်နှင့် ဓမ္မ ဥပဒေသတို့ ရှိပေသေးသည်။

“ဟဟ...”

သို့သော်လည်း ချန်းဖန်ကား မည်သည့်အရာကိုမှ ဂရုစိုက်ဟန် မရချေ။ သူက အေးဆေးစွာပင် ရန်တောင်ထိပ်ရှိ သစ်ပင်မှ သစ်ကိုင်းတစ်ခုကို ချိုးယူ လိုက်သည်။ ထို့နောက် သူက ဓမ္မ စွမ်းအားကို ဖြည့်သွင်းလိုက်ရာ သစ်ကိုင်းမှာ ရွှေရောင် နတ်ဘုရားဓား တစ်စင်း အဖြစ် ပြောင်းလဲသွား၏။

“ဝှစ်...”

ချန်းဖန်က ဓားအား ခုတ်ထစ်လိုက်ရာ တိုင်ချူ ဘုရားကျောင်း ဂိုဏ်းချုပ်၏ လက်တစ်ဖက်မှာ ပြတ်တောက်သွား၏။

“အား...”

အဘွားအိုမှာ နာကျင်စွာ အော်ဟစ်ကာ နောက်သို့ ဆုတ်လိုက်သည်။ မွှေးပျံသော ရနံ့ရှိသည့် ရွှေရောင်သွေးများသည် သူမ၏ ဒဏ်ရာမှ စီးကျလာ၏။ ထိုအရာများကား အလွန် အဖိုးတန်သည် ရတနာသွေးများပင် ဖြစ်သည်။ မူလ အဆင့်များနှင့် ရွှေအမြုတေ အဆင့်များသည် ထိုသွေးများကို သောက်သုံးခြင်းဖြင့် ပိုမို အစွမ်းထက် လာနိုင်ကြသည်။

“ခွေးကောင်...”

အဘွားကြီးက အော်ဆဲလိုက်၏။ လက်မောင်းတစ်ဖက် ဆုံးရှုံးခြင်းမှာ အခြေတည် ဝိညာဥ် အဆင့်များ အတွက် ကြီးကျယ်သော ဒဏ်ရာတစ်ခု မဟုတ်သည့်တိုင် တိုင်ချူ ဘုရားကျောင်း ဂိုဏ်းချုပ် ဆိုသော ဂုဏ်သိက္ခာကို ကျဆင်းစေသည်။ ထိုအရာက သံသယ ရှိစရာ မလိုအောင်ပင် ဆိုးရွားစွာ အရှက်ရခြင်း ဖြစ်ပေသည်။

“ငါ နင့်ကို သတ်မယ်...”

အဘွားအို၏ မျက်လုံးများမှာ အေးစက်ခြင်းများဖြင့် ပြည့်နှက် လာ၏။ သူမက ဒဏ်ရာအား သွေးတိတ်အောင် လုပ်ဆောင်ပြီးနောက် ချန်းဖန်အား မုန်းတီးစွာ ကြည့်လိုက်သည်။

“ဝှစ်...”

ချန်းဖန်က အေးဆေးစွာပင် လက်ထဲရှိ သစ်ကိုင်းကို ဓမ္မ စွမ်းအင်များဖြင့် ဖြည့်လိုက်ပြန်သည်။ သစ်ကိုင်းသည် တောက်ပသော ရောင်ဝါများကို ထုတ်လွှတ်ကာ တဆတ်ဆတ်တုန်ရီလာ၏။

အခြေတည် ဝိညာဥ် အဆင့်များ၏ မျက်နှာများမှာ လေးနက် သွားကြသည်။ သူတို့သည် ချန်းဖန် သစ်ကိုင်း တစ်ခု ကိုင်ထားခြင်းအား အမှတ်မရကြတော့ချေ။ သူတို့၏ အမြင်၌ ထိုအရာမှာ အလွန်အမင်း အစွမ်းထက်သော လက်နက် တစ်ခု ဖြစ်ပေသည်။

“ဘုန်း... ဘုန်း... ဘုန်း...”

အခြေတည် ဝိညာဥ် အဆင့် လေးယောက်မှာ ချန်းဖန်အား ဝန်းရံကာ အပြင်းထန်ဆုံး တိုက်ခိုက် လိုက်ကြပြန်သည်။ ချန်းဖန်က လက်ထဲရှိ သစ်ကိုင်းကို ခါယမ်းကာ သူတို့၏ တိုက်ခိုက်မှုများအား အေးအေးဆေးဆး ခုခံလိုက်၏။

သို့သော်လည်း မည်သည့် သစ်ကိုင်းက အခြေတည် ဝိညာဥ် အဆင့်များ၏ တိုက်ခိုက်မှုကို ကြာရှည် ခုခံနိုင်ပါမည်နည်း။

“ခရက်...”

တိုက်ပွဲစပြီး အချိန် သိပ်မကြာခင်မှာပင် ချန်းဖန်၏ လက်ထဲရှိ သစ်ကိုင်းမှာ ကျိုးပဲ့ သွားတော့၏။

“ကောင်းကင်အရှင်ချန်း...”

လူများမှာ စိုးရိမ်ပူပန်စွာ ရေရွတ် လိုက်မိကြသည်။ တိုက်ပွဲ၌ လက်နက်ကို ဆုံးရှုံးခြင်းကား လက်နှစ်ဖက် ဆုံးရှုံးသွားခြင်းနှင့် အတူတူပင် ဖြစ်သည်။ လက်နက် မရှိပဲနှင့် သူမည်သို့ ဆက်လက် တိုက်ခိုက်မည်နည်း။

“ချန်းပေ့ရွှမ်း... မင်း ဆက်ခုခံနိုင်ဦးမလား ကြည့်ရသေးတာပေါ့”

နေနန်းတော် ဂိုဏ်းချုပ်က ချန်းဖန်အား ကြည့်ကာ ကြိမ်းမောင်းလိုက်သည်။

“မင်းတို့က ငါ ရှုံးပြီလို့ အပိုင်တွက် နေကြတာကိုး... ငါ့ အစေခံ‌လေးတွေနဲ့ ပျော်မြူးလိုက်ကြပါဦး”

ချန်းဖန်က အေးအေးလူလူပင် ပြောရင်း လက်တစ်ဖက်ကို နောက်ပစ်လိုက်၏။

“ထွက်လာစမ်း...”

“ဘုန်း...”

ရုတ်ချည်းပင် ကျယ်ပြောသော အနက်ရောင် ကမ္ဘာ တစ်ခုမှာ ချန်းဖန်၏ နောက်တွင် ပေါ်လာခဲ့၏။ ထိုအရာကား အလွန်အမင်း နက်မှောင်ကာ သွေးဆာမှုများဖြင့် ပြည့်နှက်နေသည်။ မိစ္ဆာချီများသည် လူးလွင့်နေကာ မိစ္ဆာတို့၏ ဂီတသံများမှာ နေရာအနှံ့ ပြန့်ကျဲနေ၏။

“ဝှစ်... ဝှစ်... ဝှစ်...”

ထို့နောက် ပုံရိပ်ခြောက်ခုမှာ ထိုကမ္ဘာ အတွင်းမှ ခုန်ထွက်လာကာ အခြေတည် ဝိညာဥ် အဆင့် လေးယောက်ကို ဝန်းရံလိုက်ကြသည်။ ထိုပုံရိပ်များမှာ မိစ္ဆာများ အသွင် သဏ္ဌာန်ရှိကာ အခြေတည် ဝိညာဥ် အလယ်ဆင့်နှင့် နောက်ဆုံးဆင့်များတွင် ရှိနေကြကာ ဂိုဏ်းချုပ်များထက် ပို၍ အစွမ်းထက်ကြပေသည်။

သူတို့ကား တောင်တန်း အင်ပါယာ အကျဥ်း‌ထောင် အတွင်းမှ ချန်းဖန် ခေါ်ထုတ်လာသည့် မိစ္ဆာခြောက်ကောင်ပင် ဖြစ်တော့၏။

***

All Chapters