Chapter 34
Vol. 4 Ch. 34
လျို့ချွမ်ဟွားက ပညာကောင်းစွာတတ်ပြီး အပြောအဆိုကလည်း ရှင်းလင်းပြတ်သားတယ်။ ထို့အတူ သူမရဲ့ အသံကလည်း အလွန်နူးညံ့သိမ်မွေ့ပြီး သူမ သကြားရေသောက်တဲ့ ကိုယ်နေဟန်ထားကတောင် နေ့ခင်းခင်းဘက် လက်ဖက်ရည်သောက်နေသလိုမျိုး ကျော့မော့နေခဲ့တယ်။
လျို့ချွမ်ဟွားက သကြားရေသောက်ပြီးနောက် ရေခွက်ကို ကွေ့ဟွားဆီသို့ ပြန်ပေးလိုက်ပြီး မဒမ်လီကို ကျေးဇူးတင်စကားထပ်ပြောကာ မတ်တပ်ထရပ်လိုက်တယ်။
“ ဘီဒို ဘယ်မှာလဲ.. ကျွန်မသွားကြည့်ပါရစေဦး.. ဒါမှ ဘယ်လိုဆွဲရမယ်ဆိုတာ တွေးကြည့်လို့ရမှာ “
မဒမ်လီ: “ငါက မင်းကို ဒီမှာ ခဏလောက်အနားယူပြီး မနက်ဖြန်မှ ကြည့်ခိုင်းဖို့လုပ်နေတာ.. မင်းက အချိန်မဆွဲချင်ဘူးပဲ”
လျို့ချွမ်ဟွားက သူမရဲ့ခေါင်းကို ခါယမ်းလိုက်တယ်။
“ကျွန်မက ဒါတွေကို လုပ်ဖူးတယ်ဆိုပေမဲ့ အနားယူပြီးကတည်းက မထိတွေ့ခဲ့တာဆိုတော့ အချိန်ကြာလှပြီ.. နောက်ပြီး ကျွန်မရဲ့မျက်လုံးတွေက နောက်ပိုင်းမှာ အရင်လိုမကောင်းမွန်တော့ဘူးလေ.. ရှင်တို့ရဲ့မိသားစုထဲမှာလည်း လုပ်စရာတွေအများကြီရှိနေမှာပဲ.. ကျွန်မ ဒီမှာ တစ်ချိန်လုံးနေဖို့ မဖြစ်နိုင်ဘူးမလား”
မဒမ်လီက ကွေ့ဟွားကိုဝယ်ယူစဥ်တုန်းက လျို့ချွမ်ဟွားနဲ့ တစ်ကြိမ် အဆက်အသွယ်လုပ်ဖူးခဲ့ပြီး ဒီအမျိုးသမီးက သူမရဲ့ မိသားစုနောက်ခံ အပြောင်းအလဲတွေဖြစ်ပြီးကတည်းက အလွန်အမင်း အထိအခိုက်မခံဖြစ်လာခဲ့ကာ ကိုယ့်ကိုယ်ကိုယ်ချမှတ်ထားတဲ့အကာအရံအတားအဆီးတွေက ထူထဲလွန်းတဲ့အကြောင်းကိုသိထားခဲ့တယ်။
ဒါကြောင့် သူမ ထပ်ပြီးဖြောင်းဖြတော့ဘဲ ခန်ပေါ်မှဆင်းကာ လျို့ချွမ်ဟွားကို အနောက်ဖက်အိမ်ဆီသို့ ခေါ်သွားခဲ့တယ်။
“ဒီအနောက်ဖက်အိမ်မှာ သူတို့ ဇနီးမောင်နှံနှစ်ယောက်အတွက် ပြင်ဆင်ထားတယ်.. အစောပိုင်းက ဒီအိမ်ကို တုန်ဇီရဲ့ စတုတ္ထဦးလေးအတွက် ပြင်ဆင်ထားခဲ့တာလေ.. နောက်ပိုင်းမှာတော့ သူ့ရဲ့ စတုတ္ထမြောက်ဦးလေးက ပင်းချန်မှာအိမ်ထောင်ကျသွားပြီး အဲဒီမှာပဲ အခြေချသွားလို့ ဒီအိမ်က လစ်လပ်နေတာ”
မဒမ်လီ အိမ်တံခါးကိုဖွင့်လိုက်တော့ လျို့ချွမ်ဟွားက အထဲကို တစ်ချက်လောက်ကြည့်လိုက်တယ်။ အိမ်က အနည်းငယ်သေးငယ်သော်လည်း အတွင်းပိုင်းအပြင်အဆင်က ပေရှားရဲ့ ရိုးရာယဥ်ကျေးမှုပုံစံအတိုင်းရှိနေခဲ့တယ်။
အခန်းထဲကို ဝင်လိုက်တာနှင့် အထဲမှာ မီးဖိုလည်းပါဝင်ပြီး ဘယ်နဲ့ညာဘက်မှာ အခန်းတစ်ခန်းစီရှိနေတယ်။
မဒမ်လီက အိမ်ထဲသို့ ဝင်လိုက်ပြီးနောက် အရှေ့ဘက်အခန်းကို ညွှန်ပြလိုက်တယ်။
“တုန်ဇီနဲ့ ကွေ့ဟွားတို့ကို အရှေ့ဘက်ခန်းမှာ နေခိုင်းမယ်.. အနောက်ခန်းကိုတော့ မင်ရှီအတွက် သီးသန့်ထားထားတယ်”
လျို့ချွမ်ဟွား ထိုအခန်းထဲကိုဝင်သွားပြီး ကြည့်လိုက်တယ်။ နံရံပေါ်မှာ ကပ်ထားတဲ့စာရွက်အလွှာတွေက အခုလေးတင် ကပ်ထားသလို မြင်ရတယ်။ အနီရောင် ထင်းရှူးသားနဲ့ ပြုလုပ်ထားတဲ့ သေတ္တာကိုတော့ ကြမ်းပြင်ပေါ်မှာ ချထားခဲ့တယ်။ သေတ္တာရဲ့စတိုင်က ရိုးရှင်းပေမယ့် ခိုင်ခံ့တယ်။ ဘီဒိုကလည်း အတူတူပါပဲ။သို့ပေမယ့် အပေါ်ကနေ အောက်အထိ အရောင်သုတ်ထားခြင်းမရှိဘူး။
လျို့ချွမ်ဟွား ချောမွေ့နေတဲ့သစ်သားနဲ့လုပ်ထားတဲ့ အသစ်စက်စက်ဘီဒိုကို ကြည့်လိုက်ပြီး သူမရဲ့မျက်နှာက သဘောကျခြင်း အနည်းငယ်ကို ပြသလာခဲ့တယ်။
“ပထမတစ်ချက်ကြည့်ရုံနဲ့ သစ်ကောင်းတွေနဲ့လုပ်ပေးထားတာသိသာတယ်.. လူတော်တော်များများက ဗီရိုတွေလုပ်တဲ့အချိန်ကျရင် ငြီးငွေ့ဖွယ်ရာ အလှဆင်တာမျိုးတွေကို ကြိုက်ကြတယ် ဒါပေမယ့် ကျွန်မကတော့ ဒီလိုမျိုး ရိုးရိုးရှင်းရှင်းနဲ့ ကျက်သရေရှိတဲ့ပုံစံကမှ သစ်သားရဲ့ စစ်မှန်တဲ့အလှတရားကို ပြသနိုင်တယ်လို့ ထင်တာ”
ဝမ်စုဖန်း အနည်းငယ် စိတ်ရှုပ်သွားရတယ်။ လက်သမားက အခုချိန်မှာ အပ်နှံတဲ့သူတွေများနေတာကြောင့် အချိန်သိပ်မရတဲ့အတွက် လူသုံးအများဆုံးပုံစံကိုသုံးကာ ချောမွတ်အောင် ပွတ်တိုက်ပေးထားခဲ့တာလေ။ ဒီလိုအရာမျိုးကို ကွေ့ဟွားရဲ့အမေက ဘယ်လိုလုပ် အရမ်းကောင်းတယ်လို့ ဆိုနိုင်တာလဲ။
လျို့ချွမ်ဟွားက သူမရဲ့သေတ္တာသေးကို စိတ်အားထက်သန်စွာ ဖွင့်ကြည့်လိုက်ပြီး အတွင်းပိုင်းမှ ပန်းချီဆေးခြယ်တဲ့ ပစ္စည်းတွေကို တစ်ခုချင်းထုတ်လိုက်တယ်။ အတွင်းမှ ဆေးအချို့က ခန်းခြောက်နေခဲ့ပြီး အချို့ကတော့ မှိန်ဖျော့နေပြီဆိုတာကို မြင်လိုက်ရတော့ အနည်းငယ် စိတ်ဆင်းရဲမိသွားရတယ်။
“ဒါတွေကို သိမ်းထားတာ တော်တော်ကြာနေပြီဆိုတော့ သိပ်ပြီး အဆင်မပြေမှာကို ကြောက်တယ်.. ဒါပေမယ့် အမျိုးအစားတွေ အများကြီးရှိတော့ ချိန်ညှိကြည့်ရမှာပဲ.. အရောင်ကတော့ သိပ်ပြီးမသေချာလောက်ဘူး.. မဒမ် ရှင်ဒီအပေါ်မှာ ဘယ်လိုအရာမျိုးဆွဲစေချင်လဲ? ဇီးပန်းနှင့် သစ်ခွ၊ ဝါးပင် နဲ့ ဂန္ဓမာ ဒါမှမဟုတ် ထင်းရှူးနဲ့ နှင်းပွင့်တွေ ဆွဲရမလား”
မဒမ်လီ သူမရဲ့မေးခွန်းကြောင့် အံ့အားသင့်သွားရတယ်။ အချိန်အတော်ကြာအောင်သွားမှသာ ပြန်လည်တုံ့ပြန်လာခဲ့တယ်။
“မြူးကြွတာလေးတစ်ခုခုဆွဲရအောင်.. အနီရောင်ပျိုနီပန်းတွေ ဒါမှမဟုတ် ကြာပန်းတွေလိုမျိုး တက်ကြွလှုပ်ရှားပုံရတဲ့အရာမျိုး “
လျို့ချွမ်ဟွားက ဆေးခြယ်စုတ်တံကို လက်ဖြင့်ကောက်ကိုင်နေရာမှ ခဏရပ်သွားခဲ့ပြီး အဝတ်ဘီဒိုကိုကြည့်ကာ အနည်းငယ်နောင်တရသွားပုံရတယ်။
“ဒီသစ်သားရဲ့ အရောင်ရင့်တော့ ပျိုနီပန်းနဲ့ဆို ကြည့်မကောင်းလောက်ဘူး”
“အဆင်ပြေပါတယ်”
မဒမ်လီ ပြုံးလိုက်တယ်။
“ငယ်ရွယ်တဲ့စုံတွဲတွေ လက်ထပ်ပြီးသွားရင် ဒါကို အရောင်သုတ်ပါလိမ့်မယ်”
လီမိသားစုဆီမှာ စိတ်ကူးရှိနေပြီဖြစ်လို့ လျို့ချွမ်ဟွားက ဆက်မပြောတော့ဘူး။ သူမက နှစ်အတော်ကြာအောင် ပန်းချီမဆွဲတော့တာဖြစ်လို့ အခုပြန်လည်ရေးဆွဲခါနီးမှာ လက်ကျင့်သားရစေဖို့အတွက် မဒမ်လီဆီမှ သတင်းစာဟောင်းတချို့တောင်းဆိုလိုက်တယ်။ ထို့နောက် သတင်းစာပေါ်မှာ အရင် ချဆွဲကြည့်လိုက်တယ်။
မဒမ်လီနဲ့ ဝမ်ဆုဖန်းက သူမကို အနှောက်အယှက်မပေးကြဘဲ အိမ်ထဲမှာ ဆေးသုတ်ခိုင်းထားခဲ့ကြတယ်။ ညနေစောင်းလာတော့မှ ကွေ့ဟွားကို ညစာစားဖို့အတွက် ခေါ်ခဲ့ကကြကာ ဒီညမှာ ကွေ့ဟွားနဲ့ တစ်ခန်းထဲမှာအတူအိပ်ဖို့အတွက် စီစဥ်ပေးခဲ့တယ်။
အချိန်ဆယ်နှစ်တာကာလအတွင်းမှာ ဒါကပထမဆုံးအကြိမ်အဖြစ် သူတို့နှစ်ဦး အတူအိပ်စက်ဖူးတာပဲ။ သားအမိနှစ်ယောက်က ဘေးချင်းကပ်လျက်လှဲနေခဲ့ကြကာ အိပ်မပျော်နိုင်ကြဘူး။ ရုတ်တရက်ပဲ လျို့ချွမ်ဟွားကမေးလာတယ်။
“ဒီနှစ်ရက်မှာ မင်းသိပ်ပြီးမပျော်နေဘူးလို့ထင်တယ်.. ဘာဖြစ်တာလဲ.. လက်ထပ်ပွဲက တစ်ခုခုမှားယွင်းနေတာလား”
ကွေ့ဟွားက အချိန်အတော်ကြာအောင်နှုတ်ဆိတ်နေပြီးမှ ပြောလာတယ်။
“ကျွန်မ အစ်ကိုတုန်ဇီ ပျော်ရွှင်နေတာမျိုးကို မမြင်ခဲ့ရဘူး.. သူ လက်မထပ်ချင်မှာကို ကြောက်တယ်”
“မင်း သူ့ကို မေးဖူးလား”
လျို့ချွမ်ဟွား သူမဘက်ကို လှည့်ကြည့်လိုက်တယ်။
“တကယ်လို့ သူ မင်းကို လက်မထပ်ချင်ဘူးဆိုရင် ဘယ်လိုလုပ်မှာလဲ.. မင်းသူ့ကို လက်လျှော့လိုက်မှာလား”
ကွေ့ဟွားက ပြန်မဖြေလာခဲ့ပဲ အချိန်အတော်ကြာအောင် အနက်ရောင် မျက်နှာကျက်ကို စိုက်ကြည့်နေခဲ့တယ်။
နောက်တစ်နေ့မနက်မှာတော့ မဒမ်လီက အိပ်ယာမှနိုးလာပြီးနောက် မီးဖိုခန်းထဲမှ ရေကိုခပ်ယူကာ မျက်နှာသစ်လိုက်တယ်။ ထို့နောက် သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော ကွေ့ဟွားကိုကြည့်ကာ ပေါ့ပေါ့ပါးပါး မေးတယ်။
“မင်း ဘာလို့ အဝတ်အစားလဲဝတ်ထားတာလဲ? ဘယ်နေရာကိုသွားမလို့လဲ”
“အဖွား ကျွန်မ အစ်ကိုမင်တုန်နဲ့တွေ့ဖို့ ပင်းချန်ကိုသွားချင်ပါတယ်!”
မဒမ်လီ ခဏတာလောက် မင်သက်သွားခဲ့တယ်။ သူမက စကားတစ်ခွန်းမှ ပြန်မပြောခဲ့ဘဲ ကွေ့ဟွားကို အချိန်အကြာကြီး ကြည့်နေခဲ့တယ်။ ကွေ့ဟွားက တံခါးဝမှာရပ်နေပြီး သူမရဲ့ နှလုံးသားထဲတွင် မသက်မသာ ခံစားရကာ လက်နှစ်ဖက်ကိုအတူ တွဲယှက်ထာခဲ့တယ်။
“သွားလေ!”
မဒမ်လီ ရုတ်တရက်ပြောလိုက်တော့ ကွေ့ဟွားက မဒမ်လီကို ပြူးကျယ်တဲ့မျက်လုံးတွေနဲ့ မယုံကြည်နိုင်သလိုကြည့်လာတယ်။
“သွားပြီး တုန်ဇီကိုကြည့်လိုက်.. နောက်ပြီးဒီနှစ်ကုန်မှာ လက်ထပ်ပွဲလုပ်မဲ့အကြောင်းကိုပြောပြလိုက်.. နောက်တစ်ခုက မနှစ်တုန်းက နှစ်ကုန်ပိုင်းလောက်မှာ ငါ အဝတ်အထည်လက်မှတ်တချို့ သိမ်းထားခဲ့တယ်..
မင်းရဲ့ စတုတ္ထဦးလေးကလည်း နှစ်သစ်ကူးအချိန် အိမ်ကိုပြန်လာတဲ့အချိန်တုန်းကလည်း ပေးခဲ့တယ်.. မင်း ပင်းချန်ကိုသွားမယ်ဆိုတော့ အဲဒီကိုရောက်ရင် အဲဒီအဝတ်အထည်လက်မှတ်နဲ့ စက်မှုလက်မှု လက်မှတ်တွေကိုသုံးပြီး မင်္ဂလာပစ္စည်းတချို့ ဝယ်လာခဲ့.. အဲဒီမှာရောင်းတဲ့ အဝတ်အထည်တွေက ငါတို့ဘက်ထက် ပိုကောင်းတယ်”
ကွေ့ဟွားရဲ့ တစ်ညတာလုံး စိတ်မသက်မသာဖြစ်မှုတွေက မဒမ်လီရဲ့တိုတောင်းပြီးပြတ်သားတဲ့စကားတွေကြောင့် ချက်ချင်းနီးပါးလွင့်ပျယ်သွားခဲ့ရတယ်။ သူမက သူမရဲ့မျက်နှာကို လက်ဖြင့် ဖုံးကွယ်ကာ မြေကြီးပေါ်မှာ ဆောင့်ကြောင့်ထိုင်ရင် ငိုကြွေးလာတော့တယ်။
မဒမ်လီ သက်ပြင်းချလိုက်တယ်။
“ဒီလောက်သန်မာပြီး သွက်လက်တဲ့ကလေးက ဘာလို့ငိုနေရတာလဲ.. ပြောရရင် မင်းက တုန်ဇီကို အနိုင်ယူဖို့မလုပ်နိုင်ဘူး .. မင်းရဲ့အဖွားက မင်းစိတ်ထဲမှာ ဘာတွေဖြစ်နေပြီလဲဆိုတာကို ခန့်မှန်းလို့ရတယ်.. ဒါပေမယ့် စိတ်မပူပါနဲ့.. တုန်ဇီက ဒီလိုမျိုး အသိစိတ်မရှိတဲ့လူမျီုးမဟုတ်ဘူး
မဟုတ်ရင် အဖွားက မင်းတို့ရဲ့အိမ်ထောင်ရေးကို ဒီလိုမျိုးပြင်ဆင်ဝံ့မှာမဟုတ်ဘူးလေ.. နောက်ပြီး မင်းရဲ့ဘက်မှာ အဖွားလည်းရှိနေတာပဲ.. မင်းဘာကိုကြောက်နေတာလဲ”
“အဖွား!”
ကွေ့ဟွား သူမရဲ့မျက်နှာပေါ်မှမျက်ရည်တွေကိုသုတ်လိုက်ပြီး မြေကြီးပေါ်မှ ပြန်ထကာ သူမရဲ့မျက်နှာပေါ်မှာတော့ ပြတ်သားမှုတွေကို ဖော်ပြထားခဲ့တယ်။
“ကျွန်မ ပင်းချန်ကိုသွားပြီး အစ်ကိုတုန်ဇီကိုရှာလိုက်မယ်.. ပြီးတော့ ရှင်းရှင်းလင်းလင်းမေးလိုက်မယ်.. အစ်ကိုမင်တုန်က သွကျွန်မကို မလက်ထပ်ချင်ဘူးဆိုရင် ကျွန်မက အဖွားရဲ့မြေးတစ်ယောက်ဖြစ်လာစေရမယ်.. ကျွန်မ မိသားစုထဲက ထမင်းကို နှစ်တွအကြာကြီး အလကားမစားချင်ဘူး..
ကျွန်မ တစ်သက်လုံးလက်မထပ်ပဲ အဖွားနဲ့ ကျွန်မရဲ့မိဘတွေကို တစ်သက်လုံးအလုပ်အကျွေးပြုသွားပါ့မယ်”
မဒမ်လီက ကွေ့ဟွားရဲ့ ကလေးဆန်တဲ့ စကားတွေကိုကြားတော့ သဘောကျစွာနဲ့ ရယ်မောလိုက်မိတယ်။ ထို့နောက် သူ့ရဲ့ဆေးတံကိုမြှောက်ကာ သူမရဲ့ခေါင်းကို ညင်သာစွာ တို့ထိလိုက်ရင်း ကြင်နာစွာပြုံးပြီး ပြောလာခဲ့တယ်။
“ဘယ်လိုအဓိပ္ပာမရှိတဲ့စကားတွေလဲ.. ငါ့ဆီမှာ သားသမီးတွေရော မြေးတွေရှိတယ်.. မင်းရဲ့တစ်သက်လုံးငါ့အနားမှာနေပြီး ဘာလုပ်မှာလဲ”
ကွေ့ဟွား သူမရဲ့မျက်ရည်တွေကို နောက်တစ်ခေါက်ထပ်သုတ်လိုက်ပြီး မထိန်းနိုင်ပဲ ရယ်မောလိုက်တယ်။
မဒမ်လီက သူမကို သဘောမကျသလိုကြည့်ရင်း ပြောလာတယ်။
“မနက်စောစော အရှုပ်တွေလုပ်နေတာပဲ.. မြန်မြန်လေး မျက်နှာသစ်လိုက်.. မင်းသန့်ရှင်းပြီးသွားရင် ပင်းချန်ကိုသွားမဲ့အကြောင်း အသေးစိတ်ပြောရအောင်”
ကွေ့ဟွားက အရူးမလေးလိုမျိုး ရယ်မောနေခဲ့ပြီး ရေဇလုံထဲသို့ ရေလှောင်ကန်လေးထဲမှ ရေလောင်းထည့်လိုက်က် သူမရဲ့မျက်မှာကိုဆေးကြောလိုက်တယ်။ မဒမ်လီကတော့ သူမရဲ့ ခေါင်းကို ခါရမ်းလိုက်မိပြီး နံရံနားမှ ခုံတန်းရှည်မှာ ဝင်ထိုင်ကာ ကွေ့ဟွားကို စောင့်နေခဲ့လေတယ်။