← Chapters

အခြေတည် ဝိညာဉ် အဆင့်များကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်ခြင်း

Vol. 11 Ch. 1079

အခြေတည် ဝိညာဉ် အဆင့်များကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်ခြင်း

Vol. 11 Ch. 1079

“ဘုန်း...”

မိစ္ဆာ ခြောက်ကောင် ပေါ်ထွက်လာသည်နှင့် ကောင်းကင်မှာ မိုးကြိုးတိမ်တိုက်များ၊ အဇူရာ အလင်းများဖြင့် ပြည့်နှက်သွားသည်။ သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဓမ္မ စွမ်းအားများသည် ကမ္ဘာာ တစ်ခုလုံးကိုပင် လွှမ်းခြုံထား၏။ မိုင်တစ်ထောင် ဧရိယာ အတွင်းရှိ လူများကား အငွေ့အသက်ကို ခံစားရရုံဖြင့်ပင် ကြက်သီး မွေးညင်းများ ထလာကြသည်။

မိစ္ဆာ ခြောက်ကောင် စလုံးကား ချန်းဖန်နှင့် မတွေ့ဆုံခင် အချိန်ကတည်းက အခြေတည် ဝိညာဥ် အလယ်ဆင့်များ ဖြစ်ကြသည်။ ချန်းဖန်၏ လမ်းညွှန်ပေးမှု အောက်၌ သူတို့သည် ခုန်ပေါက် တိုးတက် လာကြရာ ယခုဆိုလျှင် အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်များနှင့် တန်းတူ အစွမ်းထက်နေခဲ့ပြီ ဖြစ်သည်။ နဂါးအရှင်နှင့် လော့ချန်ရှန်းတို့ နှစ်ယောက်ပေါင်းလျှင်ပင် သူတို့နှင့် ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။ သူတို့ တစ်ယောက်ချင်းစီကား နတ်ဘုရား ဗိုလ်ချုပ် မင်ယာနှင့်ပင် နှိုင်းယှဥ်နိုင်ကြပေသည်။

“ချန်း... ချန်းပေ့ရွှမ်းက အခြေတည် ဝိညာဥ် အဆင့် အရှင်သခင် ခြောက်‌ယောက်ကို ဘယ်ကနေ ရှာတွေ့ လာတာလဲ”

အဇူရာ နဂါး၏ မျက်နှာက ဖြူရော်နေ၏။ သူသည် ချန်းဖန်တွင် ထိုကဲ့သို့သော ဝှက်ဖဲ ရှိလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးချေ။

အခြေတည် ဝိညာဥ် အဆင့်...

ထိုအရာကား ကြောက်မက်ဖွယ် ကောင်းသော ဖြစ်တည်မှု ဖြစ်သည်။ ယနေ့ မော်ဒန်ခေတ်၌ ကမ္ဘာ၏ မည်သည့် ကျင့်ကြံသူကမှ ထိုအဆင့်ကို မရောက်ရှိသေးချေ။ ပါရမီ အမြင့်မားဆုံးဟု ဆိုရမည့် ချန်းပေ့ရွှမ်းနှင့် ရဲ့နန်ထင်းတို့ပင် ယခုမှ ရွှေအမြုတေ အဆင့်တွင်သာ ရှိသေးကြသည်။ အခြေတည် ဝိညာဥ် အဆင့် မရှိခြင်း ဟူသော ထိုအကြောင်းရင်းကြောင့်ပင် ကမ္ဘာသားတို့သည် အမှောင်မျိုးနွယ်များနှင့် အထွတ်အမြတ်မြေတို့၏ ဗိုလ်ကျ စိုးမိုးမှုကို ခံခဲ့ရခြင်း ဖြစ်သည်။

သို့သော်လည်း ယခုတွင်မူ ချန်းပေ့ရွှမ်းက အခြေတည် ဝိညာဥ် အဆင့်ခြောက်ယောက်ကို ထုတ်ဖော် ပြသခဲ့သည်။ ထိုအရာက မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။

“မဖြစ်နိုင်ဘူး...”

တိုင်ချူ ဘုရားကျောင်း ဂိုဏ်းချုပ်၏ မျက်လုံးများမှာ ပြူးကျယ်နေ၏။

“ဟီး ဟီး...”

မိစ္ဆာ ခြောက်ကောင်မှာ ကမ္ဘာထက်ရှိ လတ်ဆတ်သော လေကို ရှူရှိုက်ရင်း ပျော်မြူးစွာ ရယ်မော လိုက်ကြသည်။

“ငါ သွေးမသောက်ရတာတောင် အချိန်ကြာပြီပဲ...”

“ပျော်ပါးလိုက်ကြစို့ဟေ့...”

“ဘုန်း...”

မိစ္ဆာ ခြောက်ကောင်မှာ တစ်ပြိုင်နက်တည်း တိုက်ခိုက် လိုက်ကြသည်။ ကြီးမားသော လက်ကြီး ခြောက်ဖက်သည် ကောင်းကင်ကို ဖုံးလွှမ်းသွားကာ အောက်သို့ နိမ့်ဆင်းလာ၏။ ထိုလက်ကြီးများပေါ်၌ မရေမတွက်နိုင်သော အဇူရာ မိုးကြိုးအလင်းများက နေရာယူနေသည်။ ထိုအရာများကား မိုးကြိုး ဓမ္မ ဥပဒေသများ ဖြစ်ပေသည်။

“ပွင့်စမ်း...”

နေနန်းတော် ဂိုဏ်းချုပ်၏ မျက်လုံးများမှ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာကာ အနီရောင် နေတစ်စင်းမှာ သူ၏ နောက်တွင် မြင့်တက်လာ၏။ အစစ်အမှန် နေမီးတောက်သည် သူ၏ ခန္ဓာကိုယ်ကို ဝန်းရံနေသည်။

“ဝှစ်...”

တစ်ချိန်တည်းတွင်ပင် သူက ရွှေရောင် ကျိုင်းတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုကျိုင်းသည် ပေ ဒါဇင်ပေါင်းများစွာ အထိ ကြီးမားလာကာ ကောင်းကင်ရှိ လက်ခြောက်ဖက်ထံ တိုးဝင်သွား၏။

သို့သော်လည်း ထိုအရာကား အသုံး မဝင်ချေ။ ရွှေရောင်ကျိုင်းမှာ လက်တစ်ဖက်ကို အနည်းငယ် တုန်လှုပ် သွားစေရုံသာ တတ်နိုင်ခဲ့၏။

“မကောင်းတော့ဘူး... သူတို့ရဲ့ ခန္ဓာကိုယ်တွေက အရမ်းကို အစွမ်းထက်လွန်းတယ်... ထိပ်တန်း ကောင်းကင် ရတနာ တစ်ခု မရှိပဲနဲ့ ငါတို့ ဆက်ပြီး ခုခံနိုင်မှာ မဟုတ်ဘူး”

နေနန်းတော် ဂိုဏ်းချုပ်က ‌အော်ဟစ် လိုက်သည်။ သူ၏ ရွှေရောင်ကျိုင်းသည် သာမန် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ကို သတ်ဖြတ်နိုင်သည် အစွမ်းထက်ပေသည်။ သို့သော်လည်း ထိုမိစ္ဆာများ၏ ခန္ဓာကိုယ်များမှာ အလွန် အစွမ်းထက်လွန်းသည်။

“ဘုန်း...”

မိစ္ဆာများ၏ ပထမဆုံး ပစ်မှတ်ကား တိုင်ချူ ဘုရားကျောင်း ဂိုဏ်းချုပ် ဖြစ်ပေသည်။ ထိုအဘွားအို၏ ခန္ဓာကိုယ်သည် လက်များ၏ ဝိုင်းဝန်း အမဲဖျက်မှု‌ ‌အောက်၌ တစ်စစီ ပဲ့ထွက် သွားခဲ့သည်။ ဦးခေါင်းနှင့် ခြေထောက်များ ထက်၌ အနက်ရောင် အကြေးခွံများ ရှိသော မိစ္ဆာသည် သူမ၏ ခန္ဓာကိုယ် တစ်ဝက်ကို ပါးစပ်ထဲ ထိုးထည့်ကာ ဝါးစား ပစ်လိုက်၏။

“အား...”

အဘွားအို၏ အခြေတည် ဝိညာဥ်မှာ နာကျင်စွာ အော်ဟစ်ကာ ထွက်ပြေး လွတ်မြောက်ရန် ကြိုးစား၏။

“ဟီးဟီး...”

သို့သော်လည်း ချက်ချင်းပင် အနီရောင် မျက်လုံး ပိုင်ရှင် မျောက်မိစ္ဆာက အဘွားအို၏ နတ်ဘုရား စိတ်ဝိညာဥ်ကို လှမ်းဆွဲကာ တစ်ခါတည်း မျိုချ ပစ်လိုက်၏။

“အေ့...”

မျောက်မိစ္ဆာမှာ ဝမ်းဗိုက်ကို ပွတ်ကာ လေချဥ်ပင် တက်လိုက်သေး၏။

“ဝိညာဥ်စားမျောက်...”

နေနန်းတော် ဂိုဏ်းချုပ်က ရေရွတ်လိုက်သည်။ အခြား အခြေတည် ဝိညာဥ် အဆင့် နှစ်ယောက်၏ မျက်နှာများမှာ ပို၍ပင် ဖြူရော်သွား၏။ တိုင်ချူ ဘုရားကျောင်း ဂိုဏ်းချုပ်ကား သူတို့နှင့် တန်းတူ အစွမ်းထက်သူ ဖြစ်သည်။ သို့တိုင်အောင် သူမသည် အခြေတည် ဝိညာဥ်နှင့် အတူ မိစ္ဆာများ၏ လက်အောက်၌ ကျဆုံး ခဲ့ရသည်။

“ပြေး...”

ထိုအရာကား သူတို့၏ စိတ်ထဲတွင် ရှိသည့် တစ်ခုတည်းသော အတွေး ဖြစ်၏။ သူတို့သည် ချက်ချင်းပင် ထွက်ပြေးရန် ကြိုးစားကြတော့သည်။

သို့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ဝှစ်... ဝှစ်...

မိစ္ဆာ ခြောက်ကောင်သည် ကောင်းကင်သို့ ပျံတက်လာ၏။ သူတို့၏ ခြေထောက်များ ‌အောက်ရှိ အမှောင် ရိပ်သည် ပတ်ဝန်းကျင်ကို ဖြန့်ကျက်သွားကာ မိစ္ဆာခြောက်ပါး ကမ္ဘာ အဖြစ် ပြောင်းလဲသည်။

ထိုအရာသည် ချန်းဖန် ဖန်တီးထားသည့် မဟာ နတ်ဘုရား စွမ်းအား တစ်ခု ဖြစ်သည်။ အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်များ၊ ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်များသာလျှင် ထိုအရာကို ထိန်းချုပ် နိုင်ကြပေသည်။

“ဝှစ်...”

ဝူကျိဂိုဏ်းချုပ်သည် အလွန် လျှင်မြန်စွာ ပျံသန်းနေ၏။ သူ၏ ငွေရောင် အတောင်ပံများသည် ကောင်းကင် ရတနာများ အလား အစွမ်းထက်ကာ သူ့အား ပြိုင်ဘက်ကင်း အမြန်နှုန်းရအောင် ထောက်ပံ့ပေးထားသည်။ သို့သော်လည်း သူသည် မိစ္ဆာခြောက်ပါး ကမ္ဘာထဲမှ လွတ်အောင် မပျံသန်းနိုင်သေးချေ။

ထိုအရာကား ချိတ်ပိတ်ခြင်း ကမ္ဘာ ဖြစ်ပေသည်။ သူ မည်မျှအထိ မြန်ဆန်စေကာမူ ထိုကမ္ဘာထဲမှ လွတ်မြောက်လိမ့်မည် မဟုတ်ချေ။

“ဘုန်း...”

မိစ္ဆာခြောက်ကောင်သည် လျှင်မြန်စွာပင် ဝူကျိဂိုဏ်းချုပ်ကို အမဲဖျက်ကာ စားသောက် လိုက်ကြ၏။ မူရှောင်က သူ၏ ငွေရောင် အတောင်ပံ နှစ်ခုကို ယူဆောင်ကာ ချန်းဖန်အား ရိုသေစွာ ပေးလိုက်သည်။

ထို့နောက် ရွှမ်ကုန်း ဂိုဏ်းချုပ်၊ နေနန်းတော် ဂိုဏ်းချုပ်များမှာလည်း ထိုကဲ့သို့ အဖြစ်ဆိုးများနှင့် ကြုံတွေ့ ရသည်။ နေနန်းတော် ဂိုဏ်းချုပ်သည် သူတို့ အထဲ၌ အစွမ်း အထက်ဆုံး ဖြစ်ရာ စက္ကန့် အနည်းငယ်ကြာ ခုခံနိုင်ခဲ့သည်။ သို့သော်လည်း မကြာခင်မှာပင် သူ၏ အစစ်အမှန် နေမီးတောက်မှာ မှေးမှန် လာခဲ့သည်။ ထို့နောက် မိစ္ဆာခြောက်ပါး ကမ္ဘာတွင် သူ၏ အသံမှာ တဖြည်းဖြည်း ကွယ်ပျောက်သွားကာ အမှောင်များ၏ ဝါးမျိုမှုကို ခံလိုက်ရသည်။

“ဝှစ်...”

ချန်းဖန် မိစ္ဆာ ခြောက်ကောင်ကို သူ၏ အရိပ်အတွင်း ပြန်လည် သိမ်းဆည်းပြီး နောက်၌ အထွတ်အမြတ်မြေ လေးခု၏ ဂိုဏ်းချုပ်များမှာ ကမ္ဘာ၏ မျက်နှာပြင်မှ လုံးဝ ပျောက်ကွယ်ခဲ့ရပြီ ဖြစ်သည်။ သူတို့၏ တည်ရှိခဲ့မှုကို သေသက်ပြသော အရဟူ၍ ချန်းဖန်၏ အရှေ့ လေထဲ၌ လွင့်မြောနေသည့် ကောင်းကင် ရတနာ အချို့၊ ငွေရောင် တောင်ပံတစ်စုံနှင့် ရွှေရောင်ကျိုင်းတို့သာ ရှိလေတော့သည်။

ထိုအခိုက်၌ ရန်ကျင်းတစ်မြို့လုံးရှိ လူများမှာ ဆွံ့အ နေကြ၏။ သူတို့သည် စကား တစ်ခွန်းမှ မဆို နိုင်ကြတော့ချေ။

***

All Chapters