Chapter 33
Vol. 4 Ch. 33
ထိုကဲ့သို့သော ကပ်ဘေးဒုက္ခဆိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရတဲ့အချိန်မှာ သခင်လေးဝူအနေနဲ့ မျက်ရည်တွေကို သုတ်နေရုံကလွဲလို့ ရွေးချယ်စရာမရှိဖြစ်ခဲ့ပေမဲ့လည်း လျို့ချွမ်ဟွားကတော့ အလွန်ပဲ ရဲရင့်သတ္တိခဲ့တယ်။
သခင်လေးဝူက အလုပ်အားလပ်ရက် ပေရှားသစ်တောအုပ်ထဲမှာ အမဲလိုက်နေတဲ့အချိန်မှာ လျို့ချွမ်ဟွားကတော့ ညအမှောင်တွေကို အားကိုးပြီး သူမရဲ့အသက်ကို စွန့်စားခဲ့ခဲ့တယ်။
ဒီအိမ်က ရပ်ရွာနယ်နိမိတ်ရင်း အပြင်ဘက်မှာရှိပြီး အပြင်ဘက်ကကြည့်ရင်လည်း ချမ်းသာကြွယ်ဝမှုမရှိကြောင်း သိသာနေတယ်လေ။ ဒါ့အပြင် အရှေ့အနောက်၊ တောင်၊မြောက် ဘေးဘယ်ညာတို့မှာလည်း ဘေးချင်းကပ်နေတဲ့အိမ်နီးနားချင်းတွေ မရှိနေခဲ့ဘူး။ ဒါကြောင့် တချို့အရာတွေကိုထိန်းသိမ်းထားနိုင်လိမ့်မယ်။
လျို့ချွမ်ဟွား သန့်ရှင်းတဲ့စောင်အနည်းငယ်ကိုတွေ့ရှိပြီး အစေခံအခန်းထဲမှ စုတ်ပြဲနေတဲအဝတ်စအနည်းငယ်ကို ယူခဲ့ကာ ထိုစုတ်ပြဲနေတဲ့ အဝတ်စကို စောင်ရဲ့အပြင်ဘက်မှာထားပြီး ပြန်လည်ပြုပြင်ချုပ်လုပ်ခဲ့တယ်။
သူမက သေတ္တာထဲမှ ဝါဂွမ်းစတွေထည့်ထားတဲ့အ၀တ်အထည်အချို့ကိုလည်း ရရှိခဲ့ပြီး ထိုအဝတ်အစားတွေပေါ်မှာ တမင်တကာအပေါက်အပြဲရာတွေဖြစ်အောင် ချုပ်ခဲ့ပြီး အသုံးပြုခဲ့တယ်။
ညအနည်းငယ်အတွင်းမှာ သူမက သူတို့ရဲ့ ပျက်စီးနေတဲ့ အိမ်ငယ်လေးဆီသို့ တချို့သောအရာတွေကိုပြောင်းရွှေ့လာနိုင်ခဲ့တယ်။ သူမနောက်ဆုံးအကြိမ်ပြန်လာတဲ့အချိန်မှာတော့ လျို့ချွမ်ဟွာက မပြီးဆုံးသေးတဲ့ပုံတစ်ခုကိုစိုက်ကြည့်ကာ အတွင်းခံထဲသို့ထည့်ပြီး မီးရှို့လိုက်တယ်။ သေတ္တာအသေးလေးကိုလည်း အတွင်းဘက်အကျဆုံးနေရာဆီမှာသိမ်းထားလိုက်လေတယ်။
လျို့ချွမ်ဟွား တခြားသောခြံဝင်းတွေဆီမှ ယူလာခဲ့တဲ့ ပြောင်းဆန်ကီလိုဂရမ်တချို့နဲ့ ဝါဂွမ်းအင်္ကျီတွေ၊ စောင်တွေကြောင့် ဝူမိသားစုက ထိုဆောင်းရာသီအတွင်းမှာ အစာရေစာငတ်ပြီးသေရမဲ့ အရေးကိုရော၊ အေးခဲပြီးသေရမဲ့အရေးကိုပါ ရှောင်ရှားနိုင်ခဲ့တယ်။ နောက်ပြီး ဆောင်းရာသီက အလွန်အမင်းအေးစက်လွန်းတာကြောင့် တခြားလူတွေက ဒီအချိန်မှာ တောင်ပေါ်ကိုသွားပြီး ထင်းခုတ်တာတွေ အမဲလိုက်တာတွေကို အလွယ်တကူမလုပ်ကြဘူးလေ။
သူတို့တွေ ထွက်လာတဲ့အချိန်မှာလည်း အနီးအနားမှလူတွေက ဝူမိသားစုထဲမှ ဆန်ပြုတ်နံ့ကို ရရှိခဲ့ပေမဲ့ ထိုမိသားစုရဲ့အခြေအနေက အလွန်သနားစရာကောင်းနေတဲ့အတွက် သူတို့က မျက်မမြင်ဟန်ဆောင်ခဲ့ကြကာ သတင်းမပို့ခဲ့ကြဘူး။
တစ်ခါတစ်လေ သူတို့တွေ သားကောင်များများအမဲလိုက်နိုင်ခဲ့ရင် ယုန်ခြေထောက် သို့မဟုတ် သမင်အသားတစ်ပိုင်းလောက်ကို အိမ်ထဲသို့ ပစ်ချခဲ့ကြသေးတယ်။
မဒမ်လီက ဝူမိသားစုရဲ့အခြေအနေကို သိထားတယ်။ သူမ ကွေ့ဟွားကို ခေါ်လာတဲ့အချိန်က ဝူမိသားစုကို ပြန်လည်ပြုပြင်ရန်အတွက် ပေရှား သစ်တောနယ်မြေဆီသို့ ပို့လိုက်တဲ့ ဒုတိယမြောက်နှစ်ပဲ။
မဒမ်လီက လျို့ချွမ်ဟွားလို အားနည်းတဲ့ အမျိုးသမီးတစ်ဦးက ကံကြမ္မာကိုရင်ဆိုင်တိုက်ခိုက်ဖို့အတွက် သစ်သားတွေကို ယောကျာ်းတွေနဲ့အပြိုင်ဆွဲနေတာကိုမြင်ခဲ့ရပြီး ဒီမိန်းကလေးက မှားယွင်းခြင်းမရှိနိုင်ဘူးလို့ ခံစားခဲ့ရတယ်။
မဒမ်လီက ဘီဒိုကို ဆေးခြယ်ဖို့အတွက် သူ့ရဲ့အမေကိုဖိတ်ခေါ်ဖို့ ကွေ့ဟွားကို ညွှန်ကြားခဲ့ပြီးနောက် ခြောက်သွေ့နေတဲ့ ပြောင်းနှံတွေကို ပွတ်ချေနေတဲ့ ဝမ်စုဖန်း ကို ကူညီဖို့အတွက် ဆေးတံကိုကိုင်ရင်း ထွက်လာခဲ့တယ်။
ခြံနောက်ဖက်မှာတော့ လီမင်နန်နဲ့ လီမင်ပေတို့နှစ်ယောက်လုံးက အင်္ကျီတွေမဝတ်ထားဘဲ မျက်လုံးစုံမှိတ်လောက်အောင် အားစိုက်ပြီး ပြောင်းနှံတွေကို ကြိတ်နေကြတယ်။ တစ်ယောက်က ပြောင်းနှံမှုန့်တွေ ထည့်ပေးနေပြီး တစ်ယောက်က ကြိတ်ချေနေခဲ့တယ်။ ပင်ပန်းလာတဲ့အချိန်ကျရင် နှစ်ယောက်က နေရာချင်း လဲကြတယ်။
ကွေ့ဟွားက မဒမ်လီနဲ့အတူ အပြင်ကို ထွက်မသွားခဲ့ပဲ ဘီဒိုနဲ့ သေတ္တာတွေပေါ်မှ အမှုန့်တွေကို အဝတ်စနဲ့ သုတ်ဖယ်ဖို့ လုပ်နေခဲ့တယ်။ သူမက အခန်းထဲမှာရှိနေတဲ့ အသစ်စက်စက် ပရိဘောဂတွေကို ကြည့်ရင်း ငေးမောနေခဲ့ကာ မဒမ်လီမှ သူမကို ထမင်းချက်ဖို့ လှမ်းခေါ်မှသာ သတိပြန်ဝင်လာခဲ့တယ်။
နောက်တစ်နေ့နံနက်စောစောမှာတော့ ကွေ့ဟွားက အစာခြောက်တချို့ကိုယူပြီး သူ့အမေကို ဘီဒိုပေါ်မှာ ပန်းချီဆွဲပေးရန် ခေါ်ဖို့ အိမ်သို့ပြန်လာခဲ့တယ်။
အခုချိန်မှာ လျို့ချွမ်ဟွားက အသက်ငါးဆယ်နီးပါးလောက်ရှိနေပြီဖြစ်တာကြောင့် တောင်ပေါ်ကိုသွားပြီး သစ်မဆွဲနိုင်တော့ဘူး။ သို့ပေမယ့် သူမက တချို့သောအလုပ်တွေကို လုပ်နေတုန်းပဲ။
လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း တောင်ပေါ်မှ တောရိုင်း ဟင်းသီးဟင်းရွက်တွေနှင့် သစ်သီးဝလံ အမျိုးမျိုးတို့တွေက အတော်လေးရင့်မှည့်နေပြီ။
သစ်တောဧရိယာရဲ့ အလုပ်သမားတွေအတွက် ဆောင်းရာသီကို အစားအသောက်တွေ သိုလှောင်ဖို့နဲ့ ထင်းဆွဲရန်အတွက် အားလပ်ရက်ယူဖို့ ခွင့်ပြုပေးထားခဲ့တယ်။
ဒါကြောင့် လျို့ချွမ်ဟွားသည်လည်း ရက်အနည်းငယ် အားလပ်ချိန်ရခဲ့တယ်။ အခုချိန်မှာ သူမက တောင်ပေါ်က တောရိုင်း ဟင်းသီးဟင်းရွက်တွေကို တောင်းတစ်လုံးနဲ့ခူးလာခဲ့ပြီးတံခါးနားမှာထိုင်ကာ အသီးအရွက်တွေကို ရွေးနေခဲ့တယ်။
“မင်းပြီးခဲ့တဲ့လတုန်းကပဲ ပြန်လာခဲ့သေးတာမလား.. အခု ဘာလို့ထပ်လာခဲ့တာလဲ”
လျို့ချွမ်ဟွားက သူမကို မော့မကြည့်ဘဲ ပြောလာတယ်။
“မင်းယောက္ခမတွေရဲ့ စိတ်ရင်းကောင်းတဲ့အပေါ်ကို မမှီခိုလွန်းနဲ့.. မင်း ကိုယ့်ကိုကိုယ် အပြင်လူလို သဘောမထားပေမဲ့ တကယ်လို့ သူ့မိသားစုကသာ မင်းကို ပြန်မောင်းထုတ်လိုက်ရင် ငါတို့မိသားစုထဲမှာ နေစရာကမရှိဘူး.. မင်း ဘယ်လိုနေမှာလဲ”
ကွေ့ဟွားက သူမရဲ့နှုတ်ခမ်းကိုဖိကိုက်လိုက်ပြီး အိမ်ထဲသို့ဝင်ကာ ခွေးချေတစ်လုံးကိုယူပြီး လျို့ချွမ်ဟွားရဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်ကာ တောင်းထဲမှ တောရိုင်းဟင်းသီးဟင်းရွက် လက်တစ်ဆုပ်စာလောက်ကိုယူလိုက်တယ်။ ထို့နောက် အပင်ရဲ့ အမြစ်တွေကိုဖြတ်လိုက်ပြီး တစ်ဖက်မှ တောရိုင်းဟင်းသီးဟင်းရွက်အိုးထဲသို့ပစ်ထည့်လိုက်တယ်။
လျို့ချွမ်ဟွားက ခဏလောက်တိတ်ဆိတ်နေပြီးမှ အက်ကွဲနေတဲ့အသံနဲ့ပြောလာတယ်။
“ဒီတစ်ခါ ပြန်လာတာက ဘာကိစ္စရှိလို့လဲ.. သူတို့က မင်းကို မလိုချင်တော့ဘူးတဲ့လား”
“မဟုတ်ဘူး?”
ကွေ့ဟွားက သူမရဲ့ ခေါင်းကို ငုံ့ထားတုန်းပဲ။
“ကျွန်မ လက်ထပ်တော့မယ်.. ဒီနှစ်ကုန်လောက်မှာ မင်္ဂလာပွဲလုပ်မှာ”
လျို့ချွမ်ဟွား ထိုစကားကိုကြားတော့ မထိန်းနိုင်စွာနဲ့ ပြုံးရယ်မိသွားခဲ့ကာ ကွေ့ဟွားကိုကြည့်လိုက်ပြီး သူမရဲ့အသံက ပိုပြီး နူးညံ့လာခဲ့တယ်။
“လီ မိသားစုက တကယ်ကိုကောင်းလွန်းတယ်.. မင်း သူတို့မိသားစုနဲ့ အခုလိုမင်္ဂလာပွဲတစ်ခု တည်ဆောက်နိုင်တာ ကံကောင်းတာပဲ”
ကွေ့ဟွား နောက်ဆုံးသော အရွက်ကို ရွေးလိုက်ပြီး လျို့ချွမ်ဟွားကို မော့ကြည့်ကာ အသံတိုးတိုးနဲ့ပြောလိုက်တယ်။
“အမေ ကျွန်မအတွက် ဘီဒိုမှာ ပန်းချီဆွဲပေးနိုင်မလား”
လျို့ချွမ်ဟွားရဲ့မျက်နှာပေါ်မှ အပြုံးက အေးခဲသွားရတယ်။
“ပုံ ဘယ်လိုဆွဲရမလဲဆိုတာ ငါမသိဘူး.. ငါက သစ်သားဆွဲသမားတစ်ယောက်ပဲလေ”
သူမ လျင်မြန်စွာထရပ်လိုက်ပြီး အိမ်ထဲသို့အသီးအရွက် အိုးနဲ့ ထွက်သွားဖို့လုပ်ခဲ့ပေမဲ့ ကွေ့ဟွားက ထရပ်ပြီး သူမကို အမြန်လှမ်းဆွဲလိုက်တယ်။
“အမေ.. ဒါက ကျွန်မဘဝမှာ အကြီးမားဆုံးပျော်ရွှင်ရမဲ့ပွဲလေ”
လျို့ချွမ်ဟွား ခေါင်းငုံ့ကာ အိုးထဲမှ တောရိုင်းဟင်းသီးဟင်းရွက်တွေကို ကြည့်ရင်း သူမရဲ့မျက်နှာပေါ်မှ အမူအရာတို့က မသဲမကွဲဖြစ်လာတယ်။
ကွေ့ဟွားက မထိန်းနိုင်တော့ပဲ ငိုကြွေးလာကာ ဆို့နင့်နေတဲ့ အသံဖြင့် ပြောလာတယ်။
“ဒါကြောင့် အဲဒီပန်းချီကို ကျွန်မရဲ့အမေဆီက ခန်းဝင်ပစ္စည်းအဖြစ် သတ်မှတ်လိုက်လို့ရမလား “
ထိုစကားလုံးတွေက လျို့ချွမ်ဟွားရဲ့ ရင်ထဲကို တိုက်ရိုက် ထိမိသွားပုံရပြီး သူမ ရဲ့ခေါင်းကို မော့ကာ ကွေ့ဟွားကို ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်အားငယ်စွာ ရယ်မောလိုက်တယ်။
“ငါ အိမ်ထောင်ပြုတုန်းက ခန်းဝင်ပစ္စည်းအဖြစ် ယွမ် 200၊ ရွှေ ငွေလက်ဝတ်ရတနာ တစ်ဗူးရခဲ့တယ်.. ငါ့ရဲ့ သမီးအလှည့်ကိုရောက်တော့ ဒီပန်းချီဆွဲတာလောက်နဲ့ လုံလောက်သွားပြီတဲ့လား”
“အမေ...”
ကွေ့ဟွား အသံရှည်ဆွဲကာ ခေါ်လာခဲ့ပြီး သူမရဲ့အသံထဲမှာ အသနားခံမှုတွေ ပါဝင်နေခဲ့တယ်။
လျို့ချွမ်ဟွား ကွေ့ဟွားကို ကြည့်လိုက်ပြီး နောက်ဆုံးတော့ သူမကိုထပ်ပြီး မငြင်းဆန်နိုင်တော့ဘူး။
“ကောင်းပြီ၊ ငါ မင်းအတွက်ဆွဲပေးမယ်.. မင်းကိုသနားဖို့ ငါ့ကို ဘယ်သူက ပြောခဲ့လို့လဲ.. ငါက မင်းဆီမှာ အကြွေးတင်နေတာပဲလေ”
လျို့ချွမ်ဟွားက ရေဇလုံထဲသို့ ရေတွေလောင်းထည့်လိုက်ပြီး သူမရဲ့လက်နှင့်မျက်နှာကို သန့်ရှင်းစင်ကြယ်သွားအောင်ဆေးကြောလိုက်ပြီး ခေါင်ပေါင်မှ ဆံပင်တွေကိုလည်း သပ်သပ်ရပ်ရပ်ဖြစ်သွားအောင်ဖြီးကာ အနောက်ဘက်မှာစည်းနှောင်လိုက်တယ်။
ထို့နောက် သူမက သေတ္တာကိုဖွင့်လိုက်ပြီး လျှော်ဖွပ်လွန်းတာကြောင့် အဖြူရောင်သန်းနေပြီဖြစ်သော်လည်း သန့်ရှင်းသပ်ရပ်နေသေးတဲ့ အဝတ်တစ်ထည်ကို ထုတ်ယူပြီး ဝတ်ဆင်လိုက်ကာ သူမ ဆယ်နှစ်ကျော်ကြာအောင် သိမ်းဆည်းထားခဲ့တဲ့ သေတ္တာလေးကို သေတ္တာရဲ့အောက်ခြေမှထုတ်ယူလိုက်တယ်။
ထို့နောက် အထဲမှ ပစ္စည်းကို ထုတ်ယူကာ ပွတ်တိုက်လိုက်တယ်။
ထို့နောက် လျို့ချွမ်ဟွား ဟောင်းနွမ်းစုတ်ပြဲနေပြီဖြစ်တဲ့ ထုတ်ပိုးနိုင်တဲ့ လက်ကိုင်ပုဝါကို ယူကာ ထိုသေတ္တာကို ထုတ်ပိုးလိုက်ပြီး စာရွက်ဖြူအပိုင်းလေးတစ်ပိုင်းမှာ မီးသွေးနဲ့ စာတစ်စောင်ရေးခဲ့ပြီး သမီးဖြစ်သူနှင့်အတူ ထွက်ခွာလာခဲ့တယ်။
ကွေ့ဟွား လီမိသားစုထဲမှာနေခဲ့တာ ဆယ်နှစ်လောက်ရှိနေခဲ့ပြီ။ ဒီတစ်ကြိမ်က သူမရဲ့အမေ လီမိသားစုရဲ့ တံခါးပေါက်ဆီကို ပထမဆုံးအကြိမ် ရောက်လာခဲ့တာပဲ။
မဒမ်လီက တံခါးဖွင့်သံကြားတာနဲ့ အပြင်ကိုထွက်လာပြီး နှုတ်ဆက်လာခဲ့တယ်။ သူမနှင့် လျို့ချွမ်ဟွားတို့ ခြံထဲမှာ လောကဝတ်စကားတွေပြောနေကြစဥ်မှာ လီမင်နန်နဲ့ လီမင်ပေတို့က အပြင်ကိုထွက်ကြည့်လာကြတယ်။ ကျန်းကျန်းတောင်မှ သူမရဲ့ လည်ပင်းကို ဆန့်တန်းပြီး ပြတင်းပေါက်မှတဆင့် လှမ်းကြည့်လာခဲ့တယ်။
ဒါကိုမြင်တော့ ဝမ်စုဖန်း ပြုံးလိုက်ပြီး သူမရဲ့နဖူးလေးကို အသာပုတ်လိုက်တယ်။
“ဒီလိုအသေးလေးက စပ်စုတတ်နေပြီပေါ့လေ”
သူမက ပြောရင်းနဲ့ ကျန်းကျန်းကို ပွေ့ချီကာ အပြင်သို့ ထွက်လာခဲ့တယ်။
ကျန်းကျန်းက ကွေ့ဟွားတို့မိသားစုအကြောင်းကို သူမရဲ့မိသားစုပြောနေတဲ့ စကားတချို့ကြောင့် သိထားခဲ့တယ်။
သူမ လျို့ချွမ်ဟွားဆီကို စူးစမ်းလိုစိတ်တို့ဖြင့် ကြည့်လိုက်တော့ သူမက သန့်ရှင်းစင်ကြယ်တဲ့အဝတ်အစားတွေကို ဝတ်ထားပြီး ဆံပင်ကိုလည်း သေသေချာချာဖြီးထားတာကို တွေ့လိုက်ရတယ်။ ငယ်ငယ်တုန်းကဆိုအတော်လေး အားအင်ပြည့်ဝပြီးတက်ကြွတဲ့သူမျိုးဖြစ်ခဲ့မှာပဲ။
ဝမ်စုဖန်းက ပြုံးပြီး သူမကို အိမ်ထဲသို့ ခေါ်လိုက်တယ်။
“ခမည်းခမက် အိမ်ထဲကိုဝင်ထိုင်ပါဦး.. ဒီလောက် နှစ်ပေါင်းများစွာအတွင်း ရှင် ဒီကိုလာတာကို ပထမဆုံးတွေ့ဖူးတာဘဲ.. ကွေ့ဟွားက ရှင်နဲ့ ဆင်တာတယ်”
လျို့ချွမ်ဟွားရဲ့မျက်နှာပေါ်မှာ ခပ်ဖျော့ဖျော့ အပြုံးပေါ်လာခဲ့တယ်။
“ကျွန်မ ရှင်တို့ကိုတွေ့ဖို့ အမြဲတမ်း လာချင်နေခဲ့တာပဲ.. ဒါပေမယ့် ရှင်တို့သိတဲ့အတိုင်း ကျွန်တို့ရဲ့မိသားစုက အဆင်မပြေဘူးလေ.. ကျွမ်မက ရှင်တို့ကို ဒုက္ခပေးမိမှာကို စိုးရိမ်နေခဲ့တာ..
နောက်ပြီး ရှင်တို့က ကျွန်မတို့ရဲ့ ကွေ့ဟွားကိုဝယ်ပြီး အခုလို ကျွေးမွေးပျိုးထောင်ပေးခဲ့တယ်.. ဒါက ကွေ့ဟွားနဲ့ ကျွန်မတို့မိသားစုရဲ့ ဆင်းရဲဒုက္ခတွေကို အများကြီး ကူညီပေးနိုင်ခဲ့တာ..
ရှင်တို့က ကြင်နာတတ်ပြီးသူမကို ကျွန်မတို့ဆီ မကြာခဏ ပြန်စေခဲ့တယ် ဆိုကတည်းက ကျန်တာတွေက အရေးမကြီးတော့ပါဘူး.. ကျွန်မတို့က ရှင်တို့ဆီကနေ အတော်ကြီးအခွင့်ကောင်းယူပြီးနေပါပြီ.. ရှင်တို့နဲ့ မိသားစုတစ်ခုဖြစ်ဖို့ ဘယ်လိုများ မျက်နှာကြီးနိုင်ပါဦးမလဲ*”
(T/n_ သူ့ရဲ့သမီးကို ကလေးသတို့သမီးအဖြစ် အခကြေးငွေနဲ့ ရောင်းချလိုက်တာဖြစ်တဲ့အတွက် သူက ကွေ့ဟွားရဲ့အမေဆိုတဲ့ ဂုဏ်ပုဒ်တပ်ခွင့်မရှိတော့သလို၊ ခမည်းခမက်တော်စပ်ရလောက်အောင်လည်း အရှက်မမဲ့ချင်ဘူးလို့ ပြောချင်တာပါ)
ဝမ်စုဖန်းက ထိုစကားကိုကြားတော့ ဘာပြန်ပြောရမလဲဆိုတာ မသိတော့ဘူး။ မဒမ်လီက သူမရဲ့ခါးကြားမှ ဆေးတံကို ထုတ်ယူပြီး ဆေးရွက်ကြီးတွေထည့်ကာ မီးညှိပြီး နှစ်ဖွာလောက်ရှိုက်လိုက်တယ်။
ပြီးမှ ဖြေးညင်းစွာပြောလာခဲ့တယ်။
“ကွေ့ဟွားကို မင်းတို့ဆီကို မကြာခဏပြန်လွှတ်တယ်ဆိုမှတော့ သူမက မင်းကို အသိအမှတ်မပြုတော့ဘူးဆိုတာမျိုး ဖြစ်လာနိုင်ပါ့မလား.. အများကြီးတွေးမနေစမ်းပါနဲ့.. အထဲကိုဝင်ပြီး ရေသောက်ရင်း အနားယူလိုက်ဦး”
လျို့ချွမ်ဟွားက ထပ်ပြီး ကျေးဇူးတင်စကား ပြောလာကာ မဒမ်လီရဲ့နောက်ကနေ အိမ်ထဲသို့ လိုက်လာခဲ့တယ်။ ဝမ်စုဖန်းက ကျန်းကျန်းကို ခန်ပေါ်မှာ တင်လိုက်ပြီး ကွေ့ဟွားကိုကြည့်ခိုင်းလိုက်ကာ သူမက မီးဖိုမှာ ရေနွေးတစ်အိုးတည်လိုက်ပြီး သကြားရည်တစ်ခွက်ပြုလုပ်ကာ အိမ်ထဲသို့ ပြန်ဝင်လာခဲ့တယ်။