← Chapters

Chapter 32

Vol. 4 Ch. 32

Chapter 32

Vol. 4 Ch. 32

ဟဲတုန်မေ့က ထိုစကားကိုကြားတော့ ဒေါသတကြီး ရယ်မောလာတယ်။

“ ငါ မင်းတို့ကို ဂရုမစိုက်ဘူးပေါ့.. ငါ မင်းကို တစ်နေ့လုံး စားစရာ သောက်စရာတွေ ပေးနေတာလေ! ငါက နင်တို့ကို ဘာအတွက်ကျွေးမွေးထားတယ်လို့ထင်နေတာလဲ? မျက်လုံးဖြူ ဝံပုလွေတွေ!”

ချွမ်နီ ထိတ်လန့်တုန်လှုပ်သွားပြီး ရှန်နီကို အလျင်စလိုလှမ်းဆွဲလိုက်ပေမဲ့ ရှန်နီက ချွမ်နီရဲ့လက်ကို ပြန်ဖယ်လိုက်ပြီး ဟဲတုန်မေ့ကို မကျေနပ်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့တယ်။

“ဘယ်လိုပဲဖြစ်ဖြစ် အမေ ကျွန်မတို့ကို ဘယ်လို ဆက်ဆံတယ်ဆိုတာ အမေကိုယ်တိုင်သိပါတယ်.. အမေက စားချင်သလောက်စားတယ်.. ကောင်လေးတွေကလည်း စားနိုင်တယ်.. ကျွမ်မရဲ့အစ်မနဲ့ ကျွန်မက အိမ်မှာ ရှိသမျှ အလုပ်တွေကို လုပ်ရတယ်”

သူမ ကျယ်လောင်စွာ အော်ဟစ်နေတာကို မြင်တော့ ဟဲတုန်မေ့က သူမရဲ့အသံတွေ အိမ်ထဲသို့ ပြန့်နှံ့သွားပြီး တခြားသူတွေပါကြားသွားမှာကို ကြောက်ရွံ့နေခဲ့တာကြောင့် သူမကို ထပ်ပြီးမအော်ရဲတော့ဘူး။

“မင်းရဲ့အစ်ကိုတွေမောင်တွေက ဗိုက်ပြည့်ရင် ပိုက်ဆံရှာဖို့ အလုပ်သွားကြလိမ့်မယ်.. မင်းက အိမ်မှာ သန့်ရှင်းရေးလုပ်နေရုဲပဲလေ.. နည်းနည်းစားရတာတွေ များများစားရတာတွေက ဘာအရေးပါလို့လဲ? မင်း ဗိုက်ဆာပြီး မသေအောင်စားနိုင်ရင် တော်ပြီပေါ့”

“အဆာငတ်ပြီး မသေရင်အစာကျွေးနေစရာမလိုဘူးပေါ့”

ရှန်နီက ခေါင်းကိုငုံ့ထားပြီး သူမရဲ့မျက်လုံးတွေက နီရဲလာခဲ့မယ်။

“ကျွန်မတို့အားလုံး အတူမွေးလာပြီး ကြီးပြင်းလာခဲ့ပေမဲ့ ဘက်လိုက်ခံနေခဲ့ရတာပဲ.. ဘာပဲဖြစ်ဖြစ်လေ.. ဦးလေးတွေ သူတို့ရဲ့မိသားစုကနေ ထွက်သွားတဲ့အချိန် အဖိုးနဲ့အဖွားဆီကို နှစ်တိုင်း သားသမီးဝတ္တရားတွေ လာပြီးကျေပွန်တာမျိုး ကျွန်မ မမြင်မိပါဘူး.. မိန်းကလေးဖြစ်တဲ့ကျွန်မရဲ့အန်တီကတော့ လွန်ခဲ့တဲ့နှစ်တွေအတွင်း ဒီအိမ်အတွက် အသားဘယ်လောက်များများယူလာခဲ့ပြီးပြီလဲ”

ရှန်နီ ခေါင်းလှည့်ပြီး ထွက်သွားခဲ့တယ်။

“ထားပါတော့.. အမေက ကျွန်မကို ဆိုးဆိုးရွားရွားဆက်ဆံခဲ့တယ်ဆိုမှတော့ နောင်အနာဂတ်မှာ ကျွန်မတို့ဆီကနေ သားသမီးဝတ္တရားဆိုတာတွေ မမျှော်လင့်နဲ့”

ဟဲတုန်မေ့ အလွန်အမင်းဒေါသထွက်သွားခဲ့တယ်။ သူမ ငယ်ငယ်ကလည်း အိမ်မှာ ဒီလိုမျိုးကြီးပြင်းခဲ့တာပဲ။ သူမ သမီးမွေးတဲ့အချိန်ကျတော့ အဲလိုမလုပ်နိုင်ဘူးလား။

သူမက ဒေါသအရမ်းထွက်သွားခဲ့တာကြောင့် ရှန်နီရဲ့နောက်ကနေလိုက်ပြီး ရိုက်နှက်ချင်ခဲ့တယ်။ ရှန်နီကလည်း ဟဲတုန်မေ့ရဲ့ ရည်ရွယ်ချက်ကို သူမ သတိပြုမိသွားပုံရတယ်။ သူမက ခေါင်းကိုလှည့်ပြီး ဟဲတုန်မေ့ဆီကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လာခဲ့တယ်။

ဟဲတုန်မေ့ ထိတ်လန့်သွားပြီး အမှတ်တမဲ့ နောက်ကိုပြန်ဆုတ်လိုက်တယ်။ သူမက မိန်းကလေးတွေကို တန်ဖိုးမထားပေမဲ့လည်း ထိုမိန်းကလေးက အမှန်တကယ်နာကျည်းသွားပြီး အနာဂတ်မှာ သူမနဲ့ အဆက်အသွယ်ပြတ်သွားမှာကို စိုးရိမ်တာကြောင့် ဒီအတိုင်းမထားခဲ့ချင်ဘူး။

ဟဲတုန်မေ့ ကျန်းကျန်းကို ရင်ခွင်ထဲမှာပွေ့ပြီး ထိုနေရာမှာ အချိန်ကြာမြင့်စွာ ရပ်နေခဲ့ကာ ဘာပြောရမှန်း မသိဖြစ်နေခဲ့တယ်။ သို့သော်လည်း ဘေးနားမှာရပ်ကာအနည်းငယ် ထိတ်လန့်နေတဲ့ပုံရှိနေတဲ့ ချွမ်နီနဲ့ လျို့နီတို့ကိုကြည့်ရင်း အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရပြီး ဆံပင်တွေကို နားရွက်နောက်သို့ ညှပ်ရင်းပြောလိုက်တယ်။

“ခဏလောက်စောင့်ဦး.. သူတို့ရဲ့ စားပွဲပေါ်မှာ အသားကျန်သေးရင် ငါမင်းတို့အတွက် နှစ်တုံးလောက်ယူပေးဦးမယ်.. များများပိုသေးရင် မင်းတို့အဖေအတွက်လည်း ထားရဦးမယ်”

ချွန်နီက သူမရဲ့ခေါင်းကိုငုံ့ထားပြီး မျက်ရည်တွေကျဆင်းနေခဲ့တယ်။ ဟဲတုန်မေ့ သက်ပြင်းချလိုက်ပြီး ရှက်ရွံ့စွာနဲ့ ပြန်ထွက်လာခဲ့တယ်။

“ပြသနာတော့မရှိလောက်ပါဘူး”

မဒမ်လီက စားသောက်ရင်း စကားတွေပြောနေခဲ့ပြီးနောက် အချိန်ရောက်တာနဲ့ သူမရဲ့မိသားစုကိုခေါ်ကာ ပြန်လာခဲ့တယ်။

သူမ အိမ်ပြန်ရောက်တဲ့အချိန်မှာ လီမင်ရှီက ယာဂုတစ်အိုးနဲ့ ဝက်သားနဲ့ ဂေါ်ဖီတစ်အိုးကို ချက်ပြီးနေပြီ။

ဝမ်စုဖန်းက အိပ်ပျော်နေတဲ့ ကျန်းကျန်းကို ခန်ပေါ်သို့တင်လိုက်ပြီး ပေါ့ပေါ့ပါးပါးလှမ်းမေးလိုက်တယ်။

“မင်းရဲ့မရီးပြန်မလာသေးဘူးလား”

“မလာသေးဘူး”

လီမင်ရှီ ပြန်ဖြေလာတယ်။

“သူမရဲ့အိမ်က အရမ်းဝေးတယ်လေ.. မရီးက ဒီမနက် နောက်ကျမှ ထွက်သွားတာဆိုတော့ တစ်ညလောက်နေပြီးမှပြန်လာမယ်ထင်တယ်”

မဒမ်လီက တံခါးဝမှာထိုင်ပြီး ဆေးလိပ်တစ်ဖွာရှိုက်လိုက်ကာ ရေရွက်လာခဲ့တယ်။

“ဝူမိသားစုရဲ့အိမ်ဟောင်းက အခန်းတစ်ခန်းပဲရှိတာ.. သူမအိပ်ဖို့နေရာမရှိလောက်ဘူး.. နောက်ဆုံးတစ်ခေါက် သူမရဲ့မိဘအိမ်ကနေပြန်လာတော့ သူမရဲ့အဝတ်အစားတွေမှာ မြေကြီးတွေပေနေတာကို မြင်ခဲ့တယ်..

ငါ သူမကို ဂရုတစိုက်နဲ့ မေးတော့မှ သူမက မီးဖိုခန်းထဲမှာ အိပ်ခဲ့ရတာကို သိခဲ့တာ”

ဝမ်စုဖန်း ကောင်းကင်ကို မော့ကြည့်လိုက်တယ်။

“နေဝင်ဖို့က စောနေပါသေးတယ်.. ခဏနေရင် ပြန်လာလောက်မယ်ထင်တယ်”

မဒမ်လီ နောက်ထပ် ဆေးလိပ်တစ်ဖွာရှိုက်လိုက်ပြီးဝမ်စုဖန်းကိုကြည့်ပြီးမေးလိုက်တယ်။

“ဒီနှစ်ဆောင်းရာသီလောက်ကျရင် တုန်ဇီနဲ့ ကွေ့ဟွားတို့ကို လက်ထပ်ပွဲလုပ်ပေးမယ်လို့ ငါတွေးထားတယ်.. အခု ငါ့ဆီမှာ အချိန်မရှိဘူးဆိုတော့ မနက်ဖြန်ကျရင် မင်းအပြင်ကိုထွက်ပြီး ဘာတွေ ဝယ်ရမလဲဆိုတာ သွားကြည့်လိုက်ဦး..

ဝယ်စရာရှိတာဝယ်ရမယ်.. နှစ်ကုန်ပိုင်းကိုရောက်တဲ့အထိ အချိန်ဆွဲမနေနဲ့.. အဲဒီအချိန်ကျရင် ဘယ်အရာမဆို ဝယ်ဖို့ ခက်ခဲသွားလိမ့်မယ်”

“ကောင်းပါပြီ”

ဝမ်စုဖန်းက စိတ်အားတက်ကြွစွာနဲ့အြောလိုက်တယ်။

“ကျွန်မ အရင်ရက်နည်းနည်းလောက်က လက်သမားရှုကို သေတ္တာကြီးတစ်လုံးလုပ်ပေးဖို့မှာထားတာ.. ဒါမှမဟုတ် အသားနှစ်ကယ်တီလောက် သူ့အိမ်ဆီကို ပို့ပေးပြီး မြန်မြန်လုပ်ခိုင်းလိုက်ရမလား”

“ကောင်းတယ်!”

မဒမ် ခေါင်းညိတ်လိုက်တယ်။

“မင်းရဲ့မောင်နဲ့ ယောက်မတို့ကို အဝတ်အထည်လက်မှတ်တချို့ကို ငါနဲ့လွှဲထားဖို့ ပြောထားတယ်.. ပြီးခဲ့တဲ့ တစ်ခေါက်က မင်းရဲ့ စတုတ္ထမောင်ကလည်း နည်းနည်းလောက်ပြန်ယူလာခဲ့တယ်လေ..

ဒါတွေနဲ့ ကွေ့ဟွားနဲ့ တုန်ဇီအတွက် ချည်သားအကျီအသစ်တစ်ထည် ချုပ်ပေးရမယ်.. ပြီးရင် ကျန်းကျန်းအတွက်လည်း တစ်ဆက်ချုပ်ရမယ်.. မင်ပေငယ်ငယ်တုန်းကဝတ်ခဲ့တဲ့ ဂွမ်းကပ် အကျီနဲ့ ဘောင်းဘီရှည်က အချိန်အရမ်းကြာတော့ ကွာချင်နေပြီ”

နှစ်ယောက်သား ညှိနှိုင်းတိုင်ပင်ပြီးနောက် ဝမ်စုဖန်းက ပစ္စည်းတွေကို စတင် စီစဉ်တော့တယ်။ ပရိဘောဂတွေနဲ့ ပတ်သက်တာတွေကတော့ စီစဥ်ရလွယ်ကူတယ်။

တောင်ပေါ်မှာ သစ်တွေအသင့်ရှိနေပြီး ထိုသစ်တွေကို နိုင်ငံတော်က ပိုင်ဆိုင်သော်လည်း သူတို့အနေနဲ့ ထုတ်လုပ်ရောင်းချတာတွေမဟုတ်သရွေ့ အိမ်ဆောက်တာတွေ၊ ဘီဒိုပြုလုပ်တာတွေ စတဲ့အရာတွေကို အလိုရှိသလောက် ယူဆောင်ပြီး အသုံးပြုနိုင်တယ်။

လက်သမားဆရာရှုက အသားကိုမြင်တာနဲ့ လျင်မြန်စွာ အလုပ်စခဲ့တယ်။ ကျေးလက်ဒေသရဲ့ မင်္ဂလာဆောင်သေတ္တာက ဘယ်လိုအဆန်းတကြယ်ပုံစံမှ မလိုအပ်ပဲ ခိုင်ခံ့တဲ့လေးထောင့် ပုံစံတစ်ခုသာလိုအပ်တယ်။

တစ်လအကြာမှာတော့ သေတ္တာနှစ်လုံးနှင့် ဘီဒိုတစ်ခုက အဆင်သင့်ဖြစ်ခဲ့ပြီး လောင်လီရဲ့အိမ်မှလှည်းဖြင့် အိမ်ကို ဆွဲခေါ်လ်ခဲ့တယ်။

ကွေ့ဟွားက လီမင်တုန်ထွက်သွားကတည်းက ထိုင်းမှိုင်းနေခဲ့ပြီး စကားပြောနေတဲ့အချိန်တွေမှာလည်း အာရုံလွင့်နေတတ်တယ်။ သူမရဲ့မျက်နှာကလည်း အနည်းငယ် ညှိုးနွမ်းနေတတ်တယ်။

ဒါကိုမြင်တော့ မဒမ်လီက ဘာမှမပြောခဲ့ပဲ အိမ်ထောင်ပရိဘောဂတွေရောက်တဲ့အချိန်ကျမှသာ သူမကို ဆွဲခေါ်ပြီး ပြသခဲ့တယ်။ ထိုအချိန်ကျမှသာ ကွေ့ဟွားရဲ့မျက်နှာက အနည်းငယ်ပိုပြီးရွှင်လန်းလာခဲ့တယ်။

မဒမ်လီက သူမရဲ့ ဆေးတံကိုကိုင်ကာ လှည့်ပတ်ပြည့်နေခဲ့ပြီး သေတ္တာကိုဖိကာ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။

“ဒါက ခိုင်သားပဲ ဆယ်စုနှစ်နည်းနည်းလောက်ကြာရင်တောင် ပြသနာမရှိလောက်ဘူး”

သူမကို အနည်းငယ် စိတ်မကျေနပ်စေတာကတော့ ပေရှားရဲ့ဘီဒိုတွေက ပုံမှန်အားဖြင့် ပန်းတွေ၊ မြက်လှပင်တွေ စတဲ့အရာတွေကိုရေးဆွဲလေ့ရှိပြီး ပွဲလမ်းသဘင်တွေရဲ့အဓိပ္ပါယ်ကိုပါ မြင်တွေ့ရတာက အလွန်ကောင်းမွန်လှတယ်။ အတိတ်က အစောပိုင်းနှစ်တွေမှာ ပြုလုပ်ခဲ့တဲ့ ဘီဒိုတွေမှာ ထိုသို့သို့အရာတွေ ထည့်သွင်းလေ့ရှိတယ်။ သို့သော်လည်း မကြာသေးမီနှစ်များအတွင်းမှာတော့ ဆေးသုတ်ဖို့အတွက် ဆန္ဒမရှိကြတော့တာကြောင့် ဒီအဆင့်ကို ချန်လှပ်လာခဲ့ကြတယ်။

မဒမ်လီ အနည်းငယ် မကျေမနပ်ဖြစ်နေခဲ့တယ်။ သူမအနေနဲ့ သူမမြေးအကြီးဆုံးရဲ့လက်ထပ်ပွဲကို ပိုပြီးကောင်းမွန်စွာလုပ်နိုင်ဖို့ အမြဲတမ်းတွေးထားခဲ့တာ။ သူမ ဆေးလိပ် အဖွာအနည်းငယ်လောက်သောက်ရင်း စဥ်းစားနေခဲ့ကာ ခဏလောက်နေတော့ တစ်စုံတစ်ခုကို သတိရလာခဲ့တယ်။

“ကွေ့ဟွား .. မင်းရဲ့အမေက မိသားစုကြီးထဲက အမျိုးသမီးဖြစ်ခဲ့ဖူးတာကို ငါမှတ်မိတယ်.. သူ ဒီလိုအရာမျိုးကို ဆွဲတတ်လောက်လား?”

ကွေ့ဟွား ခဏလောက်တုံ့ဆိုင်းနေပြီးမှ ပြန်ပြောလာတယ်။

“ကျွန်မရဲ့အမေက ငယ်ငယ်တုန်းကတော့ ပန်းချီဆွဲနည်းကို သိခဲ့တယ်.. ဒါပေမယ့် လွတ်လပ်ရေးရပြီးကတည်းက ဘာကိုမှ မထိတော့ဘူး.. သူမက အိမ်မှာရှိတဲ့ ပန်းချီဆေးတွေနဲ့ စာရွက်အားလုံးကိုတောင် ဝှက်ထားတာ.. ခု ပန်းချီဆွဲလို့ ရနိုင်ဦးမလားတော့မသိဘူး”

“နှစ်ချက်လောက်ဆွဲတာက ဘာမှမပါတာတာထက်တော့ ပိုကောင်းတယ်လေ”

မဒမ်လီ သူမရဲ့ ဆေးတံကိုငုံ့ကြည့်လိုက်တယ်။

“မနက်ဖြန်ကျရင် မင်း အိမ်ကိုသွားပြီး မင်းရဲ့အမေကို သွားခေါ်ခဲ့လိုက်လေ”

**

ကွေ့ဟွားရဲ့ မိခင်ဖြစ်သူ လျို့ချွမ်ဟွားက တစ်ချိန်တုန်းက လူချမ်းသာမိသားစုရဲ့သမီးဖြစ်ခဲ့တယ်။ သူမရဲ့ ဆယ်ကျော်သက်အရွယ်မှာ သာယာချမ်းမြေ့တဲ့ဘဝဖြင့် နေထိုင်ခဲ့ရတယ်။ စာရေးစာဖတ်တတ်စေရန်အတွက် အမျိုးသမီးကျောင်းသို့ သွားနိုခဲ့ရုံသာမကပဲ ပန်းချီပညာနှင့် အင်္ဂလိပ်စာကိုလည်း လေ့လာခဲ့နိုင်ခဲ့တယ်။ သူမက အမဲသားကင်ကို ဓားနှင့် ခက်ရင်းဖြင့် စားခဲ့တယ်လို့တောင် ဆိုခဲ့ကြပြီး အမှန်တကယ်ကို တိုင်းတပါးမှ အမျိုးမြင့်သမီးလိုပဲ။

လျို့ချွမ်ဟွား အသက်ဆယ့်ရှစ်နှစ်အရွယ်အထိ အိမ်မှာ ကောင်းကျိုးချမ်းသာတို့ဖြင့် နေထိုင်ခဲ့ရပြီး ထို့နောက်မှာ သူမရဲ့မိသားစုနှင့် အခြေအနေချင်း ဆင်တူတဲ့ ဝူ မိသားစုရဲ့ အကြီးဆုံး သခင်ငယ်လေးနှင့် လက်ထပ်ခဲ့တယ်။ ထို့နောက် သားလေးဦးနှင့် သမီးတစ်ဦးကို မွေးဖွားခဲ့ကာ နှစ်အနည်းငယ်ကြာအောင် သာယာတဲ့ဘဝဖြင့် နေထိုင်ခဲ့တယ်။

လွတ်လပ်ရေးရပြီးတဲ့အချိန်မှာတော့ ဝူမိသားစုကဲ့သို့မိသားစုကြီးတွေက ပထမဆုံးဝေဖန်ခြင်း/တိုက်ခိုက်ခြင်းတို့ကိုခံခဲ့တယ်။ သူတို့ တစ်မိသားစုလုံးကို လူထုရဲ့ရှေ့ကို ပြသဖို့အတွက် လမ်းပေါ်သို့ ဆွဲထုတ်ခံလိုက်ရပြီး မိသားစုကဖြိုခွင်းခံလိုက်ရကာ ပြုပြင်ပြောင်းလဲရေးအတွက်ဆိုတဲ့စကားနဲ့ ဒီလိုမိသားစုတွေကို အမျိုးမျိုးသော နေရာဒေသဆီသို့ အလုပ်သမားအဖြစ် အပို့ခံလိုက်ရတယ်။

သခင်လေးဝူရဲ့ မိသားစုကတော့ ကူလီအဖြစ် လုပ်ကိုင်ဖို့ရန် ပေရှားရဲ့သစ်တောနယ်မြေဆီသို့ အပို့ခံခဲ့ရတယ်။

ပျက်စီးယိုယွင်းကာစုတ်ပြတ်နေတဲ့ မြေသားအိမ်၊ ညစ်ပတ်စုတ်ပြဲနေတဲ့ သိုးမွှေးချည်ထည်၊ ဒီအရာတွေက ပေရှားသစ်တောခြံသို့ ပထမဆုံးရောက်ခဲ့စဉ်က ဝူမိသားစုရဲ့ အကြီးဆုံးသခင်လေးပိုင်ဆိုင်ခဲ့သမျှ အားလုံးလို့ယူဆနိုင်တဲ့ ဥစ္စာပစ္စည်းတွေပဲ။ ပေရှားဆိုတာက လေး၊ငါးလလောက် အေးခဲနေတဲ့နေရာဒေသဖြစ်ပြီး အသက်ရှူငွေ့တွေကတောင် ရေခဲအဖြစ် ပြောင်းလဲသွားနိုင်တယ်။

ကမ္ဘာကြီးရဲ့ ဒီလိုနေရာမျိုးမှာ မိသားစုက သေလောက်အောင် အေးစက်နေရပြီး လေမိုးမလုံတဲ့အိမ်နဲ့ ကျိုးပဲ့နေတဲ့ခုတင်ကိုသာ အားကိုးမှီခိုနိုင်ခဲ့တယ်။

All Chapters